• ရေစက်နှင့်လူ့ဘဝသင်ခန်းစာ
    **********************************
    လူဆိုတာ ထင်မှတ်မထားတဲ့
    ဆုံမှတ် တစ်ခုပေါ်မှာ
    ဆုံတွေ့ခဲ့ကြတယ် ။

    တစ်ချို့က အကြွေးတွေကို
    ဆပ် ထားခဲ့ကြသလို...

    တစ်ချို့က အကြွေးတွေကို
    တောင်းယူ သွားခဲ့ကြတယ် ။

    တကယ်တော့ လူတစ်ဦးနဲ့
    တစ်ဦး ဆုံဆည်းဖို့ ဆိုတာဟာ....

    သိပ်ပြီးတော့ မလွယ်ကူလှပါဘူး
    အကြောင်းညီညွတ် မှသာ
    တစ်ဦးနဲ့ တစ်ဦး ဆုံဖြစ်ခဲ့ကြတာပါ ။

    ရေစက်ရှိလို့ ဆုံဖြစ်ကြတယ်
    ရေစက်ကုန်တော့ သူ့အလိုလို
    ကိုယ့်ရဲ့ဘေးနား ကနေပြီး
    ထွက်ခွာသွားခဲ့ကြတယ် ။

    တစ်ချို့က ကြည်နူးစရာတွေ
    ပေးထားခဲ့ ကြတယ် ။

    တစ်ချို့က နာကျင်စရာတွေနဲ့
    နောင်တတွေကို ပေးထားခဲ့ကြတယ် ။

    ဘယ်လိုပဲ ဆုံဖြစ်ခဲ့ ဆုံဖြစ်ခဲ့
    ကိုယ်က အကောင်းမွန်ဆုံး
    ဆက်ဆံ ပေးခဲ့တယ် မဟုတ်လား ။

    တစ်ခါတလေ အတိတ်ကံကြောင့်
    စိတ်ပျက်ဝမ်းနည်း နာကျင်စရာတွေနဲ့
    ဆုံဖြစ်ခဲ့ရင် ပေါ့.......

    အော်..... ငါ အကြွေးတစ်ခု
    ကျေသွားပြန်ပြီလို့ပဲ စေတနာ
    မေတ္တာတွေနဲ့ ဆပ်လိုက်ပါ ။

    တောက်ပတဲ့ ကြယ်ဟာ
    တိမ်မှောင်ဖုံးလည်း အလှပျက်ရိုး
    ထုံးစံမရှိပါဘူး။
    ရေစက်နှင့်လူ့ဘဝသင်ခန်းစာ ********************************** လူဆိုတာ ထင်မှတ်မထားတဲ့ ဆုံမှတ် တစ်ခုပေါ်မှာ ဆုံတွေ့ခဲ့ကြတယ် ။ တစ်ချို့က အကြွေးတွေကို ဆပ် ထားခဲ့ကြသလို... တစ်ချို့က အကြွေးတွေကို တောင်းယူ သွားခဲ့ကြတယ် ။ တကယ်တော့ လူတစ်ဦးနဲ့ တစ်ဦး ဆုံဆည်းဖို့ ဆိုတာဟာ.... သိပ်ပြီးတော့ မလွယ်ကူလှပါဘူး အကြောင်းညီညွတ် မှသာ တစ်ဦးနဲ့ တစ်ဦး ဆုံဖြစ်ခဲ့ကြတာပါ ။ ရေစက်ရှိလို့ ဆုံဖြစ်ကြတယ် ရေစက်ကုန်တော့ သူ့အလိုလို ကိုယ့်ရဲ့ဘေးနား ကနေပြီး ထွက်ခွာသွားခဲ့ကြတယ် ။ တစ်ချို့က ကြည်နူးစရာတွေ ပေးထားခဲ့ ကြတယ် ။ တစ်ချို့က နာကျင်စရာတွေနဲ့ နောင်တတွေကို ပေးထားခဲ့ကြတယ် ။ ဘယ်လိုပဲ ဆုံဖြစ်ခဲ့ ဆုံဖြစ်ခဲ့ ကိုယ်က အကောင်းမွန်ဆုံး ဆက်ဆံ ပေးခဲ့တယ် မဟုတ်လား ။ တစ်ခါတလေ အတိတ်ကံကြောင့် စိတ်ပျက်ဝမ်းနည်း နာကျင်စရာတွေနဲ့ ဆုံဖြစ်ခဲ့ရင် ပေါ့....... အော်..... ငါ အကြွေးတစ်ခု ကျေသွားပြန်ပြီလို့ပဲ စေတနာ မေတ္တာတွေနဲ့ ဆပ်လိုက်ပါ ။ တောက်ပတဲ့ ကြယ်ဟာ တိမ်မှောင်ဖုံးလည်း အလှပျက်ရိုး ထုံးစံမရှိပါဘူး။
    0 Comments ·0 Shares ·0 Views
  • ဘဝမှာ မတန်တာတွေရှိတယ်

    ရန်ဖြစ်ဖို့ မတန်တာတွေ...
    ရှင်းပြဖို့ မတန်တာတွေ...
    ပြုံးပြဖို့ မတန်တာတွေ...
    ပေးဆပ်ဖို့ မတန်တာတွေ...

    ခင်မင်ဖို့ မတန်တာတွေ...
    ချစ်မြတ်နိုးဖို့ မတန်တာတွေ...
    သတိရဖို့ မတန်တာတွေ...
    အများကြီးဆို အများကြီးရှိတယ်...

    တစ်ခါတစ်လေကျရင်တော့
    ကိုယ့်အတွက်.....တန် မတန်
    စဉ်းစားဖို့လိုတယ်တဲ့

    အခုနောက်ပိုင်း
    ကိုယ့်အတွက်မတန်တဲ့အရာတွေအတွက်
    အဖက်လုပ်နေဖို့ရော အချိန်ပေးဖို့ရော
    နေရာပေးဖို့ရော ခံစားနေဖို့ရော
    မတန်တာမို့ ကိုယ်က
    မတန်တဲ့အရာတော်တော်များများကို
    ဥပေက္ခာပဲ ပြုထားလိုက်တော့တယ်

    အဲ့တာကြောင့် တစ်ခါတစ်လေ
    ရန်လာလုပ်သူတွေကို
    ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်
    ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
    ခံစားနေဖို့လည်း မတန်တာမို့
    ဥပေက္ခာပြုတတ်လာတယ်

    မတန်ပါဘူး.......တကယ်ကို မတန်တာပါ

    မတန်တာကိုမှ မာန်ကိုချ
    ဟန်ပြ ဆက်ဆံနေမည့်အစား
    နှလုံးသားမှာ အမုန်းမပွားမှီ ...
    ဥပေက္ခာတရားဆီသို့
    ဦးတည်ထားလိုက်ပါတော့တယ်...

    Credit : မူရင်းရေးသူ
    ဘဝမှာ မတန်တာတွေရှိတယ်✅ ရန်ဖြစ်ဖို့ မတန်တာတွေ... ရှင်းပြဖို့ မတန်တာတွေ... ပြုံးပြဖို့ မတန်တာတွေ... ပေးဆပ်ဖို့ မတန်တာတွေ... ခင်မင်ဖို့ မတန်တာတွေ... ချစ်မြတ်နိုးဖို့ မတန်တာတွေ... သတိရဖို့ မတန်တာတွေ... အများကြီးဆို အများကြီးရှိတယ်... ♦️တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....တန် မတန် စဉ်းစားဖို့လိုတယ်တဲ့ ♦️အခုနောက်ပိုင်း ကိုယ့်အတွက်မတန်တဲ့အရာတွေအတွက် အဖက်လုပ်နေဖို့ရော အချိန်ပေးဖို့ရော နေရာပေးဖို့ရော ခံစားနေဖို့ရော မတန်တာမို့ ကိုယ်က မတန်တဲ့အရာတော်တော်များများကို ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ♦️အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ် ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက် ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ် ♦️မတန်ပါဘူး.......တကယ်ကို မတန်တာပါ ♦️မတန်တာကိုမှ မာန်ကိုချ ဟန်ပြ ဆက်ဆံနေမည့်အစား နှလုံးသားမှာ အမုန်းမပွားမှီ ... ဥပေက္ခာတရားဆီသို့ ဦးတည်ထားလိုက်ပါတော့တယ်... Credit : မူရင်းရေးသူ
    0 Comments ·0 Shares ·1 Views
  • ကောင်းစားစေချင်လို့ဆိုပြီး
    လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
    လူတချို့ရယ်

    ခင်လို့စတာပါဆိုပြီး
    အားနည်းချက်ကိုလှောင်ပြောင်ခဲ့တဲ့
    လူတချို့ရယ်

    ဖြစ်တတ်ပါတယ်ဆိုပြီး
    ဟန်ဆောင်မုသားတွေနဲ့နှစ်သိမ့်ပေးနေတဲ့
    လူတချို့ရယ်

    ငါဘဝမှာနင့်ကိုအခင်ဆုံးဆိုပြီး
    သူစိမ်းဆန်သွားတဲ့
    လူတချို့ရယ်

    နွေးထွေးစွာပွေ့ဖက်ထားမယ့်
    ဟန်ပန်နဲ့ရင်ဝကိုရက်ရက်စက်စက်
    ဆောင့်ကန်ခဲ့တဲ့
    လူတချို့ရယ်

    နင့်အတွက်ငါရှိတယ်ဆိုပြီး
    နောက်ကျောကိုဓားနဲ့
    အကြိမ်ပေါင်းများစွာထိုးခဲ့တဲ့
    လူတချို့ရယ်

    ဆွဲထူမလိုလိုနဲ့
    ဆောင့်တွန်းခဲ့တဲ့
    လူတချို့ရယ်

    မျှော်လင့်ချက်တွေပေးပြီး
    အိပ်မက်တွေကိုရိုက်ချိုးပစ်ခဲ့တဲ့
    လူတချို့ရယ်

    ဘဝမှာအဲ့လိုလူတွေနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း
    စိတ်မပါလည်းပြုံးတတ်လာခဲ့ပါတယ်
    အဖော်မက်လွန်းတဲ့လူတစ်ယောက်မှာ
    မိတ်ဆွေစစ်မရှိတာမဆန်းပါဘူး

    ကျနော်အပေါ်ယံတွေကိုတကယ်မုန်းတယ်
    ကောင်းစားစေချင်လို့ဆိုပြီး လူကြားထဲမှာအရှက်ခွဲခဲ့တဲ့ လူတချို့ရယ် ခင်လို့စတာပါဆိုပြီး အားနည်းချက်ကိုလှောင်ပြောင်ခဲ့တဲ့ လူတချို့ရယ် ဖြစ်တတ်ပါတယ်ဆိုပြီး ဟန်ဆောင်မုသားတွေနဲ့နှစ်သိမ့်ပေးနေတဲ့ လူတချို့ရယ် ငါဘဝမှာနင့်ကိုအခင်ဆုံးဆိုပြီး သူစိမ်းဆန်သွားတဲ့ လူတချို့ရယ် နွေးထွေးစွာပွေ့ဖက်ထားမယ့် ဟန်ပန်နဲ့ရင်ဝကိုရက်ရက်စက်စက် ဆောင့်ကန်ခဲ့တဲ့ လူတချို့ရယ် နင့်အတွက်ငါရှိတယ်ဆိုပြီး နောက်ကျောကိုဓားနဲ့ အကြိမ်ပေါင်းများစွာထိုးခဲ့တဲ့ လူတချို့ရယ် ဆွဲထူမလိုလိုနဲ့ ဆောင့်တွန်းခဲ့တဲ့ လူတချို့ရယ် မျှော်လင့်ချက်တွေပေးပြီး အိပ်မက်တွေကိုရိုက်ချိုးပစ်ခဲ့တဲ့ လူတချို့ရယ် ဘဝမှာအဲ့လိုလူတွေနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း စိတ်မပါလည်းပြုံးတတ်လာခဲ့ပါတယ် အဖော်မက်လွန်းတဲ့လူတစ်ယောက်မှာ မိတ်ဆွေစစ်မရှိတာမဆန်းပါဘူး ကျနော်အပေါ်ယံတွေကိုတကယ်မုန်းတယ်
    0 Comments ·0 Shares ·1 Views
  • သေခါနီး ဘာကို နှလုံးသွင်းမလဲ
    *********************

    ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။
    သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး။ အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့ မမျှော်လင့်ပါနဲ့။ ဝိပဿနာကိုသာ အားကိုးပါ။

    မနေခင် အမြဲနှလုံးသွင်းနေတာက လောဘ - ဒေါသ - မောဟ။ လောဘနှင့်သေ
    ပြိတ္တာ၊ ဒေါသနှင့်သေ ငရဲ၊ မောဟနှင့်သေ တိရစ္ဆာန်။ ကြိုက်ရာလမ်းကိုရွေး။ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့ရှင်းရှင်းလေးပါ။

    လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။ တိရစ္ဆာန်အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။

    အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် ဒွိဟိတ်ပုဂ္ဂိုလ်၊ ကလျာဏပုထုဇဉ်၊ သူတော်ကောင်းဖြစ်လိမ့်မယ်။ အလောဘ၊ အဒေါသ၊ အမောဟနဲ့ သေရင်(ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။

    ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။ ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။

    ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေသူတွေပါ။ ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။

    ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကိုနာရ၍သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကိုနာရ၍သော်
    လည်းကောင်းဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်၊ သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရားကိုနားဖူးမှသာ ရပါမယ်။

    ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊ ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ်မို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။

    ဒီမှာက ဒီလိုမဟုတ်ဘူး....... ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် တဏှာနိရောဓော ဒိဋ္ဌိနိရောဓော အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။

    ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်နိုင်ပါတယ်။ သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း နောင်ဘဝမှာ အရိယာဖြစ်နိုင်ပါတယ်။

    မိုးကုတ်ဆရာတော်ဘုရားကြီး

    သေခါနီး ဘာကို နှလုံးသွင်းမလဲ ********************* ထွက်လေ ဝင်လေကိုလည်း အားမကိုးပါနဲ့။ သေဝေဒနာကို အာနာပါနအဆင့်နဲ့ မဖြိုနိုင်ပါဘူး။ အဖေ အမေ ချစ်သူ ခင်သူ ဘယ်သူ့ကိုမှ အားကိုးဖို့ မမျှော်လင့်ပါနဲ့။ ဝိပဿနာကိုသာ အားကိုးပါ။ မနေခင် အမြဲနှလုံးသွင်းနေတာက လောဘ - ဒေါသ - မောဟ။ လောဘနှင့်သေ ပြိတ္တာ၊ ဒေါသနှင့်သေ ငရဲ၊ မောဟနှင့်သေ တိရစ္ဆာန်။ ကြိုက်ရာလမ်းကိုရွေး။ဒီလမ်းတွေကို မကြိုက်မှန်းသိရင် ဒီစိတ်နဲ့ မသေနဲ့ပေါ့ရှင်းရှင်းလေးပါ။ လောဘ၊ ဒေါသ၊ မောဟနဲ့ရောပြီး အာသန္နကံအဖြတ်ကောင်းလို့ လူဖြစ်သော်လည်း အဟိတ်ပုဂ္ဂိုလ်ပဲ ဖြစ်လိမ့်မယ်။ တိရစ္ဆာန်အသိစိတ်နဲ့ လူဖြစ်လေတော့ မဂ်ရဖို့ အတော်ဝေးဝေးပဲ။ အလောဘ၊ အဒေါသ ဒီနှစ်ပါးနဲ့သေရင် ဒွိဟိတ်ပုဂ္ဂိုလ်၊ ကလျာဏပုထုဇဉ်၊ သူတော်ကောင်းဖြစ်လိမ့်မယ်။ အလောဘ၊ အဒေါသ၊ အမောဟနဲ့ သေရင်(ဝိပဿနာ နှလုံးသွင်း၍ သေသောသူ) တိဟိတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်။ ရောက်ရာ သုဂတိဘဝ၌ အပါယ်ပိတ်တရားနှင့် တွေ့ရပါမည်။ ယခုဘဝမှာ သစ္စာတရားကို အလွန်ကြိုက်လျှင်၊ သံသရာမှလွတ်မြောက်လိုသော စိတ်အလျဉ်အားကောင်းလျှင် တိဟိတ်ပုဂ္ဂိုလ်။ ယခုဘဝမှာပင် အပါယ်တံခါးပိတ်၍ သုဂတိမှ နိဗ္ဗာန်ထိအောင်ပါပဲ။ တရားလည်းနာ နာတဲ့အတိုင်းလည်း ကျင့်ကြံနေသူတွေပါ။ ယခုဘဝမှာ ဒါနတရား၊ သီလတရားနှင့်သာ ပျော်မွေ့နေရင် ဒွိဟိတ်ပုဂ္ဂိုလ်။ သူတော်ကောင်းပါပဲ။ သို့သော် အပါယ်တံခါး မပိတ်သေးပါဘူး။ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့ ဘုရားတရားကိုနာရ၍သော်လည်းကောင်း၊ သက္ကာယဒိဋ္ဌိပြုတ်အောင်ဟောနိုင်တဲ့ ဘုရားသားတော် တပည့်သားများနဲ့ဆရာသမားများနဲ့တွေ့လို့ အဲ့ဒီတရားမျိုးကိုနာရ၍သော် လည်းကောင်းဒီလိုမှ ပုဂ္ဂိုလ်နှစ်မျိုးကို မတွေ့တော့ဘူးဆိုရင် အရင်နာဖူးတဲ့တရားကို ကိုယ့်ဟာကိုယ်ရှုပွားပြီး၊ ဒါကလည်း နာဖူးတဲ့တရားရှိမှနော်၊ သက္ကာယဒိဋ္ဌိဖြုတ်တဲ့ တရားကိုနားဖူးမှသာ ရပါမယ်။ ပန်းကလေးလှူတာ အောက်မေ့ပါတယ်၊ ညောင်ရေအိုးကလေး အောက်မေ့ပါတယ်၊ ဒီလောက်ပြောနေတာမဟုတ်ဘူး။ ပန်း ညောင်ရေအိုးဆိုတာက ဒါနကုသိုလ်မို့ နတ်ပြည် သုဂတိကိုတော့ မုချကျေးဇူးများမယ်။ ဒီမှာက ဒီလိုမဟုတ်ဘူး....... ဝေဒနာနိရောဓာ ဖြစ်တဲ့အတွက် တဏှာနိရောဓော ဒိဋ္ဌိနိရောဓော အဝိဇ္ဇာနိရောဓော သွားပြီးဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖြစ်ပျက်ရှုပြီး၊ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကိုလုပ်ပြီး သေမယ်ဆိုရင် မသေခင်စပ်ကြား သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်နိုင်ပါတယ်။ သို့တည်းမဟုတ် အရိယာမဖြစ်ဘဲ သေခဲ့သည်ရှိသော်လည်း နောင်ဘဝမှာ အရိယာဖြစ်နိုင်ပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး 🌿🌺🙏🙏🙏🙏🙏🙏🙏🙏🙏🙏🌺🌿
    Care
    1
    · 0 Comments ·0 Shares ·12 Views
  • အူးက ဒါမကောင်းပါဘူးမလုပ်နဲ့လို့ပြောလိုက်ရင်

    ညိမ်ပြီးနာထောင်နေတဲ့ ချစ်စရာ

    အမျိုးသမီးလေး တစ်ယောက်လောက်လိုချင်တာ !(


    အူးက ဒါမကောင်းပါဘူးမလုပ်နဲ့လို့ပြောလိုက်ရင် ညိမ်ပြီးနာထောင်နေတဲ့ ချစ်စရာ အမျိုးသမီးလေး တစ်ယောက်လောက်လိုချင်တာ !(🙄🙄 😸😸😸😸😸😸😸😸😸😸😸
    Haha
    1
    · 0 Comments ·0 Shares ·11 Views
  • သိပ်ပြီးတော့ တွေဝေမနေပါနဲ့
    ------------------------------
    ကိုယ့် မေတ္တာ စေတနာတွေ
    တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို
    ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့
    မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့
    အချိန်မဆွဲပါနဲ့။

    ကိုယ့်ကို နာကျင်စေခဲ့တဲ့
    အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။

    ကိုယ့်ကို စာနာနားလည်ပေးပြီး
    ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင်
    သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။

    တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။
    ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။

    ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။
    လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့
    ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့။

    တချို့အရာတွေက လွှတ်ချလိုက်တာနဲ့
    ဘဝဟာ ပေါ့ပါးသွားတယ်။
    တချို့အရာတွေကျတော့
    မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။

    with respect - credit
    #knowledge #life lesson
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့ ------------------------------ ကိုယ့် မေတ္တာ စေတနာတွေ တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့ မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်ကို နာကျင်စေခဲ့တဲ့ အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။ ကိုယ့်ကို စာနာနားလည်ပေးပြီး ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင် သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။ တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။ ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။ ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။ လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့ ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့ သိပ်ပြီးတော့ တွေဝေမနေပါနဲ့။ တချို့အရာတွေက လွှတ်ချလိုက်တာနဲ့ ဘဝဟာ ပေါ့ပါးသွားတယ်။ တချို့အရာတွေကျတော့ မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။ with respect - credit #knowledge #life lesson
    Care
    1
    · 0 Comments ·0 Shares ·48 Views
  • စိတ်ကို ကြည်လင်အောင်ထားပါ

    မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။ စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်ကန်လာမယ် ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ။ အခက်အခဲတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းလာနိုင်မယ် ။ ဒါတွေဟာ စိတ်ကြည်လင်နေခြင်းရဲ့ အကျိုးတွေပဲ ဖြစ်ပါတယ် ။

    လူတစ်ယောက် စိတ်တွေရှုပ်ထွေးနေမယ် ။ စိတ်တွေမွန်းကျပ်နေတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဖြေးရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေ ရရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိကြုံတွေ့နေရတဲ့အရာတွေကို ခဏလေးမေ့ထားပြီးတော့ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် အရင်ကြိုးစားလိုက်ပါ ။

    ဘယ်အရာကိုမှ စိတ်ထဲနှစ်ပြီးတော့ အရမ်းကြီးခံစားမနေလိုက်ပါနဲ့ ။ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတွေရှိနေတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ကို အပင်ပန်းခံပြီးတော့ ရင်ထဲမှာ ခံစားမနေလိုက်ပါနဲ့နော် ။

    မိမိရဲ့စိတ်တွေ အေးချမ်းပျော်ရွှင်စေဖို့ ။ မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့ဆိုရင် မိမိရဲ့စိတ်ကို
    အတတ်နိုင်ဆုံး ကြည်လင်နေအောင် ထားရပါမယ် ။ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် မထားနိုင်ရင်တော့ လုပ်ဆောင်မှုတွေဟာ အလွဲလွဲအချော်ချော်တွေပဲ ဖြစ်လာပါလိမ့်မယ် ။မိမိရဲ့ဘဝမှာ အရာအားလုံး အကောင်းဆုံးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ကို
    အရင်ဆုံးကြည်လင်အောင်ထားပါ ။

    တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ
    အရှင်ဇဝန (ရွှေကုန်းမြေ)

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့် #မူရင်းရေးသားသူအားလေးစားလျှက်
    🌻စိတ်ကို ကြည်လင်အောင်ထားပါ🌻 🍀🍀🍀🍀🍀🍀🍀🍀 မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထားပါ။ စိတ်ကြည်လင်နေရင် ကိုယ်ရဲ့အတွေးတွေ မှန်ကန်လာမယ် ။ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းလာမယ် ။ အခက်အခဲတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းလာနိုင်မယ် ။ ဒါတွေဟာ စိတ်ကြည်လင်နေခြင်းရဲ့ အကျိုးတွေပဲ ဖြစ်ပါတယ် ။ လူတစ်ယောက် စိတ်တွေရှုပ်ထွေးနေမယ် ။ စိတ်တွေမွန်းကျပ်နေတဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဖြေးရှင်းဖို့အတွက် မှန်ကန်တဲ့နည်းလမ်းတွေ ရရှိလာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် မိမိကြုံတွေ့နေရတဲ့အရာတွေကို ခဏလေးမေ့ထားပြီးတော့ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် အရင်ကြိုးစားလိုက်ပါ ။ ဘယ်အရာကိုမှ စိတ်ထဲနှစ်ပြီးတော့ အရမ်းကြီးခံစားမနေလိုက်ပါနဲ့ ။ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ပြီးရင် ပျက်တတ်တဲ့သဘောတွေရှိနေတဲ့အတွက်ကြောင့် မိမိရဲ့စိတ်ကို အပင်ပန်းခံပြီးတော့ ရင်ထဲမှာ ခံစားမနေလိုက်ပါနဲ့နော် ။ မိမိရဲ့စိတ်တွေ အေးချမ်းပျော်ရွှင်စေဖို့ ။ မိမိရဲ့လုပ်ဆောင်ချက်တွေ မှန်ကန်ဖို့ဆိုရင် မိမိရဲ့စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်နေအောင် ထားရပါမယ် ။ မိမိရဲ့စိတ်ကို ကြည်လင်နေအောင် မထားနိုင်ရင်တော့ လုပ်ဆောင်မှုတွေဟာ အလွဲလွဲအချော်ချော်တွေပဲ ဖြစ်လာပါလိမ့်မယ် ။မိမိရဲ့ဘဝမှာ အရာအားလုံး အကောင်းဆုံးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် မိမိရဲ့စိတ်ကို အရင်ဆုံးကြည်လင်အောင်ထားပါ ။ 📖တန်ဖိုးထားတဲ့ ရပ်ဝန်းမှာ ရှင်သန်ပါ 📖 ✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့် #မူရင်းရေးသားသူအားလေးစားလျှက်
    Care
    1
    · 0 Comments ·0 Shares ·55 Views
  • (၁) ပြုံးပါ။

    အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။

    (၂) နားထောင်ပါ။

    တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

    (၃) မနှိုင်းယှဉ်ပါနဲ့။

    သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

    (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။

    လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

    (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။

    သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

    (၆) ချီးမွမ်းစကားပြောဆိုပါ။

    တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

    (၇) သူများမကောင်းကြောင်း မပြောပါနဲ့။

    သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

    (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။

    လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။

    (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။

    ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

    (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။

    ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    (၁) ပြုံးပါ။ အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။ (၂) နားထောင်ပါ။ တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။ (၃) မနှိုင်းယှဉ်ပါနဲ့။ သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။ (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။ လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။ (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။ သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။ (၆) ချီးမွမ်းစကားပြောဆိုပါ။ တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။ (၇) သူများမကောင်းကြောင်း မပြောပါနဲ့။ သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။ (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။ လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။ (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။ ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။ (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။ ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    Care
    1
    · 0 Comments ·0 Shares ·61 Views
  • "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့
    ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ်

    လူ့လောကမှာ မေတ္တာတရား
    ဘယ်လောက်ကြီးမားကြီးမား
    စေတနာဘယ်လောက်ထားထား

    အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ
    လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ

    ဒီလိုမှမဟုတ်ရင် ရေ နဲ့ ဆီ လိုပဲ
    ရေကရေသပ်သပ်
    ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ

    မေ တ္တာ က မေ တ္တာ သပ်သပ်
    ဗီဇက ဗီဇသပ်သပ်
    ဘယ်လိုမှ ထပ်တူကျမနေရင်
    မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ်
    မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို
    လက်ခံနိုင်မှာမဟုတ်ဘူး

    ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ
    အမှန်တရားပါပဲ။
    "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့ ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ် လူ့လောကမှာ မေတ္တာတရား ဘယ်လောက်ကြီးမားကြီးမား စေတနာဘယ်လောက်ထားထား အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ ဒီလိုမှမဟုတ်ရင် ရေ နဲ့ ဆီ လိုပဲ ရေကရေသပ်သပ် ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ မေ တ္တာ က မေ တ္တာ သပ်သပ် ဗီဇက ဗီဇသပ်သပ် ဘယ်လိုမှ ထပ်တူကျမနေရင် မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ် မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို လက်ခံနိုင်မှာမဟုတ်ဘူး ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ အမှန်တရားပါပဲ။
    Care
    1
    · 0 Comments ·0 Shares ·42 Views
  • တစ်ခါတလေ
    ကိုယ့်စိတ်ကိုတောင် ကိုယ်မပိုင်တာ
    သူများစိတ်ကို ပိုင်ဖို့ဆိုတာ
    ပိုလို့တောင် မဖြစ်နိုင်ဘူး။

    လောကကြီးမှာ
    ကိုယ်တကယ်ထိန်းချုပ်ထားနိုင်တဲ့
    အရာ ဘာတစ်ခုမှ မရှိပါဘူး။
    အရာအားလုံးဟာ ဖြစ်ပြီးပျက်မှာပဲ။

    ဘဝမှာ
    ကျေနပ်ရောင့်ရဲတင်းတိမ်တဲ့စိတ်ရှိခြင်းက
    သင့်ကို အေးချမ်းစေမယ်။
    မျှော်လင့်ချက်နည်းပါးခြင်းကတော့
    သင့်စိတ်ကို ချမ်းသာစေလိမ့်တယ်။
    တစ်ခုခုဆို စိတ်ထဲမှာမထမ်းပိုးထားဘဲ
    လွှတ်ချတတ်ခြင်းကတော့
    သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစေပါလိမ့်မယ်။

    Crd_ပေးပါသည်။ Yan Naing
    တစ်ခါတလေ ကိုယ့်စိတ်ကိုတောင် ကိုယ်မပိုင်တာ သူများစိတ်ကို ပိုင်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ လောကကြီးမှာ ကိုယ်တကယ်ထိန်းချုပ်ထားနိုင်တဲ့ အရာ ဘာတစ်ခုမှ မရှိပါဘူး။ အရာအားလုံးဟာ ဖြစ်ပြီးပျက်မှာပဲ။ ဘဝမှာ ကျေနပ်ရောင့်ရဲတင်းတိမ်တဲ့စိတ်ရှိခြင်းက သင့်ကို အေးချမ်းစေမယ်။ မျှော်လင့်ချက်နည်းပါးခြင်းကတော့ သင့်စိတ်ကို ချမ်းသာစေလိမ့်တယ်။ တစ်ခုခုဆို စိတ်ထဲမှာမထမ်းပိုးထားဘဲ လွှတ်ချတတ်ခြင်းကတော့ သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစေပါလိမ့်မယ်။ Crd_ပေးပါသည်။ Yan Naing
    Care
    1
    · 0 Comments ·0 Shares ·40 Views
  • အဲဒိအတိုင်းpostတာအဆင်ပြေလားမသိဘူး
    အနော့လည်းအနော့အဆင်ပြေသလိုpostကြည့်တာပါ
    အဲဒိအတိုင်းpostတာအဆင်ပြေလားမသိဘူး အနော့လည်းအနော့အဆင်ပြေသလိုpostကြည့်တာပါ
    Care
    1
    · 0 Comments ·0 Shares ·28 Views
  • • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

    • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။

    > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ <

    • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။

    • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။

    • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။

    • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။

    • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။

    • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်)

    > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း <

    1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။

    2. အသီးများကို အသာအယာ ထုပေးပါ။

    3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။

    4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

    • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
    #လေးစားစွာဖြင့်မူရင်းရေးသားသူကို
    #creditပေးပါတယ် #P_Chan #hashtag
    #fbviralpost2025シ #fblifestyles
    • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။ > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ < • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။ • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။ • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။ • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။ • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။ • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်) > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း < 1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။ 2. အသီးများကို အသာအယာ ထုပေးပါ။ 3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။ 4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။ • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #ကျန်းမာရေး #ဗဟုသုတ #စာပေ #နွယ်မြက်သစ်ပင်ဆေးဖက်ဝင် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကို #creditပေးပါတယ် #P_Chan #hashtag #fbviralpost2025シ #fblifestyles
    Care
    1
    · 0 Comments ·0 Shares ·66 Views
More Results