• ငါ့ထက်အပုံကြီးသာတဲ့ရည်းစား ရလို့တဲ့
    ငါ့ကို လာမော်ကြွားတယ်
    မယ်မင်းကြီးမက။

    အေးလေ၊ ဝမ်းသာပါတယ်။

    "မိဘအသိုင်းဝိုင်း တောင့်တယ်
    ချမ်းသာတယ်၊ ရုပ်ချောတယ်
    ယောက်ျားပီသတယ်” တဲ့

    ငါက အေးအေးဆေးဆေးပဲ
    “လူသေကောင်” လို
    ငါက “လူသေကောင်”လို
    အေးအေးဆေးဆေးပဲ။

    “နင့်ကောင်
    ငါ့လို ကဗျာရေးတတ်ရင်
    ခက်မယ်"

    အေး၊ ခက်မယ်။ ။

    #အောင်ချိမ့်
    #thuyeinonlinebookshop
    ငါ့ထက်အပုံကြီးသာတဲ့ရည်းစား ရလို့တဲ့ ငါ့ကို လာမော်ကြွားတယ် မယ်မင်းကြီးမက။ အေးလေ၊ ဝမ်းသာပါတယ်။ "မိဘအသိုင်းဝိုင်း တောင့်တယ် ချမ်းသာတယ်၊ ရုပ်ချောတယ် ယောက်ျားပီသတယ်” တဲ့ ငါက အေးအေးဆေးဆေးပဲ “လူသေကောင်” လို ငါက “လူသေကောင်”လို အေးအေးဆေးဆေးပဲ။ “နင့်ကောင် ငါ့လို ကဗျာရေးတတ်ရင် ခက်မယ်" အေး၊ ခက်မယ်။ ။ #အောင်ချိမ့် #thuyeinonlinebookshop
    Like
    2
    · 0 Comments ·0 Shares ·99 Views