• ဘာမှ မပြောတဲ့သူတွေကို သတိထားပါ
    ----------------------------------
    ကျွန်တော်တို့ကျောင်းသား ဘဝတုန်းက
    စာမေးပွဲဖြေတဲ့အခါ စာခိုးချတဲ့လူကို တွေ့ရင်
    အခန်းစောင့်ဆရာမက
    micro စာရွက်တွေကို လာသိမ်းတယ်
    သတိပေးပြီး ဆက်ဖြေခွင့်ပြုတယ် …
    နောက် ဆရာမ အမျိုးအစားက
    လာလည်း မပြောဘူး ၊ ဖမ်းလည်း မဖမ်းဘူး ။
    သတိလည်းမပေးဘူး ။ လွှတ်ပေးထားတယ် ။
    ခိုးစမ်း … ကြိုက်သလောက်ခိုး ။
    လုံးဝ မနှောင့်ယှက်ဘူး ။
    မှတ်ချက်မှာတော့ မှင်နီ တို့ ပြီးသွားပြီ ။
    အမှတ် 100 ဖိုးဖြေထားလည်း ကျပြီပဲ မှတ် ။
    ကျွန်တော်တို့ ဘဝတွေမှာလည်း ဒီလိုပါပဲ ။
    warning တွေ ပေးခံနေရတယ်ဆိုတာ
    ပြင်ဆင်ခွင့်ရှိနေသေးတယ် ။
    ဘာမှ မပြောတော့ဘူး ဆိုရင်
    သိပ်ကြောက်ဖို့ကောင်းတယ်
    ပြင်ဆင်ခွင့်မပေးတော့တဲ့ သဘော ။
    သိပ်စိတ်နာသွားတဲ့လူတွေဟာ
    စကားတွေ အများကြီး မပြောတော့ဘူး ။
    တိတ်ဆိတ်ခြင်းဟာ ပြင်းထန်တဲ့
    ပေါက်ကွဲအားပဲ ။
    ဥပက္ခာဟာ ဥပဒေဘောင်အတွင်းက
    အကောင်းဆုံး လူသတ် လက်နက် ဖြစ်တယ် ။
    သူ ဘာမှ မှ မပြောတာ
    မသိလောက်ပါဘူး ဆိုပြီး လိမ်မနေပါနဲ့
    မှင်နီတို့ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ် ။

    #crd_to_owner_with_respect
    ဘာမှ မပြောတဲ့သူတွေကို သတိထားပါ ---------------------------------- ကျွန်တော်တို့ကျောင်းသား ဘဝတုန်းက စာမေးပွဲဖြေတဲ့အခါ စာခိုးချတဲ့လူကို တွေ့ရင် အခန်းစောင့်ဆရာမက micro စာရွက်တွေကို လာသိမ်းတယ် သတိပေးပြီး ဆက်ဖြေခွင့်ပြုတယ် … နောက် ဆရာမ အမျိုးအစားက လာလည်း မပြောဘူး ၊ ဖမ်းလည်း မဖမ်းဘူး ။ သတိလည်းမပေးဘူး ။ လွှတ်ပေးထားတယ် ။ ခိုးစမ်း … ကြိုက်သလောက်ခိုး ။ လုံးဝ မနှောင့်ယှက်ဘူး ။ မှတ်ချက်မှာတော့ မှင်နီ တို့ ပြီးသွားပြီ ။ အမှတ် 100 ဖိုးဖြေထားလည်း ကျပြီပဲ မှတ် ။ ကျွန်တော်တို့ ဘဝတွေမှာလည်း ဒီလိုပါပဲ ။ warning တွေ ပေးခံနေရတယ်ဆိုတာ ပြင်ဆင်ခွင့်ရှိနေသေးတယ် ။ ဘာမှ မပြောတော့ဘူး ဆိုရင် သိပ်ကြောက်ဖို့ကောင်းတယ် ပြင်ဆင်ခွင့်မပေးတော့တဲ့ သဘော ။ သိပ်စိတ်နာသွားတဲ့လူတွေဟာ စကားတွေ အများကြီး မပြောတော့ဘူး ။ တိတ်ဆိတ်ခြင်းဟာ ပြင်းထန်တဲ့ ပေါက်ကွဲအားပဲ ။ ဥပက္ခာဟာ ဥပဒေဘောင်အတွင်းက အကောင်းဆုံး လူသတ် လက်နက် ဖြစ်တယ် ။ သူ ဘာမှ မှ မပြောတာ မသိလောက်ပါဘူး ဆိုပြီး လိမ်မနေပါနဲ့ မှင်နီတို့ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ် ။ #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·146 Views
  • နှင်းဆီပန်းနှင့် ကဗျာဆရာ

    ------------------------

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    ဆူးက ဖျက်နေသည်တကား။

    အို ... ကဗျာဆရာ
    ငါ့မှာရန်စွယ်၊ အန္တရာယ်ကို
    ကာကွယ်လို့ငှာ၊ ဆူးရှိပါသည်
    ငါသည် သူသွမ်း မဟုတ်ပါ။

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    နွမ်းလျရော်ရီ၊ စိုမပြည်၍
    မြေဆီ ကြွေတတ်သည်တကား။

    အို ... ကဗျာဆရာ
    ကြွေရာပျက်ရာ၊ ဓမ္မတာမို့
    ကြွေကာပျက်မှု၊ ငါ မမှုပါ
    ငါမှုသည်ကား မြေသို့လား၍
    လွင့်ပါးရော်ရီ၊ မကြွေမီလျှင်
    ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို
    သည်ပိုးဆောင်မှု ဖြစ်ပါသည်။

    အို ... ပန်းနှင်းဆီ
    သင်သည် မြေထက်၊ မကြွေပျက်မီ
    သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို
    ဘဇာ ရွက်ဆောင်ပါသနည်း။

    အို ... ကဗျာဆရာ
    ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ
    ငါစွမ်းသမျှ၊ ငါ့အလှဖြင့်
    လောကသာယာ၊ စိုပြည်လာ၍
    သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင်
    ကြိုးပမ်း ဆောင်ပါသည်တကား။

    မင်းယုဝေ
    ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း )

    ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
    လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ

    ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ
    ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ
    ကူးယူဖော်ပြခွင့် မပြုပါခင်မျာ

    #thebookbazaar
    #မင်းသုဝဏ်
    #နှင်းဆီပန်းနှင့်ကဗျာဆရာ
    နှင်းဆီပန်းနှင့် ကဗျာဆရာ ------------------------ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း ဆူးက ဖျက်နေသည်တကား။ အို ... ကဗျာဆရာ ငါ့မှာရန်စွယ်၊ အန္တရာယ်ကို ကာကွယ်လို့ငှာ၊ ဆူးရှိပါသည် ငါသည် သူသွမ်း မဟုတ်ပါ။ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း နွမ်းလျရော်ရီ၊ စိုမပြည်၍ မြေဆီ ကြွေတတ်သည်တကား။ အို ... ကဗျာဆရာ ကြွေရာပျက်ရာ၊ ဓမ္မတာမို့ ကြွေကာပျက်မှု၊ ငါ မမှုပါ ငါမှုသည်ကား မြေသို့လား၍ လွင့်ပါးရော်ရီ၊ မကြွေမီလျှင် ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို သည်ပိုးဆောင်မှု ဖြစ်ပါသည်။ အို ... ပန်းနှင်းဆီ သင်သည် မြေထက်၊ မကြွေပျက်မီ သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို ဘဇာ ရွက်ဆောင်ပါသနည်း။ အို ... ကဗျာဆရာ ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ ငါစွမ်းသမျှ၊ ငါ့အလှဖြင့် လောကသာယာ၊ စိုပြည်လာ၍ သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင် ကြိုးပမ်း ဆောင်ပါသည်တကား။ 🔹 မင်းယုဝေ ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း ) ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟 ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ ကူးယူဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟 #thebookbazaar #မင်းသုဝဏ် #နှင်းဆီပန်းနှင့်ကဗျာဆရာ
    Care
    1
    · 0 Comments ·0 Shares ·164 Views
  • #အိမ်မှာရှိတဲ့ဩဇာရွက်က

    ရောဂါအတွက်
    ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်...

    မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်...

    ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်...
    အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။

    အေးကွ ...
    ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့...
    ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့..
    စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ...
    ခေတ်ကလည်း မတူဘူးမို့လား..?
    ဒို့ခေတ် ဒို့အခါတုန်းက
    ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်...
    သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို...
    တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း
    မလွယ်ကူဘူးလေ...

    ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ
    ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က
    ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ...
    ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ...

    ခု ငါ့တူကြီးပြောမှပဲ...
    အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....

    သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့...
    အတော်စွမ်းပါလား မောင်ရေ...

    အမှန်ပဲ ဖိုးလေးရေ...
    ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက
    သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။
    အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်..
    စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။
    (ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)

    အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့....
    ဩဇာပင်နဲ့ပတ်သက်ပြီး ...
    ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက်
    အသုံးပြုနိုင်ကြောင်း...

    အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား
    မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...

    ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ...
    ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...

    ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ...
    ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့
    ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း...
    ဖော်ပြထားတယ် ဖိုးလေးရေ...

    တယ်ဟုတ်ပါလား ကွ...
    ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က
    အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..

    မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ...
    တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်!

    ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့...
    ဩဇာသီး အခြောက်လာခူးတာဆိုတော့...
    မဟုတ်မှလွဲ ...
    ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး
    ဖိုးလေးက မေးလာတာကြောင့်...

    အမှန်ပဲပေါ့ဖိုးလေးရေ....
    မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ...
    ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက်
    မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့...
    ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ!


    ဟ...
    အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး
    ဖိုးလေးက မေးပြန်တာကြောင့်...
    အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ...
    အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ...
    ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!

    အလားလား တယ်စွမ်းပါလား ဟ...
    ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!

    #crd #ကျန်းမာရေးဗဟုသုတ
    #အိမ်မှာရှိတဲ့ဩဇာရွက်က ရောဂါအတွက် ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်... မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်... ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်... အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။ ✅✅ အေးကွ ... ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့... ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့.. စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ... ခေတ်ကလည်း မတူဘူးမို့လား..? ဒို့ခေတ် ဒို့အခါတုန်းက ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်... သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို... တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း မလွယ်ကူဘူးလေ...✅ ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ... ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ... ခု ငါ့တူကြီးပြောမှပဲ... အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....✅✅ သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့... အတော်စွမ်းပါလား မောင်ရေ...✅ အမှန်ပဲ ဖိုးလေးရေ... ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။ အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်.. စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။ (ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)✅✅ အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့.... ဩဇာပင်နဲ့ပတ်သက်ပြီး ... ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက် အသုံးပြုနိုင်ကြောင်း...✅ အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...✅✅ ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ... ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...✅✅ ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ... ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့ ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း... ဖော်ပြထားတယ် ဖိုးလေးရေ...✅✅ တယ်ဟုတ်ပါလား ကွ... ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..✅ မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ... တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်! ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့... ဩဇာသီး အခြောက်လာခူးတာဆိုတော့... မဟုတ်မှလွဲ ... ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး ဖိုးလေးက မေးလာတာကြောင့်...✅✅ အမှန်ပဲပေါ့ဖိုးလေးရေ.... မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ... ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက် မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့... ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ! ✅✅ ဟ... အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး ဖိုးလေးက မေးပြန်တာကြောင့်... အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ... အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ... ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!✅ အလားလား တယ်စွမ်းပါလား ဟ... ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!✅ #crd #ကျန်းမာရေးဗဟုသုတ
    Like
    Love
    2
    · 0 Comments ·0 Shares ·239 Views
  • အိုးး! မိုးတွေရွာတိုင်း သတိထားရမယ့် အိမ်ထဲဝင်လာတတ်တဲ့ ဧည့်သည်များ ကင်းခြေများနဲ့ ကင်းမြီးကောက်တွေဟာ အိမ်ထဲမှာ မကြာခဏ အံ့အားသင့်စရာ ဝင်ရောက်လာတတ်တယ်။
    လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော့်အိမ်ကလူတစ်ယောက် ကင်းခြေများ ကိုက်ခံရတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အိမ်တွင်းနည်းလမ်းလေးတစ်ခုက မြန်မြန်ဆန်ဆန် အကူအညီဖြစ်စေခဲ့လို့ အဲဒီအကြောင်းကို ပြောပြပေးချင်ပါတယ်။
    ကျွန်တော်တို့က သံပုရာသီးအစစ်ကို အသင့်အတင့်ညှစ်ပြီး အချိုမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်နဲ့ ရောလိုက်တယ်။ ပြီးရင် သမအောင်မွှေပြီး အကိုက်ခံရတဲ့ ဒါမှမဟုတ် အဆိပ်ရှိသတ္တဝါ တစ်ခုခုနဲ့ ထိုးခံရတဲ့ နေရာပေါ်မှာ အုံလိုက်တယ်။
    (၅) မိနစ်တောင် မပြည့်ခင်မှာ နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုတွေက အံ့သြစရာကောင်းလောက်အောင် အမြန်ပျောက်ကင်းသွားတယ်။ အဆိပ်ကို စုပ်ထုတ်လိုက်သလိုပါပဲ။
    ဒါပေမဲ့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုတော့ ပေးချင်ပါတယ်။
    တစ်ကိုယ်လုံး ရောင်ရမ်းတာ၊ နှုတ်ခမ်းထုံကျင်တာ ဒါမှမဟုတ် အဆိပ်ကြောင့် နှလုံးခုန်နှုန်း မြန်လာတာစတဲ့ ပြင်းထန်တဲ့ဓာတ်မတည့်မှု လက္ခဏာတွေရှိတဲ့သူတွေကတော့ လုံးဝမစောင့်ဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ဦးချင်းစီရဲ့ တုံ့ပြန်ပုံချင်းက မတူကြဘူး။
    ကျွန်တော်တို့ ကိုယ်တိုင် စမ်းသပ်ကြည့်တော့ အဆင်ပြေတယ်၊ ဒါကြောင့် အရေးပေါ်အခြေအနေအတွက် မှတ်သားထားနိုင်ပါတယ်။
    #အိမ်တွင်းလျှို့ဝှက်ချက် #မိုးရာသီအဆိပ်ရှိသတ္တဝါသတိထား #သဘာဝနည်းလမ်း #မှတ်ထားရင်မမှားဘူး #alinthitmedia
    😖 အိုးး! မိုးတွေရွာတိုင်း သတိထားရမယ့် အိမ်ထဲဝင်လာတတ်တဲ့ ဧည့်သည်များ 🦂 ကင်းခြေများနဲ့ 🪳 ကင်းမြီးကောက်တွေဟာ အိမ်ထဲမှာ မကြာခဏ အံ့အားသင့်စရာ ဝင်ရောက်လာတတ်တယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်တော့်အိမ်ကလူတစ်ယောက် ကင်းခြေများ ကိုက်ခံရတယ်။ 😰 ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ အိမ်တွင်းနည်းလမ်းလေးတစ်ခုက မြန်မြန်ဆန်ဆန် အကူအညီဖြစ်စေခဲ့လို့ အဲဒီအကြောင်းကို ပြောပြပေးချင်ပါတယ်။ 🌿 ကျွန်တော်တို့က သံပုရာသီးအစစ်ကို အသင့်အတင့်ညှစ်ပြီး အချိုမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်နဲ့ ရောလိုက်တယ်။ ပြီးရင် သမအောင်မွှေပြီး အကိုက်ခံရတဲ့ ဒါမှမဟုတ် အဆိပ်ရှိသတ္တဝါ တစ်ခုခုနဲ့ ထိုးခံရတဲ့ နေရာပေါ်မှာ အုံလိုက်တယ်။ 🐜 (၅) မိနစ်တောင် မပြည့်ခင်မှာ နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုတွေက အံ့သြစရာကောင်းလောက်အောင် အမြန်ပျောက်ကင်းသွားတယ်။ 😌✨ အဆိပ်ကို စုပ်ထုတ်လိုက်သလိုပါပဲ။ ဒါပေမဲ့ အရေးကြီးတဲ့ သတိပေးချက်တစ်ခုတော့ ပေးချင်ပါတယ်။ ⚠️ တစ်ကိုယ်လုံး ရောင်ရမ်းတာ၊ နှုတ်ခမ်းထုံကျင်တာ ဒါမှမဟုတ် အဆိပ်ကြောင့် နှလုံးခုန်နှုန်း မြန်လာတာစတဲ့ ပြင်းထန်တဲ့ဓာတ်မတည့်မှု လက္ခဏာတွေရှိတဲ့သူတွေကတော့ လုံးဝမစောင့်ဘဲ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ဦးချင်းစီရဲ့ တုံ့ပြန်ပုံချင်းက မတူကြဘူး။ 💉🚑 ကျွန်တော်တို့ ကိုယ်တိုင် စမ်းသပ်ကြည့်တော့ အဆင်ပြေတယ်၊ ဒါကြောင့် အရေးပေါ်အခြေအနေအတွက် မှတ်သားထားနိုင်ပါတယ်။ 🍋 #အိမ်တွင်းလျှို့ဝှက်ချက် #မိုးရာသီအဆိပ်ရှိသတ္တဝါသတိထား #သဘာဝနည်းလမ်း #မှတ်ထားရင်မမှားဘူး #alinthitmedia
    Like
    Love
    2
    · 0 Comments ·0 Shares ·209 Views
  • ဆောင်းတွင်း နှာခဏခဏ စီးနေသူများ
    အတွက် ပူစရာ မလိုတော့ဘူး <--

    လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့
    ဆရာဝန်လေး တစ်ယောက်က

    နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့
    ဆရာဝန်ကြီးတစ်ယောက် အိမ်ကို
    အလည်သွားရင်း

    ဘာဆေး သောက်ရမလဲလို့
    မေးတဲ့အခါ...

    ဆရာဝန်ကြီးက သူ့ ဇနီးကို
    ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့
    ပြောလိုက်တဲ့အခါ

    ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ
    ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။

    အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့
    စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။

    အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို
    ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #crd_to_owner_with_respect
    ဆောင်းတွင်း နှာခဏခဏ စီးနေသူများ အတွက် ပူစရာ မလိုတော့ဘူး <--😊 လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့ ဆရာဝန်လေး တစ်ယောက်က နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့ ဆရာဝန်ကြီးတစ်ယောက် အိမ်ကို အလည်သွားရင်း ဘာဆေး သောက်ရမလဲလို့ မေးတဲ့အခါ...😊 ဆရာဝန်ကြီးက သူ့ ဇနီးကို ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့ ပြောလိုက်တဲ့အခါ ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။ အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့ စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။ အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #crd_to_owner_with_respect
    Love
    Care
    3
    · 1 Comments ·0 Shares ·853 Views
  • ဆောင်းရတုပွဲ
    အချုပ်တန်းဆရာဖေ

    ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
    ချမ်းပေါင်လေ တဖေတင်းသော်လည်း
    ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
    မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ
    ထည်အလွှာ အကုန်ထွေးသော်လည်း
    ကြည်အသာ မလုံသေးပါဘု
    မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
    သွေးလန့်လို့ခုန်။

    ယမ်းယောင်ကာ တလျက်ညည်းမိတော့
    သန်းခေါင်မှာ မြကြက်သီးတွေက
    တဖီးဖီး ပျံ့လို့ငယ်အုံ
    ဗျာဆုံတဲ့ ရာသီပဲ။

    ငွေနှင်းငယ်မှုန်
    လေညင်းရယ် တသုန်သုန်နှင့်
    ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
    မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
    သည်ခေတ်မှာ သည်လိုဟာဖြင့်
    သည်ကိုယ်မှာ သေသေလုပါပေါ့
    ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
    ဆောင်းရတုပွဲ။

    အချုပ်တန်းဆရာဖေ
    ဆောင်းရတုပွဲ အချုပ်တန်းဆရာဖေ ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လည်း ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန် မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လည်း ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့ သွေးလန့်လို့ခုန်။ ယမ်းယောင်ကာ တလျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗျာဆုံတဲ့ ရာသီပဲ။ ငွေနှင်းငယ်မှုန် လေညင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ် ဆောင်းရတုပွဲ။ အချုပ်တန်းဆရာဖေ
    Love
    Care
    2
    · 1 Comments ·0 Shares ·633 Views
  • #ဖိုးစော်ကဲ
    __________________

    လွမ်းမပြေ မန်းမြေတမိတော့
    ကမ်းခြေမှာ စမ်းရေစရယ်နဲ့
    ဖျန်းလေက တသုန်သုန်။

    တဲတဖက်
    ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
    ကရင်အို ယာပြင်ကြီးမှာ
    မီးထည့်လို့လှုံ။

    မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
    အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
    လွှမ်းတဲ့လို့ လွှားကာခြုံ
    ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

    ဘေးအိတ်ကယ်လျှို
    ဆေးလိပ်တို နားမှာထိုးပါလို့
    တောင်ရိုးမှာ ဘာသာသူတို့
    ကွင်းအငူ နှင်းမြူက စဲချိန်မို့
    အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
    တဲပျက်စခန်း။

    #အချုပ်တန်းဆရာဖေ
    #Credit_To_Original_Uplodar
    #မြန်မာကဗျာများ Page မှ
    #ကူးယူမျှဝေပါသည်။
    🪴#ဖိုးစော်ကဲ🪴 __________________ 🪴လွမ်းမပြေ မန်းမြေတမိတော့ ကမ်းခြေမှာ စမ်းရေစရယ်နဲ့ ဖျန်းလေက တသုန်သုန်။ 🪴တဲတဖက် ဆွဲဖျက်ကာ အလျှင်လိုရော့ထင့် ကရင်အို ယာပြင်ကြီးမှာ မီးထည့်လို့လှုံ။ 🪴မပူပေါင် နောက်ဆီက ချမ်းရော့ထင့် အဖြူစောင် ခေါက်ထည်ကြမ်းကိုလ လွှမ်းတဲ့လို့ လွှားကာခြုံ ပါးမှာငုံပါတဲ့ နုရွှေကွမ်း။ 🪴ဘေးအိတ်ကယ်လျှို ဆေးလိပ်တို နားမှာထိုးပါလို့ တောင်ရိုးမှာ ဘာသာသူတို့ ကွင်းအငူ နှင်းမြူက စဲချိန်မို့ အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့ တဲပျက်စခန်း။ #အချုပ်တန်းဆရာဖေ #Credit_To_Original_Uplodar #မြန်မာကဗျာများ Page မှ #ကူးယူမျှဝေပါသည်။
    Love
    Care
    3
    · 0 Comments ·0 Shares ·706 Views
  • အိုးနဲ့တူတဲ့လူသုံးမျိုး

    (၁)မပြည့်တဲ့အိုး။

    "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို
    နည်းနည်းသိပြီး စကားကို ဟောင်ဖွာ
    ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။

    အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊
    အရိပ်အကဲကိုလည်း နားမလည်၊
    ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း
    ပြောတတ်ပါသေးတယ်။

    ဒီအိုးလို သူမျိုးဟာ-
    ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ
    တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့
    ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။

    (၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။

    အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင်
    အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ
    မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ်
    နေသူမျိုးပါ။

    ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး
    မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ
    တတ်ပါသေးတယ်။

    စကားပြော မောက်မာ ခက်ထန်တတ်ပြီး
    အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ
    ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင်
    ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။

    ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့
    ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး
    အရေးမပါ အရာမရောက်တော့တဲ့
    ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။

    (၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။

    အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း
    အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ
    တဲ့ လူမျိုးပါ။

    သူများကို အထင်မသေးတတ်သလို
    ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့်
    မနေတတ်ပါဘူး။

    ဒီအိုးလို သူမျိုးကသာ...
    ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ်
    ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက်
    များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး
    လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။

    crd#
    #crd_to_owner_with_respect
    အိုးနဲ့တူတဲ့လူသုံးမျိုး (၁)မပြည့်တဲ့အိုး။🍯 "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို နည်းနည်းသိပြီး စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။ အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊ ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။ (၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။🧉 အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ် နေသူမျိုးပါ။ ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ တတ်ပါသေးတယ်။ စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။ (၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။🏺 အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ တဲ့ လူမျိုးပါ။ သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။ ဒီအိုးလို သူမျိုးကသာ... ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက် များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။ crd# #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·629 Views
  • ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
    ချမ်းပေါင်လေ တဖေတင်းသော်လည်း
    ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
    မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ
    ထည်အလွှာ အကုန်ထွေးသော်လည်း
    ကြည်အသာ မလုံသေးပါဘု
    မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
    သွေးလန့်လို့ခုန်။

    ယမ်းယောင်ကာ တလျက်ညည်းမိတော့
    သန်းခေါင်မှာ မြကြက်သီးတွေက
    တဖီးဖီး ပျံ့လို့ငယ်အုံ
    ဗျာဆုံတဲ့ ရာသီပဲ။

    ငွေနှင်းငယ်မှုန်
    လေညင်းရယ် တသုန်သုန်နှင့်
    ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
    မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
    သည်ခေတ်မှာ သည်လိုဟာဖြင့်
    သည်ကိုယ်မှာ သေသေလုပါပေါ့
    ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
    ဆောင်းရတုပွဲ။
    အချုပ်တန်းဆရာဖေ
    Crd
    ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လည်း ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန် မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လည်း ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့ သွေးလန့်လို့ခုန်။ ယမ်းယောင်ကာ တလျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗျာဆုံတဲ့ ရာသီပဲ။ ငွေနှင်းငယ်မှုန် လေညင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ် ဆောင်းရတုပွဲ။ အချုပ်တန်းဆရာဖေ Crd
    Care
    1
    · 0 Comments ·0 Shares ·494 Views
  • ဆရာ‌ေ တာ် ပေး တဲ့ ဆု နဲ့ ပြည့် ြပီ
    ဆရာ‌ေ တာ် ပေး တဲ့ ဆု နဲ့ ပြည့် ြပီ
    Love
    1
    · 1 Comments ·0 Shares ·173 Views
  • ဒုတိယ မိသားစုဆိုတာ
    လူတိုင်းလိုလိုမှာ ရှိပါတယ်

    ကိုယ့်ရဲ့မိသားစုအရင်းလို
    ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို
    ကိုယ့်ရဲ့မိသားစုအရင်းထက်တောင်
    ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ်

    ရေစက်ကောင်းတွေပါပြီး
    ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား

    သွေးလည်းမတော် သားလည်းမစပ်
    မွေးစားတာမျိုးလည်း မဟုတ်
    ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်.....

    ကိုယ့်အပေါ် မှာ
    တကယ့်မိသားစုတစ်ခုလို
    နွေးထွေးလုံခြုံစေတယ်

    ကြင်နာယုယပေးတယ်။

    ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။

    ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။

    နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။

    ပျော်ရွှင်အေးချမ်းစေတယ်။

    လင်းလက်တောက်ပစေတယ်။

    ဒါဟာ ဒုတိယမိသားစုပါပဲ။

    တချို့အတွက်
    အလုပ်နဲ့ အလုပ်ရှင်။

    တချို့အတွက် လုပ်ဖော်ကိုင်ဖက်။

    တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။

    တချို့အတွက် အိမ်နီးနားခြင်း။

    တချို့အတွက် သူငယ်ချင်း။

    တချို့အတွက် ချစ်သူ။

    ဒုတိယမိသားစုဟာ
    ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။

    #ဘဝအတွတ်စာဖတ်ပါ
    #ခွန်အားရှိသောစာတ်ိုများ
    #ဆရာအောင်သင်းစာပေ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    ဒုတိယ မိသားစုဆိုတာ လူတိုင်းလိုလိုမှာ ရှိပါတယ် ကိုယ့်ရဲ့မိသားစုအရင်းလို ကိုယ့်အပေါ်ကောင်းတယ် တချို့ဆို ကိုယ့်ရဲ့မိသားစုအရင်းထက်တောင် ပိုကောင်းတဲ့ ဒုတိယမိသားစုဆိုတာမျိုး ရှိပါတယ် ရေစက်ကောင်းတွေပါပြီး ဒီဘဝမှာ ပြန်ဆုံရတယ်ပဲပြောရမလား သွေးလည်းမတော် သားလည်းမစပ် မွေးစားတာမျိုးလည်း မဟုတ် ဒီအတိုင်း သူစိမ်းတွေဆိုပေမယ့်..... ကိုယ့်အပေါ် မှာ တကယ့်မိသားစုတစ်ခုလို နွေးထွေးလုံခြုံစေတယ် ကြင်နာယုယပေးတယ်။ ရိုးသားခြင်းနဲ့ မေတ္တာတရားကို ပေးတယ်။ ကောင်းခြင်းတွေ ဖြစ်တည်စေတယ်။ နောက်ကနေ အထောက်အပံ့ဖြစ်စေတယ်။ ပျော်ရွှင်အေးချမ်းစေတယ်။ လင်းလက်တောက်ပစေတယ်။ ဒါဟာ ဒုတိယမိသားစုပါပဲ။ တချို့အတွက် အလုပ်နဲ့ အလုပ်ရှင်။ တချို့အတွက် လုပ်ဖော်ကိုင်ဖက်။ တချို့အတွက် နိုင်ငံရပ်ခြားက လူမျိုးတူမိတ်ဆွေ။ တချို့အတွက် အိမ်နီးနားခြင်း။ တချို့အတွက် သူငယ်ချင်း။ တချို့အတွက် ချစ်သူ။ ဒုတိယမိသားစုဟာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိပါတယ်။ #ဘဝအတွတ်စာဖတ်ပါ #ခွန်အားရှိသောစာတ်ိုများ #ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Care
    Love
    3
    · 0 Comments ·0 Shares ·1K Views
  • ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေ:ခြင်း အကျိုးများဖတ်ချိန်တမိနစ်

    ၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။

    ၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်းသွားရည်ကျခြင်းများ သက်သာ စေသည်။

    ၃။ ရင်ညွှန့်သို့ တက်သောလေ/ ဘဝင်သို့တက်သောလေ/ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။

    ၄။ ခြေထောက်ကို သန့်စင်စွာ ဆေ:ပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများ မက်ခြင်းမှ သ.က်သာစေနိုင်သည်။

    ၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သ.က်သာစေသည်။

    ၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သ.က်သာစေသည်။

    ၇။ ခန္ဓာကိုယ် အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သ.က်သာစေသည်။

    ၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကို*က်ခြင်းများမှ သ.က်သာစေသည်။

    ၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သ.က်သာစေသည်။

    ၁၀။ ဆံပင်ဖြူခြင်းကို သ.က်သာစေသည်။

    ၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

    ၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သ.က်သာစေနိုင်သည်။

    မိမိပြုသောကံမိမိထံပြန်လာမည်
    မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
    နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ
    ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
    #crd_to_owner_with_respect
    #မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
    #ကျန်းမာပျော်ရွှင်ကြပါစေ
    ညအိပ်ရာဝင်ချိန် ခြေထောက်ရေဆေ:ခြင်း အကျိုးများဖတ်ချိန်တမိနစ် ၁။ တစ်နေကုန် အောင်းနေသော အပူများ အောက်သို့လှည့်ပြီး ခြေဖဝါးမှထွက်သွားနိုင်သည်။ ၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်းသွားကြိတ်ခြင်း၊ လျှာဝါးခြင်းသွားရည်ကျခြင်းများ သက်သာ စေသည်။ ၃။ ရင်ညွှန့်သို့ တက်သောလေ/ ဘဝင်သို့တက်သောလေ/ နှလုံးသို့တက်သော လေပူတို့ကို သက်သာစေသည်။ ၄။ ခြေထောက်ကို သန့်စင်စွာ ဆေ:ပြီး အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများ မက်ခြင်းမှ သ.က်သာစေနိုင်သည်။ ၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်းမှ သ.က်သာစေသည်။ ၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း မျက်စိဖွင့်မကောင်းခြင်းမှ သ.က်သာစေသည်။ ၇။ ခန္ဓာကိုယ် အပူအအေးမျှတပြီး ဦးခေါင်းသို့ အပူတက်ခြင်းကို သ.က်သာစေသည်။ ၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာသွားကို*က်ခြင်းများမှ သ.က်သာစေသည်။ ၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်ပြောင်ခြင်းမှ သ.က်သာစေသည်။ ၁၀။ ဆံပင်ဖြူခြင်းကို သ.က်သာစေသည်။ ၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။ ၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်းညိုခြင်းမှ သ.က်သာစေနိုင်သည်။ မိမိပြုသောကံမိမိထံပြန်လာမည် မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ် နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည် #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည် #ကျန်းမာပျော်ရွှင်ကြပါစေ
    Like
    2
    · 0 Comments ·0 Shares ·654 Views
More Results