• ဘယ်အဟောင်းကိုမှ မတွေးတော့သလို
    ဘယ်အသစ်ကိုမှလည်း မငေးတော့ဘူး။
    "တွေ့ကရာတွေ စုထည့်ဖို့..
    ဦးနှောက်ဟာ အမှိုက်ပုံးမဟုတ်"မှန်း သိပြီးတည်းက
    (မခမ်းနားသေးတဲ့ဘဝကို ခမ်းနားအောင်လုပ်ဖို့သာ)
    အဓိကဆိုတာ နားလည်သွားခဲ့တယ်။

    ပြေးလိုက်မှနီးမယ့်အရပ်ဆို ကျောခိုင်းရမယ်၊
    စွဲထားရမှ မြဲမယ့်လက်ဆို လက်လွှတ်ရမယ်၊
    ညှိယူရမှ ညီမယ့်ဆက်ဆံရေးဆို ဥပေက္ခာပြုရမယ်။

    ဘဝအတွက်လည်း ရုန်းရ၊
    မိသားစုအတွက်လည်း ထမ်းရနဲ့..
    အချစ်ကြောင့်ပါ ထပ်မပင်ပန်းသင့်ဘူးလေ။

    ကိုယ်မျှောရင် အနာဂတ်က မျောမယ်။
    ကိုယ်လွှင့်ရင် အနာဂတ်က လွင့်မယ်။
    ကိုယ်ရောရင် ဘဝက ပေါမယ်။
    "ကိုယ် ဖြစ်သလိုနေရင် အနာဂတ်က နေသလိုဖြစ်မယ်။"

    ခုချက်ချင်း..
    မျှောနေ၊လွှင့်နေ၊ရောနေတာတွေ ရပ်ပါ။
    ....
    အမှိုက်အချို့အတွက်နဲ့
    အနာဂတ်ကိုယောင်ဝါးဝါးမဖြစ်ပါစေနဲ့လို့
    သတိပေးရေးသား အကြံပြုပရစေ။

    #ရဲသူလွင်(အင်ပင်-မြန်အောင်)

    #UYeThuLwin (Inbin)
    ဘယ်အဟောင်းကိုမှ မတွေးတော့သလို ဘယ်အသစ်ကိုမှလည်း မငေးတော့ဘူး။ "တွေ့ကရာတွေ စုထည့်ဖို့.. ဦးနှောက်ဟာ အမှိုက်ပုံးမဟုတ်"မှန်း သိပြီးတည်းက (မခမ်းနားသေးတဲ့ဘဝကို ခမ်းနားအောင်လုပ်ဖို့သာ) အဓိကဆိုတာ နားလည်သွားခဲ့တယ်။ ပြေးလိုက်မှနီးမယ့်အရပ်ဆို ကျောခိုင်းရမယ်၊ စွဲထားရမှ မြဲမယ့်လက်ဆို လက်လွှတ်ရမယ်၊ ညှိယူရမှ ညီမယ့်ဆက်ဆံရေးဆို ဥပေက္ခာပြုရမယ်။ ဘဝအတွက်လည်း ရုန်းရ၊ မိသားစုအတွက်လည်း ထမ်းရနဲ့.. အချစ်ကြောင့်ပါ ထပ်မပင်ပန်းသင့်ဘူးလေ။ ကိုယ်မျှောရင် အနာဂတ်က မျောမယ်။ ကိုယ်လွှင့်ရင် အနာဂတ်က လွင့်မယ်။ ကိုယ်ရောရင် ဘဝက ပေါမယ်။ "ကိုယ် ဖြစ်သလိုနေရင် အနာဂတ်က နေသလိုဖြစ်မယ်။" ခုချက်ချင်း.. မျှောနေ၊လွှင့်နေ၊ရောနေတာတွေ ရပ်ပါ။ .... အမှိုက်အချို့အတွက်နဲ့ အနာဂတ်ကိုယောင်ဝါးဝါးမဖြစ်ပါစေနဲ့လို့ သတိပေးရေးသား အကြံပြုပရစေ။ #ရဲသူလွင်(အင်ပင်-မြန်အောင်) #UYeThuLwin (Inbin)
    0 Comments ·0 Shares ·32 Views
  • ပဲ့နေတဲ့အိုးဟာ ရွဲ့နေတဲ့စလောင်းအဖုံးနဲ့ပဲ
    ပေါင်းဖက်လို့ရပြီး၊
    အနားညီသောအိုးဟာ ကောင်းမွန်တဲ့အဖုံးနဲ့ပဲ
    ထပ်တူကျတယ်။

    စိန်မှန်ရင် ရွှေနဲ့ပဲကွပ်ရပြီး၊
    ကျောက်ခဲမှန်ရင် ဘိလပ်မဆလာနဲ့ပဲကွပ်ရတယ်။
    ရေအိုးစင်က ရေမှန်ရင် သောက်သုံးသူနဲ့တွေ့ပြီး
    လမ်းပေါ်ကရေအိုင်မှန်ရင် ခြေဆေးသူနဲ့ပဲတွေ့ရတယ်။

    တန်ဖိုးမသိတဲ့လူဟာ တန်ဖိုးရှိတဲအရာနဲ့
    လွဲချော်ပေးရပြီး၊
    တန်ဖိုးရှိတဲ့လူဟာ တန်ဖိုးနားလည်တဲ့သူနဲ့ပဲ
    ပေါင်းဆုံရတယ်။

    စိန်ဖြစ်နေရင် သူဌေးနဲ့တွေ့ရမယ်
    ကျောက်ခဲဖြစ်နေရင် ပန်းရံသမားပဲတွေ့ရမယ်။
    (ရင့်ကျက်၊တည်ငြိမ်၊အောင်မြင်သူဖြစ်ဖို့
    လိုအပ်လာရင် လောကဓံက လူလိမ်တွေနဲ့တွေ့ပေးလေ့ရှိတယ်။)
    ထိုလူတွေကို လွမ်းစရာမလိုသလို
    တပ်မက်စရာလည်းလိုဘူး။
    ဘာလို့ဆို
    ကိုယ် ဇာတ်လိုက်ဖြစ်ရဖို့ တွန်းပို့ပေးတဲ့ ဇာတ်ပို့တွေပါ။
    ဇာတ်လိုက်ဟာ ဇာတ်လိုက်ချင်းပဲ ပေါင်းဖက်ရတယ်။
    ဇာတ်ပို့တွေနဲ့ ပေါင်းလေ့မရှိဘူး။
    ထို့ကြောင့်
    ဘဝရဲ့ ကြုံခဲ့သမျှဇာတ်ပို့တွေကို ကျေးဇူးတင်ပါ။
    ကိုယ်ကိုတိုင်လည်းတန်ဖိုးရှိအောင်နေပါ။

    #ရဲသူလွင်(အင်ပင်-မြန်အောင်)

    #UYeThuLwin(Myanaung)
    ပဲ့နေတဲ့အိုးဟာ ရွဲ့နေတဲ့စလောင်းအဖုံးနဲ့ပဲ ပေါင်းဖက်လို့ရပြီး၊ အနားညီသောအိုးဟာ ကောင်းမွန်တဲ့အဖုံးနဲ့ပဲ ထပ်တူကျတယ်။ စိန်မှန်ရင် ရွှေနဲ့ပဲကွပ်ရပြီး၊ ကျောက်ခဲမှန်ရင် ဘိလပ်မဆလာနဲ့ပဲကွပ်ရတယ်။ ရေအိုးစင်က ရေမှန်ရင် သောက်သုံးသူနဲ့တွေ့ပြီး လမ်းပေါ်ကရေအိုင်မှန်ရင် ခြေဆေးသူနဲ့ပဲတွေ့ရတယ်။ တန်ဖိုးမသိတဲ့လူဟာ တန်ဖိုးရှိတဲအရာနဲ့ လွဲချော်ပေးရပြီး၊ တန်ဖိုးရှိတဲ့လူဟာ တန်ဖိုးနားလည်တဲ့သူနဲ့ပဲ ပေါင်းဆုံရတယ်။ စိန်ဖြစ်နေရင် သူဌေးနဲ့တွေ့ရမယ် ကျောက်ခဲဖြစ်နေရင် ပန်းရံသမားပဲတွေ့ရမယ်။ (ရင့်ကျက်၊တည်ငြိမ်၊အောင်မြင်သူဖြစ်ဖို့ လိုအပ်လာရင် လောကဓံက လူလိမ်တွေနဲ့တွေ့ပေးလေ့ရှိတယ်။) ထိုလူတွေကို လွမ်းစရာမလိုသလို တပ်မက်စရာလည်းလိုဘူး။ ဘာလို့ဆို ကိုယ် ဇာတ်လိုက်ဖြစ်ရဖို့ တွန်းပို့ပေးတဲ့ ဇာတ်ပို့တွေပါ။😊😊😊 ဇာတ်လိုက်ဟာ ဇာတ်လိုက်ချင်းပဲ ပေါင်းဖက်ရတယ်။ ဇာတ်ပို့တွေနဲ့ ပေါင်းလေ့မရှိဘူး။ ထို့ကြောင့် ဘဝရဲ့ ကြုံခဲ့သမျှဇာတ်ပို့တွေကို ကျေးဇူးတင်ပါ။ ကိုယ်ကိုတိုင်လည်းတန်ဖိုးရှိအောင်နေပါ။ #ရဲသူလွင်(အင်ပင်-မြန်အောင်) #UYeThuLwin(Myanaung)
    Like
    2
    · 0 Comments ·0 Shares ·43 Views