• ဝင်ငွေနဲ့ အသုံးစရိတ် မျှတအောင် ဘယ်လိုစီမံမလဲ။

    ကိုယ့်ဝင်ငွေနဲ့ ကိုယ့်အသုံးစရိတ် မျှတမှု မရှိဘူးဆိုရင် ငွေကြေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီမံခန့်ခွဲဖို့ နည်းလမ်း(၅)ခုကို လိုက်နာသင့်ပါတယ်။

    ၁။ဝင်ငွေအားလုံးကို စာရင်းပြုစုပါ။
    လစာ၊ ပင်စင်၊ ရင်းနှီးမြှုပ်နှံမှုကနေ ရရှိတဲ့ အကျိုးအမြတ် စသဖြင့် သင့်ဝင်ငွေအားလုံးကို တိကျစွာ မှတ်တမ်းတင်ပါ။

    ၂။အသုံးစရိတ်အားလုံးကို မှတ်တမ်းတင်ပါ။ အိမ်လခ/အိမ်အရစ်ကျ၊ မီး၊ ရေ၊ ဖုန်းခ၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အကြွေး များ၊ ကျန်းမာရေး စတဲ့ အသုံးစရိတ်အားလုံးကို အသေးစိတ် ချရေးပါ။

    ၃။ဝင်ငွေနဲ့ အသုံးစရိတ်ကို နှိုင်းယှဉ်ပါ။
    သင့်ရဲ့ ဝင်ငွေကနေ အသုံးစရိတ်ကို နှုတ်ကြည့်ပါ။ အမြတ်ကျန်ခဲ့ရင် စုဆောင်းဖို့ အခွင့်အလမ်း ရှိပါတယ်။ အသုံးစရိတ်က ဝင်ငွေထက် ပိုများနေရင်တော့ ချိန်ညှိဖို့ လိုပါပြီ။

    ၄။အခြေခံလိုအပ်ချက်တွေကို အရင်ဖြည့်ပါ။
    အိမ်စရိတ်၊ စားဝတ်နေရေး၊ မီး၊ ရေ စတဲ့ မဖြစ်မနေ လိုအပ်တဲ့ အရာတွေကို ပထမဦးစားပေးပါ။

    ၅။အပိုအသုံးစရိတ်တွေကို ထိန်းချုပ်ပါ။
    ဖျော်ဖြေရေး၊ အပြင်ထွက်စားသောက်ခြင်း စတဲ့ မရှိမဖြစ်မဟုတ်တဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ ကြိုးစားပါ။

    သင့်ရဲ့ ဘတ်ဂျက်ကို ထိန်းချုပ်နိုင်ပြီး အရေးပေါ်ရန်ပုံငွေ ရှိလာပြီဆိုရင် အနာဂတ် ရည်မှန်းချက်တွေ (အိမ်ဝယ်တာ၊ ပညာရေး၊ အငြိမ်းစားယူတာ) အတွက် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားပါ။

    ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီမံခြင်းဟာ စိတ်ငြိမ်သက်မှုနဲ့ ငွေကြေး လုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်တွေကို လိုက်နာပြီး သင့်ရဲ့ ငွေကြေးအခြေအနေကို တိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။

    #coachpannsu
    #innerupgrade
    #selfleadership
    ဝင်ငွေနဲ့ အသုံးစရိတ် မျှတအောင် ဘယ်လိုစီမံမလဲ။ ကိုယ့်ဝင်ငွေနဲ့ ကိုယ့်အသုံးစရိတ် မျှတမှု မရှိဘူးဆိုရင် ငွေကြေးပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီမံခန့်ခွဲဖို့ နည်းလမ်း(၅)ခုကို လိုက်နာသင့်ပါတယ်။ ၁။ဝင်ငွေအားလုံးကို စာရင်းပြုစုပါ။ လစာ၊ ပင်စင်၊ ရင်းနှီးမြှုပ်နှံမှုကနေ ရရှိတဲ့ အကျိုးအမြတ် စသဖြင့် သင့်ဝင်ငွေအားလုံးကို တိကျစွာ မှတ်တမ်းတင်ပါ။ ၂။အသုံးစရိတ်အားလုံးကို မှတ်တမ်းတင်ပါ။ အိမ်လခ/အိမ်အရစ်ကျ၊ မီး၊ ရေ၊ ဖုန်းခ၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အကြွေး များ၊ ကျန်းမာရေး စတဲ့ အသုံးစရိတ်အားလုံးကို အသေးစိတ် ချရေးပါ။ ၃။ဝင်ငွေနဲ့ အသုံးစရိတ်ကို နှိုင်းယှဉ်ပါ။ သင့်ရဲ့ ဝင်ငွေကနေ အသုံးစရိတ်ကို နှုတ်ကြည့်ပါ။ အမြတ်ကျန်ခဲ့ရင် စုဆောင်းဖို့ အခွင့်အလမ်း ရှိပါတယ်။ အသုံးစရိတ်က ဝင်ငွေထက် ပိုများနေရင်တော့ ချိန်ညှိဖို့ လိုပါပြီ။ ၄။အခြေခံလိုအပ်ချက်တွေကို အရင်ဖြည့်ပါ။ အိမ်စရိတ်၊ စားဝတ်နေရေး၊ မီး၊ ရေ စတဲ့ မဖြစ်မနေ လိုအပ်တဲ့ အရာတွေကို ပထမဦးစားပေးပါ။ ၅။အပိုအသုံးစရိတ်တွေကို ထိန်းချုပ်ပါ။ ဖျော်ဖြေရေး၊ အပြင်ထွက်စားသောက်ခြင်း စတဲ့ မရှိမဖြစ်မဟုတ်တဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ ကြိုးစားပါ။ သင့်ရဲ့ ဘတ်ဂျက်ကို ထိန်းချုပ်နိုင်ပြီး အရေးပေါ်ရန်ပုံငွေ ရှိလာပြီဆိုရင် အနာဂတ် ရည်မှန်းချက်တွေ (အိမ်ဝယ်တာ၊ ပညာရေး၊ အငြိမ်းစားယူတာ) အတွက် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားပါ။ ဝင်ငွေနဲ့ အသုံးစရိတ်ကို မျှတအောင် စီမံခြင်းဟာ စိတ်ငြိမ်သက်မှုနဲ့ ငွေကြေး လုံခြုံမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီအချက်တွေကို လိုက်နာပြီး သင့်ရဲ့ ငွေကြေးအခြေအနေကို တိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။ #coachpannsu #innerupgrade #selfleadership
    Care
    1
    · 0 Comments ·0 Shares ·128 Views
  • ပိုက်ဆံကို ဘယ်လိုစုဆောင်းမလဲ။
    လူတိုင်းက ပိုက်ဆံပိုချင်ကြပါတယ်။ ဒါပေမဲ့ အများစုက ပိုက်ဆံကို ဘယ်လိုစုရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ မသိကြပါဘူး။ တကယ်တော့ ပိုက်ဆံစုဆောင်းဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အသုံးစရိတ်ကို သေချာစနစ်တကျစီမံနိုင်ရင် အဆင်ပြေပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ ကိုယ်သုံးမယ့်ပိုက်ဆံကို ခြေရာခံပါ။
    ပိုက်ဆံစုဆောင်းဖို့ ပထမဆုံးအဆင့်က ကိုယ်ဘယ်လောက်သုံးလဲဆိုတာ သိဖို့ပါ။ အဲဒီအတွက် ကိုယ့်ရဲ့အသုံးစရိတ်တွေကို မှတ်စုစာအုပ်ထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲက App တစ်ခုခုနဲ့ဖြစ်ဖြစ် မှတ်ထားပါ။ တစ်ရက်ကို ဘယ်လောက်ကုန်လဲ၊ ဘယ်နေရာတွေမှာ ဘယ်လောက်ကုန်လဲဆိုတာ သေချာရေးမှတ်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့မလိုအပ်တဲ့ အသုံးစရိတ်တွေကို သိလာပြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ၂။ ဘတ်ဂျက်ကိုရေးဆွဲပါ။
    ကိုယ်သုံးနေတဲ့အသုံးစရိတ်တွေကို သိပြီဆိုရင် ဘတ်ဂျက်တစ်ခုကို ရေးဆွဲပါ။ ဥပမာ- စားသောက်စရိတ်အတွက် ဘယ်လောက်၊ သွားလာရေးအတွက် ဘယ်လောက်၊ ဖျော်ဖြေရေးအတွက် ဘယ်လောက်ဆိုပြီး သတ်မှတ်ပါ။ ဒီလိုသတ်မှတ်ရာမှာ နာမည်ကျော် 50/30/20 နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
    50% ကို အိမ်လခ၊ ကားစရိတ်၊ မီးဖိုး၊ ရေဖိုး စတဲ့ မရှိမဖြစ်အသုံးစရိတ်တွေအတွက် သုံးပါ။
    30% ကို အားလပ်ရက် ခရီးသွားခြင်း၊ အပြင်မှာထွက်စားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတဲ့ ကိုယ်လိုချင်တဲ့အရာတွေအတွက် သုံးပါ။
    20% ကို စုဆောင်းငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် သုံးပါ။
    ဒီနည်းလမ်းကို အသုံးပြုပြီး ကိုယ့်ဝင်ငွေအပေါ်မူတည်ပြီး ဘတ်ဂျက်ကို စနစ်တကျရေးဆွဲနိုင်ပါတယ်။

    ၃။ ပိုက်ဆံစုဆောင်းတာကို အလေ့အထတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။
    ကိုယ့်ဘတ်ဂျက်ကို စနစ်တကျ ရေးဆွဲပြီးပြီဆိုရင် လခထုတ်တိုင်း ပိုက်ဆံကို အရင်စုပါ။ ဥပမာ- လခရတာနဲ့ ၂၀% ကို စုလိုက်ပြီးမှ ကျန်တဲ့ ၈၀% နဲ့ သုံးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုက်ဆံစုတာကို အလေ့အထတစ်ခုဖြစ်သွားစေပြီး ရေရှည်မှာ ငွေကြေးအတွက် ပူစရာမလိုတော့ပါဘူး။

    ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ဘဝအတွက် ငွေကြေးတည်ငြိမ်မှုနဲ့ လုံခြုံမှုတွေကို တည်ဆောက်နိုင်မှာပါ။ ငွေကြေးစီမံမှုဆိုတာ ကိုယ့်ရဲ့ဝင်ငွေကို သုံးပုံသုံးနည်း ကောင်းအောင်လုပ်ဆောင်နိုင်တဲ့ အနုပညာတစ်ခုပါပဲ။

    တွေးစရာတစ်ခုရမယ်ဆိုရင် Yes လို့ရေးခဲ့ပါ။

    #coachpannsu
    #innerupgrade
    #selfleadership
    ပိုက်ဆံကို ဘယ်လိုစုဆောင်းမလဲ။ လူတိုင်းက ပိုက်ဆံပိုချင်ကြပါတယ်။ ဒါပေမဲ့ အများစုက ပိုက်ဆံကို ဘယ်လိုစုရမလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ မသိကြပါဘူး။ တကယ်တော့ ပိုက်ဆံစုဆောင်းဖို့ဆိုတာ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အသုံးစရိတ်ကို သေချာစနစ်တကျစီမံနိုင်ရင် အဆင်ပြေပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကိုယ်သုံးမယ့်ပိုက်ဆံကို ခြေရာခံပါ။ ပိုက်ဆံစုဆောင်းဖို့ ပထမဆုံးအဆင့်က ကိုယ်ဘယ်လောက်သုံးလဲဆိုတာ သိဖို့ပါ။ အဲဒီအတွက် ကိုယ့်ရဲ့အသုံးစရိတ်တွေကို မှတ်စုစာအုပ်ထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲက App တစ်ခုခုနဲ့ဖြစ်ဖြစ် မှတ်ထားပါ။ တစ်ရက်ကို ဘယ်လောက်ကုန်လဲ၊ ဘယ်နေရာတွေမှာ ဘယ်လောက်ကုန်လဲဆိုတာ သေချာရေးမှတ်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့မလိုအပ်တဲ့ အသုံးစရိတ်တွေကို သိလာပြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ၂။ ဘတ်ဂျက်ကိုရေးဆွဲပါ။ ကိုယ်သုံးနေတဲ့အသုံးစရိတ်တွေကို သိပြီဆိုရင် ဘတ်ဂျက်တစ်ခုကို ရေးဆွဲပါ။ ဥပမာ- စားသောက်စရိတ်အတွက် ဘယ်လောက်၊ သွားလာရေးအတွက် ဘယ်လောက်၊ ဖျော်ဖြေရေးအတွက် ဘယ်လောက်ဆိုပြီး သတ်မှတ်ပါ။ ဒီလိုသတ်မှတ်ရာမှာ နာမည်ကျော် 50/30/20 နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ 💰50% ကို အိမ်လခ၊ ကားစရိတ်၊ မီးဖိုး၊ ရေဖိုး စတဲ့ မရှိမဖြစ်အသုံးစရိတ်တွေအတွက် သုံးပါ။ 💰 30% ကို အားလပ်ရက် ခရီးသွားခြင်း၊ အပြင်မှာထွက်စားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတဲ့ ကိုယ်လိုချင်တဲ့အရာတွေအတွက် သုံးပါ။ 💰20% ကို စုဆောင်းငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် သုံးပါ။ ဒီနည်းလမ်းကို အသုံးပြုပြီး ကိုယ့်ဝင်ငွေအပေါ်မူတည်ပြီး ဘတ်ဂျက်ကို စနစ်တကျရေးဆွဲနိုင်ပါတယ်။ ၃။ ပိုက်ဆံစုဆောင်းတာကို အလေ့အထတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။ ကိုယ့်ဘတ်ဂျက်ကို စနစ်တကျ ရေးဆွဲပြီးပြီဆိုရင် လခထုတ်တိုင်း ပိုက်ဆံကို အရင်စုပါ။ ဥပမာ- လခရတာနဲ့ ၂၀% ကို စုလိုက်ပြီးမှ ကျန်တဲ့ ၈၀% နဲ့ သုံးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုက်ဆံစုတာကို အလေ့အထတစ်ခုဖြစ်သွားစေပြီး ရေရှည်မှာ ငွေကြေးအတွက် ပူစရာမလိုတော့ပါဘူး။ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ဘဝအတွက် ငွေကြေးတည်ငြိမ်မှုနဲ့ လုံခြုံမှုတွေကို တည်ဆောက်နိုင်မှာပါ။ ငွေကြေးစီမံမှုဆိုတာ ကိုယ့်ရဲ့ဝင်ငွေကို သုံးပုံသုံးနည်း ကောင်းအောင်လုပ်ဆောင်နိုင်တဲ့ အနုပညာတစ်ခုပါပဲ။ တွေးစရာတစ်ခုရမယ်ဆိုရင် Yes လို့ရေးခဲ့ပါ။ #coachpannsu #innerupgrade #selfleadership
    Care
    1
    · 0 Comments ·0 Shares ·131 Views