• ချောင်းဆိုး

    လည်ချောင်းယားချောင်းဆိုး
    ဆားရည်ငုံထွေးပါ။

    ရှောက်သီးအရည်၃ဇွန်း နဲ့ ပျားရည်၁ဇွန်း
    စပ်သောက်ပါ။

    တိုင်းရင်းဆေးအမှတ် ၁။မက်လင်ချဉ် သလိပ်ပုတ်နိုင်ဆေး၀ယ် လျက်ပေးပါ။

    ဆေးမရလျှင်

    ဆားကိုနီအောင်လှော် သံပရာရည်ညှစ်ဖျော်လျက်ပေးပါ။

    - မန်ကျည်းမှည့်ဖျော်ရည်ညအိပ်ယာဝင်သောက်ပေးပါ။

    ဆီပါသောအစာများရှောင်စားပါ။

    ရေအေးမသောက်ပါနဲ့ရေနွေး၊ရေကျက်အေးသောက်ပါ။

    ပြည်ပန်းညိုရွက်ဟင်းချိုသောက်ပါ။ ချောင်းဆိုးအသံဝင်အတွက် ဓာတ်စာပါ။

    ကြည်လွင်မြင့် (မုဒြာ)
    Crd
    ချောင်းဆိုး လည်ချောင်းယားချောင်းဆိုး ဆားရည်ငုံထွေးပါ။ ရှောက်သီးအရည်၃ဇွန်း နဲ့ ပျားရည်၁ဇွန်း စပ်သောက်ပါ။ တိုင်းရင်းဆေးအမှတ် ၁။မက်လင်ချဉ် သလိပ်ပုတ်နိုင်ဆေး၀ယ် လျက်ပေးပါ။ ဆေးမရလျှင် ဆားကိုနီအောင်လှော် သံပရာရည်ညှစ်ဖျော်လျက်ပေးပါ။ - မန်ကျည်းမှည့်ဖျော်ရည်ညအိပ်ယာဝင်သောက်ပေးပါ။ ဆီပါသောအစာများရှောင်စားပါ။ ရေအေးမသောက်ပါနဲ့ရေနွေး၊ရေကျက်အေးသောက်ပါ။ ပြည်ပန်းညိုရွက်ဟင်းချိုသောက်ပါ။ ချောင်းဆိုးအသံဝင်အတွက် ဓာတ်စာပါ။ ကြည်လွင်မြင့် (မုဒြာ) Crd
    Care
    1
    · 0 Comments ·0 Shares ·27 Views
  • အသည်းဟာ... ခန္ဓာကိုယ်ထဲမှာ အလုပ်အများဆုံး လုပ်ရတဲ့ အင်္ဂါဖြစ်ပါတယ်။ အညစ်အကြေးစစ်ထုတ်တာ၊ သည်းခြေရည်ထုတ်တာ၊ စွမ်းအင်ထုတ်လုပ်တာနဲ့ သွေးတွင်းအဆီကို ထိန်းချုပ်တာ စတဲ့ အလုပ်တွေကို လုပ်ဆောင်ပါတယ်။
    ဒါပေမယ့် ကျွန်မတို့က ညဉ့်နက်တဲ့အထိ မအိပ်သေးဘူး၊ အာလူး၊ ကစီဓာတ်တွေ၊ အချိုတွေ စားမယ်၊ ရေနည်းနည်းပဲ သောက်မယ်ဆိုရင်... အသည်းက အဆီတွေကို တိတ်တိတ်လေး စုဆောင်းလာပြီး သတိမထားမိဘဲ "အသည်းအဆီဖုံးခြင်း" ဖြစ်လာနိုင်ပါတယ်။
    အသည်းက သတိပေးတဲ့ လက္ခဏာများ
    အကြောင်းရင်းမရှိဘဲ မောပန်းလွယ်ခြင်း
    ညစာ စားပြီးနောက် ဝမ်းဗိုက်တင်းခြင်း၊ လေပွခြင်း၊ အောင့်ခြင်း
    အသားအရေ ညိုမည်းခြင်း၊ ချွေးနံ့နံခြင်း
    ညာဘက်နံရိုးအောက်နား တင်းပြီး နာကျင်ခြင်း
    ညဘက် ခဏခဏ နိုးခြင်း သို့မဟုတ် အိပ်မပျော်ခြင်း
    ဒီလို လက္ခဏာတွေ ရှိနေရင်... "အသည်းစွမ်းအင်" ကို ဒီနေ့ကစပြီး အမြန်ဆုံး ပြန်လည်အားဖြည့်ပါတော့။
    သဘာဝနည်းလမ်းဖြင့် အသည်းကို ပြန်လည်အားဖြည့်နည်းများ
    ၁။ ည ၁၀ နာရီ မတိုင်ခင် အိပ်ရာဝင်ပါ
    ဘာကြောင့်လဲဆိုတော့ "အသည်းရဲ့ မီးဓာတ် (စွမ်းအား)" ဟာ ည ၁၀ နာရီကနေ မနက် ၂ နာရီအတွင်းမှာ အကောင်းဆုံး ပြန်လည်ပြုပြင်ခြင်း အလုပ်ကို လုပ်ဆောင်လို့ပါပဲ။ အဲဒီအချိန်နောက်ပိုင်းမှ အိပ်ရင် အသည်းက ဆဲလ်တွေကို ပြင်ဆင်ဖို့ အချိန်မရတော့ဘဲ၊ အဆီနဲ့ အညစ်အကြေးတွေ စွန့်ထုတ်မယ့်အစား ပိုပြီး စုမိလာပါလိမ့်မယ်။
    ၂။ မနက်အိပ်ရာထပြီး ရေနွေး ၂ ဖန်ခွက် သောက်ပါ
    ဒါက အသည်းထဲက သည်းခြေရေစနစ် လည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အသည်းရှိ သွေးကြောမျှင်လေးတွေထဲက အညစ်အကြေးတွေကို ဆေးကြောပေးပြီး သည်းခြေအိတ်က အဆိပ်အတောက်တွေကို ဝမ်းကနေတဆင့် စွန့်ထုတ်ဖို့ကိုလည်း လှုံ့ဆော်ပေးပါတယ်။
    ၃။ ကစီဓာတ်နှင့် သကြားဓာတ်ကို တစ်ဝက် လျှော့ချပါ
    အသည်းက ပိုလျှံနေတဲ့ သကြားဓာတ်ကို အဆီအဖြစ် ပြောင်းလဲပစ်ပါတယ်။ အချိုများများ စားလေ၊ အသည်းက ပိုပင်ပန်းလေပါပဲ။ သကြားဓာတ် လျှော့ချတာဟာ "အသည်းကို အနားပေးခြင်း" အစစ်အမှန်ပါပဲ။
    ၄။ တစ်နေ့ကို ရေ ၃ လီတာ ရအောင် သောက်ပါ
    ရေဟာ အညစ်အကြေးတွေကို ခန္ဓာကိုယ်ကနေ သယ်ယူထုတ်ပစ်ပေးတဲ့ ယာဉ်ပါပဲ။ ရေလုံလောက်စွာ သောက်သုံးခြင်းက သွေးပျစ်တာကို သက်သာစေပြီး အသည်းကိုလည်း စစ်ထုတ်တဲ့နေရာမှာ လုပ်အားပိုမပေးရအောင် ကူညီပေးပါတယ်။
    ၅။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပေါ့ပေါ့ပါးပါး လုပ်ပါ
    မိနစ် ၃၀ လမ်းလျှောက်တာ ဒါမှမဟုတ် လက်ဝှေ့ယမ်းတာကို ၁၀ မိနစ် လုပ်တာနဲ့တင် လုံလောက်ပါတယ်။ ဒီလိုလုပ်ခြင်းက သွေးကို အသည်းဆီ ပိုမိုကောင်းမွန်စွာ ရောက်ရှိစေပြီး ကိုယ်တွင်းမီးဓာတ်ကိုပါ မျှတစေပါတယ်။
    သမားတော်များထံမှ မှာကြားချက်
    "သန့်ရှင်းတဲ့အသည်းဟာ ခိုင်မာတဲ့ဘဝရဲ့ အခြေခံအုတ်မြစ်ပဲ။ ကျန်းမာရေးဟာ ဆေးဝါးအစွမ်းနဲ့ စတာမဟုတ်ဘူး... ည ၁၀ နာရီမတိုင်ခင် သင်အိပ်ရာဝင်တဲ့ ညကစပြီး စတင်တာပါ"
    ဒီညကစပြီး မီးကို မိနစ် ၃၀ လောက် စောပိတ်ပြီး အိပ်ကြည့်ပါ။
    ပြီးတော့ မနက်အိပ်ရာထရင် ရေနွေး ၂ ဖန်ခွက် သောက်ကြည့်ပါ
    အသည်း ပြန်လည်အားကောင်းလာတဲ့အခါ ခန္ဓာကိုယ် ဘယ်လောက် ပေါ့ပါးသွားတယ်၊ စိတ်ဘယ်လောက် ကြည်လင်လန်းဆန်းလာတယ်ဆိုတာ သင်ကိုယ်တိုင် သိလာပါလိမ့်မယ် ။

    Crd
    #fblifestyle
    အသည်းဟာ... ခန္ဓာကိုယ်ထဲမှာ အလုပ်အများဆုံး လုပ်ရတဲ့ အင်္ဂါဖြစ်ပါတယ်။ အညစ်အကြေးစစ်ထုတ်တာ၊ သည်းခြေရည်ထုတ်တာ၊ စွမ်းအင်ထုတ်လုပ်တာနဲ့ သွေးတွင်းအဆီကို ထိန်းချုပ်တာ စတဲ့ အလုပ်တွေကို လုပ်ဆောင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့က ညဉ့်နက်တဲ့အထိ မအိပ်သေးဘူး၊ အာလူး၊ ကစီဓာတ်တွေ၊ အချိုတွေ စားမယ်၊ ရေနည်းနည်းပဲ သောက်မယ်ဆိုရင်... အသည်းက အဆီတွေကို တိတ်တိတ်လေး စုဆောင်းလာပြီး သတိမထားမိဘဲ "အသည်းအဆီဖုံးခြင်း" ဖြစ်လာနိုင်ပါတယ်။ အသည်းက သတိပေးတဲ့ လက္ခဏာများ အကြောင်းရင်းမရှိဘဲ မောပန်းလွယ်ခြင်း ညစာ စားပြီးနောက် ဝမ်းဗိုက်တင်းခြင်း၊ လေပွခြင်း၊ အောင့်ခြင်း အသားအရေ ညိုမည်းခြင်း၊ ချွေးနံ့နံခြင်း ညာဘက်နံရိုးအောက်နား တင်းပြီး နာကျင်ခြင်း ညဘက် ခဏခဏ နိုးခြင်း သို့မဟုတ် အိပ်မပျော်ခြင်း ဒီလို လက္ခဏာတွေ ရှိနေရင်... "အသည်းစွမ်းအင်" ကို ဒီနေ့ကစပြီး အမြန်ဆုံး ပြန်လည်အားဖြည့်ပါတော့။ သဘာဝနည်းလမ်းဖြင့် အသည်းကို ပြန်လည်အားဖြည့်နည်းများ ၁။ ည ၁၀ နာရီ မတိုင်ခင် အိပ်ရာဝင်ပါ ဘာကြောင့်လဲဆိုတော့ "အသည်းရဲ့ မီးဓာတ် (စွမ်းအား)" ဟာ ည ၁၀ နာရီကနေ မနက် ၂ နာရီအတွင်းမှာ အကောင်းဆုံး ပြန်လည်ပြုပြင်ခြင်း အလုပ်ကို လုပ်ဆောင်လို့ပါပဲ။ အဲဒီအချိန်နောက်ပိုင်းမှ အိပ်ရင် အသည်းက ဆဲလ်တွေကို ပြင်ဆင်ဖို့ အချိန်မရတော့ဘဲ၊ အဆီနဲ့ အညစ်အကြေးတွေ စွန့်ထုတ်မယ့်အစား ပိုပြီး စုမိလာပါလိမ့်မယ်။ ၂။ မနက်အိပ်ရာထပြီး ရေနွေး ၂ ဖန်ခွက် သောက်ပါ ဒါက အသည်းထဲက သည်းခြေရေစနစ် လည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အသည်းရှိ သွေးကြောမျှင်လေးတွေထဲက အညစ်အကြေးတွေကို ဆေးကြောပေးပြီး သည်းခြေအိတ်က အဆိပ်အတောက်တွေကို ဝမ်းကနေတဆင့် စွန့်ထုတ်ဖို့ကိုလည်း လှုံ့ဆော်ပေးပါတယ်။ ၃။ ကစီဓာတ်နှင့် သကြားဓာတ်ကို တစ်ဝက် လျှော့ချပါ အသည်းက ပိုလျှံနေတဲ့ သကြားဓာတ်ကို အဆီအဖြစ် ပြောင်းလဲပစ်ပါတယ်။ အချိုများများ စားလေ၊ အသည်းက ပိုပင်ပန်းလေပါပဲ။ သကြားဓာတ် လျှော့ချတာဟာ "အသည်းကို အနားပေးခြင်း" အစစ်အမှန်ပါပဲ။ ၄။ တစ်နေ့ကို ရေ ၃ လီတာ ရအောင် သောက်ပါ ရေဟာ အညစ်အကြေးတွေကို ခန္ဓာကိုယ်ကနေ သယ်ယူထုတ်ပစ်ပေးတဲ့ ယာဉ်ပါပဲ။ ရေလုံလောက်စွာ သောက်သုံးခြင်းက သွေးပျစ်တာကို သက်သာစေပြီး အသည်းကိုလည်း စစ်ထုတ်တဲ့နေရာမှာ လုပ်အားပိုမပေးရအောင် ကူညီပေးပါတယ်။ ၅။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပေါ့ပေါ့ပါးပါး လုပ်ပါ မိနစ် ၃၀ လမ်းလျှောက်တာ ဒါမှမဟုတ် လက်ဝှေ့ယမ်းတာကို ၁၀ မိနစ် လုပ်တာနဲ့တင် လုံလောက်ပါတယ်။ ဒီလိုလုပ်ခြင်းက သွေးကို အသည်းဆီ ပိုမိုကောင်းမွန်စွာ ရောက်ရှိစေပြီး ကိုယ်တွင်းမီးဓာတ်ကိုပါ မျှတစေပါတယ်။ သမားတော်များထံမှ မှာကြားချက် "သန့်ရှင်းတဲ့အသည်းဟာ ခိုင်မာတဲ့ဘဝရဲ့ အခြေခံအုတ်မြစ်ပဲ။ ကျန်းမာရေးဟာ ဆေးဝါးအစွမ်းနဲ့ စတာမဟုတ်ဘူး... ည ၁၀ နာရီမတိုင်ခင် သင်အိပ်ရာဝင်တဲ့ ညကစပြီး စတင်တာပါ" ဒီညကစပြီး မီးကို မိနစ် ၃၀ လောက် စောပိတ်ပြီး အိပ်ကြည့်ပါ။ ပြီးတော့ မနက်အိပ်ရာထရင် ရေနွေး ၂ ဖန်ခွက် သောက်ကြည့်ပါ အသည်း ပြန်လည်အားကောင်းလာတဲ့အခါ ခန္ဓာကိုယ် ဘယ်လောက် ပေါ့ပါးသွားတယ်၊ စိတ်ဘယ်လောက် ကြည်လင်လန်းဆန်းလာတယ်ဆိုတာ သင်ကိုယ်တိုင် သိလာပါလိမ့်မယ် ။ Crd #fblifestyle
    Love
    Care
    2
    · 0 Comments ·0 Shares ·67 Views
  • "ကျန်းမာရေးအတွက် ဤစာကို ဖတ်ဖြစ်အောင် ဖတ်ပါ " **************************

    ဒေါက်တာ လျှူရီပင်းက ဤသတင်းကို
    လူဆယ်ယောက်ကိုဖြန့်ဝေပေးပါက

    လူတစ်ယောက်၏အသက်ကို ကယ်နိုင် ကောင်းတယ် လို့ဆိုပါတယ်။

    ကျွန်တော်လုပ်ရမဲ့အပိုင်းကိုကျွန်တော်လုပ်ပြီးပြီ။
    ......................................

    သင့်အပိုင်းကို သင်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ကျေးဇူးတင်ပါတယ်။
    .....................................

    သံပယိုရည်နဲ့ ရေနွေးကို သောက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

    သကြား မထည့်ပါနဲ့။

    ပူနေတဲ့သံပယိုရေနွေးဟာ အေးနေတဲ့ သံပယိုရည်ထက်ပိုပြီး အကျိုးကျေးဇူးရှိပါတယ်။

    ကဇွန်းဥ အဝါနဲ့ခရမ်းရောင်တို့မှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့ အရာကောင်းများပါဝင်ပါတယ်။

    ၁။ ညနှောင်းပိုင်း အစားအစာစားခြင်းဟာ
    အစာအိမ်ကင်ဆာကို ဖြစ်နိုင်ခြေများစေပါတယ်။

    ၂။ တစ်ပတ်တွင် ကြက်ဥ၄လုံးထက်ပို၍ မစားမိပါစေနဲ့။

    ၃။ ကြက်အဆီဘူးကို စားခြင်းဟာ အစာအိမ်ကင်ဆာကို ဖြစ်စေပါတယ်။

    ၄။အစာစားပြီး အသီးကို မစားပါနှင့်။
    အသီးကို အစာမစားမီ စားသုံးပါ။

    ၅။ ရာသီလာချိန်တွင်
    လက်ဖက်ရည်မသောက်ပါနှင့်။

    ၆။ ပဲနို့ကိုလျှော့သောက်ပါ။ ပဲနို့ထဲတွင်သကြားနှင့်ကြက်ဥထည့်မသောက်ပါနှင့်။

    ၇။ အစာမရှိဘဲ ခရမ်းချဉ်သီး မစားပါနဲ့။

    ၈။ သည်းခြေတွင်ကျောက်တည်ခြင်းမှ ကာကွယ်ရန် နံနက်အစာအစားမီ ရေတစ်ခွက်သောက်ပါ။

    ၉။ ညမအိပ်မီ ၃နာရီအလို မည်သည့်အစားအစာမှ မစားပါနှင့်။

    ၁၀။ Teh Tarik နွားနို့နှင့်ရောစပ်ဖျော်ထားသော လက်ဖက်ရည်လျှော့သောက်ပါ။
    အာဟာရမရှိသောအရာများက ဆီးချိုနှင့်သွေးတိုး ရောဂါကိုဖြစ်စေသည်။

    ၁၁။ ပေါင်မုန့်မီးကင်စက် သို့မဟုတ် မီးဖိုတွင် ပေါင်မုန့်ကိုဖုတ်ပြီးနောက်ပူနေစဉ် မစားပါနှင့်။

    ၁၂။ သင်အိပ်နေစဉ်သင့်နားတွင် ဆဲလ်ဖုံး သို့မဟုတ်မည်သည့်လျှပ်စစ်အားသွင်းခြင်းကိုမဆို အနားတွင်ထား၍ မအိပ်ပါနှင့်။

    ၁၃။ သည်းခြေကင်ဆာဖြစ်ဖြင်းမှ ကာကွယ်ရန် တစ်နေ့လျှင်ရေ ၁၀ခွက်ခန့်သောက်ပေးပါ။

    ၁၄။ နေ့ပိုင်းတွင် ရေကိုများများသောက်၍ ညပိုင်းတွင် လျှော့သောက်ပါ။

    ၁၅။ တစ်နေ့လျှင်ကော်ဖီကို၂ခွက်ထက်ပို၍ မသောက်ပါနှင့် သို့မဟုတ်ပါက အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါ ရရှိနိုင်သည်။

    ၁၆။ ဆီပါဝင်မှုနည်းသော အစားအစာကိုစားပါ။

    ဆီပါဝင်မှုရှိပါက ၅နာရီမှ၇နာရီကြာမျှ ယင်းအစာကို ကြေညက်အောင် ချက်ရသည့်အတွက် သင့်ကိုပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေသည်။

    ၁၇။ ညနေ၅နာရီနောက်ပိုင်း အစားကိုလျော့စားပါ။

    ၁၈။ အစားအစာ၆မျိုးသည် သင့်ကိုပျော်ရွှင်မှု ပေးနိုင်သည်။ ငှက်ပျောသီး၊ ဂရိတ်ဖရု၊ ဂျုံပေါင်မုန့်၊ စပင်းနပ်ခ်ျ၊ ရွှေဖရုံသီး၊ မက်မွန်သီး၊

    ၁၉။ တနေ့ ၈နာရီထက် လျော့နည်းစွာအိပ်လျှင် ဦးဏှောက်လည်ပတ်ဆောင်ရွက်နိုင်မှုကို တဖြည်းဖြည်းချို့ယွင်းစေပါသည်။

    မွန်းလွဲပိုင်းအနားယူမှေးစက်မှုက သင့်အား ငယ်ရွယ်နုပျိုစေပါသည်။.

    ချက်ထားသည့် ခရမ်းချဉ်သီးက ခရမ်းချဉ်သီး အစိမ်းထက်ပိုပြီး ဝေဒနာများကုသပေးနိုင်စွမ်းသတ္တိ ရှိသည်။

    ပူနေသော သံပယိုရေနွေးရည်သည် သင့်ကျန်းမာရေးကို ထိန်းထားနိုင်ပြီး အသက်ကိ်ုပိုမိုရှည်စေသည်။

    ပူသောသံပယိုရည်သည် ကင်ဆာဆဲလ်များကိုသတ်နိုင်စွမ်းရှိသည်။

    ရေနွေးပူပူထဲသို့ အကွင်းလိုက်လှီးထားသော သံပယိုကွင်း၂ခု-၃ခုခန့်ကို ထည့်ပါ။
    နေ့စဉ်သောက်သုံးပေးပါ။

    သံကယိုရည်ပူပူတွင်ရှိ ခါးသက်သက်ဓါတ်သည် ကင်ဆာဆဲလ်များကို သတ်နိုင်သည့် အကောင်းဆုံးသောဒြဗ်ပင်ဖြစ်သည်။

    သံပယိုရည်အေးတွင် ဗီတာမင်စီသာရှိပြီး ကင်ဆာကာကွယ်နိုင်စွမ်းမရှိပါ။

    ပူသော သံပယိုရည်သည် ကင်ဆာကျုမာကြီးထွားမှုကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

    ဓာတ်ခွဲခန်းစမ်းသပ်မှုအရ သံပယိုပူရည်သည် အလုပ်ဖြစ်ကြောင်းသက်သေပြခဲ့သည်။

    မကောင်းသောကင်ဆာဆဲလ်များကို ထိုသံပယိုတွင်ရှိသည့်ဓာတ်သတ္တိဖြင့် ကုသမှုကဖျက်ဆီးနိုင်စွမ်းရှိသည်။

    ထိုအရာက ကောင်းမွန်သောဆဲလ်များကို ထိခိုက်မှုမရှိပါ။

    နောက်တစ်ခုမှာ သံပယိုရည်အတွင်းရှိ စီထရစ်အက်စစ်(Citric acid) နှင့် သံပယို ပိုလီဖင်နော် (lemon polyphenol) သည်သွေးတိုးခြင်းကို ကျဆင်းစေနိုင်စွမ်းရှိသည်။

    သွေးကြောပိတ်ခြင်းကို လျော့နည်းစေခြင်း၊ သွေးလှည်ပတ်မှုကို တိုးတက်ကောင်းမွန်စေခြင်းနှင့် နက်ရှိုင်းစွာအတွင်းတွင်ရှိသည့် သွေးကြောတွင်းပိတ်ဆို့ခြင်းကို ကာကွယ်မှုပေးနိုင်သည်။

    သင်မည်မျှအလုပ်ရှုပ်နေပါစေ။
    ဤစာကိုဖတ်ဖြစ်အောင်ဖတ်ပါ။ အခြားသူများကိုချစ်မေတ္တာဖြင့် ဖြန့်ဝေပါ။ သင့်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။

    (Ko Htun Aung Gyaw ဘာသာပြန်ပေးပို့သည်။)
    via Zawana Shen
    #yoyocooking
    Credit: Thorn Nay Soe
    "ကျန်းမာရေးအတွက် ဤစာကို ဖတ်ဖြစ်အောင် ဖတ်ပါ " ************************** ဒေါက်တာ လျှူရီပင်းက ဤသတင်းကို လူဆယ်ယောက်ကိုဖြန့်ဝေပေးပါက လူတစ်ယောက်၏အသက်ကို ကယ်နိုင် ကောင်းတယ် လို့ဆိုပါတယ်။ ကျွန်တော်လုပ်ရမဲ့အပိုင်းကိုကျွန်တော်လုပ်ပြီးပြီ။ ...................................... သင့်အပိုင်းကို သင်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ ကျေးဇူးတင်ပါတယ်။ ..................................... သံပယိုရည်နဲ့ ရေနွေးကို သောက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ သကြား မထည့်ပါနဲ့။ ပူနေတဲ့သံပယိုရေနွေးဟာ အေးနေတဲ့ သံပယိုရည်ထက်ပိုပြီး အကျိုးကျေးဇူးရှိပါတယ်။ ကဇွန်းဥ အဝါနဲ့ခရမ်းရောင်တို့မှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့ အရာကောင်းများပါဝင်ပါတယ်။ ၁။ ညနှောင်းပိုင်း အစားအစာစားခြင်းဟာ အစာအိမ်ကင်ဆာကို ဖြစ်နိုင်ခြေများစေပါတယ်။ ၂။ တစ်ပတ်တွင် ကြက်ဥ၄လုံးထက်ပို၍ မစားမိပါစေနဲ့။ ၃။ ကြက်အဆီဘူးကို စားခြင်းဟာ အစာအိမ်ကင်ဆာကို ဖြစ်စေပါတယ်။ ၄။အစာစားပြီး အသီးကို မစားပါနှင့်။ အသီးကို အစာမစားမီ စားသုံးပါ။ ၅။ ရာသီလာချိန်တွင် လက်ဖက်ရည်မသောက်ပါနှင့်။ ၆။ ပဲနို့ကိုလျှော့သောက်ပါ။ ပဲနို့ထဲတွင်သကြားနှင့်ကြက်ဥထည့်မသောက်ပါနှင့်။ ၇။ အစာမရှိဘဲ ခရမ်းချဉ်သီး မစားပါနဲ့။ ၈။ သည်းခြေတွင်ကျောက်တည်ခြင်းမှ ကာကွယ်ရန် နံနက်အစာအစားမီ ရေတစ်ခွက်သောက်ပါ။ ၉။ ညမအိပ်မီ ၃နာရီအလို မည်သည့်အစားအစာမှ မစားပါနှင့်။ ၁၀။ Teh Tarik နွားနို့နှင့်ရောစပ်ဖျော်ထားသော လက်ဖက်ရည်လျှော့သောက်ပါ။ အာဟာရမရှိသောအရာများက ဆီးချိုနှင့်သွေးတိုး ရောဂါကိုဖြစ်စေသည်။ ၁၁။ ပေါင်မုန့်မီးကင်စက် သို့မဟုတ် မီးဖိုတွင် ပေါင်မုန့်ကိုဖုတ်ပြီးနောက်ပူနေစဉ် မစားပါနှင့်။ ၁၂။ သင်အိပ်နေစဉ်သင့်နားတွင် ဆဲလ်ဖုံး သို့မဟုတ်မည်သည့်လျှပ်စစ်အားသွင်းခြင်းကိုမဆို အနားတွင်ထား၍ မအိပ်ပါနှင့်။ ၁၃။ သည်းခြေကင်ဆာဖြစ်ဖြင်းမှ ကာကွယ်ရန် တစ်နေ့လျှင်ရေ ၁၀ခွက်ခန့်သောက်ပေးပါ။ ၁၄။ နေ့ပိုင်းတွင် ရေကိုများများသောက်၍ ညပိုင်းတွင် လျှော့သောက်ပါ။ ၁၅။ တစ်နေ့လျှင်ကော်ဖီကို၂ခွက်ထက်ပို၍ မသောက်ပါနှင့် သို့မဟုတ်ပါက အိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါ ရရှိနိုင်သည်။ ၁၆။ ဆီပါဝင်မှုနည်းသော အစားအစာကိုစားပါ။ ဆီပါဝင်မှုရှိပါက ၅နာရီမှ၇နာရီကြာမျှ ယင်းအစာကို ကြေညက်အောင် ချက်ရသည့်အတွက် သင့်ကိုပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေသည်။ ၁၇။ ညနေ၅နာရီနောက်ပိုင်း အစားကိုလျော့စားပါ။ ၁၈။ အစားအစာ၆မျိုးသည် သင့်ကိုပျော်ရွှင်မှု ပေးနိုင်သည်။ ငှက်ပျောသီး၊ ဂရိတ်ဖရု၊ ဂျုံပေါင်မုန့်၊ စပင်းနပ်ခ်ျ၊ ရွှေဖရုံသီး၊ မက်မွန်သီး၊ ၁၉။ တနေ့ ၈နာရီထက် လျော့နည်းစွာအိပ်လျှင် ဦးဏှောက်လည်ပတ်ဆောင်ရွက်နိုင်မှုကို တဖြည်းဖြည်းချို့ယွင်းစေပါသည်။ မွန်းလွဲပိုင်းအနားယူမှေးစက်မှုက သင့်အား ငယ်ရွယ်နုပျိုစေပါသည်။. ချက်ထားသည့် ခရမ်းချဉ်သီးက ခရမ်းချဉ်သီး အစိမ်းထက်ပိုပြီး ဝေဒနာများကုသပေးနိုင်စွမ်းသတ္တိ ရှိသည်။ ပူနေသော သံပယိုရေနွေးရည်သည် သင့်ကျန်းမာရေးကို ထိန်းထားနိုင်ပြီး အသက်ကိ်ုပိုမိုရှည်စေသည်။ ပူသောသံပယိုရည်သည် ကင်ဆာဆဲလ်များကိုသတ်နိုင်စွမ်းရှိသည်။ ရေနွေးပူပူထဲသို့ အကွင်းလိုက်လှီးထားသော သံပယိုကွင်း၂ခု-၃ခုခန့်ကို ထည့်ပါ။ နေ့စဉ်သောက်သုံးပေးပါ။ သံကယိုရည်ပူပူတွင်ရှိ ခါးသက်သက်ဓါတ်သည် ကင်ဆာဆဲလ်များကို သတ်နိုင်သည့် အကောင်းဆုံးသောဒြဗ်ပင်ဖြစ်သည်။ သံပယိုရည်အေးတွင် ဗီတာမင်စီသာရှိပြီး ကင်ဆာကာကွယ်နိုင်စွမ်းမရှိပါ။ ပူသော သံပယိုရည်သည် ကင်ဆာကျုမာကြီးထွားမှုကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ဓာတ်ခွဲခန်းစမ်းသပ်မှုအရ သံပယိုပူရည်သည် အလုပ်ဖြစ်ကြောင်းသက်သေပြခဲ့သည်။ မကောင်းသောကင်ဆာဆဲလ်များကို ထိုသံပယိုတွင်ရှိသည့်ဓာတ်သတ္တိဖြင့် ကုသမှုကဖျက်ဆီးနိုင်စွမ်းရှိသည်။ ထိုအရာက ကောင်းမွန်သောဆဲလ်များကို ထိခိုက်မှုမရှိပါ။ နောက်တစ်ခုမှာ သံပယိုရည်အတွင်းရှိ စီထရစ်အက်စစ်(Citric acid) နှင့် သံပယို ပိုလီဖင်နော် (lemon polyphenol) သည်သွေးတိုးခြင်းကို ကျဆင်းစေနိုင်စွမ်းရှိသည်။ သွေးကြောပိတ်ခြင်းကို လျော့နည်းစေခြင်း၊ သွေးလှည်ပတ်မှုကို တိုးတက်ကောင်းမွန်စေခြင်းနှင့် နက်ရှိုင်းစွာအတွင်းတွင်ရှိသည့် သွေးကြောတွင်းပိတ်ဆို့ခြင်းကို ကာကွယ်မှုပေးနိုင်သည်။ သင်မည်မျှအလုပ်ရှုပ်နေပါစေ။ ဤစာကိုဖတ်ဖြစ်အောင်ဖတ်ပါ။ အခြားသူများကိုချစ်မေတ္တာဖြင့် ဖြန့်ဝေပါ။ သင့်ကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။ (Ko Htun Aung Gyaw ဘာသာပြန်ပေးပို့သည်။) via Zawana Shen #yoyocooking Credit: Thorn Nay Soe
    Love
    Care
    2
    · 0 Comments ·0 Shares ·109 Views
  • ဘာမှ မပြောတဲ့သူတွေကို သတိထားပါ
    ----------------------------------
    ကျွန်တော်တို့ကျောင်းသား ဘဝတုန်းက
    စာမေးပွဲဖြေတဲ့အခါ စာခိုးချတဲ့လူကို တွေ့ရင်
    အခန်းစောင့်ဆရာမက
    micro စာရွက်တွေကို လာသိမ်းတယ်
    သတိပေးပြီး ဆက်ဖြေခွင့်ပြုတယ် …
    နောက် ဆရာမ အမျိုးအစားက
    လာလည်း မပြောဘူး ၊ ဖမ်းလည်း မဖမ်းဘူး ။
    သတိလည်းမပေးဘူး ။ လွှတ်ပေးထားတယ် ။
    ခိုးစမ်း … ကြိုက်သလောက်ခိုး ။
    လုံးဝ မနှောင့်ယှက်ဘူး ။
    မှတ်ချက်မှာတော့ မှင်နီ တို့ ပြီးသွားပြီ ။
    အမှတ် 100 ဖိုးဖြေထားလည်း ကျပြီပဲ မှတ် ။
    ကျွန်တော်တို့ ဘဝတွေမှာလည်း ဒီလိုပါပဲ ။
    warning တွေ ပေးခံနေရတယ်ဆိုတာ
    ပြင်ဆင်ခွင့်ရှိနေသေးတယ် ။
    ဘာမှ မပြောတော့ဘူး ဆိုရင်
    သိပ်ကြောက်ဖို့ကောင်းတယ်
    ပြင်ဆင်ခွင့်မပေးတော့တဲ့ သဘော ။
    သိပ်စိတ်နာသွားတဲ့လူတွေဟာ
    စကားတွေ အများကြီး မပြောတော့ဘူး ။
    တိတ်ဆိတ်ခြင်းဟာ ပြင်းထန်တဲ့
    ပေါက်ကွဲအားပဲ ။
    ဥပက္ခာဟာ ဥပဒေဘောင်အတွင်းက
    အကောင်းဆုံး လူသတ် လက်နက် ဖြစ်တယ် ။
    သူ ဘာမှ မှ မပြောတာ
    မသိလောက်ပါဘူး ဆိုပြီး လိမ်မနေပါနဲ့
    မှင်နီတို့ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ် ။

    #crd_to_owner_with_respect
    ဘာမှ မပြောတဲ့သူတွေကို သတိထားပါ ---------------------------------- ကျွန်တော်တို့ကျောင်းသား ဘဝတုန်းက စာမေးပွဲဖြေတဲ့အခါ စာခိုးချတဲ့လူကို တွေ့ရင် အခန်းစောင့်ဆရာမက micro စာရွက်တွေကို လာသိမ်းတယ် သတိပေးပြီး ဆက်ဖြေခွင့်ပြုတယ် … နောက် ဆရာမ အမျိုးအစားက လာလည်း မပြောဘူး ၊ ဖမ်းလည်း မဖမ်းဘူး ။ သတိလည်းမပေးဘူး ။ လွှတ်ပေးထားတယ် ။ ခိုးစမ်း … ကြိုက်သလောက်ခိုး ။ လုံးဝ မနှောင့်ယှက်ဘူး ။ မှတ်ချက်မှာတော့ မှင်နီ တို့ ပြီးသွားပြီ ။ အမှတ် 100 ဖိုးဖြေထားလည်း ကျပြီပဲ မှတ် ။ ကျွန်တော်တို့ ဘဝတွေမှာလည်း ဒီလိုပါပဲ ။ warning တွေ ပေးခံနေရတယ်ဆိုတာ ပြင်ဆင်ခွင့်ရှိနေသေးတယ် ။ ဘာမှ မပြောတော့ဘူး ဆိုရင် သိပ်ကြောက်ဖို့ကောင်းတယ် ပြင်ဆင်ခွင့်မပေးတော့တဲ့ သဘော ။ သိပ်စိတ်နာသွားတဲ့လူတွေဟာ စကားတွေ အများကြီး မပြောတော့ဘူး ။ တိတ်ဆိတ်ခြင်းဟာ ပြင်းထန်တဲ့ ပေါက်ကွဲအားပဲ ။ ဥပက္ခာဟာ ဥပဒေဘောင်အတွင်းက အကောင်းဆုံး လူသတ် လက်နက် ဖြစ်တယ် ။ သူ ဘာမှ မှ မပြောတာ မသိလောက်ပါဘူး ဆိုပြီး လိမ်မနေပါနဲ့ မှင်နီတို့ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ် ။ #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·105 Views
  • နှင်းဆီပန်းနှင့် ကဗျာဆရာ

    ------------------------

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    ဆူးက ဖျက်နေသည်တကား။

    အို ... ကဗျာဆရာ
    ငါ့မှာရန်စွယ်၊ အန္တရာယ်ကို
    ကာကွယ်လို့ငှာ၊ ဆူးရှိပါသည်
    ငါသည် သူသွမ်း မဟုတ်ပါ။

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    နွမ်းလျရော်ရီ၊ စိုမပြည်၍
    မြေဆီ ကြွေတတ်သည်တကား။

    အို ... ကဗျာဆရာ
    ကြွေရာပျက်ရာ၊ ဓမ္မတာမို့
    ကြွေကာပျက်မှု၊ ငါ မမှုပါ
    ငါမှုသည်ကား မြေသို့လား၍
    လွင့်ပါးရော်ရီ၊ မကြွေမီလျှင်
    ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို
    သည်ပိုးဆောင်မှု ဖြစ်ပါသည်။

    အို ... ပန်းနှင်းဆီ
    သင်သည် မြေထက်၊ မကြွေပျက်မီ
    သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို
    ဘဇာ ရွက်ဆောင်ပါသနည်း။

    အို ... ကဗျာဆရာ
    ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ
    ငါစွမ်းသမျှ၊ ငါ့အလှဖြင့်
    လောကသာယာ၊ စိုပြည်လာ၍
    သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင်
    ကြိုးပမ်း ဆောင်ပါသည်တကား။

    မင်းယုဝေ
    ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း )

    ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
    လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ

    ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ
    ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ
    ကူးယူဖော်ပြခွင့် မပြုပါခင်မျာ

    #thebookbazaar
    #မင်းသုဝဏ်
    #နှင်းဆီပန်းနှင့်ကဗျာဆရာ
    နှင်းဆီပန်းနှင့် ကဗျာဆရာ ------------------------ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း ဆူးက ဖျက်နေသည်တကား။ အို ... ကဗျာဆရာ ငါ့မှာရန်စွယ်၊ အန္တရာယ်ကို ကာကွယ်လို့ငှာ၊ ဆူးရှိပါသည် ငါသည် သူသွမ်း မဟုတ်ပါ။ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း နွမ်းလျရော်ရီ၊ စိုမပြည်၍ မြေဆီ ကြွေတတ်သည်တကား။ အို ... ကဗျာဆရာ ကြွေရာပျက်ရာ၊ ဓမ္မတာမို့ ကြွေကာပျက်မှု၊ ငါ မမှုပါ ငါမှုသည်ကား မြေသို့လား၍ လွင့်ပါးရော်ရီ၊ မကြွေမီလျှင် ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို သည်ပိုးဆောင်မှု ဖြစ်ပါသည်။ အို ... ပန်းနှင်းဆီ သင်သည် မြေထက်၊ မကြွေပျက်မီ သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို ဘဇာ ရွက်ဆောင်ပါသနည်း။ အို ... ကဗျာဆရာ ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ ငါစွမ်းသမျှ၊ ငါ့အလှဖြင့် လောကသာယာ၊ စိုပြည်လာ၍ သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင် ကြိုးပမ်း ဆောင်ပါသည်တကား။ 🔹 မင်းယုဝေ ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း ) ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟 ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ ကူးယူဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟 #thebookbazaar #မင်းသုဝဏ် #နှင်းဆီပန်းနှင့်ကဗျာဆရာ
    Care
    1
    · 0 Comments ·0 Shares ·114 Views
  • ချောင်းဆိုးခြောက်၊ လည်ချောင်းနာ၊ သလိပ်ခဲ၍ ထွေးရခက်ခြင်းအတွက် မထင်မှတ်လောက်အောင် ထိရောက်သည့် ရိုးရာနည်းလမ်း

    ကျွန်တော့်အဘိုးအဘွားတွေ အမြဲသုံးလေ့ရှိပြီး တကယ်ပျောက်ကင်းခဲ့ပါတယ်!!

    လုပ်နည်းက ရိုးရှင်းပါတယ်...
    ကြက်သွန်နီ အလုံးကို အခွံခွာပြီး သန့်စင်အောင် ဆေးပါ။ ပြီးရင် ကြက်သွန်နီအစိမ်းကို ဆားကြမ်းအနည်းငယ်တို့ပြီး ဖြည်းဖြည်းချင်း ဝါးစားပေးပါ။

    ကြက်သွန်နီရဲ့ မွှေးရနံ့နဲ့ အစပ်ဓာတ် ထွက်လာတဲ့အခါ လည်ချောင်း နွေးသွားတာ၊ နှာခေါင်း ပွင့်သွားတာကို ခံစားရပြီး သလိပ်တွေ တဖြည်းဖြည်း ပျော်ကျလာပါလိမ့်မယ်

    အစပ်ဓာတ်ကို သိပ်မကြိုက်သူများက ကြက်သွန်နီကို အနည်းငယ် လှော် (သို့) ဖုတ် ပြီးမှ စားကြည့်နိုင်ပါတယ်။ အနံ့ပိုမွှေးလာပြီး ဝါးရတာလည်း ပိုလွယ်ကူလာပါလိမ့်မယ်။

    ဒီလို ရှေးလူကြီးတွေရဲ့ လျှို့ဝှက်ချက်က ခေတ်တိုင်းမှာ အသုံးဝင်ပါတယ်

    စမ်းကြည့်ပါဦးနော်။ တစ်ခါတလေ ဆေးဝါးတွေ မသုံးဘဲနဲ့လည်း အများကြီး သက်သာစေနိုင်ပါတယ်

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    #newfun
    😷 ချောင်းဆိုးခြောက်၊ လည်ချောင်းနာ၊ သလိပ်ခဲ၍ ထွေးရခက်ခြင်းအတွက် မထင်မှတ်လောက်အောင် ထိရောက်သည့် ရိုးရာနည်းလမ်း ကျွန်တော့်အဘိုးအဘွားတွေ အမြဲသုံးလေ့ရှိပြီး တကယ်ပျောက်ကင်းခဲ့ပါတယ်!! 🧓👵 လုပ်နည်းက ရိုးရှင်းပါတယ်... ကြက်သွန်နီ အလုံးကို အခွံခွာပြီး သန့်စင်အောင် ဆေးပါ။ ပြီးရင် ကြက်သွန်နီအစိမ်းကို ဆားကြမ်းအနည်းငယ်တို့ပြီး ဖြည်းဖြည်းချင်း ဝါးစားပေးပါ။ ကြက်သွန်နီရဲ့ မွှေးရနံ့နဲ့ အစပ်ဓာတ် ထွက်လာတဲ့အခါ လည်ချောင်း နွေးသွားတာ၊ နှာခေါင်း ပွင့်သွားတာကို ခံစားရပြီး သလိပ်တွေ တဖြည်းဖြည်း ပျော်ကျလာပါလိမ့်မယ် 😌။ အစပ်ဓာတ်ကို သိပ်မကြိုက်သူများက ကြက်သွန်နီကို အနည်းငယ် လှော် (သို့) ဖုတ် ပြီးမှ စားကြည့်နိုင်ပါတယ်။ အနံ့ပိုမွှေးလာပြီး ဝါးရတာလည်း ပိုလွယ်ကူလာပါလိမ့်မယ်။ ဒီလို ရှေးလူကြီးတွေရဲ့ လျှို့ဝှက်ချက်က ခေတ်တိုင်းမှာ အသုံးဝင်ပါတယ် 💪🌿။ စမ်းကြည့်ပါဦးနော်။ တစ်ခါတလေ ဆေးဝါးတွေ မသုံးဘဲနဲ့လည်း အများကြီး သက်သာစေနိုင်ပါတယ် 💚။ ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 #newfun
    Care
    1
    · 0 Comments ·0 Shares ·80 Views
  • * မေ့ဆေးလေးများ ပေးခဲ့ပါ *3⃣0⃣1⃣0⃣2⃣0⃣2⃣5⃣

    မင့်အနားမှာ ထာဝစဥ်
    နေချင်ပေမယ့် အလွှာခြား
    ဘဝသမားက ကိုယ်ရယ်ပါ.....
    မင့်မျက်နှာ ထာဝစဥ်
    မြင်ချင်ပေမယ့် ဟိုအဝေးက
    ခိုးငေးရ သူရယ်ပါ.....
    ရက်လနာရီ
    ရာသီရယ် ရွေ့ပြောင်း
    တစ်ဆောင်းသစ်တော့မှာ.....
    ချစ်မေတ္တာ အကြင်နာစကား
    ပြောကြားဖို့ ခွင့်မသာ
    တစ်နေ့ဝေးမှာ သိပါရဲ့
    မေ့ဆေးလေးများ ပေးခဲ့ပါ.....
    Shwe Sin Win Hlaing
    Crd
    * မေ့ဆေးလေးများ ပေးခဲ့ပါ *3⃣0⃣1⃣0⃣2⃣0⃣2⃣5⃣ 🌸🧚✨🌿🌺⭐🌼🌹☘️🍁❄🌷🌟🍀 မင့်အနားမှာ ထာဝစဥ် နေချင်ပေမယ့် အလွှာခြား ဘဝသမားက ကိုယ်ရယ်ပါ..... မင့်မျက်နှာ ထာဝစဥ် မြင်ချင်ပေမယ့် ဟိုအဝေးက ခိုးငေးရ သူရယ်ပါ..... ရက်လနာရီ ရာသီရယ် ရွေ့ပြောင်း တစ်ဆောင်းသစ်တော့မှာ..... ချစ်မေတ္တာ အကြင်နာစကား ပြောကြားဖို့ ခွင့်မသာ တစ်နေ့ဝေးမှာ သိပါရဲ့ မေ့ဆေးလေးများ ပေးခဲ့ပါ..... Shwe Sin Win Hlaing Crd
    Care
    1
    · 0 Comments ·0 Shares ·81 Views
  • ငါတို့ သူငယ်ချင်းတွေ ပြိုင်စရာ မလိုဘူး

    ငါတို့ ပြန်တွေ့ကြရင် . . . .

    နင်ဘာစီးပွားရေးလုပ်နေသလဲ အရင်မပြောပါနဲ့

    နင်ဘာရာထူးရှိသလဲ အရင်မပြောပါနဲ့

    နင်ဘယ်လောက်ချမ်းသာနေလဲ အရင်မပြောပါနဲ့

    နင်ဘာတွေပိုင်ဆိုင်နေလဲ အရင်မပြောပါနဲ့

    နင်ဘယ်အဆင့်အတန်းရောက်နေလဲ
    အရင်မပြောပါနဲ့

    ငါတို့ ပြန်တွေ့ရင် အရင်တုန်းကလို

    မကျေနပ်ချက်တွေ ရင်ဖွင့်ကြမယ်၊
    အတင်းတွေပြောကြမယ်၊
    လှဖို့ ဘာလုပ်မလဲ ဆွေးနွေးကြမယ်၊
    ခရီးထွက်ဖို့ စိတ်ကူးယဉ်ကြမယ်၊
    လမ်းဘေးက စျေးပေါတဲ့ဆိုင်မှာ အတူစားကြမယ်၊
    လက်တွေချိတ်ပြီး လမ်းလျှောက်ကြမယ်၊
    ရယ်စရာတွေပြောကြမယ်၊
    စိတ်လွတ်ကိုယ်လွတ် အော်ရယ်ကြမယ်၊

    ဘာမှထူးခြားတာတွေမရှိပါဘူး
    အရင်တုန်းက ငါတို့ လုပ်နေကြပဲလေ

    ဒါပေမယ့် ငါတို့ အရင်ချိန်ပြန်ရောက်သလို ခံစားရပြီး အရင်က ခံစားချက်တွေအတိုင်းဘဲ ပေါ့ပါးပျော်ရွှင်ကြမှာလေ

    ဒီလိုမဟုတ်ဘဲ နင့်ပိုင်ဆိုင်မှုတွေပြဖို့အတွက်
    နင့်တန်ဖိုးတွေ တွက်ပြဖို့အတွက်
    နင့် အသိုင်းအဝိုင်းအကြောင်း ပြောပြဖို့အတွက်ဆိုရင်တော့ ငါ့ကိုတွေ့လည်း မခေါ်ပါနဲ့ဟာ . . . . .

    ငါတို့ဆိုတာ ယှဉ်ပြိုင်စရာ မလိုသလို
    ကြွားစရာလည်း လိုမှမလိုတာလေ . . . . . နော်
    ငါတို့ သူငယ်ချင်းတွေ ပြိုင်စရာ မလိုဘူး ငါတို့ ပြန်တွေ့ကြရင် . . . . နင်ဘာစီးပွားရေးလုပ်နေသလဲ အရင်မပြောပါနဲ့ 🤫 နင်ဘာရာထူးရှိသလဲ အရင်မပြောပါနဲ့🤫 နင်ဘယ်လောက်ချမ်းသာနေလဲ အရင်မပြောပါနဲ့🤫 နင်ဘာတွေပိုင်ဆိုင်နေလဲ အရင်မပြောပါနဲ့🤫 နင်ဘယ်အဆင့်အတန်းရောက်နေလဲ အရင်မပြောပါနဲ့ 🤫 ငါတို့ ပြန်တွေ့ရင် အရင်တုန်းကလို မကျေနပ်ချက်တွေ ရင်ဖွင့်ကြမယ်၊😩 အတင်းတွေပြောကြမယ်၊😳 လှဖို့ ဘာလုပ်မလဲ ဆွေးနွေးကြမယ်၊🤓 ခရီးထွက်ဖို့ စိတ်ကူးယဉ်ကြမယ်၊ 😌 လမ်းဘေးက စျေးပေါတဲ့ဆိုင်မှာ အတူစားကြမယ်၊🤤 လက်တွေချိတ်ပြီး လမ်းလျှောက်ကြမယ်၊ 👭 ရယ်စရာတွေပြောကြမယ်၊ 👌 စိတ်လွတ်ကိုယ်လွတ် အော်ရယ်ကြမယ်၊😀 ဘာမှထူးခြားတာတွေမရှိပါဘူး အရင်တုန်းက ငါတို့ လုပ်နေကြပဲလေ ဒါပေမယ့် ငါတို့ အရင်ချိန်ပြန်ရောက်သလို ခံစားရပြီး အရင်က ခံစားချက်တွေအတိုင်းဘဲ ပေါ့ပါးပျော်ရွှင်ကြမှာလေ ဒီလိုမဟုတ်ဘဲ နင့်ပိုင်ဆိုင်မှုတွေပြဖို့အတွက် နင့်တန်ဖိုးတွေ တွက်ပြဖို့အတွက် နင့် အသိုင်းအဝိုင်းအကြောင်း ပြောပြဖို့အတွက်ဆိုရင်တော့ ငါ့ကိုတွေ့လည်း မခေါ်ပါနဲ့ဟာ . . . . . ငါတို့ဆိုတာ ယှဉ်ပြိုင်စရာ မလိုသလို ကြွားစရာလည်း လိုမှမလိုတာလေ . . . . . နော်
    Care
    1
    · 0 Comments ·0 Shares ·78 Views
  • နှ”လုံးကျန်းမာရေးအတွက်သလဲသီးဖျော်ရည်၏ အံ့ဖွယ်အကျိုးကျေးဇူးများ
    .......................................................

    သလဲသီး(pomegranate) ဖျော်ရည်သည် လန်းဆန်းစေရုံသာမက နှလုံးကျန်းမာရေးအတွက် သဘာဝ စွမ်းအားတစ်ခုဖြစ်သည်။

    လေ့လာမှုအသစ်တစ်ခုအရ တစ်နေ့လျှင် တစ်ခွက် သောက်သုံးခြင်းသည် သွေးလွှတ်ကြောပိတ်ဆို့မှုများကို ၃၀% အထိ လျှော့ချပေးနိုင်ပြီး သင့်နှလုံးသွေးကြောစနစ်ကို ပြင်းထန်သောအန္တရာယ်များမှ ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

    သလဲသီး(pomegranate) ထဲမှာ ပါဝင်တဲ့ Antioxidants တွေဟာ free radicals တွေကို တိုက်ဖျက်ပေးပြီး အောက်ဆီဒေးရှင်းဖိစီးမှုကို လျှော့ချကာ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးတာကြောင့် သွေးလွှတ်ကြောထဲမှာ ချေး (plaque) များ စုပုံလာခြင်းကို လျော့နဲ စေပါတယ်။

    ဒါ့အပြင် သလဲသီး(pomegranate)ဖျော်ရည်ဟာ LDL (မကောင်းတဲ့ ကိုလက်စထရော) ကို လျှော့ချပေးပြီး HDL (ကောင်းတဲ့ ကိုလက်စထရော) ကို မြှင့်တင်ပေးကာ ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။

    ၎င်းသည် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပြီး ကျန်းမာသော သွေးပေါင်ချိန်ကို ထောက်ပံ့ပေးကာ သင့်နှလုံးကို အားကောင်းသော ကာကွယ်မှုများ ပေးစွမ်းနိုင်ပါတယ်

    နေ့စဉ် ရိုးရိုးဖန်ခွက်တစ်ခွက်စာ သောက်သုံးခြင်းသည် ရေရှည်နှလုံးကျန်းမာရေးကို သဘာဝအတိုင်း ထောက်ပံ့ပေးရန်အလွယ်ကူဆုံးနည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

    #ကျန်းမာရေးဗဟုသုတရကြပါစေ
    #Creditပေးပါတယ်
    ✅နှ”လုံးကျန်းမာရေးအတွက်သလဲသီးဖျော်ရည်၏ အံ့ဖွယ်အကျိုးကျေးဇူးများ ....................................................... ✅သလဲသီး(pomegranate) ဖျော်ရည်သည် လန်းဆန်းစေရုံသာမက နှလုံးကျန်းမာရေးအတွက် သဘာဝ စွမ်းအားတစ်ခုဖြစ်သည်။ ✅လေ့လာမှုအသစ်တစ်ခုအရ တစ်နေ့လျှင် တစ်ခွက် သောက်သုံးခြင်းသည် သွေးလွှတ်ကြောပိတ်ဆို့မှုများကို ၃၀% အထိ လျှော့ချပေးနိုင်ပြီး သင့်နှလုံးသွေးကြောစနစ်ကို ပြင်းထန်သောအန္တရာယ်များမှ ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။ ✅သလဲသီး(pomegranate) ထဲမှာ ပါဝင်တဲ့ Antioxidants တွေဟာ free radicals တွေကို တိုက်ဖျက်ပေးပြီး အောက်ဆီဒေးရှင်းဖိစီးမှုကို လျှော့ချကာ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးတာကြောင့် သွေးလွှတ်ကြောထဲမှာ ချေး (plaque) များ စုပုံလာခြင်းကို လျော့နဲ စေပါတယ်။ ✅ဒါ့အပြင် သလဲသီး(pomegranate)ဖျော်ရည်ဟာ LDL (မကောင်းတဲ့ ကိုလက်စထရော) ကို လျှော့ချပေးပြီး HDL (ကောင်းတဲ့ ကိုလက်စထရော) ကို မြှင့်တင်ပေးကာ ကိုလက်စထရောကို ထိန်းညှိပေးပါတယ်။ ✅၎င်းသည် ရောင်ရမ်းမှုကိုလည်း လျှော့ချပေးပြီး ကျန်းမာသော သွေးပေါင်ချိန်ကို ထောက်ပံ့ပေးကာ သင့်နှလုံးကို အားကောင်းသော ကာကွယ်မှုများ ပေးစွမ်းနိုင်ပါတယ် ✅နေ့စဉ် ရိုးရိုးဖန်ခွက်တစ်ခွက်စာ သောက်သုံးခြင်းသည် ရေရှည်နှလုံးကျန်းမာရေးကို သဘာဝအတိုင်း ထောက်ပံ့ပေးရန်အလွယ်ကူဆုံးနည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ #ကျန်းမာရေးဗဟုသုတရကြပါစေ #Creditပေးပါတယ်
    Love
    2
    · 0 Comments ·0 Shares ·172 Views
  • အသ”က်ကြီးလာလို လေဖြတ်မှကြောက်တယ်ဆို

    (၁) ကြင်သွန်ဖြူ တစ်နေ့ ၃ လုံးစားပေး
    ကျမ တို့ မြန်မာပြည်မှာဆို တစ်လုံးဥ ခေါ်လား
    ဒီကြက်သွန်က သိပ်ဆေးဖက်ဝင်တာ
    (လိပ်ခေါင်းရောဂါရှိနေတဲ့ လူ
    မစားသင့်ဘူး)

    (၂) နနွင်း(စစ်စစ်ဖြစ်ဖို့လိုအပ်တယ်)
    ဟင်းချက်တဲ့ အချိန် တစ်နေ့ တစ်ဇွန်း (သေး)
    ထည့်ချက်

    ဒါတွေ့က ပိတ်ဆံကုန်ကျသက်သာပြီ
    လေဖြတ် နိုင်တဲ့ အခြေအနေ ၅၀% ကာကွယ်ထားတယ်

    (၃) ငါးကြီးဆီ တစ်နေ့တစ်လုံး စားပေး

    သင့်အတွက် လေဖြတ်နိုင်တဲ့ အခြေအနေ
    ကာကွယ်ထားနိုင်တယ်

    ဒေါက်တာကေခိုင်
    #creditပေးပါတယ်ရှင့်
    #ကျန်းမာရေးဗဟုသုတရကြပါစေ
    ✅အသ”က်ကြီးလာလို လေဖြတ်မှကြောက်တယ်ဆို (၁) ကြင်သွန်ဖြူ တစ်နေ့ ၃ လုံးစားပေး ကျမ တို့ မြန်မာပြည်မှာဆို တစ်လုံးဥ ခေါ်လား ဒီကြက်သွန်က သိပ်ဆေးဖက်ဝင်တာ (လိပ်ခေါင်းရောဂါရှိနေတဲ့ လူ မစားသင့်ဘူး) (၂) နနွင်း(စစ်စစ်ဖြစ်ဖို့လိုအပ်တယ်) ဟင်းချက်တဲ့ အချိန် တစ်နေ့ တစ်ဇွန်း (သေး) ထည့်ချက် ဒါတွေ့က ပိတ်ဆံကုန်ကျသက်သာပြီ လေဖြတ် နိုင်တဲ့ အခြေအနေ ၅၀% ကာကွယ်ထားတယ် (၃) ငါးကြီးဆီ တစ်နေ့တစ်လုံး စားပေး ✅သင့်အတွက် လေဖြတ်နိုင်တဲ့ အခြေအနေ ကာကွယ်ထားနိုင်တယ် ဒေါက်တာကေခိုင် #creditပေးပါတယ်ရှင့် #ကျန်းမာရေးဗဟုသုတရကြပါစေ
    Love
    2
    · 0 Comments ·0 Shares ·163 Views
  • #အိမ်မှာရှိတဲ့ဩဇာရွက်က

    ရောဂါအတွက်
    ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်...

    မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်...

    ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်...
    အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။

    အေးကွ ...
    ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့...
    ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့..
    စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ...
    ခေတ်ကလည်း မတူဘူးမို့လား..?
    ဒို့ခေတ် ဒို့အခါတုန်းက
    ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်...
    သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို...
    တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း
    မလွယ်ကူဘူးလေ...

    ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ
    ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က
    ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ...
    ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ...

    ခု ငါ့တူကြီးပြောမှပဲ...
    အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....

    သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့...
    အတော်စွမ်းပါလား မောင်ရေ...

    အမှန်ပဲ ဖိုးလေးရေ...
    ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက
    သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။
    အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်..
    စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။
    (ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)

    အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့....
    ဩဇာပင်နဲ့ပတ်သက်ပြီး ...
    ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက်
    အသုံးပြုနိုင်ကြောင်း...

    အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား
    မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...

    ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ...
    ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...

    ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ...
    ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့
    ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း...
    ဖော်ပြထားတယ် ဖိုးလေးရေ...

    တယ်ဟုတ်ပါလား ကွ...
    ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က
    အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..

    မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ...
    တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်!

    ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့...
    ဩဇာသီး အခြောက်လာခူးတာဆိုတော့...
    မဟုတ်မှလွဲ ...
    ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး
    ဖိုးလေးက မေးလာတာကြောင့်...

    အမှန်ပဲပေါ့ဖိုးလေးရေ....
    မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ...
    ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက်
    မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့...
    ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ!


    ဟ...
    အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး
    ဖိုးလေးက မေးပြန်တာကြောင့်...
    အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ...
    အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ...
    ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!

    အလားလား တယ်စွမ်းပါလား ဟ...
    ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!

    #crd #ကျန်းမာရေးဗဟုသုတ
    #အိမ်မှာရှိတဲ့ဩဇာရွက်က ရောဂါအတွက် ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်... မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်... ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်... အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။ ✅✅ အေးကွ ... ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့... ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့.. စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ... ခေတ်ကလည်း မတူဘူးမို့လား..? ဒို့ခေတ် ဒို့အခါတုန်းက ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်... သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို... တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း မလွယ်ကူဘူးလေ...✅ ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ... ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ... ခု ငါ့တူကြီးပြောမှပဲ... အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....✅✅ သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့... အတော်စွမ်းပါလား မောင်ရေ...✅ အမှန်ပဲ ဖိုးလေးရေ... ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။ အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်.. စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။ (ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)✅✅ အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့.... ဩဇာပင်နဲ့ပတ်သက်ပြီး ... ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက် အသုံးပြုနိုင်ကြောင်း...✅ အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...✅✅ ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ... ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...✅✅ ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ... ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့ ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း... ဖော်ပြထားတယ် ဖိုးလေးရေ...✅✅ တယ်ဟုတ်ပါလား ကွ... ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..✅ မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ... တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်! ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့... ဩဇာသီး အခြောက်လာခူးတာဆိုတော့... မဟုတ်မှလွဲ ... ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး ဖိုးလေးက မေးလာတာကြောင့်...✅✅ အမှန်ပဲပေါ့ဖိုးလေးရေ.... မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ... ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက် မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့... ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ! ✅✅ ဟ... အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး ဖိုးလေးက မေးပြန်တာကြောင့်... အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ... အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ... ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!✅ အလားလား တယ်စွမ်းပါလား ဟ... ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!✅ #crd #ကျန်းမာရေးဗဟုသုတ
    Like
    Love
    2
    · 0 Comments ·0 Shares ·209 Views
  • ''သူကြီးသမီး လင်ရှာနည်း''

    တစ်ခါတုန်းကရွာတရွာမှာ
    သူကြီးတယောက်ရှိတယ်

    သူကြီးမှာ တစ်ဦးတည်းသော
    သမီးရှိတယ်ပေါ့ဗျာ

    သူကလည်း ရုပ်ဆိုးပေမယ့်
    လင်တော့လိုချင် ရှာတာပေါ့....

    တစ်နေ့တော့
    မရ ရတာကြံမယ်ဆိုပြီး
    အိမ်လာ စာရင်းငှားလုပ်‌ေနတဲ့
    ကောင်လေးရှေ့ ထမီရင်လျားနဲ့
    ဖြတ်လျှောက်ပြတယ်

    ဟိုစာရင်းငှားကလည်း
    စိတ်မဝင်စားတော့ မြတ်ပဲရိတ်နေတာပေ့ါ

    သူကြီးသမီးလည်း
    နောက်တမျိုးထပ်ကြံတယ်

    အိမ်ခန်းထဲကနေ
    ကြာသံလေးနဲ့

    "မောင်လေးရေ…
    မမအကြောတက်နေလို့
    ဇက်ကြောလေးလာဆွဲပေးပါ့လား.…
    နော်……နော် မောင်လေး"

    "ဟုတ်…အစ်မ
    ခဏနော်…လာပြီ"

    စာရင်းငှားလည်း
    နွားလှည်းကြီးနင်းမောင်းပြီး
    ရွာတောင်ပိုင်းက အနှိပ်သည်ကြီး
    ပြေးခေါ်ပေးတယ်

    ဒါနဲ့ပဲ
    သူကြီးသမီးလည်း ဂွမ်းရော

    နောက်တမျိုးကျ
    အဖေဖြစ်သူ သူကြီးကို
    ဂျင်းထည့်တယ်

    အဖေမရှိရင်
    သူကြီးလုပ်မယ့်သမက်ရှိအောင်
    ကြင်ယာရွေးပွဲလုပ်ရအောင်ဆိုပြီးပြောတယ်

    သူကြီးလည်း
    သမီးအကြောင်းသိတော့
    ရွာထဲလူတွေလာရောက်ပြိုင်ဖို့အကြောင်း
    ကြေငြာလိုက်တယ်ပေါ့ဗျာ

    ပထမနေ့ .....
    လာပြိုင်တဲ့သူက၃ယောက်

    ဒါတောင်
    မိဘတွေကြောက်လို့
    လာပြိုင်ကြတာတဲ့

    သူကြီးလည်း
    ပထမတယောက်ကို စမေးတယ်…

    "နည်းနည်းတော့ခက်မယ်ကွ
    သေချာစဉ်းစားဖြေ တစ်နဲ့တစ်ပေါင်း
    ဘယ်လောက်ရလဲ"

    "လေးသိန်းသုံးသောင်း
    ငါးထောင်ကိုးရာခြောက်ပါ သူကြီး"

    "ဟင်…မင်းသွားတော့
    ကျန်တဲ့သူထပ်မေးမယ်

    သေချာလေးစဉ်းစားဖြေပါ

    တို့ရွာက ဘုန်းကြီးကျောင်းမှာ ဘာတွေရှိလဲ"

    "မယ်သီလရှင်တွေရှိပါတယ်…သူကြီး"

    "ငင့်…
    နောက်တယောက်ကွာ

    နေ့မှာ နေကအလင်းပေးတယ်
    ညကျ ဘာကအလင်းပေးလဲ"

    "ဖယောင်းတိုင်ပါ…သူကြီး"

    "မဟုတ်သေးဘူးလေကွာ…
    သူကဝိုင်းဝိုင်းကြီး"

    "ဆီမီးခွက်ပါ…သူကြီး"

    "ငင့်………"

    သူကြီးလည်း
    လူနည်းလို့ မဖြေနိူင်ကြတာထင်ပြီး
    မလာမနေရ ကြေငြာပြီးထပ်ကြင်ရာရွေးပြန်တယ်

    "မေးပြီကွ……
    ဝုတ် ဝုတ်လို့ ဟောင်တဲ့
    အကောင်ကဘာလဲ"

    "ကြောင်ပါ…သူကြီး"

    "ဟာ…
    အဲကြောင်နဲ့မတည့်တဲ့
    အကောင်လေကွ"

    "ကျား…ကျားပါ…သူကြီး"

    "မင်းပြန်တော့…
    နောက်တယောက်လာ ဖြေ

    ရေထဲနေတဲ့
    အကောင်တကောင်ပြောပြ"

    "ဇီးကွက်ပါ…သူကြီး"

    တယောက်ပြီးတယောက်သာဖြေပြီးတယ်
    တယောက်မှမှန်အောင်မဖြေကြဘူးလေ

    သူကြီးသမီးကိုမလိုချင်ကြလို့

    ဒါပေမယ့်…
    သူကြီးသမီးလည်း
    သူကိုယ်တိုင် ဝင်မေးချင်တာနဲ့

    "အဖေရယ်…
    အဖေကခက်တာတွေမေးတာကိုး
    သမီး မေးကြည့်ပါအုံးမယ်"

    "အေး…
    မေးချင်လည်းမေးတော့ကွာ"

    သူကြီးသမီးလည်း
    ဟင်းချက်ရင်းထလာတာဆိုတော့
    လက်ထဲမှာ ယောင်းမကြီးကိုင်လာတယ်။

    တစ်ခါတည်းမေးလည်းမေး မေးပြီးတာနဲ့
    ဖြေတဲ့သူခေါင်းကို ယောင်းမနဲ့ခေါက်ချလိုက်တယ်…

    "ကျီးကန်းကြီးက…
    ဘယ်လိုအော်"

    " ဒေါင် "

    "အား.………"

    "ဟေး…
    ဒီမှာတွေ့ပြီ
    အဖေလိုချင်တဲ့အဖေ့သမက်"

    အမယ်.....
    မသိရင် သူကပဲ လင်မလိုချင်သလိုနဲ့.......

    အခေါက်ခံရတဲ့သူလည်း
    နာလို့ယောင်အော်မိတာနဲ့
    သူကြီးသမီးနဲ့ညားသွားရလေရဲ့



    #credit
    ''သူကြီးသမီး လင်ရှာနည်း'' တစ်ခါတုန်းကရွာတရွာမှာ သူကြီးတယောက်ရှိတယ် သူကြီးမှာ တစ်ဦးတည်းသော သမီးရှိတယ်ပေါ့ဗျာ သူကလည်း ရုပ်ဆိုးပေမယ့် လင်တော့လိုချင် ရှာတာပေါ့.... တစ်နေ့တော့ မရ ရတာကြံမယ်ဆိုပြီး အိမ်လာ စာရင်းငှားလုပ်‌ေနတဲ့ ကောင်လေးရှေ့ ထမီရင်လျားနဲ့ ဖြတ်လျှောက်ပြတယ် ဟိုစာရင်းငှားကလည်း စိတ်မဝင်စားတော့ မြတ်ပဲရိတ်နေတာပေ့ါ သူကြီးသမီးလည်း နောက်တမျိုးထပ်ကြံတယ် အိမ်ခန်းထဲကနေ ကြာသံလေးနဲ့ "မောင်လေးရေ… မမအကြောတက်နေလို့ ဇက်ကြောလေးလာဆွဲပေးပါ့လား.… နော်……နော် မောင်လေး" "ဟုတ်…အစ်မ ခဏနော်…လာပြီ" စာရင်းငှားလည်း နွားလှည်းကြီးနင်းမောင်းပြီး ရွာတောင်ပိုင်းက အနှိပ်သည်ကြီး ပြေးခေါ်ပေးတယ် ဒါနဲ့ပဲ သူကြီးသမီးလည်း ဂွမ်းရော နောက်တမျိုးကျ အဖေဖြစ်သူ သူကြီးကို ဂျင်းထည့်တယ် အဖေမရှိရင် သူကြီးလုပ်မယ့်သမက်ရှိအောင် ကြင်ယာရွေးပွဲလုပ်ရအောင်ဆိုပြီးပြောတယ် သူကြီးလည်း သမီးအကြောင်းသိတော့ ရွာထဲလူတွေလာရောက်ပြိုင်ဖို့အကြောင်း ကြေငြာလိုက်တယ်ပေါ့ဗျာ ပထမနေ့ ..... လာပြိုင်တဲ့သူက၃ယောက် ဒါတောင် မိဘတွေကြောက်လို့ လာပြိုင်ကြတာတဲ့ သူကြီးလည်း ပထမတယောက်ကို စမေးတယ်… "နည်းနည်းတော့ခက်မယ်ကွ သေချာစဉ်းစားဖြေ တစ်နဲ့တစ်ပေါင်း ဘယ်လောက်ရလဲ" "လေးသိန်းသုံးသောင်း ငါးထောင်ကိုးရာခြောက်ပါ သူကြီး" "ဟင်…မင်းသွားတော့ ကျန်တဲ့သူထပ်မေးမယ် သေချာလေးစဉ်းစားဖြေပါ တို့ရွာက ဘုန်းကြီးကျောင်းမှာ ဘာတွေရှိလဲ" "မယ်သီလရှင်တွေရှိပါတယ်…သူကြီး" "ငင့်… နောက်တယောက်ကွာ နေ့မှာ နေကအလင်းပေးတယ် ညကျ ဘာကအလင်းပေးလဲ" "ဖယောင်းတိုင်ပါ…သူကြီး" "မဟုတ်သေးဘူးလေကွာ… သူကဝိုင်းဝိုင်းကြီး" "ဆီမီးခွက်ပါ…သူကြီး" "ငင့်………" သူကြီးလည်း လူနည်းလို့ မဖြေနိူင်ကြတာထင်ပြီး မလာမနေရ ကြေငြာပြီးထပ်ကြင်ရာရွေးပြန်တယ် "မေးပြီကွ…… ဝုတ် ဝုတ်လို့ ဟောင်တဲ့ အကောင်ကဘာလဲ" "ကြောင်ပါ…သူကြီး" "ဟာ… အဲကြောင်နဲ့မတည့်တဲ့ အကောင်လေကွ" "ကျား…ကျားပါ…သူကြီး" "မင်းပြန်တော့… နောက်တယောက်လာ ဖြေ ရေထဲနေတဲ့ အကောင်တကောင်ပြောပြ" "ဇီးကွက်ပါ…သူကြီး" တယောက်ပြီးတယောက်သာဖြေပြီးတယ် တယောက်မှမှန်အောင်မဖြေကြဘူးလေ သူကြီးသမီးကိုမလိုချင်ကြလို့ ဒါပေမယ့်… သူကြီးသမီးလည်း သူကိုယ်တိုင် ဝင်မေးချင်တာနဲ့ "အဖေရယ်… အဖေကခက်တာတွေမေးတာကိုး သမီး မေးကြည့်ပါအုံးမယ်" "အေး… မေးချင်လည်းမေးတော့ကွာ" သူကြီးသမီးလည်း ဟင်းချက်ရင်းထလာတာဆိုတော့ လက်ထဲမှာ ယောင်းမကြီးကိုင်လာတယ်။ တစ်ခါတည်းမေးလည်းမေး မေးပြီးတာနဲ့ ဖြေတဲ့သူခေါင်းကို ယောင်းမနဲ့ခေါက်ချလိုက်တယ်… "ကျီးကန်းကြီးက… ဘယ်လိုအော်" " ဒေါင် " "အား.………" "ဟေး… ဒီမှာတွေ့ပြီ အဖေလိုချင်တဲ့အဖေ့သမက်" အမယ်..... မသိရင် သူကပဲ လင်မလိုချင်သလိုနဲ့....... အခေါက်ခံရတဲ့သူလည်း နာလို့ယောင်အော်မိတာနဲ့ သူကြီးသမီးနဲ့ညားသွားရလေရဲ့ 😃😄 #credit
    Love
    1
    · 0 Comments ·0 Shares ·182 Views
More Results