"ကြီးနိုင်ငယ်ညှင်း"
============
တစ်ခါတုန်းက မောင်မြနဲ့ မောင်လှဆိုတဲ့ ညီအကိုနှစ်ယောက် ရှိကြတယ်။ တနေ့ သူတို့ ၂ ယောက်ရဲ့ ဖခင်ကြီး ဆုံးသွားတဲ့ အခါမှာတော့ သားနှစ်ယောက်ကို အမွေအဖြစ် နွားတကောင်နဲ့ သစ်ပင်တပင် ပေးခဲ့ပါတယ်။
မောင်မြက အတ္တကြီးပြီး သူ့ဖို့ပဲ စဉ်းစားတယ်၊ အငယ်ကို ညှာတာလေ့ မရှိဘူး။ မောင်လှကတော့ ရိုးသားပြီး စိတ်သဘောထား ကောင်းတဲ့သူဖြစ်တယ်။ တနေ့တော့ မောင်မြက မောင်လှကို ပြောတယ်။
"အဖေလည်းဆုံးပြီ ဆိုတော့ တို့ ၂ ယောက်မှာ နွားတကောင်နဲ့ သစ်ပင်တပင် ပိုင်ဆိုင်တယ်။ ဒီတော့ နွားရဲ့ နောက်ပိုင်းကို ငါ့ပိုင်ဆိုင်မှု အဖြစ်သတ်မှတ်ပြီး နွားရဲ့ အရှေ့ပိုင်းကိုတော့ မင်းယူပါ။ အဲဒီလိုပဲ သစ်ပင်ရဲ့ အပေါ်ပိုင်းကို ငါ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပြီး သစ်ပင်ရဲ့ အောက်ပိုင်းကိုတော့ မင်းယူပါ" လို့ မောင်လှကို ပြောလိုက်တယ်။
မောင်လှကလည်း အကိုကြီးမောင်မြ ပြောတဲ့အတိုင်း သဘောတူခဲ့တယ်။ ဒီလိုနဲ့ မောင်လှဟာ နွားကို သေသေချာချာ ကျွေးမွေးပြုစုတဲ့အတွက် နွားဟာ ဝဖြီးလာပြီး နို့ထွက်လည်း ကောင်းလာခဲ့တယ်။
မောင်မြကတော့ နေ့စဉ် နွားနို့ကို ညှစ်ပြီး ပိုက်ဆံတွေ အမြောက်အများ ရရှိခဲ့တယ်။ ဒါပေမယ့် သူ့ညီမောင်လှကိုတော့ ဘယ်တော့မှ ခွဲဝေ မပေးခဲ့ဘူး။
မောင်လှက "နွားနို့က ရတဲ့ပိုက်ဆံတွေ ကျွန်တော့်ကိုလည်း တဝက်ပေးပါ" လို့ မောင်မြဆီက တောင်းတယ်။ အဲဒီတော့ မောင်မြက ပြောတယ်။ "ငါတို့ အစကတည်းက သဘောတူခဲ့ပြီး သားပဲလေ။ နွားအနောက်ပိုင်းကို ငါပိုင်တဲ့အတွက် ငါပဲရသင့်တယ်"
အဲဒီအဖြစ်ကို မြင်သွားတဲ့ ပညာရှိ အဖိုးအိုတဦးက မောင်လှကို အကြံပေးခဲ့တယ်။
ဒီလိုနဲ့ နောက်တရက်မှာ မောင်မြက ထုံးစံအတိုင်း နွားရဲ့အနောက်မှာ နွားနို့ ညှစ်ယူနေပါတယ်။ မောင်လှက အစာကျွေးနေရင်း နွားကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။ နွားက လန့်ပြီး နောက်မှာရှိတဲ့ မောင်မြကို ကန်လိုက်ပါတော့တယ်။ အဲဒီအခါမောင်မြက ပြောတယ်။
"ဘာလို့နွားကို ရိုက်လိုက်တာလဲ။ ငါအနောက်မှာ နွားနို့ညှစ်နေတာ မတွေ့ဘူးလား"
"တွေ့ပါတယ် ဒါပေမယ့် ကျွန်တော့်နွား အရှေ့ပိုင်းကို ကျွန်တော် ကြိုက်တာ လုပ်ခွင့်ရှိပါတယ်၊ ဟုတ်တယ် မဟုတ်လား" လို့ ပြန်မေးလိုက်တဲ့အခါ မောင်မြလည်း ဘာမှမတတ်နိုင်တော့ပဲ နွားနို့ရောင်းလို့ ရတဲ့ငွေ တဝက်ကို ခွဲပေးပါ့မယ်လို့ ကတိပေးလိုက်ရ ပါတော့တယ်။
မောင်လှက "ပိုက်ဆံ ခွဲပေးယုံတင် မကဘူး၊ နွားသန့်ရှင်း လုပ်တာ အစာကျွေးတာက အစ ၂ ယောက် အတူတူ ညီတူညီမျှ လုပ်ရပါမယ်" လို့ ပြောလိုက်တယ်။ မောင်မြလည်း သဘောတူ လိုက်ရပါတယ်။
ဒီလိုနဲ့ မောင်မြဟာ သူတို့ ၂ ယောက် ပိုင်ဆိုင်တဲ့ သစ်ပင်ကြီး အပေါ်ပိုင်းမှာ အချိန်တန်တဲ့အခါ သစ်သီးသစ်ဥတွေ အများကြီး သီးလာပါတော့တယ်။ အဲဒီ သစ်သီးသစ်ဖုတွေ ကနေ မွှေးကြိုင်တဲ့ ရနံ့တွေ ထွက်ပေါ်နေပါတယ်။ အဲဒီသစ်ပင် အပေါ်ပိုင်းက ရတဲ့ သစ်သီးဝလံတွေကို မောင်မြက နေ့စဉ် ယူပြီး သွားရောင်းတဲ့ အတွက် ငွေအမြောက်အမြား ရရှိပါတယ်။ မောင်လှက မောင်မြဆီက တောင်းတယ်။
"ကျွန်တော့်ကိုလည်း တဝက်ခွဲပေးပါ"
"မခွဲပေးနိုင်ပါဘူး သစ်ပင် အပေါ်ပိုင်းကို ငါပိုင်တယ်လို့ သတ်မှတ်ထားတာပဲလေ၊ ငါပဲရသင့်တယ်"
သူတို့အဖြစ်ကို မြင်တဲ့ ပညာရှိအဖိုးအိုကပဲ မောင်လှကို အကြံတခု ပေးလိုက်ပါတော့တယ်။ နောက်တနေ့ ရောက်တဲ့အခါ မောင်မြက ထုံးစံအတိုင်း သစ်ပင်ပေါ် တက်ပြီး သစ်သီးတွေ ခူးနေတယ်။ အဲဒီအခါမောင်လှက သစ်ပင်ခြေရင်းကနေ လွှနဲ့ တိုက်ဖြတ်ပါတော့တယ်။
"မင်းဘယ်လို လုပ်နေတာလဲ၊ ငါသစ်ပင်ပေါ်မှာ ရှိနေတာ မမြင်ဘူးလား"
"မြင်ပါတယ် သစ်ပင်အောက်ပိုင်းက ကျွန်တော်ပိုင်တာ ဖြစ်တဲ့အတွက် ကျွန်တော်စိတ်ကြိုက် လုပ်ခွင့် ရှိပါတယ်" လို့ ပြန်ပြောလိုက်ပါတယ်။
မောင်မြလည်း အဲဒီအခါမှ သူ့အမှားသူ ပြန်မြင်ပြီး "ငါက ဆိုးသွမ်းတဲ့ အကိုတယောက်ပါ။ မင်းအပေါ် မျှတမှု မရှိခဲ့ပါဘူး။ အခုကစပြီး ငါတို့အတူတူ အားလုံးကို ခွဲဝေ လုပ်ကိုင်ကြပါစို့" လို့ ပြောလိုက်ပါတော့တယ်။
Credit: Original Author

·648 Views