• အားနာသင့်တာကိုမှ အားနာပြီး
    ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။

    တချို့သောအရာတွေကို ဥပက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင်
    သင်ယူရဦးမယ် ။

    ဒေါသတွေကို အပြုံးတွေနဲ့
    လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း
    လက်သည်းတွေကို နေရာတိုင်းမှာ
    ထုတ်မပြရအောင် ဝှက်ထားရင်း
    အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင်
    သင်ယူရဦးမယ် ။

    ပူလောင်မှုတွေ ကြားထဲက
    အေးမြခြင်းတွေကို ရှာဖွေမယ် ။
    သောကတွေကို ဖယ်ရှားပြီး
    ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။
    ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့
    ရပ်ဝန်းထဲမှာ နေမယ် ။
    နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့
    ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။

    စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း
    အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။

    #ကေသရီ
    #Note_Pages
    အားနာသင့်တာကိုမှ အားနာပြီး ပြတ်သားသင့်တဲ့ အရာတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်တတ်အောင် ကြိုးစားရဦးမယ် ။ တချို့သောအရာတွေကို ဥပက္ခာတရားတွေ ထားပြီး တချို့သောအရာတွေကို မေတ္တာတရားတွေနဲ့ သည်းခံပြီး တချို့သောအရာတွေကို ခွင့်လွှတ်တတ်အောင် သင်ယူရဦးမယ် ။ ဒေါသတွေကို အပြုံးတွေနဲ့ လက်တုံ့ပြန်တတ်အောင် ကြိုးစားရင်း လက်သည်းတွေကို နေရာတိုင်းမှာ ထုတ်မပြရအောင် ဝှက်ထားရင်း အစစ်အမှန်နဲ့ အတုအယောင်တွေကို ခွဲခြား သိမြင်ပြီး အတိအကျ ထပ်တူထပ်မျှ ပြန်ပေးနိုင်အောင် သင်ယူရဦးမယ် ။ ပူလောင်မှုတွေ ကြားထဲက အေးမြခြင်းတွေကို ရှာဖွေမယ် ။ သောကတွေကို ဖယ်ရှားပြီး ပျော်ရွှင်စရာတွေကို ဝေမျှပေးမယ် ။ ယုံကြည်မှုကို အသက်လို တန်ဖိုးထားတဲ့ ရပ်ဝန်းထဲမှာ နေမယ် ။ နောက်ကျောကို ဓားနဲ့မထိုးတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်မယ် ။ စိတ်တူကိုယ်တူတွေ ဓာတ်ပြုရင်း အိပ်မက်တွေကို အရောင်ခြယ်ကြတာပေါ့ ။ #ကေသရီ #Note_Pages
    Like
    Care
    2
    · 0 Comments ·0 Shares ·51 Views
  • တစ်ခါတလေ ဘဝမှာ လမ်းပျောက်တဲ့အချိန်တွေ ရှိတယ် ။ ရည်ရွယ်ရာ လမ်းတစ်ခုကို တည့်တည့်မတ်မတ် လျှောက်နေတုန်းမှာပဲ လမ်းပျောက်တယ်ဆိုတဲ့ အခိုက်အတန့်တွေ ကြုံရတာပါ ပဲ။

    တစ်ခါတလေ သိပ်ပင်ပန်းလာတယ် ။ ရှေ့ဆက်လျှောက်ဖို့ တွေဝေလာသလို နောက်ပြန်လှည့်ချင်မိတယ် ။ ဘာကြောင့် အသက်ရှင်နေရတာလဲ ။ ရှင်သန်ခြင်းတွေဟာ အဓိပ္ပာယ် ရှိနေရဲ့လား မသိတော့ဘဲ လက်လျှော့လိုက်ချင်မိတယ် ။ အဲဒီလို အခြေနေမျိုးတွေ ကျွန်မဘဝမှာ ခဏခဏ ကြုံတွေ့ဖူးပါတယ် ။

    အဲဒီလိုမျိုး လမ်းပျောက်တဲ့ အချိန် ၊ ရှေ့ဆက်ဖို့အတွက်
    စိတ်ရောလူရော အဆင်မပြေ ပင်ပန်းခက်ခဲနေတဲ့ နေ့ရက်တွေမှာ ဘာကြောင့် စတင်ခဲ့တာလဲ ဆိုတဲ့ စမှတ်တွေကို ပြန်စဉ်းစားဖြစ်တယ် ။

    ဒီလမ်းကို ဘာလို့လျှောက်ခဲ့တာလဲ
    ဒါကို ငါ ဘာလို့ ဖြစ်ချင်ခဲ့တာလဲ
    ဒါကို ဘာလို့ လိုချင်ခဲ့တာလဲ
    ဒီလူတစ်ယောက်ကို ဘာလို့ ချစ်တာလဲ ဆိုတဲ့
    The reasons why i startedကို ပြန်စဉ်းစားဖြစ်တယ် ။

    လမ်းတွေဟာ ဝေဝါးလာတဲ့အခါ ကောက်ရိုးတစ်မျှင်ကလဲ ကယ်တင်နိုင်ကောင်းပါရဲ့။ ဆက်ပြီး ဖမ်းဆုပ်ထားဖို့ရာ အကြောင်းပြချက်လေး ပြန်ရှာတွေ့လိုတွေ့ငြား
    ရှာဖွေကြည့်တာပဲ ။ စိတ်လိုလက်ရ ပြန်ရှာကြည့်တော့လဲ ပျောက်နေတဲ့ လမ်းတွေကိုရော ၊ မိမိကိုယ်မိမိ ပြန်ရှာတွေ့ပါတယ် ။

    စိတ်ကူးအိပ်မက်တွေကို လက်မလွှတ်ချင်သေးတဲ့ မိမိကိုယ်မိမိ၊ လက်မလျှော့ချင်တဲ့ မိမိကိုယ်မိမိ ၊ နူးညံ့ပေမဲ့ သန်မာတဲ့ ပုံရိပ်တွေ နဲ့ မိမိကိုယ်မိမိ ပြန်ရှာတွေ့ခဲ့တာပါပဲ ။

    အဖြေဟာ အစကတည်းက ရှိနှင့်နေပါတယ် ။
    အဖြေဟာ စမှတ်မှာကတည်းက ရှိနှင့်နေပါတယ် ။

    -စူးရှမေ
    #Note_Pages
    တစ်ခါတလေ ဘဝမှာ လမ်းပျောက်တဲ့အချိန်တွေ ရှိတယ် ။ ရည်ရွယ်ရာ လမ်းတစ်ခုကို တည့်တည့်မတ်မတ် လျှောက်နေတုန်းမှာပဲ လမ်းပျောက်တယ်ဆိုတဲ့ အခိုက်အတန့်တွေ ကြုံရတာပါ ပဲ။ တစ်ခါတလေ သိပ်ပင်ပန်းလာတယ် ။ ရှေ့ဆက်လျှောက်ဖို့ တွေဝေလာသလို နောက်ပြန်လှည့်ချင်မိတယ် ။ ဘာကြောင့် အသက်ရှင်နေရတာလဲ ။ ရှင်သန်ခြင်းတွေဟာ အဓိပ္ပာယ် ရှိနေရဲ့လား မသိတော့ဘဲ လက်လျှော့လိုက်ချင်မိတယ် ။ အဲဒီလို အခြေနေမျိုးတွေ ကျွန်မဘဝမှာ ခဏခဏ ကြုံတွေ့ဖူးပါတယ် ။ အဲဒီလိုမျိုး လမ်းပျောက်တဲ့ အချိန် ၊ ရှေ့ဆက်ဖို့အတွက် စိတ်ရောလူရော အဆင်မပြေ ပင်ပန်းခက်ခဲနေတဲ့ နေ့ရက်တွေမှာ ဘာကြောင့် စတင်ခဲ့တာလဲ ဆိုတဲ့ စမှတ်တွေကို ပြန်စဉ်းစားဖြစ်တယ် ။ ဒီလမ်းကို ဘာလို့လျှောက်ခဲ့တာလဲ ဒါကို ငါ ဘာလို့ ဖြစ်ချင်ခဲ့တာလဲ ဒါကို ဘာလို့ လိုချင်ခဲ့တာလဲ ဒီလူတစ်ယောက်ကို ဘာလို့ ချစ်တာလဲ ဆိုတဲ့ The reasons why i startedကို ပြန်စဉ်းစားဖြစ်တယ် ။ လမ်းတွေဟာ ဝေဝါးလာတဲ့အခါ ကောက်ရိုးတစ်မျှင်ကလဲ ကယ်တင်နိုင်ကောင်းပါရဲ့။ ဆက်ပြီး ဖမ်းဆုပ်ထားဖို့ရာ အကြောင်းပြချက်လေး ပြန်ရှာတွေ့လိုတွေ့ငြား ရှာဖွေကြည့်တာပဲ ။ စိတ်လိုလက်ရ ပြန်ရှာကြည့်တော့လဲ ပျောက်နေတဲ့ လမ်းတွေကိုရော ၊ မိမိကိုယ်မိမိ ပြန်ရှာတွေ့ပါတယ် ။ စိတ်ကူးအိပ်မက်တွေကို လက်မလွှတ်ချင်သေးတဲ့ မိမိကိုယ်မိမိ၊ လက်မလျှော့ချင်တဲ့ မိမိကိုယ်မိမိ ၊ နူးညံ့ပေမဲ့ သန်မာတဲ့ ပုံရိပ်တွေ နဲ့ မိမိကိုယ်မိမိ ပြန်ရှာတွေ့ခဲ့တာပါပဲ ။ အဖြေဟာ အစကတည်းက ရှိနှင့်နေပါတယ် ။ အဖြေဟာ စမှတ်မှာကတည်းက ရှိနှင့်နေပါတယ် ။ -စူးရှမေ #Note_Pages
    Care
    1
    · 0 Comments ·0 Shares ·64 Views
  • ပန်းတွေကိုချစ်ပါ
    မင်းစိတ်ကိုနူးညံ့စေလိမ့်မယ်။

    စာများများဖတ်ပါ
    အမှားနဲ့အမှန် ခွဲခြားတတ်လာလိမ့်မယ်။

    အကောင်းမြင်စိတ်ထားပါ
    မင်းစိတ်တွေ သောကကင်းပါလိမ့်မယ်။

    မနာလိုမှုလောဘ၊ဒေါသ အတ္တနဲ့မာနတွေကို
    တတ်နိုင်သမျှလျော့ချပါ။

    အစွဲအလမ်းစိတ် ပိုင်ဆိုင်လိုစိတ် ရယူလိုစိတ်
    လူတွေကိုသံယောဇဥ်ထားပြီး မငြိတွယ်ခြင်းဖြင့်
    ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပါ။

    ချစ်သင့်သောသူကိုချစ်ပြီး
    မေ့သင့်တဲ့လူကိုမေ့ပါ။

    လူတချို့ကိုဘဝကနေထုတ်ပစ်ခြင်းဖြင့်
    အလှပဆုံး ရှင်သန်ရပ်တည်လိုက်ပါ။

    -ဖားစည်ရည်ကျော်
    #Note_Pages
    ပန်းတွေကိုချစ်ပါ မင်းစိတ်ကိုနူးညံ့စေလိမ့်မယ်။ စာများများဖတ်ပါ အမှားနဲ့အမှန် ခွဲခြားတတ်လာလိမ့်မယ်။ အကောင်းမြင်စိတ်ထားပါ မင်းစိတ်တွေ သောကကင်းပါလိမ့်မယ်။ မနာလိုမှုလောဘ၊ဒေါသ အတ္တနဲ့မာနတွေကို တတ်နိုင်သမျှလျော့ချပါ။ အစွဲအလမ်းစိတ် ပိုင်ဆိုင်လိုစိတ် ရယူလိုစိတ် လူတွေကိုသံယောဇဥ်ထားပြီး မငြိတွယ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပါ။ ချစ်သင့်သောသူကိုချစ်ပြီး မေ့သင့်တဲ့လူကိုမေ့ပါ။ လူတချို့ကိုဘဝကနေထုတ်ပစ်ခြင်းဖြင့် အလှပဆုံး ရှင်သန်ရပ်တည်လိုက်ပါ။ -ဖားစည်ရည်ကျော် #Note_Pages
    Love
    Care
    2
    · 0 Comments ·0 Shares ·49 Views