အလွမ်းအိုအို
*******************

တမိုးနှောင်း လို့
တဆောင်း သစ် လည်း
မဟောင်းတဲ့
မပြောင်းတဲ့ အချစ်တွေနဲ့
ဒီနွေအို ရဲ့ အကြောင်းကို
တစေ့တစောင်း လောက်ပဲဖြစ်ဖြစ်
သိစေချင် စမ်း ပါရဲ့။

အသိမှာ သတိကပ်
ဘယ်လို တွေ တရား မှတ်နေလည်း
အလွမ်း‌တွေက ရပ်တန့်မသွားဘူး လေ။

မြင်းရိုင်းတကောင်ရဲ့
ကဆုန်ဆိုင်း နေတဲ့စိတ်က
ခပ်မှိုင်းမှိုင်း ဂျစ်ပစီ မိုးတိမ် တွေလို
အရုပ် အရောင် လည်း မတည်ငြိမ် ပြန် ဘူး။

မင်းရယ်
ကိုယ်ရယ်
အလွမ်းရယ်
ဓါတ် မတည့် ဘူး ဒီဇင်ဘာရယ်။

ချစ်ခြင်းအားဖြင့် ....
ပုန်းညက်ခင်ခင် ( တောင်ကြီး )
12th Dec 2025
Fri 6:10pm


မယ်ဒလင် ဦးမင်းဇော် ရဲ့
"ချစ်ရသည်က အသက်ထက်ဆုံး "
နားဆင်ခံစား ရင်း ကျန်းမာပျော်ရွှင်ကြပါစေရှင်။
အလွမ်းအိုအို ******************* တမိုးနှောင်း လို့ တဆောင်း သစ် လည်း မဟောင်းတဲ့ မပြောင်းတဲ့ အချစ်တွေနဲ့ ဒီနွေအို ရဲ့ အကြောင်းကို တစေ့တစောင်း လောက်ပဲဖြစ်ဖြစ် သိစေချင် စမ်း ပါရဲ့။ အသိမှာ သတိကပ် ဘယ်လို တွေ တရား မှတ်နေလည်း အလွမ်း‌တွေက ရပ်တန့်မသွားဘူး လေ။ မြင်းရိုင်းတကောင်ရဲ့ ကဆုန်ဆိုင်း နေတဲ့စိတ်က ခပ်မှိုင်းမှိုင်း ဂျစ်ပစီ မိုးတိမ် တွေလို အရုပ် အရောင် လည်း မတည်ငြိမ် ပြန် ဘူး။ မင်းရယ် ကိုယ်ရယ် အလွမ်းရယ် ဓါတ် မတည့် ဘူး ဒီဇင်ဘာရယ်။ ချစ်ခြင်းအားဖြင့် .... ပုန်းညက်ခင်ခင် ( တောင်ကြီး ) 12th Dec 2025 Fri 6:10pm မယ်ဒလင် ဦးမင်းဇော် ရဲ့ "ချစ်ရသည်က အသက်ထက်ဆုံး " နားဆင်ခံစား ရင်း ကျန်းမာပျော်ရွှင်ကြပါစေရှင်။
Care
1
· 0 Comments ·0 Shares ·13 Views