• လူတချို့ရဲ့ ဘဝဟာ
    အမြဲတမ်း အေးချမ်းသာယာ
    ပြီးပြည့်စုံ မနေသလို...

    လူတချို့ရဲ့ ဘဝဟာလည်း
    အမြဲတစေ ပူလောင်မနေပါဘူး။

    ဒါကြောင့်မို့...

    အေးချမ်းနေတဲ့ အချိန်လေးမှာ
    စိတ်ချမ်းသာအောင် နေပြီး
    မမော်ကြွား မိဖို့နဲ့...

    ပူလောင်နေတဲ့ အချိန်မှာ
    စိတ်ဆင်းရဲပြီး ဘဝကို
    အရှုံးမပေးဖို့ လိုပါတယ်။

    ပြောင်းလဲနေတဲ့ အချိန်တွေကြားမှာ
    ကံကြမ္မာကို ကြိုမမြင်နိုင်ဘူးလေ။

    ဒီနေ့ စိတ်ဆင်းရဲနေရပေမယ့်
    မနက်ဖြန် စိတ်ချမ်းသာနိုင်ပါတယ်။

    မနက်ဖြန်အတွက်ကို တွေးပြီး
    ဒီနေ့ ပူပန်နေရပေမယ့်..

    ဒီနေ့လေးကြောင့် မနက်ဖြန်ဟာ
    လှပလာနိုင်ပါတယ်။

    ဘယ်လိုကံတရားနဲ့ပဲ ကြုံရကြုံရ
    ကိုယ့်ရဲ့စိတ်သာ အဓိကပါပဲ။

    ဒါကြောင့်မို့...
    ဘယ်လောက်ပဲ လောကဓံကြီးက
    ပူလိုက်၊ အေးလိုက်ဖြစ်နေပါစေ
    ကိုယ်ကနေတတ်ဖို့တော့ လိုပါတယ်။

    မူရင်းရေးသူကို Credit ပေးပါတယ်။
    #မေတ္တာများစွာဖြင့်
    #nanthanthanhtay (ဘဝစာပေ)
    #foryou
    လူတချို့ရဲ့ ဘဝဟာ အမြဲတမ်း အေးချမ်းသာယာ ပြီးပြည့်စုံ မနေသလို... လူတချို့ရဲ့ ဘဝဟာလည်း အမြဲတစေ ပူလောင်မနေပါဘူး။ ဒါကြောင့်မို့... အေးချမ်းနေတဲ့ အချိန်လေးမှာ စိတ်ချမ်းသာအောင် နေပြီး မမော်ကြွား မိဖို့နဲ့... ပူလောင်နေတဲ့ အချိန်မှာ စိတ်ဆင်းရဲပြီး ဘဝကို အရှုံးမပေးဖို့ လိုပါတယ်။ ပြောင်းလဲနေတဲ့ အချိန်တွေကြားမှာ ကံကြမ္မာကို ကြိုမမြင်နိုင်ဘူးလေ။ ဒီနေ့ စိတ်ဆင်းရဲနေရပေမယ့် မနက်ဖြန် စိတ်ချမ်းသာနိုင်ပါတယ်။ မနက်ဖြန်အတွက်ကို တွေးပြီး ဒီနေ့ ပူပန်နေရပေမယ့်.. ဒီနေ့လေးကြောင့် မနက်ဖြန်ဟာ လှပလာနိုင်ပါတယ်။ ဘယ်လိုကံတရားနဲ့ပဲ ကြုံရကြုံရ ကိုယ့်ရဲ့စိတ်သာ အဓိကပါပဲ။ ဒါကြောင့်မို့... ဘယ်လောက်ပဲ လောကဓံကြီးက ပူလိုက်၊ အေးလိုက်ဖြစ်နေပါစေ ကိုယ်ကနေတတ်ဖို့တော့ လိုပါတယ်။ မူရင်းရေးသူကို Credit ပေးပါတယ်။ #မေတ္တာများစွာဖြင့် #nanthanthanhtay (ဘဝစာပေ) #foryou
    Care
    1
    · 0 Comments ·0 Shares ·26 Views
  • ကိုယ်ပိုင်ဝင်ငွေနဲ့
    ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပါ။

    ကိုယ့်ဝင်ငွေအတွက် ကိုယ်လုပ်နေတဲ့အလုပ်က ဘာအလုပ်ဘဲ ဖြစ်နေပါစေ ရှက်စရာမဟုတ်ဘူး။ ရိုးသားတဲ့အလုပ်နဲ့ ဘယ်သူ့ကိုမှမထိခိုက်ဖို့ဘဲ လိုတယ်။

    ကိုယ့်ဝင်ငွေအတွက် ကိုယ်လုပ်နေတဲ့အလုပ်က ညစ်ပတ်ပေတူးနေပါစေ ငြင်းငြူစရာမလိုပါဘူး။ ဖြူစင်တဲ့ အလုပ်နဲ့ သူတပါးကိုမထိခိုက်ဖို့ဘဲ လိုတယ်။

    နည်းသည်ဖြစ်စေ များသည်ဖြစ်စေ
    ကိုယ့်မှာ ဝင်ငွေရှိတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မူ ရှိလာတယ်။ပိုကြိုးစားချင်စိတ်လဲ သန်မာလာတယ်။ အတွေးအမြင် အတွေ့အကြုံလဲပိုရတယ်။ အခက်အခဲကိုလဲပိုရင်ဆိုင်လာရလို့ ပိုပြီး ရင့်ကျက်လာတယ်။

    အသုံးဆောင် အစားသောက် တွေကို စျေးပေါးပေါး စျေးကြီးကြီး ကိုယ်ငွေနဲ့ သုံးရရင် ပိုလွတ်လပ်သလိုခံစားရတယ်။ကိုယ့်ကိုယ်ကိုလဲပိုကျေနပ်တယ်။

    ကိုယ်နိုင်သလောက်နဲ့ လှုတန်းရတဲ့အခါ
    ကိုယ့်ချွေးစာနဲ့ ရှာထားတဲ့ငွေဖြစ်နေတာကို ပိုပြီးကျေနပ် ပီတိဖြစ်ရတယ်။

    ‌မိဘကို ထောက်ပံ့ပေးနိုင်တာ
    တစ်ခုခုဖြည်ဆည်းပေးနိုင်ရတာဆိုရင်
    ဘယ်သူမှမသိဘဲ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပြီး ခေါင်းမော့ရင်ကော့အောင် ကျေနပ်ပီတိဖြစ်ရတာ အမှန်ပါ။

    များမှ မဟုတ်ပါဘူး ကိုယ်ချွေးစာနဲ့ ရှာထားတဲ့ ငွေဟာ ဘယ်လောက်ဘဲ ဖြစ်နေပါစေ ကိုယ်ငွေဖြစ်နေလို့ တန်ဖိုးကြီးတယ် ကျေနပ်တယ်။

    မေတ္တာများစွာဖြင့်
    #nanthanthanhtay (ဘဝစာပေ)
    ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ဝင်ငွေအတွက် ကိုယ်လုပ်နေတဲ့အလုပ်က ဘာအလုပ်ဘဲ ဖြစ်နေပါစေ ရှက်စရာမဟုတ်ဘူး။ ရိုးသားတဲ့အလုပ်နဲ့ ဘယ်သူ့ကိုမှမထိခိုက်ဖို့ဘဲ လိုတယ်။ ကိုယ့်ဝင်ငွေအတွက် ကိုယ်လုပ်နေတဲ့အလုပ်က ညစ်ပတ်ပေတူးနေပါစေ ငြင်းငြူစရာမလိုပါဘူး။ ဖြူစင်တဲ့ အလုပ်နဲ့ သူတပါးကိုမထိခိုက်ဖို့ဘဲ လိုတယ်။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကိုယ့်မှာ ဝင်ငွေရှိတဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မူ ရှိလာတယ်။ပိုကြိုးစားချင်စိတ်လဲ သန်မာလာတယ်။ အတွေးအမြင် အတွေ့အကြုံလဲပိုရတယ်။ အခက်အခဲကိုလဲပိုရင်ဆိုင်လာရလို့ ပိုပြီး ရင့်ကျက်လာတယ်။ အသုံးဆောင် အစားသောက် တွေကို စျေးပေါးပေါး စျေးကြီးကြီး ကိုယ်ငွေနဲ့ သုံးရရင် ပိုလွတ်လပ်သလိုခံစားရတယ်။ကိုယ့်ကိုယ်ကိုလဲပိုကျေနပ်တယ်။ ကိုယ်နိုင်သလောက်နဲ့ လှုတန်းရတဲ့အခါ ကိုယ့်ချွေးစာနဲ့ ရှာထားတဲ့ငွေဖြစ်နေတာကို ပိုပြီးကျေနပ် ပီတိဖြစ်ရတယ်။ ‌မိဘကို ထောက်ပံ့ပေးနိုင်တာ တစ်ခုခုဖြည်ဆည်းပေးနိုင်ရတာဆိုရင် ဘယ်သူမှမသိဘဲ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပြီး ခေါင်းမော့ရင်ကော့အောင် ကျေနပ်ပီတိဖြစ်ရတာ အမှန်ပါ။ များမှ မဟုတ်ပါဘူး ကိုယ်ချွေးစာနဲ့ ရှာထားတဲ့ ငွေဟာ ဘယ်လောက်ဘဲ ဖြစ်နေပါစေ ကိုယ်ငွေဖြစ်နေလို့ တန်ဖိုးကြီးတယ် ကျေနပ်တယ်။ မေတ္တာများစွာဖြင့် #nanthanthanhtay (ဘဝစာပေ)
    Care
    1
    · 0 Comments ·0 Shares ·271 Views