နေတတ်သလို နေလိုက်တယ်
မနေတတ်ရင် ဘဝကြီးက
နေပျော်စရာ ရှိနေပါ့မလား???

အဆင်ပြေသလို ဖြတ်သန်းတယ်
အဆင်မပြေမှုတွေကို
လိုက်ပြီးခံစားနေလို့
ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ
မဟုတ်ဘူးလေ...

သည်းခံသင့်သလောက်
သည်းခံတယ်...
သည်းမခံနိူင်တော့တဲ့အဆုံး
ဥပေက္ခာ ပြုထားလိုက်တယ်...
သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ
အထိခိုက်မခံစားနိူင်တော့လို့...

အားနာသင့်သလောက်ပဲ အားနာတော့မယ်
အားနာခြင်းကို အခွင့်ရေးပေးပြီး
ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ
မကြည့်ရက်တော့ဘူးလေ...

ခွင့်လွှတ်သင့်သလောက်
ခွင့်လွှတ်လိုက်မယ်
ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး
သိက္ခာတွေ ချနင်းသွားရင်
ဘယ်လောက်ချစ်ချစ်
ဘယ်လောက်ခင်ခင်
စွန့်လွှတ်လိုက်တော့မယ်...

မေတ္တာပေးသင့်သလောက်ပေးလိုက်မယ်
သံယောဇဉ်တွေအရင်လို ကြာကြာ
မချည်နှောင်ချင်တော့ဘူး
သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ
အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ...

အမုန်းတွေ ပွားမနေတော့ဘူး...
အတ္တတွေ များမနေတော့ဘူး...
လောဘတွေ ထားမနေတော့ဘူး...
အတိတ်တွေ၊အနာဂတ်တွေအစား
ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး
ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်....

ဘဝရဲ့အနှစ်ဆိုတာကြီးကို
ကောင်းကောင်းသိလာတဲ့တစ်နေ့
ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက
ဝေးပြီး ကလေးတစ်ယောက်လို
ရိုးသားလာတယ် ဖြူစင်လာတယ်
ဒါက လူ့ဘဝရဲ့အနှစ်ပဲ...

#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
နေတတ်သလို နေလိုက်တယ် မနေတတ်ရင် ဘဝကြီးက နေပျော်စရာ ရှိနေပါ့မလား??? အဆင်ပြေသလို ဖြတ်သန်းတယ် အဆင်မပြေမှုတွေကို လိုက်ပြီးခံစားနေလို့ ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ မဟုတ်ဘူးလေ... သည်းခံသင့်သလောက် သည်းခံတယ်... သည်းမခံနိူင်တော့တဲ့အဆုံး ဥပေက္ခာ ပြုထားလိုက်တယ်... သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ အထိခိုက်မခံစားနိူင်တော့လို့... အားနာသင့်သလောက်ပဲ အားနာတော့မယ် အားနာခြင်းကို အခွင့်ရေးပေးပြီး ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ မကြည့်ရက်တော့ဘူးလေ... ခွင့်လွှတ်သင့်သလောက် ခွင့်လွှတ်လိုက်မယ် ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး သိက္ခာတွေ ချနင်းသွားရင် ဘယ်လောက်ချစ်ချစ် ဘယ်လောက်ခင်ခင် စွန့်လွှတ်လိုက်တော့မယ်... မေတ္တာပေးသင့်သလောက်ပေးလိုက်မယ် သံယောဇဉ်တွေအရင်လို ကြာကြာ မချည်နှောင်ချင်တော့ဘူး သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ... အမုန်းတွေ ပွားမနေတော့ဘူး... အတ္တတွေ များမနေတော့ဘူး... လောဘတွေ ထားမနေတော့ဘူး... အတိတ်တွေ၊အနာဂတ်တွေအစား ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်.... ဘဝရဲ့အနှစ်ဆိုတာကြီးကို ကောင်းကောင်းသိလာတဲ့တစ်နေ့ ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက ဝေးပြီး ကလေးတစ်ယောက်လို ရိုးသားလာတယ် ဖြူစင်လာတယ် ဒါက လူ့ဘဝရဲ့အနှစ်ပဲ... #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
Like
Care
2
· 0 Comments ·0 Shares ·44 Views