• ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ အသုံး၀င်တဲ့
    ဂွေးတောက်ရွက်

    ဂွေးတောက်ရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။

    အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။

    ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူမ်ား တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။

    ခွေးတောက်ရွက်ကို ကြိတ်၍ ရေသာ အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။

    အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။

    ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။

    ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။

    ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    #newfun
    #crd_to_owner_with_respect
    ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ အသုံး၀င်တဲ့ ဂွေးတောက်ရွက် 🌿🌿 ဂွေးတောက်ရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။ အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူမ်ား တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရေသာ အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။ အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။ ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။ ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 #newfun #crd_to_owner_with_respect
    Like
    2
    · 2 Comments ·0 Shares ·147 Views
  • အိမ်ထောင်ရေးသုခ မပြည့်ဝတဲ့သူတွေ
    သားသမီးရတနာ ရဖို့ခက်ခဲနေသူတွေ
    သုပ်အားနည်းခြင်း သုပ်လွန်မြန်ခြင်းနဲ့...
    စိတ်အလိုမကျဖြစ်ပြီး အလိုလို ဒေါသထွက်တတ်တဲ့ အမျိုးသားများအနေနဲ့ ကြောင်လျာသီးကို စားပေးခြင်းဖြင့်...
    ကျန်းမာရေးကောင်းပြီး ဒေါသမောဟ နည်းသွားပါလိမ့်မယ်။

    အထက်ပါ အကြောင်းအရာမျိုး ကြုံနေရသူများ...
    တစ်ပတ်ကို ၂ ကြိမ့်ခန့် ကြောင်လျာသီးကို ကြိုက်သလို လုပ်စားပေးပါ။
    အမှန်တကယ် အထောက်ကူဖြစ်စေပါမယ်ဗျ။

    ဒူလာ၊ သွေ;ဝမ်:၊ မီးယပ်၊ မြင်းသရိုက် စသဖြင့်...
    ဝေဒနာခံစားနေရသူတွေအတွက်ကတော့...
    အစာနဲ့ပဲ ဆေးကုမယ်ဆိုလျင်..
    ကြောင်လျာသီးနဲ့ ငါးမြွေထိုး ရောပြီး မကြာမကြာချက်စားပေးခြင်းက...
    ဆေးထိုး ဆေးသောက် လုပ်တာထက် ပိုပြီးတောင်
    အကျိုးရှိလာပါလိမ့်မယ်။

    ပိန်းကပ်နေလို့ ဝချင်တယ်ဆိုတဲ့သူတွေ...
    နှလုံးအားနည်းလို့ နှလုံးအားတိုးဆေး သောက်နေရတဲ့သူတွေအနေနဲ့ ဘာချက်စားသင့်လဲဆိုတော့...
    ငါးသလောက်နဲ့ကြောင်လျာသီး ရောပြီးသာ မကြာမကြာချက်တီး....
    ပိန်ကပ်နေရာကနေ ဝဖြိုးလာပါလိမ့်မယ်ဗျာ...

    ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ...

    #newfun
    #crd_to_owner_with_respect
    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    အိမ်ထောင်ရေးသုခ မပြည့်ဝတဲ့သူတွေ သားသမီးရတနာ ရဖို့ခက်ခဲနေသူတွေ သုပ်အားနည်းခြင်း သုပ်လွန်မြန်ခြင်းနဲ့... စိတ်အလိုမကျဖြစ်ပြီး အလိုလို ဒေါသထွက်တတ်တဲ့ အမျိုးသားများအနေနဲ့ ကြောင်လျာသီးကို စားပေးခြင်းဖြင့်... ကျန်းမာရေးကောင်းပြီး ဒေါသမောဟ နည်းသွားပါလိမ့်မယ်။ အထက်ပါ အကြောင်းအရာမျိုး ကြုံနေရသူများ... တစ်ပတ်ကို ၂ ကြိမ့်ခန့် ကြောင်လျာသီးကို ကြိုက်သလို လုပ်စားပေးပါ။ အမှန်တကယ် အထောက်ကူဖြစ်စေပါမယ်ဗျ။ ဒူလာ၊ သွေ;ဝမ်:၊ မီးယပ်၊ မြင်းသရိုက် စသဖြင့်... ဝေဒနာခံစားနေရသူတွေအတွက်ကတော့... အစာနဲ့ပဲ ဆေးကုမယ်ဆိုလျင်.. ကြောင်လျာသီးနဲ့ ငါးမြွေထိုး ရောပြီး မကြာမကြာချက်စားပေးခြင်းက... ဆေးထိုး ဆေးသောက် လုပ်တာထက် ပိုပြီးတောင် အကျိုးရှိလာပါလိမ့်မယ်။ ပိန်းကပ်နေလို့ ဝချင်တယ်ဆိုတဲ့သူတွေ... နှလုံးအားနည်းလို့ နှလုံးအားတိုးဆေး သောက်နေရတဲ့သူတွေအနေနဲ့ ဘာချက်စားသင့်လဲဆိုတော့... ငါးသလောက်နဲ့ကြောင်လျာသီး ရောပြီးသာ မကြာမကြာချက်တီး.... ပိန်ကပ်နေရာကနေ ဝဖြိုးလာပါလိမ့်မယ်ဗျာ... ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ... #newfun #crd_to_owner_with_respect ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ)
    Like
    Care
    2
    · 3 Comments ·0 Shares ·192 Views
  • ဝဋ်နာကံနာ ဆိုတာလား မသိပါဘူးကွာ....
    စားချင်တာမစားရ သောက်ချင်တာမသောက်ရနဲ့...
    သူတို့ ခံစားနေရတာကို ကြည့်ပြီး...
    အတော်ကြီး သံဝေဂရမိတယ် မောင်လင်းရေဆိုပြီး ‌..
    ဦးအောင်မင်းက ပြောလာတယ်။

    သံဝေဂရတယ်ဆိုတဲ့ စကားကိုပါ ကြားလိုက်မိတာကြောင့်...
    ဘာတွေများ သံဝေဂရစရာရှိလို့လည်း ဦးလေးရာ လို့
    ကျနော်က မေးလိုက်တော့...

    ဘာရမှာလည်းကွာ ငါ့ဇနီး ငါ့သ္မီး ခံစားနေရတဲ့ ဒုက္ခဝေဒနာပေါ့...
    ဘာမှကို တည့်တာမရှိဘူးကွာ...
    ဘာလေးစားစား တချက်မှားတာနဲ့ ခံစားရတာပဲ။

    မဟုတ်မှလွဲ အတိတ်ဘဝမှာ သူတို့သားမိက
    သူများ စားတာကို ပိတ်ပင်ခဲ့တာကြောငိ့ဖြစ်မယ် ကွ..
    အဲ့ဒါကြောင့်...
    ယူတတ်ရင် တရားရတယ်လို့ပြောတာ...
    သူတို့ရောဂါက ဝဋ်နာ ကံနာပဲ မို့ လား ...?

    ဟာ....
    အဲ့လို မဟုတ်ပါဘူး ဦးလေးရာ...
    ဝဋ်နာ ကံနာဆိုတာက ဘာဆေးနဲ့ကုကု ဆေးမတိုး
    ဘယ်ဆရာနဲ့ပြပြ ရောဂါရှာမရပဲ ခံစားနေရတာမျိုး
    ရှေးဆရာသမားတွေရဲ့အမှာစကားအရဆို ဝဋ်နာကံနာ မှန်ရင် ဘုရားကု ကုမှ ရတာတဲ့။

    ခု ...
    ဦးလေး ဇနီးနဲ့သ္မီး ဖြစ်နေတဲ့ရောဂါက ကုလို့ရပါတယ်။
    ပြီးတော့ ဂေါက်ရောဂါလို့ သိထားပြီ ပဲ။
    လေးဘက်နာရောဂါ ဂေါက်ရောဂါ စတဲ့ ရောဂါတွေက
    အစားတော့ ရှောင်နိုင်မှ ဗျ။
    ဦးလေးပြောသလို အတိတ်ဘဝက သူများစားတာကို ပိတ်ပင်ခဲ့လို့လားဆိုတာတော့ ကျနော်လည်းမသိဘူး။

    သေခြာတဲ့အချက်ကတော့...
    ဂေါက် မှန်ရင် ....
    မြေထဲကထွက်တဲ့ အု မှန်သမျှရှောင်ရမယ်။
    အဆိုးဆုံးက (မြေပဲဆံ၊နဲ့တွင်းအောင်းသားတွေကိုပေါ့။(ကြွက်သား၊ ပွေးသား)စသဖြင့်ပေါ့။

    နောက်တချက်က ဝမ်းတွင်းသားတွေရှောင်ရမယ်။
    အသည်း အူ အဆုပ် ကလီစာ တွေပေါ့။

    အေးကွ ဟုတ်မယ်...
    ငါ့သမီးက ဝက်သားဒုတ်ထိုးဆို အလွန်ကြိုက်တာ..
    အဲ့ဒါစားပြီးတာ ငြှီးငြူနေရတော့တာ...
    တခါတလေ မင်းပြောတဲ့ မြေပဲဆံစားပြီး
    သားမိနှစ်ယောက်လုံး အဆစ်တွေရောင်လာတဲ့အထိ
    အဆစ်အမြစ်နေရာတွေက ကိုက်လို့ဆိုပြီး
    အမလေးပြိုင်တနေတာများ...
    သူတို့သားမိနှစ်ယောက်အသံကြားပြီး
    ငါ့မှာ စိတ်ဆင်းရဲရပါတယ် ကွာ...

    အဲ့ဒါကြောင့် မင်းဆီကနေ ဆေးနည်းလေးနဲ့
    ရောဂါသက်သာအောင်နေထိုင်စားသောက်ရမဲ့
    နည်းလမ်းလေးတွေ သိချင် လိုချင်လို့ လာခဲ့တာပဲ...
    ဦးလေးကို ကူညီပါ ငါတူကြီးရာ...
    ထိုက်သင့်တဲ့ ညဏ်ပူဇော်ခလည်း ပေးမှာပါကွ=တဲ့။

    မလိုပါဘူး ဦးလေးရာ...
    ကျနော်တို့ဦးလေးတို့ဆိုတာက ပြောရမဲ့သူတွေမှမဟုတ်တာ...
    ဒါပေမဲ့ ...
    ကျနော်ပြောသလိုတော့ သေခြာလိုက်နာပြီး လုပ်ကိုင်စားသောက်ဖို့နဲ့ နေ့စဉ်ပုံမှန် အညွန်းအတိုင်း စားသောက်ပေးဖို့တော့ လိုမယ်နော် လို့ ပြောလိုက်တော့...
    စိတ်ချ ငါ့တူ...
    ဦးလေးကိုယ်တိုင် ဂရုတစိုက်နဲ့ လုပ်ပေးမှာလို့ ပြောတာကြောင့်..

    ဒါဆို ပထမဆုံးအချက်က...
    ဂေါက်ရောဂါ ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆစ်အမြစ်ရောင်ခြင်း...
    အဆစ်တွေ ရောင်မယ် မနေနိုင်မထိုင်နိုင်ဖြစ်တဲ့အထိ ကိုက်ခဲနေတဲ့အခါ...
    ရဲယိုပင်ကို သိတယ်မို့လား..(သိတယ်)
    ရဲယိုပင်ကနေ အရွက်ကိုခူးယူပြီး ရေသေခြာဆေး...
    အရွက်ကိုပက်လက်ထားပြီး နနွင်းမှုန့်လူးပြီး...
    ကိုက်တဲ့နေရာ ရောင်တဲ့နေရာတွေမှာ စည်းပေးပါ။

    နေ့စဉ်ကိုက်ရင် နေ့စဉ်စည်းပေး။
    အရောင်မကျရင် ကျတဲ့အချိန်ထိ အမြဲစည်းပေးပါ။
    အရွက်ကိုတော့ တစ်နေ့တခါ အသစ်လဲပေးရပါမယ်။

    ပြီးတော့...
    ရှောင်ရမှာတွေက တွင်းအောင်းသားတွေမစားရ
    ကလီစာတွေမစားရ ‌ဥဆိုရင်မြေထဲကဥတဲ့ ဥကော
    သတ္တဝါတွေရဲ့ဝမ်းထဲကလာတဲ့ ဥကော မစားရဘူး။

    ရောဂါအတွက် ဆေးကုသလို အကျိုးရှိမဲ့ ဓာတ်စာအနေနဲ့ ‌မကြာမကြာ စားပေးသင့်တဲ့ အရွက်ကတော့
    ကျောက်သင်ပုန်းရွက်လို့ခေါ်တဲ့ နတ်သမီးကွမ်းရွက်ကို အမြဲတမ်းတို့စရာအဖြစ်စားပေးနိုင်ရင် အကောင်းဆုဲးပဲ။

    အရေးအကြီးဆုံးလုပ်ရမဲ့အချက်ကတော့...
    ဂေါက်ရောဂါရှိသူတွေအနေနဲ့...
    ပူစီနံကို ၂ပတ်တိတိ နေ့စဉ် ကျိုသောက်ပေးနိုင်မယ်ဆိုရင် သက်သာပါမယ်။

    ကျနော်တို့နိုင်ငံထဲမှာ ပူစီနံ ၂မျိုးရှိပြီး ဂေါက်ရောဂါနဲ့လေးဘက်နာရောဂါအတွက် ၂မျိုးလုံး အသုံးပြုလို့ရပါတယ်။

    အသုံးပြုပုံ။ ။ ပူစီနံအရိုးအရွက် လက်တဆုပ်ကို ရေသေခြာဆေးပြီး ရေဖန်ခွက်ကြီး၃ခွက်စာ ထည့်
    ပြီး ၂ခွက်စာကျန်တဲ့အထိ ပြုတ်ပါပါ။

    လဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းလို
    အရောင်ကာလာဖြစ်လာပါလိမ့်မယ်
    ၎င်း ဆေးရေအား တစ်နေ့တာ ကုန်အောင်သောက်ပေးပါ။
    ဆေးသောက်တဲ့အချိန်ဟာ မနက်ပိုင်းအချိန်က အကောင်းဆုံးပါ။
    ဆေးသောက်နေတဲ့ရက်များအတွင်း ခရီးရှည်မသွားပါနဲ့။ဘာလို့ဆို ထိုဆေးရေသောက်ပါက ဆီးခဏခဏ သွားရတာကြောင့် လိုင်းကားစီးသွားရမဲ့သူဆို
    ကားသမားနှင့်စကားများရတတ်တယ်)

    အထက်ပါအတိုင်း ပြောပြလိုက်ပြီး
    ကျနော့်အမကြီး ဖော်စပ်ထားတဲ့ ရှားစောင်းလက်ပက်ဆေးကိုလည်း ဖြည့်စွက်စာအဖြစ်စားပေးနိုင်ကြောင်း ပြောပြလိုက်တော့ ၂ဗူးဝယ်သွားပါသေးတယ်။

    ကျနော်ပြောတဲ့အတိုင်း သူ့သမီးနှင့် သူ့ဇနီးအား သူကိုယ်တိုင် ဂရုတစိုက်လုပ်ပေးပြီး ကုသမယ်လို့ အကြိမ်ကြိမ်ပြောပြီး ပြန်သွားပါတယ်။

    ကျနော်ကတော့ ဦးအောင်မင်းကိုတွေ့တိုင်း အခြေနေမေးကြည့်ဖြစ်ပါတယ်။
    အဲ့လို မေးတဲ့အခါတိုင်း
    ပြုံးရွှင်သော မျက်နှာနှင့် ကျေးဇူးရှင်တစ်ယောက်ပုံစံမျိုး သူ့ဘက်က ပြန်လည်ပြုမူပြောဆိုတတ်သလို
    ခုဆိုရင်...
    သူတို့မိသားစုလေး သွားချင်တဲ့ဆီ သွားလာနိုင်ပြီဖြစ်သလို...
    စားချင်တာကိုလည်း ထိုက်သင့်စွာ စားလို့ရနေပါပြီ။

    ကျေးဇူးတင်လိုက်တာ ကိုလင်းရေ ဆိုပြီး....
    တွေ့တဲ့နေရာတိုင်းမှာ အော်ဟစ်ပြောဆို နှုတ်ဆက်တတ်တဲ့ သူတို့မိသားစုရဲ့ တုန့်ပြန်မှုကို...
    ညဏ်ပူဇော်ခဆိုပြီး အိမ်အထိလာပို့သွားတဲ့
    စာအိတ်ထဲကငွေကြေးထက်...
    ကျနော်က ပိုပြီး ပီတိဖြစ်ရတယ်ဆိုတာကတော့...

    ဒီနေ့ သူတို့မိသားစုနဲ့ဆုံပြီး နှုတ်ဆက်စကားပြောရင်း
    ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောနေလို့...
    အမှတ်တရအဖြစ် ဒီpostအား ရေးလိုက်ခြင်းဖြစ်ပါတယ်။

    ပြီးတော့...
    မိတ်ဆွေတို့အနေဖြင့် အသုံးလိုရင်သော်၎င်း
    မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ ငေါက်ရောဂါ ဝေဒနာ ခံစားနေရသူများရှိနေရင်သော်၎င်း...
    ဒီနည်းလမ်းလေး မျှဝေပေးနိုင်ရန် ရည်ရွယ်၍...

    ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ
    ကင်းဝေးကြပါစေ....

    #newfun
    #crd_to_owner_with_respect
    ချစ်ခြင်းမေတ္တာဖြင့်
    လယ်တွင်းသား
    (ပန်းလောင်မြေ)

    Photo ၁။
    အများသိသော ပူစီနံ
    Photo ၂။ ၃။
    ပူစီနံ (အသေး )အရိုးနီ အမွှေးပါ။
    ဝဋ်နာကံနာ ဆိုတာလား မသိပါဘူးကွာ.... စားချင်တာမစားရ သောက်ချင်တာမသောက်ရနဲ့... သူတို့ ခံစားနေရတာကို ကြည့်ပြီး... အတော်ကြီး သံဝေဂရမိတယ် မောင်လင်းရေဆိုပြီး ‌.. ဦးအောင်မင်းက ပြောလာတယ်။ သံဝေဂရတယ်ဆိုတဲ့ စကားကိုပါ ကြားလိုက်မိတာကြောင့်... ဘာတွေများ သံဝေဂရစရာရှိလို့လည်း ဦးလေးရာ လို့ ကျနော်က မေးလိုက်တော့... ဘာရမှာလည်းကွာ ငါ့ဇနီး ငါ့သ္မီး ခံစားနေရတဲ့ ဒုက္ခဝေဒနာပေါ့... ဘာမှကို တည့်တာမရှိဘူးကွာ... ဘာလေးစားစား တချက်မှားတာနဲ့ ခံစားရတာပဲ။ မဟုတ်မှလွဲ အတိတ်ဘဝမှာ သူတို့သားမိက သူများ စားတာကို ပိတ်ပင်ခဲ့တာကြောငိ့ဖြစ်မယ် ကွ.. အဲ့ဒါကြောင့်... ယူတတ်ရင် တရားရတယ်လို့ပြောတာ... သူတို့ရောဂါက ဝဋ်နာ ကံနာပဲ မို့ လား ...? ဟာ.... အဲ့လို မဟုတ်ပါဘူး ဦးလေးရာ... ဝဋ်နာ ကံနာဆိုတာက ဘာဆေးနဲ့ကုကု ဆေးမတိုး ဘယ်ဆရာနဲ့ပြပြ ရောဂါရှာမရပဲ ခံစားနေရတာမျိုး ရှေးဆရာသမားတွေရဲ့အမှာစကားအရဆို ဝဋ်နာကံနာ မှန်ရင် ဘုရားကု ကုမှ ရတာတဲ့။ ခု ... ဦးလေး ဇနီးနဲ့သ္မီး ဖြစ်နေတဲ့ရောဂါက ကုလို့ရပါတယ်။ ပြီးတော့ ဂေါက်ရောဂါလို့ သိထားပြီ ပဲ။ လေးဘက်နာရောဂါ ဂေါက်ရောဂါ စတဲ့ ရောဂါတွေက အစားတော့ ရှောင်နိုင်မှ ဗျ။ ဦးလေးပြောသလို အတိတ်ဘဝက သူများစားတာကို ပိတ်ပင်ခဲ့လို့လားဆိုတာတော့ ကျနော်လည်းမသိဘူး။ သေခြာတဲ့အချက်ကတော့... ဂေါက် မှန်ရင် .... မြေထဲကထွက်တဲ့ အု မှန်သမျှရှောင်ရမယ်။ အဆိုးဆုံးက (မြေပဲဆံ၊နဲ့တွင်းအောင်းသားတွေကိုပေါ့။(ကြွက်သား၊ ပွေးသား)စသဖြင့်ပေါ့။ နောက်တချက်က ဝမ်းတွင်းသားတွေရှောင်ရမယ်။ အသည်း အူ အဆုပ် ကလီစာ တွေပေါ့။ အေးကွ ဟုတ်မယ်... ငါ့သမီးက ဝက်သားဒုတ်ထိုးဆို အလွန်ကြိုက်တာ.. အဲ့ဒါစားပြီးတာ ငြှီးငြူနေရတော့တာ... တခါတလေ မင်းပြောတဲ့ မြေပဲဆံစားပြီး သားမိနှစ်ယောက်လုံး အဆစ်တွေရောင်လာတဲ့အထိ အဆစ်အမြစ်နေရာတွေက ကိုက်လို့ဆိုပြီး အမလေးပြိုင်တနေတာများ... သူတို့သားမိနှစ်ယောက်အသံကြားပြီး ငါ့မှာ စိတ်ဆင်းရဲရပါတယ် ကွာ... အဲ့ဒါကြောင့် မင်းဆီကနေ ဆေးနည်းလေးနဲ့ ရောဂါသက်သာအောင်နေထိုင်စားသောက်ရမဲ့ နည်းလမ်းလေးတွေ သိချင် လိုချင်လို့ လာခဲ့တာပဲ... ဦးလေးကို ကူညီပါ ငါတူကြီးရာ... ထိုက်သင့်တဲ့ ညဏ်ပူဇော်ခလည်း ပေးမှာပါကွ=တဲ့။ မလိုပါဘူး ဦးလေးရာ... ကျနော်တို့ဦးလေးတို့ဆိုတာက ပြောရမဲ့သူတွေမှမဟုတ်တာ... ဒါပေမဲ့ ... ကျနော်ပြောသလိုတော့ သေခြာလိုက်နာပြီး လုပ်ကိုင်စားသောက်ဖို့နဲ့ နေ့စဉ်ပုံမှန် အညွန်းအတိုင်း စားသောက်ပေးဖို့တော့ လိုမယ်နော် လို့ ပြောလိုက်တော့... စိတ်ချ ငါ့တူ... ဦးလေးကိုယ်တိုင် ဂရုတစိုက်နဲ့ လုပ်ပေးမှာလို့ ပြောတာကြောင့်.. ဒါဆို ပထမဆုံးအချက်က... ဂေါက်ရောဂါ ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အဆစ်အမြစ်ရောင်ခြင်း... အဆစ်တွေ ရောင်မယ် မနေနိုင်မထိုင်နိုင်ဖြစ်တဲ့အထိ ကိုက်ခဲနေတဲ့အခါ... ရဲယိုပင်ကို သိတယ်မို့လား..(သိတယ်) ရဲယိုပင်ကနေ အရွက်ကိုခူးယူပြီး ရေသေခြာဆေး... အရွက်ကိုပက်လက်ထားပြီး နနွင်းမှုန့်လူးပြီး... ကိုက်တဲ့နေရာ ရောင်တဲ့နေရာတွေမှာ စည်းပေးပါ။ နေ့စဉ်ကိုက်ရင် နေ့စဉ်စည်းပေး။ အရောင်မကျရင် ကျတဲ့အချိန်ထိ အမြဲစည်းပေးပါ။ အရွက်ကိုတော့ တစ်နေ့တခါ အသစ်လဲပေးရပါမယ်။ ပြီးတော့... ရှောင်ရမှာတွေက တွင်းအောင်းသားတွေမစားရ ကလီစာတွေမစားရ ‌ဥဆိုရင်မြေထဲကဥတဲ့ ဥကော သတ္တဝါတွေရဲ့ဝမ်းထဲကလာတဲ့ ဥကော မစားရဘူး။ ရောဂါအတွက် ဆေးကုသလို အကျိုးရှိမဲ့ ဓာတ်စာအနေနဲ့ ‌မကြာမကြာ စားပေးသင့်တဲ့ အရွက်ကတော့ ကျောက်သင်ပုန်းရွက်လို့ခေါ်တဲ့ နတ်သမီးကွမ်းရွက်ကို အမြဲတမ်းတို့စရာအဖြစ်စားပေးနိုင်ရင် အကောင်းဆုဲးပဲ။ အရေးအကြီးဆုံးလုပ်ရမဲ့အချက်ကတော့... ဂေါက်ရောဂါရှိသူတွေအနေနဲ့... ပူစီနံကို ၂ပတ်တိတိ နေ့စဉ် ကျိုသောက်ပေးနိုင်မယ်ဆိုရင် သက်သာပါမယ်။ ကျနော်တို့နိုင်ငံထဲမှာ ပူစီနံ ၂မျိုးရှိပြီး ဂေါက်ရောဂါနဲ့လေးဘက်နာရောဂါအတွက် ၂မျိုးလုံး အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံ။ ။ ပူစီနံအရိုးအရွက် လက်တဆုပ်ကို ရေသေခြာဆေးပြီး ရေဖန်ခွက်ကြီး၃ခွက်စာ ထည့် ပြီး ၂ခွက်စာကျန်တဲ့အထိ ပြုတ်ပါပါ။ လဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းလို အရောင်ကာလာဖြစ်လာပါလိမ့်မယ် ၎င်း ဆေးရေအား တစ်နေ့တာ ကုန်အောင်သောက်ပေးပါ။ ဆေးသောက်တဲ့အချိန်ဟာ မနက်ပိုင်းအချိန်က အကောင်းဆုံးပါ။ ဆေးသောက်နေတဲ့ရက်များအတွင်း ခရီးရှည်မသွားပါနဲ့။ဘာလို့ဆို ထိုဆေးရေသောက်ပါက ဆီးခဏခဏ သွားရတာကြောင့် လိုင်းကားစီးသွားရမဲ့သူဆို ကားသမားနှင့်စကားများရတတ်တယ်) အထက်ပါအတိုင်း ပြောပြလိုက်ပြီး ကျနော့်အမကြီး ဖော်စပ်ထားတဲ့ ရှားစောင်းလက်ပက်ဆေးကိုလည်း ဖြည့်စွက်စာအဖြစ်စားပေးနိုင်ကြောင်း ပြောပြလိုက်တော့ ၂ဗူးဝယ်သွားပါသေးတယ်။ ကျနော်ပြောတဲ့အတိုင်း သူ့သမီးနှင့် သူ့ဇနီးအား သူကိုယ်တိုင် ဂရုတစိုက်လုပ်ပေးပြီး ကုသမယ်လို့ အကြိမ်ကြိမ်ပြောပြီး ပြန်သွားပါတယ်။ ကျနော်ကတော့ ဦးအောင်မင်းကိုတွေ့တိုင်း အခြေနေမေးကြည့်ဖြစ်ပါတယ်။ အဲ့လို မေးတဲ့အခါတိုင်း ပြုံးရွှင်သော မျက်နှာနှင့် ကျေးဇူးရှင်တစ်ယောက်ပုံစံမျိုး သူ့ဘက်က ပြန်လည်ပြုမူပြောဆိုတတ်သလို ခုဆိုရင်... သူတို့မိသားစုလေး သွားချင်တဲ့ဆီ သွားလာနိုင်ပြီဖြစ်သလို... စားချင်တာကိုလည်း ထိုက်သင့်စွာ စားလို့ရနေပါပြီ။ ကျေးဇူးတင်လိုက်တာ ကိုလင်းရေ ဆိုပြီး.... တွေ့တဲ့နေရာတိုင်းမှာ အော်ဟစ်ပြောဆို နှုတ်ဆက်တတ်တဲ့ သူတို့မိသားစုရဲ့ တုန့်ပြန်မှုကို... ညဏ်ပူဇော်ခဆိုပြီး အိမ်အထိလာပို့သွားတဲ့ စာအိတ်ထဲကငွေကြေးထက်... ကျနော်က ပိုပြီး ပီတိဖြစ်ရတယ်ဆိုတာကတော့... ဒီနေ့ သူတို့မိသားစုနဲ့ဆုံပြီး နှုတ်ဆက်စကားပြောရင်း ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောနေလို့... အမှတ်တရအဖြစ် ဒီpostအား ရေးလိုက်ခြင်းဖြစ်ပါတယ်။ ပြီးတော့... မိတ်ဆွေတို့အနေဖြင့် အသုံးလိုရင်သော်၎င်း မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ ငေါက်ရောဂါ ဝေဒနာ ခံစားနေရသူများရှိနေရင်သော်၎င်း... ဒီနည်းလမ်းလေး မျှဝေပေးနိုင်ရန် ရည်ရွယ်၍... ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ.... #newfun #crd_to_owner_with_respect ချစ်ခြင်းမေတ္တာဖြင့် 👤လယ်တွင်းသား (ပန်းလောင်မြေ) Photo ၁။ အများသိသော ပူစီနံ Photo ၂။ ၃။ ပူစီနံ (အသေး )အရိုးနီ အမွှေးပါ။
    Love
    Care
    2
    · 2 Comments ·0 Shares ·208 Views
  • ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။

    ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။

    နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။
    အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။

    ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်-
    1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း
    • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။
    လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။

    2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း
    • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။
    • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။

    အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။

    မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!

    #newfun
    #crd_to_owner_with_respect
    ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။ နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။ ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်- 1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။ •📛 လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။ 2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။ • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။ အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။ မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! 🙏 #newfun #crd_to_owner_with_respect
    Love
    Care
    2
    · 2 Comments ·0 Shares ·218 Views
  • ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။

    ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။

    နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။
    အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။

    ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်-
    1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း
    • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။
    လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။

    2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း
    • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။
    • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။

    အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။

    မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!

    #newfun
    #crd_to_owner_with_respect
    ကျွန်တော်ကိုယ်တိုင် သွေ;လေးဘက်နာဝေဒနာရှင်တစ်ယောက်အနေနဲ့ ဆေးပြင်းတွေ မှီဝဲနေရတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။ ကျောက်ကပ်ကို ဂရုစိုက်ဖို့ နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ပထမဆုံးနဲ့ အရိုးရှင်းဆုံးအချက်ကတော့ ရေများများသောက်ခြင်းပါပဲဗျာ။ နောက်တစ်ခုကတော့ အစားအသောက်နဲ့ ကျောက်ကပ်ကို အားဖြည့်၊ ကာကွယ်တာပါပဲ။ လေးဘက်နာသမားတွေဟာ ရှောင်ရတာများလွန်းလို့ အစားအသောက်ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ လေးဘက်နာနဲ့လဲ အဆင်ပြေပြီး ကျောက်ကပ်ကို အထူးကာကွယ်ပေးတဲ့ အစားအစာကို ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျောက်ဖရုံသီးပါပဲဗျ။ ကျောက်ဖရုံသီးကို စားသုံးတဲ့နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်- 1. ဖျော်ရည်သဘောမျိုး သောက်သုံးခြင်း • ကျောက်ဖရုံသီးကို ကြိတ်ပြီး ဖျော်ရည်လိုမျိုး သောက်လို့ရပါတယ်။ •📛 လုံးဝမမေ့ပါနဲ့ဗျာ! - သကြား လုံးဝမထည့်ပါနဲ့။ သွေ;လေးဘက်နာသမားတွေဟာ အချိုလုံးဝရှောင်သင့်ပါတယ်။ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း မြန်လွန်းလို့ပါ။ 2. ဟင်းချို သို့မဟုတ် စွပ်ပြုတ်အနေဖြင့် ချက်သောက်ခြင်း • ဟင်းချိုချက်သောက်တာမျိုး ဒါမှမဟုတ် ကြက်ရိုးလေးနဲ့ စွပ်ပြုတ်သဘောမျိုး ချက်သောက်တာမျိုး လုပ်လို့ရပါတယ်။ • ကျွန်တော်ကိုယ်တိုင်ကတော့ဖြင့် ကြက်ရိုးလေးနဲ့ ချက်သောက်ဖြစ်ပါတယ်။ အရသာအတွက် ဆားလေးပဲခပ်ပြီး သောက်ပါတယ်။ အချိုမှုန့်၊ ဓာတုပစ္စည်းတွေ ဘာမှမထည့်ပါဘူး။ ထည့်ဖို့လည်း မလိုအပ်ပါဘူးဗျ။ ကျောက်ဖရုံသီးက သူ့အလိုလိုကို ချိုနေပြီးသားပါ။ အစာလဲဆေး၊ ဆေးလဲအစာမို့လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးကို မျှဝေလိုက်ရတာပါဗျာ။ မိတ်ဆွေများအားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်! 🙏 #newfun #crd_to_owner_with_respect
    Love
    Care
    2
    · 0 Comments ·0 Shares ·213 Views
  • ချောင်းဆိုးခြောက်၊ လည်ချောင်းနာ၊ သလိပ်ခဲ၍ ထွေးရခက်ခြင်းအတွက် မထင်မှတ်လောက်အောင် ထိရောက်သည့် ရိုးရာနည်းလမ်း

    ကျွန်တော့်အဘိုးအဘွားတွေ အမြဲသုံးလေ့ရှိပြီး တကယ်ပျောက်ကင်းခဲ့ပါတယ်!!

    လုပ်နည်းက ရိုးရှင်းပါတယ်...
    ကြက်သွန်နီ အလုံးကို အခွံခွာပြီး သန့်စင်အောင် ဆေးပါ။ ပြီးရင် ကြက်သွန်နီအစိမ်းကို ဆားကြမ်းအနည်းငယ်တို့ပြီး ဖြည်းဖြည်းချင်း ဝါးစားပေးပါ။

    ကြက်သွန်နီရဲ့ မွှေးရနံ့နဲ့ အစပ်ဓာတ် ထွက်လာတဲ့အခါ လည်ချောင်း နွေးသွားတာ၊ နှာခေါင်း ပွင့်သွားတာကို ခံစားရပြီး သလိပ်တွေ တဖြည်းဖြည်း ပျော်ကျလာပါလိမ့်မယ်

    အစပ်ဓာတ်ကို သိပ်မကြိုက်သူများက ကြက်သွန်နီကို အနည်းငယ် လှော် (သို့) ဖုတ် ပြီးမှ စားကြည့်နိုင်ပါတယ်။ အနံ့ပိုမွှေးလာပြီး ဝါးရတာလည်း ပိုလွယ်ကူလာပါလိမ့်မယ်။

    ဒီလို ရှေးလူကြီးတွေရဲ့ လျှို့ဝှက်ချက်က ခေတ်တိုင်းမှာ အသုံးဝင်ပါတယ်

    စမ်းကြည့်ပါဦးနော်။ တစ်ခါတလေ ဆေးဝါးတွေ မသုံးဘဲနဲ့လည်း အများကြီး သက်သာစေနိုင်ပါတယ်

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    #newfun
    😷 ချောင်းဆိုးခြောက်၊ လည်ချောင်းနာ၊ သလိပ်ခဲ၍ ထွေးရခက်ခြင်းအတွက် မထင်မှတ်လောက်အောင် ထိရောက်သည့် ရိုးရာနည်းလမ်း ကျွန်တော့်အဘိုးအဘွားတွေ အမြဲသုံးလေ့ရှိပြီး တကယ်ပျောက်ကင်းခဲ့ပါတယ်!! 🧓👵 လုပ်နည်းက ရိုးရှင်းပါတယ်... ကြက်သွန်နီ အလုံးကို အခွံခွာပြီး သန့်စင်အောင် ဆေးပါ။ ပြီးရင် ကြက်သွန်နီအစိမ်းကို ဆားကြမ်းအနည်းငယ်တို့ပြီး ဖြည်းဖြည်းချင်း ဝါးစားပေးပါ။ ကြက်သွန်နီရဲ့ မွှေးရနံ့နဲ့ အစပ်ဓာတ် ထွက်လာတဲ့အခါ လည်ချောင်း နွေးသွားတာ၊ နှာခေါင်း ပွင့်သွားတာကို ခံစားရပြီး သလိပ်တွေ တဖြည်းဖြည်း ပျော်ကျလာပါလိမ့်မယ် 😌။ အစပ်ဓာတ်ကို သိပ်မကြိုက်သူများက ကြက်သွန်နီကို အနည်းငယ် လှော် (သို့) ဖုတ် ပြီးမှ စားကြည့်နိုင်ပါတယ်။ အနံ့ပိုမွှေးလာပြီး ဝါးရတာလည်း ပိုလွယ်ကူလာပါလိမ့်မယ်။ ဒီလို ရှေးလူကြီးတွေရဲ့ လျှို့ဝှက်ချက်က ခေတ်တိုင်းမှာ အသုံးဝင်ပါတယ် 💪🌿။ စမ်းကြည့်ပါဦးနော်။ တစ်ခါတလေ ဆေးဝါးတွေ မသုံးဘဲနဲ့လည်း အများကြီး သက်သာစေနိုင်ပါတယ် 💚။ ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 #newfun
    Care
    1
    · 0 Comments ·0 Shares ·179 Views