မြွေပွေး
------
ရသေ့ကြီးတစ်ပါးက တောရိပ်ခိုကာ တရားအားထုတ်ရန် ပြင်ဆင်လာသည်။
“ငါသည် မြတ်သောအကျင့်ကို ဆောက်တည်အံ့” ဟု အဓိဋ္ဌာန်ကာ သစ်ပင်အောက် ကုန်းမြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး တရားများကို စမှတ်တော့သည်။
ရသေ့ တရားစထိုင်ချိန်တွင် တောထဲကို သစ်ခုတ်သမားများက ဝင်သွားကြသည်။
“အလို ... ငါတို့ သူတော်စင်ကို တွေ့ကြရပြီ ... ယနေ့ကံကောင်းမည်” ဟုဆိုကာ လက်အုပ်ချီ ရှိခိုးသွားကြ သည်။
ရသေ့သည် တရားမှတ်သည်။ မျက်စိကိုမှိတ်ပြီး ပတ်ဝန်းကျင်နှင့် ကင်းလွတ်သွားစေရန် ဖြတ်သည်။ အသံတွေကိုဖြတ်သည်၊ ရနံ့တွေကိုဖြတ်သည်၊ အာရုံတွေကိုဖြတ်သည်။
“သတိ ... သတိ ... သတိ”
ထိုအချိန်တွင် မြွေပွေးတစ်ကောင်သည် အစာရှာရင်း ရသေ့တရားကျင့်နေသည့် ကုန်းအောက်ကို ရောက် လာသည်။ မြွေပွေးက ရသေ့ဘေးကို ရောက်လာသည်။ ထို့နောက် ဟိုစမ်း၊ သည်စမ်းနှင့် ရသေ့၏ တင်ပျဉ်ခွေထဲကို ရောက်သွားသည်။
ရသေ့ကား အားလုံးကို မေ့သွားလောက်အောင် ရှုမှတ်နေနိုင်သဖြင့် မြွေပွေးက ပေါင်ကြားထဲ တိုးဝင်လာသည်ကိုပင် သတိမထားမိ။
မြွေပွေးက ပေါင်ကြားထဲဝင်ခွေပြီး နွေးသဖြင့် မှေးနေသည်။ အပြင်တွင် ရာသီဥတုကလည်း အေးသည်။ ထို့ကြောင့် မြွေပွေးက ဇိမ်ကျနေတော့သည်။
မည်မျှကြာသွားသည်မသိ။ ရသေ့က မျက်စိကိုဖွင့်လိုက်ပြီး ထရန်ပြင်လိုက်ကာမှ ပေါင်ကြားကို ကြည့်လိုက်မိသည်။
“အလို မြွေပွေး”
မြွေပွေးကား အိပ်နေသည်။ သူမလှုပ်ဝံ့။ လှုပ်လိုက်လျှင် ....
ထို့ကြောင့် အသာလေး မျက်စိမှိတ်ကာ ငြိမ်နေရသည်။
မျက်စိဖွင့်ကြည့်တိုင်း မြွေပွေးက ခွေခွေလေးဖြစ်နေသေးသည်။ အချိန်လင့်သွားပြီ။ ဆွမ်းလည်း မစားရတော့။ ကြောက်ကြောက်နှင့် ဆက်ထိုင်နေသည်။ မလှုပ်ရဲ
“အို မထူးပါဘူး ... လှုပ်မရမယ့်အတူတူ .. ကျင့် ... ကျင့် ... သတိ ... သတိ ... သတိ”
ရသေ့က ကျင့်ရင်းကျင့်ရင်း မြွေပွေးကိုလည်းမေ့၊ ဆာလောင်မှု၊ နာကျင်မှု၊ ထိတ်လန့်မှု အားလုံးကိုလည်း မေ့သည်။
ညနေစောင်းသွားသည်
သစ်ခုတ်သမားတွေပြန်လာသည်။ သစ်ပင်အောက်တွင် ရသေ့ကို ငြိမ်လျက် မလှုပ်မယှက် တွေ့လိုက်ရသ ဖြင့် ကြည်ညိုစိတ်တွေ ထက်သန်လာသည်။
“အလို ... ငါတို့ တောထဲဝင်စဉ်ကတည်းက တရားကျင့်နေတာ ခုတိုင်အောင်ပါလား ... သူတော်စင် သူတော်မြတ်ပဲဟေ့” ဟုဆိုကာ ကန်တော့ကြသည်။
သူတို့နှင့်အတူပါလာသည့် ပျားရည်၊ သစ်သီးတို့ကို လှူကြသည်။
ရသေ့က ပေါင်ကြားထဲတွင် နွေးတေးတေးဖြစ်နေသေးသောကြောင့် မလှုပ်ဝံ့သေး။ လူတွေကို အကူအညီ တောင်းလိုက်လျှင် မြွေပွေးလည်း သေနိုင်သလို၊ သူလည်း သေနိုင်သည်။ ထို့ကြောင့် ငြိမ်ငြိမ်လေး ဆက်နေ လိုက်သည်။
လူတွေပြန်သွားပြီ။ ညလည်းမှောင်ပြီ။ မြွေပွေးကလူးလွန့်စပြုလာသည်။ ရသေ့က ပိုပြီး ငြိမ်နေရသည်။ မြွေပွေးက ဖြည်းဖြည်းချင်း ပေါင်ကြားထဲကထွက်ကာ ကုန်းထက်မှဆင်းသွားသည်။ ထိုအချိန်မှ ရသေ့လည်း သက်ပြင်းချနိုင်သည်။
ယနေ့အဖို့ သူ့တွင် အသိတွေ သတိတွေကို မြွေပွေးက ပေးသွားသည်။
အန္တရာယ်ကို ကိုယ်က ပိုက်ထားမိလျက်သား ဖြစ်သွားနိုင်သည့် အချိန်များရှိနိုင်သည်။
ထိုအချိန်များတွင် ဘာလုပ်ရမည်နည်း ဆိုခြင်းကို သူကောင်းစွာသိသွားသည်။
တင်ညွန့်
၉.၁၁.၂၀၂၀

🪶