အမှောင်ထုသာမရှိရင်
ကြယ်လေးတွေရဲ့
အလင်း မတောက်ပနိုင်ဘူး။

ဟောင်နေတဲ့ခွေးတွေသာမရှိရင်
ပန်းတိုင်ဆီ ပြေးနေသူကို
လူတွေ အာရုံစိုက်မိမှာမဟုတ်ဘူး။

ထိုးနေတဲ့
လက်ညှိုးတွေသာမရှိရင်
အမြင့်ရောက်နေသူကို
လူတွေ သတိထားမိမှာမဟုတ်ဘူး။

ကဲ့ရဲ့နေတဲ့
ပါးစပ်တွေသာမရှိရင်
အရည်အချင်းရှိသူကို
လူတွေ အကဲဖြတ်
အမှတ်ပေးမိမှာမဟုတ်ဘူး။

နောက်ဆုံးမှာတော့....

အမှောင်ထုမို့
မှောင်နေတယ်ဆိုတာရယ်
ခွေးမို့လို့
ဟောင်တတ်တယ်ဆိုတာရယ်

တန်ဖိုးမဲ့သူမို့လို့
လက်ညှိုးထိုးတတ်တယ်ဆိုတာရယ်
အရည်အချင်းညံ့ဖျင်းသူမို့
ကဲ့ရဲ့တတ်တယ်ဆိုတာရယ်
ဒါတွေကို ဘေးလူတွေကပဲ
ဆုံးဖြတ်သတ်မှတ်ပေးသွားပါတယ်။

အသိဥာဏ် ရင့်သန်ပြီး
အရည်အချင်း ရှိသူတွေကတော့
ဘဝမှာကြုံလာသမျှ
လောကဓံကို ဇွဲရှိရှိ
ခံနိုင်ရည်အပြည့်နဲ့
ရင်ဆိုင်ကျော်ဖြတ်ရင်း
အမြင့်တစ်နေရာမှာ
ဆက်လက် တောက်ပနေမှာပါ။

ဘဝကို ဖြတ်သန်းတဲ့အခါ
ဒုက္ခပေး
ခလောက်ဆန်သူတွေနဲ့လည်း ကြုံရမှာပဲ။

အတိုက်အခိုက်မျိုးစုံနဲ့လည်း တွေ့ရမှာပဲ။

လူယုတ်လူညံ့တွေနဲ့လည်း ဆုံရမှာပဲ။

ထိုက်သင့်တဲ့ အောင်မြင်မှုတွေဆွတ်ခူးပြီး
အဓိပ္ပါယ်ရှိတဲ့ဘဝမှာ အဆင့်အတန်းရှိရှိနဲ့
ရှင်သန်နေထိုင်သူဖြစ်ဖို့ ဆိုတာကတော့…..

ကြုံလာသမျှ အခက်အခဲ
ပြဿနာတွေကို
ဘယ်လို ကိုင်တွယ်ရင်ဆိုင်ရမယ်
ဆိုတာကိုသိတဲ့
အသိဥာဏ်ပညာ အားကောင်းဖို့ရယ်....

သူတစ်ပါးဘဝကို မဖျက်ဆီးဘဲ
မိမိဘဝကို ဖန်တီးတည်ဆောက်
တတ်ဖို့ရယ်....

အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး
ဖြတ်ထိုးဥာဏ်ကို ပါးပါးနပ်နပ်
အသုံးချတတ်ဖို့ရယ်....

ဘုရား တရား သံဃာ မိဘ ဆရာများတို့၏
အဆုံးအမကို သိနားလည်ပြီး
ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာ
ထားတတ်ဖို့ရယ်.....

မကောင်းသူဟာ သူတစ်ပါး
ကောင်းသူက မိမိဖြစ်နေဖို့ရယ်ပါပဲ။

#everyoneシ
#everyoneシ゚viralシviralシfypシ゚viralシalシ
#ဘဝအတွတ်စာဖတ်ပါ
#followerseveryone
#highlightsシ
#ဘဝစာပေနှင့်ဗဟုသုတများ
#အရှင်သုမန
#crd_to_owner_with_respect
#photocrd
အမှောင်ထုသာမရှိရင် ကြယ်လေးတွေရဲ့ အလင်း မတောက်ပနိုင်ဘူး။ ဟောင်နေတဲ့ခွေးတွေသာမရှိရင် ပန်းတိုင်ဆီ ပြေးနေသူကို လူတွေ အာရုံစိုက်မိမှာမဟုတ်ဘူး။ ထိုးနေတဲ့ လက်ညှိုးတွေသာမရှိရင် အမြင့်ရောက်နေသူကို လူတွေ သတိထားမိမှာမဟုတ်ဘူး။ ကဲ့ရဲ့နေတဲ့ ပါးစပ်တွေသာမရှိရင် အရည်အချင်းရှိသူကို လူတွေ အကဲဖြတ် အမှတ်ပေးမိမှာမဟုတ်ဘူး။ နောက်ဆုံးမှာတော့.... အမှောင်ထုမို့ မှောင်နေတယ်ဆိုတာရယ် ခွေးမို့လို့ ဟောင်တတ်တယ်ဆိုတာရယ် တန်ဖိုးမဲ့သူမို့လို့ လက်ညှိုးထိုးတတ်တယ်ဆိုတာရယ် အရည်အချင်းညံ့ဖျင်းသူမို့ ကဲ့ရဲ့တတ်တယ်ဆိုတာရယ် ဒါတွေကို ဘေးလူတွေကပဲ ဆုံးဖြတ်သတ်မှတ်ပေးသွားပါတယ်။ အသိဥာဏ် ရင့်သန်ပြီး အရည်အချင်း ရှိသူတွေကတော့ ဘဝမှာကြုံလာသမျှ လောကဓံကို ဇွဲရှိရှိ ခံနိုင်ရည်အပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်ရင်း အမြင့်တစ်နေရာမှာ ဆက်လက် တောက်ပနေမှာပါ။ ဘဝကို ဖြတ်သန်းတဲ့အခါ ဒုက္ခပေး ခလောက်ဆန်သူတွေနဲ့လည်း ကြုံရမှာပဲ။ အတိုက်အခိုက်မျိုးစုံနဲ့လည်း တွေ့ရမှာပဲ။ လူယုတ်လူညံ့တွေနဲ့လည်း ဆုံရမှာပဲ။ ထိုက်သင့်တဲ့ အောင်မြင်မှုတွေဆွတ်ခူးပြီး အဓိပ္ပါယ်ရှိတဲ့ဘဝမှာ အဆင့်အတန်းရှိရှိနဲ့ ရှင်သန်နေထိုင်သူဖြစ်ဖို့ ဆိုတာကတော့….. 👉 ကြုံလာသမျှ အခက်အခဲ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ရင်ဆိုင်ရမယ် ဆိုတာကိုသိတဲ့ အသိဥာဏ်ပညာ အားကောင်းဖို့ရယ်.... 👉 သူတစ်ပါးဘဝကို မဖျက်ဆီးဘဲ မိမိဘဝကို ဖန်တီးတည်ဆောက် တတ်ဖို့ရယ်.... 👉 အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး ဖြတ်ထိုးဥာဏ်ကို ပါးပါးနပ်နပ် အသုံးချတတ်ဖို့ရယ်.... 👉 ဘုရား တရား သံဃာ မိဘ ဆရာများတို့၏ အဆုံးအမကို သိနားလည်ပြီး ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာ ထားတတ်ဖို့ရယ်..... 👉 မကောင်းသူဟာ သူတစ်ပါး ကောင်းသူက မိမိဖြစ်နေဖို့ရယ်ပါပဲ။ #everyoneシ゚ #everyoneシ゚viralシviralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #followerseveryone #highlightsシ゚ #ဘဝစာပေနှင့်ဗဟုသုတများ #အရှင်သုမန #crd_to_owner_with_respect #photocrd
Like
Love
3
· 0 Comments ·0 Shares ·146 Views