• Happy 110 Years Birthday, #BogyokeAungSan
    (13-02-1915 to 13-02-2025)

    You are our superhero, our father, and the one we love the most.

    #GeneralAungSan #BoAungSan #110Years
    Happy 110 Years Birthday, #BogyokeAungSan 🥳🎂🙏 (13-02-1915 to 13-02-2025) You are our superhero, our father, and the one we love the most. ♥️ #GeneralAungSan #BoAungSan #110Years
    Love
    4
    · 0 Comments ·0 Shares ·388 Views
  • ဗိုလ်ချုပ်အောင်ဆန်း

    (၁) ကိုအောင်ဆန်းကို " ကျောင်းထွက်၊ နိုင်ငံရေးလုပ်တော့ကွာ " လို့ ပြောလိုက်တော့ ကိုအောင်ဆန်းတစ်ယောက် ရှိစုမဲ့စုအထုပ်အပိုးတွေယူပြီး တို့ဗမာအစည်းအရုံးကို ရောက်ရှိသွားတော့တယ်။ ဒီစကားပြောခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( သခင်ကိုယ်တော်မှိုင်း )

    (၂) " ဓာတ်ပုံတစ်ပုံ လိုချင်တယ်။ ခါတိုင်းတွေ့နေကျ ရှုတည်တည်ပုံမျိုးတော့ မလိုချင်ဘူးဗျာ " ဆိုပြီး ပြောလို့ ဗိုလ်ချုပ်က ပြုံးယောင်ယောင်ပြုနေဟန်ဓာတ်ပုံကို ပေးအပ်ခဲ့ရတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဒဂုန်တာရာ )

    (၃) ဖဆပလအဖွဲ့ကြီးကို အဖွဲ့ပေါင်းစုံ၊ အသင်းပေါင်းစုံနဲ့ စုစည်းဖွဲ့တည်ထားပေမယ့် ဦးစောကို ဘယ်နည်းနဲ့မှ ဒီအဖွဲ့ထဲ ထည့်လို့မဖြစ်ကြောင်း ဗိုလ်ချုပ်ကို ပြောကြားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဂျာနယ်ကျော် ဦးချစ်မောင် )

    (၄) ၁၉၄၆ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ရွှေတိဂုံစေတီတော် တောင်ဘက်ခြေတော်ရင်း စတုဒိသာဇရပ်ကနေ ကြံတောသုသာန်ကို မပို့ဆောင်ခင် ဗိုလ်ချုပ်ကိုယ်တိုင် လူထုကြီးနဲ့အတူ ခြေကျင်လိုက်ပါပို့ဆောင်ပေးခဲ့တဲ့စျာပနဟာ ဘယ်ပုဂ္ဂိုလ်ရဲ့စျာပနလဲဗျ။ ( ဂျာနယ်ကျော် ဦးချစ်မောင် )

    (၅) ဗိုလ်ချုပ် သက်ရှိထင်ရှားရှိနေစဉ် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလမှာ ' အောင်ဆန်းဘာလဲ ' အမည်နဲ့ စာအုပ်တစ်အုပ်ထွက်ရှိခဲ့တယ်။ အုပ်ရေ ၅၀၀၀ ထုတ်ဝေရောင်းချခဲ့တဲ့ အဲဒီစာအုပ်ရေးသားသူက စာမူခ တစ်ပြားမှမယူဘဲ ရဲဘော်စာအုပ်အသင်းကို လှူဒါန်းခဲ့တယ်။ ဒီစာရေးဆရာရဲ့အမည်က ဘာလဲဗျ။ ( မြဒေါင်းညို )

    (၆) ၁၉၃၅ ခုနှစ်က ဂန္ထလောကမဂ္ဂဇင်းမှာ ကျောင်းသားတွေ တူညီဝတ်စုံဝတ်ဆင်ကြရေးနဲ့စပ်လျဉ်းပြီး တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းနဲ့ အပြန်အလှန် အချေအတင် ချေပရေးသားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဦးသန့် )
    ( အပြန်အလှန် ရေးသားနေကြတာ သုံးလလောက်ကြာလာတော့ ဒီကိစ္စ ဒီလောက်နဲ့ လုံလောက်ပြီလို့ ဆုံးဖြတ်ပြီး အယ်ဒီတာ ဦးခန့်ကိုယ်တိုင်က ရပ်တန့်ပစ်ခဲ့ရတယ်။ )

    (၇) " လူပေါင်းလူသင်း အားနာတတ်၍ အချို့ဝါဒသဘောများ ( ဥပမာ အင်းအိုင်မန္တရားလိုက်စားခြင်း ) တွင် ကျွန်တော်တို့လူငယ်ပိုင်းများက သဘောမတူနိုင်သော်လည်း အချောင်သမားလည်းမဟုတ်၊ သာယာစီးလည်းမဟုတ်၊ စေ့စပ်ရေးသမားလည်းမဟုတ်၊ မဖောက်ပြန်ခဲ့သော ရေမရောသည့် ဝံသာနုတစ်ဦးဖြစ်ကြောင်း " လို့ ဗိုလ်ချုပ်က ဖော်ညွှန်းရေးသားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဒီးဒုတ်ဦးဘချို )

    (၈) " ခင်ဗျားထမင်းကျွေးတာ ကျေးဇူးတင်စရာ မလိုဘူးနော်။ ကျွေးဖို့က ခင်ဗျားဝတ္တရား၊ ကျွန်တော်က နိုင်ငံရေးလုပ်နေတာ။ တိုင်းပြည်အတွက် ထမ်းဆောင်နေတာ " လို့ ရန်ကုန် ဆန်းကဖေးမှာ ဗိုလ်ချုပ်က ပြောပစ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( လူထုဦးလှ )

    (၉) ဒဂုန်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ်နဲ့ တခြားစာရေးဆရာတွေကိုဆိုရင် ဆောင်းပါးတစ်ပုဒ်အတွက် အများဆုံး ၂၀ ကျပ်သာပေးခဲ့ပေမယ့် သခင်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ လေးစားမှုကြောင့် စာမူခ ၃၀ ကျပ်အထိ ပေးအပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ရွှေညာမောင် )

    (၁၀) ဗိုလ်ချုပ်ရေးသားပေးခဲ့တဲ့အမှာစာတွေထဲက အရှည်ဆုံးဖြစ်တဲ့အမှာစာကို ဂျပန်ခေတ် သေနင်္ဂဗျူဟာ စစ်သမိုင်းစာအုပ်မှာ တွေ့ရှိရပါတယ်။ ဒီစာအုပ်ကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်က ဘယ်သူလဲဗျ။ ( မောင်သုတ/ ဗိုလ်မှူးဘသောင်း )

    (၁၁) ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့ရဲ့ မင်္ဂလာဆောင်အတွက် အမှတ်တရမင်္ဂလာဆောင်ပန်းချီကားကြီး ရေးဆွဲပေးခဲ့တဲ့ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးငွေကိုင် )

    (၁၂) ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးနောက် ဝါသနာအရ ဗိုလ်ချုပ်ပုံသဏ္ဍာန်ကို ဖယောင်းနဲ့ ထုလုပ်ခဲ့တဲ့ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးဘကြည် )
    ( ဂျာနယ်ကျော် အတွဲသစ် ၉၊ အမှတ် ၁၀ (၂၃ ဩဂုတ် ၁၉၄၇) မှာ ' ဗိုလ်ချုပ်နှင့် ရုပ်လုံး ' ဆိုတဲ့ဆောင်းပါးကိုလည်း သူကိုယ်တိုင်ရေးသားခဲ့ဖူးတယ်။ )

    (၁၃) ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှာ ဖဆပလညီလာခံကျင်းပနေတုန်းက ဗိုလ်ချုပ်အောင်ဆန်းဟောပြောနေတဲ့ပုံကို sketch ထိုင်ဆွဲခဲ့တဲ့ ( ဓာတ်ပုံကို ပန်းချီပြန်လည်ရေးဆွဲတာမျိုးကို မနှစ်သက်တဲ့ ) ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးအုန်းလွင် )

    (၁၄) ၁၉၄၂ ခုနှစ် ဧပြီလ ၅ ရက်က ရွှေတောင်ကြားလမ်း အမှတ် ၅၆ မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကြီးမှူးကျင်းပပေးပြီး စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သီချင်းသီဆိုပေးခဲ့တဲ့မင်္ဂလာဆောင်အခမ်းအနားဟာ ဘယ်ပုဂ္ဂိုလ်ရဲ့မင်္ဂလာဆောင်အခမ်းအနားဖြစ်ပါသလဲ။ ( ကိုလှမောင် - ယိုးဒယားသံအမတ်ကြီး )
    ( စန္ဒရားတီးပေးသူက ဒဂုန်တာရာပါ။ )

    (၁၅) ဗိုလ်ချုပ်ရဲ့အပါးတော်မှာ အမြဲလိုလိုရှိပြီး ဗိုလ်ချုပ်အသည်းစွဲဖြစ်တဲ့ (ဘိလပ်ပြန်သန်းသီဆိုခဲ့တဲ့) မြပန်းခွေသီချင်းကို စန္ဒရားနဲ့ ဆိုတီးပြတတ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။ ( ဗိုလ်ထွန်းလှ )
    ( မြပန်းခွေသီချင်းကိုရေးစပ်သူက ဂီတစာဆို စန်းသော်တာပါ။ )

    (၁၆) ကျန်းမာရေးအခြေအနေဆိုးရွားပြီး အိပ်ရာထဲ လဲနေခဲ့ပေမယ့် ဗိုလ်ချုပ်က " တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ့်အကြောင်း " ကို သီချင်းစပ်ပေးပါဆိုလို့ မဆိုင်းမတွထပြီး အနီးကပ်ပြုစုနေတဲ့ တပည့်ဖြစ်သူ စိန်မြမောင်ကို သီချင်းချပေးကာ ဗိုလ်ထွန်းလှက တယောနဲ့ သီချင်းတက်ယူခဲ့ရတဲ့ " တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ်မမေ့အပ်ပေသည်၊ ကြိုးကြိုးစားစား တို့အမျိုးသား စစ်သည်၊ ဇွဲသတ္တိညီ၊ ထူးထူးခြားခြား အင်အားစွမ်းပြသည် ရဲဘော်ဇာနည်၊ တိုင်းပြည် နိုင်ငံကျက်သရေဆောင်ကြပြီ၊ တကယ်မွန်မြတ်တဲ့တပ်မတော် ရှေ့ကိုချီ " သီချင်းကို ရေးစပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဂီတစာဆို ရွှေတိုင်ညွန့် )
    ( သူ အဆုတ်ရောဂါနဲ့ သေဆုံးသွားတဲ့အခါ ဗိုလ်ချုပ်က အဲဒီစျာပနကို ကိုယ်တိုင်တက်ရောက်ပြီး အသုဘခေါင်းထက်မှာ တော်လှန်ရေးအလံကို ဖုံးအုပ်ဂုဏ်ပြုပေးခဲ့တယ်။ )

    (၁၇) စစ်ကြိုခေတ်က အဆိုတော် မကြည်အောင်သီဆိုခဲ့တဲ့ ရာသီတော်ဦး သီချင်းအလိုက်ကို ဂီတသံစဉ်ယူပြီး ဗိုလ်ချုပ်တို့ဇနီးမောင်နှံအတွက် တေးသီချင်းတစ်ပုဒ်ကို အထူးတလည်ရေးဖွဲ့ထားပေးခဲ့တဲ့၊ ဒီကနေ့ခေတ်မှာ ' ဆရာမ ' သီချင်းလို့သိနေကြတဲ့ သီချင်းကို ရေးဖွဲ့ခဲ့တဲ့ ကဗျာသမား၊ စာသမား လူငယ်ရဲဘော်ကလေးဟာ ဘာတိုင်းရင်းသားလဲဗျ။ ( ကရင်တိုင်းရင်းသား )

    (၁၈) ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာ မြစ်ဝကျွန်းပေါ်ဒေသ မြောင်းမြဇာတိ၊ ကရင်သွေးပါသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်တဲ့ ဦးဘိုးညှင်းဟာ ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်ပါသလဲ။ ( ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူပါ။ )

    (၁၉) ကိုအောင်ဆန်းဟာ ဖြစ်ကတက်ဆန်းနေထိုင်တတ်တယ်။ အဝတ်အစားဆိုပြီးလည်း မယ်မယ်ရရ မရှိ။ တခြားမိတ်ဆွေတွေရဲ့ ပုဆိုးကိုလည်း ယူဝတ်တတ်တယ်။ သူအများဆုံးယူဝတ်တတ်တဲ့ပုဆိုးတွေဟာ ဘယ်သခင်ရဲ့ ပုဆိုးတွေပါလဲ။ ( သခင် သန်းထွန်း )
    ( အဲဒီသခင်က ဗိုလ်ချုပ်လုပ်ရပ်ကို မနှစ်မြို့ပေမယ့် ဖွင့်ဟ ဟန့်တားတာတော့ မလုပ်ခဲ့ဘူး။ )

    (၂၀) ဗိုလ်ချုပ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့အမည်က ဘာလဲ။ ( Boycotter )
    ( ၁၉၃၇ ခုနှစ်က ရန်ကုန်မြို့ အော်လံပီယာရုပ်ရှင်ရုံမှာ ပြသခဲ့တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ဟာ ထင်ရှားကျော်ကြားမှု မရှိသေးဘူး။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးမျှသာ ဖြစ်သေးတယ်။ )

    (၂၁) ဗိုလ်ချုပ်အောင်ဆန်းကို အထူးကြည်ညိုလေးစားတဲ့ ကျေးလက်တောရွာတစ်ခုနေ လူငယ်လေးတစ်ဦးက ဗိုလ်ချုပ်ကို တွေ့ဖူးချင်လွန်းလို့ ရန်ကုန်မြို့ဆီ တက်လာခဲ့ပုံအကြောင်းကို အကြမ်းအရမ်းနဲ့ ဟာသစွက်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကို ၁၉၄၇ ခုနှစ်က ရုံတင်ပြသခဲ့ဖူးတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားနာမည်က ဘာပါလဲ။ ( ဗိုလ်ချုပ် )
    ( ဒါရိုက်တာက ဦးအောင်ဇံ၊ မင်းသားက ညွန့်ရွှေ။ )

    (၂၂) ' တောင်တန်းဗိုလ် ' ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ခွင့်ပန်ပြီး ပင်လုံစာချုပ် ချုပ်ဆိုနေပုံကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကာ ရုပ်ရှင်ဇာတ်လမ်းထဲမှာ ဆီလျော်အောင် ထည့်သွင်းအသုံးပြုခဲ့တဲ့ ဒါရိုက်တာဟာ ဘယ်သူလဲ။ ( ဒါရိုက်တာ ဆရာခန့် )
    ( ရုပ်ရှင်ကို ရုံတင်ပြသတဲ့အချိန်မှာတော့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့ကြပြီ ဖြစ်ပါတယ်။ )

    (၂၃) တော်လှန်ရေးထဲ ဝင်ရောက်လိုတာကြောင့် ဦးဝိစာရလမ်းရှိ စစ်ရုံးကိုလာပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တွေ့ဆုံစဉ် " ကျွန်တော်တို့ ရန်ကုန်မှာ စစ်သားတစ်ထောင် ထားခဲ့တယ်။ ခင်ဗျားတစ်ယောက်ကတော့ ပြဇာတ်ပေါ်က ဝါဒဖြန့်ပေးတာ ပိုပြီး ခရီးရောက်တယ် " လို့ ဗိုလ်ချုပ်က ပြောကြားခဲ့တဲ့ ရုပ်ရှင်မင်းသားဟာ ဘယ်သူလဲ။ ( ကျော်ဝင်း )
    ( သူဟာ မြန်မာ့ရုပ်ရှင်လောကမှာ ပထမဆုံး အကယ်ဒမီရရှိခဲ့တဲ့ ရုပ်ရှင်မင်းသားလည်း ဖြစ်ပါတယ်။ )

    (၂၄) အငြိမ့်စီစဉ်သူတွေက မင်းသမီး . . . . . . . . အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ကို ဆွဲရဲရင် ဆုတော်ငွေ ၅၀ ကျပ် ဆုချမယ်လို့ ကြိုတင်ပြောပြထားကြတာကြောင့် အငြိမ့်ပွဲစတာနဲ့ ဗိုလ်ချုပ်လက်ကို ဆွဲကိုင်ပြဖို့အရေး ဗိုလ်ချုပ်နား ရစ်သီရစ်သီလုပ်နေပြီး အရှိန်အဝါကြီးမားလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ကို မဆွဲရဲဖြစ်နေတော့တာမို့ ဆွဲဖို့သွားလိုက်၊ နောက်ပြန်ဆုတ်လိုက်နဲ့ ဗျာများနေတဲ့ မင်းသမီး . . . . . . . . . . ကို ရိပ်မိဟန်ရှိတဲ့ ဗိုလ်ချုပ်က
    " မင်းသမီး၊ ကျုပ်ကို ဆွဲလားရမ်းလားလုပ်ဖို့တော့ မကြိုးစားနဲ့၊ ကျုပ်မှာ ကာမပိုင်ရှိတယ်။ မခင်ကြည်ကြားရင် စိတ်ဆိုးသွားလိမ့်မယ်။ မင်းသမီး ဆွဲလားရမ်းလားလုပ်ချင်ရင်တော့ ဟောဟိုကဟာကြီးကိုသာ ဆွဲပေတော့ " လို့ ဘကြီးဘဘေကို လက်ညှိုးထိုးပြထည့်လိုက်လို့ တဝါးဝါး ပွဲကျသွားခဲ့ရဖူးတယ်။ အဲဒီမင်းသမီးဟာ ဘယ်သူလဲ။ ( မင်းသမီး ညိုညိုစိန် )

    ___________________________________________________

    သေသေချာချာ ကိုယ်တိုင်လေ့လာမှုမလုပ်ဘဲ သူများက ဗိုလ်ချုပ်လို့ ပါးစပ်ဖျားကလေးကနေ ဗိုလ်ချုပ်နေတာထက် ပိုမိုလေးနက်မြတ်နိုးစွာ ဗိုလ်ချုပ်လာနိုင်အောင် ဒီစာအုပ်ကို ဒုတိယအကြိမ်မြောက် အသေးစိတ်လိုက်ဖတ်ပြီး မေးခွန်းတွေ ထုတ်ဖြစ်ခဲ့တာပါ။ ( လွန်ခဲ့တဲ့တစ်နှစ်ကတော့ မေးခွန်းတွေချည်းသာ တင်ခဲ့ဖူးတာပါ။ အခုတော့ အဖြေတွေပါ ဖော်ပြလိုက်ပါတယ်။ ) အခုဖော်ပြထားတဲ့အချက်အလက်၊ ဖြစ်စဉ်တွေလိုမျိုးကို စာအုပ်ထဲမှာ များစွာ တွေ့ရပါလိမ့်ဦးမယ်။

    စာပေကဏ္ဍ၊ ပန်းချီကဏ္ဍ၊ ဂီတကဏ္ဍ၊ ရုပ်ရှင်ကဏ္ဍ၊ ပြဇာတ်ကဏ္ဍနဲ့ သဘင်ကဏ္ဍဆိုပြီး အခန်း ခြောက်ခန်းခွဲကာ ရေးသားပြုစုထားတဲ့စာအုပ်ပါ။ ကဏ္ဍတစ်ခုချင်းစီအလိုက် ဗိုလ်ချုပ်နဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုရပါလိမ့်မယ်။

    ဒီစာအုပ်ဟာ ပြတင်းပေါက်တစ်ခုပါ။ ဒါတင်မကသေး၊ ဒီပြတင်းပေါက်ကို ဖွင့်မိလိုက်ရင် နောက်ထပ် ဆက်တိုက် လိုက်လံဖွင့်မိတော့မယ် ပြတင်းပေါက်များစွာကို ထပ်တွေ့ရပါလိမ့်မယ်။ ဒီအချက်က ဒီစာအုပ်ရဲ့အားသာချက်ပါ။ ( ဝါရင့်စာဖတ်သမားကြီးတွေအတွက်တော့ မရည်ရွယ်ပါ။ )

    #AungSan #BogyokeAungSan
    #ဗိုလ်ချုပ်အောင်ဆန်းနှင့်_အနုပညာရှင်များ
    တင်နိုင်တိုး
    ဗိုလ်ချုပ်အောင်ဆန်း 🙏🙏🙏 (၁) ကိုအောင်ဆန်းကို " ကျောင်းထွက်၊ နိုင်ငံရေးလုပ်တော့ကွာ " လို့ ပြောလိုက်တော့ ကိုအောင်ဆန်းတစ်ယောက် ရှိစုမဲ့စုအထုပ်အပိုးတွေယူပြီး တို့ဗမာအစည်းအရုံးကို ရောက်ရှိသွားတော့တယ်။ ဒီစကားပြောခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( သခင်ကိုယ်တော်မှိုင်း ) (၂) " ဓာတ်ပုံတစ်ပုံ လိုချင်တယ်။ ခါတိုင်းတွေ့နေကျ ရှုတည်တည်ပုံမျိုးတော့ မလိုချင်ဘူးဗျာ " ဆိုပြီး ပြောလို့ ဗိုလ်ချုပ်က ပြုံးယောင်ယောင်ပြုနေဟန်ဓာတ်ပုံကို ပေးအပ်ခဲ့ရတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဒဂုန်တာရာ ) (၃) ဖဆပလအဖွဲ့ကြီးကို အဖွဲ့ပေါင်းစုံ၊ အသင်းပေါင်းစုံနဲ့ စုစည်းဖွဲ့တည်ထားပေမယ့် ဦးစောကို ဘယ်နည်းနဲ့မှ ဒီအဖွဲ့ထဲ ထည့်လို့မဖြစ်ကြောင်း ဗိုလ်ချုပ်ကို ပြောကြားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဂျာနယ်ကျော် ဦးချစ်မောင် ) (၄) ၁၉၄၆ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ရွှေတိဂုံစေတီတော် တောင်ဘက်ခြေတော်ရင်း စတုဒိသာဇရပ်ကနေ ကြံတောသုသာန်ကို မပို့ဆောင်ခင် ဗိုလ်ချုပ်ကိုယ်တိုင် လူထုကြီးနဲ့အတူ ခြေကျင်လိုက်ပါပို့ဆောင်ပေးခဲ့တဲ့စျာပနဟာ ဘယ်ပုဂ္ဂိုလ်ရဲ့စျာပနလဲဗျ။ ( ဂျာနယ်ကျော် ဦးချစ်မောင် ) (၅) ဗိုလ်ချုပ် သက်ရှိထင်ရှားရှိနေစဉ် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလမှာ ' အောင်ဆန်းဘာလဲ ' အမည်နဲ့ စာအုပ်တစ်အုပ်ထွက်ရှိခဲ့တယ်။ အုပ်ရေ ၅၀၀၀ ထုတ်ဝေရောင်းချခဲ့တဲ့ အဲဒီစာအုပ်ရေးသားသူက စာမူခ တစ်ပြားမှမယူဘဲ ရဲဘော်စာအုပ်အသင်းကို လှူဒါန်းခဲ့တယ်။ ဒီစာရေးဆရာရဲ့အမည်က ဘာလဲဗျ။ ( မြဒေါင်းညို ) (၆) ၁၉၃၅ ခုနှစ်က ဂန္ထလောကမဂ္ဂဇင်းမှာ ကျောင်းသားတွေ တူညီဝတ်စုံဝတ်ဆင်ကြရေးနဲ့စပ်လျဉ်းပြီး တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းနဲ့ အပြန်အလှန် အချေအတင် ချေပရေးသားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဦးသန့် ) ( အပြန်အလှန် ရေးသားနေကြတာ သုံးလလောက်ကြာလာတော့ ဒီကိစ္စ ဒီလောက်နဲ့ လုံလောက်ပြီလို့ ဆုံးဖြတ်ပြီး အယ်ဒီတာ ဦးခန့်ကိုယ်တိုင်က ရပ်တန့်ပစ်ခဲ့ရတယ်။ ) (၇) " လူပေါင်းလူသင်း အားနာတတ်၍ အချို့ဝါဒသဘောများ ( ဥပမာ အင်းအိုင်မန္တရားလိုက်စားခြင်း ) တွင် ကျွန်တော်တို့လူငယ်ပိုင်းများက သဘောမတူနိုင်သော်လည်း အချောင်သမားလည်းမဟုတ်၊ သာယာစီးလည်းမဟုတ်၊ စေ့စပ်ရေးသမားလည်းမဟုတ်၊ မဖောက်ပြန်ခဲ့သော ရေမရောသည့် ဝံသာနုတစ်ဦးဖြစ်ကြောင်း " လို့ ဗိုလ်ချုပ်က ဖော်ညွှန်းရေးသားခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဒီးဒုတ်ဦးဘချို ) (၈) " ခင်ဗျားထမင်းကျွေးတာ ကျေးဇူးတင်စရာ မလိုဘူးနော်။ ကျွေးဖို့က ခင်ဗျားဝတ္တရား၊ ကျွန်တော်က နိုင်ငံရေးလုပ်နေတာ။ တိုင်းပြည်အတွက် ထမ်းဆောင်နေတာ " လို့ ရန်ကုန် ဆန်းကဖေးမှာ ဗိုလ်ချုပ်က ပြောပစ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( လူထုဦးလှ ) (၉) ဒဂုန်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ်နဲ့ တခြားစာရေးဆရာတွေကိုဆိုရင် ဆောင်းပါးတစ်ပုဒ်အတွက် အများဆုံး ၂၀ ကျပ်သာပေးခဲ့ပေမယ့် သခင်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးအရ လေးစားမှုကြောင့် စာမူခ ၃၀ ကျပ်အထိ ပေးအပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ရွှေညာမောင် ) (၁၀) ဗိုလ်ချုပ်ရေးသားပေးခဲ့တဲ့အမှာစာတွေထဲက အရှည်ဆုံးဖြစ်တဲ့အမှာစာကို ဂျပန်ခေတ် သေနင်္ဂဗျူဟာ စစ်သမိုင်းစာအုပ်မှာ တွေ့ရှိရပါတယ်။ ဒီစာအုပ်ကိုပြုစုခဲ့တဲ့ပုဂ္ဂိုလ်က ဘယ်သူလဲဗျ။ ( မောင်သုတ/ ဗိုလ်မှူးဘသောင်း ) (၁၁) ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့ရဲ့ မင်္ဂလာဆောင်အတွက် အမှတ်တရမင်္ဂလာဆောင်ပန်းချီကားကြီး ရေးဆွဲပေးခဲ့တဲ့ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးငွေကိုင် ) (၁၂) ဗိုလ်ချုပ်တို့ ကျဆုံးသွားပြီးနောက် ဝါသနာအရ ဗိုလ်ချုပ်ပုံသဏ္ဍာန်ကို ဖယောင်းနဲ့ ထုလုပ်ခဲ့တဲ့ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးဘကြည် ) ( ဂျာနယ်ကျော် အတွဲသစ် ၉၊ အမှတ် ၁၀ (၂၃ ဩဂုတ် ၁၉၄၇) မှာ ' ဗိုလ်ချုပ်နှင့် ရုပ်လုံး ' ဆိုတဲ့ဆောင်းပါးကိုလည်း သူကိုယ်တိုင်ရေးသားခဲ့ဖူးတယ်။ ) (၁၃) ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှာ ဖဆပလညီလာခံကျင်းပနေတုန်းက ဗိုလ်ချုပ်အောင်ဆန်းဟောပြောနေတဲ့ပုံကို sketch ထိုင်ဆွဲခဲ့တဲ့ ( ဓာတ်ပုံကို ပန်းချီပြန်လည်ရေးဆွဲတာမျိုးကို မနှစ်သက်တဲ့ ) ပန်းချီဆရာကြီးဟာ ဘယ်သူလဲဗျ။ ( ပန်းချီ ဦးအုန်းလွင် ) (၁၄) ၁၉၄၂ ခုနှစ် ဧပြီလ ၅ ရက်က ရွှေတောင်ကြားလမ်း အမှတ် ၅၆ မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကြီးမှူးကျင်းပပေးပြီး စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သီချင်းသီဆိုပေးခဲ့တဲ့မင်္ဂလာဆောင်အခမ်းအနားဟာ ဘယ်ပုဂ္ဂိုလ်ရဲ့မင်္ဂလာဆောင်အခမ်းအနားဖြစ်ပါသလဲ။ ( ကိုလှမောင် - ယိုးဒယားသံအမတ်ကြီး ) ( စန္ဒရားတီးပေးသူက ဒဂုန်တာရာပါ။ ) (၁၅) ဗိုလ်ချုပ်ရဲ့အပါးတော်မှာ အမြဲလိုလိုရှိပြီး ဗိုလ်ချုပ်အသည်းစွဲဖြစ်တဲ့ (ဘိလပ်ပြန်သန်းသီဆိုခဲ့တဲ့) မြပန်းခွေသီချင်းကို စန္ဒရားနဲ့ ဆိုတီးပြတတ်တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။ ( ဗိုလ်ထွန်းလှ ) ( မြပန်းခွေသီချင်းကိုရေးစပ်သူက ဂီတစာဆို စန်းသော်တာပါ။ ) (၁၆) ကျန်းမာရေးအခြေအနေဆိုးရွားပြီး အိပ်ရာထဲ လဲနေခဲ့ပေမယ့် ဗိုလ်ချုပ်က " တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ့်အကြောင်း " ကို သီချင်းစပ်ပေးပါဆိုလို့ မဆိုင်းမတွထပြီး အနီးကပ်ပြုစုနေတဲ့ တပည့်ဖြစ်သူ စိန်မြမောင်ကို သီချင်းချပေးကာ ဗိုလ်ထွန်းလှက တယောနဲ့ သီချင်းတက်ယူခဲ့ရတဲ့ " တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ၊ ရဲဘော်အပေါင်းကို ကိုယ့်သွေးသားလို အစဉ်မမေ့အပ်ပေသည်၊ ကြိုးကြိုးစားစား တို့အမျိုးသား စစ်သည်၊ ဇွဲသတ္တိညီ၊ ထူးထူးခြားခြား အင်အားစွမ်းပြသည် ရဲဘော်ဇာနည်၊ တိုင်းပြည် နိုင်ငံကျက်သရေဆောင်ကြပြီ၊ တကယ်မွန်မြတ်တဲ့တပ်မတော် ရှေ့ကိုချီ " သီချင်းကို ရေးစပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘယ်သူလဲဗျ။ ( ဂီတစာဆို ရွှေတိုင်ညွန့် ) ( သူ အဆုတ်ရောဂါနဲ့ သေဆုံးသွားတဲ့အခါ ဗိုလ်ချုပ်က အဲဒီစျာပနကို ကိုယ်တိုင်တက်ရောက်ပြီး အသုဘခေါင်းထက်မှာ တော်လှန်ရေးအလံကို ဖုံးအုပ်ဂုဏ်ပြုပေးခဲ့တယ်။ ) (၁၇) စစ်ကြိုခေတ်က အဆိုတော် မကြည်အောင်သီဆိုခဲ့တဲ့ ရာသီတော်ဦး သီချင်းအလိုက်ကို ဂီတသံစဉ်ယူပြီး ဗိုလ်ချုပ်တို့ဇနီးမောင်နှံအတွက် တေးသီချင်းတစ်ပုဒ်ကို အထူးတလည်ရေးဖွဲ့ထားပေးခဲ့တဲ့၊ ဒီကနေ့ခေတ်မှာ ' ဆရာမ ' သီချင်းလို့သိနေကြတဲ့ သီချင်းကို ရေးဖွဲ့ခဲ့တဲ့ ကဗျာသမား၊ စာသမား လူငယ်ရဲဘော်ကလေးဟာ ဘာတိုင်းရင်းသားလဲဗျ။ ( ကရင်တိုင်းရင်းသား ) (၁၈) ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာ မြစ်ဝကျွန်းပေါ်ဒေသ မြောင်းမြဇာတိ၊ ကရင်သွေးပါသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်တဲ့ ဦးဘိုးညှင်းဟာ ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်ပါသလဲ။ ( ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူပါ။ ) (၁၉) ကိုအောင်ဆန်းဟာ ဖြစ်ကတက်ဆန်းနေထိုင်တတ်တယ်။ အဝတ်အစားဆိုပြီးလည်း မယ်မယ်ရရ မရှိ။ တခြားမိတ်ဆွေတွေရဲ့ ပုဆိုးကိုလည်း ယူဝတ်တတ်တယ်။ သူအများဆုံးယူဝတ်တတ်တဲ့ပုဆိုးတွေဟာ ဘယ်သခင်ရဲ့ ပုဆိုးတွေပါလဲ။ ( သခင် သန်းထွန်း ) ( အဲဒီသခင်က ဗိုလ်ချုပ်လုပ်ရပ်ကို မနှစ်မြို့ပေမယ့် ဖွင့်ဟ ဟန့်တားတာတော့ မလုပ်ခဲ့ဘူး။ ) (၂၀) ဗိုလ်ချုပ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့အမည်က ဘာလဲ။ ( Boycotter ) ( ၁၉၃၇ ခုနှစ်က ရန်ကုန်မြို့ အော်လံပီယာရုပ်ရှင်ရုံမှာ ပြသခဲ့တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ဟာ ထင်ရှားကျော်ကြားမှု မရှိသေးဘူး။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးမျှသာ ဖြစ်သေးတယ်။ ) (၂၁) ဗိုလ်ချုပ်အောင်ဆန်းကို အထူးကြည်ညိုလေးစားတဲ့ ကျေးလက်တောရွာတစ်ခုနေ လူငယ်လေးတစ်ဦးက ဗိုလ်ချုပ်ကို တွေ့ဖူးချင်လွန်းလို့ ရန်ကုန်မြို့ဆီ တက်လာခဲ့ပုံအကြောင်းကို အကြမ်းအရမ်းနဲ့ ဟာသစွက်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကို ၁၉၄၇ ခုနှစ်က ရုံတင်ပြသခဲ့ဖူးတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားနာမည်က ဘာပါလဲ။ ( ဗိုလ်ချုပ် ) ( ဒါရိုက်တာက ဦးအောင်ဇံ၊ မင်းသားက ညွန့်ရွှေ။ ) (၂၂) ' တောင်တန်းဗိုလ် ' ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ခွင့်ပန်ပြီး ပင်လုံစာချုပ် ချုပ်ဆိုနေပုံကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကာ ရုပ်ရှင်ဇာတ်လမ်းထဲမှာ ဆီလျော်အောင် ထည့်သွင်းအသုံးပြုခဲ့တဲ့ ဒါရိုက်တာဟာ ဘယ်သူလဲ။ ( ဒါရိုက်တာ ဆရာခန့် ) ( ရုပ်ရှင်ကို ရုံတင်ပြသတဲ့အချိန်မှာတော့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားခဲ့ကြပြီ ဖြစ်ပါတယ်။ ) (၂၃) တော်လှန်ရေးထဲ ဝင်ရောက်လိုတာကြောင့် ဦးဝိစာရလမ်းရှိ စစ်ရုံးကိုလာပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တွေ့ဆုံစဉ် " ကျွန်တော်တို့ ရန်ကုန်မှာ စစ်သားတစ်ထောင် ထားခဲ့တယ်။ ခင်ဗျားတစ်ယောက်ကတော့ ပြဇာတ်ပေါ်က ဝါဒဖြန့်ပေးတာ ပိုပြီး ခရီးရောက်တယ် " လို့ ဗိုလ်ချုပ်က ပြောကြားခဲ့တဲ့ ရုပ်ရှင်မင်းသားဟာ ဘယ်သူလဲ။ ( ကျော်ဝင်း ) ( သူဟာ မြန်မာ့ရုပ်ရှင်လောကမှာ ပထမဆုံး အကယ်ဒမီရရှိခဲ့တဲ့ ရုပ်ရှင်မင်းသားလည်း ဖြစ်ပါတယ်။ ) (၂၄) အငြိမ့်စီစဉ်သူတွေက မင်းသမီး . . . . . . . . အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ကို ဆွဲရဲရင် ဆုတော်ငွေ ၅၀ ကျပ် ဆုချမယ်လို့ ကြိုတင်ပြောပြထားကြတာကြောင့် အငြိမ့်ပွဲစတာနဲ့ ဗိုလ်ချုပ်လက်ကို ဆွဲကိုင်ပြဖို့အရေး ဗိုလ်ချုပ်နား ရစ်သီရစ်သီလုပ်နေပြီး အရှိန်အဝါကြီးမားလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ကို မဆွဲရဲဖြစ်နေတော့တာမို့ ဆွဲဖို့သွားလိုက်၊ နောက်ပြန်ဆုတ်လိုက်နဲ့ ဗျာများနေတဲ့ မင်းသမီး . . . . . . . . . . ကို ရိပ်မိဟန်ရှိတဲ့ ဗိုလ်ချုပ်က " မင်းသမီး၊ ကျုပ်ကို ဆွဲလားရမ်းလားလုပ်ဖို့တော့ မကြိုးစားနဲ့၊ ကျုပ်မှာ ကာမပိုင်ရှိတယ်။ မခင်ကြည်ကြားရင် စိတ်ဆိုးသွားလိမ့်မယ်။ မင်းသမီး ဆွဲလားရမ်းလားလုပ်ချင်ရင်တော့ ဟောဟိုကဟာကြီးကိုသာ ဆွဲပေတော့ " လို့ ဘကြီးဘဘေကို လက်ညှိုးထိုးပြထည့်လိုက်လို့ တဝါးဝါး ပွဲကျသွားခဲ့ရဖူးတယ်။ အဲဒီမင်းသမီးဟာ ဘယ်သူလဲ။ ( မင်းသမီး ညိုညိုစိန် ) ___________________________________________________ သေသေချာချာ ကိုယ်တိုင်လေ့လာမှုမလုပ်ဘဲ သူများက ဗိုလ်ချုပ်လို့ ပါးစပ်ဖျားကလေးကနေ ဗိုလ်ချုပ်နေတာထက် ပိုမိုလေးနက်မြတ်နိုးစွာ ဗိုလ်ချုပ်လာနိုင်အောင် ဒီစာအုပ်ကို ဒုတိယအကြိမ်မြောက် အသေးစိတ်လိုက်ဖတ်ပြီး မေးခွန်းတွေ ထုတ်ဖြစ်ခဲ့တာပါ။ ( လွန်ခဲ့တဲ့တစ်နှစ်ကတော့ မေးခွန်းတွေချည်းသာ တင်ခဲ့ဖူးတာပါ။ အခုတော့ အဖြေတွေပါ ဖော်ပြလိုက်ပါတယ်။ ) အခုဖော်ပြထားတဲ့အချက်အလက်၊ ဖြစ်စဉ်တွေလိုမျိုးကို စာအုပ်ထဲမှာ များစွာ တွေ့ရပါလိမ့်ဦးမယ်။ စာပေကဏ္ဍ၊ ပန်းချီကဏ္ဍ၊ ဂီတကဏ္ဍ၊ ရုပ်ရှင်ကဏ္ဍ၊ ပြဇာတ်ကဏ္ဍနဲ့ သဘင်ကဏ္ဍဆိုပြီး အခန်း ခြောက်ခန်းခွဲကာ ရေးသားပြုစုထားတဲ့စာအုပ်ပါ။ ကဏ္ဍတစ်ခုချင်းစီအလိုက် ဗိုလ်ချုပ်နဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေအကြောင်းကို စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုရပါလိမ့်မယ်။ ဒီစာအုပ်ဟာ ပြတင်းပေါက်တစ်ခုပါ။ ဒါတင်မကသေး၊ ဒီပြတင်းပေါက်ကို ဖွင့်မိလိုက်ရင် နောက်ထပ် ဆက်တိုက် လိုက်လံဖွင့်မိတော့မယ် ပြတင်းပေါက်များစွာကို ထပ်တွေ့ရပါလိမ့်မယ်။ ဒီအချက်က ဒီစာအုပ်ရဲ့အားသာချက်ပါ။ ( ဝါရင့်စာဖတ်သမားကြီးတွေအတွက်တော့ မရည်ရွယ်ပါ။ ) #AungSan #BogyokeAungSan #ဗိုလ်ချုပ်အောင်ဆန်းနှင့်_အနုပညာရှင်များ တင်နိုင်တိုး
    Love
    1
    · 0 Comments ·0 Shares ·1K Views