• အနားမှာရှိနေတုန်း တန်ဖိုးထားပါ
    -------------------------------
    လူတိုင်း လူတိုင်းမှာ
    မျှော်လင့်ချက် ကိုယ်စီ ရှိကြပါတယ်။
    ေ.သချာတာ တစ်ခုကတော့
    ဘဝဆိုတာ ပုံေ.သတွက်လို့မှ မရနိုင်တာ။

    ကိုယ် တစ်သက်လုံး ပိုင်ဆိုင်ထားရမယ်လို့
    ထင်ထားတဲ့ အရာတွေလည်း
    အချိန်တိုတွင်းနဲ့ ပျောက်ဆုံးသွားတာတွေ ရှိပါတယ်။

    ကိုယ့်အနားမှာ အချိန်အကြာကြီး ရှိနေမယ်လို့
    မျှော်လင့်ခဲ့ပေမယ်
    နေရောင်လာလို့ ပျောက်ကွယ်သွားရတဲ့
    နှင်းမှုံလေးတွေလိုပဲ
    မျှော်လင့်ချက်က ဘယ်ဆီရောက်သွားမှန်း မသိခဲ့ပါဘူး။

    ပိုင်ဆိုင်ရမယ်လို့ ထင်ထားပြီးမှ
    ဆုံးရှုံးလိုက်ရတဲ့အခါ ခဏလောက်ပဲ ခံစားပါ။
    ပြီးလျှင် မြန်မြန်ဆန်ဆန် မေ့ပစ်ပြီး
    နာကျင်မှုကို လက်လွှတ်နိုင်မှသာ
    ကိုယ့်စိတ်တွေက လွတ်မြောက်ရတာပါ။

    အနားမှာ ရှိနေတုန်း
    အကောင်းဆုံး တန်ဖိုးထားခဲ့ပြီးရင်
    ဘာအကြောင်းနဲ့ပဲ ထွက်ခွာသွားပါစေ
    နောင်တ ဆိုတာ မရနိုင်တော့ဘူးပေါ့............။

    with respect - credit
    #knowledge #life lesson
    အနားမှာရှိနေတုန်း တန်ဖိုးထားပါ ------------------------------- လူတိုင်း လူတိုင်းမှာ မျှော်လင့်ချက် ကိုယ်စီ ရှိကြပါတယ်။ ေ.သချာတာ တစ်ခုကတော့ ဘဝဆိုတာ ပုံေ.သတွက်လို့မှ မရနိုင်တာ။ ကိုယ် တစ်သက်လုံး ပိုင်ဆိုင်ထားရမယ်လို့ ထင်ထားတဲ့ အရာတွေလည်း အချိန်တိုတွင်းနဲ့ ပျောက်ဆုံးသွားတာတွေ ရှိပါတယ်။ ကိုယ့်အနားမှာ အချိန်အကြာကြီး ရှိနေမယ်လို့ မျှော်လင့်ခဲ့ပေမယ် နေရောင်လာလို့ ပျောက်ကွယ်သွားရတဲ့ နှင်းမှုံလေးတွေလိုပဲ မျှော်လင့်ချက်က ဘယ်ဆီရောက်သွားမှန်း မသိခဲ့ပါဘူး။ ပိုင်ဆိုင်ရမယ်လို့ ထင်ထားပြီးမှ ဆုံးရှုံးလိုက်ရတဲ့အခါ ခဏလောက်ပဲ ခံစားပါ။ ပြီးလျှင် မြန်မြန်ဆန်ဆန် မေ့ပစ်ပြီး နာကျင်မှုကို လက်လွှတ်နိုင်မှသာ ကိုယ့်စိတ်တွေက လွတ်မြောက်ရတာပါ။ အနားမှာ ရှိနေတုန်း အကောင်းဆုံး တန်ဖိုးထားခဲ့ပြီးရင် ဘာအကြောင်းနဲ့ပဲ ထွက်ခွာသွားပါစေ နောင်တ ဆိုတာ မရနိုင်တော့ဘူးပေါ့............။ with respect - credit #knowledge #life lesson
    Like
    Care
    2
    · 0 Comments ·0 Shares ·63 Views
  • ဉာဏ်ပညာရှိသူထံ ချဉ်းကပ်ပါ
    ---------------------------------
    ရှေးအခါတုန်းက ချမ်းသာကြွယ်ဝတဲ့ ဇနီးမောင်နှံ နှစ်ယောက်တွင် ေ,သနကဟု အမည်ရသော သားတစ် ယောက်ရှိလေသည်။ မိဘနှစ်ပါးက သူတို့၏သား ေ.သနက ကို တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခဆရာကြီးထံသို့ အပ်နှံကာ အဠာရသ တစ်ဆယ့်ရှစ်ရပ်သော ပညာများကို သင်ကြားစေလေသည်။

    ေ,သနကသည် တစ်ဆယ့်ရှစ်ရပ်သော ပညာများကို စနစ်တကျလေ့ကျင့်ပြီး နှံ့စပ်အောင် သင်ကြားနာယူသဖြင့် ကျွမ်းကျင်တတ်မြောက်ခဲ့လေသည်။

    ထိုစဉ်အချိန်အခါက ဗာရာဏသီပြည်၏ အရှင် မင်းမြတ်သည် ဇနကဟု အမည်တွင်လေသည်။ ေ.သနက၏ ပညာပြည့်ဝသော သတင်းကို ကြားသိသော ဇနကမင်းက ေ,သနကကို ပညာရှိအမတ်ကြီးအဖြစ် ချီးမြှင့်မြှောက်စားလေ၏။

    ဗာရာဏသီပြည်၏ မနီးမဝေးနေရာ၌ တောင်း ရမ်းစားသောက်သောမျိုးနွယ်များ နေထိုင်သည့် ရွာတစ်ရွာ ရှိလေသည်။ ထိုရွာ၌ အဘိုးအိုတစ်ဦး၏ ဇနီးသည် အသက်အရွယ် ငယ်ရွယ်လွန်းပြီး ရုပ်ရည်က အလွန်ချောမောလှပသည်။

    အဘိုးအိုက ချောမောလှပသော သူ၏ဇနီးကိုအလွန် ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ထားသည်။ ဇနီးသည်က ခိုင်းစေသမျှကို စိတ်ချမ်းသာအောင်လုပ်ပေးသည်။သည် တော့ ဇနီးသည်က လင်သားအပေါ် ဆိုးချင်တိုင်းဆိုးနေ ပေတော့သည်။

    တစ်နေ့မနက်တွင် အဘိုးအိုက အရပ်တကာ လှည့်လည်ပြီး တောင်းရမ်းရန် အိမ်က ထွက်မည် အပြုတွင် ဇနီးသည်က... “ယောကျာ်း… ဒီနေ့ အသပြာတစ်ထောင်ပြည့် အောင် တောင်းလာခဲ့ပါ။ အသပြာတစ်ထောင်မပြည့်မချင်း အိမ်ကို ပြန်မလာခဲ့နဲ့။ မိန်းမမှာဝယ်စရာရှိလို့... ပြောတာ ကြားတယ်နော်" ဟု မှာကြားလေ၏။

    အဘိုးအိုက....“ စိတ်ချ။ ငါ့မိန်းမ စိတ်ချမ်းသာစေရမယ်။ အသပြာတစ်ထောင်ရအောင် တောင်းခဲ့မယ်”ဟုဆိုကာ တောင်းရမ်းရန် အိမ်က ထွက်လာခဲ့လေ၏။ အဘိုးအိုသည် တစ်ရွာဝင် တစ်ရွာထွက် လိုက်၍ တောင်းရမ်းလေ၏။

    “ဟင်း... အခုမှ အသပြာလေးရာပဲ ရပါသေးလား။အသပြာတစ်ထောင်ဆိုတာ နည်းတာမဟုတ်ဘူး။ ငါ့မိန်းမက ငါ့လိုအိုကြီး အိုမကြီးကို ယူထားတာ။ ငါ့မိန်းမ စိတ်ချမ်းသာရအောင် အသပြာတစ်ထောင် မရမချင်း လှည့်လည် တောင်းခံရမယ် ”

    အဖိုးအိုက ထိုသို့ မာန်တင်းပြီး ကြိုးစားပန်းစား မမောနိုင် မပန်းနိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းပါတယ်။

    ထိုကဲ့သို့ လှည့်လည်ပြီးတောင်းရမ်းရင်း မွန်းတည့်ချိန်သို့ရောက်လာသည်။ အဘိုးအိုသည် ပူပြင်းသောနေရောင်၏ အပူရှိန်ကြောင့် နွမ်းလျလာသည်။ တစ်ကိုယ်လုံးတွင် ချွေးများကလည်း စိုရွှဲလာသည်။ နေပူဒဏ်ကြောင့် လျှောက်နေသောခြေလှမ်းများက မမှန်တော့ပေ။

    တောင်းရမ်းရသည့် အသပြာကလည်း တစ်ထောင်ပြည့်ရန် သုံးရာလိုသေးသည်။ လိုနေသော အသပြာရရန် နောက်တစ်ရွာသို့ သွားရောက်တောင်းရမ်းရပေဦးမည်။ ထိုရွာသို့ ရောက်ရန် ခရီးက အတော်အလှမ်းဝေးလေသည်။

    “အင်း... ခဏနားပြီး အမောအပန်းဖြေရမယ်။ ပြီးမှ ခရီးဆက်ရင် ကောင်းမယ်”ဟု အဘိုးအိုက တွေးပြီး သစ်ပင်ရိပ်တွင် ထိုင်ကာ အမောအပန်းဖြေလေသည်။ ဗိုက်ကလည်း ဆာလောင်သည်မို့ သားရေအိတ်နှင့် ထည့်လာသော ထမင်းထုပ်ကို ဖြေ၍ စားလေသည်။

    မောပန်းနေ သောကြောင့် ထမင်းထုပ်ထဲမှ ထမင်းတစ်ဝက်ကိုသာ စားနိုင်လေသည်။ ကျန်သည့် ထမင်းကို ပြန်ထုပ်ကာ သားရေအိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်...“ဟင်း...အဆာကတော့ ပြေသွားပြီ။ အခုမှ ရေဘူး ပါမလာတာကို သတိရတယ်။ ရေ သောက်ချင် လိုက်တာ။ အနီးအနားမှာ ရေရှာကြည့်ဦးမှ”

    အဘိုးအိုကအနီးအနား၌ ရေရလိုရငြား လိုက်ရှာလျက် သားရေအိတ်ကို နားနေရာ သစ်ပင်ရင်း၌ ချထားခဲ့ သည်။ စမ်းချောင်းတစ်ခုကိုတွေ့လျှင် ရေသောက်ပြီး စမ်းချောင်းဘေး၌ ခဏနားနေလိုက်သည်။ ထိုအချိန်တွင် မြွေဟောက်တစ်ကောင်က အဘိုးအို၏ သားရေအိတ်ထဲ သို့ဝင်ကာ ခွေနေလေသည်။

    အဘိုးအိုက အမောပြေလျှင် ပထမထိုင်၍ နားခဲ့သောနေရာရှိ သားရေအိတ်ကိုကြိုးဖြင့် ပြန်ချည်ကာ လွယ်၍ အခြားရွာသို့ ခရီးဆက်ခဲ့သည်။ အခြားရွာထဲ၌ လှည့်လည်တောင်းရမ်းသည်။ အသပြာက တစ်ထောင် မပြည့်သေးပေ။

    ထို့ကြောင့် အခြားတစ်ရွာသို့ ခရီးဆက်ရန် အဘိုးအိုက စဉ်းစားသည်။ အချိန်ကလည်း ရှိနေသေးသည်။ အဘိုးအိုသည်အခြားရွာထိပ်သို့ရောက်လျှင် မောပန်းလွန်းသဖြင့် သစ်ပင်ရိပ် အောက်သို့သွားကာ သစ်ပင်ကိုမှီရင်းမျက်စိကို စုံမှိတ်ရင်း မှေးနေလိုက်သည်။

    မောပန်းလွန်းသောကြောင့် အိပ်ပျော်သကဲ့သို့ ဖြစ်သွား သည်။ ထိုစဉ် အဘိုးအို၏နားထဲ၌...“အဘိုးအို… ဒီနေ့ သင် အိမ်ကို မပြန်ဖြစ်ရင် သင် ေ.သရမယ်။ အိမ်ကို ပြန်ဖြစ်ရင် သင့်ဇနီး ေ.သလိမ့်မယ်။

    “ဟင်”

    အထက်ပါ သတိပေးစကားကြောင့် အဘိုးအိုမှာ လန့်နိုးသွားသည်.... "ဟင်...ငါ ဒီနေ့ အိမ်မပြန်ပဲနေရင် ငါေ,သမယ်။ ငါအိမ်ပြန်သွားရင် ငါ့ဇနီးေ.သမယ်ဆိုပါလား။ ငါ့ဇနီးက အခုမှ အသက်ငယ်ငယ်လေးရှိသေးတာ၊ အေ,သမခံနိုင်ပါဘူး”

    အဘိုးအိုသည် ရွာထဲတွင် လှည့်လည်တောင်းရာ သူ့ဇနီးလိုချင်သော အသပြာတစ်ထောင်က ပြည့်သွားသည်။ ထိုအချိန်တွင် ထိုရွာမှ ရွာသူရွာသားများသည် တစ်နေရာသို့ အုပ်စုလိုက်သွားလာနေကြသည်ကို အဘိုးအို မြင်တွေ့လေသည်။

    အဘိုးအိုသည် လာလမ်းအတိုင်း ပြန်လာရာ ဗာရာဏသီမြို့အနီးသို့ ရောက်လာလေသည်။ ထိုမှဤမှ လာနေကြသောလူများကို တွေ့နေရသည်....“ သင်တို့ ဘယ်ကိုသွားပြီး ဘာလုပ်ကြမှာလဲ” ဟု အဘိုးအိုက လမ်း၌ တွေ့သူတစ်ဦးကို မေးသည်။

    “ဒီနေ့ လပြည့်နေ့လေ။ ပညာရှိအမတ်ကြီး ေ,သနက တရားဟောပြောမှာမို့ တရားနာဖို့ သွားနေ ကြတာ”

    “ဟာ..ဟုတ်ပြီ။ ငါ့နားထဲမှာ ကြားခဲ့ရတဲ့ အသံရဲ့အဓိပ္ပာယ်ကို ပညာရှိအမတ်ကြီးကို မေးမြန်းကြည့်ရရင်ကောင်းမယ်”

    အဘိုးအိုက ပညာရှိအမတ်ကြီးေ.သနကထံကို ရောက်အောင်သွားပြီး သည်နေ့ သူ့ဇနီးက ငွေအသပြာ တစ်ထောင်ရရန် တောင်းရမ်းခိုင်းစေ၍ သွားလာလှုပ်ရှား ခဲ့ရပုံ၊ မှေးခနဲ အိပ်ပျော်သွားစဉ် ကြားရသောအသံ ၏အဓိပ္ပာယ်တို့ကို ေ.သနကအမတ်ကို မေးမြန်းလေသည်။

    ပညာရှိအမတ်ကြီးက... “ အဘိုးအို၊ သင် ရေဆာလို့ စမ်းချောင်းဆီ ရေသွားသောက်နေချိန် သင် ဖွင့်ထားခဲ့ တဲ့ သားရေအိတ်ထဲကို မြွေဆိုးတစ်ကောင် ဝင်ခွေနေ တယ်။ သင်က ဒီနေ့ အိမ်မပြန်ပဲ ရောက်တဲ့နေရာမှာ အိပ်စက်ဖို့ စဉ်းစားရင်း သားရေအိတ်ကြိုးကို ဖြေပြီး ကျန်တဲ့ ထမင်းထုပ်ကို ယူစားမယ်။

    အဲဒါဆိုရင် အိတ်ထဲက မြွေက သင့်လက်ကို ပေါက်လို့ သင်ေ,သမယ်။ သင်က ညမအိပ်ပဲ အိမ်ကိုအရောက်ပြန်ခဲ့ရင် သင့်ဇနီးက အိတ်ကို ဖြေကြည့်မယ်။ ဒါဆိုရင် သင့်ဇနီးက မြွေပေါက်ခံရပြီး ေ,သရလိမ့်မယ်။ သင့်သားရေအိတ်ကိုဖြေပြီး အဝေးကို သွားနေလိုက်ပါ၊ သင့်နားထဲမှာ ကြားရတဲ့အသံရဲ့အဖြေကို သင် သိရပေလိမ့်မယ်" ဟု အဘိုးအိုကို ရှင်းပြလေသည်။

    အဘိုးအိုက သားရေအိတ်ကို ကြိုးဖြေပြီး အဝေးသို့ သွားနေလိုက် သည်။ထိုအခါ အိတ်ထဲမှမြွေဟောက်ကြီး ထွက်လာကာ ပါးပျဉ်းထောင်နေလေသည်။ တရားနာပရိသတ်များက အဝေးသို့ မောင်းထုတ်ကြလေသည်။

    “အင်း...ပညာရှိအမတ်ကြီးသေနကက ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးအသက်ကို ကယ်တင်ခဲ့လို့ ကျေးဇူးကြီးမားလှ ပါတယ်။ ပညာရှိအမတ်ကြီးရဲ့ တရားကို နာကြားပြီးမှ ရွာကိုပြန်ပါတော့မယ်”

    “သာဓု…သာဓု…သာဓု….”

    အဘိုးအိုသည် ပညာရှိထံ ချဉ်းကပ်ခဲ့မိသေ ကြောင့် သူနှင့် သူ့ဇနီးတို့ အသက်ရှင် ချမ်းသာရာရခဲ့ကြောင်း သူ့ဇနီးကို ပြောပြလေတယ်။

    ထိုအခါမှ အဖိုးအို၏ ဇနီးဖြစ်သူမှာ အမြင်မှန်ရသွားပြီ သူ၏ယောင်္ကျားအား ကန်တော့ တောင်းပန်ပြီးလျှင် ယခုအချိန်မှ စပြီး လိမ္မာစွာ နေထိုင်ပါတော့မည်ဟု ကတိပေးလေသည်.........။

    with respect - credit - ရွှေသွေးဂျာနယ်- kaunghtet
    #knowledge #Moral story
    ဉာဏ်ပညာရှိသူထံ ချဉ်းကပ်ပါ --------------------------------- ရှေးအခါတုန်းက ချမ်းသာကြွယ်ဝတဲ့ ဇနီးမောင်နှံ နှစ်ယောက်တွင် ေ,သနကဟု အမည်ရသော သားတစ် ယောက်ရှိလေသည်။ မိဘနှစ်ပါးက သူတို့၏သား ေ.သနက ကို တက္ကသိုလ်ပြည်မှ ဒိသာပါမောက္ခဆရာကြီးထံသို့ အပ်နှံကာ အဠာရသ တစ်ဆယ့်ရှစ်ရပ်သော ပညာများကို သင်ကြားစေလေသည်။ ေ,သနကသည် တစ်ဆယ့်ရှစ်ရပ်သော ပညာများကို စနစ်တကျလေ့ကျင့်ပြီး နှံ့စပ်အောင် သင်ကြားနာယူသဖြင့် ကျွမ်းကျင်တတ်မြောက်ခဲ့လေသည်။ ထိုစဉ်အချိန်အခါက ဗာရာဏသီပြည်၏ အရှင် မင်းမြတ်သည် ဇနကဟု အမည်တွင်လေသည်။ ေ.သနက၏ ပညာပြည့်ဝသော သတင်းကို ကြားသိသော ဇနကမင်းက ေ,သနကကို ပညာရှိအမတ်ကြီးအဖြစ် ချီးမြှင့်မြှောက်စားလေ၏။ ဗာရာဏသီပြည်၏ မနီးမဝေးနေရာ၌ တောင်း ရမ်းစားသောက်သောမျိုးနွယ်များ နေထိုင်သည့် ရွာတစ်ရွာ ရှိလေသည်။ ထိုရွာ၌ အဘိုးအိုတစ်ဦး၏ ဇနီးသည် အသက်အရွယ် ငယ်ရွယ်လွန်းပြီး ရုပ်ရည်က အလွန်ချောမောလှပသည်။ အဘိုးအိုက ချောမောလှပသော သူ၏ဇနီးကိုအလွန် ချစ်ခင်မြတ်နိုးပြီး အလိုလိုက်ထားသည်။ ဇနီးသည်က ခိုင်းစေသမျှကို စိတ်ချမ်းသာအောင်လုပ်ပေးသည်။သည် တော့ ဇနီးသည်က လင်သားအပေါ် ဆိုးချင်တိုင်းဆိုးနေ ပေတော့သည်။ တစ်နေ့မနက်တွင် အဘိုးအိုက အရပ်တကာ လှည့်လည်ပြီး တောင်းရမ်းရန် အိမ်က ထွက်မည် အပြုတွင် ဇနီးသည်က... “ယောကျာ်း… ဒီနေ့ အသပြာတစ်ထောင်ပြည့် အောင် တောင်းလာခဲ့ပါ။ အသပြာတစ်ထောင်မပြည့်မချင်း အိမ်ကို ပြန်မလာခဲ့နဲ့။ မိန်းမမှာဝယ်စရာရှိလို့... ပြောတာ ကြားတယ်နော်" ဟု မှာကြားလေ၏။ အဘိုးအိုက....“ စိတ်ချ။ ငါ့မိန်းမ စိတ်ချမ်းသာစေရမယ်။ အသပြာတစ်ထောင်ရအောင် တောင်းခဲ့မယ်”ဟုဆိုကာ တောင်းရမ်းရန် အိမ်က ထွက်လာခဲ့လေ၏။ အဘိုးအိုသည် တစ်ရွာဝင် တစ်ရွာထွက် လိုက်၍ တောင်းရမ်းလေ၏။ “ဟင်း... အခုမှ အသပြာလေးရာပဲ ရပါသေးလား။အသပြာတစ်ထောင်ဆိုတာ နည်းတာမဟုတ်ဘူး။ ငါ့မိန်းမက ငါ့လိုအိုကြီး အိုမကြီးကို ယူထားတာ။ ငါ့မိန်းမ စိတ်ချမ်းသာရအောင် အသပြာတစ်ထောင် မရမချင်း လှည့်လည် တောင်းခံရမယ် ” အဖိုးအိုက ထိုသို့ မာန်တင်းပြီး ကြိုးစားပန်းစား မမောနိုင် မပန်းနိုင် တစ်အိမ်ဝင် တစ်အိမ်ထွက် တောင်းရမ်းပါတယ်။ ထိုကဲ့သို့ လှည့်လည်ပြီးတောင်းရမ်းရင်း မွန်းတည့်ချိန်သို့ရောက်လာသည်။ အဘိုးအိုသည် ပူပြင်းသောနေရောင်၏ အပူရှိန်ကြောင့် နွမ်းလျလာသည်။ တစ်ကိုယ်လုံးတွင် ချွေးများကလည်း စိုရွှဲလာသည်။ နေပူဒဏ်ကြောင့် လျှောက်နေသောခြေလှမ်းများက မမှန်တော့ပေ။ တောင်းရမ်းရသည့် အသပြာကလည်း တစ်ထောင်ပြည့်ရန် သုံးရာလိုသေးသည်။ လိုနေသော အသပြာရရန် နောက်တစ်ရွာသို့ သွားရောက်တောင်းရမ်းရပေဦးမည်။ ထိုရွာသို့ ရောက်ရန် ခရီးက အတော်အလှမ်းဝေးလေသည်။ “အင်း... ခဏနားပြီး အမောအပန်းဖြေရမယ်။ ပြီးမှ ခရီးဆက်ရင် ကောင်းမယ်”ဟု အဘိုးအိုက တွေးပြီး သစ်ပင်ရိပ်တွင် ထိုင်ကာ အမောအပန်းဖြေလေသည်။ ဗိုက်ကလည်း ဆာလောင်သည်မို့ သားရေအိတ်နှင့် ထည့်လာသော ထမင်းထုပ်ကို ဖြေ၍ စားလေသည်။ မောပန်းနေ သောကြောင့် ထမင်းထုပ်ထဲမှ ထမင်းတစ်ဝက်ကိုသာ စားနိုင်လေသည်။ ကျန်သည့် ထမင်းကို ပြန်ထုပ်ကာ သားရေအိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်...“ဟင်း...အဆာကတော့ ပြေသွားပြီ။ အခုမှ ရေဘူး ပါမလာတာကို သတိရတယ်။ ရေ သောက်ချင် လိုက်တာ။ အနီးအနားမှာ ရေရှာကြည့်ဦးမှ” အဘိုးအိုကအနီးအနား၌ ရေရလိုရငြား လိုက်ရှာလျက် သားရေအိတ်ကို နားနေရာ သစ်ပင်ရင်း၌ ချထားခဲ့ သည်။ စမ်းချောင်းတစ်ခုကိုတွေ့လျှင် ရေသောက်ပြီး စမ်းချောင်းဘေး၌ ခဏနားနေလိုက်သည်။ ထိုအချိန်တွင် မြွေဟောက်တစ်ကောင်က အဘိုးအို၏ သားရေအိတ်ထဲ သို့ဝင်ကာ ခွေနေလေသည်။ အဘိုးအိုက အမောပြေလျှင် ပထမထိုင်၍ နားခဲ့သောနေရာရှိ သားရေအိတ်ကိုကြိုးဖြင့် ပြန်ချည်ကာ လွယ်၍ အခြားရွာသို့ ခရီးဆက်ခဲ့သည်။ အခြားရွာထဲ၌ လှည့်လည်တောင်းရမ်းသည်။ အသပြာက တစ်ထောင် မပြည့်သေးပေ။ ထို့ကြောင့် အခြားတစ်ရွာသို့ ခရီးဆက်ရန် အဘိုးအိုက စဉ်းစားသည်။ အချိန်ကလည်း ရှိနေသေးသည်။ အဘိုးအိုသည်အခြားရွာထိပ်သို့ရောက်လျှင် မောပန်းလွန်းသဖြင့် သစ်ပင်ရိပ် အောက်သို့သွားကာ သစ်ပင်ကိုမှီရင်းမျက်စိကို စုံမှိတ်ရင်း မှေးနေလိုက်သည်။ မောပန်းလွန်းသောကြောင့် အိပ်ပျော်သကဲ့သို့ ဖြစ်သွား သည်။ ထိုစဉ် အဘိုးအို၏နားထဲ၌...“အဘိုးအို… ဒီနေ့ သင် အိမ်ကို မပြန်ဖြစ်ရင် သင် ေ.သရမယ်။ အိမ်ကို ပြန်ဖြစ်ရင် သင့်ဇနီး ေ.သလိမ့်မယ်။ “ဟင်” အထက်ပါ သတိပေးစကားကြောင့် အဘိုးအိုမှာ လန့်နိုးသွားသည်.... "ဟင်...ငါ ဒီနေ့ အိမ်မပြန်ပဲနေရင် ငါေ,သမယ်။ ငါအိမ်ပြန်သွားရင် ငါ့ဇနီးေ.သမယ်ဆိုပါလား။ ငါ့ဇနီးက အခုမှ အသက်ငယ်ငယ်လေးရှိသေးတာ၊ အေ,သမခံနိုင်ပါဘူး” အဘိုးအိုသည် ရွာထဲတွင် လှည့်လည်တောင်းရာ သူ့ဇနီးလိုချင်သော အသပြာတစ်ထောင်က ပြည့်သွားသည်။ ထိုအချိန်တွင် ထိုရွာမှ ရွာသူရွာသားများသည် တစ်နေရာသို့ အုပ်စုလိုက်သွားလာနေကြသည်ကို အဘိုးအို မြင်တွေ့လေသည်။ အဘိုးအိုသည် လာလမ်းအတိုင်း ပြန်လာရာ ဗာရာဏသီမြို့အနီးသို့ ရောက်လာလေသည်။ ထိုမှဤမှ လာနေကြသောလူများကို တွေ့နေရသည်....“ သင်တို့ ဘယ်ကိုသွားပြီး ဘာလုပ်ကြမှာလဲ” ဟု အဘိုးအိုက လမ်း၌ တွေ့သူတစ်ဦးကို မေးသည်။ “ဒီနေ့ လပြည့်နေ့လေ။ ပညာရှိအမတ်ကြီး ေ,သနက တရားဟောပြောမှာမို့ တရားနာဖို့ သွားနေ ကြတာ” “ဟာ..ဟုတ်ပြီ။ ငါ့နားထဲမှာ ကြားခဲ့ရတဲ့ အသံရဲ့အဓိပ္ပာယ်ကို ပညာရှိအမတ်ကြီးကို မေးမြန်းကြည့်ရရင်ကောင်းမယ်” အဘိုးအိုက ပညာရှိအမတ်ကြီးေ.သနကထံကို ရောက်အောင်သွားပြီး သည်နေ့ သူ့ဇနီးက ငွေအသပြာ တစ်ထောင်ရရန် တောင်းရမ်းခိုင်းစေ၍ သွားလာလှုပ်ရှား ခဲ့ရပုံ၊ မှေးခနဲ အိပ်ပျော်သွားစဉ် ကြားရသောအသံ ၏အဓိပ္ပာယ်တို့ကို ေ.သနကအမတ်ကို မေးမြန်းလေသည်။ ပညာရှိအမတ်ကြီးက... “ အဘိုးအို၊ သင် ရေဆာလို့ စမ်းချောင်းဆီ ရေသွားသောက်နေချိန် သင် ဖွင့်ထားခဲ့ တဲ့ သားရေအိတ်ထဲကို မြွေဆိုးတစ်ကောင် ဝင်ခွေနေ တယ်။ သင်က ဒီနေ့ အိမ်မပြန်ပဲ ရောက်တဲ့နေရာမှာ အိပ်စက်ဖို့ စဉ်းစားရင်း သားရေအိတ်ကြိုးကို ဖြေပြီး ကျန်တဲ့ ထမင်းထုပ်ကို ယူစားမယ်။ အဲဒါဆိုရင် အိတ်ထဲက မြွေက သင့်လက်ကို ပေါက်လို့ သင်ေ,သမယ်။ သင်က ညမအိပ်ပဲ အိမ်ကိုအရောက်ပြန်ခဲ့ရင် သင့်ဇနီးက အိတ်ကို ဖြေကြည့်မယ်။ ဒါဆိုရင် သင့်ဇနီးက မြွေပေါက်ခံရပြီး ေ,သရလိမ့်မယ်။ သင့်သားရေအိတ်ကိုဖြေပြီး အဝေးကို သွားနေလိုက်ပါ၊ သင့်နားထဲမှာ ကြားရတဲ့အသံရဲ့အဖြေကို သင် သိရပေလိမ့်မယ်" ဟု အဘိုးအိုကို ရှင်းပြလေသည်။ အဘိုးအိုက သားရေအိတ်ကို ကြိုးဖြေပြီး အဝေးသို့ သွားနေလိုက် သည်။ထိုအခါ အိတ်ထဲမှမြွေဟောက်ကြီး ထွက်လာကာ ပါးပျဉ်းထောင်နေလေသည်။ တရားနာပရိသတ်များက အဝေးသို့ မောင်းထုတ်ကြလေသည်။ “အင်း...ပညာရှိအမတ်ကြီးသေနကက ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးအသက်ကို ကယ်တင်ခဲ့လို့ ကျေးဇူးကြီးမားလှ ပါတယ်။ ပညာရှိအမတ်ကြီးရဲ့ တရားကို နာကြားပြီးမှ ရွာကိုပြန်ပါတော့မယ်” “သာဓု…သာဓု…သာဓု….” အဘိုးအိုသည် ပညာရှိထံ ချဉ်းကပ်ခဲ့မိသေ ကြောင့် သူနှင့် သူ့ဇနီးတို့ အသက်ရှင် ချမ်းသာရာရခဲ့ကြောင်း သူ့ဇနီးကို ပြောပြလေတယ်။ ထိုအခါမှ အဖိုးအို၏ ဇနီးဖြစ်သူမှာ အမြင်မှန်ရသွားပြီ သူ၏ယောင်္ကျားအား ကန်တော့ တောင်းပန်ပြီးလျှင် ယခုအချိန်မှ စပြီး လိမ္မာစွာ နေထိုင်ပါတော့မည်ဟု ကတိပေးလေသည်.........။ with respect - credit - ရွှေသွေးဂျာနယ်- kaunghtet #knowledge #Moral story
    Like
    Care
    2
    · 0 Comments ·0 Shares ·82 Views
  • ပြုံးနေလိုက်ပါ
    ------------------
    ဘဝဆိုတာ ဘယ်လိုမှ ဘယ်တုန်းကမှ
    ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။

    မပြည့်တာကို ဖြည့်ဖို့ကြိုးစားရင်း ကြိုးစားရင်းနဲ့
    လိုအပ်ချက်တွေပဲ ပိုပိုလာတယ်။

    လိုအပ်ချက်တွေ နောက်ကိုလိုက်ရင်း
    ခရီးက မဆုံးနိုင်တော့ဘူးလေ။

    အခက်အခဲတွေဆိုတာလည်း
    ကြုံတွေ့နေရမှာပါလေ။

    လွယ်လွယ်နဲ့တော့ ဘယ်အရာမှ
    ဖြစ်လာတာ မဟုတ်ပါဘူး။

    ခက်ခဲတယ်ဆိုပြီးတော့လည်း
    ပစ်ထားလို့ မရပြန်ဘူး။
    ပစ်ထားလိုက်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

    လဲကျရင် ရုန်းထပါ။
    ကူညီမယ့်သူကို မမျှော်ပါနဲ့။
    ကိုယ့်ကိုယ်ကို အားကိုးတာလောက်
    ဘယ်အရာမှ မေ.သချာဘူး။

    တပါးသူကို မကူညီရကောင်းလို့အပြစ် မတင်ပါနဲ့။
    လူတိုင်းက သူ့အခက်အခဲနဲ့ သူပဲလေ။

    ဘယ်သူ့အပေါ်မှ စိတ်မနာပါနဲ့။
    မု,န်းနေတာ ထက်စာရင်
    ပြုံးနေတာက ပိုကောင်းပါတယ်လေ။

    အပြုံးဆိုတာက ခွင့်လွှတ်ခြင်း တစ်မျိုးပါပဲ.........။

    ဘဝမြင်ကွင်း
    #knowledge #life lesson
    ပြုံးနေလိုက်ပါ ------------------ ဘဝဆိုတာ ဘယ်လိုမှ ဘယ်တုန်းကမှ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ မပြည့်တာကို ဖြည့်ဖို့ကြိုးစားရင်း ကြိုးစားရင်းနဲ့ လိုအပ်ချက်တွေပဲ ပိုပိုလာတယ်။ လိုအပ်ချက်တွေ နောက်ကိုလိုက်ရင်း ခရီးက မဆုံးနိုင်တော့ဘူးလေ။ အခက်အခဲတွေဆိုတာလည်း ကြုံတွေ့နေရမှာပါလေ။ လွယ်လွယ်နဲ့တော့ ဘယ်အရာမှ ဖြစ်လာတာ မဟုတ်ပါဘူး။ ခက်ခဲတယ်ဆိုပြီးတော့လည်း ပစ်ထားလို့ မရပြန်ဘူး။ ပစ်ထားလိုက်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ လဲကျရင် ရုန်းထပါ။ ကူညီမယ့်သူကို မမျှော်ပါနဲ့။ ကိုယ့်ကိုယ်ကို အားကိုးတာလောက် ဘယ်အရာမှ မေ.သချာဘူး။ တပါးသူကို မကူညီရကောင်းလို့အပြစ် မတင်ပါနဲ့။ လူတိုင်းက သူ့အခက်အခဲနဲ့ သူပဲလေ။ ဘယ်သူ့အပေါ်မှ စိတ်မနာပါနဲ့။ မု,န်းနေတာ ထက်စာရင် ပြုံးနေတာက ပိုကောင်းပါတယ်လေ။ အပြုံးဆိုတာက ခွင့်လွှတ်ခြင်း တစ်မျိုးပါပဲ.........။ ဘဝမြင်ကွင်း #knowledge #life lesson
    Love
    Care
    2
    · 0 Comments ·0 Shares ·52 Views
  • ꧁ဆန္ဒ နှင့် လောဘ꧂

    ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။
    လောဘဆိုတာက လိုချင်တဲ့စိတ်။
    ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့
    လုံးဝမတူပါဘူး။

    တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင်
    တယ် ဆိုတာက ဆန္ဒ။

    ရုပ်ရှင်သွားကြည့်ချင်တယ်၊
    သီချင်းနားထောင်ချင်တယ်၊
    စားကောင်းသောက်ကောင်းလေတွေပဲ
    စားချင်နေတယ် ဆိုတာက လောဘ။

    တစ်နည်းအားဖြင့်
    အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။
    ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက်
    လိုချင်နေတဲ့စိတ်ကလေးက လောဘ။

    လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင်
    ဆန္ဒအခြေခံပြီး လုပ်တာနဲ့
    လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။
    ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊
    လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊
    ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ်
    ဆိုတဲ့ စိတ်ကလေးဟာ
    ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။

    ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊
    ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့
    ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက
    လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။
    လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ
    ဝိသမလောဘသားဖြစ်သွားနိုင်တယ်။

    နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို
    အထင်မသေးသင့်ပါဘူး။
    မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့
    ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး
    ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။
    ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့
    အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။
    အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့်
    ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။
    ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။
    ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။
    နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။
    Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင်
    ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။
    ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။
    ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ
    ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။
    မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။

    နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။
    ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း
    နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
    အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။

    အဘိဓမ္မာမှာဖော်ပြထားတာကတော့
    ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့
    ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး
    လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။
    သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို
    ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။

    ပြည့်စုံ(တောင်ငူ)
    ၉.၃.၂၀၂၅
    Credit Original Uploader
    မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်CRD#
    ꧁ဆန္ဒ နှင့် လောဘ꧂ ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။ လောဘဆိုတာက လိုချင်တဲ့စိတ်။ ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့ လုံးဝမတူပါဘူး။ တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင် တယ် ဆိုတာက ဆန္ဒ။ ရုပ်ရှင်သွားကြည့်ချင်တယ်၊ သီချင်းနားထောင်ချင်တယ်၊ စားကောင်းသောက်ကောင်းလေတွေပဲ စားချင်နေတယ် ဆိုတာက လောဘ။ တစ်နည်းအားဖြင့် အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။ ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက် လိုချင်နေတဲ့စိတ်ကလေးက လောဘ။ လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင် ဆန္ဒအခြေခံပြီး လုပ်တာနဲ့ လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။ ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊ လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊ ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ် ဆိုတဲ့ စိတ်ကလေးဟာ ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။ ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊ ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့ ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။ လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ ဝိသမလောဘသားဖြစ်သွားနိုင်တယ်။ နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို အထင်မသေးသင့်ပါဘူး။ မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့ ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့ အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။ အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့် ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။ ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။ ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။ Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင် ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။ ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။ ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။ မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။ နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။ ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။ အဘိဓမ္မာမှာဖော်ပြထားတာကတော့ ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့ ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။ သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။ ပြည့်စုံ(တောင်ငူ) ၉.၃.၂၀၂၅ Credit Original Uploader ❤️ မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်🙏CRD#
    Like
    Care
    2
    · 0 Comments ·0 Shares ·678 Views
  • "စည်းကမ်းဟာ အိမ်ကစတယ်"
    စည်းကမ်းဟာ အမေဆီကစတယ်။
    "မှန်ပါတယ်" ရာနှုန်းပြည့်ကိုမှန်တယ်။
    ကိုယ်ငယ်ငယ်က အိမ်ကအသေးအမွှားလေးကအစ
    သိပ်လိုက်ပြောတာပဲ။ တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ
    သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ။
    ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်ကလူတွေကိုတွေ့မှ ကိုယ့်ကိုလူယဉ်ကျေးတစ်ယောက် အဆင့်အတန်းရှိရှိ နေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့
    အိမ်ကိုကျေးဇူးတင်မိတယ်။
    အိမ်သာမီးကို ပြန်ပိတ်တာမျိုး ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့အလေ့အထတွေ သူများဖိနပ်ကို
    တိုက်မိသွားတာကအစ နေရာတကျပြန်ထားပေးတာ မျိုးတွေ ကိုယ့်ရဲ့အရောင်စွန်းတတ်တဲ့ အင်္ကျီကို
    သူများအင်္ကျီနား ကပ်မလှန်းတာကအစ စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့်
    ယဉ်ကျေးတဲ့အပြုအမူလေးတွေ
    ကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ်။
    ပတ်ဝန်းကျင်မှာတော့ ကိုယ့်ဟာမဟုတ်ဖူး။
    ကိုယ်အဆင်ပြေပီးတာပဲဆိုတာ
    လူမှုရေးနားမလည်မှုတစ်ချို့ကို
    မြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ်။
    ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတာ
    ပြတ်ပြတ်နဲ့မမြည်နဲ့ ထမင်းလုံးတွေမဖိတ်စေနဲ့
    ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့ ငယ်ငယ်က ခေါင်းခေါက်ပြီး သင်ပြခံထားရတော့
    ကိုယ်ထမင်းစားပြီးသားနေရာဟာ
    အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့။
    ကိုယ်ကတော့ရှင်းရှင်းပဲ ဆိုင်တစ်ခုမှာ စားပွဲက
    ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို
    မမြင်တောင်သိပ်အထင်သေးတာ။
    စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ အပြောအဆိုဟာလူတစ်ယောက်ရဲ့
    အရည်အချင်းပဲ။
    ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ။
    ပေါက်ပန်းလေးဆယ်လျောက်ပြောနေတာက ကိုယ့်ကို
    လူသိပ်အထင်သေးခံစေရတယ်။ စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။
    ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကို မှောက်ခုံအနေအထားရောက်နေတာဟာ
    စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား။
    ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့။
    လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော လူကြီးရှေ့ဆို ခေါင်းငုံ့သွား"ဟုတ်ကဲ့ ခင်ဗျ"ဆိုတာကိုထည့်ပြော စတဲ့ ငယ်ငယ်ကဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။
    စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ်။
    စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည် လို့ဆိုတဲ့ အဲ့ဒီလူတွေဘာဖြစ်လဲ
    ဘာမှထိခိုက်တာတော့မရှိဘူးပေါ့။
    သူကပဲသူများကို ထိခိုက်နေတာကိုး။
    ဒါပေမယ့် Image သူရဲ့ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ။
    "no standard " အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် အဲ့လိုလူတွေအတွက် သိပ်မှန်တာ ပြီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘပုံရိပ်ပဲ။
    ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့မိသားစုက
    ပေါက်ဖွားလာတာလား။
    ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား
    အရမ်းသိသာစေတယ်။

    Credit
    #စာအုပ်စာပေလူ့မိတ်ဆွေ #knowledgesharing #bookstore #followerseveryonehighlights
    "စည်းကမ်းဟာ အိမ်ကစတယ်" စည်းကမ်းဟာ အမေဆီကစတယ်။ "မှန်ပါတယ်" ရာနှုန်းပြည့်ကိုမှန်တယ်။ ကိုယ်ငယ်ငယ်က အိမ်ကအသေးအမွှားလေးကအစ သိပ်လိုက်ပြောတာပဲ။ တစ်ချို့အရာတွေက ငယ်သေးလို့မသိတာနေမှာပေါ့ ကြီးလာတော့လဲ သူ့ဟာသူစည်းကမ်းရှိသွားမှာပဲလို့ တွေးခဲ့ဖူးတာ။ ခုအသက်တွေကြီးလာ ပတ်ဝန်းကျင်ကလူတွေကိုတွေ့မှ ကိုယ့်ကိုလူယဉ်ကျေးတစ်ယောက် အဆင့်အတန်းရှိရှိ နေတတ်တဲ့သူတစ်ယောက်အဖြစ် သွန်သင်ပေးလိုက်တဲ့ အိမ်ကိုကျေးဇူးတင်မိတယ်။ အိမ်သာမီးကို ပြန်ပိတ်တာမျိုး ရေချိုးခန်းမီးကို ပြန်ပိတ်တတ်တဲ့အလေ့အထတွေ သူများဖိနပ်ကို တိုက်မိသွားတာကအစ နေရာတကျပြန်ထားပေးတာ မျိုးတွေ ကိုယ့်ရဲ့အရောင်စွန်းတတ်တဲ့ အင်္ကျီကို သူများအင်္ကျီနား ကပ်မလှန်းတာကအစ စတဲ့ အသေးအဖွဲ့လေးတွေဆိုပေမယ့် ယဉ်ကျေးတဲ့အပြုအမူလေးတွေ ကိုယ့်မှာရှိနေတာကို ဂုဏ်ယူတယ်။ ပတ်ဝန်းကျင်မှာတော့ ကိုယ့်ဟာမဟုတ်ဖူး။ ကိုယ်အဆင်ပြေပီးတာပဲဆိုတာ လူမှုရေးနားမလည်မှုတစ်ချို့ကို မြင်ရတာတော်တော်စိတ်ဆင်းရဲမိတယ်။ ထမင်းစားပွဲယဉ်ကျေးမှု သိပ်ကိုအရေးကြီးတာ ပြတ်ပြတ်နဲ့မမြည်နဲ့ ထမင်းလုံးတွေမဖိတ်စေနဲ့ ဟင်းချိုသောက်ရင် ရှူးခနဲမမြည်စေနဲ့ ငယ်ငယ်က ခေါင်းခေါက်ပြီး သင်ပြခံထားရတော့ ကိုယ်ထမင်းစားပြီးသားနေရာဟာ အမြဲသန့်ရှင်းပြီးပဲကျန်ခဲ့သလို ကိုယ့်အပြုအမူကြောင့် ထမင်းစားနေတဲ့တစ်ဖက်လူ စိတ်အနှောက်အယှက်မဖြစ်ဖူးပေါ့။ ကိုယ်ကတော့ရှင်းရှင်းပဲ ဆိုင်တစ်ခုမှာ စားပွဲက ညစ်ပတ်ပြီးကျန်ခဲ့ရင် အဲ့လူကို မမြင်တောင်သိပ်အထင်သေးတာ။ စကားအပြောအဆိုဟာလဲ လူတစ်ယောက်ကို roll သိပ်ခွဲတာ အပြောအဆိုဟာလူတစ်ယောက်ရဲ့ အရည်အချင်းပဲ။ ဒီစကားကို ပြောသင့်လားမပြောသင့်လားမသိ။ ပေါက်ပန်းလေးဆယ်လျောက်ပြောနေတာက ကိုယ့်ကို လူသိပ်အထင်သေးခံစေရတယ်။ စကားဆိုတာ တန်ဖိုးသိပ်ကြီးတဲ့အရာတစ်ခုပဲ။ ကိုယ့်အခန်းရှေ့မှာချွတ်ထားတဲ့ ဖိနပ်ဟာ အခန်းရဲ့ ၂ ပြန်လောက်ကို မှောက်ခုံအနေအထားရောက်နေတာဟာ စည်းကမ်းမရှိတဲ့သူရဲ့လက်ချက်ပဲမဟုတ်ဖူးလား။ ကိုယ့်ပစ္စည်းမဟုတ်ရင်လည်း လွယ်လွယ်ယူမကိုင်နဲ့။ လူကြီးတွေနဲ့စကားပြောရင်ဘယ်လိုပြော လူကြီးရှေ့ဆို ခေါင်းငုံ့သွား"ဟုတ်ကဲ့ ခင်ဗျ"ဆိုတာကိုထည့်ပြော စတဲ့ ငယ်ငယ်ကဆုံးမခဲ့တာလေးတွေက သိပ်အသုံးဝင်တယ် ။ စည်းကမ်းနဲ့ယဉ်ကျေးမှုဟာ ဆက်စပ်နေတယ်။ စည်းကမ်းမရှိလို့ ယဉ်ကျေးမှုမရှိလို့ လူမှုရေးနားမလည် လို့ဆိုတဲ့ အဲ့ဒီလူတွေဘာဖြစ်လဲ ဘာမှထိခိုက်တာတော့မရှိဘူးပေါ့။ သူကပဲသူများကို ထိခိုက်နေတာကိုး။ ဒါပေမယ့် Image သူရဲ့ပုံရိပ်ကတော့ သိသိသာသာကျဆင်းသွားပြီ။ "no standard " အဲ့စကားက ရိုင်းတယ်ထင်ရပေမယ့် အဲ့လိုလူတွေအတွက် သိပ်မှန်တာ ပြီးတော့ ကိုယ့်ပုံစံဟာ ကိုယ့်မိဘပုံရိပ်ပဲ။ ဒီလူဟာ ဒီလိုအမူအကျင့်ဆိုရင် လူစိတ်ရှိတဲ့မိသားစုက ပေါက်ဖွားလာတာလား။ ပေါက်လွတ်ပဲစား မိသားစုကမွေးဖွားလာတာလား အရမ်းသိသာစေတယ်။ Credit #စာအုပ်စာပေလူ့မိတ်ဆွေ #knowledgesharing #bookstore #followerseveryonehighlights
    Care
    1
    · 0 Comments ·0 Shares ·1K Views
  • ... ဗီဇဆိုတာ...
    လူတစ်ယောက်ရဲ့
    ပြုပြင်ပြောင်းလဲလို့
    မရတဲ့အရာတွေထဲက
    အကြီးမားဆုံး တစ်ခုပါ...

    ... ချည်ပေါင်ရွက်က
    ထွက်တဲ့အရွက်ကို
    ချိုချင်နေလို့တော့ ဘယ်ရမလဲ
    သူ့နဂိုဗီဇက ချည်တဲ့အရွက်ဆိုတော့
    ချည်မှာပဲလေ...

    ... ဘဝမှာလဲ ဒီလိုပဲ
    ဘယ်သူပဲဖြစ်ဖြစ်
    ငါ့ ကိုချစ်ရင်တော့ ပြင်လိမ့်မယ်မထင်နဲ့
    ခဏပဲ နောက်တော့
    သူ့နဂိုဗီဇအတိုင်း ဖြစ်သွားကြတာပါ...

    ... တံငါနားနီး
    တံငါဖြစ်ကြတာမဟုတ်ပါဘူး
    သူတို့ရဲ့ပင်ကိုယ် စရိုက်
    စိတ်ကိုက အဖြူဆိုအဖြူ
    အမည်းဆို အမည်းဖြစ်နေတာပါ
    ဘယ်သူတစ်ဦး တစ်ယောက်မှ
    ပြုပြင်မရတဲ့အတွက် ချစ်မိသူတိုင်းကို
    ပြင်လို့ရတယ်မထင်ပါနဲ့...

    ... ဗီဇဆိုတာ
    အချစ်ကြောင့်လဲ ပြုပြင်မသွားဘူး
    မေတ္တာကြောင့်လဲ ပြောင်းလဲမသွားဘူး
    သူကိုယ်တိုင်းပြောင်းလဲချင်တဲ့ စိတ်ရှိမှသာ ပြုပြင်ပြောင်းလဲလို့
    ရတဲ့အရာဖြစ်တဲ့အတွက် အချစ်မှာ
    မျက်စိမပါဘူးဆိုပြီး ဇွတ်ချစ်ဖို့ပဲမတွေးပါနဲ့ မချစ်သင့် မချစ်ထိုက်သူကို
    ရှောင်ရှားတတ်မှ ဘဝမှာအချစ်ကြောင့်
    နောင်တ မရမိကြမှာပါ...
    #knowledgeispower
    #Amazing
    #OoOoYanAung
    #highlightsシ
    ... ဗီဇဆိုတာ... လူတစ်ယောက်ရဲ့ ပြုပြင်ပြောင်းလဲလို့ မရတဲ့အရာတွေထဲက အကြီးမားဆုံး တစ်ခုပါ... ... ချည်ပေါင်ရွက်က ထွက်တဲ့အရွက်ကို ချိုချင်နေလို့တော့ ဘယ်ရမလဲ သူ့နဂိုဗီဇက ချည်တဲ့အရွက်ဆိုတော့ ချည်မှာပဲလေ... ... ဘဝမှာလဲ ဒီလိုပဲ ဘယ်သူပဲဖြစ်ဖြစ် ငါ့ ကိုချစ်ရင်တော့ ပြင်လိမ့်မယ်မထင်နဲ့ ခဏပဲ နောက်တော့ သူ့နဂိုဗီဇအတိုင်း ဖြစ်သွားကြတာပါ... ... တံငါနားနီး တံငါဖြစ်ကြတာမဟုတ်ပါဘူး သူတို့ရဲ့ပင်ကိုယ် စရိုက် စိတ်ကိုက အဖြူဆိုအဖြူ အမည်းဆို အမည်းဖြစ်နေတာပါ ဘယ်သူတစ်ဦး တစ်ယောက်မှ ပြုပြင်မရတဲ့အတွက် ချစ်မိသူတိုင်းကို ပြင်လို့ရတယ်မထင်ပါနဲ့... ... ဗီဇဆိုတာ အချစ်ကြောင့်လဲ ပြုပြင်မသွားဘူး မေတ္တာကြောင့်လဲ ပြောင်းလဲမသွားဘူး သူကိုယ်တိုင်းပြောင်းလဲချင်တဲ့ စိတ်ရှိမှသာ ပြုပြင်ပြောင်းလဲလို့ ရတဲ့အရာဖြစ်တဲ့အတွက် အချစ်မှာ မျက်စိမပါဘူးဆိုပြီး ဇွတ်ချစ်ဖို့ပဲမတွေးပါနဲ့ မချစ်သင့် မချစ်ထိုက်သူကို ရှောင်ရှားတတ်မှ ဘဝမှာအချစ်ကြောင့် နောင်တ မရမိကြမှာပါ... #knowledgeispower #Amazing #OoOoYanAung #highlightsシ゚
    0 Comments ·0 Shares ·688 Views
  • ရေတွက်လို့မရနိုင်သော စကားလုံးအလုံး ၅၀ ခန့် (uncountable nouns)

    1. **Water** - ရေ
    2. **Air** - လေ
    3. **Sand** - သဲ
    4. **Rice** - ဆန်
    5. **Sugar** - သကြား
    6. **Salt** - ဆား
    7. **Flour** - ဂျုံမှုန့်
    8. **Milk** - နို့
    9. **Coffee** - ကော်ဖီ
    10. **Tea** - လက်ဖက်ရည်
    11. **Bread** - ပေါင်မုန့်
    12. **Money** - ပိုက်ဆံ
    13. **Time** - အချိန်
    14. **Information** - အချက်အလက်
    15. **Advice** - အကြံပေးချက်
    16. **News** - သတင်း
    17. **Furniture** - ပရိဘောဂ
    18. **Luggage** - ခရီးဆောင်အိတ်
    19. **Equipment** - ပစ္စည်းကိရိယာ
    20. **Weather** - ရာသီဥတု
    21. **Traffic** - ယာဉ်ကြောပိတ်ဆို့မှု
    22. **Music** - ဂီတ
    23. **Art** - အနုပညာ
    24. **Love** - အချစ်
    25. **Happiness** - ပျော်ရွှင်မှု
    26. **Knowledge** - အသိပညာ
    27. **Patience** - သည်းခံမှု
    28. **Courage** - သတ်တိ
    29. **Energy** - စွမ်းအင်
    30. **Electricity** - လျှပ်စစ်
    31. **Gas** - ဓာတ်ငွေ့
    32. **Oil** - ဆီ
    33. **Wood** - သစ်
    34. **Glass** - ဖန်ထည်
    35. **Metal** - သတ်တု
    36. **Plastic** - ပလတ်စတစ်
    37. **Paper** - စက္ကူ
    38. **Soap** - ဆပ်ပြာ
    39. **Perfume** - ရေမွေး
    40. **Hair** - ဆံပင်များ
    41. **Grass** - မြက်ပင်
    42. **Snow** - နှင်း
    43. **Rain** - မိုးရေ
    44. **Fog** - မြူ
    45. **Smoke** - မီးခိုး
    46. **Fire** - မီး
    47. **Dust** - ဖုန်
    48. **Gold** - ရွှေ
    49. **Silver** - ငွေ
    50. **Cotton** - ဝါဂွမ်း
    #knowledgesharing
    ရေတွက်လို့မရနိုင်သော စကားလုံးအလုံး ၅၀ ခန့် (uncountable nouns) 1. **Water** - ရေ 2. **Air** - လေ 3. **Sand** - သဲ 4. **Rice** - ဆန် 5. **Sugar** - သကြား 6. **Salt** - ဆား 7. **Flour** - ဂျုံမှုန့် 8. **Milk** - နို့ 9. **Coffee** - ကော်ဖီ 10. **Tea** - လက်ဖက်ရည် 11. **Bread** - ပေါင်မုန့် 12. **Money** - ပိုက်ဆံ 13. **Time** - အချိန် 14. **Information** - အချက်အလက် 15. **Advice** - အကြံပေးချက် 16. **News** - သတင်း 17. **Furniture** - ပရိဘောဂ 18. **Luggage** - ခရီးဆောင်အိတ် 19. **Equipment** - ပစ္စည်းကိရိယာ 20. **Weather** - ရာသီဥတု 21. **Traffic** - ယာဉ်ကြောပိတ်ဆို့မှု 22. **Music** - ဂီတ 23. **Art** - အနုပညာ 24. **Love** - အချစ် 25. **Happiness** - ပျော်ရွှင်မှု 26. **Knowledge** - အသိပညာ 27. **Patience** - သည်းခံမှု 28. **Courage** - သတ်တိ 29. **Energy** - စွမ်းအင် 30. **Electricity** - လျှပ်စစ် 31. **Gas** - ဓာတ်ငွေ့ 32. **Oil** - ဆီ 33. **Wood** - သစ် 34. **Glass** - ဖန်ထည် 35. **Metal** - သတ်တု 36. **Plastic** - ပလတ်စတစ် 37. **Paper** - စက္ကူ 38. **Soap** - ဆပ်ပြာ 39. **Perfume** - ရေမွေး 40. **Hair** - ဆံပင်များ 41. **Grass** - မြက်ပင် 42. **Snow** - နှင်း 43. **Rain** - မိုးရေ 44. **Fog** - မြူ 45. **Smoke** - မီးခိုး 46. **Fire** - မီး 47. **Dust** - ဖုန် 48. **Gold** - ရွှေ 49. **Silver** - ငွေ 50. **Cotton** - ဝါဂွမ်း #knowledgesharing
    0 Comments ·0 Shares ·1K Views
  • """ Teacher's Journey """
    ===========

    A long journey
    Under the umbrella of food
    Those who walked with swagger.

    Although life is uncertain
    While in the cycle
    Those who are beautiful to each other.

    Hundreds of thousands of disciples
    To share knowledge and educate
    They lead them to the land of victory.

    The teacher's journey soon
    As soon as he got close, he persevered.

    Don't turn back and persevere
    On a free trip to Myanmar
    Teachers have a long tradition
    You can see it in our history

    **** On World Teachers' Day, bowing to those who are filled with the spirit of teachers ****

    #Han Moe (Mao Pin)
    ...
    """ Teacher's Journey """ =========== A long journey Under the umbrella of food Those who walked with swagger. Although life is uncertain While in the cycle Those who are beautiful to each other. Hundreds of thousands of disciples To share knowledge and educate They lead them to the land of victory. The teacher's journey soon As soon as he got close, he persevered. Don't turn back and persevere On a free trip to Myanmar Teachers have a long tradition You can see it in our history 🙏🙏🙏 **** On World Teachers' Day, bowing to those who are filled with the spirit of teachers **** #Han Moe (Mao Pin) ...
    Love
    Care
    Like
    5
    · 0 Comments ·0 Shares ·842 Views