• ဒဏ်ရာအဟောင်းကို
    ဒီနေ့ ...
    မျက်ရည်တွေနဲ့ ၀ယ်မိပြန်ပြီ ။

    မင်းမသိတဲ့ အကောင့်လေးနဲ့
    မင်း ရှိရာအရပ်ကို
    ပြန်လှမ်းငေးမိတော့ ...

    ကိုယ်သဘောကျတဲ့
    ဆံပင်ရှည်ရှည်လေးတွေ မရှိတော့တာကို
    သိရတယ် ..

    ပြုံးနေတဲ့ နှုတ်ခမ်းလေးကို
    ပြန်မြင်ရတော့
    မင်းရီသံလေး ပြန်ကြားယောင်မိတယ် ..

    စကားတွေ သွားပြောချင်စိတ်ကို
    ထိန်းနိုင်ခဲ့ပေမယ့်
    သတိရစိတ်နဲ့ မျက်ရည်တွေကိုတော့
    ကိုယ် မနိုင်ခဲ့ဘူး ... အချစ်

    ခရီးအဝေးကြီးကို လျှောက်နေပြီး
    အိပ်မက်အသစ်တွေ မက်နေတာကို
    တွေ့ရတော့ ...

    အိပ်မက်အဟောင်းတွေနဲ့
    ချန်ခဲ့ဖူးတဲ့ နေရာ လေးမှာပဲ
    ရပ်နေမိတဲ့ ကိုယ်က
    ပျော်ရပါတယ် ...

    မင်းကို မေ့ဖို့ ကြိုးစားရင်း
    ပြန်သတိရမိတဲ့
    ရက်လေးတစ်ရက်ဖြစ်သလို

    မင်းနဲ့ ဝေးအောင်နေဖို့ကြိုးစားရင်း
    မင်းကို ပြန်ငေးမိတဲ့
    နေ့လေးတစ်နေ့ပါပဲ ...

    ဒဏ်ရာအဟောင်းတွေကို
    မျက်ရည်နဲ့ ပြန်၀ယ်နေမိပြန်ပြီ ထင်ပါတယ် ။

    #ကျေးကို
    ဒဏ်ရာအဟောင်းကို ဒီနေ့ ... မျက်ရည်တွေနဲ့ ၀ယ်မိပြန်ပြီ ။ မင်းမသိတဲ့ အကောင့်လေးနဲ့ မင်း ရှိရာအရပ်ကို ပြန်လှမ်းငေးမိတော့ ... ကိုယ်သဘောကျတဲ့ ဆံပင်ရှည်ရှည်လေးတွေ မရှိတော့တာကို သိရတယ် .. ပြုံးနေတဲ့ နှုတ်ခမ်းလေးကို ပြန်မြင်ရတော့ မင်းရီသံလေး ပြန်ကြားယောင်မိတယ် .. စကားတွေ သွားပြောချင်စိတ်ကို ထိန်းနိုင်ခဲ့ပေမယ့် သတိရစိတ်နဲ့ မျက်ရည်တွေကိုတော့ ကိုယ် မနိုင်ခဲ့ဘူး ... အချစ် ခရီးအဝေးကြီးကို လျှောက်နေပြီး အိပ်မက်အသစ်တွေ မက်နေတာကို တွေ့ရတော့ ... အိပ်မက်အဟောင်းတွေနဲ့ ချန်ခဲ့ဖူးတဲ့ နေရာ လေးမှာပဲ ရပ်နေမိတဲ့ ကိုယ်က ပျော်ရပါတယ် ... မင်းကို မေ့ဖို့ ကြိုးစားရင်း ပြန်သတိရမိတဲ့ ရက်လေးတစ်ရက်ဖြစ်သလို မင်းနဲ့ ဝေးအောင်နေဖို့ကြိုးစားရင်း မင်းကို ပြန်ငေးမိတဲ့ နေ့လေးတစ်နေ့ပါပဲ ... ဒဏ်ရာအဟောင်းတွေကို မျက်ရည်နဲ့ ပြန်၀ယ်နေမိပြန်ပြီ ထင်ပါတယ် ။ #ကျေးကို
    Care
    1
    · 0 Comments ·0 Shares ·24 Views
  • အရင်တုန်းကဆိုရင် လက်တွေခြေတွေ ထုံကျင်တာ၊ သွေးလေမမှန်တာ၊ သွေ;အားနည်းတာ၊ ခေါင်းမူးလွယ်တာမျိုး ဖြစ်ခဲ့ရင်...
    အဖွားက ဂျင်း နဲ့ ကြက်သွန်ဖြူ ကို ရောပြီး ပြုတ်ကာ နွေးနွေးလေး သောက်ခိုင်းတတ်တယ်။ သူ့ရဲ့ရနံ့က ပြင်းပေမယ့် အကျိုးကျေးဇူးက အဲဒီထက် ပိုများတယ်လေနော်

    အဖွားပြောတာကတော့...
    ဂျင်း က သွေးလည်ပတ်မှုကို ကောင်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးစေတယ်။ လက်ဖျားခြေဖျား ထုံကျင်တာတွေကိုလည်း သက်သာစေတယ်။
    ကြက်သွန်ဖြူ က သွေးခဲတာကို လျော့ကျစေပြီး သွေးလည်ပတ်မှုစနစ်ကို အထောက်အကူပြုတယ်။ ကိုယ်လက်မအီမသာနဲ့ လေးလံတာတွေကို လျော့ပါးစေတယ်။
    သောက်လိုက်ရင် စိတ်ထဲ ပေါ့ပါးသွားပြီး ကိုယ်လက် မအီမသာဖြစ်တာ၊ ခေါင်းမူးတာတွေပါ သက်သာစေတယ်။
    ကိုယ်ခန္ဓာပေါ့လာပြီး သွေးပေါင်ချိန်ကလည်း အရင်လို လွယ်လွယ်နဲ့ မတက်တော့ဘူး။
    ဒီနည်းလမ်းတွေက သွေးလေ စီးဆင်းမှုနဲ့ ခန္ဓာကိုယ်ကို အများကြီး ပြေလည်ကောင်းမွန်လာအောင် ကူညီပေးနိုင်တယ်တဲ့။

    အဖွားက အမြဲပြောတတ်တယ်...
    “သွေးလေ ကောင်းရင် ဘဝက ကောင်းတာပဲ။ ဒါဟာ ကိုယ့်အိမ်မှာ အလွယ်တကူရှိတဲ့ ရိုးရှင်းတဲ့ဆေးပဲ”
    ဒီစကားကို ကြားရတာ နွေးထွေးလွန်းလို့ ဒီနေ့ထိတိုင် မှတ်မိနေခဲ့တာပါ

    အဖွားရဲ့ ရိုးရှင်းတဲ့ ပြုလုပ်နည်း
    – ဂျင်း အစို ၄-၅ ချပ်ကို ထုပါ။
    – ကြက်သွန်ဖြူ ၂-၃ မြွှာကို ညက်အောင် ထုပါ။
    – ရေ ၁ လီတာနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။
    မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နွေးနွေးလေး သောက်ပေးရင် သွေးလေလည်း ကောင်းပြီး စိတ်လည်း ချမ်းသာစေပါတယ်

    အားလုံးကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    MON SOUNG
    #MONSOUNG
    အရင်တုန်းကဆိုရင် လက်တွေခြေတွေ ထုံကျင်တာ၊ သွေးလေမမှန်တာ၊ သွေ;အားနည်းတာ၊ ခေါင်းမူးလွယ်တာမျိုး ဖြစ်ခဲ့ရင်... အဖွားက ဂျင်း နဲ့ ကြက်သွန်ဖြူ ကို ရောပြီး ပြုတ်ကာ နွေးနွေးလေး သောက်ခိုင်းတတ်တယ်။ သူ့ရဲ့ရနံ့က ပြင်းပေမယ့် အကျိုးကျေးဇူးက အဲဒီထက် ပိုများတယ်လေနော် 😊 အဖွားပြောတာကတော့... ✨ ဂျင်း က သွေးလည်ပတ်မှုကို ကောင်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးစေတယ်။ လက်ဖျားခြေဖျား ထုံကျင်တာတွေကိုလည်း သက်သာစေတယ်။ ✨ ကြက်သွန်ဖြူ က သွေးခဲတာကို လျော့ကျစေပြီး သွေးလည်ပတ်မှုစနစ်ကို အထောက်အကူပြုတယ်။ ကိုယ်လက်မအီမသာနဲ့ လေးလံတာတွေကို လျော့ပါးစေတယ်။ ✨ သောက်လိုက်ရင် စိတ်ထဲ ပေါ့ပါးသွားပြီး ကိုယ်လက် မအီမသာဖြစ်တာ၊ ခေါင်းမူးတာတွေပါ သက်သာစေတယ်။ ✨ ကိုယ်ခန္ဓာပေါ့လာပြီး သွေးပေါင်ချိန်ကလည်း အရင်လို လွယ်လွယ်နဲ့ မတက်တော့ဘူး။ ✨ ဒီနည်းလမ်းတွေက သွေးလေ စီးဆင်းမှုနဲ့ ခန္ဓာကိုယ်ကို အများကြီး ပြေလည်ကောင်းမွန်လာအောင် ကူညီပေးနိုင်တယ်တဲ့။ အဖွားက အမြဲပြောတတ်တယ်... “သွေးလေ ကောင်းရင် ဘဝက ကောင်းတာပဲ။ ဒါဟာ ကိုယ့်အိမ်မှာ အလွယ်တကူရှိတဲ့ ရိုးရှင်းတဲ့ဆေးပဲ” ဒီစကားကို ကြားရတာ နွေးထွေးလွန်းလို့ ဒီနေ့ထိတိုင် မှတ်မိနေခဲ့တာပါ 💛🌿 ✨ အဖွားရဲ့ ရိုးရှင်းတဲ့ ပြုလုပ်နည်း – ဂျင်း အစို ၄-၅ ချပ်ကို ထုပါ။ – ကြက်သွန်ဖြူ ၂-၃ မြွှာကို ညက်အောင် ထုပါ။ – ရေ ၁ လီတာနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နွေးနွေးလေး သောက်ပေးရင် သွေးလေလည်း ကောင်းပြီး စိတ်လည်း ချမ်းသာစေပါတယ် 🌾 အားလုံးကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 MON SOUNG #MONSOUNG
    Like
    Care
    2
    · 0 Comments ·0 Shares ·33 Views
  • ခရမ်းသီးပင် စိုက်ပျိုးရာတွင် အပွင့်ကြွေခြင်း၊ အသီးပွင့်မခိုင်ဘဲ ကြွေကျခြင်း ပြဿနာများ ကြုံရပါက အပင်ကို သန်မာစေပြီး အသီးများများ သီးလာစေမည့် ရိုးရာနည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။
    လိုအပ်သော ပစ္စည်းများ (မီးဖိုချောင်သုံးပစ္စည်းများ)
    • ကြက်ဥ အစိမ်း - ၁ လုံး
    • နို့သန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
    • ငါးပိရည် - ၂၅၀ မီလီလီတာ
    • ရေသန့်
    ပြုလုပ်နည်း အဆင့်ဆင့်
    1. ကြက်ဥပြင်ဆင်ခြင်း: ပန်းကန်လုံးထဲတွင် ကြက်ဥကို ခေါက်ထည့်ပြီး ကြက်ဥအခွံများကို ညက်အောင် ချေမွှား၍ ရောထည့်ပါ။
    2. နို့ထည့်ခြင်း: နို့သန့်ကို ထည့်ပြီး သမအောင် မွှေပါ။
    3. ငါးပိရည် ထည့်ခြင်း: ငါးပိရည်ကို ထည့်ပြီး ပါဝင်ပစ္စည်းအားလုံး နှံ့စပ်အောင် ရောမွှေပါ။
    4. ရေရောခြင်း: ရေသန့် ၅ လီတာခန့် ထပ်ထည့်ပြီး ထပ်မံမွှေပါ။
    5. အသုံးပြုပုံ: ဤအရောအနှောကို ပန်းမပွင့်မီ အချိန် တွင် ခရမ်းချဉ်ပင်၏ ပင်ခြေရင်းသို့ လောင်းပေးပါ။
    6. ရေလိုက်လောင်းခြင်း: ထို့နောက် ရေကို ရွှဲရွှဲစိုအောင် ထပ်မံ လောင်းပေးပါ။
    အပိုဆောင်း အကြံပြုချက်များ
    • အာဟာရဓါတ်: ဤဖျော်ရည်တွင် ကြက်ဥအခွံမှရသော ကယ်လ်စီယမ်နှင့် နို့မှရသော အာဟာရဓါတ်များ ပါဝင်ခြင်းကြောင့် အပင်ကို သန်မာစေပြီး အသီးကိုင်းများကို ခိုင်ခံ့စေသည်။
    • မြေဆီလွှာ: ငါးပိရည်သည် မြေဆီလွှာကို ပွစေပြီး အပင်အတွက် ကောင်းမွန်သော အဏုဇီဝပိုးမွှားများ ဖွံ့ဖြိုးတိုးတက်စေသည်။
    • တခြားအပင်များ: ဤနည်းလမ်းကို ခရမ်းပင်အပြင် ငရုတ်၊ သရက်၊ မာလကာ၊ သံပရာ စသော အခြား ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပင်များတွင်လည်း အသုံးပြုနိုင်သည်။
    ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ရာတွင် အပွင့်များ ပိုမိုခိုင်မာလာပြီး အသီးများလည်း မရင့်မီ ကြွေကျခြင်း မရှိတော့ကြောင်း တွေ့ရပါသည်။ မီးဖိုချောင်သုံးပစ္စည်းများဖြင့် ကုန်ကျစရိတ်သက်သာသော နည်းလမ်းဖြစ်၍ စမ်းကြည့်သင့်ပါသည်။
    #forevermmmedia #စိုက်ပျိုးရေး #ခရမ်းပင် #အိမ်တွင်းဥယျာဉ် #သဘာဝမြေသြဇာ
    ခရမ်းသီးပင် စိုက်ပျိုးရာတွင် အပွင့်ကြွေခြင်း၊ အသီးပွင့်မခိုင်ဘဲ ကြွေကျခြင်း ပြဿနာများ ကြုံရပါက အပင်ကို သန်မာစေပြီး အသီးများများ သီးလာစေမည့် ရိုးရာနည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ 🥚 လိုအပ်သော ပစ္စည်းများ (မီးဖိုချောင်သုံးပစ္စည်းများ) • ကြက်ဥ အစိမ်း - ၁ လုံး • နို့သန့် - စားပွဲတင်ဇွန်း ၂ ဇွန်း • ငါးပိရည် - ၂၅၀ မီလီလီတာ • ရေသန့် 🪴 ပြုလုပ်နည်း အဆင့်ဆင့် 1. ကြက်ဥပြင်ဆင်ခြင်း: ပန်းကန်လုံးထဲတွင် ကြက်ဥကို ခေါက်ထည့်ပြီး ကြက်ဥအခွံများကို ညက်အောင် ချေမွှား၍ ရောထည့်ပါ။ 2. နို့ထည့်ခြင်း: နို့သန့်ကို ထည့်ပြီး သမအောင် မွှေပါ။ 3. ငါးပိရည် ထည့်ခြင်း: ငါးပိရည်ကို ထည့်ပြီး ပါဝင်ပစ္စည်းအားလုံး နှံ့စပ်အောင် ရောမွှေပါ။ 4. ရေရောခြင်း: ရေသန့် ၅ လီတာခန့် ထပ်ထည့်ပြီး ထပ်မံမွှေပါ။ 5. အသုံးပြုပုံ: ဤအရောအနှောကို ပန်းမပွင့်မီ အချိန် တွင် ခရမ်းချဉ်ပင်၏ ပင်ခြေရင်းသို့ လောင်းပေးပါ။ 🌸 6. ရေလိုက်လောင်းခြင်း: ထို့နောက် ရေကို ရွှဲရွှဲစိုအောင် ထပ်မံ လောင်းပေးပါ။ 💡 အပိုဆောင်း အကြံပြုချက်များ • အာဟာရဓါတ်: ဤဖျော်ရည်တွင် ကြက်ဥအခွံမှရသော ကယ်လ်စီယမ်နှင့် နို့မှရသော အာဟာရဓါတ်များ ပါဝင်ခြင်းကြောင့် အပင်ကို သန်မာစေပြီး အသီးကိုင်းများကို ခိုင်ခံ့စေသည်။ 🌱 • မြေဆီလွှာ: ငါးပိရည်သည် မြေဆီလွှာကို ပွစေပြီး အပင်အတွက် ကောင်းမွန်သော အဏုဇီဝပိုးမွှားများ ဖွံ့ဖြိုးတိုးတက်စေသည်။ • တခြားအပင်များ: ဤနည်းလမ်းကို ခရမ်းပင်အပြင် ငရုတ်၊ သရက်၊ မာလကာ၊ သံပရာ စသော အခြား ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပင်များတွင်လည်း အသုံးပြုနိုင်သည်။ 🍋 ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ရာတွင် အပွင့်များ ပိုမိုခိုင်မာလာပြီး အသီးများလည်း မရင့်မီ ကြွေကျခြင်း မရှိတော့ကြောင်း တွေ့ရပါသည်။ မီးဖိုချောင်သုံးပစ္စည်းများဖြင့် ကုန်ကျစရိတ်သက်သာသော နည်းလမ်းဖြစ်၍ စမ်းကြည့်သင့်ပါသည်။ ✨ #forevermmmedia #စိုက်ပျိုးရေး #ခရမ်းပင် #အိမ်တွင်းဥယျာဉ် #သဘာဝမြေသြဇာ
    Like
    Care
    2
    · 0 Comments ·0 Shares ·43 Views
  • အေဘီသွေးပိုင်ရှင်လေးတွေဆိုတာ ... များသောအားဖြင့် အေးဆေးတည်ငြိမ်တယ် ။ ပြီးတော့ ... ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာမျိုးကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်တတ်ကြတယ် ။ စကားတွေ မလိုအပ်ပဲ အများတွေ မပြောတတ်ကြသလို အလိုက်သိတော့ သိပ်ပြီးတော့ ပြဿနာတွေ အများကြီး မရှိတတ်ဘူး ။ ဒါပေမယ့် ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ခေါင်းစားရတတ်တယ် ။

    မိဘတွေ အပေါ် ဆိုးတာမျိုးမရှိဘူး...အလိုက်သိတယ် ကွက်ကျော်မြင်တတ်တယ် ။ အချစ်ခံရတဲ့ လူတန်းစားထဲမှာ မပါပေမယ့် အပြစ်တင်မခံရတဲ့ လူစားမျိုးပေါ့ ။ စကားလုံးတွေကို စဥ်းစားချင့်ချိန်ပြီး ပြောတတ်သလို ကိုယ့်ဖက်သူ့ဖက် နှစ်ဖက်မျှကြည့်တတ်တဲ့ မျက်လုံးတစ်စုံရှိတတ်ကြတယ် ။ သူတို့ရဲ့ အားသာချက်က လူတစ်ယောက်ကို ကြည့်လိုက်ရင် သူက ဘယ်လိုဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်တတ်ကြတာပါပဲ ။ အကဲခတ်နိုင်စွမ်းရှိတယ် မေးခွန်းတွေ အများကြီး မေးဖို့မလိုပဲ သိတတ်နိုင်စွမ်းရှိတယ် ။

    သူ့ပုံစံက ဘယ်လိုမျိုးလဲလို့မေးရင် တစ်ထစ်ချကြီး သတ်သတ်မှတ်မှတ် ပြောပြလို့မရဘူး ။ သူက ပုတ်သင်ညိုလေးတစ်ကောင်လိုပဲ ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်စွမ်းရှိတယ် ။ သူဆိုးနေတာ ကောင်းနေတာတွေက တစ်ခါတစ်လေ မဖြစ်မနေမို့ဆိုတဲ့ အရာတွေကြောင့် ဖြစ်သွားတာတွေဟာ တကယ်ပဲ ရှိပါတယ် ။ များသောအားဖြင့် ပျော်နေတယ် မပျော်ဘူးဆိုတာကို စိတ်ထဲ သိပ်မထားတတ်သလို အဆင်ပြေတယ်ဆိုတဲ့စကားတစ်လုံးကို မကြာခဏ သုံးတတ်တဲ့ လူစားမျိုးပေါ့ ။

    အပေါင်းအသင်း သိပ်များများစားစားမရှိဘူး ။ လူတွေကို သိပ်ပြီး အယုံအကြည်မရှိတတ်ဘူး ။ တစ်ခုခုကို အမြဲတမ်း လျှို့၀ှက်ထားသလို type မျိုး ။ ဘယ်တော့မှ စကားအကုန် မပြောတတ်သလို သူ ဘာဖြစ်နေလဲ သူကိုယ်တိုင်ပြောမှ သိနိုင်မယ့် လူတစ်ယောက်ပေါ့ ။ ရှေးရိုးဆန်တတ်တယ် ... ဒါမှမဟုတ် ပုံမှန်အတိုင်း ဖြတ်သန်းနေရတာကို သဘောကျတတ်တယ် ။ အလုပ်တစ်ခုလုပ်ရင် စေ့စေ့စပ်စပ်လုပ်တတ်တယ် ။ စာအုပ်ကြီးအတိုင်းလိုပဲ ။

    အေဘီသွေးပိုင်ရှင်လေးတွေက ... ခံစားချက်တွေကို သိပ်ပြီး မဖော်ပြတတ်သလို သူဘာဖြစ်နေတယ် သိပ်ပြီးမပြောတတ်ကြဘူး ။ ဒီတော့ ဒေါသထွက်တယ်ဆိုပြီး မရှိသလောက်ကို ရှားတယ် ။ ဒါပေမယ့် သူ့အပေါ် သစ္စာတော့ မဖောက်နဲ့ပေါ့ ... သေသေချာချာမှတ်ထားပြီး အငြိုးတကြီးနဲ့ လက်စားချေတတ်တဲ့ လူတစ်ယောက်လေ ။ ဖြစ်နိုင်မယ်ဆိုရင် သူလိုက်လျောညီထွေ နေတတ်တာကို အ လိုက်တာဆိုပြီး မတွေးတာ ကောင်းတယ်။

    ပျော်ခြင်း ၀မ်းနည်းခြင်းတွေ မရှိတဲ့ စက်ရုပ်တစ်ရုပ်လို ရှင်သန်တတ်ပေမယ့် တကယ်တမ်းကျတော့ ... သူကိုယ်တိုင်လည်း အများကြီး ခံစားတတ်ရုံပါပဲ ။ မဖော်ပြတတ်ရုံပါ ။

    #ကျေးကို
    အေဘီသွေးပိုင်ရှင်လေးတွေဆိုတာ ... များသောအားဖြင့် အေးဆေးတည်ငြိမ်တယ် ။ ပြီးတော့ ... ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာမျိုးကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်တတ်ကြတယ် ။ စကားတွေ မလိုအပ်ပဲ အများတွေ မပြောတတ်ကြသလို အလိုက်သိတော့ သိပ်ပြီးတော့ ပြဿနာတွေ အများကြီး မရှိတတ်ဘူး ။ ဒါပေမယ့် ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ခေါင်းစားရတတ်တယ် ။ မိဘတွေ အပေါ် ဆိုးတာမျိုးမရှိဘူး...အလိုက်သိတယ် ကွက်ကျော်မြင်တတ်တယ် ။ အချစ်ခံရတဲ့ လူတန်းစားထဲမှာ မပါပေမယ့် အပြစ်တင်မခံရတဲ့ လူစားမျိုးပေါ့ ။ စကားလုံးတွေကို စဥ်းစားချင့်ချိန်ပြီး ပြောတတ်သလို ကိုယ့်ဖက်သူ့ဖက် နှစ်ဖက်မျှကြည့်တတ်တဲ့ မျက်လုံးတစ်စုံရှိတတ်ကြတယ် ။ သူတို့ရဲ့ အားသာချက်က လူတစ်ယောက်ကို ကြည့်လိုက်ရင် သူက ဘယ်လိုဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်တတ်ကြတာပါပဲ ။ အကဲခတ်နိုင်စွမ်းရှိတယ် မေးခွန်းတွေ အများကြီး မေးဖို့မလိုပဲ သိတတ်နိုင်စွမ်းရှိတယ် ။ သူ့ပုံစံက ဘယ်လိုမျိုးလဲလို့မေးရင် တစ်ထစ်ချကြီး သတ်သတ်မှတ်မှတ် ပြောပြလို့မရဘူး ။ သူက ပုတ်သင်ညိုလေးတစ်ကောင်လိုပဲ ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်စွမ်းရှိတယ် ။ သူဆိုးနေတာ ကောင်းနေတာတွေက တစ်ခါတစ်လေ မဖြစ်မနေမို့ဆိုတဲ့ အရာတွေကြောင့် ဖြစ်သွားတာတွေဟာ တကယ်ပဲ ရှိပါတယ် ။ များသောအားဖြင့် ပျော်နေတယ် မပျော်ဘူးဆိုတာကို စိတ်ထဲ သိပ်မထားတတ်သလို အဆင်ပြေတယ်ဆိုတဲ့စကားတစ်လုံးကို မကြာခဏ သုံးတတ်တဲ့ လူစားမျိုးပေါ့ ။ အပေါင်းအသင်း သိပ်များများစားစားမရှိဘူး ။ လူတွေကို သိပ်ပြီး အယုံအကြည်မရှိတတ်ဘူး ။ တစ်ခုခုကို အမြဲတမ်း လျှို့၀ှက်ထားသလို type မျိုး ။ ဘယ်တော့မှ စကားအကုန် မပြောတတ်သလို သူ ဘာဖြစ်နေလဲ သူကိုယ်တိုင်ပြောမှ သိနိုင်မယ့် လူတစ်ယောက်ပေါ့ ။ ရှေးရိုးဆန်တတ်တယ် ... ဒါမှမဟုတ် ပုံမှန်အတိုင်း ဖြတ်သန်းနေရတာကို သဘောကျတတ်တယ် ။ အလုပ်တစ်ခုလုပ်ရင် စေ့စေ့စပ်စပ်လုပ်တတ်တယ် ။ စာအုပ်ကြီးအတိုင်းလိုပဲ ။ အေဘီသွေးပိုင်ရှင်လေးတွေက ... ခံစားချက်တွေကို သိပ်ပြီး မဖော်ပြတတ်သလို သူဘာဖြစ်နေတယ် သိပ်ပြီးမပြောတတ်ကြဘူး ။ ဒီတော့ ဒေါသထွက်တယ်ဆိုပြီး မရှိသလောက်ကို ရှားတယ် ။ ဒါပေမယ့် သူ့အပေါ် သစ္စာတော့ မဖောက်နဲ့ပေါ့ ... သေသေချာချာမှတ်ထားပြီး အငြိုးတကြီးနဲ့ လက်စားချေတတ်တဲ့ လူတစ်ယောက်လေ ။ ဖြစ်နိုင်မယ်ဆိုရင် သူလိုက်လျောညီထွေ နေတတ်တာကို အ လိုက်တာဆိုပြီး မတွေးတာ ကောင်းတယ်။ ပျော်ခြင်း ၀မ်းနည်းခြင်းတွေ မရှိတဲ့ စက်ရုပ်တစ်ရုပ်လို ရှင်သန်တတ်ပေမယ့် တကယ်တမ်းကျတော့ ... သူကိုယ်တိုင်လည်း အများကြီး ခံစားတတ်ရုံပါပဲ ။ မဖော်ပြတတ်ရုံပါ ။ #ကျေးကို
    Like
    Care
    2
    · 0 Comments ·0 Shares ·39 Views
  • ချစ်တဲ့သူကိုသတိရတဲ့အခါ

    'ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ' လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့'မေတ္တာပို့ပါ' လို့ ဖြေပေးလိုက်ပါတယ်။

    ကိုယ်ချစ်တဲ့ သူတစ်ယောက်
    ~ အေးချမ်းပါစေ။
    ~ ဘေးအန္တာရယ်တွေက ဝေးပါစေ။
    ~ စိတ်မဆင်းရဲပါစေနဲ့။
    ~ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။
    ~ လုပ်ငန်းတွေ အောင်မြင်ပါစေ။
    ~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။
    ~ လူမိုက်တွေ ရန်ကဝေးပါစေ။
    ~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။
    စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။

    ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။

    ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကိုအသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့အကျိုးကို တကယ်ပင် ရရှိပါတယ်။

    'အချစ်' ရယ်လို့ဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကိုအကောင်းဆုံး ဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။

    ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။

    မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရှိပီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။

    မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။

    မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။

    အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။

    ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။

    ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ မေတ္တာပို့ပါ။

    -ဆရာမ ခင်နှင်းကြည်သာ၏ ချစ်တဲ့သူကိုသတိရတဲ့အခါ စာအုပ်မှ ကောက်နုတ်ချက် -
    ချစ်တဲ့သူကိုသတိရတဲ့အခါ 'ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ' လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့'မေတ္တာပို့ပါ' လို့ ဖြေပေးလိုက်ပါတယ်။ ကိုယ်ချစ်တဲ့ သူတစ်ယောက် ~ အေးချမ်းပါစေ။ ~ ဘေးအန္တာရယ်တွေက ဝေးပါစေ။ ~ စိတ်မဆင်းရဲပါစေနဲ့။ ~ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။ ~ လုပ်ငန်းတွေ အောင်မြင်ပါစေ။ ~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။ ~ လူမိုက်တွေ ရန်ကဝေးပါစေ။ ~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။ စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။ ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။ ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကိုအသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့အကျိုးကို တကယ်ပင် ရရှိပါတယ်။ 'အချစ်' ရယ်လို့ဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကိုအကောင်းဆုံး ဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။ ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။ မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရှိပီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။ မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။ မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။ အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။ ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။ ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ မေတ္တာပို့ပါ။ -ဆရာမ ခင်နှင်းကြည်သာ၏ ချစ်တဲ့သူကိုသတိရတဲ့အခါ စာအုပ်မှ ကောက်နုတ်ချက် -
    Like
    Care
    2
    · 0 Comments ·0 Shares ·43 Views
  • ဆေးဖက်ဝင်တဲ့ ငွေပန်းဥ ဖတ်ကြည့်ပေးပါ ရနံ့လေးကမွေးပြီးအပွင့်လေးကလှသ
    လောက် သူ့အစွမ်းက လည်းအံ့မခန်း
    __________________________________
    ~အရိုးနဲ့ ချဉ်ဆီကို အားဖြစ်စေတယ်
    ~အကိုက်အခဲ ပျောက်စေတယ်
    ~နို့ထွက်ခြင်းကိုအားပေးတယ်
    ~သွေးအားကောင်းစေတယ်
    ~ခါး ဒူး အရွတ်တွေကို အားဖြစ်စေတယ်
    ~ကျည်းပေါင်း သက်သာစေတယ်
    ~အနာ အကျက်မြန်စေတယ်
    ~သူ့အရသာက နည်းနည်း ပူ ချို စိမ့် စပ်
    ___________________________________
    ငွေပန်းဥကို ကြက်သွန်ဖြူနဲ့ ဟင်းခါးကျို
    သောက် တို့စား မြုပ်စား ***
    နှစ်ရှည်လများစွာ နာနေတဲ့ခါး ၉ရက်ထဲနဲ့
    သက်သာပျောက်ကင်းသွားတာလက်တွေ ပါ
    __________________________________
    ဒါ့အပြင်
    အဆိပ်အတောက်ရှိတဲ့ အင်းဆက်ပိုးမွား
    အကိုက်ခံရလျင်ဖြစ်စေ
    အဖု အကျိတ်ထွက်လျှင်ဖြစ်စေ
    ငွေပန်းဥကို သွေးလိမ်းပေး
    အနာကျက်မြန်စေပါတယ်
    *** နှစ်ဆွေးနာနေတဲ့ ခါး
    ငွေပန်းဥ ဟင်းခါးကျိုချက်စားတို့မြုပ်စား
    ခြင်းဖြင့် သက်သာပျောက်ကင်းကြပါစေ
    __________________________________
    #နွယ်မြစ်သစ်ပင်ဆေးဖက်ဝင်
    #ကျန်းမာရေး
    #𝐊𝐊𝐡𝐚𝐢
    #𝐊𝐊𝐡𝐚𝐢Tips
    #KnowledgeSharing
    ဆေးဖက်ဝင်တဲ့ ငွေပန်းဥ ဖတ်ကြည့်ပေးပါ👇👇👇 ရနံ့လေးကမွေးပြီးအပွင့်လေးကလှသ လောက် သူ့အစွမ်းက လည်းအံ့မခန်း __________________________________ ~အရိုးနဲ့ ချဉ်ဆီကို အားဖြစ်စေတယ် ~အကိုက်အခဲ ပျောက်စေတယ် ~နို့ထွက်ခြင်းကိုအားပေးတယ် ~သွေးအားကောင်းစေတယ် ~ခါး ဒူး အရွတ်တွေကို အားဖြစ်စေတယ် ~ကျည်းပေါင်း သက်သာစေတယ် ~အနာ အကျက်မြန်စေတယ် ~သူ့အရသာက နည်းနည်း ပူ ချို စိမ့် စပ် ___________________________________ ငွေပန်းဥကို ကြက်သွန်ဖြူနဲ့ ဟင်းခါးကျို သောက် တို့စား မြုပ်စား *** နှစ်ရှည်လများစွာ နာနေတဲ့ခါး ၉ရက်ထဲနဲ့ သက်သာပျောက်ကင်းသွားတာလက်တွေ ပါ __________________________________ 🎍 ဒါ့အပြင် အဆိပ်အတောက်ရှိတဲ့ အင်းဆက်ပိုးမွား အကိုက်ခံရလျင်ဖြစ်စေ အဖု အကျိတ်ထွက်လျှင်ဖြစ်စေ 🎍 ငွေပန်းဥကို သွေးလိမ်းပေး အနာကျက်မြန်စေပါတယ် *** နှစ်ဆွေးနာနေတဲ့ ခါး 🎍 ငွေပန်းဥ ဟင်းခါးကျိုချက်စားတို့မြုပ်စား ခြင်းဖြင့် သက်သာပျောက်ကင်းကြပါစေ __________________________________ #နွယ်မြစ်သစ်ပင်ဆေးဖက်ဝင် #ကျန်းမာရေး #𝐊𝐊𝐡𝐚𝐢 #𝐊𝐊𝐡𝐚𝐢Tips #KnowledgeSharing
    Like
    Care
    2
    · 0 Comments ·0 Shares ·31 Views
  • ချစ်တယ် ဆိုတာ
    မချစ်တော့မည့်အချိန်
    မရောက်သေးခင် အထိပါပဲ...

    ခင်မင်တယ် ဆိုတာ
    မခင်နိုင်တော့တဲ့အချိန်
    မရောက်သေးခင် အထိပါပဲ...

    သည်းခံနိုင်တယ် ဆိုတာ
    သည်းမခံနိုင်တဲ့အချိန်
    မရောက်သေးခင် အထိပါပဲ...

    ချစ်ခြင်း မုန်းခြင်း
    ခင်မင်ခြင်း မခင်မင်ခြင်း
    စသည်သည်ဖြင့် အရာရာဟာ
    ကုန်ဆုံးချိန်ဆိုတာ ရှိစမြဲမို့

    မျှတသော အတွေး
    မျှတသော အမြင်
    ယောနိသောမနသီကာရဖြစ်အောင်
    မိမိစိတ်ကို ဆုံးမနေရင်
    အဲ့ဒါတွေနဲ့ကြုံလာတဲ့အခါ
    ဆိုးရွားစွာ
    မပူလောင်တော့ဘူးပေါ့.....

    အရာရာဟာ
    ဖြစ်ပြီးရင် ပျက်ရစမြဲပါပဲ......
    Crd
    ချစ်တယ် ဆိုတာ မချစ်တော့မည့်အချိန် မရောက်သေးခင် အထိပါပဲ... ခင်မင်တယ် ဆိုတာ မခင်နိုင်တော့တဲ့အချိန် မရောက်သေးခင် အထိပါပဲ... သည်းခံနိုင်တယ် ဆိုတာ သည်းမခံနိုင်တဲ့အချိန် မရောက်သေးခင် အထိပါပဲ... ချစ်ခြင်း မုန်းခြင်း ခင်မင်ခြင်း မခင်မင်ခြင်း စသည်သည်ဖြင့် အရာရာဟာ ကုန်ဆုံးချိန်ဆိုတာ ရှိစမြဲမို့ မျှတသော အတွေး မျှတသော အမြင် ယောနိသောမနသီကာရဖြစ်အောင် မိမိစိတ်ကို ဆုံးမနေရင် အဲ့ဒါတွေနဲ့ကြုံလာတဲ့အခါ ဆိုးရွားစွာ မပူလောင်တော့ဘူးပေါ့..... အရာရာဟာ ဖြစ်ပြီးရင် ပျက်ရစမြဲပါပဲ...... 🍂 Crd
    Care
    1
    · 0 Comments ·0 Shares ·39 Views
  • သူက အေသွေးပိုင်ရှင်လေးလေ ...

    စကားပြောရင် သိပ်ပြီးတော့ အားမနာတတ်ဘူး ဒါပေမယ့် ပြောခဲတယ် ။ စကားနည်းတာ မဟုတ်ဘူးနော် ကိုယ့်အပေါ် မကောင်းတာ လုပ်လာရင်တောင် တစ်ဖက်လူ ထိခိုက်နစ်နာသွားမှာစ်ိုးတဲ့ စိတ်နဲ့ တော်ရုံတန်ရုံ သိပ်မပြောတတ်ကြဘူး ။ ပြောပြီဟေ့ဆိုရင်လည်း အဲ့ဒီဆက်ဆံရေးက သေချာပေါက် အလဲအကွဲပါပဲ ဆက်ရန်မရှိတော့တာမျိုးလေ။

    အပေါင်းအသင်းမင်တတ်တယ် ... ကလေးဆန်တတ်တယ် ။ အလိုလိုက်ခံရတာ အချစ်ခံရတာကို သဘောကျတယ် ။ သူ့ကို ဦးစားပေးတဲ့ အရပ်မှာမှ ပျော်နေတတ်တဲ့ ကလေးဆိုးလေးပါပဲ ။ ကိုယ့်ထက် တခြားတစ်ယောက်ကို ဦးစားပေးနေရင် အူတိုတတ်တဲ့ လူစားမျိုးပေါ့ ။ သူ ငါ့ကို ဂရုမစိုက်တော့ဘူး ပြီးတော့ မချစ်တော့ဘူးဆိုတာမျိုးတွေထိပါ တွေးနေတတ်ကြတာ ။

    အဲ့ဒီ အေသွေးပိုင်ရှင်လေးကလေ ... နှလုံးသားမှ အခန်းတစ်ခု အပိုပါတယ်ထင်ပါတယ် ။ ဒဏ်ရာတွေကို သိမ်းထားဖို့ ပြီးတော့ ပြောစရာစကားတွေကို မြိုသိပ်ထားဖို့ နှလုံးသားမှာ အခန်းတစ်ခုအပိုပါတယ်ထင်ပါတယ် ။ သူ ဘာဖြစ်နေလဲ ဘာတွေးနေလဲ တော်ရုံတန်ရုံ မသိရတတ်သလို တစ်ခါတစ်လေ အဆင်ပြေပါတယ်ပြောပြီး မျက်ရည်တွေကျချင် ကျနေတတ်သလို တစ်ခါတစ်လေ ငိုနေရင်းက ထရီချင် ရီနေတတ်တာမျိုးပေါ့ ။ ဟန်ဆောင်တတ်တဲ့ လူတစ်ယောက်မဟုတ်ပေမယ့် ဘယ်ဒဏ်ရာကိုမဆို သူက သိမ်းထားတတ်တာ ။

    အားနည်းချက်လား ... ဒါမှမဟုတ် ပုံစံလားတော့ မပြောတတ်ဘူး ။ စိတ်ပါရင် ဘယ်အရာကိုမဆို ဖြစ်မြောက်အောင် လုပ်နိုင်သလောက် စိတ်များမ၀င်စားရင် ဘယ်အရာပဲဖြစ်ဖြစ် လှည့်မကြည့်တတ်ကြဘူး ။ သူတို့အတွေးဟာ သူတို့ရဲ့ ဘ၀ပဲ ။ ဒါဖြစ်ချင်တယ် ဒါဖြစ်ရမှ ဒါလိုချင်တယ် မရရအောင် ယူတတ်သလို မဖြစ်ဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ် ။ မဖြစ်နိုင်သေးဘူးဆိုရင်တောင်သေချာပေါက် သိမ်းထားတတ်ကြတယ် ။

    အဲ့ဒီ အေသွေးပိုင်ရှင်လေးကိုလေ ခန့်မှန်းလို့မရဘူး ပြီးတော့ ချုပ်ချယ်လို့မရဘူး ... ပြောပြပေးလို့ပဲရတယ် ။ ဒါမလုပ်နဲ့ဆိုရင် သူက ပိုပြီးလုပ်ချင်တာမျိုးပေါ့ ။ မသွားနဲ့ဆို ခိုးပြီးသွားတာမျိုး မစားနဲ့ဆို မသိအောင် စားပြီးသွားတာမျိုးလေ ။ စကားချိုချိုလေးတွေ သဘောကျတယ် ကောင်းကောင်းပြောရင် သေချာပေါက်နားလည်တယ် သူကိုယ်တိုင်က မလုပ်တော့ဘူးဆိုတာတော့ ယုံပါ ။

    ဒဏ်ရာတွေကို ဖုံးပြီး ပြုံးတတ်တာလေးက လွဲလို့ ... အဆင်ပြေတယ်ဆိုတဲ့စကားကို သုံးပြီး နှုတ်ဆိတ်နေတာကလွဲလို့... အဆင်ပြေအောင် တကယ်ပဲ နေတတ်ပါတယ် ။ သူကိုယ်တိုင် ဂရုမစိုက်တော့ရင်တောင် သူ့ဘေးနားက လူတိုင်းကို ဂရုစိုက်နေရင်း အချိန်တွေ ဖြုန်းနေလိမ့်မယ် ။ သူ့ကိုယ်သူအတွက် မတွေးရင်တောင် သူချစ်တဲ့ လူတိုင်းအတွက်တွေးပေးရင် အချိန်တွေ ကုန်နေလိမ့်မယ် ။ နောက်ဆုံး ... တကယ်ပဲ နာကျင်နေတဲ့အခါ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေနေလိမ့်မယ် ။

    #ကျေးကို
    သူက အေသွေးပိုင်ရှင်လေးလေ ... စကားပြောရင် သိပ်ပြီးတော့ အားမနာတတ်ဘူး ဒါပေမယ့် ပြောခဲတယ် ။ စကားနည်းတာ မဟုတ်ဘူးနော် ကိုယ့်အပေါ် မကောင်းတာ လုပ်လာရင်တောင် တစ်ဖက်လူ ထိခိုက်နစ်နာသွားမှာစ်ိုးတဲ့ စိတ်နဲ့ တော်ရုံတန်ရုံ သိပ်မပြောတတ်ကြဘူး ။ ပြောပြီဟေ့ဆိုရင်လည်း အဲ့ဒီဆက်ဆံရေးက သေချာပေါက် အလဲအကွဲပါပဲ ဆက်ရန်မရှိတော့တာမျိုးလေ။ အပေါင်းအသင်းမင်တတ်တယ် ... ကလေးဆန်တတ်တယ် ။ အလိုလိုက်ခံရတာ အချစ်ခံရတာကို သဘောကျတယ် ။ သူ့ကို ဦးစားပေးတဲ့ အရပ်မှာမှ ပျော်နေတတ်တဲ့ ကလေးဆိုးလေးပါပဲ ။ ကိုယ့်ထက် တခြားတစ်ယောက်ကို ဦးစားပေးနေရင် အူတိုတတ်တဲ့ လူစားမျိုးပေါ့ ။ သူ ငါ့ကို ဂရုမစိုက်တော့ဘူး ပြီးတော့ မချစ်တော့ဘူးဆိုတာမျိုးတွေထိပါ တွေးနေတတ်ကြတာ ။ အဲ့ဒီ အေသွေးပိုင်ရှင်လေးကလေ ... နှလုံးသားမှ အခန်းတစ်ခု အပိုပါတယ်ထင်ပါတယ် ။ ဒဏ်ရာတွေကို သိမ်းထားဖို့ ပြီးတော့ ပြောစရာစကားတွေကို မြိုသိပ်ထားဖို့ နှလုံးသားမှာ အခန်းတစ်ခုအပိုပါတယ်ထင်ပါတယ် ။ သူ ဘာဖြစ်နေလဲ ဘာတွေးနေလဲ တော်ရုံတန်ရုံ မသိရတတ်သလို တစ်ခါတစ်လေ အဆင်ပြေပါတယ်ပြောပြီး မျက်ရည်တွေကျချင် ကျနေတတ်သလို တစ်ခါတစ်လေ ငိုနေရင်းက ထရီချင် ရီနေတတ်တာမျိုးပေါ့ ။ ဟန်ဆောင်တတ်တဲ့ လူတစ်ယောက်မဟုတ်ပေမယ့် ဘယ်ဒဏ်ရာကိုမဆို သူက သိမ်းထားတတ်တာ ။ အားနည်းချက်လား ... ဒါမှမဟုတ် ပုံစံလားတော့ မပြောတတ်ဘူး ။ စိတ်ပါရင် ဘယ်အရာကိုမဆို ဖြစ်မြောက်အောင် လုပ်နိုင်သလောက် စိတ်များမ၀င်စားရင် ဘယ်အရာပဲဖြစ်ဖြစ် လှည့်မကြည့်တတ်ကြဘူး ။ သူတို့အတွေးဟာ သူတို့ရဲ့ ဘ၀ပဲ ။ ဒါဖြစ်ချင်တယ် ဒါဖြစ်ရမှ ဒါလိုချင်တယ် မရရအောင် ယူတတ်သလို မဖြစ်ဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ် ။ မဖြစ်နိုင်သေးဘူးဆိုရင်တောင်သေချာပေါက် သိမ်းထားတတ်ကြတယ် ။ အဲ့ဒီ အေသွေးပိုင်ရှင်လေးကိုလေ ခန့်မှန်းလို့မရဘူး ပြီးတော့ ချုပ်ချယ်လို့မရဘူး ... ပြောပြပေးလို့ပဲရတယ် ။ ဒါမလုပ်နဲ့ဆိုရင် သူက ပိုပြီးလုပ်ချင်တာမျိုးပေါ့ ။ မသွားနဲ့ဆို ခိုးပြီးသွားတာမျိုး မစားနဲ့ဆို မသိအောင် စားပြီးသွားတာမျိုးလေ ။ စကားချိုချိုလေးတွေ သဘောကျတယ် ကောင်းကောင်းပြောရင် သေချာပေါက်နားလည်တယ် သူကိုယ်တိုင်က မလုပ်တော့ဘူးဆိုတာတော့ ယုံပါ ။ ဒဏ်ရာတွေကို ဖုံးပြီး ပြုံးတတ်တာလေးက လွဲလို့ ... အဆင်ပြေတယ်ဆိုတဲ့စကားကို သုံးပြီး နှုတ်ဆိတ်နေတာကလွဲလို့... အဆင်ပြေအောင် တကယ်ပဲ နေတတ်ပါတယ် ။ သူကိုယ်တိုင် ဂရုမစိုက်တော့ရင်တောင် သူ့ဘေးနားက လူတိုင်းကို ဂရုစိုက်နေရင်း အချိန်တွေ ဖြုန်းနေလိမ့်မယ် ။ သူ့ကိုယ်သူအတွက် မတွေးရင်တောင် သူချစ်တဲ့ လူတိုင်းအတွက်တွေးပေးရင် အချိန်တွေ ကုန်နေလိမ့်မယ် ။ နောက်ဆုံး ... တကယ်ပဲ နာကျင်နေတဲ့အခါ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေနေလိမ့်မယ် ။ #ကျေးကို
    Care
    1
    · 0 Comments ·0 Shares ·43 Views
  • ဘီသွေးပိုင်ရှင်လေးကို ချစ်မိရင် ...

    အရင်ဆုံး သူ့စိတ်ကို နားလည်ပေးဖို့ လိုတယ်မဟုတ်လား ... အရင်ဆုံး သူ့ပုံစံလေးကို သိထားဖို့ လိုတယ် မဟုတ်လား ... ဘီသွေးပိုင်ရှင်လေးတွေကလေ ခရုလေးတွေနဲ့ တူတယ် အပေါ်ယံ မာကျောချင်ယောင် ဆောင်ထားသလောက် တကယ်တမ်းကျတော့ အရမ်းကို နူးညံ့တတ်တာမျိုးလေ ။ သူ့အကြောင်းကို မသိရင် အရမ်းကို သန်မာနေသလိုမျိုး ပြီးတော့ အရမ်းကို ရင့်ကျက်နေသလိုမျိုးပေါ့ တကယ်တမ်းကျတော့ သိပ်အားငယ်တတ်တာ ။

    ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားတွေ သုံးတတ်သလောက် ဘယ်အရာကိုမဆို စိတ်ထဲ နှစ်ထားတတ်တဲ့ လူစားမျိုးပေါ့ ။ သေးသေးလေးကအစ အရာအားလုံးကို နှလုံးသားနဲ့ ခံစားလိုက်တာမျိုးပေါ့ ။ ပြီးတော့ ဟင့်အင်း မတွေးပါဘူး ဘာမှ ဖြစ်မနေပါဘူးဆိုတဲ့ စကားကို သုံးတယ် ။ သူတို့က အမှတ်သိပ်ကြီးတာနော် လက်စားချေဖို့လည်း မဟုတ်ဘူး အငြိုးထားတတ်လို့လည်း မဟုတ်ဘူး ဒီအတိုင်းပဲ ဘယ်အရာကိုမဆို လွယ်လွယ်လေး မေ့မသွားတတ်ကြတာ များသောအားဖြင့် ပျော်စရာ အမှတ်တရကိုပဲဖြစ်ဖြစ် နာကျင်စရာ အတိတ်ကိုပဲ ဖြစ်ဖြစ် ဘယ်တုန်းကလေဆိုပြီး အစအဆုံးပြန်ပြောပြနိုင်တဲ့အထိကို သူတို့ရဲ့ အမှတ်သင်္ညာက ကြီးလွန်းတယ် ။

    တကယ်လို့ သူသိပ်ချစ်မိသွားရင် ... ဘယ်အရာကိုမဆို ဂရုစိုက်တတ်သလောက် သေးသေးမွှားမွှားလေးတွေကအစ နာကျင်ကောင်းနာကျင်နေတတ်လိမ့်မယ် ။ အများကြီး နားလည်ပေးချင်သလောက် အများကြီးလည်း သ၀န်တိုတတ်သေးတာလေ ။ ဒါပေမယ့် နားလည်မပေးနိုင်ဘူးဆိုပြီး အထင်ခံရမှာလည်း သိပ်ကြောက်တော့ များသောအားဖြင့် နားလည်ပေးဖြစ်တာများပါတယ် ။ နောက်မှ ဘယ်သူမှ မသိအောင် ကြေကွဲတတ်တယ် ဆိုပါတော့ ။

    အဲ့ဒီဘီသွေးပိုင်ရှင်လေးကလေ ... သိပ်အားငယ်တတ်တာကော သိရဲ့လား ... သူငယ်ချင်းတွေကြားမှာ အပေါင်းအသင်းတွေကြားမှာ အလုပ်ခွင်မှာ ဘယ်ပြဿနာကိုမဆို သူ့ဆီပဲ ရင်လာဖွင့်တတ်ကြတယ် သူ့ကိုပဲ တိုင်ပင်တတ်ကြတယ် ။ ဒါပေမယ့် သူကိုယ်တိုင်ကျ ဘာမှ သိပ်ပြီးမပြောပြတတ်ဘူး ။ တကယ်လို့ မင်းကို ချစ်မိသွားပြီဆိုရင်တော့ အဲ့ဒီ ရင့်ကျက်တာတွေ သန်မာတာတွေ အားလုံးကို အဲ့ဒီ ဘီသွေးပိုင်ရှင်လေးက ခဝါချပြီး မင်းရှေ့မှာ ကလေးဆန်ချင် ဆန်နေမှာ ။ နားလည်ပေးနိုင်မှာလား ဒါမှမဟုတ် အပြစ်တင်နေမှာလား ။ တခြားသူအမြင်မှာ ရင့်ကျက်တယ်လို့ ထင်ခံရသလောက် သူကိုယ်တိုင်က တကယ်တမ်းကျတော့ ပျော့ညံ့ပါတယ် မြိုသိပ်တတ်တယ်ဆိုရုံလောက်ပဲရှိတာ ။

    နောက်ပြီး သိပ်အားနာတတ်တာ ။ အဲ့ဒီဒဏ်တွေကိုကော ခံနိုင်ရည်ရှိပါ့မလား ... ပြောရမယ်ဆိုရင် သူ့ဆီမှာ အပူတွေအများကြီး ရှိနေလိမ့်မယ် ပြဿနာတွေ အများကြီးရှိနေလိမ့်မယ် ဒါပေမယ့် အဲ့တာတွေကလေ သူဖန်တီးခဲ့တာ တစ်ခုမှ မပါဘူးနော် ။ သူက ဓားခုတ်ရာကို လက်၀င်လျှိုမိလိုက်သလိုမျိုး ပြဿနာက သူ့ကို တကူးတက မီးထွန်းရှာခံရတဲ့ လူစားမျိုးပေါ့ ။ အဲ့ဒီ အားနာတတ်တဲ့စိတ် သနားတတ်တဲ့စိတ် ငဲ့ညှာတတ်လွန်းတဲ့ စိတ်တွေကြောင့် မကြာခဏဆိုသလို သူ့မှာ ခက်ခဲနေရတာ သူချည်းသက်သက်ဆို သူက အဆင်ပြေအောင် သေချာပေါက် နေတတ်ပါတယ် ။ မင်း သည်းခံနိုင်ပါ့မလား ။

    ဘီသွေးပိုင်ရှင်လေးကို ချစ်မိပြီဆိုရင်လေ ... လူနှစ်ယောက်ကို တစ်ပြိုင်တည်းချစ်နေရသလိုမျိုး ဖြစ်နေလိမ့်မယ် ။ တစ်ခါတစ်လေ အရမ်းကလေးဆန်နေလိမ့်မယ် အရမ်းချွဲနေလိမ့်မယ် အရမ်းပျော့ညံ့နေလိမ့်မယ် တကယ့်ကလေးလေးတစ်ယောက်လိုမျိုးပေါ့ ။ တကယ်လို့ ကိုယ်တစ်ခုခုဖြစ်ရင် သူက ကိုယ့်ထက်ပိုပြီး ရင့်ကျက်နေလိမ့်မယ် လူကြီးတစ်ယောက်လိုမျိုး လမ်းပြပေးလိမ့်မယ် ။ ပြီးတော့ ဆုံးမသြဝါဒတွေ အများကြီး ချွေလိမ့်မယ် ။ စဥ်းစားနော် ... ဘီသွေးပိုင်ရှင်လေးကို ချစ်မယ်ဆိုရင် သေချာလေး စဥ်းစားနော် ။

    သေချာပေါက် အများကြီး ချစ်ခံရမယ် အများကြီး ဂရုစိုက်ခံရမယ် ဂရုစိုက်လွန်းလို့ တစ်ခါတစ်လေကျ နေရတောင် ကျပ်ချင် ကျပ်နေဦးမှာ ။ တစ်ခုတော့ ... စိတ်ပူရတယ် သူက နာကျင်စရာတွေကို အများကြီးသိမ်းထားတဲ့လူမို့ တစ်ခါတစ်လေကျ အများကြီး မြိုသိပ်ထားလိမ့်မယ် လျှို့၀ှက်ချက်တွေ အများကြီး ရှိလိမ့်မယ် ဒါပေမယ့်အဲ့ဒါဟာ လိမ်ညာချင်လို့ဆိုတာမျိုး မဟုတ်ဘူးနော် မနာကျင်စေချင်လို့ ဖွင့်မပြောတာလောက်ပဲ ။ မလွယ်ဘူး အဲ့ဒီ ဘီသွေးပိုင်ရှင်လေးက ... သူ့ကို ချစ်ဖို့ဆို အများကြီး နားလည်ပေးနိုင်မှပဲ ဖြစ်လိမ့်မယ် ။

    #ကျေးကို
    ဘီသွေးပိုင်ရှင်လေးကို ချစ်မိရင် ... အရင်ဆုံး သူ့စိတ်ကို နားလည်ပေးဖို့ လိုတယ်မဟုတ်လား ... အရင်ဆုံး သူ့ပုံစံလေးကို သိထားဖို့ လိုတယ် မဟုတ်လား ... ဘီသွေးပိုင်ရှင်လေးတွေကလေ ခရုလေးတွေနဲ့ တူတယ် အပေါ်ယံ မာကျောချင်ယောင် ဆောင်ထားသလောက် တကယ်တမ်းကျတော့ အရမ်းကို နူးညံ့တတ်တာမျိုးလေ ။ သူ့အကြောင်းကို မသိရင် အရမ်းကို သန်မာနေသလိုမျိုး ပြီးတော့ အရမ်းကို ရင့်ကျက်နေသလိုမျိုးပေါ့ တကယ်တမ်းကျတော့ သိပ်အားငယ်တတ်တာ ။ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားတွေ သုံးတတ်သလောက် ဘယ်အရာကိုမဆို စိတ်ထဲ နှစ်ထားတတ်တဲ့ လူစားမျိုးပေါ့ ။ သေးသေးလေးကအစ အရာအားလုံးကို နှလုံးသားနဲ့ ခံစားလိုက်တာမျိုးပေါ့ ။ ပြီးတော့ ဟင့်အင်း မတွေးပါဘူး ဘာမှ ဖြစ်မနေပါဘူးဆိုတဲ့ စကားကို သုံးတယ် ။ သူတို့က အမှတ်သိပ်ကြီးတာနော် လက်စားချေဖို့လည်း မဟုတ်ဘူး အငြိုးထားတတ်လို့လည်း မဟုတ်ဘူး ဒီအတိုင်းပဲ ဘယ်အရာကိုမဆို လွယ်လွယ်လေး မေ့မသွားတတ်ကြတာ များသောအားဖြင့် ပျော်စရာ အမှတ်တရကိုပဲဖြစ်ဖြစ် နာကျင်စရာ အတိတ်ကိုပဲ ဖြစ်ဖြစ် ဘယ်တုန်းကလေဆိုပြီး အစအဆုံးပြန်ပြောပြနိုင်တဲ့အထိကို သူတို့ရဲ့ အမှတ်သင်္ညာက ကြီးလွန်းတယ် ။ တကယ်လို့ သူသိပ်ချစ်မိသွားရင် ... ဘယ်အရာကိုမဆို ဂရုစိုက်တတ်သလောက် သေးသေးမွှားမွှားလေးတွေကအစ နာကျင်ကောင်းနာကျင်နေတတ်လိမ့်မယ် ။ အများကြီး နားလည်ပေးချင်သလောက် အများကြီးလည်း သ၀န်တိုတတ်သေးတာလေ ။ ဒါပေမယ့် နားလည်မပေးနိုင်ဘူးဆိုပြီး အထင်ခံရမှာလည်း သိပ်ကြောက်တော့ များသောအားဖြင့် နားလည်ပေးဖြစ်တာများပါတယ် ။ နောက်မှ ဘယ်သူမှ မသိအောင် ကြေကွဲတတ်တယ် ဆိုပါတော့ ။ အဲ့ဒီဘီသွေးပိုင်ရှင်လေးကလေ ... သိပ်အားငယ်တတ်တာကော သိရဲ့လား ... သူငယ်ချင်းတွေကြားမှာ အပေါင်းအသင်းတွေကြားမှာ အလုပ်ခွင်မှာ ဘယ်ပြဿနာကိုမဆို သူ့ဆီပဲ ရင်လာဖွင့်တတ်ကြတယ် သူ့ကိုပဲ တိုင်ပင်တတ်ကြတယ် ။ ဒါပေမယ့် သူကိုယ်တိုင်ကျ ဘာမှ သိပ်ပြီးမပြောပြတတ်ဘူး ။ တကယ်လို့ မင်းကို ချစ်မိသွားပြီဆိုရင်တော့ အဲ့ဒီ ရင့်ကျက်တာတွေ သန်မာတာတွေ အားလုံးကို အဲ့ဒီ ဘီသွေးပိုင်ရှင်လေးက ခဝါချပြီး မင်းရှေ့မှာ ကလေးဆန်ချင် ဆန်နေမှာ ။ နားလည်ပေးနိုင်မှာလား ဒါမှမဟုတ် အပြစ်တင်နေမှာလား ။ တခြားသူအမြင်မှာ ရင့်ကျက်တယ်လို့ ထင်ခံရသလောက် သူကိုယ်တိုင်က တကယ်တမ်းကျတော့ ပျော့ညံ့ပါတယ် မြိုသိပ်တတ်တယ်ဆိုရုံလောက်ပဲရှိတာ ။ နောက်ပြီး သိပ်အားနာတတ်တာ ။ အဲ့ဒီဒဏ်တွေကိုကော ခံနိုင်ရည်ရှိပါ့မလား ... ပြောရမယ်ဆိုရင် သူ့ဆီမှာ အပူတွေအများကြီး ရှိနေလိမ့်မယ် ပြဿနာတွေ အများကြီးရှိနေလိမ့်မယ် ဒါပေမယ့် အဲ့တာတွေကလေ သူဖန်တီးခဲ့တာ တစ်ခုမှ မပါဘူးနော် ။ သူက ဓားခုတ်ရာကို လက်၀င်လျှိုမိလိုက်သလိုမျိုး ပြဿနာက သူ့ကို တကူးတက မီးထွန်းရှာခံရတဲ့ လူစားမျိုးပေါ့ ။ အဲ့ဒီ အားနာတတ်တဲ့စိတ် သနားတတ်တဲ့စိတ် ငဲ့ညှာတတ်လွန်းတဲ့ စိတ်တွေကြောင့် မကြာခဏဆိုသလို သူ့မှာ ခက်ခဲနေရတာ သူချည်းသက်သက်ဆို သူက အဆင်ပြေအောင် သေချာပေါက် နေတတ်ပါတယ် ။ မင်း သည်းခံနိုင်ပါ့မလား ။ ဘီသွေးပိုင်ရှင်လေးကို ချစ်မိပြီဆိုရင်လေ ... လူနှစ်ယောက်ကို တစ်ပြိုင်တည်းချစ်နေရသလိုမျိုး ဖြစ်နေလိမ့်မယ် ။ တစ်ခါတစ်လေ အရမ်းကလေးဆန်နေလိမ့်မယ် အရမ်းချွဲနေလိမ့်မယ် အရမ်းပျော့ညံ့နေလိမ့်မယ် တကယ့်ကလေးလေးတစ်ယောက်လိုမျိုးပေါ့ ။ တကယ်လို့ ကိုယ်တစ်ခုခုဖြစ်ရင် သူက ကိုယ့်ထက်ပိုပြီး ရင့်ကျက်နေလိမ့်မယ် လူကြီးတစ်ယောက်လိုမျိုး လမ်းပြပေးလိမ့်မယ် ။ ပြီးတော့ ဆုံးမသြဝါဒတွေ အများကြီး ချွေလိမ့်မယ် ။ စဥ်းစားနော် ... ဘီသွေးပိုင်ရှင်လေးကို ချစ်မယ်ဆိုရင် သေချာလေး စဥ်းစားနော် ။ သေချာပေါက် အများကြီး ချစ်ခံရမယ် အများကြီး ဂရုစိုက်ခံရမယ် ဂရုစိုက်လွန်းလို့ တစ်ခါတစ်လေကျ နေရတောင် ကျပ်ချင် ကျပ်နေဦးမှာ ။ တစ်ခုတော့ ... စိတ်ပူရတယ် သူက နာကျင်စရာတွေကို အများကြီးသိမ်းထားတဲ့လူမို့ တစ်ခါတစ်လေကျ အများကြီး မြိုသိပ်ထားလိမ့်မယ် လျှို့၀ှက်ချက်တွေ အများကြီး ရှိလိမ့်မယ် ဒါပေမယ့်အဲ့ဒါဟာ လိမ်ညာချင်လို့ဆိုတာမျိုး မဟုတ်ဘူးနော် မနာကျင်စေချင်လို့ ဖွင့်မပြောတာလောက်ပဲ ။ မလွယ်ဘူး အဲ့ဒီ ဘီသွေးပိုင်ရှင်လေးက ... သူ့ကို ချစ်ဖို့ဆို အများကြီး နားလည်ပေးနိုင်မှပဲ ဖြစ်လိမ့်မယ် ။ #ကျေးကို
    Care
    1
    · 0 Comments ·0 Shares ·43 Views
  • အိုသွေးပိုင်ရှင်လေးတွေ အနီးအနားမှာရှိရင် ... နည်းနည်းတော့ ခေါင်းစားရမယ်ထင်တယ် ။ သူ့ပုံစံက ရိုးရှင်းတယ်ထင်ရသလောက် တစ်ခါတစ်လေကျတော့ နားလည်ဖို့မလွယ်လောက်အောင် ခက်ခဲတယ် ။ အထိ အရှလွယ်တယ် အမှတ်အတေးကြီးတယ် ။ သေချာတာတစ်ခုက စိတ်ဆိုးအောင် ဘယ်လောက်ပဲ စနေပါစေ ပြုံးပြုံးလေးပဲ ပြီးတော့ ပျော်ပျော်လေးပဲ ဒါပေမယ့် စိတ်တော့ နာမသွားစေနဲ့ပေါ့ သူတို့တွေက စိတ်နာသွားရင် တကယ်ကိုပဲ ပြတ်သားသွားတတ်တာ ။ စိတ်ထဲ ရှိနေပါစေ အဲ့ဒီလူကို ပြန်လှည့်မကြည့်တတ်ဘူး အဲ့ဒီနေရာကို ဘယ်တော့မှ ပြန်မသွားတတ်ဘူး ။

    တစ်ခါတစ်လေကျတော့ တွေဝေတတ်တယ် ။ အဲ့ဒီ အိုသွေးပိုင်ရှင်လေးကလေ တစ်ခုခုကို ဆုံးဖြတ်ချက်မချခင် အချစ်ရဆုံးလူတွေ အားအကိုးမိတဲ့လူတွေကို တိုင်ပင်တတ်တယ် ။ အဲ့ဒီအချိန်လေးပဲ ... ဆုံးဖြတ်ချက်ချပြီးသွားရင်တော့ ပြန်မပြင်တတ်တော့ဘူး ။ အလုပ်တစ်ခုကို တစ်စိုက်မတ်မတ်လုပ်တတ်တယ် ... စိတ်ခံစားချက်ထက် ဖြစ်သင့်တာကို ဦးစားပေးတတ်တယ် ။ များသောအားဖြင့် ... တစ်ယောက်တည်း ရှင်သန်နေတာမျိုး များတယ် ။ ပျော်တယ် မပျော်ဘူးဆိုတာထက် ဒီအရာက အဆင်ပြေမယ်ထင်ရင် ဦးစားပေးတတ်တာများတယ်။

    အဲ့ဒီ အိုသွေးပိုင်ရှင်လေးကလေ ... သိပ်ပြီးတော့လည်း ဒေါသကြီးတာ ။ တစ်ခုခု အမြင်မကြည်ရင် အော်မယ် ငေါက်မယ် ပြီးရင် ငါ ပြောတာ မှားသွားပြီလားဆိုတဲ့အတွေးနဲ့ သူပဲ စိတ်မကောင်းတွေ ဖြစ်နေတတ်တဲ့ လူစားမျိုးပေါ့ ။ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေရင် ကူညီဖို့ ၀န်မလေးဘူး ။ တစ်ဇွတ်ထိုး နည်းနည်းလေး ဆန်တဲ့ သူ့အတွက် သေချာပေါက်ကို ထိန်းနိုင်သိမ်းနိုင်မယ့် လူတစ်ယောက်တော့ လိုပါတယ်။

    အိုသွေးပိုင်ရှင်လေးကို ချစ်မိသွားမယ်ဆိုရင် နည်းနည်းလေးမဟုတ်ဘူး သူ့ရဲ့ပုံစံကို အများကြီး နားလည်ရမယ် ။ ကိုယ်က သူ့ထက် ပိုရင့်ကျက်နေမှ ရမယ် ။ ကလေးဆိုးကြီးတစ်ယောက်လိုမျိုး တဇွတ်ထိုး ဆန်တတ်သလို ... ဒေါသတွေထွက် တစ်ခါတစ်လေကျ ပြောချင်ရာတွေ ပြောနေတတ်တာ အဲ့ဒီအရာကို မငြိုငြင်မိသွားဖို့လိုမယ် အများကြီး အလိုမလိုက်မိဖို့ လိုတယ် ။

    တစ်ခုခုအဆင်မပြေတော့ဘူးဆိုရင် အရမ်းသိသာတာ ။ စကားတွေ အများကြီးပြောတတ်တဲ့ နှုတ်ခမ်းက တိတ်ဆိတ်လို့ ဘယ်နေရာမှာ ထိုးအိပ်နေရမလဲဆိုတာလောက် နေရာရှာတတ်တဲ့ လူမျိုးလေ ။ လူအများကြီးကြားမှာနေရင် စိတ်ရှုပ် ခေါင်းရှုပ်လာတတ်သလို ကီးသိပ်မကိုက်ဘူးထင်ရင် သူကချည်း ဘုနဲ့ဘောက် ထပြီးပြောတတ်တဲ့ လူမျိုးပေါ့ ။ သေချာတာကတော့ အဲ့ဒီ အိုသွေးပိုင်ရှင်လေးချစ်ရင် သေချာပေါက် ကံကောင်းတယ်လို့ မှတ်ပါ ။

    ပြိုလဲမယ် ကလေးလိုဆိုးမယ် အများကြီး ရင့်ကျက်မယ် ဒါပေမယ့် ဘယ်တော့မှတော့ တွဲထားတဲ့လက်ကို သူ့ဖက်က ဦးအောင် စလည်းမဖြုတ်ဘူး လူတစ်ယောက်ကို ချစ်မိသွားတာနဲ့ အဲ့ဒီလူအတွက် ဘာမဆို ဖြည့်ဆည်းပေးချင်တာမျိုးပေါ့ ။ တစ်ခုပဲ ရရင်ရသလောက် သုံးတတ်တဲ့ အဲ့ဒီ အိုသွေးပိုင်ရှင်လေးက အရမ်းပဲ လက်ဖွာတယ် ။ ပေးရကမ်းရတာကို သဘောကျနှစ်ခြိုက်တယ် ။ ပင်ပန်းလာရင် အားလုံးရဲ့အဝေးမှာ တစ်ယောက်တည်းနေဖြစ်တာ များတယ် ။ ဒီထက် အများကြီး ရှိသေးပေမယ့် ဒီလောက် အကြမ်းဖျင်းသိထားရင် အရာအားလုံးမဟုတ်တောင် အနည်းအကျဥ်းလောက်တော့ နားလည်ပေးနိုင်မယ်ထင်တယ် ။

    #ကျေးကို
    အိုသွေးပိုင်ရှင်လေးတွေ အနီးအနားမှာရှိရင် ... နည်းနည်းတော့ ခေါင်းစားရမယ်ထင်တယ် ။ သူ့ပုံစံက ရိုးရှင်းတယ်ထင်ရသလောက် တစ်ခါတစ်လေကျတော့ နားလည်ဖို့မလွယ်လောက်အောင် ခက်ခဲတယ် ။ အထိ အရှလွယ်တယ် အမှတ်အတေးကြီးတယ် ။ သေချာတာတစ်ခုက စိတ်ဆိုးအောင် ဘယ်လောက်ပဲ စနေပါစေ ပြုံးပြုံးလေးပဲ ပြီးတော့ ပျော်ပျော်လေးပဲ ဒါပေမယ့် စိတ်တော့ နာမသွားစေနဲ့ပေါ့ သူတို့တွေက စိတ်နာသွားရင် တကယ်ကိုပဲ ပြတ်သားသွားတတ်တာ ။ စိတ်ထဲ ရှိနေပါစေ အဲ့ဒီလူကို ပြန်လှည့်မကြည့်တတ်ဘူး အဲ့ဒီနေရာကို ဘယ်တော့မှ ပြန်မသွားတတ်ဘူး ။ တစ်ခါတစ်လေကျတော့ တွေဝေတတ်တယ် ။ အဲ့ဒီ အိုသွေးပိုင်ရှင်လေးကလေ တစ်ခုခုကို ဆုံးဖြတ်ချက်မချခင် အချစ်ရဆုံးလူတွေ အားအကိုးမိတဲ့လူတွေကို တိုင်ပင်တတ်တယ် ။ အဲ့ဒီအချိန်လေးပဲ ... ဆုံးဖြတ်ချက်ချပြီးသွားရင်တော့ ပြန်မပြင်တတ်တော့ဘူး ။ အလုပ်တစ်ခုကို တစ်စိုက်မတ်မတ်လုပ်တတ်တယ် ... စိတ်ခံစားချက်ထက် ဖြစ်သင့်တာကို ဦးစားပေးတတ်တယ် ။ များသောအားဖြင့် ... တစ်ယောက်တည်း ရှင်သန်နေတာမျိုး များတယ် ။ ပျော်တယ် မပျော်ဘူးဆိုတာထက် ဒီအရာက အဆင်ပြေမယ်ထင်ရင် ဦးစားပေးတတ်တာများတယ်။ အဲ့ဒီ အိုသွေးပိုင်ရှင်လေးကလေ ... သိပ်ပြီးတော့လည်း ဒေါသကြီးတာ ။ တစ်ခုခု အမြင်မကြည်ရင် အော်မယ် ငေါက်မယ် ပြီးရင် ငါ ပြောတာ မှားသွားပြီလားဆိုတဲ့အတွေးနဲ့ သူပဲ စိတ်မကောင်းတွေ ဖြစ်နေတတ်တဲ့ လူစားမျိုးပေါ့ ။ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေရင် ကူညီဖို့ ၀န်မလေးဘူး ။ တစ်ဇွတ်ထိုး နည်းနည်းလေး ဆန်တဲ့ သူ့အတွက် သေချာပေါက်ကို ထိန်းနိုင်သိမ်းနိုင်မယ့် လူတစ်ယောက်တော့ လိုပါတယ်။ အိုသွေးပိုင်ရှင်လေးကို ချစ်မိသွားမယ်ဆိုရင် နည်းနည်းလေးမဟုတ်ဘူး သူ့ရဲ့ပုံစံကို အများကြီး နားလည်ရမယ် ။ ကိုယ်က သူ့ထက် ပိုရင့်ကျက်နေမှ ရမယ် ။ ကလေးဆိုးကြီးတစ်ယောက်လိုမျိုး တဇွတ်ထိုး ဆန်တတ်သလို ... ဒေါသတွေထွက် တစ်ခါတစ်လေကျ ပြောချင်ရာတွေ ပြောနေတတ်တာ အဲ့ဒီအရာကို မငြိုငြင်မိသွားဖို့လိုမယ် အများကြီး အလိုမလိုက်မိဖို့ လိုတယ် ။ တစ်ခုခုအဆင်မပြေတော့ဘူးဆိုရင် အရမ်းသိသာတာ ။ စကားတွေ အများကြီးပြောတတ်တဲ့ နှုတ်ခမ်းက တိတ်ဆိတ်လို့ ဘယ်နေရာမှာ ထိုးအိပ်နေရမလဲဆိုတာလောက် နေရာရှာတတ်တဲ့ လူမျိုးလေ ။ လူအများကြီးကြားမှာနေရင် စိတ်ရှုပ် ခေါင်းရှုပ်လာတတ်သလို ကီးသိပ်မကိုက်ဘူးထင်ရင် သူကချည်း ဘုနဲ့ဘောက် ထပြီးပြောတတ်တဲ့ လူမျိုးပေါ့ ။ သေချာတာကတော့ အဲ့ဒီ အိုသွေးပိုင်ရှင်လေးချစ်ရင် သေချာပေါက် ကံကောင်းတယ်လို့ မှတ်ပါ ။ ပြိုလဲမယ် ကလေးလိုဆိုးမယ် အများကြီး ရင့်ကျက်မယ် ဒါပေမယ့် ဘယ်တော့မှတော့ တွဲထားတဲ့လက်ကို သူ့ဖက်က ဦးအောင် စလည်းမဖြုတ်ဘူး လူတစ်ယောက်ကို ချစ်မိသွားတာနဲ့ အဲ့ဒီလူအတွက် ဘာမဆို ဖြည့်ဆည်းပေးချင်တာမျိုးပေါ့ ။ တစ်ခုပဲ ရရင်ရသလောက် သုံးတတ်တဲ့ အဲ့ဒီ အိုသွေးပိုင်ရှင်လေးက အရမ်းပဲ လက်ဖွာတယ် ။ ပေးရကမ်းရတာကို သဘောကျနှစ်ခြိုက်တယ် ။ ပင်ပန်းလာရင် အားလုံးရဲ့အဝေးမှာ တစ်ယောက်တည်းနေဖြစ်တာ များတယ် ။ ဒီထက် အများကြီး ရှိသေးပေမယ့် ဒီလောက် အကြမ်းဖျင်းသိထားရင် အရာအားလုံးမဟုတ်တောင် အနည်းအကျဥ်းလောက်တော့ နားလည်ပေးနိုင်မယ်ထင်တယ် ။ #ကျေးကို
    Care
    1
    · 0 Comments ·0 Shares ·45 Views
  • မီးဖွင့်ပြီး အိပ်ခြင်း = ဦးနှောက်ကို အမှန်တကယ် ပြန်လည်မပြုပြင်နိုင်ခြင်း
    လူအများစုက...
    "အိပ်ပျော်နေပြီဆိုရင် = လုံလောက်ပြီ" လို့ ယူဆကြပါတယ်။
    ဒါပေမယ့် အမှန်တရားကတော့...
    ဦးနှောက်ဟာ 'လုံလောက်စွာ မှောင်မည်းနေမှ' သာ
    သူ့ကိုယ်သူ အကောင်းဆုံး ပြုပြင်နိုင်ပါတယ်။

    သုတေသနတွေ့ရှိချက်များအရ...
    ညဘက်မှာ အနည်းငယ်မျှသော အလင်းရောင်သည်ပင်
    ဥပမာ-
    လက်ကိုင်ဖုန်းအလင်းရောင်
    ဖွင့်ထားသော တီဗီ
    လိုက်ကာကြားမှ ဝင်လာသော လမ်းမီး
    အဆိုပါ အလင်းရောင်တွေဟာ Melatonin (မေလာတိုနင်) ဟော်မုန်းထုတ်လွှတ်မှုကို ဖိနှိပ်နိုင်ပါတယ်။
    ၎င်း Melatonin ဟော်မုန်းသည် အောက်ပါတို့အတွက် အရေးပါသော ဟော်မုန်းဖြစ်သည်-
    • • နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း
    • • ဦးနှောက်အတွင်းရှိ အညစ်အကြေးများ သန့်စင်ပေးခြင်း
    • • မှတ်ဉာဏ်နှင့် စိတ်ခံစားမှု ပြန်လည်ကောင်းမွန်စေခြင်း

    Melatonin လျော့ကျသွားသောအခါ
    ဦးနှောက်သည်
    “အိပ်နေသော်လည်း... အန္တရာယ်ကို သတိထားနေရတဲ့” ပုံစံမျိုး ဖြစ်နေပါလိမ့်မယ်။
    ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များ-
    • အိပ်ချိန်ပြည့်သော်လည်း နိုးလာသောအခါ လန်းဆန်းမှုမရှိခြင်း
    • အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်များ ဆိုးရွားလာခြင်း
    • စိတ်ခံစားမှု မတည်ငြိမ်ခြင်း၊ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်နိုင်ခြေများလာခြင်း
    • ဦးနှောက်မှ အဆိပ်အတောက်များကို အပြည့်အဝ မသန့်စင်နိုင်ခြင်း

    Harvard နှင့် NIH မှ သုတေသီများက
    အောက်ပါအတိုင်း တွေ့ရှိခဲ့သည်-
    အခန်းမှောင်ထဲမှာ အိပ်စက်ခြင်းသည်
    ဦးနှောက်ကို Deep Sleep (နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း) အဆင့်သို့ ရောက်ရှိစေပြီး
    Glymphatic system (ဦးနှောက်အတွင်းရှိ အမှိုက်သရိုက်များကို သန့်စင်ပေးသော) စနစ် ကို သိသိသာသာ ပိုမိုကောင်းမွန်စွာ လှုံ့ဆော်ပေးနိုင်ကြောင်း တွေ့ရသည်။

    ဦးနှောက်ကို ဂရုစိုက်ရန် အလွယ်ကူဆုံးနည်းလမ်းများ (သို့သော် လူအများစုက လျစ်လျူရှုထားတက်ကြသည်)-
    • • အရင်ကထက် ပိုမို မှောင်အောင် မီးပိတ်ပါ။
    • • လက်ကိုင်ဖုန်းကို အိပ်ရာနှင့် ခပ်လှမ်းလှမ်းတွင် ထားပါ။
    • • အလင်းရောင်ကာ လိုက်ကာကို အသုံးပြုပါ သို့မဟုတ်
    အနှောင့်အယှက်ဖြစ်စေတဲ့ မီးများကို ပိတ်ပါ။
    • • မီးဖွင့်ရန် မဖြစ်မနေ လိုအပ်ပါက → အလွန်နိမ့်သော
    အဆင့်ရှိ အဝါနုရောင် မီးကို အသုံးပြုပါ။

    သတိရပါ
    အိပ်စက်ခြင်းသည် ခန္ဓာကိုယ်ကို အနားပေးရုံမျှသာ မဟုတ်ဘဲ
    "ဦးနှောက်ကို ပြုပြင်ပေးသည့် ကာလ" လည်း ဖြစ်သည်။

    ဘယ်သူတွေ ဖတ်ပြီးသွားပြီလဲ "ကောင်းတယ်" လို့ စာရိုက်ပေးပါနော်။
    ပြီးတော့ ဆရာမ တူး အတွက် share ပေးဖို့လည်း မမေ့ပါနဲ့နော်

    MON SOUNG
    #MONSOUNG
    🧠💤 မီးဖွင့်ပြီး အိပ်ခြင်း = ဦးနှောက်ကို အမှန်တကယ် ပြန်လည်မပြုပြင်နိုင်ခြင်း လူအများစုက... "အိပ်ပျော်နေပြီဆိုရင် = လုံလောက်ပြီ" လို့ ယူဆကြပါတယ်။ ဒါပေမယ့် အမှန်တရားကတော့... ဦးနှောက်ဟာ 'လုံလောက်စွာ မှောင်မည်းနေမှ' သာ သူ့ကိုယ်သူ အကောင်းဆုံး ပြုပြင်နိုင်ပါတယ်။ 🔬 သုတေသနတွေ့ရှိချက်များအရ... ညဘက်မှာ အနည်းငယ်မျှသော အလင်းရောင်သည်ပင် ဥပမာ- 📱 လက်ကိုင်ဖုန်းအလင်းရောင် 📺 ဖွင့်ထားသော တီဗီ 💡 လိုက်ကာကြားမှ ဝင်လာသော လမ်းမီး 👉 အဆိုပါ အလင်းရောင်တွေဟာ Melatonin (မေလာတိုနင်) ဟော်မုန်းထုတ်လွှတ်မှုကို ဖိနှိပ်နိုင်ပါတယ်။ ၎င်း Melatonin ဟော်မုန်းသည် အောက်ပါတို့အတွက် အရေးပါသော ဟော်မုန်းဖြစ်သည်- • • နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း • • ဦးနှောက်အတွင်းရှိ အညစ်အကြေးများ သန့်စင်ပေးခြင်း • • မှတ်ဉာဏ်နှင့် စိတ်ခံစားမှု ပြန်လည်ကောင်းမွန်စေခြင်း 🧠 Melatonin လျော့ကျသွားသောအခါ ဦးနှောက်သည် “အိပ်နေသော်လည်း... အန္တရာယ်ကို သတိထားနေရတဲ့” ပုံစံမျိုး ဖြစ်နေပါလိမ့်မယ်။ ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များ- • အိပ်ချိန်ပြည့်သော်လည်း နိုးလာသောအခါ လန်းဆန်းမှုမရှိခြင်း • အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်များ ဆိုးရွားလာခြင်း • စိတ်ခံစားမှု မတည်ငြိမ်ခြင်း၊ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်နိုင်ခြေများလာခြင်း • ဦးနှောက်မှ အဆိပ်အတောက်များကို အပြည့်အဝ မသန့်စင်နိုင်ခြင်း 🌙 Harvard နှင့် NIH မှ သုတေသီများက အောက်ပါအတိုင်း တွေ့ရှိခဲ့သည်- အခန်းမှောင်ထဲမှာ အိပ်စက်ခြင်းသည် ဦးနှောက်ကို Deep Sleep (နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း) အဆင့်သို့ ရောက်ရှိစေပြီး Glymphatic system (ဦးနှောက်အတွင်းရှိ အမှိုက်သရိုက်များကို သန့်စင်ပေးသော) စနစ် ကို သိသိသာသာ ပိုမိုကောင်းမွန်စွာ လှုံ့ဆော်ပေးနိုင်ကြောင်း တွေ့ရသည်။ ✅ ဦးနှောက်ကို ဂရုစိုက်ရန် အလွယ်ကူဆုံးနည်းလမ်းများ (သို့သော် လူအများစုက လျစ်လျူရှုထားတက်ကြသည်)- • • အရင်ကထက် ပိုမို မှောင်အောင် မီးပိတ်ပါ။ • • လက်ကိုင်ဖုန်းကို အိပ်ရာနှင့် ခပ်လှမ်းလှမ်းတွင် ထားပါ။ • • အလင်းရောင်ကာ လိုက်ကာကို အသုံးပြုပါ သို့မဟုတ် အနှောင့်အယှက်ဖြစ်စေတဲ့ မီးများကို ပိတ်ပါ။ • • မီးဖွင့်ရန် မဖြစ်မနေ လိုအပ်ပါက → အလွန်နိမ့်သော အဆင့်ရှိ အဝါနုရောင် မီးကို အသုံးပြုပါ။ 💬 သတိရပါ အိပ်စက်ခြင်းသည် ခန္ဓာကိုယ်ကို အနားပေးရုံမျှသာ မဟုတ်ဘဲ "ဦးနှောက်ကို ပြုပြင်ပေးသည့် ကာလ" လည်း ဖြစ်သည်။ ✅ ဘယ်သူတွေ ဖတ်ပြီးသွားပြီလဲ "ကောင်းတယ်" လို့ စာရိုက်ပေးပါနော်။ ပြီးတော့ ဆရာမ တူး အတွက် share ပေးဖို့လည်း မမေ့ပါနဲ့နော် ❤️❤️ MON SOUNG #MONSOUNG
    Care
    1
    · 0 Comments ·0 Shares ·74 Views
  • အိမ်မှာ စိုက်ထားတဲ့ သင်္ဘောပင်တွေ၊ ငရုတ်ပင်တွေ၊ ခရမ်းသီးပင်တွေ အသီးအပွင့် မများလို့ စိတ်ညစ်နေရသူတွေအတွက် အလွယ်တကူ လုပ်လို့ရတဲ့ သဘာဝအားဆေး ဖြည့်တင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းက စိုက်ခင်းအိမ်ခြံမြေထဲက ဟင်းသီးဟင်းရွက်မျိုးစုံကို အားဖြည့်ပေးနိုင်ပါတယ်။
    လိုအပ်တဲ့ ပစ္စည်း ၄ မျိုး
    1. ဆန်ဆေးရေ - ၁ ဖန်ခွက်
    2. ထမင်းကျန်
    3. ကြက်ဥအခွံ - ၅ လုံး
    4. အချိုမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
    ပြုလုပ်နည်း
    • ကြက်ဥအခွံကို ညက်အောင် ထောင်းပါ။
    • ထောင်းထားတဲ့ ကြက်ဥအခွံကို ထမင်းကျန်၊ အချိုမှုန့် (၁ ဇွန်း) နဲ့ ဆန်ဆေးရေ (၁ ဖန်ခွက်) တို့နဲ့ သမအောင် ရောမွှေပါ။
    • ပြီးရင် ဒီအရောအနှောကို ရေ ၅ လီတာကနေ ၁၀ လီတာအထိ ထပ်ရောပြီး ဖျော်လိုက်ပါ။
    အသုံးပြုနည်း
    • ရရှိလာတဲ့ အရည်ကို ညနေစောင်းအချိန်မှာ အပင်တွေရဲ့ အရင်း၊ ပင်စည်ပတ်လည်ကို ပျံ့နှံ့အောင် လောင်းပေးပါ။
    • ဒီအားဖြည့်ဆေးကို ငရုတ်ပင်၊ ခရမ်းပင်၊ သံပရာပင်နဲ့ တခြားဟင်းသီးဟင်းရွက်ပင်မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။
    • အသီးအပွင့်များများ ထွက်ရှိဖို့ကို အားပေးကူညီပေးပါလိမ့်မယ်။
    အားလုံးပဲ စိုက်ပျိုးရေးမှာ အဆင်ပြေကြပါစေနော်။
    #forevermmmedia
    #စိုက်ပျိုးရေး
    #အပင
    #မာလကာ
    #သဘာဝမြေဩဇာ
    #အသီးပွင့်အားဆေး
    အိမ်မှာ စိုက်ထားတဲ့ သင်္ဘောပင်တွေ၊ ငရုတ်ပင်တွေ၊ ခရမ်းသီးပင်တွေ အသီးအပွင့် မများလို့ စိတ်ညစ်နေရသူတွေအတွက် အလွယ်တကူ လုပ်လို့ရတဲ့ သဘာဝအားဆေး ဖြည့်တင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းက စိုက်ခင်းအိမ်ခြံမြေထဲက ဟင်းသီးဟင်းရွက်မျိုးစုံကို အားဖြည့်ပေးနိုင်ပါတယ်။ 🌿 လိုအပ်တဲ့ ပစ္စည်း ၄ မျိုး 1. ဆန်ဆေးရေ - ၁ ဖန်ခွက် 2. ထမင်းကျန် 3. ကြက်ဥအခွံ - ၅ လုံး 4. အချိုမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း 🧪 ပြုလုပ်နည်း • ကြက်ဥအခွံကို ညက်အောင် ထောင်းပါ။ • ထောင်းထားတဲ့ ကြက်ဥအခွံကို ထမင်းကျန်၊ အချိုမှုန့် (၁ ဇွန်း) နဲ့ ဆန်ဆေးရေ (၁ ဖန်ခွက်) တို့နဲ့ သမအောင် ရောမွှေပါ။ • ပြီးရင် ဒီအရောအနှောကို ရေ ၅ လီတာကနေ ၁၀ လီတာအထိ ထပ်ရောပြီး ဖျော်လိုက်ပါ။ 💧 အသုံးပြုနည်း • ရရှိလာတဲ့ အရည်ကို ညနေစောင်းအချိန်မှာ အပင်တွေရဲ့ အရင်း၊ ပင်စည်ပတ်လည်ကို ပျံ့နှံ့အောင် လောင်းပေးပါ။ • ဒီအားဖြည့်ဆေးကို ငရုတ်ပင်၊ ခရမ်းပင်၊ သံပရာပင်နဲ့ တခြားဟင်းသီးဟင်းရွက်ပင်မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ • အသီးအပွင့်များများ ထွက်ရှိဖို့ကို အားပေးကူညီပေးပါလိမ့်မယ်။ အားလုံးပဲ စိုက်ပျိုးရေးမှာ အဆင်ပြေကြပါစေနော်။ #forevermmmedia #စိုက်ပျိုးရေး #အပင် #မာလကာ #သဘာဝမြေဩဇာ #အသီးပွင့်အားဆေး
    Care
    1
    · 0 Comments ·0 Shares ·84 Views
More Results