• ... ဗီဇဆိုတာ...
    လူတစ်ယောက်ရဲ့
    ပြုပြင်ပြောင်းလဲလို့
    မရတဲ့အရာတွေထဲက
    အကြီးမားဆုံး တစ်ခုပါ...

    ... ချည်ပေါင်ရွက်က
    ထွက်တဲ့အရွက်ကို
    ချိုချင်နေလို့တော့ ဘယ်ရမလဲ
    သူ့နဂိုဗီဇက ချည်တဲ့အရွက်ဆိုတော့
    ချည်မှာပဲလေ...

    ... ဘဝမှာလဲ ဒီလိုပဲ
    ဘယ်သူပဲဖြစ်ဖြစ်
    ငါ့ ကိုချစ်ရင်တော့ ပြင်လိမ့်မယ်မထင်နဲ့
    ခဏပဲ နောက်တော့
    သူ့နဂိုဗီဇအတိုင်း ဖြစ်သွားကြတာပါ...

    ... တံငါနားနီး
    တံငါဖြစ်ကြတာမဟုတ်ပါဘူး
    သူတို့ရဲ့ပင်ကိုယ် စရိုက်
    စိတ်ကိုက အဖြူဆိုအဖြူ
    အမည်းဆို အမည်းဖြစ်နေတာပါ
    ဘယ်သူတစ်ဦး တစ်ယောက်မှ
    ပြုပြင်မရတဲ့အတွက် ချစ်မိသူတိုင်းကို
    ပြင်လို့ရတယ်မထင်ပါနဲ့...

    ... ဗီဇဆိုတာ
    အချစ်ကြောင့်လဲ ပြုပြင်မသွားဘူး
    မေတ္တာကြောင့်လဲ ပြောင်းလဲမသွားဘူး
    သူကိုယ်တိုင်းပြောင်းလဲချင်တဲ့ စိတ်ရှိမှသာ ပြုပြင်ပြောင်းလဲလို့
    ရတဲ့အရာဖြစ်တဲ့အတွက် အချစ်မှာ
    မျက်စိမပါဘူးဆိုပြီး ဇွတ်ချစ်ဖို့ပဲမတွေးပါနဲ့ မချစ်သင့် မချစ်ထိုက်သူကို
    ရှောင်ရှားတတ်မှ ဘဝမှာအချစ်ကြောင့်
    နောင်တ မရမိကြမှာပါ...
    #knowledgeispower
    #Amazing
    #OoOoYanAung
    #highlightsシ
    ... ဗီဇဆိုတာ... လူတစ်ယောက်ရဲ့ ပြုပြင်ပြောင်းလဲလို့ မရတဲ့အရာတွေထဲက အကြီးမားဆုံး တစ်ခုပါ... ... ချည်ပေါင်ရွက်က ထွက်တဲ့အရွက်ကို ချိုချင်နေလို့တော့ ဘယ်ရမလဲ သူ့နဂိုဗီဇက ချည်တဲ့အရွက်ဆိုတော့ ချည်မှာပဲလေ... ... ဘဝမှာလဲ ဒီလိုပဲ ဘယ်သူပဲဖြစ်ဖြစ် ငါ့ ကိုချစ်ရင်တော့ ပြင်လိမ့်မယ်မထင်နဲ့ ခဏပဲ နောက်တော့ သူ့နဂိုဗီဇအတိုင်း ဖြစ်သွားကြတာပါ... ... တံငါနားနီး တံငါဖြစ်ကြတာမဟုတ်ပါဘူး သူတို့ရဲ့ပင်ကိုယ် စရိုက် စိတ်ကိုက အဖြူဆိုအဖြူ အမည်းဆို အမည်းဖြစ်နေတာပါ ဘယ်သူတစ်ဦး တစ်ယောက်မှ ပြုပြင်မရတဲ့အတွက် ချစ်မိသူတိုင်းကို ပြင်လို့ရတယ်မထင်ပါနဲ့... ... ဗီဇဆိုတာ အချစ်ကြောင့်လဲ ပြုပြင်မသွားဘူး မေတ္တာကြောင့်လဲ ပြောင်းလဲမသွားဘူး သူကိုယ်တိုင်းပြောင်းလဲချင်တဲ့ စိတ်ရှိမှသာ ပြုပြင်ပြောင်းလဲလို့ ရတဲ့အရာဖြစ်တဲ့အတွက် အချစ်မှာ မျက်စိမပါဘူးဆိုပြီး ဇွတ်ချစ်ဖို့ပဲမတွေးပါနဲ့ မချစ်သင့် မချစ်ထိုက်သူကို ရှောင်ရှားတတ်မှ ဘဝမှာအချစ်ကြောင့် နောင်တ မရမိကြမှာပါ... #knowledgeispower #Amazing #OoOoYanAung #highlightsシ゚
    0 Comments ·0 Shares ·121 Views
  • အမှောင်ထုသာမရှိရင်
    ကြယ်လေးတွေရဲ့
    အလင်း မတောက်ပနိုင်ဘူး။

    ဟောင်နေတဲ့ခွေးတွေသာမရှိရင်
    ပန်းတိုင်ဆီ ပြေးနေသူကို
    လူတွေ အာရုံစိုက်မိမှာမဟုတ်ဘူး။

    ထိုးနေတဲ့
    လက်ညှိုးတွေသာမရှိရင်
    အမြင့်ရောက်နေသူကို
    လူတွေ သတိထားမိမှာမဟုတ်ဘူး။

    ကဲ့ရဲ့နေတဲ့
    ပါးစပ်တွေသာမရှိရင်
    အရည်အချင်းရှိသူကို
    လူတွေ အကဲဖြတ်
    အမှတ်ပေးမိမှာမဟုတ်ဘူး။

    နောက်ဆုံးမှာတော့....

    အမှောင်ထုမို့
    မှောင်နေတယ်ဆိုတာရယ်
    ခွေးမို့လို့
    ဟောင်တတ်တယ်ဆိုတာရယ်

    တန်ဖိုးမဲ့သူမို့လို့
    လက်ညှိုးထိုးတတ်တယ်ဆိုတာရယ်
    အရည်အချင်းညံ့ဖျင်းသူမို့
    ကဲ့ရဲ့တတ်တယ်ဆိုတာရယ်
    ဒါတွေကို ဘေးလူတွေကပဲ
    ဆုံးဖြတ်သတ်မှတ်ပေးသွားပါတယ်။

    အသိဥာဏ် ရင့်သန်ပြီး
    အရည်အချင်း ရှိသူတွေကတော့
    ဘဝမှာကြုံလာသမျှ
    လောကဓံကို ဇွဲရှိရှိ
    ခံနိုင်ရည်အပြည့်နဲ့
    ရင်ဆိုင်ကျော်ဖြတ်ရင်း
    အမြင့်တစ်နေရာမှာ
    ဆက်လက် တောက်ပနေမှာပါ။

    ဘဝကို ဖြတ်သန်းတဲ့အခါ
    ဒုက္ခပေး
    ခလောက်ဆန်သူတွေနဲ့လည်း ကြုံရမှာပဲ။

    အတိုက်အခိုက်မျိုးစုံနဲ့လည်း တွေ့ရမှာပဲ။

    လူယုတ်လူညံ့တွေနဲ့လည်း ဆုံရမှာပဲ။

    ထိုက်သင့်တဲ့ အောင်မြင်မှုတွေဆွတ်ခူးပြီး
    အဓိပ္ပါယ်ရှိတဲ့ဘဝမှာ အဆင့်အတန်းရှိရှိနဲ့
    ရှင်သန်နေထိုင်သူဖြစ်ဖို့ ဆိုတာကတော့…..

    ကြုံလာသမျှ အခက်အခဲ
    ပြဿနာတွေကို
    ဘယ်လို ကိုင်တွယ်ရင်ဆိုင်ရမယ်
    ဆိုတာကိုသိတဲ့
    အသိဥာဏ်ပညာ အားကောင်းဖို့ရယ်....

    သူတစ်ပါးဘဝကို မဖျက်ဆီးဘဲ
    မိမိဘဝကို ဖန်တီးတည်ဆောက်
    တတ်ဖို့ရယ်....

    အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး
    ဖြတ်ထိုးဥာဏ်ကို ပါးပါးနပ်နပ်
    အသုံးချတတ်ဖို့ရယ်....

    ဘုရား တရား သံဃာ မိဘ ဆရာများတို့၏
    အဆုံးအမကို သိနားလည်ပြီး
    ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာ
    ထားတတ်ဖို့ရယ်.....

    မကောင်းသူဟာ သူတစ်ပါး
    ကောင်းသူက မိမိဖြစ်နေဖို့ရယ်ပါပဲ။

    #everyoneシ
    #everyoneシ゚viralシviralシfypシ゚viralシalシ
    #ဘဝအတွတ်စာဖတ်ပါ
    #followerseveryone
    #highlightsシ
    #ဘဝစာပေနှင့်ဗဟုသုတများ
    #အရှင်သုမန
    #crd_to_owner_with_respect
    #photocrd
    အမှောင်ထုသာမရှိရင် ကြယ်လေးတွေရဲ့ အလင်း မတောက်ပနိုင်ဘူး။ ဟောင်နေတဲ့ခွေးတွေသာမရှိရင် ပန်းတိုင်ဆီ ပြေးနေသူကို လူတွေ အာရုံစိုက်မိမှာမဟုတ်ဘူး။ ထိုးနေတဲ့ လက်ညှိုးတွေသာမရှိရင် အမြင့်ရောက်နေသူကို လူတွေ သတိထားမိမှာမဟုတ်ဘူး။ ကဲ့ရဲ့နေတဲ့ ပါးစပ်တွေသာမရှိရင် အရည်အချင်းရှိသူကို လူတွေ အကဲဖြတ် အမှတ်ပေးမိမှာမဟုတ်ဘူး။ နောက်ဆုံးမှာတော့.... အမှောင်ထုမို့ မှောင်နေတယ်ဆိုတာရယ် ခွေးမို့လို့ ဟောင်တတ်တယ်ဆိုတာရယ် တန်ဖိုးမဲ့သူမို့လို့ လက်ညှိုးထိုးတတ်တယ်ဆိုတာရယ် အရည်အချင်းညံ့ဖျင်းသူမို့ ကဲ့ရဲ့တတ်တယ်ဆိုတာရယ် ဒါတွေကို ဘေးလူတွေကပဲ ဆုံးဖြတ်သတ်မှတ်ပေးသွားပါတယ်။ အသိဥာဏ် ရင့်သန်ပြီး အရည်အချင်း ရှိသူတွေကတော့ ဘဝမှာကြုံလာသမျှ လောကဓံကို ဇွဲရှိရှိ ခံနိုင်ရည်အပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်ရင်း အမြင့်တစ်နေရာမှာ ဆက်လက် တောက်ပနေမှာပါ။ ဘဝကို ဖြတ်သန်းတဲ့အခါ ဒုက္ခပေး ခလောက်ဆန်သူတွေနဲ့လည်း ကြုံရမှာပဲ။ အတိုက်အခိုက်မျိုးစုံနဲ့လည်း တွေ့ရမှာပဲ။ လူယုတ်လူညံ့တွေနဲ့လည်း ဆုံရမှာပဲ။ ထိုက်သင့်တဲ့ အောင်မြင်မှုတွေဆွတ်ခူးပြီး အဓိပ္ပါယ်ရှိတဲ့ဘဝမှာ အဆင့်အတန်းရှိရှိနဲ့ ရှင်သန်နေထိုင်သူဖြစ်ဖို့ ဆိုတာကတော့….. 👉 ကြုံလာသမျှ အခက်အခဲ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ရင်ဆိုင်ရမယ် ဆိုတာကိုသိတဲ့ အသိဥာဏ်ပညာ အားကောင်းဖို့ရယ်.... 👉 သူတစ်ပါးဘဝကို မဖျက်ဆီးဘဲ မိမိဘဝကို ဖန်တီးတည်ဆောက် တတ်ဖို့ရယ်.... 👉 အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး ဖြတ်ထိုးဥာဏ်ကို ပါးပါးနပ်နပ် အသုံးချတတ်ဖို့ရယ်.... 👉 ဘုရား တရား သံဃာ မိဘ ဆရာများတို့၏ အဆုံးအမကို သိနားလည်ပြီး ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာ ထားတတ်ဖို့ရယ်..... 👉 မကောင်းသူဟာ သူတစ်ပါး ကောင်းသူက မိမိဖြစ်နေဖို့ရယ်ပါပဲ။ #everyoneシ゚ #everyoneシ゚viralシviralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #followerseveryone #highlightsシ゚ #ဘဝစာပေနှင့်ဗဟုသုတများ #အရှင်သုမန #crd_to_owner_with_respect #photocrd
    Like
    Love
    3
    · 0 Comments ·0 Shares ·351 Views