အသက်အရွယ်ကြောင့်ထင်ပါရဲ့...။

တွေ့ဆုံခြင်းတွေကို စိတ်မဝင်စားတော့သလို ခွဲခွာရတာတွေကိုလဲ အာရုံမရှိတော့ပါဘူး...။

ဘဝဆိုတာ ဆုံခွင့်ရှိရင် ဆုံကြမယ်။ ခွဲခွာခွင့်ရှိရင် ခွဲကြရမှာပါပဲ...။

ရေစက်ရှိလို့ ဆုံရတယ်၊ကံပါလို့တွေ့ရတယ် ဆိုတာတွေလဲ ပြောမနေချင်တော့ပါဘူး...။

အကြောင်းရှိလို့ ဆုံရတယ်၊အကြောင်းမရှိတော့ရင် ခွဲရမယ်ပဲ မှတ်ယူထားပါတယ်...။

အကျိုးလိုလို့ ညောင်ရေလောင်းကြသူ များလာတဲ့ခေတ်မှာ အပေးအယူ(give and take) သမားတွေကလဲ အများသား မဟုတ်လား...။

ဒါကြောင့် အခုနောက်ပိုင်းတော့ ဘယ်သူနဲ့မဆို ဆုံချင်လဲဆုံ၊မဆုံချင်လဲနေ အရေးမကြီးတော့ပါဘူး...။

ကိုယ်စိတ်ချမ်းသာဖို့ရယ်၊ကျန်းမာနေဖို့ရယ်ကိုသာ အဓိကထားတတ်လာခဲ့ပါတယ်...။

ပွင့်ပန်းဝေလှိုင်
၂၆-၃-၂၀၂၅
ဗုဒ္ဓဟူးနေ့

#pwintpanwaihlaing
#ပွင့်ပန်းဝေလှိုင်
photo from pinterest
အသက်အရွယ်ကြောင့်ထင်ပါရဲ့...။ တွေ့ဆုံခြင်းတွေကို စိတ်မဝင်စားတော့သလို ခွဲခွာရတာတွေကိုလဲ အာရုံမရှိတော့ပါဘူး...။ ဘဝဆိုတာ ဆုံခွင့်ရှိရင် ဆုံကြမယ်။ ခွဲခွာခွင့်ရှိရင် ခွဲကြရမှာပါပဲ...။ ရေစက်ရှိလို့ ဆုံရတယ်၊ကံပါလို့တွေ့ရတယ် ဆိုတာတွေလဲ ပြောမနေချင်တော့ပါဘူး...။ အကြောင်းရှိလို့ ဆုံရတယ်၊အကြောင်းမရှိတော့ရင် ခွဲရမယ်ပဲ မှတ်ယူထားပါတယ်...။ အကျိုးလိုလို့ ညောင်ရေလောင်းကြသူ များလာတဲ့ခေတ်မှာ အပေးအယူ(give and take) သမားတွေကလဲ အများသား မဟုတ်လား...။ ဒါကြောင့် အခုနောက်ပိုင်းတော့ ဘယ်သူနဲ့မဆို ဆုံချင်လဲဆုံ၊မဆုံချင်လဲနေ အရေးမကြီးတော့ပါဘူး...။ ကိုယ်စိတ်ချမ်းသာဖို့ရယ်၊ကျန်းမာနေဖို့ရယ်ကိုသာ အဓိကထားတတ်လာခဲ့ပါတယ်...။ ပွင့်ပန်းဝေလှိုင် ၂၆-၃-၂၀၂၅ ဗုဒ္ဓဟူးနေ့ #pwintpanwaihlaing #ပွင့်ပန်းဝေလှိုင် photo from pinterest
0 Comments ·0 Shares ·130 Views