#ဖိုးစော်ကဲ
__________________
လွမ်းမပြေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေစရယ်နဲ့
ဖျန်းလေက တသုန်သုန်။
တဲတဖက်
ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
ကရင်အို ယာပြင်ကြီးမှာ
မီးထည့်လို့လှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။
ဘေးအိတ်ကယ်လျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူက စဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်စခန်း။
#အချုပ်တန်းဆရာဖေ
#Credit_To_Original_Uplodar
#မြန်မာကဗျာများ Page မှ
#ကူးယူမျှဝေပါသည်။
__________________
လွမ်းမပြေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေစရယ်နဲ့
ဖျန်းလေက တသုန်သုန်။
တဲတဖက်
ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
ကရင်အို ယာပြင်ကြီးမှာ
မီးထည့်လို့လှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။
ဘေးအိတ်ကယ်လျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူက စဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်စခန်း။
#အချုပ်တန်းဆရာဖေ
#Credit_To_Original_Uplodar
#မြန်မာကဗျာများ Page မှ
#ကူးယူမျှဝေပါသည်။
🪴#ဖိုးစော်ကဲ🪴
__________________
🪴လွမ်းမပြေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေစရယ်နဲ့
ဖျန်းလေက တသုန်သုန်။
🪴တဲတဖက်
ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
ကရင်အို ယာပြင်ကြီးမှာ
မီးထည့်လို့လှုံ။
🪴မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းတဲ့လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။
🪴ဘေးအိတ်ကယ်လျှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာသူတို့
ကွင်းအငူ နှင်းမြူက စဲချိန်မို့
အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်စခန်း။
#အချုပ်တန်းဆရာဖေ
#Credit_To_Original_Uplodar
#မြန်မာကဗျာများ Page မှ
#ကူးယူမျှဝေပါသည်။

