မပျော်ရတဲ့ relationship တစ်ခုကို
ရပ်တန့်နိုင်လိုက်တဲ့ မိန်းမ တစ်ယောက်ဟာ
အဲဒီနေ့ကစ သူမ ပျော်ရတော့တာပဲ ။

စိတ်သောက ပေးနေတဲ့ လူတစ်ယောက်ကို
ကျောခိုင်းရဲတဲ့ မိန်းမ တစ်ယောက်ဟာ
အဲဒီအချိန်ကစ သူမ စိတ်ချမ်းသာရတော့တာပဲ ။

နေ့စဉ် နေ့တိုင်း ကိုယ့်ရဲ့ သက်ဆိုင်သူနဲ့ပတ်သက်ပြီး
ပူပန်သောက ဖြစ်နေရတဲ့ မိန်းမတစ်ယောက်ဟာ
အဲဒီလူဆီက လွတ်မြောက်လိုက်တာနဲ့
သူမ ဘဝက လွပ်လပ်သွားတာပဲ ။

တချို့ အမျိုးသမီးတွေက
Toxic relationship တွေမှာ အချိန်မဖြုန်းဘူး
သူတို့ကိုယ်သူတို့ မနစ်မွန်းစေဘူး
အဆင်ပြေမလာတဲ့ လူတစ်ယောက်အပေါ်
အကြာကြီး စောင့်‌မနေဘူး

ငါက ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်တယ်
ငါက ဒီလိုဝမ်းနည်းနေရမှာ မဟုတ်ဘူး
ငါ့ဘဝက ဒါမျိုးမဟုတ်ဘူး
အဲဒီစိတ်တွေကနေ တစ်ကိုယ်တည်း တောက်ပဖို့
အင်အားတွေရလာတယ်
တစ်ယောက်ထဲနေဖို့ သတ္တိတွေရှိလာတယ်

ဘေးလူတွေရဲ့ ထင်မြင်ယူဆချက်တွေ
ဝေဖန် ကဲ့ရဲ့သံတွေထက်
သူမရဲ့ ပျော်ရွှင်ဖို့ကိုသာ အလေးထား
အာရုံစိုက်လိုက်တယ်

Unhealthy Relationship ကနေ
ရုန်းထွက်လိုက်နိုင်တဲ့ အမျိုးသမီးတွေဟာ
နေ့တိုင်း ပျော်ရတော့တာပဲ ။

တခါတလေ
ကျွန်မတို့ရဲ့ ပျော်ရွှင်မှုဟာ ကိုယ်တစ်ယောက်ထဲနဲ့လည်း
ပြီးပြည့်စုံနေတတ်ပါတယ် ။

ပျော်ရွှင်မှုကို ကိုယ်တစ်ယောက်ထဲလည်း
တည်ဆောက်လို့ရတယ် ဆိုတာ သိခဲ့ပြီးတဲ့အချိန်မှာ
မစစ်မှန်ခြင်းတွေ ၊ မစစ်မှန်တဲ့လူတွေကို
ဘဝက ထုတ်ပယ်လိုက်ဖို့ အချိန်မဆွဲ ၊
လက် မတွန့် ကြတော့ဘူး ။

ပျော်ရွှင်မှုကို ရဖို့
မပျော်ရွှင်ခြင်းတွေကိုတော့
နှုတ်ဆက်ရမယ် မဟုတ်လား
ရွေးချယ်တတ်ကြပါစေ ။

#သက်ထားခင်(THK)
မပျော်ရတဲ့ relationship တစ်ခုကို ရပ်တန့်နိုင်လိုက်တဲ့ မိန်းမ တစ်ယောက်ဟာ အဲဒီနေ့ကစ သူမ ပျော်ရတော့တာပဲ ။ စိတ်သောက ပေးနေတဲ့ လူတစ်ယောက်ကို ကျောခိုင်းရဲတဲ့ မိန်းမ တစ်ယောက်ဟာ အဲဒီအချိန်ကစ သူမ စိတ်ချမ်းသာရတော့တာပဲ ။ နေ့စဉ် နေ့တိုင်း ကိုယ့်ရဲ့ သက်ဆိုင်သူနဲ့ပတ်သက်ပြီး ပူပန်သောက ဖြစ်နေရတဲ့ မိန်းမတစ်ယောက်ဟာ အဲဒီလူဆီက လွတ်မြောက်လိုက်တာနဲ့ သူမ ဘဝက လွပ်လပ်သွားတာပဲ ။ တချို့ အမျိုးသမီးတွေက Toxic relationship တွေမှာ အချိန်မဖြုန်းဘူး သူတို့ကိုယ်သူတို့ မနစ်မွန်းစေဘူး အဆင်ပြေမလာတဲ့ လူတစ်ယောက်အပေါ် အကြာကြီး စောင့်‌မနေဘူး ငါက ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်တယ် ငါက ဒီလိုဝမ်းနည်းနေရမှာ မဟုတ်ဘူး ငါ့ဘဝက ဒါမျိုးမဟုတ်ဘူး အဲဒီစိတ်တွေကနေ တစ်ကိုယ်တည်း တောက်ပဖို့ အင်အားတွေရလာတယ် တစ်ယောက်ထဲနေဖို့ သတ္တိတွေရှိလာတယ် ဘေးလူတွေရဲ့ ထင်မြင်ယူဆချက်တွေ ဝေဖန် ကဲ့ရဲ့သံတွေထက် သူမရဲ့ ပျော်ရွှင်ဖို့ကိုသာ အလေးထား အာရုံစိုက်လိုက်တယ် Unhealthy Relationship ကနေ ရုန်းထွက်လိုက်နိုင်တဲ့ အမျိုးသမီးတွေဟာ နေ့တိုင်း ပျော်ရတော့တာပဲ ။ တခါတလေ ကျွန်မတို့ရဲ့ ပျော်ရွှင်မှုဟာ ကိုယ်တစ်ယောက်ထဲနဲ့လည်း ပြီးပြည့်စုံနေတတ်ပါတယ် ။ ပျော်ရွှင်မှုကို ကိုယ်တစ်ယောက်ထဲလည်း တည်ဆောက်လို့ရတယ် ဆိုတာ သိခဲ့ပြီးတဲ့အချိန်မှာ မစစ်မှန်ခြင်းတွေ ၊ မစစ်မှန်တဲ့လူတွေကို ဘဝက ထုတ်ပယ်လိုက်ဖို့ အချိန်မဆွဲ ၊ လက် မတွန့် ကြတော့ဘူး ။ ပျော်ရွှင်မှုကို ရဖို့ မပျော်ရွှင်ခြင်းတွေကိုတော့ နှုတ်ဆက်ရမယ် မဟုတ်လား ရွေးချယ်တတ်ကြပါစေ ။ #သက်ထားခင်(THK)
0 Comments ·0 Shares ·41 Views