အဆင်ပြေလည်းတစ်ယောက်တည်း
အဆင်မပြေလည်းတစ်ယောက်တည်းမို့
ငါ့အတွက်အဖော်ဆိုတာ
မလိုအပ်တော့ဘူး။

ပင်ပန်းတယ်လို့ခံစားမိရင်
အကုန်လုံးကိုလွှတ်ချတတ်သူမို့
တော်ရုံတန်ရုံလူတွေက
ငါ့ဒဏ်ကိုခံနိုင်ကြမှာမဟုတ်ဘူး။

အချစ်မခံရလည်းငါကအေးဆေးပဲ
ကိုယ့်ကမ္ဘာငယ်လေးထဲမှာ
ကိုယ့်ယဥ်ကျေးမူနဲ့ကိုယ်နေထိုင်တယ်။

မာနတွေ အတ္တတွေသိပ်မရှိပေမယ့်
ကိုယ်ကျင့်သိက္ခာကိုထိပါးလာရင်တော့
လူကောင်းတစ်ယောက်လို
ငါသည်းခံနိုင်မှာမဟုတ်ဘူး။

ဘယ်သူ့အတွက်မှအဖိုးတန်လေး
မဟုတ်ပေမယ့်
ငါက.....
ငါကိုယ်တိုင်ရဲ့အဖိုးတန်လေးပဲ။

#ဖားစည်ရည်ကျော်
#crd_to_owner_with_respectcrd
အဆင်ပြေလည်းတစ်ယောက်တည်း အဆင်မပြေလည်းတစ်ယောက်တည်းမို့ ငါ့အတွက်အဖော်ဆိုတာ မလိုအပ်တော့ဘူး။ ပင်ပန်းတယ်လို့ခံစားမိရင် အကုန်လုံးကိုလွှတ်ချတတ်သူမို့ တော်ရုံတန်ရုံလူတွေက ငါ့ဒဏ်ကိုခံနိုင်ကြမှာမဟုတ်ဘူး။ အချစ်မခံရလည်းငါကအေးဆေးပဲ ကိုယ့်ကမ္ဘာငယ်လေးထဲမှာ ကိုယ့်ယဥ်ကျေးမူနဲ့ကိုယ်နေထိုင်တယ်။ မာနတွေ အတ္တတွေသိပ်မရှိပေမယ့် ကိုယ်ကျင့်သိက္ခာကိုထိပါးလာရင်တော့ လူကောင်းတစ်ယောက်လို ငါသည်းခံနိုင်မှာမဟုတ်ဘူး။ ဘယ်သူ့အတွက်မှအဖိုးတန်လေး မဟုတ်ပေမယ့် ငါက..... ငါကိုယ်တိုင်ရဲ့အဖိုးတန်လေးပဲ။ #ဖားစည်ရည်ကျော် #crd_to_owner_with_respectcrd
0 Comments ·0 Shares ·53 Views