နေတတ်ခြင်း-အနုပညာ
""""""""""""""""''''"
မြင်တယ်
မပြောရက်လို့

သိတယ်
ငဲ့,ညှာနေလို့

ငြင်းခုံလိုက်ချင်တယ်
လက်မခံမှန်း သိနေလို့

လုပ်သင့်တယ်
အားနာနေလို့

အမှားတွေထောက်ပြလိုက်ချင်တယ်
မလိုလားအပ်တဲ့ ပြဿနာဖြစ်မှာစိုးလို့

ပေါက်ကွဲလိုက်ချင်တယ်
ကိုယ့်ကြောင့်
သူတစ်ပါးအနှောက်အယှတ်ဖြစ်မှာစိုးလို့

အချေအတင်ပြောလိုက်ချင်တယ်
ခင်မင်မှုတွေပျက်မှာစိုးလို့

အမှန်တွေကိုပြောချင်တယ်
အမုန်းတွေနဲ့လမ်းခွဲရမှာစိုးလို့.

ဒီလိုနဲ့ပဲ

ရင့်ကျက်လာအောင်

အဆင်ပြေအောင်

ပြဿနာမဖြစ်အောင်

သည်းခံပြီး နေတတ်လာခဲ့တယ်။

#ဆရာအောင်သင်းစာပေများ
#စာပေဗဟုသုတများ
#crd_to_owner_with_respectcrd
နေတတ်ခြင်း-အနုပညာ """"""""""""""""''''" မြင်တယ် မပြောရက်လို့ သိတယ် ငဲ့,ညှာနေလို့ ငြင်းခုံလိုက်ချင်တယ် လက်မခံမှန်း သိနေလို့ လုပ်သင့်တယ် အားနာနေလို့ အမှားတွေထောက်ပြလိုက်ချင်တယ် မလိုလားအပ်တဲ့ ပြဿနာဖြစ်မှာစိုးလို့ ပေါက်ကွဲလိုက်ချင်တယ် ကိုယ့်ကြောင့် သူတစ်ပါးအနှောက်အယှတ်ဖြစ်မှာစိုးလို့ အချေအတင်ပြောလိုက်ချင်တယ် ခင်မင်မှုတွေပျက်မှာစိုးလို့ အမှန်တွေကိုပြောချင်တယ် အမုန်းတွေနဲ့လမ်းခွဲရမှာစိုးလို့. ဒီလိုနဲ့ပဲ ရင့်ကျက်လာအောင် အဆင်ပြေအောင် ပြဿနာမဖြစ်အောင် သည်းခံပြီး နေတတ်လာခဲ့တယ်။ #ဆရာအောင်သင်းစာပေများ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
Care
Like
3
· 0 Comments ·0 Shares ·47 Views