ဘယ်အဟောင်းကိုမှ မတွေးတော့သလို
ဘယ်အသစ်ကိုမှလည်း မငေးတော့ဘူး။
"တွေ့ကရာတွေ စုထည့်ဖို့..
ဦးနှောက်ဟာ အမှိုက်ပုံးမဟုတ်"မှန်း သိပြီးတည်းက
(မခမ်းနားသေးတဲ့ဘဝကို ခမ်းနားအောင်လုပ်ဖို့သာ)
အဓိကဆိုတာ နားလည်သွားခဲ့တယ်။

ပြေးလိုက်မှနီးမယ့်အရပ်ဆို ကျောခိုင်းရမယ်၊
စွဲထားရမှ မြဲမယ့်လက်ဆို လက်လွှတ်ရမယ်၊
ညှိယူရမှ ညီမယ့်ဆက်ဆံရေးဆို ဥပေက္ခာပြုရမယ်။

ဘဝအတွက်လည်း ရုန်းရ၊
မိသားစုအတွက်လည်း ထမ်းရနဲ့..
အချစ်ကြောင့်ပါ ထပ်မပင်ပန်းသင့်ဘူးလေ။

ကိုယ်မျှောရင် အနာဂတ်က မျောမယ်။
ကိုယ်လွှင့်ရင် အနာဂတ်က လွင့်မယ်။
ကိုယ်ရောရင် ဘဝက ပေါမယ်။
"ကိုယ် ဖြစ်သလိုနေရင် အနာဂတ်က နေသလိုဖြစ်မယ်။"

ခုချက်ချင်း..
မျှောနေ၊လွှင့်နေ၊ရောနေတာတွေ ရပ်ပါ။
....
အမှိုက်အချို့အတွက်နဲ့
အနာဂတ်ကိုယောင်ဝါးဝါးမဖြစ်ပါစေနဲ့လို့
သတိပေးရေးသား အကြံပြုပရစေ။

#ရဲသူလွင်(အင်ပင်-မြန်အောင်)

#UYeThuLwin (Inbin)
ဘယ်အဟောင်းကိုမှ မတွေးတော့သလို ဘယ်အသစ်ကိုမှလည်း မငေးတော့ဘူး။ "တွေ့ကရာတွေ စုထည့်ဖို့.. ဦးနှောက်ဟာ အမှိုက်ပုံးမဟုတ်"မှန်း သိပြီးတည်းက (မခမ်းနားသေးတဲ့ဘဝကို ခမ်းနားအောင်လုပ်ဖို့သာ) အဓိကဆိုတာ နားလည်သွားခဲ့တယ်။ ပြေးလိုက်မှနီးမယ့်အရပ်ဆို ကျောခိုင်းရမယ်၊ စွဲထားရမှ မြဲမယ့်လက်ဆို လက်လွှတ်ရမယ်၊ ညှိယူရမှ ညီမယ့်ဆက်ဆံရေးဆို ဥပေက္ခာပြုရမယ်။ ဘဝအတွက်လည်း ရုန်းရ၊ မိသားစုအတွက်လည်း ထမ်းရနဲ့.. အချစ်ကြောင့်ပါ ထပ်မပင်ပန်းသင့်ဘူးလေ။ ကိုယ်မျှောရင် အနာဂတ်က မျောမယ်။ ကိုယ်လွှင့်ရင် အနာဂတ်က လွင့်မယ်။ ကိုယ်ရောရင် ဘဝက ပေါမယ်။ "ကိုယ် ဖြစ်သလိုနေရင် အနာဂတ်က နေသလိုဖြစ်မယ်။" ခုချက်ချင်း.. မျှောနေ၊လွှင့်နေ၊ရောနေတာတွေ ရပ်ပါ။ .... အမှိုက်အချို့အတွက်နဲ့ အနာဂတ်ကိုယောင်ဝါးဝါးမဖြစ်ပါစေနဲ့လို့ သတိပေးရေးသား အကြံပြုပရစေ။ #ရဲသူလွင်(အင်ပင်-မြန်အောင်) #UYeThuLwin (Inbin)
0 Comments ·0 Shares ·141 Views