• နှင်းဆီပန်းနှင့် ကဗျာဆရာ

    ------------------------

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    ဆူးက ဖျက်နေသည်တကား။

    အို ... ကဗျာဆရာ
    ငါ့မှာရန်စွယ်၊ အန္တရာယ်ကို
    ကာကွယ်လို့ငှာ၊ ဆူးရှိပါသည်
    ငါသည် သူသွမ်း မဟုတ်ပါ။

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    နွမ်းလျရော်ရီ၊ စိုမပြည်၍
    မြေဆီ ကြွေတတ်သည်တကား။

    အို ... ကဗျာဆရာ
    ကြွေရာပျက်ရာ၊ ဓမ္မတာမို့
    ကြွေကာပျက်မှု၊ ငါ မမှုပါ
    ငါမှုသည်ကား မြေသို့လား၍
    လွင့်ပါးရော်ရီ၊ မကြွေမီလျှင်
    ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို
    သည်ပိုးဆောင်မှု ဖြစ်ပါသည်။

    အို ... ပန်းနှင်းဆီ
    သင်သည် မြေထက်၊ မကြွေပျက်မီ
    သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို
    ဘဇာ ရွက်ဆောင်ပါသနည်း။

    အို ... ကဗျာဆရာ
    ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ
    ငါစွမ်းသမျှ၊ ငါ့အလှဖြင့်
    လောကသာယာ၊ စိုပြည်လာ၍
    သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင်
    ကြိုးပမ်း ဆောင်ပါသည်တကား။

    မင်းယုဝေ
    ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း )

    ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
    လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ

    ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ
    ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ
    ကူးယူဖော်ပြခွင့် မပြုပါခင်မျာ

    #thebookbazaar
    #မင်းသုဝဏ်
    #နှင်းဆီပန်းနှင့်ကဗျာဆရာ
    နှင်းဆီပန်းနှင့် ကဗျာဆရာ ------------------------ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း ဆူးက ဖျက်နေသည်တကား။ အို ... ကဗျာဆရာ ငါ့မှာရန်စွယ်၊ အန္တရာယ်ကို ကာကွယ်လို့ငှာ၊ ဆူးရှိပါသည် ငါသည် သူသွမ်း မဟုတ်ပါ။ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း နွမ်းလျရော်ရီ၊ စိုမပြည်၍ မြေဆီ ကြွေတတ်သည်တကား။ အို ... ကဗျာဆရာ ကြွေရာပျက်ရာ၊ ဓမ္မတာမို့ ကြွေကာပျက်မှု၊ ငါ မမှုပါ ငါမှုသည်ကား မြေသို့လား၍ လွင့်ပါးရော်ရီ၊ မကြွေမီလျှင် ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို သည်ပိုးဆောင်မှု ဖြစ်ပါသည်။ အို ... ပန်းနှင်းဆီ သင်သည် မြေထက်၊ မကြွေပျက်မီ သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို ဘဇာ ရွက်ဆောင်ပါသနည်း။ အို ... ကဗျာဆရာ ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ ငါစွမ်းသမျှ၊ ငါ့အလှဖြင့် လောကသာယာ၊ စိုပြည်လာ၍ သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင် ကြိုးပမ်း ဆောင်ပါသည်တကား။ 🔹 မင်းယုဝေ ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း ) ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟 ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ ကူးယူဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟 #thebookbazaar #မင်းသုဝဏ် #နှင်းဆီပန်းနှင့်ကဗျာဆရာ
    Care
    1
    · 0 Comments ·0 Shares ·113 Views