ဒါမှ ငါတို့ သောက်အညာသားကွ !
•••••••••••••••••••••••••••••••••••••••••

( ၀ )

‌ကြည်နူးရတယ် ငါ့ကောင်တို့ရေ • • • •
ကြည်နူးရတယ် ဟ ! ! !

လူညစ်လူလိမ်တွေ ပေါများတဲ့
ဒီခေတ်ကြီးထဲမှာ အင်မတန်သဘောထားဖြူစင်တဲ့
အညာသားတချို့ကို ငါပြန်တွေ့ရတာ
သိပ်ပြီးဝမ်းသာတယ်။

( ၁ )

ခြေနှစ်ချောင်းလုံးကျိုးပြီး
ခွဲစိတ်ခန်းဝင်ရတဲ့ ကလေးတယောက်ကို
အသိ‌ နောင်တော်ဆရာဝန် တာဝန်ယူပြီး အစအဆုံး
ခွဲစိတ်ပေးလိုက်တယ်။

ကုသစရိတ်အပြင် - နောက်ထပ် လိုတာသုံးဖို့ ၁၀ သိန်းပေးတော့ • • •

ကလေးအဖေက
" မခွဲခင်က ဆရာတို့ ၇ သိန်းပေးထားတယ်၊
ခုခွဲစိတ်ခလည်း ဆရာတို့ပဲ အကုန်ကျခံထားတာ
တဲ့၊ နောက်ထပ် ကလေးအတွက် သိပ်မလိုတော့
ဘူးမလားဆရာ " တဲ့။ ဆရာဝန်က
" အေး - - - ကုန်စရာကြီးကြီးမားမား
မရှိတော့ဘူး " လို့လဲ ဆိုလိုက်ရော -

ကလေးအဖေနဲ့အမေက • • • • •
" ဒါဆိုရင် ခု ထပ်ပေးမယ့် ၁၀ သိန်းကို
တခြား ကလေးတယောက်ကို
ထပ်ကူညီလိုက်ပါ " တဲ့။

ယီး !!!

( ငါ့ သောက်ရုပ်အကြမ်းကြီးနဲ့ မျက်ရည်ပါကျ )

ဟာကွာ ! ဒီလူ ဘယ်လိုလူလဲပေါ့။

မနေနိုင်လို့ သွားမေးမိတယ်။
ခင်ဗျားကို ပေးတာလေ ယူပေါ့ဗျာဆိုတော့ • • •

ကျုပ်ကလေး ကျန်းမာရေးအတွက်
လုံလောက်ပြီတဲ့။

သူနေကောင်းရင် -
စား၊ဝတ်‌၊နေရေးအတွက် ကျုပ်တို့ဘာသာ
ရုန်းကန်ပါမယ်တဲ့။

ဟာကွာ !!

ဒါမှ ငါတို့
သောက်အညာသား၊ တောသားကွလို့
ပြောခဲ့မိလိုက်တယ်။

အေးရော။

( ၂ )

မနေ့ညနေက နောက်တယောက်။
ဆေးမကုဘဲ ငလျင်ကြောင့် ပိထားတဲ့ ခြေထောက်ကို တိုင်းရင်းဒဏ်ကြေလိမ်းဆေး လိမ်းနေတာ။
အိမ်ကပြို လူကဒဏ်ရာကတော့ ကုစရာရှိပုံမပေါ်ဘူးရယ်။

ကျွန်တော်တို့ ဇွတ်အတင်းခေါ်ပြီး

ဘာမှ မယူခဲ့နဲ့ ၊

အကျီပဲယူခဲ့၊

တို့ဆီမှာ ထဘီအသစ်တွေပါတယ်ဆိုပြီး ခေါ်ခဲ့လိုက်တယ်။

ကားပေါ်ရောက်တော့ • • •
ဆေးရုံတက်ရရင် ဝတ်ဖို့ဆိုပြီး ထဘီ ၅ ကွင်းပေးလိုက်တယ်။

ဒါနဲ့ ဆေးရုံရောက် !
ဓါတ်မှန်‌ရိုက်တော့ ကျိုးနေတာတဲ့။

ဪ!!!

ဟိုက ဆရာဝန်က ကျောက်ပတ်တီးစီးပြီးတော့ ဆေးရုံတက်စရာမလိုဘူးဆိုတာနဲ့ အိမ်ပြန်ပို့လိုက်တာ။ ရွာထိပ်ရောက်တော့ ထဘီလေး ၅ ကွင်းကို ပြန်ပေးရှာတယ်။

ဘာလို့လဲဆိုတော့

" ကျုပ်တို့မှာ ဝတ်စရာ အိမ်မှာရှိပါတယ် " တဲ့။ "

တခြားလိုတဲ့သူတွေ ပေးလိုက်ပါ " တဲ့။

ဟ !!!

ဘယ်လို အညာသူမ တွေလဲ? လို့။

ငါ ကြည်နူးရပြန်တယ်။

( ၃ )

မနေ့က အိမ်သာတလုံး သွားမျှဝေတယ်။
အမြန်ဆောက်ကြဗျာ။

ကျုပ်တို့ တာဝန်ယူတယ်...ဆိုပြီး ပြန်လာခဲ့လိုက်တယ်။

ဒီနေ့ လမ်းသင့်တာ
နဲ့ ဝင်ကြည့်တော့ - ပြီးသွားပြီ။

" ဟ ! ဘယ်လိုများ ဆောတ်လိုက်တာလဲ ? "
" မြေကျင်းတူးခ ဘယ်လောက်ကျလဲ ? " မေးတော့
" အကိုတို့ အကုန်အကျများမှာစိုးလို့
ကိုယ့်ဘာသာ တူးလိုက်တာပါ " တဲ့။

ဟာ !
ဒီသောက်အညာသားတွေနဲ့တော့ ခက်ပြီ....
လို့။

ဒါနဲ့ ပြိုလုလုဖြစ်နေတဲ့ ဒီအိမ်ရော ပြင်ချင်စိတ်ရှိလားလို့ မေးတော့။

ရှိပါတယ်တဲ့ ...

" လက်ထဲစုထားတဲ့ ၂ သိန်းရယ် ! နွားပေါက်တကောင်ရှိတာရောင်းပြီး ပြင်ကြမယ် " တဲ့။

ဟ ! ဘယ်လိုလုပ် ရမှာလဲလို့။

ငါတို့ ကူရမလားဆိုတော့ -
အိမ်သာရရင်ပဲ ကျေနပ်ပါပြီတဲ့။

အခြားသူတွေ ကူလိုက်ပါတဲ့။

ဟောဗျာ ! အတော်ခက်တဲ့ လူတွေပါကွာ။ အတော်ကိုခက်တဲ့ လူတွေ။

ဒီလူတွေ ခုလိုပြောချိန်တိုင်း သူတို့မျက်လုံးတွေကိုသေချာအကဲခတ်မိတယ်။

လူကြားကောင်းအောင် ပေးကမ်းချင်အောင် ပြောနေကြတာမဟုတ်။

တကယ့်ရင်ထဲက ပြောနေကြတာ။

ငါ့ဘဝမှာ ငါ့ကိုယ်ငါ အညာသားအဖြစ် ဂုဏ်ယူ
မိတာ ဒီတကြိမ် အကြီးမားဆုံးပါပဲ။

#မင်းထက်မြတ်
( မိတ်ထီလာ)
ဒါမှ ငါတို့ သောက်အညာသားကွ ! ••••••••••••••••••••••••••••••••••••••••• ( ၀ ) ‌ကြည်နူးရတယ် ငါ့ကောင်တို့ရေ • • • • ကြည်နူးရတယ် ဟ ! ! ! လူညစ်လူလိမ်တွေ ပေါများတဲ့ ဒီခေတ်ကြီးထဲမှာ အင်မတန်သဘောထားဖြူစင်တဲ့ အညာသားတချို့ကို ငါပြန်တွေ့ရတာ သိပ်ပြီးဝမ်းသာတယ်။ ( ၁ ) ခြေနှစ်ချောင်းလုံးကျိုးပြီး ခွဲစိတ်ခန်းဝင်ရတဲ့ ကလေးတယောက်ကို အသိ‌ နောင်တော်ဆရာဝန် တာဝန်ယူပြီး အစအဆုံး ခွဲစိတ်ပေးလိုက်တယ်။ ကုသစရိတ်အပြင် - နောက်ထပ် လိုတာသုံးဖို့ ၁၀ သိန်းပေးတော့ • • • ကလေးအဖေက " မခွဲခင်က ဆရာတို့ ၇ သိန်းပေးထားတယ်၊ ခုခွဲစိတ်ခလည်း ဆရာတို့ပဲ အကုန်ကျခံထားတာ တဲ့၊ နောက်ထပ် ကလေးအတွက် သိပ်မလိုတော့ ဘူးမလားဆရာ " တဲ့။ ဆရာဝန်က " အေး - - - ကုန်စရာကြီးကြီးမားမား မရှိတော့ဘူး " လို့လဲ ဆိုလိုက်ရော - ကလေးအဖေနဲ့အမေက • • • • • " ဒါဆိုရင် ခု ထပ်ပေးမယ့် ၁၀ သိန်းကို တခြား ကလေးတယောက်ကို ထပ်ကူညီလိုက်ပါ " တဲ့။ ယီး !!! ( ငါ့ သောက်ရုပ်အကြမ်းကြီးနဲ့ မျက်ရည်ပါကျ ) ဟာကွာ ! ဒီလူ ဘယ်လိုလူလဲပေါ့။ မနေနိုင်လို့ သွားမေးမိတယ်။ ခင်ဗျားကို ပေးတာလေ ယူပေါ့ဗျာဆိုတော့ • • • ကျုပ်ကလေး ကျန်းမာရေးအတွက် လုံလောက်ပြီတဲ့။ သူနေကောင်းရင် - စား၊ဝတ်‌၊နေရေးအတွက် ကျုပ်တို့ဘာသာ ရုန်းကန်ပါမယ်တဲ့။ ဟာကွာ !! ဒါမှ ငါတို့ သောက်အညာသား၊ တောသားကွလို့ ပြောခဲ့မိလိုက်တယ်။ အေးရော။ ( ၂ ) မနေ့ညနေက နောက်တယောက်။ ဆေးမကုဘဲ ငလျင်ကြောင့် ပိထားတဲ့ ခြေထောက်ကို တိုင်းရင်းဒဏ်ကြေလိမ်းဆေး လိမ်းနေတာ။ အိမ်ကပြို လူကဒဏ်ရာကတော့ ကုစရာရှိပုံမပေါ်ဘူးရယ်။ ကျွန်တော်တို့ ဇွတ်အတင်းခေါ်ပြီး ဘာမှ မယူခဲ့နဲ့ ၊ အကျီပဲယူခဲ့၊ တို့ဆီမှာ ထဘီအသစ်တွေပါတယ်ဆိုပြီး ခေါ်ခဲ့လိုက်တယ်။ ကားပေါ်ရောက်တော့ • • • ဆေးရုံတက်ရရင် ဝတ်ဖို့ဆိုပြီး ထဘီ ၅ ကွင်းပေးလိုက်တယ်။ ဒါနဲ့ ဆေးရုံရောက် ! ဓါတ်မှန်‌ရိုက်တော့ ကျိုးနေတာတဲ့။ ဪ!!! ဟိုက ဆရာဝန်က ကျောက်ပတ်တီးစီးပြီးတော့ ဆေးရုံတက်စရာမလိုဘူးဆိုတာနဲ့ အိမ်ပြန်ပို့လိုက်တာ။ ရွာထိပ်ရောက်တော့ ထဘီလေး ၅ ကွင်းကို ပြန်ပေးရှာတယ်။ ဘာလို့လဲဆိုတော့ " ကျုပ်တို့မှာ ဝတ်စရာ အိမ်မှာရှိပါတယ် " တဲ့။ " တခြားလိုတဲ့သူတွေ ပေးလိုက်ပါ " တဲ့။ ဟ !!! ဘယ်လို အညာသူမ တွေလဲ? လို့။ ငါ ကြည်နူးရပြန်တယ်။ ( ၃ ) မနေ့က အိမ်သာတလုံး သွားမျှဝေတယ်။ အမြန်ဆောက်ကြဗျာ။ ကျုပ်တို့ တာဝန်ယူတယ်...ဆိုပြီး ပြန်လာခဲ့လိုက်တယ်။ ဒီနေ့ လမ်းသင့်တာ နဲ့ ဝင်ကြည့်တော့ - ပြီးသွားပြီ။ " ဟ ! ဘယ်လိုများ ဆောတ်လိုက်တာလဲ ? " " မြေကျင်းတူးခ ဘယ်လောက်ကျလဲ ? " မေးတော့ " အကိုတို့ အကုန်အကျများမှာစိုးလို့ ကိုယ့်ဘာသာ တူးလိုက်တာပါ " တဲ့။ ဟာ ! ဒီသောက်အညာသားတွေနဲ့တော့ ခက်ပြီ.... လို့။ ဒါနဲ့ ပြိုလုလုဖြစ်နေတဲ့ ဒီအိမ်ရော ပြင်ချင်စိတ်ရှိလားလို့ မေးတော့။ ရှိပါတယ်တဲ့ ... " လက်ထဲစုထားတဲ့ ၂ သိန်းရယ် ! နွားပေါက်တကောင်ရှိတာရောင်းပြီး ပြင်ကြမယ် " တဲ့။ ဟ ! ဘယ်လိုလုပ် ရမှာလဲလို့။ ငါတို့ ကူရမလားဆိုတော့ - အိမ်သာရရင်ပဲ ကျေနပ်ပါပြီတဲ့။ အခြားသူတွေ ကူလိုက်ပါတဲ့။ ဟောဗျာ ! အတော်ခက်တဲ့ လူတွေပါကွာ။ အတော်ကိုခက်တဲ့ လူတွေ။ ဒီလူတွေ ခုလိုပြောချိန်တိုင်း သူတို့မျက်လုံးတွေကိုသေချာအကဲခတ်မိတယ်။ လူကြားကောင်းအောင် ပေးကမ်းချင်အောင် ပြောနေကြတာမဟုတ်။ တကယ့်ရင်ထဲက ပြောနေကြတာ။ ငါ့ဘဝမှာ ငါ့ကိုယ်ငါ အညာသားအဖြစ် ဂုဏ်ယူ မိတာ ဒီတကြိမ် အကြီးမားဆုံးပါပဲ။ #မင်းထက်မြတ် ( မိတ်ထီလာ)
Like
1
· 0 Comments ·0 Shares ·11 Views