• ပစ္စည်းတွေရဲ့ တန်ဖိုးကို
    ပျောက်သွားမှ သိလိမ့်မယ်။

    ရေတစ်ခွက်ရဲ့ တန်ဖိုးကို
    ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။

    ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို
    ဗိုက်ဆာမှ သိလိမ့်မယ်။

    လူတစ်ယောက်ရဲ့ တန်ဖိုးကို
    အဲ့လူမရှိတော့မှ သိမယ်။

    crd
    ပစ္စည်းတွေရဲ့ တန်ဖိုးကို ပျောက်သွားမှ သိလိမ့်မယ်။ ရေတစ်ခွက်ရဲ့ တန်ဖိုးကို ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။ ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို ဗိုက်ဆာမှ သိလိမ့်မယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲ့လူမရှိတော့မှ သိမယ်။ crd
    Care
    1
    · 0 Comments ·0 Shares ·261 Views
  • ဆောင်းတွင်း နှာခဏခဏ စီးနေသူများ
    အတွက် ပူစရာ မလိုတော့ဘူး <--

    လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့
    ဆရာဝန်လေး တစ်ယောက်က

    နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့
    ဆရာဝန်ကြီးတစ်ယောက် အိမ်ကို
    အလည်သွားရင်း

    ဘာဆေး သောက်ရမလဲလို့
    မေးတဲ့အခါ...

    ဆရာဝန်ကြီးက သူ့ ဇနီးကို
    ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့
    ပြောလိုက်တဲ့အခါ

    ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ
    ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။

    အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့
    စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။

    အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို
    ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #crd_to_owner_with_respect
    ဆောင်းတွင်း နှာခဏခဏ စီးနေသူများ အတွက် ပူစရာ မလိုတော့ဘူး <--😊 လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့ ဆရာဝန်လေး တစ်ယောက်က နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့ ဆရာဝန်ကြီးတစ်ယောက် အိမ်ကို အလည်သွားရင်း ဘာဆေး သောက်ရမလဲလို့ မေးတဲ့အခါ...😊 ဆရာဝန်ကြီးက သူ့ ဇနီးကို ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့ ပြောလိုက်တဲ့အခါ ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။ အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့ စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။ အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #crd_to_owner_with_respect
    Love
    Care
    3
    · 1 Comments ·0 Shares ·412 Views
  • ဆောင်းရတုပွဲ
    အချုပ်တန်းဆရာဖေ

    ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
    ချမ်းပေါင်လေ တဖေတင်းသော်လည်း
    ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
    မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ
    ထည်အလွှာ အကုန်ထွေးသော်လည်း
    ကြည်အသာ မလုံသေးပါဘု
    မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
    သွေးလန့်လို့ခုန်။

    ယမ်းယောင်ကာ တလျက်ညည်းမိတော့
    သန်းခေါင်မှာ မြကြက်သီးတွေက
    တဖီးဖီး ပျံ့လို့ငယ်အုံ
    ဗျာဆုံတဲ့ ရာသီပဲ။

    ငွေနှင်းငယ်မှုန်
    လေညင်းရယ် တသုန်သုန်နှင့်
    ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
    မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
    သည်ခေတ်မှာ သည်လိုဟာဖြင့်
    သည်ကိုယ်မှာ သေသေလုပါပေါ့
    ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
    ဆောင်းရတုပွဲ။

    အချုပ်တန်းဆရာဖေ
    ဆောင်းရတုပွဲ အချုပ်တန်းဆရာဖေ ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လည်း ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန် မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လည်း ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့ သွေးလန့်လို့ခုန်။ ယမ်းယောင်ကာ တလျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗျာဆုံတဲ့ ရာသီပဲ။ ငွေနှင်းငယ်မှုန် လေညင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ် ဆောင်းရတုပွဲ။ အချုပ်တန်းဆရာဖေ
    Love
    Care
    2
    · 1 Comments ·0 Shares ·334 Views
  • #ဖိုးစော်ကဲ
    __________________

    လွမ်းမပြေ မန်းမြေတမိတော့
    ကမ်းခြေမှာ စမ်းရေစရယ်နဲ့
    ဖျန်းလေက တသုန်သုန်။

    တဲတဖက်
    ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
    ကရင်အို ယာပြင်ကြီးမှာ
    မီးထည့်လို့လှုံ။

    မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
    အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
    လွှမ်းတဲ့လို့ လွှားကာခြုံ
    ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

    ဘေးအိတ်ကယ်လျှို
    ဆေးလိပ်တို နားမှာထိုးပါလို့
    တောင်ရိုးမှာ ဘာသာသူတို့
    ကွင်းအငူ နှင်းမြူက စဲချိန်မို့
    အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
    တဲပျက်စခန်း။

    #အချုပ်တန်းဆရာဖေ
    #Credit_To_Original_Uplodar
    #မြန်မာကဗျာများ Page မှ
    #ကူးယူမျှဝေပါသည်။
    🪴#ဖိုးစော်ကဲ🪴 __________________ 🪴လွမ်းမပြေ မန်းမြေတမိတော့ ကမ်းခြေမှာ စမ်းရေစရယ်နဲ့ ဖျန်းလေက တသုန်သုန်။ 🪴တဲတဖက် ဆွဲဖျက်ကာ အလျှင်လိုရော့ထင့် ကရင်အို ယာပြင်ကြီးမှာ မီးထည့်လို့လှုံ။ 🪴မပူပေါင် နောက်ဆီက ချမ်းရော့ထင့် အဖြူစောင် ခေါက်ထည်ကြမ်းကိုလ လွှမ်းတဲ့လို့ လွှားကာခြုံ ပါးမှာငုံပါတဲ့ နုရွှေကွမ်း။ 🪴ဘေးအိတ်ကယ်လျှို ဆေးလိပ်တို နားမှာထိုးပါလို့ တောင်ရိုးမှာ ဘာသာသူတို့ ကွင်းအငူ နှင်းမြူက စဲချိန်မို့ အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့ တဲပျက်စခန်း။ #အချုပ်တန်းဆရာဖေ #Credit_To_Original_Uplodar #မြန်မာကဗျာများ Page မှ #ကူးယူမျှဝေပါသည်။
    Love
    Care
    3
    · 0 Comments ·0 Shares ·362 Views
  • တစ်ဘက်ထဲ လှရုံနဲ့ မရဘူး
    ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ
    ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ
    တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။

    သူ့ဘက် ကိုယ့်ဘက်ရှိမှ
    အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
    ယုံကြည်မှုဆိုတာ
    ပျက်စီးသွားပြီဆိုတဲ့အခါ
    ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
    ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။

    ဒါကြောင့်
    ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
    ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။

    ယုံကြည်လို့
    ချေးငှားလိုက်တဲ့ ပိုက်ဆံကို
    မတောင်းခင်ကတည်းက
    အလိုက်တသိ ပြန်ပေးရတယ်။

    ယုံကြည်လို့
    ကူညီပေးလိုက်တာကို
    ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။

    ယုံကြည်လို့
    ပေးထားတဲ့ မေတ္တာကို
    တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။

    ယုံကြည်လို့
    တွဲထားတဲ့ လက်တွေကို
    နာကျင်ဒဏ်ရာတွေ မပေးရဘူး။

    ယုံကြည်လို့ပေးထားတဲ့
    အခွင့်အရေးကို
    ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။

    အဲ့ဒီယုံကြည်မှုထဲမှာ
    ချစ်ခြင်းမေတ္တာတွေပါတယ်
    ကိုယ်ချင်းစာတရားတွေပါတယ်
    သံယောဇဉ်တွေပါတယ်။

    ဒါကြောင့် ယုံကြည်မှုကို
    လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး
    တကယ်လို့
    ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ
    တကယ်နစ်နာဆုံးရှုံးသွားတာက
    ကိုယ်ဖြစ်နေတတ်တယ်။

    ဒီလိုပဲ
    ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို
    အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။

    ဒါပေမယ့်
    တကယ် ဝမ်းမနည်းပါဘူး
    စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။

    အဲ့ဒါက ဘာလဲဆိုတော့
    အရင်လို စေတနာတွေ အကူအညီတွေ
    ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
    ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။

    ယုံကြည်မှုကို တန်ဖိုးထားပါ။
    တချို့အရာတွေက
    ပြန်လိုချင်ရင်တောင်မှ
    ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။

    #followereveryonehighlights
    #ဦးအောင်သင်း
    #စာပေဗဟုသုတ
    #ဦးအောင်သင်း
    #စာပေ
    တစ်ဘက်ထဲ လှရုံနဲ့ မရဘူး ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။ သူ့ဘက် ကိုယ့်ဘက်ရှိမှ အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ ယုံကြည်မှုဆိုတာ ပျက်စီးသွားပြီဆိုတဲ့အခါ ဘယ်လိုပြန်တည်ဆောက် တည်ဆောက် ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။ ဒါကြောင့် ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။ ယုံကြည်လို့ ချေးငှားလိုက်တဲ့ ပိုက်ဆံကို မတောင်းခင်ကတည်းက အလိုက်တသိ ပြန်ပေးရတယ်။ ယုံကြည်လို့ ကူညီပေးလိုက်တာကို ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။ ယုံကြည်လို့ ပေးထားတဲ့ မေတ္တာကို တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။ ယုံကြည်လို့ တွဲထားတဲ့ လက်တွေကို နာကျင်ဒဏ်ရာတွေ မပေးရဘူး။ ယုံကြည်လို့ပေးထားတဲ့ အခွင့်အရေးကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။ အဲ့ဒီယုံကြည်မှုထဲမှာ ချစ်ခြင်းမေတ္တာတွေပါတယ် ကိုယ်ချင်းစာတရားတွေပါတယ် သံယောဇဉ်တွေပါတယ်။ ဒါကြောင့် ယုံကြည်မှုကို လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး တကယ်လို့ ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ တကယ်နစ်နာဆုံးရှုံးသွားတာက ကိုယ်ဖြစ်နေတတ်တယ်။ ဒီလိုပဲ ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် တကယ် ဝမ်းမနည်းပါဘူး စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အရင်လို စေတနာတွေ အကူအညီတွေ ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့ ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။ ယုံကြည်မှုကို တန်ဖိုးထားပါ။ တချို့အရာတွေက ပြန်လိုချင်ရင်တောင်မှ ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။ #followereveryonehighlights #ဦးအောင်သင်း #စာပေဗဟုသုတ #ဦးအောင်သင်း #စာပေ
    Love
    Care
    3
    · 0 Comments ·0 Shares ·424 Views
  • “အစစ်အမှန်”

    ဒဏ်ရာတွေ တစ်ပွေ့ကြီး
    ပြန်ရမယ်မှန်းသိရင်
    မေတ္တာတွေ တစ်ပိုက်ကြီးနဲ့
    ဒီလမ်းကို
    ဘယ်သွားခဲ့ပါ့မလဲ။

    ရေလည်းမရောဘူး
    အလေးလည်းမခိုးဘူး
    ချိန်ခွင်လျှာ တစ်ဖက်စောင်းတဲ့ထိ
    ပိုပိုသာသာ ထည့်ပေးခဲ့တဲ့
    မေတ္တာပန်းပွင့်တွေပါ။

    မယူချင်လို့သာ
    ရုတ်သိမ်းလိုက်ရတယ်
    ပကာသနမပါတဲ့
    ဒီမေတ္တာပန်းလေးတွေရဲ့
    ရနံ့က စစ်မှန်ခဲ့ပါတယ်။

    #ngekg
    #ကဗျာလေးတွေ
    “အစစ်အမှန်” ဒဏ်ရာတွေ တစ်ပွေ့ကြီး ပြန်ရမယ်မှန်းသိရင် မေတ္တာတွေ တစ်ပိုက်ကြီးနဲ့ ဒီလမ်းကို ဘယ်သွားခဲ့ပါ့မလဲ။ ရေလည်းမရောဘူး အလေးလည်းမခိုးဘူး ချိန်ခွင်လျှာ တစ်ဖက်စောင်းတဲ့ထိ ပိုပိုသာသာ ထည့်ပေးခဲ့တဲ့ မေတ္တာပန်းပွင့်တွေပါ။ မယူချင်လို့သာ ရုတ်သိမ်းလိုက်ရတယ် ပကာသနမပါတဲ့ ဒီမေတ္တာပန်းလေးတွေရဲ့ ရနံ့က စစ်မှန်ခဲ့ပါတယ်။ #ngekg #ကဗျာလေးတွေ
    Care
    1
    · 0 Comments ·0 Shares ·313 Views
  • ‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ စိတ်အေးတတ်လာတယ်..

    ‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

    ‎တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အရာရာကို တလေးတစား
    ‎လုပ်တတ်လာတယ်..

    ‎ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ စာနာတတ်လာတယ် ။

    ‎ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

    ‎ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ တိုးတက်ချင်စိတ်တွေ မွေးဖွားလာတယ်..

    ‎မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

    ‎သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အသိ သတိတွေနဲ့
    ‎နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

    ‎ရိုးသားတဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ အစစ်အမှန်တွေကို
    ‎ထုတ်သုံးတတ်လာတယ်..

    ‎နာခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ နာခံတတ်လာပြီး
    ‎အကောင်း/အဆိုးကို ခွဲခြားနိုင်လာတယ်..

    ‎စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့
    ‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်..
    ‎ တကယ်တော့...အကြောင်းတရားကောင်းမှ
    ‎အကျိုးတရား လှတာနော်~~~

    ‎#ဦးအောင်သင်း
    #followereveryonehighlights
    #စာပေ
    #စာအုပ်စာပေလူ့မိတ်ဆွေ
    #စာပေဗဟုသုတ
    ‎သည်းခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ စိတ်အေးတတ်လာတယ်.. ‎ ‎ကြင်နာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်.. ‎ ‎တန်ဖိုးထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အရာရာကို တလေးတစား ‎လုပ်တတ်လာတယ်.. ‎ ‎ကိုယ်ချင်းစာတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ စာနာတတ်လာတယ် ။ ‎ ‎ပျော်ပျော်နေတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်.. ‎ ‎ကြိုးစားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ တိုးတက်ချင်စိတ်တွေ မွေးဖွားလာတယ်.. ‎ ‎မေတ္တာထားတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်.. ‎ ‎သတိရှိတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အသိ သတိတွေနဲ့ ‎နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်.. ‎ ‎ရိုးသားတဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ အစစ်အမှန်တွေကို ‎ထုတ်သုံးတတ်လာတယ်.. ‎ ‎နာခံတတ်တဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ နာခံတတ်လာပြီး ‎အကောင်း/အဆိုးကို ခွဲခြားနိုင်လာတယ်.. ‎ ‎စိတ်နှလုံးကောင်းတဲ့သူနဲ့ ပေါင်းသင်းတော့ ‎ကိုယ်ပါ သူတော်ကောင်းစိတ်တွေ မွေးမြူလာတယ်.. ‎ တကယ်တော့...အကြောင်းတရားကောင်းမှ ‎အကျိုးတရား လှတာနော်~~~ ‎ ‎#ဦးအောင်သင်း #followereveryonehighlights #စာပေ #စာအုပ်စာပေလူ့မိတ်ဆွေ #စာပေဗဟုသုတ
    Care
    1
    · 0 Comments ·0 Shares ·343 Views
  • ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
    ချမ်းပေါင်လေ တဖေတင်းသော်လည်း
    ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
    မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ
    ထည်အလွှာ အကုန်ထွေးသော်လည်း
    ကြည်အသာ မလုံသေးပါဘု
    မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
    သွေးလန့်လို့ခုန်။

    ယမ်းယောင်ကာ တလျက်ညည်းမိတော့
    သန်းခေါင်မှာ မြကြက်သီးတွေက
    တဖီးဖီး ပျံ့လို့ငယ်အုံ
    ဗျာဆုံတဲ့ ရာသီပဲ။

    ငွေနှင်းငယ်မှုန်
    လေညင်းရယ် တသုန်သုန်နှင့်
    ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
    မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
    သည်ခေတ်မှာ သည်လိုဟာဖြင့်
    သည်ကိုယ်မှာ သေသေလုပါပေါ့
    ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
    ဆောင်းရတုပွဲ။
    အချုပ်တန်းဆရာဖေ
    Crd
    ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လည်း ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန် မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လည်း ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့ သွေးလန့်လို့ခုန်။ ယမ်းယောင်ကာ တလျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗျာဆုံတဲ့ ရာသီပဲ။ ငွေနှင်းငယ်မှုန် လေညင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ် ဆောင်းရတုပွဲ။ အချုပ်တန်းဆရာဖေ Crd
    Care
    1
    · 0 Comments ·0 Shares ·364 Views
  • ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ

    အရင်းနှီးဆုံးတွေက
    အနာကျင်ရဆုံးတွေ ပေးတဲ့အခါ
    ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    အယုံကြည်ရဆုံးတွေက
    ရင်နာစရာတွေ လုပ်သွားတဲ့အခါ
    ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    အချစ်ရဆုံးတွေက
    ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ
    မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    နောက်ထပ်
    ပြန်ဆုံနိုင်စရာအကြောင်းလည်းမရှိတဲ့
    ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက်
    နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး
    ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    ဆုံးရှုံးခဲ့တာတွေ
    နစ်နာခဲ့တာတွေအတွက်
    လွယ်လွယ်လေးနဲ့တော့
    ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး
    လွယ်လွယ်လေးနဲ့တော့
    မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး။

    စိတ်တိုစရာတွေ
    စိတ်နာစရာတွေ
    စိတ်ဒဏ်ရာတွေဆိုတာ
    ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း
    လောကမှာ ခွင့်မလွှတ်နိုင်စရာကို
    ခွင့်လွှတ်ပေးနိုင် ခြင်းကသာ
    စိတ်ချမ်းသာရမှာပါ။
    မေ့မပစ်နိုင်စရာကို
    မေ့ပစ်လိုက်နိုင်ခြင်းကသာ
    စိတ်ငြိမ်းအေးချမ်းရမှာပါ။

    ဘဝမှာ
    သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော
    ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင်
    ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    သိထားဖို့က.

    လောကဓံကို ရင်ဆိုင်တဲ့အခါမှာ
    လက်ထဲမှာ "ဓား" ရှိဖို့ မလိုဘူး
    ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။

    ဒါကြောင့်
    ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး
    ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့
    ကိုယ်လုပ်ခဲ့တဲ့အတိတ်က
    အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။

    သူကသာ ကြွေးသစ်ယူနေတာ
    သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည်
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

    #ဗန်းမော်သိန်းဖေ Page မှ ပြန်လည်မျှဝေခြင်းသာဖြစ်သည်။
    #Facebook
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါ ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ အယုံကြည်ရဆုံးတွေက ရင်နာစရာတွေ လုပ်သွားတဲ့အခါ ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ အချစ်ရဆုံးတွေက ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ နောက်ထပ် ပြန်ဆုံနိုင်စရာအကြောင်းလည်းမရှိတဲ့ ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက် နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ ဆုံးရှုံးခဲ့တာတွေ နစ်နာခဲ့တာတွေအတွက် လွယ်လွယ်လေးနဲ့တော့ ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး လွယ်လွယ်လေးနဲ့တော့ မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး။ စိတ်တိုစရာတွေ စိတ်နာစရာတွေ စိတ်ဒဏ်ရာတွေဆိုတာ ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း လောကမှာ ခွင့်မလွှတ်နိုင်စရာကို ခွင့်လွှတ်ပေးနိုင် ခြင်းကသာ စိတ်ချမ်းသာရမှာပါ။ မေ့မပစ်နိုင်စရာကို မေ့ပစ်လိုက်နိုင်ခြင်းကသာ စိတ်ငြိမ်းအေးချမ်းရမှာပါ။ ဘဝမှာ သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင် ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ သိထားဖို့က. လောကဓံကို ရင်ဆိုင်တဲ့အခါမှာ လက်ထဲမှာ "ဓား" ရှိဖို့ မလိုဘူး ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။ ဒါကြောင့် ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့ ကိုယ်လုပ်ခဲ့တဲ့အတိတ်က အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။ သူကသာ ကြွေးသစ်ယူနေတာ သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည် ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ #ဗန်းမော်သိန်းဖေ Page မှ ပြန်လည်မျှဝေခြင်းသာဖြစ်သည်။ #Facebook
    Love
    1
    · 0 Comments ·0 Shares ·478 Views
  • ဒိနေ့ရေားမနက်ဖန်ပါအဆင်ပြေတာပဲကြားပါရစေဗျ
    ဒိနေ့ရေားမနက်ဖန်ပါအဆင်ပြေတာပဲကြားပါရစေဗျ
    Care
    1
    · 0 Comments ·0 Shares ·192 Views
  • 🏵 #အစွမ်းထက်သော မန်ကျည်းသီးအသုံးဝင်မှုများ>>>>

    🏵 #မန်ကျည်းရွက်မှာပါတဲ့ ဖလေဗိုးနွိုက်တွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ >>>>>

    🏵 #မန်ကျည်းရွက်ဟာ ကိုယ်တွင်း အပူကို လျော့ကျစေပြီး အစာစားချင်စိတ်ကို တိုးစေတယ်လို့ အင်ဒိုနီးရှား ဆေးဖက်ဝင် အပင်တွေကို လေ့လာသူတွေက ဆိုပါတယ်။ မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု များသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာ ပါဝင်နေပါတယ်။ >>>>>>>>

    🏵 #မန်ကျည်းသီးမှာ ကျန်းမာရေးကောင်းဖို့ လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ တခြား အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ >>>>>>>>>

    🏵 #အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း များစွာ ပါဝင်တာကြောင့် အအေးမိရောဂါကို ကာကွယ်ပေးနိုင်တာ၊ အဖျားကျစေတာ၊ အစာကြေစေတာ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေတာ၊နှလုံးကျန်းမာရေးကောင်းစေတာ စတဲ့ ကောင်းကျိုးတွေအပြင် ဝမ်းမှန်စေတဲ့ အစွမ်းလည်း ရှိပါတယ်။>>>>>>>

    🏵 #ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်>>>>>

    🏵 #မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။>>>>>>>

    🏵 #ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်>>>>>>>

    🏵 #မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။>>>>>>>

    🏵 #ဝမ်းပျော့ပျော့သွားစေပါတယ်>>>>>>>

    🏵 #မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။

    🏵 #သည်းခြေလုပ်ငန်းဆောင်တာ ကောင်းစေတယ်>>>>>

    #မန်ကျည်းသီးဟာ သည်းခြေလုပ်ငန်းဆောင်တာ ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။>>>>>>

    🏵 #အစာကြေညက်စေပါတယ်>>>>>

    #မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။>>>>>>

    🏵 #နှလုံးကျန်းမာစေပါတယ်>>>>

    🏵 #မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။>>>>

    🏵 #သွေးသန့်စင်စေပါတယ်>>>>>

    🏵 #မန်ကျည်းသီးဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ် စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်စေပါတယ်။>>>>>>

    🏵 #အရေပြားကို အနာကျက်စေပါတယ်>>>>>

    🏵 #မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။>>>>>

    🏵 #လည်ချောင်းနာတာကို သက်သာစေပါတယ်>>>>

    🏵 မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။>>>>

    🏵 သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်>>>>>

    🏵 မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။>>>>>>>

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကိုCrd
    ကျန်းမာရေးနဲ့ပတ်သတ်တဲ့ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျေးဇူးတင်ပါတယ်
    🏵 #အစွမ်းထက်သော မန်ကျည်းသီးအသုံးဝင်မှုများ>>>> 🏵 #မန်ကျည်းရွက်မှာပါတဲ့ ဖလေဗိုးနွိုက်တွေက ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ >>>>> 🏵 #မန်ကျည်းရွက်ဟာ ကိုယ်တွင်း အပူကို လျော့ကျစေပြီး အစာစားချင်စိတ်ကို တိုးစေတယ်လို့ အင်ဒိုနီးရှား ဆေးဖက်ဝင် အပင်တွေကို လေ့လာသူတွေက ဆိုပါတယ်။ မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု များသလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာ ပါဝင်နေပါတယ်။ >>>>>>>> 🏵 #မန်ကျည်းသီးမှာ ကျန်းမာရေးကောင်းဖို့ လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီနဲ့ တခြား အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ >>>>>>>>> 🏵 #အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း များစွာ ပါဝင်တာကြောင့် အအေးမိရောဂါကို ကာကွယ်ပေးနိုင်တာ၊ အဖျားကျစေတာ၊ အစာကြေစေတာ၊ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေတာ၊နှလုံးကျန်းမာရေးကောင်းစေတာ စတဲ့ ကောင်းကျိုးတွေအပြင် ဝမ်းမှန်စေတဲ့ အစွမ်းလည်း ရှိပါတယ်။>>>>>>> 🏵 #ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်>>>>> 🏵 #မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။>>>>>>> 🏵 #ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်>>>>>>> 🏵 #မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။>>>>>>> 🏵 #ဝမ်းပျော့ပျော့သွားစေပါတယ်>>>>>>> 🏵 #မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။ 🏵 #သည်းခြေလုပ်ငန်းဆောင်တာ ကောင်းစေတယ်>>>>> #မန်ကျည်းသီးဟာ သည်းခြေလုပ်ငန်းဆောင်တာ ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။>>>>>> 🏵 #အစာကြေညက်စေပါတယ်>>>>> #မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။>>>>>> 🏵 #နှလုံးကျန်းမာစေပါတယ်>>>> 🏵 #မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။>>>> 🏵 #သွေးသန့်စင်စေပါတယ်>>>>> 🏵 #မန်ကျည်းသီးဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ် စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်စေပါတယ်။>>>>>> 🏵 #အရေပြားကို အနာကျက်စေပါတယ်>>>>> 🏵 #မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။>>>>> 🏵 #လည်ချောင်းနာတာကို သက်သာစေပါတယ်>>>> 🏵 မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။>>>> 🏵 သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်>>>>> 🏵 မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။>>>>>>> #ကျန်းမာရေး #ဗဟုသုတ #စာပေ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကိုCrd ကျန်းမာရေးနဲ့ပတ်သတ်တဲ့ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျေးဇူးတင်ပါတယ်🙏🥰
    Like
    1
    · 0 Comments ·0 Shares ·601 Views
  • ကဗျာတစ်အုပ်
    ပန်းတစ်ခင်းနဲ့
    ဆေးလိပ်တစ်တိုရယ်
    Teaပြင်းပြင်းလေးတစ်ခွက်ရယ်
    ကြင်နာသူလေးရယ်
    နေဝင်ချိန်ထိထိုင်ကြည့်ချင်တယ်


    အများကြီးမဟုတ်ဘူးဒါလေးတင်ပါလောကကြီးရယ်
    ကဗျာတစ်အုပ် ပန်းတစ်ခင်းနဲ့ ဆေးလိပ်တစ်တိုရယ် Teaပြင်းပြင်းလေးတစ်ခွက်ရယ် ကြင်နာသူလေးရယ် နေဝင်ချိန်ထိထိုင်ကြည့်ချင်တယ် အများကြီးမဟုတ်ဘူးဒါလေးတင်ပါလောကကြီးရယ်
    Love
    1
    · 0 Comments ·0 Shares ·209 Views
More Results