꧁ဆန္ဒ နှင့် လောဘ꧂
ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။
လောဘဆိုတာက လိုချင်တဲ့စိတ်။
ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့
လုံးဝမတူပါဘူး။
တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင်
တယ် ဆိုတာက ဆန္ဒ။
ရုပ်ရှင်သွားကြည့်ချင်တယ်၊
သီချင်းနားထောင်ချင်တယ်၊
စားကောင်းသောက်ကောင်းလေတွေပဲ
စားချင်နေတယ် ဆိုတာက လောဘ။
တစ်နည်းအားဖြင့်
အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။
ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက်
လိုချင်နေတဲ့စိတ်ကလေးက လောဘ။
လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင်
ဆန္ဒအခြေခံပြီး လုပ်တာနဲ့
လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။
ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊
လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊
ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ်
ဆိုတဲ့ စိတ်ကလေးဟာ
ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။
ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊
ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့
ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက
လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။
လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ
ဝိသမလောဘသားဖြစ်သွားနိုင်တယ်။
နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို
အထင်မသေးသင့်ပါဘူး။
မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့
ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး
ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။
ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့
အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။
အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့်
ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။
ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။
ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။
နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။
Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင်
ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။
ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။
ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ
ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။
မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။
နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။
ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း
နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။
အဘိဓမ္မာမှာဖော်ပြထားတာကတော့
ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့
ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး
လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။
သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို
ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။
ပြည့်စုံ(တောင်ငူ)
၉.၃.၂၀၂၅
Credit Original Uploader
မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်CRD#

Credit Original Uploader ❤️
မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်🙏CRD#