"မျက်ရည်ဝိုင်"

အဝေးမှာ
သိုဝှက်စွာလင်းလက်ခဲ့တဲ့
ငါ့ရဲ့ ကြယ်စင်

အပြောကျယ်တဲ့ကောင်းကင်ထဲ
အဆုံးစမဲ့
ပြေးလွှားရှာဖွေရင်း
အခုတော့ . . . မောပန်းလှပြီ

ဘဝဆိုတာ ဘာလဲလို့
ငါမေးချင်မိတယ်

ထွက်ပြေးပေမယ့်မလွတ်မြောက်တော့တဲ့
လောကဓံရယ် . . .
ကိုယ်တိုင်ဖန်တီးခဲ့တဲ့
ကြမ္မာရယ် . . .
စွန်လိုလွှင့်တင်ထားတဲ့
ကြိုးနဲ့အိပ်မက်ရယ် . . .
မျက်ရည်တုနဲ့ဟန်ဆောင်ခဲ့တဲ့
ပြဇတ်ရယ် . . .
ဘယ်တော့မှမပြီးဆုံးနိုင်တဲ့
အတ္တရယ် . . .

အတွေးတိမ်တဲ့လူတွေကြားထဲ
ယစ်မူးစေတဲ့
မိုးခါးရေတစ်ခွက်နဲ့
ငါ
ကစားရမလား
နားရမလား ။ ။

ကောင်းမြတ်စံသာ
19.7.2017(Wed)
"မျက်ရည်ဝိုင်" အဝေးမှာ သိုဝှက်စွာလင်းလက်ခဲ့တဲ့ ငါ့ရဲ့ ကြယ်စင် အပြောကျယ်တဲ့ကောင်းကင်ထဲ အဆုံးစမဲ့ ပြေးလွှားရှာဖွေရင်း အခုတော့ . . . မောပန်းလှပြီ ဘဝဆိုတာ ဘာလဲလို့ ငါမေးချင်မိတယ် ထွက်ပြေးပေမယ့်မလွတ်မြောက်တော့တဲ့ လောကဓံရယ် . . . ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ကြမ္မာရယ် . . . စွန်လိုလွှင့်တင်ထားတဲ့ ကြိုးနဲ့အိပ်မက်ရယ် . . . မျက်ရည်တုနဲ့ဟန်ဆောင်ခဲ့တဲ့ ပြဇတ်ရယ် . . . ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ အတ္တရယ် . . . အတွေးတိမ်တဲ့လူတွေကြားထဲ ယစ်မူးစေတဲ့ မိုးခါးရေတစ်ခွက်နဲ့ ငါ ကစားရမလား နားရမလား ။ ။ ကောင်းမြတ်စံသာ 19.7.2017(Wed)
Like
1
· 0 Comments ·0 Shares ·147 Views