စိတ်ကောင်းရှိနေရုံနဲ့ မရဘူး
ဗဟုသုတလည်း ရှိဦးမှ

စိတ်ကောင်းသာ ရှိပြီး ဗဟုသုတ မရှိရင်
လုပ်သာ လုပ်ပေးချင်ပေမဲ့
ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိဘူး

ဗဟုသုတရှိနေရုံနဲ့လည်း မပြီးဘူး
စိတ်ကောင်းလေးလည်း ရှိဦးမှ

ဗဟုသုတသာ ရှိပြီး စိတ်ကောင်းမရှိရင်
လုပ်ပေးချင်တဲ့ စေတနာတွေ၊
ကောင်းစားစေချင်တဲ့ မေတ္တာတွေ
ဖြစ်မလာနိုင်ဘူး

ဒါကြောင့်...
သမ္မတဖြစ်ဖြစ်
သူတောင်းစားဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ဖြစ်
နောက်လိုက်ဖြစ်ဖြစ်
စာလေးတော့ ဖတ်မှ

လင်ကွန်း စာဖတ်တယ်
ဗိုလ်အောင်ဆန်း စာဖတ်တယ်
ဂန္ဓီ စာဖတ်တယ်
သီအိုဒိုရုစဗဲ့ စာဖတ်တယ်
ဝင်စတန်ချာချီ စာဖတ်တယ်

သူတို့ဟာ စာဖတ်ခြင်းက ရလာတဲ့
ဗဟုသုတတွေကို ကောင်းမွန်တဲ့
စိတ်ထားနဲ့ ပေါင်းစပ်ပြီး
သမိုင်းလှလှတွေ ဖန်တီးနိုင်ခဲ့ကြတယ်

အီလွန်မတ် စာဖတ်တယ်
ဇူကာဘတ် စာဖတ်တယ်
ဘီဂိတ် စာဖတ်တယ်
ဂျက်မား စာဖတ်တယ်
သူတို့ဟာ စာဖတ်ရင်း
ဘဝကို အကောင်းဆုံး ပုံဖော်နိုင်သွားကြတယ်

စိတ်ကောင်း ဘယ်လောက်ရှိရှိ
စာမဖတ်ဘူးဆိုရင်
ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုရင်တောင်
သေချာတယ်
ဘယ်သူ့ကိုမှ ကူညီနိုင်မှာ မဟုတ်ဘူး

ဘာပဲဖြစ်ဖြစ် စာလေးတော့ ဖတ်မှ

Credit မောင်ခေမိန်(မကွေး)
စိတ်ကောင်းရှိနေရုံနဲ့ မရဘူး ဗဟုသုတလည်း ရှိဦးမှ စိတ်ကောင်းသာ ရှိပြီး ဗဟုသုတ မရှိရင် လုပ်သာ လုပ်ပေးချင်ပေမဲ့ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိဘူး ဗဟုသုတရှိနေရုံနဲ့လည်း မပြီးဘူး စိတ်ကောင်းလေးလည်း ရှိဦးမှ ဗဟုသုတသာ ရှိပြီး စိတ်ကောင်းမရှိရင် လုပ်ပေးချင်တဲ့ စေတနာတွေ၊ ကောင်းစားစေချင်တဲ့ မေတ္တာတွေ ဖြစ်မလာနိုင်ဘူး ဒါကြောင့်... သမ္မတဖြစ်ဖြစ် သူတောင်းစားဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ဖြစ် နောက်လိုက်ဖြစ်ဖြစ် စာလေးတော့ ဖတ်မှ လင်ကွန်း စာဖတ်တယ် ဗိုလ်အောင်ဆန်း စာဖတ်တယ် ဂန္ဓီ စာဖတ်တယ် သီအိုဒိုရုစဗဲ့ စာဖတ်တယ် ဝင်စတန်ချာချီ စာဖတ်တယ် သူတို့ဟာ စာဖတ်ခြင်းက ရလာတဲ့ ဗဟုသုတတွေကို ကောင်းမွန်တဲ့ စိတ်ထားနဲ့ ပေါင်းစပ်ပြီး သမိုင်းလှလှတွေ ဖန်တီးနိုင်ခဲ့ကြတယ် အီလွန်မတ် စာဖတ်တယ် ဇူကာဘတ် စာဖတ်တယ် ဘီဂိတ် စာဖတ်တယ် ဂျက်မား စာဖတ်တယ် သူတို့ဟာ စာဖတ်ရင်း ဘဝကို အကောင်းဆုံး ပုံဖော်နိုင်သွားကြတယ် စိတ်ကောင်း ဘယ်လောက်ရှိရှိ စာမဖတ်ဘူးဆိုရင် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုရင်တောင် သေချာတယ် ဘယ်သူ့ကိုမှ ကူညီနိုင်မှာ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် စာလေးတော့ ဖတ်မှ Credit မောင်ခေမိန်(မကွေး)
Love
Care
2
· 0 Comments ·0 Shares ·54 Views