သရက်ချောင်းတွင် ဆန္ဒပြပြည်သူ ၄ ဦး ကျဆုံးခဲ့မှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြ
ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၅
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ ထားဝယ်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး အာဇာနည် ၄ ယောက် ကျဆုံးခဲ့ရမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ညနေပိုင်းမှာ "လမ်းမထက်က သွေးတွေမခြောက်သရွေ့ လူထုတရပ်လုံး သွေးဆူကြဟေ့" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ - DDMSC ရဲ့ ဦးဆောင်မှုနဲ့ ဆန္ဒပြ ပြည်သူ သိန်းနဲ့ချီပါဝင်ခဲ့တဲ့ ထားဝယ်မြို့ပေါ်က အကြမ်းမဖက် လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျည်အစစ်တွေအသုံးပြုပြီး ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း သပိတ်ရဲဘော်တွေဖြစ်တဲ့ ကိုဗညား(၃၉ နှစ်)၊ ကိုဖေသန်း(၃၈ နှစ်)၊ ကိုသန်းဝင်း(ခ)ဂျွန်မာခမ်(၃၆ နှစ်)နဲ့ ကိုလွင်လွင်(၃၃ နှစ်) တို့ ၄ ယောက် ကျည်ဆန်ထိမှန်ပြီး ပြည်သူလူထု လွတ်မြောက်ရေးအတွက် အသက်ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း အပြင်းအထန်ဒဏ်ရာရရှိသူ အယောက် ၃၀ ခန့်ရှိခဲ့ပြီး ဖမ်းဆီးနှိပ်စက်ခံရသူလည်း ၂၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။