ငြိမ်ငြိမ်နေပေးတယ်
တိတ်တဆိတ်ငြိမ်ပေးတယ်...။

အတူတူ လိုက်မငိုပေးနိုင်ရင်တောင်
သူတို့အပူကို ရယ်မိသယောင်မဖြစ်ရလေအောင်
အပျော်တွေ လျှော့ထားမယ်...။

အကောင်းတွေကိုပဲ မမျှော်လင့်ခဲ့ကြပေမယ့်
အဆိုးတွေကိုချည်း လှိမ့်ခံနေခဲ့ရရှာတဲ့
ရွှေပြည်တော်ဟာ မကျန်းမာဘူးမလား...။

နွေကုန်သွားရင် ရောက်လာဦးမယ့် မိုးကို
မိုးကုန်ပြီးရင် ထပ်ရောက်လာမယ့်ဆောင်းကို
ဆောင်းကုန်တဲ့အခါ ရောက်လာပြန်မယ့်နွေဦးကို
ပျော်ချင်ယောင်ဆောင်ကာ မျှော်ရင်း...။

မျှဝေခံစားရင်း....
ပူရင်း....
ကူရင်း....။

အပြစ်တင်ရင်လည်း ခံရုံပါပဲ...။

ကိုယ်တို့ဟာ
အဲဒီလိုနဲ့ပဲ...
ဒီမြေဒီ‌ရေမှာ ကြံ့ကြံ့ခံရပ်ကျန်နေရစ်ခဲ့ကြတယ်....
ဆိုတာကလွဲပြီး
တတ်နိုင်တာ သိပ်မရှိခဲ့ကြဘူးမလားကွယ်....။

#ညတာရာလင်း
#𝓡𝓔𝓛𝓐𝓧
ငြိမ်ငြိမ်နေပေးတယ် တိတ်တဆိတ်ငြိမ်ပေးတယ်...။ အတူတူ လိုက်မငိုပေးနိုင်ရင်တောင် သူတို့အပူကို ရယ်မိသယောင်မဖြစ်ရလေအောင် အပျော်တွေ လျှော့ထားမယ်...။ အကောင်းတွေကိုပဲ မမျှော်လင့်ခဲ့ကြပေမယ့် အဆိုးတွေကိုချည်း လှိမ့်ခံနေခဲ့ရရှာတဲ့ ရွှေပြည်တော်ဟာ မကျန်းမာဘူးမလား...။ နွေကုန်သွားရင် ရောက်လာဦးမယ့် မိုးကို မိုးကုန်ပြီးရင် ထပ်ရောက်လာမယ့်ဆောင်းကို ဆောင်းကုန်တဲ့အခါ ရောက်လာပြန်မယ့်နွေဦးကို ပျော်ချင်ယောင်ဆောင်ကာ မျှော်ရင်း...။ မျှဝေခံစားရင်း.... ပူရင်း.... ကူရင်း....။ အပြစ်တင်ရင်လည်း ခံရုံပါပဲ...။ ကိုယ်တို့ဟာ အဲဒီလိုနဲ့ပဲ... ဒီမြေဒီ‌ရေမှာ ကြံ့ကြံ့ခံရပ်ကျန်နေရစ်ခဲ့ကြတယ်.... ဆိုတာကလွဲပြီး တတ်နိုင်တာ သိပ်မရှိခဲ့ကြဘူးမလားကွယ်....။ #ညတာရာလင်း #𝓡𝓔𝓛𝓐𝓧
Care
1
· 0 Comments ·0 Shares ·41 Views