အမေကို စိတ်မဆင်းရဲပါစေနဲ့
**********************
သင်…
အမေ့ကို တကယ်ချစ်သလား-?
အပြောထက်
အလုပ်နဲ့ သက်သေပြဖို့
ဘယ်လို အခြေအနေ
ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ
အမေကို
စိတ်ချမ်းသာအောင်တော့
ထားပေးပါ။
မရှိတော့မှ
တောင့်တနေမယ့် အစား
ရှိနေတုန်းလေးမှာ
အမေပျော်အောင် ထားကြပါ။
မိမိအတွက်နဲ့
အမေ စိတ်မဆင်းရဲရပါစေနဲ့။
အမေ စိတ်ပျော်ရွှင်စွာ
နေရဖို့အတွက်
မိမိရဲ့ အပြုအမူ
အပြောအဆိုလေးတွေ
လိမ္မာယဉ်ကျေးနေပါစေ။
ဘာမှ မတည်မြဲတဲ့
လောကကြီးထဲမှာ
ဘယ်အရာတွေ
ဘယ်လိုဟောင်းသွားလဲ
အမေ့မေတ္တာ
အမေ့စေတနာတွေက
ဘယ်တော့မှ မဟောင်း
ဘယ်တော့မှ မပြောင်းလဲပါဘူး။
ဒါကြောင့်…
အမေ ရှိနေခိုက်လေးမှာ
ကျေးဇူး မဆပ်နိုင်ရင်တောင်မှ
ကျေးဇူး မကန်းမိအောင်တော့
အထူး သတိထားပါ။
အမေ မရှိတော့ရင်လည်း
အမေ့ကျေးဇူး အထူးသိတတ်ပြီး
အမေ့ကို ရည်စူးကာ
ကုသိုလ်ကောင်းမှု ပြုပေးကြပါ။
ဒါမှ
လူသားဆန် လူပီသပြီး
လူ့တန်ဖိုး နားလည်သူအဖြစ်
မိမိကိုယ်ကို
ဂုဏ်ယူနေရပါလိမ့်မယ်။
…
အရှင်ပုည( ဝကုန်း )
#Credit
**********************
သင်…
အမေ့ကို တကယ်ချစ်သလား-?
အပြောထက်
အလုပ်နဲ့ သက်သေပြဖို့
ဘယ်လို အခြေအနေ
ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ
အမေကို
စိတ်ချမ်းသာအောင်တော့
ထားပေးပါ။
မရှိတော့မှ
တောင့်တနေမယ့် အစား
ရှိနေတုန်းလေးမှာ
အမေပျော်အောင် ထားကြပါ။
မိမိအတွက်နဲ့
အမေ စိတ်မဆင်းရဲရပါစေနဲ့။
အမေ စိတ်ပျော်ရွှင်စွာ
နေရဖို့အတွက်
မိမိရဲ့ အပြုအမူ
အပြောအဆိုလေးတွေ
လိမ္မာယဉ်ကျေးနေပါစေ။
ဘာမှ မတည်မြဲတဲ့
လောကကြီးထဲမှာ
ဘယ်အရာတွေ
ဘယ်လိုဟောင်းသွားလဲ
အမေ့မေတ္တာ
အမေ့စေတနာတွေက
ဘယ်တော့မှ မဟောင်း
ဘယ်တော့မှ မပြောင်းလဲပါဘူး။
ဒါကြောင့်…
အမေ ရှိနေခိုက်လေးမှာ
ကျေးဇူး မဆပ်နိုင်ရင်တောင်မှ
ကျေးဇူး မကန်းမိအောင်တော့
အထူး သတိထားပါ။
အမေ မရှိတော့ရင်လည်း
အမေ့ကျေးဇူး အထူးသိတတ်ပြီး
အမေ့ကို ရည်စူးကာ
ကုသိုလ်ကောင်းမှု ပြုပေးကြပါ။
ဒါမှ
လူသားဆန် လူပီသပြီး
လူ့တန်ဖိုး နားလည်သူအဖြစ်
မိမိကိုယ်ကို
ဂုဏ်ယူနေရပါလိမ့်မယ်။
…
အရှင်ပုည( ဝကုန်း )
#Credit
အမေကို စိတ်မဆင်းရဲပါစေနဲ့
**********************
သင်…
အမေ့ကို တကယ်ချစ်သလား-?
အပြောထက်
အလုပ်နဲ့ သက်သေပြဖို့
ဘယ်လို အခြေအနေ
ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ
အမေကို
စိတ်ချမ်းသာအောင်တော့
ထားပေးပါ။
မရှိတော့မှ
တောင့်တနေမယ့် အစား
ရှိနေတုန်းလေးမှာ
အမေပျော်အောင် ထားကြပါ။
မိမိအတွက်နဲ့
အမေ စိတ်မဆင်းရဲရပါစေနဲ့။
အမေ စိတ်ပျော်ရွှင်စွာ
နေရဖို့အတွက်
မိမိရဲ့ အပြုအမူ
အပြောအဆိုလေးတွေ
လိမ္မာယဉ်ကျေးနေပါစေ။
ဘာမှ မတည်မြဲတဲ့
လောကကြီးထဲမှာ
ဘယ်အရာတွေ
ဘယ်လိုဟောင်းသွားလဲ
အမေ့မေတ္တာ
အမေ့စေတနာတွေက
ဘယ်တော့မှ မဟောင်း
ဘယ်တော့မှ မပြောင်းလဲပါဘူး။
ဒါကြောင့်…
အမေ ရှိနေခိုက်လေးမှာ
ကျေးဇူး မဆပ်နိုင်ရင်တောင်မှ
ကျေးဇူး မကန်းမိအောင်တော့
အထူး သတိထားပါ။
အမေ မရှိတော့ရင်လည်း
အမေ့ကျေးဇူး အထူးသိတတ်ပြီး
အမေ့ကို ရည်စူးကာ
ကုသိုလ်ကောင်းမှု ပြုပေးကြပါ။
ဒါမှ
လူသားဆန် လူပီသပြီး
လူ့တန်ဖိုး နားလည်သူအဖြစ်
မိမိကိုယ်ကို
ဂုဏ်ယူနေရပါလိမ့်မယ်။
…
အရှင်ပုည( ဝကုန်း )
#Credit
