• တစ်ဘက်ထဲ လှရုံနဲ့ မရဘူး
    ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ
    ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ
    တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။

    သူ့ဘက် ကိုယ့်ဘက်ရှိမှ
    အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
    ယုံကြည်မှုဆိုတာ
    ပျက်စီးသွားပြီဆိုတဲ့အခါ
    ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
    ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။

    ဒါကြောင့်
    ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
    ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။

    ယုံကြည်လို့
    ချေးငှားလိုက်တဲ့ ပိုက်ဆံကို
    မတောင်းခင်ကတည်းက
    အလိုက်တသိ ပြန်ပေးရတယ်။

    ယုံကြည်လို့
    ကူညီပေးလိုက်တာကို
    ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။

    ယုံကြည်လို့
    ပေးထားတဲ့ မေတ္တာကို
    တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။

    ယုံကြည်လို့
    တွဲထားတဲ့ လက်တွေကို
    နာကျင်ဒဏ်ရာတွေ မပေးရဘူး။

    ယုံကြည်လို့ပေးထားတဲ့
    အခွင့်အရေးကို
    ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။

    အဲ့ဒီယုံကြည်မှုထဲမှာ
    ချစ်ခြင်းမေတ္တာတွေပါတယ်
    ကိုယ်ချင်းစာတရားတွေပါတယ်
    သံယောဇဉ်တွေပါတယ်။

    ဒါကြောင့် ယုံကြည်မှုကို
    လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး
    တကယ်လို့
    ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ
    တကယ်နစ်နာဆုံးရှုံးသွားတာက
    ကိုယ်ဖြစ်နေတတ်တယ်။

    ဒီလိုပဲ
    ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို
    အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။

    ဒါပေမယ့်
    တကယ် ဝမ်းမနည်းပါဘူး
    စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။

    အဲ့ဒါက ဘာလဲဆိုတော့
    အရင်လို စေတနာတွေ အကူအညီတွေ
    ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
    ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။

    ယုံကြည်မှုကို တန်ဖိုးထားပါ။
    တချို့အရာတွေက
    ပြန်လိုချင်ရင်တောင်မှ
    ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။

    #followereveryonehighlights
    #ဦးအောင်သင်း
    #စာပေဗဟုသုတ
    #ဦးအောင်သင်း
    #စာပေ
    တစ်ဘက်ထဲ လှရုံနဲ့ မရဘူး ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။ သူ့ဘက် ကိုယ့်ဘက်ရှိမှ အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ ယုံကြည်မှုဆိုတာ ပျက်စီးသွားပြီဆိုတဲ့အခါ ဘယ်လိုပြန်တည်ဆောက် တည်ဆောက် ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။ ဒါကြောင့် ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။ ယုံကြည်လို့ ချေးငှားလိုက်တဲ့ ပိုက်ဆံကို မတောင်းခင်ကတည်းက အလိုက်တသိ ပြန်ပေးရတယ်။ ယုံကြည်လို့ ကူညီပေးလိုက်တာကို ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။ ယုံကြည်လို့ ပေးထားတဲ့ မေတ္တာကို တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။ ယုံကြည်လို့ တွဲထားတဲ့ လက်တွေကို နာကျင်ဒဏ်ရာတွေ မပေးရဘူး။ ယုံကြည်လို့ပေးထားတဲ့ အခွင့်အရေးကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။ အဲ့ဒီယုံကြည်မှုထဲမှာ ချစ်ခြင်းမေတ္တာတွေပါတယ် ကိုယ်ချင်းစာတရားတွေပါတယ် သံယောဇဉ်တွေပါတယ်။ ဒါကြောင့် ယုံကြည်မှုကို လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး တကယ်လို့ ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ တကယ်နစ်နာဆုံးရှုံးသွားတာက ကိုယ်ဖြစ်နေတတ်တယ်။ ဒီလိုပဲ ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် တကယ် ဝမ်းမနည်းပါဘူး စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အရင်လို စေတနာတွေ အကူအညီတွေ ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့ ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။ ယုံကြည်မှုကို တန်ဖိုးထားပါ။ တချို့အရာတွေက ပြန်လိုချင်ရင်တောင်မှ ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။ #followereveryonehighlights #ဦးအောင်သင်း #စာပေဗဟုသုတ #ဦးအောင်သင်း #စာပေ
    Love
    Care
    3
    · 0 Comments ·0 Shares ·745 Views
  • ‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ စိတ်အေးတတ်လာတယ်..

    ‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

    ‎တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အရာရာကို တလေးတစား
    ‎လုပ်တတ်လာတယ်..

    ‎ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ စာနာတတ်လာတယ် ။

    ‎ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

    ‎ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ တိုးတက်ချင်စိတ်တွေ မွေးဖွားလာတယ်..

    ‎မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

    ‎သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အသိ သတိတွေနဲ့
    ‎နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

    ‎ရိုးသားတဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အစစ်အမှန်တွေကို
    ‎ထုတ်သုံးတတ်လာတယ်..

    ‎နာခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ နာခံတတ်လာပြီး
    ‎အကောင်း/အဆိုးကို ခွဲခြားနိုင်လာတယ်..

    ‎စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်..
    ‎ တကယ်တော့...အကြောင်းတရားကောင်းမှ
    ‎အကျိုးတရား လှတာနော်~~~

    ‎#ဦးအောင်သင်း
    #followereveryonehighlights
    #စာပေ
    #စာအုပ်စာပေလူ့မိတ်ဆွေ
    #စာပေဗဟုသုတ
    ‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ စိတ်အေးတတ်လာတယ်.. ‎ ‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်.. ‎ ‎တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အရာရာကို တလေးတစား ‎လုပ်တတ်လာတယ်.. ‎ ‎ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ စာနာတတ်လာတယ် ။ ‎ ‎ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်.. ‎ ‎ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ တိုးတက်ချင်စိတ်တွေ မွေးဖွားလာတယ်.. ‎ ‎မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်.. ‎ ‎သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အသိ သတိတွေနဲ့ ‎နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်.. ‎ ‎ရိုးသားတဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အစစ်အမှန်တွေကို ‎ထုတ်သုံးတတ်လာတယ်.. ‎ ‎နာခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ နာခံတတ်လာပြီး ‎အကောင်း/အဆိုးကို ခွဲခြားနိုင်လာတယ်.. ‎ ‎စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်.. ‎ တကယ်တော့...အကြောင်းတရားကောင်းမှ ‎အကျိုးတရား လှတာနော်~~~ ‎ ‎#ဦးအောင်သင်း #followereveryonehighlights #စာပေ #စာအုပ်စာပေလူ့မိတ်ဆွေ #စာပေဗဟုသုတ
    Care
    1
    · 0 Comments ·0 Shares ·558 Views