အရင်နေရာမှာ
အရင်လိုပါပဲဆိုတဲ့ စကားလုံးကို
မသုံးပေမယ့်

သတိတရရှိခဲ့ရင်
အရင်က ခဏခဏ ခေါ်ခဲ့ဖူးတဲ့
ဖုန်းနံပါတ်လေးကို
ဆက်သွယ်လို့လည်းရပါတယ် ။

ပြန်လာမယ့်ရက်ကို
စောင့်နေပါ့မယ့်လို့ ကတိတွေ မပေးခဲ့ပေမယ့်
သတိတရရှိလာမယ့်ရက်ကိုတော့
မျှော်လင့်ခဲ့ဖူးပါတယ် ။

အဆင်ပြေရဲ့လားဆိုတဲ့
မေးခွန်းတွေ မမေးဖြစ်တော့ပေမယ့်
ကိုယ်ကတော့ ...
သတိတရနဲ့ မင်းကို
ငေးငေးကြည့်နေတုန်းပါပဲ ။

ပျော်နေတာလေး မြင်ရင်
အဆင်ပြေနေတာပဲဆိုတဲ့ စိတ်နဲ့
ကိုယ်လည်း ပျော်အောင် နေဖို့ပဲ တွေးပါတယ်

မျက်နှာလေး ညှိုးနေရင်
အပြေးလာချင်တဲ့ စိတ်ကို
ငါတို့က ဆိုင်မှမဆိုင်တော့တာဆိုတဲ့ သတိနဲ့
ထိန်းပါတယ် ။

မင်း သတိတရ ရှိတဲ့အခါကျရင်တော့ ...
ကိုယ် ရှိနေနိုင်ဖို့ ကြိုးစားပါတယ် ...

ကိုယ့်ဖက်က စပြီး
ဖြတ်တောက်ခဲ့တဲ့ ဆက်ဆံရေးမဟုတ်တာကြောင့်
ကိုယ့်ကို လို၏ မလို၏ မသိနိုင်တော့တဲ့
ရပ်၀န်းမှာ
တိတ်ဆိတ်ပြီးပဲ လွမ်းပါတယ် ။

#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)
အရင်နေရာမှာ အရင်လိုပါပဲဆိုတဲ့ စကားလုံးကို မသုံးပေမယ့် သတိတရရှိခဲ့ရင် အရင်က ခဏခဏ ခေါ်ခဲ့ဖူးတဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်လို့လည်းရပါတယ် ။ ပြန်လာမယ့်ရက်ကို စောင့်နေပါ့မယ့်လို့ ကတိတွေ မပေးခဲ့ပေမယ့် သတိတရရှိလာမယ့်ရက်ကိုတော့ မျှော်လင့်ခဲ့ဖူးပါတယ် ။ အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်တော့ပေမယ့် ကိုယ်ကတော့ ... သတိတရနဲ့ မင်းကို ငေးငေးကြည့်နေတုန်းပါပဲ ။ ပျော်နေတာလေး မြင်ရင် အဆင်ပြေနေတာပဲဆိုတဲ့ စိတ်နဲ့ ကိုယ်လည်း ပျော်အောင် နေဖို့ပဲ တွေးပါတယ် မျက်နှာလေး ညှိုးနေရင် အပြေးလာချင်တဲ့ စိတ်ကို ငါတို့က ဆိုင်မှမဆိုင်တော့တာဆိုတဲ့ သတိနဲ့ ထိန်းပါတယ် ။ မင်း သတိတရ ရှိတဲ့အခါကျရင်တော့ ... ကိုယ် ရှိနေနိုင်ဖို့ ကြိုးစားပါတယ် ... ကိုယ့်ဖက်က စပြီး ဖြတ်တောက်ခဲ့တဲ့ ဆက်ဆံရေးမဟုတ်တာကြောင့် ကိုယ့်ကို လို၏ မလို၏ မသိနိုင်တော့တဲ့ ရပ်၀န်းမှာ တိတ်ဆိတ်ပြီးပဲ လွမ်းပါတယ် ။ #ကျေးကို (ရင်နှင့်ရင်း၍ ရေးသည်)
Care
1
· 0 Comments ·0 Shares ·25 Views