• ဒဏ်ရာအဟောင်းကို
    ဒီနေ့ ...
    မျက်ရည်တွေနဲ့ ၀ယ်မိပြန်ပြီ ။

    မင်းမသိတဲ့ အကောင့်လေးနဲ့
    မင်း ရှိရာအရပ်ကို
    ပြန်လှမ်းငေးမိတော့ ...

    ကိုယ်သဘောကျတဲ့
    ဆံပင်ရှည်ရှည်လေးတွေ မရှိတော့တာကို
    သိရတယ် ..

    ပြုံးနေတဲ့ နှုတ်ခမ်းလေးကို
    ပြန်မြင်ရတော့
    မင်းရီသံလေး ပြန်ကြားယောင်မိတယ် ..

    စကားတွေ သွားပြောချင်စိတ်ကို
    ထိန်းနိုင်ခဲ့ပေမယ့်
    သတိရစိတ်နဲ့ မျက်ရည်တွေကိုတော့
    ကိုယ် မနိုင်ခဲ့ဘူး ... အချစ်

    ခရီးအဝေးကြီးကို လျှောက်နေပြီး
    အိပ်မက်အသစ်တွေ မက်နေတာကို
    တွေ့ရတော့ ...

    အိပ်မက်အဟောင်းတွေနဲ့
    ချန်ခဲ့ဖူးတဲ့ နေရာ လေးမှာပဲ
    ရပ်နေမိတဲ့ ကိုယ်က
    ပျော်ရပါတယ် ...

    မင်းကို မေ့ဖို့ ကြိုးစားရင်း
    ပြန်သတိရမိတဲ့
    ရက်လေးတစ်ရက်ဖြစ်သလို

    မင်းနဲ့ ဝေးအောင်နေဖို့ကြိုးစားရင်း
    မင်းကို ပြန်ငေးမိတဲ့
    နေ့လေးတစ်နေ့ပါပဲ ...

    ဒဏ်ရာအဟောင်းတွေကို
    မျက်ရည်နဲ့ ပြန်၀ယ်နေမိပြန်ပြီ ထင်ပါတယ် ။

    #ကျေးကို
    ဒဏ်ရာအဟောင်းကို ဒီနေ့ ... မျက်ရည်တွေနဲ့ ၀ယ်မိပြန်ပြီ ။ မင်းမသိတဲ့ အကောင့်လေးနဲ့ မင်း ရှိရာအရပ်ကို ပြန်လှမ်းငေးမိတော့ ... ကိုယ်သဘောကျတဲ့ ဆံပင်ရှည်ရှည်လေးတွေ မရှိတော့တာကို သိရတယ် .. ပြုံးနေတဲ့ နှုတ်ခမ်းလေးကို ပြန်မြင်ရတော့ မင်းရီသံလေး ပြန်ကြားယောင်မိတယ် .. စကားတွေ သွားပြောချင်စိတ်ကို ထိန်းနိုင်ခဲ့ပေမယ့် သတိရစိတ်နဲ့ မျက်ရည်တွေကိုတော့ ကိုယ် မနိုင်ခဲ့ဘူး ... အချစ် ခရီးအဝေးကြီးကို လျှောက်နေပြီး အိပ်မက်အသစ်တွေ မက်နေတာကို တွေ့ရတော့ ... အိပ်မက်အဟောင်းတွေနဲ့ ချန်ခဲ့ဖူးတဲ့ နေရာ လေးမှာပဲ ရပ်နေမိတဲ့ ကိုယ်က ပျော်ရပါတယ် ... မင်းကို မေ့ဖို့ ကြိုးစားရင်း ပြန်သတိရမိတဲ့ ရက်လေးတစ်ရက်ဖြစ်သလို မင်းနဲ့ ဝေးအောင်နေဖို့ကြိုးစားရင်း မင်းကို ပြန်ငေးမိတဲ့ နေ့လေးတစ်နေ့ပါပဲ ... ဒဏ်ရာအဟောင်းတွေကို မျက်ရည်နဲ့ ပြန်၀ယ်နေမိပြန်ပြီ ထင်ပါတယ် ။ #ကျေးကို
    Care
    1
    · 0 Comments ·0 Shares ·29 Views
  • ခရမ်းသီးပင် စိုက်ပျိုးရာတွင် အပွင့်ကြွေခြင်း၊ အသီးပွင့်မခိုင်ဘဲ ကြွေကျခြင်း ပြဿနာများ ကြုံရပါက အပင်ကို သန်မာစေပြီး အသီးများများ သီးလာစေမည့် ရိုးရာနည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။
    လိုအပ်သော ပစ္စည်းများ (မီးဖိုချောင်သုံးပစ္စည်းများ)
    • ကြက်ဥ အစိမ်း - ၁ လုံး
    • နို့သန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
    • ငါးပိရည် - ၂၅၀ မီလီလီတာ
    • ရေသန့်
    ပြုလုပ်နည်း အဆင့်ဆင့်
    1. ကြက်ဥပြင်ဆင်ခြင်း: ပန်းကန်လုံးထဲတွင် ကြက်ဥကို ခေါက်ထည့်ပြီး ကြက်ဥအခွံများကို ညက်အောင် ချေမွှား၍ ရောထည့်ပါ။
    2. နို့ထည့်ခြင်း: နို့သန့်ကို ထည့်ပြီး သမအောင် မွှေပါ။
    3. ငါးပိရည် ထည့်ခြင်း: ငါးပိရည်ကို ထည့်ပြီး ပါဝင်ပစ္စည်းအားလုံး နှံ့စပ်အောင် ရောမွှေပါ။
    4. ရေရောခြင်း: ရေသန့် ၅ လီတာခန့် ထပ်ထည့်ပြီး ထပ်မံမွှေပါ။
    5. အသုံးပြုပုံ: ဤအရောအနှောကို ပန်းမပွင့်မီ အချိန် တွင် ခရမ်းချဉ်ပင်၏ ပင်ခြေရင်းသို့ လောင်းပေးပါ။
    6. ရေလိုက်လောင်းခြင်း: ထို့နောက် ရေကို ရွှဲရွှဲစိုအောင် ထပ်မံ လောင်းပေးပါ။
    အပိုဆောင်း အကြံပြုချက်များ
    • အာဟာရဓါတ်: ဤဖျော်ရည်တွင် ကြက်ဥအခွံမှရသော ကယ်လ်စီယမ်နှင့် နို့မှရသော အာဟာရဓါတ်များ ပါဝင်ခြင်းကြောင့် အပင်ကို သန်မာစေပြီး အသီးကိုင်းများကို ခိုင်ခံ့စေသည်။
    • မြေဆီလွှာ: ငါးပိရည်သည် မြေဆီလွှာကို ပွစေပြီး အပင်အတွက် ကောင်းမွန်သော အဏုဇီဝပိုးမွှားများ ဖွံ့ဖြိုးတိုးတက်စေသည်။
    • တခြားအပင်များ: ဤနည်းလမ်းကို ခရမ်းပင်အပြင် ငရုတ်၊ သရက်၊ မာလကာ၊ သံပရာ စသော အခြား ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပင်များတွင်လည်း အသုံးပြုနိုင်သည်။
    ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ရာတွင် အပွင့်များ ပိုမိုခိုင်မာလာပြီး အသီးများလည်း မရင့်မီ ကြွေကျခြင်း မရှိတော့ကြောင်း တွေ့ရပါသည်။ မီးဖိုချောင်သုံးပစ္စည်းများဖြင့် ကုန်ကျစရိတ်သက်သာသော နည်းလမ်းဖြစ်၍ စမ်းကြည့်သင့်ပါသည်။
    #forevermmmedia #စိုက်ပျိုးရေး #ခရမ်းပင် #အိမ်တွင်းဥယျာဉ် #သဘာဝမြေသြဇာ
    ခရမ်းသီးပင် စိုက်ပျိုးရာတွင် အပွင့်ကြွေခြင်း၊ အသီးပွင့်မခိုင်ဘဲ ကြွေကျခြင်း ပြဿနာများ ကြုံရပါက အပင်ကို သန်မာစေပြီး အသီးများများ သီးလာစေမည့် ရိုးရာနည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ 🥚 လိုအပ်သော ပစ္စည်းများ (မီးဖိုချောင်သုံးပစ္စည်းများ) • ကြက်ဥ အစိမ်း - ၁ လုံး • နို့သန့် - စားပွဲတင်ဇွန်း ၂ ဇွန်း • ငါးပိရည် - ၂၅၀ မီလီလီတာ • ရေသန့် 🪴 ပြုလုပ်နည်း အဆင့်ဆင့် 1. ကြက်ဥပြင်ဆင်ခြင်း: ပန်းကန်လုံးထဲတွင် ကြက်ဥကို ခေါက်ထည့်ပြီး ကြက်ဥအခွံများကို ညက်အောင် ချေမွှား၍ ရောထည့်ပါ။ 2. နို့ထည့်ခြင်း: နို့သန့်ကို ထည့်ပြီး သမအောင် မွှေပါ။ 3. ငါးပိရည် ထည့်ခြင်း: ငါးပိရည်ကို ထည့်ပြီး ပါဝင်ပစ္စည်းအားလုံး နှံ့စပ်အောင် ရောမွှေပါ။ 4. ရေရောခြင်း: ရေသန့် ၅ လီတာခန့် ထပ်ထည့်ပြီး ထပ်မံမွှေပါ။ 5. အသုံးပြုပုံ: ဤအရောအနှောကို ပန်းမပွင့်မီ အချိန် တွင် ခရမ်းချဉ်ပင်၏ ပင်ခြေရင်းသို့ လောင်းပေးပါ။ 🌸 6. ရေလိုက်လောင်းခြင်း: ထို့နောက် ရေကို ရွှဲရွှဲစိုအောင် ထပ်မံ လောင်းပေးပါ။ 💡 အပိုဆောင်း အကြံပြုချက်များ • အာဟာရဓါတ်: ဤဖျော်ရည်တွင် ကြက်ဥအခွံမှရသော ကယ်လ်စီယမ်နှင့် နို့မှရသော အာဟာရဓါတ်များ ပါဝင်ခြင်းကြောင့် အပင်ကို သန်မာစေပြီး အသီးကိုင်းများကို ခိုင်ခံ့စေသည်။ 🌱 • မြေဆီလွှာ: ငါးပိရည်သည် မြေဆီလွှာကို ပွစေပြီး အပင်အတွက် ကောင်းမွန်သော အဏုဇီဝပိုးမွှားများ ဖွံ့ဖြိုးတိုးတက်စေသည်။ • တခြားအပင်များ: ဤနည်းလမ်းကို ခရမ်းပင်အပြင် ငရုတ်၊ သရက်၊ မာလကာ၊ သံပရာ စသော အခြား ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပင်များတွင်လည်း အသုံးပြုနိုင်သည်။ 🍋 ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ရာတွင် အပွင့်များ ပိုမိုခိုင်မာလာပြီး အသီးများလည်း မရင့်မီ ကြွေကျခြင်း မရှိတော့ကြောင်း တွေ့ရပါသည်။ မီးဖိုချောင်သုံးပစ္စည်းများဖြင့် ကုန်ကျစရိတ်သက်သာသော နည်းလမ်းဖြစ်၍ စမ်းကြည့်သင့်ပါသည်။ ✨ #forevermmmedia #စိုက်ပျိုးရေး #ခရမ်းပင် #အိမ်တွင်းဥယျာဉ် #သဘာဝမြေသြဇာ
    Like
    Care
    2
    · 0 Comments ·0 Shares ·47 Views
  • အေဘီသွေးပိုင်ရှင်လေးတွေဆိုတာ ... များသောအားဖြင့် အေးဆေးတည်ငြိမ်တယ် ။ ပြီးတော့ ... ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာမျိုးကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်တတ်ကြတယ် ။ စကားတွေ မလိုအပ်ပဲ အများတွေ မပြောတတ်ကြသလို အလိုက်သိတော့ သိပ်ပြီးတော့ ပြဿနာတွေ အများကြီး မရှိတတ်ဘူး ။ ဒါပေမယ့် ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ခေါင်းစားရတတ်တယ် ။

    မိဘတွေ အပေါ် ဆိုးတာမျိုးမရှိဘူး...အလိုက်သိတယ် ကွက်ကျော်မြင်တတ်တယ် ။ အချစ်ခံရတဲ့ လူတန်းစားထဲမှာ မပါပေမယ့် အပြစ်တင်မခံရတဲ့ လူစားမျိုးပေါ့ ။ စကားလုံးတွေကို စဥ်းစားချင့်ချိန်ပြီး ပြောတတ်သလို ကိုယ့်ဖက်သူ့ဖက် နှစ်ဖက်မျှကြည့်တတ်တဲ့ မျက်လုံးတစ်စုံရှိတတ်ကြတယ် ။ သူတို့ရဲ့ အားသာချက်က လူတစ်ယောက်ကို ကြည့်လိုက်ရင် သူက ဘယ်လိုဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်တတ်ကြတာပါပဲ ။ အကဲခတ်နိုင်စွမ်းရှိတယ် မေးခွန်းတွေ အများကြီး မေးဖို့မလိုပဲ သိတတ်နိုင်စွမ်းရှိတယ် ။

    သူ့ပုံစံက ဘယ်လိုမျိုးလဲလို့မေးရင် တစ်ထစ်ချကြီး သတ်သတ်မှတ်မှတ် ပြောပြလို့မရဘူး ။ သူက ပုတ်သင်ညိုလေးတစ်ကောင်လိုပဲ ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်စွမ်းရှိတယ် ။ သူဆိုးနေတာ ကောင်းနေတာတွေက တစ်ခါတစ်လေ မဖြစ်မနေမို့ဆိုတဲ့ အရာတွေကြောင့် ဖြစ်သွားတာတွေဟာ တကယ်ပဲ ရှိပါတယ် ။ များသောအားဖြင့် ပျော်နေတယ် မပျော်ဘူးဆိုတာကို စိတ်ထဲ သိပ်မထားတတ်သလို အဆင်ပြေတယ်ဆိုတဲ့စကားတစ်လုံးကို မကြာခဏ သုံးတတ်တဲ့ လူစားမျိုးပေါ့ ။

    အပေါင်းအသင်း သိပ်များများစားစားမရှိဘူး ။ လူတွေကို သိပ်ပြီး အယုံအကြည်မရှိတတ်ဘူး ။ တစ်ခုခုကို အမြဲတမ်း လျှို့၀ှက်ထားသလို type မျိုး ။ ဘယ်တော့မှ စကားအကုန် မပြောတတ်သလို သူ ဘာဖြစ်နေလဲ သူကိုယ်တိုင်ပြောမှ သိနိုင်မယ့် လူတစ်ယောက်ပေါ့ ။ ရှေးရိုးဆန်တတ်တယ် ... ဒါမှမဟုတ် ပုံမှန်အတိုင်း ဖြတ်သန်းနေရတာကို သဘောကျတတ်တယ် ။ အလုပ်တစ်ခုလုပ်ရင် စေ့စေ့စပ်စပ်လုပ်တတ်တယ် ။ စာအုပ်ကြီးအတိုင်းလိုပဲ ။

    အေဘီသွေးပိုင်ရှင်လေးတွေက ... ခံစားချက်တွေကို သိပ်ပြီး မဖော်ပြတတ်သလို သူဘာဖြစ်နေတယ် သိပ်ပြီးမပြောတတ်ကြဘူး ။ ဒီတော့ ဒေါသထွက်တယ်ဆိုပြီး မရှိသလောက်ကို ရှားတယ် ။ ဒါပေမယ့် သူ့အပေါ် သစ္စာတော့ မဖောက်နဲ့ပေါ့ ... သေသေချာချာမှတ်ထားပြီး အငြိုးတကြီးနဲ့ လက်စားချေတတ်တဲ့ လူတစ်ယောက်လေ ။ ဖြစ်နိုင်မယ်ဆိုရင် သူလိုက်လျောညီထွေ နေတတ်တာကို အ လိုက်တာဆိုပြီး မတွေးတာ ကောင်းတယ်။

    ပျော်ခြင်း ၀မ်းနည်းခြင်းတွေ မရှိတဲ့ စက်ရုပ်တစ်ရုပ်လို ရှင်သန်တတ်ပေမယ့် တကယ်တမ်းကျတော့ ... သူကိုယ်တိုင်လည်း အများကြီး ခံစားတတ်ရုံပါပဲ ။ မဖော်ပြတတ်ရုံပါ ။

    #ကျေးကို
    အေဘီသွေးပိုင်ရှင်လေးတွေဆိုတာ ... များသောအားဖြင့် အေးဆေးတည်ငြိမ်တယ် ။ ပြီးတော့ ... ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာမျိုးကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်တတ်ကြတယ် ။ စကားတွေ မလိုအပ်ပဲ အများတွေ မပြောတတ်ကြသလို အလိုက်သိတော့ သိပ်ပြီးတော့ ပြဿနာတွေ အများကြီး မရှိတတ်ဘူး ။ ဒါပေမယ့် ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ခေါင်းစားရတတ်တယ် ။ မိဘတွေ အပေါ် ဆိုးတာမျိုးမရှိဘူး...အလိုက်သိတယ် ကွက်ကျော်မြင်တတ်တယ် ။ အချစ်ခံရတဲ့ လူတန်းစားထဲမှာ မပါပေမယ့် အပြစ်တင်မခံရတဲ့ လူစားမျိုးပေါ့ ။ စကားလုံးတွေကို စဥ်းစားချင့်ချိန်ပြီး ပြောတတ်သလို ကိုယ့်ဖက်သူ့ဖက် နှစ်ဖက်မျှကြည့်တတ်တဲ့ မျက်လုံးတစ်စုံရှိတတ်ကြတယ် ။ သူတို့ရဲ့ အားသာချက်က လူတစ်ယောက်ကို ကြည့်လိုက်ရင် သူက ဘယ်လိုဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်တတ်ကြတာပါပဲ ။ အကဲခတ်နိုင်စွမ်းရှိတယ် မေးခွန်းတွေ အများကြီး မေးဖို့မလိုပဲ သိတတ်နိုင်စွမ်းရှိတယ် ။ သူ့ပုံစံက ဘယ်လိုမျိုးလဲလို့မေးရင် တစ်ထစ်ချကြီး သတ်သတ်မှတ်မှတ် ပြောပြလို့မရဘူး ။ သူက ပုတ်သင်ညိုလေးတစ်ကောင်လိုပဲ ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်စွမ်းရှိတယ် ။ သူဆိုးနေတာ ကောင်းနေတာတွေက တစ်ခါတစ်လေ မဖြစ်မနေမို့ဆိုတဲ့ အရာတွေကြောင့် ဖြစ်သွားတာတွေဟာ တကယ်ပဲ ရှိပါတယ် ။ များသောအားဖြင့် ပျော်နေတယ် မပျော်ဘူးဆိုတာကို စိတ်ထဲ သိပ်မထားတတ်သလို အဆင်ပြေတယ်ဆိုတဲ့စကားတစ်လုံးကို မကြာခဏ သုံးတတ်တဲ့ လူစားမျိုးပေါ့ ။ အပေါင်းအသင်း သိပ်များများစားစားမရှိဘူး ။ လူတွေကို သိပ်ပြီး အယုံအကြည်မရှိတတ်ဘူး ။ တစ်ခုခုကို အမြဲတမ်း လျှို့၀ှက်ထားသလို type မျိုး ။ ဘယ်တော့မှ စကားအကုန် မပြောတတ်သလို သူ ဘာဖြစ်နေလဲ သူကိုယ်တိုင်ပြောမှ သိနိုင်မယ့် လူတစ်ယောက်ပေါ့ ။ ရှေးရိုးဆန်တတ်တယ် ... ဒါမှမဟုတ် ပုံမှန်အတိုင်း ဖြတ်သန်းနေရတာကို သဘောကျတတ်တယ် ။ အလုပ်တစ်ခုလုပ်ရင် စေ့စေ့စပ်စပ်လုပ်တတ်တယ် ။ စာအုပ်ကြီးအတိုင်းလိုပဲ ။ အေဘီသွေးပိုင်ရှင်လေးတွေက ... ခံစားချက်တွေကို သိပ်ပြီး မဖော်ပြတတ်သလို သူဘာဖြစ်နေတယ် သိပ်ပြီးမပြောတတ်ကြဘူး ။ ဒီတော့ ဒေါသထွက်တယ်ဆိုပြီး မရှိသလောက်ကို ရှားတယ် ။ ဒါပေမယ့် သူ့အပေါ် သစ္စာတော့ မဖောက်နဲ့ပေါ့ ... သေသေချာချာမှတ်ထားပြီး အငြိုးတကြီးနဲ့ လက်စားချေတတ်တဲ့ လူတစ်ယောက်လေ ။ ဖြစ်နိုင်မယ်ဆိုရင် သူလိုက်လျောညီထွေ နေတတ်တာကို အ လိုက်တာဆိုပြီး မတွေးတာ ကောင်းတယ်။ ပျော်ခြင်း ၀မ်းနည်းခြင်းတွေ မရှိတဲ့ စက်ရုပ်တစ်ရုပ်လို ရှင်သန်တတ်ပေမယ့် တကယ်တမ်းကျတော့ ... သူကိုယ်တိုင်လည်း အများကြီး ခံစားတတ်ရုံပါပဲ ။ မဖော်ပြတတ်ရုံပါ ။ #ကျေးကို
    Like
    Care
    2
    · 0 Comments ·0 Shares ·41 Views
  • သူက အေသွေးပိုင်ရှင်လေးလေ ...

    စကားပြောရင် သိပ်ပြီးတော့ အားမနာတတ်ဘူး ဒါပေမယ့် ပြောခဲတယ် ။ စကားနည်းတာ မဟုတ်ဘူးနော် ကိုယ့်အပေါ် မကောင်းတာ လုပ်လာရင်တောင် တစ်ဖက်လူ ထိခိုက်နစ်နာသွားမှာစ်ိုးတဲ့ စိတ်နဲ့ တော်ရုံတန်ရုံ သိပ်မပြောတတ်ကြဘူး ။ ပြောပြီဟေ့ဆိုရင်လည်း အဲ့ဒီဆက်ဆံရေးက သေချာပေါက် အလဲအကွဲပါပဲ ဆက်ရန်မရှိတော့တာမျိုးလေ။

    အပေါင်းအသင်းမင်တတ်တယ် ... ကလေးဆန်တတ်တယ် ။ အလိုလိုက်ခံရတာ အချစ်ခံရတာကို သဘောကျတယ် ။ သူ့ကို ဦးစားပေးတဲ့ အရပ်မှာမှ ပျော်နေတတ်တဲ့ ကလေးဆိုးလေးပါပဲ ။ ကိုယ့်ထက် တခြားတစ်ယောက်ကို ဦးစားပေးနေရင် အူတိုတတ်တဲ့ လူစားမျိုးပေါ့ ။ သူ ငါ့ကို ဂရုမစိုက်တော့ဘူး ပြီးတော့ မချစ်တော့ဘူးဆိုတာမျိုးတွေထိပါ တွေးနေတတ်ကြတာ ။

    အဲ့ဒီ အေသွေးပိုင်ရှင်လေးကလေ ... နှလုံးသားမှ အခန်းတစ်ခု အပိုပါတယ်ထင်ပါတယ် ။ ဒဏ်ရာတွေကို သိမ်းထားဖို့ ပြီးတော့ ပြောစရာစကားတွေကို မြိုသိပ်ထားဖို့ နှလုံးသားမှာ အခန်းတစ်ခုအပိုပါတယ်ထင်ပါတယ် ။ သူ ဘာဖြစ်နေလဲ ဘာတွေးနေလဲ တော်ရုံတန်ရုံ မသိရတတ်သလို တစ်ခါတစ်လေ အဆင်ပြေပါတယ်ပြောပြီး မျက်ရည်တွေကျချင် ကျနေတတ်သလို တစ်ခါတစ်လေ ငိုနေရင်းက ထရီချင် ရီနေတတ်တာမျိုးပေါ့ ။ ဟန်ဆောင်တတ်တဲ့ လူတစ်ယောက်မဟုတ်ပေမယ့် ဘယ်ဒဏ်ရာကိုမဆို သူက သိမ်းထားတတ်တာ ။

    အားနည်းချက်လား ... ဒါမှမဟုတ် ပုံစံလားတော့ မပြောတတ်ဘူး ။ စိတ်ပါရင် ဘယ်အရာကိုမဆို ဖြစ်မြောက်အောင် လုပ်နိုင်သလောက် စိတ်များမ၀င်စားရင် ဘယ်အရာပဲဖြစ်ဖြစ် လှည့်မကြည့်တတ်ကြဘူး ။ သူတို့အတွေးဟာ သူတို့ရဲ့ ဘ၀ပဲ ။ ဒါဖြစ်ချင်တယ် ဒါဖြစ်ရမှ ဒါလိုချင်တယ် မရရအောင် ယူတတ်သလို မဖြစ်ဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ် ။ မဖြစ်နိုင်သေးဘူးဆိုရင်တောင်သေချာပေါက် သိမ်းထားတတ်ကြတယ် ။

    အဲ့ဒီ အေသွေးပိုင်ရှင်လေးကိုလေ ခန့်မှန်းလို့မရဘူး ပြီးတော့ ချုပ်ချယ်လို့မရဘူး ... ပြောပြပေးလို့ပဲရတယ် ။ ဒါမလုပ်နဲ့ဆိုရင် သူက ပိုပြီးလုပ်ချင်တာမျိုးပေါ့ ။ မသွားနဲ့ဆို ခိုးပြီးသွားတာမျိုး မစားနဲ့ဆို မသိအောင် စားပြီးသွားတာမျိုးလေ ။ စကားချိုချိုလေးတွေ သဘောကျတယ် ကောင်းကောင်းပြောရင် သေချာပေါက်နားလည်တယ် သူကိုယ်တိုင်က မလုပ်တော့ဘူးဆိုတာတော့ ယုံပါ ။

    ဒဏ်ရာတွေကို ဖုံးပြီး ပြုံးတတ်တာလေးက လွဲလို့ ... အဆင်ပြေတယ်ဆိုတဲ့စကားကို သုံးပြီး နှုတ်ဆိတ်နေတာကလွဲလို့... အဆင်ပြေအောင် တကယ်ပဲ နေတတ်ပါတယ် ။ သူကိုယ်တိုင် ဂရုမစိုက်တော့ရင်တောင် သူ့ဘေးနားက လူတိုင်းကို ဂရုစိုက်နေရင်း အချိန်တွေ ဖြုန်းနေလိမ့်မယ် ။ သူ့ကိုယ်သူအတွက် မတွေးရင်တောင် သူချစ်တဲ့ လူတိုင်းအတွက်တွေးပေးရင် အချိန်တွေ ကုန်နေလိမ့်မယ် ။ နောက်ဆုံး ... တကယ်ပဲ နာကျင်နေတဲ့အခါ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေနေလိမ့်မယ် ။

    #ကျေးကို
    သူက အေသွေးပိုင်ရှင်လေးလေ ... စကားပြောရင် သိပ်ပြီးတော့ အားမနာတတ်ဘူး ဒါပေမယ့် ပြောခဲတယ် ။ စကားနည်းတာ မဟုတ်ဘူးနော် ကိုယ့်အပေါ် မကောင်းတာ လုပ်လာရင်တောင် တစ်ဖက်လူ ထိခိုက်နစ်နာသွားမှာစ်ိုးတဲ့ စိတ်နဲ့ တော်ရုံတန်ရုံ သိပ်မပြောတတ်ကြဘူး ။ ပြောပြီဟေ့ဆိုရင်လည်း အဲ့ဒီဆက်ဆံရေးက သေချာပေါက် အလဲအကွဲပါပဲ ဆက်ရန်မရှိတော့တာမျိုးလေ။ အပေါင်းအသင်းမင်တတ်တယ် ... ကလေးဆန်တတ်တယ် ။ အလိုလိုက်ခံရတာ အချစ်ခံရတာကို သဘောကျတယ် ။ သူ့ကို ဦးစားပေးတဲ့ အရပ်မှာမှ ပျော်နေတတ်တဲ့ ကလေးဆိုးလေးပါပဲ ။ ကိုယ့်ထက် တခြားတစ်ယောက်ကို ဦးစားပေးနေရင် အူတိုတတ်တဲ့ လူစားမျိုးပေါ့ ။ သူ ငါ့ကို ဂရုမစိုက်တော့ဘူး ပြီးတော့ မချစ်တော့ဘူးဆိုတာမျိုးတွေထိပါ တွေးနေတတ်ကြတာ ။ အဲ့ဒီ အေသွေးပိုင်ရှင်လေးကလေ ... နှလုံးသားမှ အခန်းတစ်ခု အပိုပါတယ်ထင်ပါတယ် ။ ဒဏ်ရာတွေကို သိမ်းထားဖို့ ပြီးတော့ ပြောစရာစကားတွေကို မြိုသိပ်ထားဖို့ နှလုံးသားမှာ အခန်းတစ်ခုအပိုပါတယ်ထင်ပါတယ် ။ သူ ဘာဖြစ်နေလဲ ဘာတွေးနေလဲ တော်ရုံတန်ရုံ မသိရတတ်သလို တစ်ခါတစ်လေ အဆင်ပြေပါတယ်ပြောပြီး မျက်ရည်တွေကျချင် ကျနေတတ်သလို တစ်ခါတစ်လေ ငိုနေရင်းက ထရီချင် ရီနေတတ်တာမျိုးပေါ့ ။ ဟန်ဆောင်တတ်တဲ့ လူတစ်ယောက်မဟုတ်ပေမယ့် ဘယ်ဒဏ်ရာကိုမဆို သူက သိမ်းထားတတ်တာ ။ အားနည်းချက်လား ... ဒါမှမဟုတ် ပုံစံလားတော့ မပြောတတ်ဘူး ။ စိတ်ပါရင် ဘယ်အရာကိုမဆို ဖြစ်မြောက်အောင် လုပ်နိုင်သလောက် စိတ်များမ၀င်စားရင် ဘယ်အရာပဲဖြစ်ဖြစ် လှည့်မကြည့်တတ်ကြဘူး ။ သူတို့အတွေးဟာ သူတို့ရဲ့ ဘ၀ပဲ ။ ဒါဖြစ်ချင်တယ် ဒါဖြစ်ရမှ ဒါလိုချင်တယ် မရရအောင် ယူတတ်သလို မဖြစ်ဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ် ။ မဖြစ်နိုင်သေးဘူးဆိုရင်တောင်သေချာပေါက် သိမ်းထားတတ်ကြတယ် ။ အဲ့ဒီ အေသွေးပိုင်ရှင်လေးကိုလေ ခန့်မှန်းလို့မရဘူး ပြီးတော့ ချုပ်ချယ်လို့မရဘူး ... ပြောပြပေးလို့ပဲရတယ် ။ ဒါမလုပ်နဲ့ဆိုရင် သူက ပိုပြီးလုပ်ချင်တာမျိုးပေါ့ ။ မသွားနဲ့ဆို ခိုးပြီးသွားတာမျိုး မစားနဲ့ဆို မသိအောင် စားပြီးသွားတာမျိုးလေ ။ စကားချိုချိုလေးတွေ သဘောကျတယ် ကောင်းကောင်းပြောရင် သေချာပေါက်နားလည်တယ် သူကိုယ်တိုင်က မလုပ်တော့ဘူးဆိုတာတော့ ယုံပါ ။ ဒဏ်ရာတွေကို ဖုံးပြီး ပြုံးတတ်တာလေးက လွဲလို့ ... အဆင်ပြေတယ်ဆိုတဲ့စကားကို သုံးပြီး နှုတ်ဆိတ်နေတာကလွဲလို့... အဆင်ပြေအောင် တကယ်ပဲ နေတတ်ပါတယ် ။ သူကိုယ်တိုင် ဂရုမစိုက်တော့ရင်တောင် သူ့ဘေးနားက လူတိုင်းကို ဂရုစိုက်နေရင်း အချိန်တွေ ဖြုန်းနေလိမ့်မယ် ။ သူ့ကိုယ်သူအတွက် မတွေးရင်တောင် သူချစ်တဲ့ လူတိုင်းအတွက်တွေးပေးရင် အချိန်တွေ ကုန်နေလိမ့်မယ် ။ နောက်ဆုံး ... တကယ်ပဲ နာကျင်နေတဲ့အခါ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေနေလိမ့်မယ် ။ #ကျေးကို
    Care
    1
    · 0 Comments ·0 Shares ·45 Views
  • အိုသွေးပိုင်ရှင်လေးတွေ အနီးအနားမှာရှိရင် ... နည်းနည်းတော့ ခေါင်းစားရမယ်ထင်တယ် ။ သူ့ပုံစံက ရိုးရှင်းတယ်ထင်ရသလောက် တစ်ခါတစ်လေကျတော့ နားလည်ဖို့မလွယ်လောက်အောင် ခက်ခဲတယ် ။ အထိ အရှလွယ်တယ် အမှတ်အတေးကြီးတယ် ။ သေချာတာတစ်ခုက စိတ်ဆိုးအောင် ဘယ်လောက်ပဲ စနေပါစေ ပြုံးပြုံးလေးပဲ ပြီးတော့ ပျော်ပျော်လေးပဲ ဒါပေမယ့် စိတ်တော့ နာမသွားစေနဲ့ပေါ့ သူတို့တွေက စိတ်နာသွားရင် တကယ်ကိုပဲ ပြတ်သားသွားတတ်တာ ။ စိတ်ထဲ ရှိနေပါစေ အဲ့ဒီလူကို ပြန်လှည့်မကြည့်တတ်ဘူး အဲ့ဒီနေရာကို ဘယ်တော့မှ ပြန်မသွားတတ်ဘူး ။

    တစ်ခါတစ်လေကျတော့ တွေဝေတတ်တယ် ။ အဲ့ဒီ အိုသွေးပိုင်ရှင်လေးကလေ တစ်ခုခုကို ဆုံးဖြတ်ချက်မချခင် အချစ်ရဆုံးလူတွေ အားအကိုးမိတဲ့လူတွေကို တိုင်ပင်တတ်တယ် ။ အဲ့ဒီအချိန်လေးပဲ ... ဆုံးဖြတ်ချက်ချပြီးသွားရင်တော့ ပြန်မပြင်တတ်တော့ဘူး ။ အလုပ်တစ်ခုကို တစ်စိုက်မတ်မတ်လုပ်တတ်တယ် ... စိတ်ခံစားချက်ထက် ဖြစ်သင့်တာကို ဦးစားပေးတတ်တယ် ။ များသောအားဖြင့် ... တစ်ယောက်တည်း ရှင်သန်နေတာမျိုး များတယ် ။ ပျော်တယ် မပျော်ဘူးဆိုတာထက် ဒီအရာက အဆင်ပြေမယ်ထင်ရင် ဦးစားပေးတတ်တာများတယ်။

    အဲ့ဒီ အိုသွေးပိုင်ရှင်လေးကလေ ... သိပ်ပြီးတော့လည်း ဒေါသကြီးတာ ။ တစ်ခုခု အမြင်မကြည်ရင် အော်မယ် ငေါက်မယ် ပြီးရင် ငါ ပြောတာ မှားသွားပြီလားဆိုတဲ့အတွေးနဲ့ သူပဲ စိတ်မကောင်းတွေ ဖြစ်နေတတ်တဲ့ လူစားမျိုးပေါ့ ။ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေရင် ကူညီဖို့ ၀န်မလေးဘူး ။ တစ်ဇွတ်ထိုး နည်းနည်းလေး ဆန်တဲ့ သူ့အတွက် သေချာပေါက်ကို ထိန်းနိုင်သိမ်းနိုင်မယ့် လူတစ်ယောက်တော့ လိုပါတယ်။

    အိုသွေးပိုင်ရှင်လေးကို ချစ်မိသွားမယ်ဆိုရင် နည်းနည်းလေးမဟုတ်ဘူး သူ့ရဲ့ပုံစံကို အများကြီး နားလည်ရမယ် ။ ကိုယ်က သူ့ထက် ပိုရင့်ကျက်နေမှ ရမယ် ။ ကလေးဆိုးကြီးတစ်ယောက်လိုမျိုး တဇွတ်ထိုး ဆန်တတ်သလို ... ဒေါသတွေထွက် တစ်ခါတစ်လေကျ ပြောချင်ရာတွေ ပြောနေတတ်တာ အဲ့ဒီအရာကို မငြိုငြင်မိသွားဖို့လိုမယ် အများကြီး အလိုမလိုက်မိဖို့ လိုတယ် ။

    တစ်ခုခုအဆင်မပြေတော့ဘူးဆိုရင် အရမ်းသိသာတာ ။ စကားတွေ အများကြီးပြောတတ်တဲ့ နှုတ်ခမ်းက တိတ်ဆိတ်လို့ ဘယ်နေရာမှာ ထိုးအိပ်နေရမလဲဆိုတာလောက် နေရာရှာတတ်တဲ့ လူမျိုးလေ ။ လူအများကြီးကြားမှာနေရင် စိတ်ရှုပ် ခေါင်းရှုပ်လာတတ်သလို ကီးသိပ်မကိုက်ဘူးထင်ရင် သူကချည်း ဘုနဲ့ဘောက် ထပြီးပြောတတ်တဲ့ လူမျိုးပေါ့ ။ သေချာတာကတော့ အဲ့ဒီ အိုသွေးပိုင်ရှင်လေးချစ်ရင် သေချာပေါက် ကံကောင်းတယ်လို့ မှတ်ပါ ။

    ပြိုလဲမယ် ကလေးလိုဆိုးမယ် အများကြီး ရင့်ကျက်မယ် ဒါပေမယ့် ဘယ်တော့မှတော့ တွဲထားတဲ့လက်ကို သူ့ဖက်က ဦးအောင် စလည်းမဖြုတ်ဘူး လူတစ်ယောက်ကို ချစ်မိသွားတာနဲ့ အဲ့ဒီလူအတွက် ဘာမဆို ဖြည့်ဆည်းပေးချင်တာမျိုးပေါ့ ။ တစ်ခုပဲ ရရင်ရသလောက် သုံးတတ်တဲ့ အဲ့ဒီ အိုသွေးပိုင်ရှင်လေးက အရမ်းပဲ လက်ဖွာတယ် ။ ပေးရကမ်းရတာကို သဘောကျနှစ်ခြိုက်တယ် ။ ပင်ပန်းလာရင် အားလုံးရဲ့အဝေးမှာ တစ်ယောက်တည်းနေဖြစ်တာ များတယ် ။ ဒီထက် အများကြီး ရှိသေးပေမယ့် ဒီလောက် အကြမ်းဖျင်းသိထားရင် အရာအားလုံးမဟုတ်တောင် အနည်းအကျဥ်းလောက်တော့ နားလည်ပေးနိုင်မယ်ထင်တယ် ။

    #ကျေးကို
    အိုသွေးပိုင်ရှင်လေးတွေ အနီးအနားမှာရှိရင် ... နည်းနည်းတော့ ခေါင်းစားရမယ်ထင်တယ် ။ သူ့ပုံစံက ရိုးရှင်းတယ်ထင်ရသလောက် တစ်ခါတစ်လေကျတော့ နားလည်ဖို့မလွယ်လောက်အောင် ခက်ခဲတယ် ။ အထိ အရှလွယ်တယ် အမှတ်အတေးကြီးတယ် ။ သေချာတာတစ်ခုက စိတ်ဆိုးအောင် ဘယ်လောက်ပဲ စနေပါစေ ပြုံးပြုံးလေးပဲ ပြီးတော့ ပျော်ပျော်လေးပဲ ဒါပေမယ့် စိတ်တော့ နာမသွားစေနဲ့ပေါ့ သူတို့တွေက စိတ်နာသွားရင် တကယ်ကိုပဲ ပြတ်သားသွားတတ်တာ ။ စိတ်ထဲ ရှိနေပါစေ အဲ့ဒီလူကို ပြန်လှည့်မကြည့်တတ်ဘူး အဲ့ဒီနေရာကို ဘယ်တော့မှ ပြန်မသွားတတ်ဘူး ။ တစ်ခါတစ်လေကျတော့ တွေဝေတတ်တယ် ။ အဲ့ဒီ အိုသွေးပိုင်ရှင်လေးကလေ တစ်ခုခုကို ဆုံးဖြတ်ချက်မချခင် အချစ်ရဆုံးလူတွေ အားအကိုးမိတဲ့လူတွေကို တိုင်ပင်တတ်တယ် ။ အဲ့ဒီအချိန်လေးပဲ ... ဆုံးဖြတ်ချက်ချပြီးသွားရင်တော့ ပြန်မပြင်တတ်တော့ဘူး ။ အလုပ်တစ်ခုကို တစ်စိုက်မတ်မတ်လုပ်တတ်တယ် ... စိတ်ခံစားချက်ထက် ဖြစ်သင့်တာကို ဦးစားပေးတတ်တယ် ။ များသောအားဖြင့် ... တစ်ယောက်တည်း ရှင်သန်နေတာမျိုး များတယ် ။ ပျော်တယ် မပျော်ဘူးဆိုတာထက် ဒီအရာက အဆင်ပြေမယ်ထင်ရင် ဦးစားပေးတတ်တာများတယ်။ အဲ့ဒီ အိုသွေးပိုင်ရှင်လေးကလေ ... သိပ်ပြီးတော့လည်း ဒေါသကြီးတာ ။ တစ်ခုခု အမြင်မကြည်ရင် အော်မယ် ငေါက်မယ် ပြီးရင် ငါ ပြောတာ မှားသွားပြီလားဆိုတဲ့အတွေးနဲ့ သူပဲ စိတ်မကောင်းတွေ ဖြစ်နေတတ်တဲ့ လူစားမျိုးပေါ့ ။ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေရင် ကူညီဖို့ ၀န်မလေးဘူး ။ တစ်ဇွတ်ထိုး နည်းနည်းလေး ဆန်တဲ့ သူ့အတွက် သေချာပေါက်ကို ထိန်းနိုင်သိမ်းနိုင်မယ့် လူတစ်ယောက်တော့ လိုပါတယ်။ အိုသွေးပိုင်ရှင်လေးကို ချစ်မိသွားမယ်ဆိုရင် နည်းနည်းလေးမဟုတ်ဘူး သူ့ရဲ့ပုံစံကို အများကြီး နားလည်ရမယ် ။ ကိုယ်က သူ့ထက် ပိုရင့်ကျက်နေမှ ရမယ် ။ ကလေးဆိုးကြီးတစ်ယောက်လိုမျိုး တဇွတ်ထိုး ဆန်တတ်သလို ... ဒေါသတွေထွက် တစ်ခါတစ်လေကျ ပြောချင်ရာတွေ ပြောနေတတ်တာ အဲ့ဒီအရာကို မငြိုငြင်မိသွားဖို့လိုမယ် အများကြီး အလိုမလိုက်မိဖို့ လိုတယ် ။ တစ်ခုခုအဆင်မပြေတော့ဘူးဆိုရင် အရမ်းသိသာတာ ။ စကားတွေ အများကြီးပြောတတ်တဲ့ နှုတ်ခမ်းက တိတ်ဆိတ်လို့ ဘယ်နေရာမှာ ထိုးအိပ်နေရမလဲဆိုတာလောက် နေရာရှာတတ်တဲ့ လူမျိုးလေ ။ လူအများကြီးကြားမှာနေရင် စိတ်ရှုပ် ခေါင်းရှုပ်လာတတ်သလို ကီးသိပ်မကိုက်ဘူးထင်ရင် သူကချည်း ဘုနဲ့ဘောက် ထပြီးပြောတတ်တဲ့ လူမျိုးပေါ့ ။ သေချာတာကတော့ အဲ့ဒီ အိုသွေးပိုင်ရှင်လေးချစ်ရင် သေချာပေါက် ကံကောင်းတယ်လို့ မှတ်ပါ ။ ပြိုလဲမယ် ကလေးလိုဆိုးမယ် အများကြီး ရင့်ကျက်မယ် ဒါပေမယ့် ဘယ်တော့မှတော့ တွဲထားတဲ့လက်ကို သူ့ဖက်က ဦးအောင် စလည်းမဖြုတ်ဘူး လူတစ်ယောက်ကို ချစ်မိသွားတာနဲ့ အဲ့ဒီလူအတွက် ဘာမဆို ဖြည့်ဆည်းပေးချင်တာမျိုးပေါ့ ။ တစ်ခုပဲ ရရင်ရသလောက် သုံးတတ်တဲ့ အဲ့ဒီ အိုသွေးပိုင်ရှင်လေးက အရမ်းပဲ လက်ဖွာတယ် ။ ပေးရကမ်းရတာကို သဘောကျနှစ်ခြိုက်တယ် ။ ပင်ပန်းလာရင် အားလုံးရဲ့အဝေးမှာ တစ်ယောက်တည်းနေဖြစ်တာ များတယ် ။ ဒီထက် အများကြီး ရှိသေးပေမယ့် ဒီလောက် အကြမ်းဖျင်းသိထားရင် အရာအားလုံးမဟုတ်တောင် အနည်းအကျဥ်းလောက်တော့ နားလည်ပေးနိုင်မယ်ထင်တယ် ။ #ကျေးကို
    Care
    1
    · 0 Comments ·0 Shares ·47 Views
  • အိမ်မှာ စိုက်ထားတဲ့ သင်္ဘောပင်တွေ၊ ငရုတ်ပင်တွေ၊ ခရမ်းသီးပင်တွေ အသီးအပွင့် မများလို့ စိတ်ညစ်နေရသူတွေအတွက် အလွယ်တကူ လုပ်လို့ရတဲ့ သဘာဝအားဆေး ဖြည့်တင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းက စိုက်ခင်းအိမ်ခြံမြေထဲက ဟင်းသီးဟင်းရွက်မျိုးစုံကို အားဖြည့်ပေးနိုင်ပါတယ်။
    လိုအပ်တဲ့ ပစ္စည်း ၄ မျိုး
    1. ဆန်ဆေးရေ - ၁ ဖန်ခွက်
    2. ထမင်းကျန်
    3. ကြက်ဥအခွံ - ၅ လုံး
    4. အချိုမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
    ပြုလုပ်နည်း
    • ကြက်ဥအခွံကို ညက်အောင် ထောင်းပါ။
    • ထောင်းထားတဲ့ ကြက်ဥအခွံကို ထမင်းကျန်၊ အချိုမှုန့် (၁ ဇွန်း) နဲ့ ဆန်ဆေးရေ (၁ ဖန်ခွက်) တို့နဲ့ သမအောင် ရောမွှေပါ။
    • ပြီးရင် ဒီအရောအနှောကို ရေ ၅ လီတာကနေ ၁၀ လီတာအထိ ထပ်ရောပြီး ဖျော်လိုက်ပါ။
    အသုံးပြုနည်း
    • ရရှိလာတဲ့ အရည်ကို ညနေစောင်းအချိန်မှာ အပင်တွေရဲ့ အရင်း၊ ပင်စည်ပတ်လည်ကို ပျံ့နှံ့အောင် လောင်းပေးပါ။
    • ဒီအားဖြည့်ဆေးကို ငရုတ်ပင်၊ ခရမ်းပင်၊ သံပရာပင်နဲ့ တခြားဟင်းသီးဟင်းရွက်ပင်မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။
    • အသီးအပွင့်များများ ထွက်ရှိဖို့ကို အားပေးကူညီပေးပါလိမ့်မယ်။
    အားလုံးပဲ စိုက်ပျိုးရေးမှာ အဆင်ပြေကြပါစေနော်။
    #forevermmmedia
    #စိုက်ပျိုးရေး
    #အပင
    #မာလကာ
    #သဘာဝမြေဩဇာ
    #အသီးပွင့်အားဆေး
    အိမ်မှာ စိုက်ထားတဲ့ သင်္ဘောပင်တွေ၊ ငရုတ်ပင်တွေ၊ ခရမ်းသီးပင်တွေ အသီးအပွင့် မများလို့ စိတ်ညစ်နေရသူတွေအတွက် အလွယ်တကူ လုပ်လို့ရတဲ့ သဘာဝအားဆေး ဖြည့်တင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းက စိုက်ခင်းအိမ်ခြံမြေထဲက ဟင်းသီးဟင်းရွက်မျိုးစုံကို အားဖြည့်ပေးနိုင်ပါတယ်။ 🌿 လိုအပ်တဲ့ ပစ္စည်း ၄ မျိုး 1. ဆန်ဆေးရေ - ၁ ဖန်ခွက် 2. ထမင်းကျန် 3. ကြက်ဥအခွံ - ၅ လုံး 4. အချိုမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း 🧪 ပြုလုပ်နည်း • ကြက်ဥအခွံကို ညက်အောင် ထောင်းပါ။ • ထောင်းထားတဲ့ ကြက်ဥအခွံကို ထမင်းကျန်၊ အချိုမှုန့် (၁ ဇွန်း) နဲ့ ဆန်ဆေးရေ (၁ ဖန်ခွက်) တို့နဲ့ သမအောင် ရောမွှေပါ။ • ပြီးရင် ဒီအရောအနှောကို ရေ ၅ လီတာကနေ ၁၀ လီတာအထိ ထပ်ရောပြီး ဖျော်လိုက်ပါ။ 💧 အသုံးပြုနည်း • ရရှိလာတဲ့ အရည်ကို ညနေစောင်းအချိန်မှာ အပင်တွေရဲ့ အရင်း၊ ပင်စည်ပတ်လည်ကို ပျံ့နှံ့အောင် လောင်းပေးပါ။ • ဒီအားဖြည့်ဆေးကို ငရုတ်ပင်၊ ခရမ်းပင်၊ သံပရာပင်နဲ့ တခြားဟင်းသီးဟင်းရွက်ပင်မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ • အသီးအပွင့်များများ ထွက်ရှိဖို့ကို အားပေးကူညီပေးပါလိမ့်မယ်။ အားလုံးပဲ စိုက်ပျိုးရေးမှာ အဆင်ပြေကြပါစေနော်။ #forevermmmedia #စိုက်ပျိုးရေး #အပင် #မာလကာ #သဘာဝမြေဩဇာ #အသီးပွင့်အားဆေး
    Care
    1
    · 0 Comments ·0 Shares ·86 Views
  • ❄ဘာဝနာ (၄၀)
    အဓိပ္ပါယ်အကျဉ်း❄


    ခန္ဓာငါးပါးဟူသည် ••••••

    (၁) ရှုပက္ခန္ဓော •••
    ရုပ်အစုဟူသော ရူပက္ခန္ဓာသည်လည်းကောင်း။

    (၂) ဝေဒနာက္ခန္ဓော •••
    ခံစားမူအစုဟူသော ဝေဒနာက္ခန္ဓာ သည်လည်းကောင်း။

    (၃) သညာက္ခန္ဓော •••
    အမှတ်ပြု၍ သိမူအစုဟူသော သညာက္ခန္ဓာ
    သည်လည်းကောင်း။

    (၄) သင်္ခါရက္ခန္ဓော •••
    စေ့ဆော်မူ ပြုပြင်မူ အစုဟူသော သင်္ခါရက္ခန္ဓာ
    သည်လည်းကောင်း။

    (၅) ဝိညာဏက္ခန္ဓော •••
    အာရုံကို ထွေထွေထူးထူး သိမူအစုဟူသော
    ဝိညာဏက္ခန္ဓာသည်လည်းကောင်း။

    ဣမေ ••• ဤသည်တို့ကား။
    ပဉ္စက္ခန္ဓာ ••• ငါးပါးသောခန္ဓာတို့တည်း။

    ခန္ဓာငါးပါးတို့၏အနိစ္စလက္ခဏာ(၁၀) ပါး

    (၁) အနိစ္စာ ••• မြဲခြင်းသဘောမရှိကုန်။

    (၂) အဓုဝါ ••• ခိုင်မြဲခြင်းသဘောမရှိကုန်။

    (၃) အသာရာ ••• အနှစ်သာရမရှိကုန်။

    (၄) စလာ ••• ရွေ့လျားတတ်ကုန်၏။

    (၅) ပလောကဓမ္မာ ••• ပျက်စီးခြင်းသဘော ရှိကုန်၏။

    (၆) ဝိပရိဏာမဓမ္မာ ••• ဖောက်ပြန်ခြင်း သဘောရှိကုန်၏။

    (၇) မရဏဓမ္မာ ••• သေဆုံးခြင်းသဘော ရှိကုန်၏။

    (၈) ဝိဘဝဓမ္မာ ••• ဆုံးရှုံးခြင်းသဘောရှိကုန်၏။

    (၉) သင်္ခတာ ••• အဖန်ဖန်ပြုပြင် အပ်ကုန်၏။

    (၁၀) ပဘင်္ဂုနော ••• ဖရိုဖရဲ ပြိုကွဲခြင်း သဘော ရှိကုန်၏။

    အနိစ္စံ ••• အနိစ္စလက္ခဏာ ဆယ်ပါးတည်း။

    ခန္ဓာငါးပါးတို့၏ ဒုက္ခလက္ခဏာ(၂၅)ပါး


    (၁) ဒုက္ခာ •••
    ယုတ်မာ ညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း။

    (၂) ဘယာ •••
    ကြောက်ဖွယ် ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း။

    (၃) ဤတီ •••
    ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း။

    (၄) ဥပဒၵဝါ •••
    လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။

    (၅) ဥပသဂ္ဂါ •••
    တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။

    (၆) ရောဂါ •••
    ကျင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။

    (၇) အာဗာဓာ •••
    နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။

    (၈) ဂဏ္ဍာ •••
    မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးတို့သာတည်း။

    (၉) သလ်လာ •••
    စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးတို့သာတည်း။

    (၁၀) အဃာ •••
    အကျိုးယုတ် အကျိုးမဲ့မျိုးတို့သာတည်း။

    (၁၁) အတာဏာ •••
    စောင့်ရှောက်မဲ့လျှင်း ဘေး၏အသင်းတို့သည်
    သာတည်း။

    (၁၂) အလေဏာ •••
    ကွယ်ကာမဲ့လျှင်း ဘေး၏အသင်းတို့သည်သာ
    တည်း။

    (၁၃) အသရဏာ •••
    ကိုးရာမဲ့လျှင်း ဘေး၏အသင်းတို့သာတည်း။

    (၁၄) အာဒီနဝါ •••
    ဆိုးဝါးညစ်ကျူ အပြစ်စုတို့သာတည်း။

    (၁၅) အဃမူလာ •••
    ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သည်
    သာတည်း။

    (၁၆) ဝဓကာ •••
    လူ နတ် ဗြဟ္မာ သတ္တဝါကို အတွင်သတ်သည့်
    သူသတ်မျိုးရိုးတို့သာတည်း။

    (၁၇) အာသဝါ •••
    အာသဝေါတရား လေးပါးတို့၏ အစီးအပွား
    တို့သာတည်း။

    (၁၈) မာရာမိသာ •••
    ကိလေသာမာရ် မစ္စုမာရ်တို့၏ စားဖတ်ဝါးဖတ်
    သုံးသပ်နင်းနယ်ရာတို့သာတည်း။

    (၁၉) ဇာတိ ဓမ္မာ •••
    သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုး
    ညစ် ဖြစ်ချင်တတ်တိုင်း ဖြစ်တတ်သော
    သဘောရှိကုန်၏။

    (၂၀) ဇရာ ဓမ်မာ •••
    ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိကုန်၏။

    (၂၁) ဗျာဓိ ဓမ္မာ ••• နာခြင်းသဘောရှိကုန်၏။

    (၂၂) သောက ဓမ္မာ •••
    စိုးရိမ်ပူပန်ရခြင်းသဘောရှိကုန်၏။

    (၂၃) ပရိဒေဝ ဓမ္မာ •••
    ငိုကြွေးမြည်တမ်းရခြင်းသဘောရှိကုန်၏။

    (၂၄) ဥပါယာသ ဓမ္မာ •••
    သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်းသဘောရှိကုန်၏။

    (၂၅) သံကိလေသိက ဓမ္မာ •••
    တဏှာ ဒိဋ္ဌိ ဒုစ္စရိတ တည်းဟူသော ညစ်နွမ်းခြင်း
    သုံးပါးကို ပွါးစီးစေတတ်သော သဘောရှိကုန်၏။

    ဒုက္ခံ ••• ဒုက္ခလက္ခဏာ (၂၅) ပါးတည်း။

    ခန်ဓာငါးပါးတို့၏ အနတ်တလက်ခဏာ(၅)ပါး


    (၁) အနတ်တာ •••
    ကိုယ်မဟုတ်ကုန်အစိုးမရကုန် အလိုသို့
    မလိုက်ကုန်။

    (၂) ပေရ •••
    အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့သာတည်း။

    (၃) ရိတ်တာ •••
    အနှစ်သာရ ဟူသမျှနှင့် မြူစ မယှဉ် အစဉ်ကင်း
    ဆိတ်သောတရားတို့သာတည်း။

    (၄) တုစ်ဆာ •••
    ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစ မနီး အချည်းနှီးသော တရားတို့သာတည်း။

    (၅) သုညာ •••
    ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ မရှိလုံးလုံး အသုံးမကျသောတရားတို့သာတည်း။

    အနတ်တာ ••• အနတ်တလက်ခဏာငါးပါးတည်း။

    အနိစ္စလက္ခဏာ (၁၀) ပါး
    ဒုက္ခလက္ခဏာ (၂၅) ပါး
    အနတ်တလက်ခဏာ (၅) ပါး ဘာဝနာ (၄၀) ပွီး၏။

    လယ်တီဒီပနီပေါင်းချုပ် ဒုတိယတွဲစာမျက်နှာ(၄)

    သာယာချမ်းမြေ့ကြပါစေ
    Credit.ဓမ္မ ဖေါက်သည်။
    ❄ဘာဝနာ (၄၀) အဓိပ္ပါယ်အကျဉ်း❄ 💫💫💫💫💫💫💫💫 ခန္ဓာငါးပါးဟူသည် •••••• ⏩(၁) ရှုပက္ခန္ဓော ••• ရုပ်အစုဟူသော ရူပက္ခန္ဓာသည်လည်းကောင်း။ ⏩(၂) ဝေဒနာက္ခန္ဓော ••• ခံစားမူအစုဟူသော ဝေဒနာက္ခန္ဓာ သည်လည်းကောင်း။ ⏩(၃) သညာက္ခန္ဓော ••• အမှတ်ပြု၍ သိမူအစုဟူသော သညာက္ခန္ဓာ သည်လည်းကောင်း။ ⏩(၄) သင်္ခါရက္ခန္ဓော ••• စေ့ဆော်မူ ပြုပြင်မူ အစုဟူသော သင်္ခါရက္ခန္ဓာ သည်လည်းကောင်း။ ⏩(၅) ဝိညာဏက္ခန္ဓော ••• အာရုံကို ထွေထွေထူးထူး သိမူအစုဟူသော ဝိညာဏက္ခန္ဓာသည်လည်းကောင်း။ ဣမေ ••• ဤသည်တို့ကား။ ပဉ္စက္ခန္ဓာ ••• ငါးပါးသောခန္ဓာတို့တည်း။ 🔯ခန္ဓာငါးပါးတို့၏အနိစ္စလက္ခဏာ(၁၀) ပါး🔯 ⏩(၁) အနိစ္စာ ••• မြဲခြင်းသဘောမရှိကုန်။ ⏩(၂) အဓုဝါ ••• ခိုင်မြဲခြင်းသဘောမရှိကုန်။ ⏩(၃) အသာရာ ••• အနှစ်သာရမရှိကုန်။ ⏩(၄) စလာ ••• ရွေ့လျားတတ်ကုန်၏။ ⏩(၅) ပလောကဓမ္မာ ••• ပျက်စီးခြင်းသဘော ရှိကုန်၏။ ⏩(၆) ဝိပရိဏာမဓမ္မာ ••• ဖောက်ပြန်ခြင်း သဘောရှိကုန်၏။ ⏩(၇) မရဏဓမ္မာ ••• သေဆုံးခြင်းသဘော ရှိကုန်၏။ ⏩(၈) ဝိဘဝဓမ္မာ ••• ဆုံးရှုံးခြင်းသဘောရှိကုန်၏။ ⏩(၉) သင်္ခတာ ••• အဖန်ဖန်ပြုပြင် အပ်ကုန်၏။ ⏩(၁၀) ပဘင်္ဂုနော ••• ဖရိုဖရဲ ပြိုကွဲခြင်း သဘော ရှိကုန်၏။ အနိစ္စံ ••• အနိစ္စလက္ခဏာ ဆယ်ပါးတည်း။ 🔯ခန္ဓာငါးပါးတို့၏ ဒုက္ခလက္ခဏာ(၂၅)ပါး🔯 🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜 ⏩(၁) ဒုက္ခာ ••• ယုတ်မာ ညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း။ ⏩(၂) ဘယာ ••• ကြောက်ဖွယ် ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း။ ⏩(၃) ဤတီ ••• ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း။ ⏩(၄) ဥပဒၵဝါ ••• လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။ ⏩(၅) ဥပသဂ္ဂါ ••• တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးတို့သာတည်း။ ⏩(၆) ရောဂါ ••• ကျင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။ ⏩(၇) အာဗာဓာ ••• နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။ ⏩(၈) ဂဏ္ဍာ ••• မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးတို့သာတည်း။ ⏩(၉) သလ်လာ ••• စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးတို့သာတည်း။ ⏩(၁၀) အဃာ ••• အကျိုးယုတ် အကျိုးမဲ့မျိုးတို့သာတည်း။ ⏩(၁၁) အတာဏာ ••• စောင့်ရှောက်မဲ့လျှင်း ဘေး၏အသင်းတို့သည် သာတည်း။ ⏩(၁၂) အလေဏာ ••• ကွယ်ကာမဲ့လျှင်း ဘေး၏အသင်းတို့သည်သာ တည်း။ ⏩(၁၃) အသရဏာ ••• ကိုးရာမဲ့လျှင်း ဘေး၏အသင်းတို့သာတည်း။ ⏩(၁၄) အာဒီနဝါ ••• ဆိုးဝါးညစ်ကျူ အပြစ်စုတို့သာတည်း။ ⏩(၁၅) အဃမူလာ ••• ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သည် သာတည်း။ ⏩(၁၆) ဝဓကာ ••• လူ နတ် ဗြဟ္မာ သတ္တဝါကို အတွင်သတ်သည့် သူသတ်မျိုးရိုးတို့သာတည်း။ ⏩(၁၇) အာသဝါ ••• အာသဝေါတရား လေးပါးတို့၏ အစီးအပွား တို့သာတည်း။ ⏩(၁၈) မာရာမိသာ ••• ကိလေသာမာရ် မစ္စုမာရ်တို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာတို့သာတည်း။ ⏩(၁၉) ဇာတိ ဓမ္မာ ••• သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုး ညစ် ဖြစ်ချင်တတ်တိုင်း ဖြစ်တတ်သော သဘောရှိကုန်၏။ ⏩(၂၀) ဇရာ ဓမ်မာ ••• ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိကုန်၏။ ⏩(၂၁) ဗျာဓိ ဓမ္မာ ••• နာခြင်းသဘောရှိကုန်၏။ ⏩(၂၂) သောက ဓမ္မာ ••• စိုးရိမ်ပူပန်ရခြင်းသဘောရှိကုန်၏။ ⏩(၂၃) ပရိဒေဝ ဓမ္မာ ••• ငိုကြွေးမြည်တမ်းရခြင်းသဘောရှိကုန်၏။ ⏩(၂၄) ဥပါယာသ ဓမ္မာ ••• သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်းသဘောရှိကုန်၏။ ⏩(၂၅) သံကိလေသိက ဓမ္မာ ••• တဏှာ ဒိဋ္ဌိ ဒုစ္စရိတ တည်းဟူသော ညစ်နွမ်းခြင်း သုံးပါးကို ပွါးစီးစေတတ်သော သဘောရှိကုန်၏။ ဒုက္ခံ ••• ဒုက္ခလက္ခဏာ (၂၅) ပါးတည်း။ 🔯ခန်ဓာငါးပါးတို့၏ အနတ်တလက်ခဏာ(၅)ပါး🔯 💫💫💫💫💫💫💫💫💫💫💫 ⏩(၁) အနတ်တာ ••• ကိုယ်မဟုတ်ကုန်အစိုးမရကုန် အလိုသို့ မလိုက်ကုန်။ ⏩(၂) ပေရ ••• အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့သာတည်း။ ⏩(၃) ရိတ်တာ ••• အနှစ်သာရ ဟူသမျှနှင့် မြူစ မယှဉ် အစဉ်ကင်း ဆိတ်သောတရားတို့သာတည်း။ ⏩(၄) တုစ်ဆာ ••• ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစ မနီး အချည်းနှီးသော တရားတို့သာတည်း။ ⏩(၅) သုညာ ••• ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ မရှိလုံးလုံး အသုံးမကျသောတရားတို့သာတည်း။ အနတ်တာ ••• အနတ်တလက်ခဏာငါးပါးတည်း။ အနိစ္စလက္ခဏာ (၁၀) ပါး ဒုက္ခလက္ခဏာ (၂၅) ပါး အနတ်တလက်ခဏာ (၅) ပါး ဘာဝနာ (၄၀) ပွီး၏။ လယ်တီဒီပနီပေါင်းချုပ် ဒုတိယတွဲစာမျက်နှာ(၄) ⏪သာယာချမ်းမြေ့ကြပါစေ Credit.ဓမ္မ ဖေါက်သည်။
    Love
    Care
    2
    · 0 Comments ·0 Shares ·90 Views
  • ရင့်ကျက်သွားတဲ့အခါ
    ````````````````````
    အပိုစကားတွေထက်
    လိုအပ်သလောက်ဘဲ
    ပြောတက်တာကိုသဘောကျလာတယ်

    လုပ်သင့်တဲ့အလုပ်တွေလုပ်ရင်း
    အချိန်ပိုတွေ
    အရင်လိုမများတော့ဘူး

    ခေါ်ထူး မေးဖြေဆက်ဆံရေးတွေနဲ့
    ကိုယ့်အပေါ်မကောင်းဘူးထင်တဲ့လူတွေကို
    ဝေးဝေးကရှောင်တက်လာတယ်

    ပျော်စရာတွေများပေမယ့်
    အရင်လိုသိပ်ပြီး
    မပြုံးဖြစ်တော့ဘူး
    ကြုံလာရတဲ့ပြဿနာတွေကိုလဲ
    ခေါင်းအေးအေးထားပြီး
    ရင်ဆိုင်ဖြေရှင်းနိုင်လာတယ်

    သောကဖြစ်စရာတွေကို
    အကြားကြီးတွေးမနေတော့ဘူး
    စိတ်အေးချမ်းဖို့ပဲ အဓိကထားပြီးနေတက်လာတယ်

    အတွေ့အကြုံတွေများလာတာနဲ့အမျှ
    အရင်ကထက်
    စာတွေပိုဖတ်ဖြစ်လာတယ်

    ကိုယ်ချည်းဘဲအဆင်ပြေဖို့ထက်
    ကိုယ်ဘေးကလူတွေအဆင်ပြေဖို့
    ပိုပြီးဂရုစိုက်တက်လာတယ်

    ဒုက္ခတွေ ရင်ဆိုင်ရတိုင်းလဲ
    တစ်နေ့ပြီးသွားမှာပါ ဆိုတဲ့စိတ်နဲ့
    ကြိုးစားဖြေတွေးတက်လာပြီး
    နာကျင်စရာအကြောင်းတွေကို
    အရင်ထက်ပိုပြီး မြိုသိပ်နိုင်လာတယ်

    ကိုယ့်အပေါ်အမြင်မကြည်တဲ့သူတွေကို
    အရင်လိုတုန့်ပြန်မနေတော့ဘူး
    ဥပေက္ခာစိတ်နဲ့သည်းခံတက်လာတယ်

    ချစ်ခြင်းမုန်းခြင်းတွေကိုလဲ
    မျှမျှတတ ခံစားတက်လာပြီး
    အရင်လိူအစွဲအလမ်းတွေသိပ်မဖြစ်တော့ဘူး

    ကိုယ်တကယ်လိုအပ်တာနဲ့
    လိုချင်တက်မတ်စိတ်ဖြစ်မိတဲ့အရာ
    ဘယ်အရာကအရေးကြီးသလဲလို့
    တွေးဖြစ်လာတယ်

    အကောင်း နဲ့အဆိုးကို
    တည်တည်ငြိမ်ငြိမ်နဲ့
    ခွဲခြားနိုင်လာတယ်

    လောကထဲက
    တွေ့ကြုံ ဆုံကွဲ အဖြစ်အပျက်တွေနဲ့
    ကိုယ်ကျော်ဖြတ်လာရတဲ့
    အနေအထားတွေကသာ ကိုယ့်စိတ်ကိုရင့်မာစေခဲ့တာ
    ကံတရားရဲ့အနိမ့်အမြင့်အတိုင်းပဲ
    လိုက်ပါနိုင်ဖို့ကြိုးစားရင်း
    ဘဝဟာ အရင်ထက်ပိုပြီး နေသာထိုင်သာ ရှိလာတယ်။

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်
    ရင့်ကျက်သွားတဲ့အခါ ```````````````````` အပိုစကားတွေထက် လိုအပ်သလောက်ဘဲ ပြောတက်တာကိုသဘောကျလာတယ် လုပ်သင့်တဲ့အလုပ်တွေလုပ်ရင်း အချိန်ပိုတွေ အရင်လိုမများတော့ဘူး ခေါ်ထူး မေးဖြေဆက်ဆံရေးတွေနဲ့ ကိုယ့်အပေါ်မကောင်းဘူးထင်တဲ့လူတွေကို ဝေးဝေးကရှောင်တက်လာတယ် ပျော်စရာတွေများပေမယ့် အရင်လိုသိပ်ပြီး မပြုံးဖြစ်တော့ဘူး ကြုံလာရတဲ့ပြဿနာတွေကိုလဲ ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းနိုင်လာတယ် သောကဖြစ်စရာတွေကို အကြားကြီးတွေးမနေတော့ဘူး စိတ်အေးချမ်းဖို့ပဲ အဓိကထားပြီးနေတက်လာတယ် အတွေ့အကြုံတွေများလာတာနဲ့အမျှ အရင်ကထက် စာတွေပိုဖတ်ဖြစ်လာတယ် ကိုယ်ချည်းဘဲအဆင်ပြေဖို့ထက် ကိုယ်ဘေးကလူတွေအဆင်ပြေဖို့ ပိုပြီးဂရုစိုက်တက်လာတယ် ဒုက္ခတွေ ရင်ဆိုင်ရတိုင်းလဲ တစ်နေ့ပြီးသွားမှာပါ ဆိုတဲ့စိတ်နဲ့ ကြိုးစားဖြေတွေးတက်လာပြီး နာကျင်စရာအကြောင်းတွေကို အရင်ထက်ပိုပြီး မြိုသိပ်နိုင်လာတယ် ကိုယ့်အပေါ်အမြင်မကြည်တဲ့သူတွေကို အရင်လိုတုန့်ပြန်မနေတော့ဘူး ဥပေက္ခာစိတ်နဲ့သည်းခံတက်လာတယ် ချစ်ခြင်းမုန်းခြင်းတွေကိုလဲ မျှမျှတတ ခံစားတက်လာပြီး အရင်လိူအစွဲအလမ်းတွေသိပ်မဖြစ်တော့ဘူး ကိုယ်တကယ်လိုအပ်တာနဲ့ လိုချင်တက်မတ်စိတ်ဖြစ်မိတဲ့အရာ ဘယ်အရာကအရေးကြီးသလဲလို့ တွေးဖြစ်လာတယ် အကောင်း နဲ့အဆိုးကို တည်တည်ငြိမ်ငြိမ်နဲ့ ခွဲခြားနိုင်လာတယ် လောကထဲက တွေ့ကြုံ ဆုံကွဲ အဖြစ်အပျက်တွေနဲ့ ကိုယ်ကျော်ဖြတ်လာရတဲ့ အနေအထားတွေကသာ ကိုယ့်စိတ်ကိုရင့်မာစေခဲ့တာ ကံတရားရဲ့အနိမ့်အမြင့်အတိုင်းပဲ လိုက်ပါနိုင်ဖို့ကြိုးစားရင်း ဘဝဟာ အရင်ထက်ပိုပြီး နေသာထိုင်သာ ရှိလာတယ်။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #ဘဝစာပေ #စာပေချစ်သူ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·79 Views
  • Respect ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အရည်အသွေးနဲ့ လူဖြစ်မှုကို ဖော်ပြပေးတဲ့ အရေးကြီးဆုံး အရာတစ်ခုပါ။ လေးစားမှုရှိတဲ့ လူဟာ ဘယ်နေရာမှာမဆို ယုံကြည်မှု၊ လက်ခံမှုနဲ့ တန်ဖိုးကို ရရှိတတ်ပါတယ်။ Respect ကို အောက်ပါ ၁၀ မျိုးအဖြစ် နားလည်နိုင်ပါတယ်။

    ၁။ Respect for Others
    (တစ်ဖက်သားကို လေးစားခြင်း)
    သူတစ်ပါးရဲ့ အမြင်၊ ခံစားချက်၊ အခွင့်အရေးတွေကို တန်ဖိုးထားနိုင်ခြင်းပါ။ မထိခိုက်စေဘဲ ပြောဆိုဆက်ဆံနိုင်တာက လေးစားမှုပါ။

    ၂။ Self-Respect
    (ကိုယ့်ကိုယ်ကိုယ် လေးစားခြင်း)
    ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သိပြီး မတန်တဲ့အရာတွေကို ငြင်းပယ်နိုင်ခြင်းပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှ သူတစ်ပါးကိုလည်း လေးစားနိုင်ပါတယ်။

    ၃။ Mutual Respect
    (အပြန်အလှန် လေးစားခြင်း)
    အနိုင်အရှုံးမထားဘဲ တန်းတူညီမျှ ဆက်ဆံနိုင်ခြင်းပါ။ နားလည်မှုနဲ့ ယုံကြည်မှုအပေါ် အခြေခံထားတဲ့ လေးစားမှုပါ။

    ၄။ Cultural and Social Respect
    (ယဉ်ကျေးမှုနှင့် လူမှုဘဝကို လေးစားခြင်း)
    ကိုယ့်ယဉ်ကျေးမှုသာမက သူတစ်ပါးရဲ့ ယဉ်ကျေးမှု၊ အလေ့အကျင့်တွေကိုပါ လက်ခံလေးစားနိုင်ခြင်းပါ။

    ၅။ Respect for Nature and Environment
    (သဘာဝနှင့် ပတ်ဝန်းကျင်ကို လေးစားခြင်း)
    သဘာဝကို မဖျက်ဆီးဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းပါ။ အနာဂတ်မျိုးဆက်အတွက် အရေးကြီးပါတယ်။

    ၆။ Respect for Time
    (အချိန်ကို လေးစားခြင်း)
    ကိုယ့်အချိန်၊ သူတစ်ပါးရဲ့ အချိန်ကို တန်ဖိုးထားနိုင်ခြင်းပါ။ အချိန်ကို လေးစားတတ်သူဟာ ယုံကြည်ရတဲ့ လူဖြစ်ပါတယ်။

    ၇။ Respect for Knowledge and Learning
    (ပညာနှင့် သင်ယူမှုကို လေးစားခြင်း)
    မသိတာကို လက်ခံနိုင်ပြီး ဆက်လက်လေ့လာချင်စိတ်ရှိခြင်းပါ။ သိတတ်နားလည်မှုကို တန်ဖိုးထားခြင်းပါ။

    ၈။ Respect for Responsibility
    (တာဝန်ယူမှုကို လေးစားခြင်း)
    ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူနိုင်ခြင်း၊ အမှားရှိရင် ဝန်ခံပြင်ဆင်နိုင်ခြင်းပါ။

    ၉။ Respect for Elders and Authority
    (အကြီးအကဲများနှင့် တာဝန်ရှိသူများကို လေးစားခြင်း)
    အတွေ့အကြုံရှိသူများ၊ တာဝန်ယူထားသူများကို နားထောင်လေးစားနိုင်ခြင်းပါ။

    ၁၀။ Respect for Partners
    (ချစ်သူ၊ အိမ်ထောင်ဖက်ကို လေးစားခြင်း)
    အမြင်မတူတဲ့အချိန်မှာတောင် မလျှော့ချဘဲ နားလည်မှုနဲ့ ဆက်ဆံနိုင်ခြင်းပါ။ စကား၊ အပြုအမူ၊ ဆုံးဖြတ်ချက်တွေမှာ တန်းတူတန်ဖိုးထားနိုင်ခြင်းက အမှန်တကယ် လေးစားခြင်းပါ။

    နိဂုံးချုပ်

    Respect ဆိုတာ စကားနဲ့မဟုတ်ဘဲ နေထိုင်ပုံအမူအကျင့်နဲ့ ပြသရတဲ့ အရာပါ။ လေးစားမှု ၁၀ မျိုးကို နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်ရင် ကိုယ့်တန်ဖိုးလည်း မြင့်လာပြီး လူမှုအသိုင်းအဝိုင်းထဲမှာ ယုံကြည်မှုနဲ့ လက်ခံမှုကိုပါ ရရှိလာပါလိမ့်မယ်။

    Kh,John(Hantharwaddy)
    Respect ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အရည်အသွေးနဲ့ လူဖြစ်မှုကို ဖော်ပြပေးတဲ့ အရေးကြီးဆုံး အရာတစ်ခုပါ။ လေးစားမှုရှိတဲ့ လူဟာ ဘယ်နေရာမှာမဆို ယုံကြည်မှု၊ လက်ခံမှုနဲ့ တန်ဖိုးကို ရရှိတတ်ပါတယ်။ Respect ကို အောက်ပါ ၁၀ မျိုးအဖြစ် နားလည်နိုင်ပါတယ်။ ၁။ Respect for Others (တစ်ဖက်သားကို လေးစားခြင်း) သူတစ်ပါးရဲ့ အမြင်၊ ခံစားချက်၊ အခွင့်အရေးတွေကို တန်ဖိုးထားနိုင်ခြင်းပါ။ မထိခိုက်စေဘဲ ပြောဆိုဆက်ဆံနိုင်တာက လေးစားမှုပါ။ ၂။ Self-Respect (ကိုယ့်ကိုယ်ကိုယ် လေးစားခြင်း) ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သိပြီး မတန်တဲ့အရာတွေကို ငြင်းပယ်နိုင်ခြင်းပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှ သူတစ်ပါးကိုလည်း လေးစားနိုင်ပါတယ်။ ၃။ Mutual Respect (အပြန်အလှန် လေးစားခြင်း) အနိုင်အရှုံးမထားဘဲ တန်းတူညီမျှ ဆက်ဆံနိုင်ခြင်းပါ။ နားလည်မှုနဲ့ ယုံကြည်မှုအပေါ် အခြေခံထားတဲ့ လေးစားမှုပါ။ ၄။ Cultural and Social Respect (ယဉ်ကျေးမှုနှင့် လူမှုဘဝကို လေးစားခြင်း) ကိုယ့်ယဉ်ကျေးမှုသာမက သူတစ်ပါးရဲ့ ယဉ်ကျေးမှု၊ အလေ့အကျင့်တွေကိုပါ လက်ခံလေးစားနိုင်ခြင်းပါ။ ၅။ Respect for Nature and Environment (သဘာဝနှင့် ပတ်ဝန်းကျင်ကို လေးစားခြင်း) သဘာဝကို မဖျက်ဆီးဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းပါ။ အနာဂတ်မျိုးဆက်အတွက် အရေးကြီးပါတယ်။ ၆။ Respect for Time (အချိန်ကို လေးစားခြင်း) ကိုယ့်အချိန်၊ သူတစ်ပါးရဲ့ အချိန်ကို တန်ဖိုးထားနိုင်ခြင်းပါ။ အချိန်ကို လေးစားတတ်သူဟာ ယုံကြည်ရတဲ့ လူဖြစ်ပါတယ်။ ၇။ Respect for Knowledge and Learning (ပညာနှင့် သင်ယူမှုကို လေးစားခြင်း) မသိတာကို လက်ခံနိုင်ပြီး ဆက်လက်လေ့လာချင်စိတ်ရှိခြင်းပါ။ သိတတ်နားလည်မှုကို တန်ဖိုးထားခြင်းပါ။ ၈။ Respect for Responsibility (တာဝန်ယူမှုကို လေးစားခြင်း) ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူနိုင်ခြင်း၊ အမှားရှိရင် ဝန်ခံပြင်ဆင်နိုင်ခြင်းပါ။ ၉။ Respect for Elders and Authority (အကြီးအကဲများနှင့် တာဝန်ရှိသူများကို လေးစားခြင်း) အတွေ့အကြုံရှိသူများ၊ တာဝန်ယူထားသူများကို နားထောင်လေးစားနိုင်ခြင်းပါ။ ၁၀။ Respect for Partners (ချစ်သူ၊ အိမ်ထောင်ဖက်ကို လေးစားခြင်း) အမြင်မတူတဲ့အချိန်မှာတောင် မလျှော့ချဘဲ နားလည်မှုနဲ့ ဆက်ဆံနိုင်ခြင်းပါ။ စကား၊ အပြုအမူ၊ ဆုံးဖြတ်ချက်တွေမှာ တန်းတူတန်ဖိုးထားနိုင်ခြင်းက အမှန်တကယ် လေးစားခြင်းပါ။ နိဂုံးချုပ် Respect ဆိုတာ စကားနဲ့မဟုတ်ဘဲ နေထိုင်ပုံအမူအကျင့်နဲ့ ပြသရတဲ့ အရာပါ။ လေးစားမှု ၁၀ မျိုးကို နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်ရင် ကိုယ့်တန်ဖိုးလည်း မြင့်လာပြီး လူမှုအသိုင်းအဝိုင်းထဲမှာ ယုံကြည်မှုနဲ့ လက်ခံမှုကိုပါ ရရှိလာပါလိမ့်မယ်။ Kh,John(Hantharwaddy)
    Like
    Care
    2
    · 0 Comments ·0 Shares ·86 Views
  • #စာနာတတ်သော
    နှလုံးသားတစ်စုံ

    လောကမှာ
    လူတွေသင့်ကို
    ဘယ်လိုမြင်တယ်၊
    ဘယ်လိုထင်တယ်
    ဆိုတာက
    အရေးမကြီးပါဘူး..။

    အရေးကြီးတာက
    သင့်ကိုယ်သင်
    လူပီသတဲ့လူကောင်း
    တစ်ယောက်
    ဖြစ်အောင်ရှင်သန်
    ရပ်တည်နိုင်ဖို့ပါ...။

    ဘဝမှာ
    လူတစ်ချို့က
    သင့်ရဲ့ဘွဲ့ထူး၊ဂုဏ်ထူး
    တွေနဲ့သင့်ရဲ့
    ပိုင်ဆိုင်မှုတွေအပေါ်
    အကဲခတ်ပြီး သင့်ရဲ့
    အဆင့်အတန်းကို
    ဆုံးဖြတ်ကြပါလိမ့်မယ်။

    တကယ်လို့သင့်ဆီမှာ
    သူတို့သတ်မှတ်ထားတဲ့
    အရည်အချင်းတွေ
    မရှိခဲ့ဘူး ဆိုရင်

    သူတို့ကသင့်ကို
    လူတစ်ယောက်အဖြစ်
    အသိမှတ်ပြုပေးကြမှာ
    မဟုတ်ပါဘူး...။

    ဒါပေမယ့်..
    စိတ်မပျက်ပါနဲ့..။

    အဲဒီလူတွေထဲမှာ
    လူပီသပြီးလူသားဆန်တဲ့
    လူကောင်းတစ်ယောက်မှ
    မပါခဲ့ဘူးဆိုတာကို
    သိထားပါ...။

    ဉာဏ်ပညာအမြော်မြင်
    နဲ့ပြည့်စုံပြီးထက်မြက်တဲ့
    လူတော်လူကောင်းတွေက

    လူတစ်ယောက်ရဲ့အဆင့်
    အတန်းကိုဘယ်တော့မှ

    သူ့ရဲ့ဘွဲ့ထူး၊ရာထူးနဲ့
    သူ့ရဲ့ကြွယ်ဝချမ်းသာမှု
    တွေနဲ့
    မတိုင်းတာကြပါဘူး....။

    လူတစ်ယောက်ရဲ့
    အဆင့်အတန်းဆိုတာ

    သူ့ရဲ့အပြုအမူ...
    သူ့ရဲ့အပြောအဆို....
    သူ့ရဲ့စကားလုံးတွေနဲ့

    သူ့ရဲ့
    လုပ်ဆောင်ချက်တွေကို
    ကြည့်ပြီးမှပဲအကဲခတ်
    ဝေဖန်ဆုံးဖြတ်ကြတာပါ....။

    ဘယ်လောက်ပင်
    ပညာတတ်နေပါစေ
    ဘယ်လောက်ပင်
    ချမ်းသာနေပါစေ

    လူလူချင်းအတူတူ
    ဒီလိုအဆင့်အတန်း
    ခွဲခြားပြီးဆက်ဆံတတ်တဲ့

    လူတွေကို
    လောကကြီးကလည်း
    လူပိုတွေအဖြစ်
    သတ်မှတ်ပေးထားပါတယ်။

    အဲဒီလူတွေက
    သင်အောင်မြင်နေရင်
    သင့်ကိုချီးမွမ်းပြီးဝန်းရံ
    ပေးကြပါလိမ့်မယ်...။

    ဒါပေမယ့်...
    သင်ကျရှုံးနေတဲ့
    အချိန်မွာတော့သင့်ကို

    ဆွဲထူပြီးတွဲခေါ်ပေး
    ကြမှာတော့
    မဟုတ်ပါဘူး......။

    ကမ္ဘာကြီးမှာ
    အဲဒီလိုလူမျိုးတွေ
    နေရာတိုင်းလိုလိုမွာ
    ရှိနေတတ်ကြပါတယ်...။

    သူတို့ကအရာရာကို
    ငွေနဲ့တိုင်းတာပြီး
    ကြည့်နေတဲ့အတွက်

    သူတို့ရဲ့ကမ္ဘာဟာလည်း
    အမှောင်ကျ
    နေတတ်ပါတယ်....။

    ဒါကြောင့်
    သူတို့ရဲ့နှလုံးသားနဲ့
    အသိစိတ်တွေထဲမှာ

    ကိုယ်ချင်းစာတရား
    တွေလည်းပျောက်ကွယ်
    ပျက်သုဉ်းခဲ့ကြပါတယ်...။

    သူတို့က
    ဆင်းရဲချို့တဲ့ပြီး
    အားနည်းနေတဲ့သူတွေကို
    ထပ်ပြီးနင်းချေကာ
    ကဲ့ရဲ့ တတ်ကြပါတယ်..။

    ဘဝမှာ
    အဲဒီလိုလူတွေနဲ့
    ကြုံဆုံလာခဲ့တယ်ဆိုရင်
    ထိုသူတို့ကို
    သင့်ဘဝထဲက
    ဖယ်ထုတ်လိုက်ပါ....။

    အတွေးအခေါ်၊
    အယူအဆနဲ့ခံယူချက်
    မတူညီတဲ့လူတွေနဲ့

    အမြင်ချင်းဖလှယ်ရတာ
    ငြင်းခုန်မှုသက်သက်
    ဖြစ်နေတတ်ပါတယ်။

    ဒါကြောင့်သင့်ဘက်က
    အလျှော့ပေးပြီး
    လှည့်ပြန်ထွက်ခဲ့လိုက်ပါ...။

    လောကကြီးမှာ
    လူဆင်းရဲပေမယ့်
    လေးစားဂုဏ်ပြုထိုက်တဲ့

    စိတ်ကောင်း၊
    စေတနာကောင်းရှိတဲ့
    နှလုံးသားပိုင်ရှင်တွေ

    အများကြီးရှိနေတာကို
    လည်းငြင်းလို့မရနိုင်
    ပါဘူး....။

    သင့်ဘက်ကကောင်းတာ
    ဘယ်လောက်ပဲလုပ်လုပ်

    သင့်ကိုမနာလိုသူ
    အတွက်တော့
    သင့်ရဲ့လုပ်ဆောင်ချက်
    တွေအားလုံးဟာအမှား
    တွေချည်းဖြစ်နေမှာပါ...။

    လူတွေအပေါ်
    သင်ဘယ်လောက်ပင်
    ကောင်းနေပါစေ

    သင့်ကိုကြည့်မရတဲ့
    လူတစ်ယောက်အတွက်
    တော့

    သင့်ရဲ့စိတ်
    စေတနာတွေဟာ
    ဝေဒနာတွေ
    ဖြစ်နေနိုင်ပါတယ်....။

    ဘဝမှာ
    သင်ဘယ်လောက်ပင်
    အစွမ်းကုန်
    ကြိုးစားနေပါစေ

    သင်မအောင်မြင်
    သေးသရွေ့တော့
    လူတွေကသင့်ရဲ့
    ကြိုးစားအား
    ထုတ်မှုတွေကို
    အသိအမှတ်ပြုပေး
    ကြမှာမဟုတ်ပါဘူး....။

    (သူတို့ရဲ့အသိမှတ်ပြုခံရဖို့
    လည်းမလိုအပ်ပါဘူး)

    ဒါကြောင့်...
    လောကကြီးမှာ

    လူတွေရဲ့အထင်ကြီး
    လေးစားမှုနဲ့အသိမှတ်
    ပြုမှုတွေကို
    ရရှိဖို့ထက်

    လူပီသတဲ့ လူကောင်း
    တစ်ယောက်ဖြစ်အောင်
    အသက်ရှင်နေ
    ထိုင်တတ်ဖို့ကအဓိကပါ...။

    ဒါဆိုရင်လောကမှာ
    လူပီသတဲ့လူကောင်း
    တစ်ယောက်ဖြစ်ဖို့
    အတွက်

    ဘယ်လိုအရည်အချင်းမျိုး
    တွေလိုအပ်ပါသလဲ....?

    လူပီသပြီး
    လူသားဆန်တဲ့လူကောင်း
    တစ်ယောက်ဖြစ်ဖို့အတွက်

    ဘာအရည်အချင်းမှ
    မလိုအပ်ပါဘူး...။

    သင့်ရဲ့ရင်ဘတ်ကြီးထဲမှာ

    ကိုယ်ချင်းစာတရား"
    ဆိုတဲ့

    လူလူချင်းအပေါ်
    စာနာတတ်တဲ့
    နှလုံးသားတစ်စုံရှိနေဖို့ပဲ
    လိုအပ်တာပါ....။

    လောကကြီးမှာ
    ငွေကြေးချမ်းသာ
    ပြည့်စုံသော်လည်း

    လောကကြီးနဲ့လူတွေ
    အတွက်

    ဘာအကျိုးမှမပြုဘဲ
    လောဘစိတ်တွေပိပြီး
    သောကမီးတွေကြားမှာ

    အရှင်လတ်လတ်နဲ့
    ငရဲကျနေတဲ့သူတွေလည်း
    အများကြီးပါ...။

    သင်မအောင်မြင်နိုင်
    သေးသရွေ့တော့

    အောင်မြင်ကျော်ကြား
    နေသူတွေရဲ့ကြားမှာ
    လူရာဝင်ဆန့်နိုင်မှာ
    မဟုတ်ပါဘူး...။

    သင်မချမ်းသာသေး
    သရွေ့တော့
    ချမ်းသာနေတဲ့သူတွေ
    ကြားမှာ

    ရင်ကော့ခေါင်းမော့နိုင်
    မှာမဟုတ်ပါဘူး......။

    ဒါပေမယ့်
    စိတ်ဓာတ်ကျပြီး
    သိမ်ငယ်နေဖို့မလိုပါဘူး....။

    လောကကြီးက
    သင်နဲ့ထိုက်တန်တဲ့
    အရာကို
    သင့်အတွက်ကြိုတင်
    ပြင်ဆင်ပြီး

    သင့်ကိုလက်ဆောင်
    အဖြစ်နဲ့ပေးအပ်ပြီး
    သားပါ...။

    ဒါကိုသင့်ဘက်က
    စိတ်သဘောထားကြီးကြီးနဲ့
    လက်ခံရယူတတ်ဖို့ပဲ
    လိုအပ်တာပာ...။

    ဘဝမှာ
    သင့်ကိုချီးမွမ်းသူပဲ
    ဖြစ်ဖြစ်

    သင့်ကိုရှုတ်ချကဲ့ရဲ့
    သူပဲဖြစ်ဖြစ်

    သင်ဒုက္ခရောက်နေတဲ့
    အချိန်မှာတော့

    သင့်ကိုလာကူညီ
    ပေးကြမှာမဟုတ်ဘူး။

    ဒါကြောင့်
    သင့်ရဲ့ဘဝမှာ

    ချီးမွမ်းသံကြားရတဲ့
    အချိန်မှာလည်း
    သာယာနေဖို့မလိုအပ်
    သလို

    ကဲ့ရဲ့သံကြားရရင်လည်း
    ဝမ်းနည်းနေဖို့မလိုပါဘူး....။

    လောကမှာ
    သင်သည်သာလျင်
    သင့်ဘဝရဲ့ပဲ့ကိုင်ရှင်
    ဆိုတာ
    သိထားပါ....။

    ဘဝမှာ
    အလှပဆုံးနဲ့ရှင်သန်ပါ။

    အတောက်ပဆုံး
    ဖြစ်အောင်
    လင်းလက်ပါ.....။

    အရိုးသားဆုံးနဲ့
    ကြိုးစားပါ။

    လူတွေသင့်ကို
    ဘယ်လိုကြည့်နေတယ်
    ဆိုတာက
    အရေးမကြီပါဘူးး။

    သင့်ကိုယ်သင်
    ယုံကြည်မှုတိုးတက်
    အောင်တည်ဆောက်ပြီး

    သင့်ဘဝကိုပုံဖော်
    ထုဆစ်တတ်ဖို့ပဲလိုအပ်
    တာပါ...။

    လဲနေသူကိုထူပေးပါ

    အားငယ်သူကို
    အားပေးပါ။

    ဆာလောင်နေသူကို
    သင့်အထဲက ဝေမျှပါ...။

    ဒီလိုလုပ်ဆောင်မှုဟာ
    လူတွေရဲ့
    အသိအမှတ်ပြုခြင်းကို
    ခံရဖို့မဟုတ်ပါဘူး။

    လူပီသပြီး
    လူသားဆန်တဲ့လူကောင်း
    တစ်ယောက်ရဲ့
    အရည်အချင်းတွေ
    သင့်ဆီမွာရှိနေလို့
    သင်လုပ်နိုင်တာပါ...။

    ဒါဆိုရင်
    လူတွေကသင့်ကို
    အသိမှတ်မပြုပေး
    ကြပေမယ့်

    လောကကြီးကတော့
    သင့်ကို
    လူပီသတဲ့လူကောင်း
    တစ်ယောက်အဖြစ်နဲ့
    အသိမှတ်ပြုပေးနေပါ
    တယ်...။

    ကမ္ဘာကြီးမှာ
    ငွေရှိသူ၊ဂုဏ်ရှိသူ
    အောင်မြင်
    ကျော်ကြားနေသူ
    တွေအများကြီးပါ.....။

    ဒါပေမယ့်...
    လူတိုင်း ဆီမှာတော့
    စာနာတတ်တဲ့နှလုံးသား
    ဆိုတာမရှိပါဘူး...။

    အောင်မြင်ကျော်ကြားပြီး
    ကြွယ်ဝချမ်းသာတဲ့

    လူတွေ ဆီမှာတောင်
    မရှိတဲ့
    ကိုယ်ချင်းစာတရား

    သင့်ဆီမှာရှိနေခြင်းဟာ

    ထိုသူတို့ထက်
    အဆပေါင်းများစွာ
    ပိုပြီးသာလွန်နေတယ်
    ဆိုတာသိထားပါ...။

    ကမ္ဘာကြီးက
    လိုအပ်နေတဲ့အရာ
    တွေက

    ဂုဏ်ထူး၊ဘွဲ့ထူးနဲ့စည်းစ်ိမ်
    ချမ်းသာမှုတွေ
    မဟုတ်ပါဘူး...။

    ကမ္ဘာကြီးကအမှန်
    တကယ်
    လိုအပ်နေတာက

    မေတ္တာတရားတွေ...
    အကြင်နာတရားတွေ..
    စာနာဖေးမမှုတွေနဲ့

    ကိုယ်ချင်းစာ
    တရားတွေကိုဘဲ
    လိုအပ်နေတာပါ။

    #HelloEveryone #fbreelsfypシ゚viralfbreelsfypシ゚viral #GeminiAI #fypviralシ
    #စာနာတတ်သော နှလုံးသားတစ်စုံ လောကမှာ လူတွေသင့်ကို ဘယ်လိုမြင်တယ်၊ ဘယ်လိုထင်တယ် ဆိုတာက အရေးမကြီးပါဘူး..။ အရေးကြီးတာက သင့်ကိုယ်သင် လူပီသတဲ့လူကောင်း တစ်ယောက် ဖြစ်အောင်ရှင်သန် ရပ်တည်နိုင်ဖို့ပါ...။ ဘဝမှာ လူတစ်ချို့က သင့်ရဲ့ဘွဲ့ထူး၊ဂုဏ်ထူး တွေနဲ့သင့်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် အကဲခတ်ပြီး သင့်ရဲ့ အဆင့်အတန်းကို ဆုံးဖြတ်ကြပါလိမ့်မယ်။ တကယ်လို့သင့်ဆီမှာ သူတို့သတ်မှတ်ထားတဲ့ အရည်အချင်းတွေ မရှိခဲ့ဘူး ဆိုရင် သူတို့ကသင့်ကို လူတစ်ယောက်အဖြစ် အသိမှတ်ပြုပေးကြမှာ မဟုတ်ပါဘူး...။ ဒါပေမယ့်.. စိတ်မပျက်ပါနဲ့..။ အဲဒီလူတွေထဲမှာ လူပီသပြီးလူသားဆန်တဲ့ လူကောင်းတစ်ယောက်မှ မပါခဲ့ဘူးဆိုတာကို သိထားပါ...။ ဉာဏ်ပညာအမြော်မြင် နဲ့ပြည့်စုံပြီးထက်မြက်တဲ့ လူတော်လူကောင်းတွေက လူတစ်ယောက်ရဲ့အဆင့် အတန်းကိုဘယ်တော့မှ သူ့ရဲ့ဘွဲ့ထူး၊ရာထူးနဲ့ သူ့ရဲ့ကြွယ်ဝချမ်းသာမှု တွေနဲ့ မတိုင်းတာကြပါဘူး....။ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ သူ့ရဲ့အပြုအမူ... သူ့ရဲ့အပြောအဆို.... သူ့ရဲ့စကားလုံးတွေနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးမှပဲအကဲခတ် ဝေဖန်ဆုံးဖြတ်ကြတာပါ....။ ဘယ်လောက်ပင် ပညာတတ်နေပါစေ ဘယ်လောက်ပင် ချမ်းသာနေပါစေ လူလူချင်းအတူတူ ဒီလိုအဆင့်အတန်း ခွဲခြားပြီးဆက်ဆံတတ်တဲ့ လူတွေကို လောကကြီးကလည်း လူပိုတွေအဖြစ် သတ်မှတ်ပေးထားပါတယ်။ အဲဒီလူတွေက သင်အောင်မြင်နေရင် သင့်ကိုချီးမွမ်းပြီးဝန်းရံ ပေးကြပါလိမ့်မယ်...။ ဒါပေမယ့်... သင်ကျရှုံးနေတဲ့ အချိန်မွာတော့သင့်ကို ဆွဲထူပြီးတွဲခေါ်ပေး ကြမှာတော့ မဟုတ်ပါဘူး......။ ကမ္ဘာကြီးမှာ အဲဒီလိုလူမျိုးတွေ နေရာတိုင်းလိုလိုမွာ ရှိနေတတ်ကြပါတယ်...။ သူတို့ကအရာရာကို ငွေနဲ့တိုင်းတာပြီး ကြည့်နေတဲ့အတွက် သူတို့ရဲ့ကမ္ဘာဟာလည်း အမှောင်ကျ နေတတ်ပါတယ်....။ ဒါကြောင့် သူတို့ရဲ့နှလုံးသားနဲ့ အသိစိတ်တွေထဲမှာ ကိုယ်ချင်းစာတရား တွေလည်းပျောက်ကွယ် ပျက်သုဉ်းခဲ့ကြပါတယ်...။ သူတို့က ဆင်းရဲချို့တဲ့ပြီး အားနည်းနေတဲ့သူတွေကို ထပ်ပြီးနင်းချေကာ ကဲ့ရဲ့ တတ်ကြပါတယ်..။ ဘဝမှာ အဲဒီလိုလူတွေနဲ့ ကြုံဆုံလာခဲ့တယ်ဆိုရင် ထိုသူတို့ကို သင့်ဘဝထဲက ဖယ်ထုတ်လိုက်ပါ....။ အတွေးအခေါ်၊ အယူအဆနဲ့ခံယူချက် မတူညီတဲ့လူတွေနဲ့ အမြင်ချင်းဖလှယ်ရတာ ငြင်းခုန်မှုသက်သက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်သင့်ဘက်က အလျှော့ပေးပြီး လှည့်ပြန်ထွက်ခဲ့လိုက်ပါ...။ လောကကြီးမှာ လူဆင်းရဲပေမယ့် လေးစားဂုဏ်ပြုထိုက်တဲ့ စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့ နှလုံးသားပိုင်ရှင်တွေ အများကြီးရှိနေတာကို လည်းငြင်းလို့မရနိုင် ပါဘူး....။ သင့်ဘက်ကကောင်းတာ ဘယ်လောက်ပဲလုပ်လုပ် သင့်ကိုမနာလိုသူ အတွက်တော့ သင့်ရဲ့လုပ်ဆောင်ချက် တွေအားလုံးဟာအမှား တွေချည်းဖြစ်နေမှာပါ...။ လူတွေအပေါ် သင်ဘယ်လောက်ပင် ကောင်းနေပါစေ သင့်ကိုကြည့်မရတဲ့ လူတစ်ယောက်အတွက် တော့ သင့်ရဲ့စိတ် စေတနာတွေဟာ ဝေဒနာတွေ ဖြစ်နေနိုင်ပါတယ်....။ ဘဝမှာ သင်ဘယ်လောက်ပင် အစွမ်းကုန် ကြိုးစားနေပါစေ သင်မအောင်မြင် သေးသရွေ့တော့ လူတွေကသင့်ရဲ့ ကြိုးစားအား ထုတ်မှုတွေကို အသိအမှတ်ပြုပေး ကြမှာမဟုတ်ပါဘူး....။ (သူတို့ရဲ့အသိမှတ်ပြုခံရဖို့ လည်းမလိုအပ်ပါဘူး) ဒါကြောင့်... လောကကြီးမှာ လူတွေရဲ့အထင်ကြီး လေးစားမှုနဲ့အသိမှတ် ပြုမှုတွေကို ရရှိဖို့ထက် လူပီသတဲ့ လူကောင်း တစ်ယောက်ဖြစ်အောင် အသက်ရှင်နေ ထိုင်တတ်ဖို့ကအဓိကပါ...။ ဒါဆိုရင်လောကမှာ လူပီသတဲ့လူကောင်း တစ်ယောက်ဖြစ်ဖို့ အတွက် ဘယ်လိုအရည်အချင်းမျိုး တွေလိုအပ်ပါသလဲ....? လူပီသပြီး လူသားဆန်တဲ့လူကောင်း တစ်ယောက်ဖြစ်ဖို့အတွက် ဘာအရည်အချင်းမှ မလိုအပ်ပါဘူး...။ သင့်ရဲ့ရင်ဘတ်ကြီးထဲမှာ ကိုယ်ချင်းစာတရား" ဆိုတဲ့ လူလူချင်းအပေါ် စာနာတတ်တဲ့ နှလုံးသားတစ်စုံရှိနေဖို့ပဲ လိုအပ်တာပါ....။ လောကကြီးမှာ ငွေကြေးချမ်းသာ ပြည့်စုံသော်လည်း လောကကြီးနဲ့လူတွေ အတွက် ဘာအကျိုးမှမပြုဘဲ လောဘစိတ်တွေပိပြီး သောကမီးတွေကြားမှာ အရှင်လတ်လတ်နဲ့ ငရဲကျနေတဲ့သူတွေလည်း အများကြီးပါ...။ သင်မအောင်မြင်နိုင် သေးသရွေ့တော့ အောင်မြင်ကျော်ကြား နေသူတွေရဲ့ကြားမှာ လူရာဝင်ဆန့်နိုင်မှာ မဟုတ်ပါဘူး...။ သင်မချမ်းသာသေး သရွေ့တော့ ချမ်းသာနေတဲ့သူတွေ ကြားမှာ ရင်ကော့ခေါင်းမော့နိုင် မှာမဟုတ်ပါဘူး......။ ဒါပေမယ့် စိတ်ဓာတ်ကျပြီး သိမ်ငယ်နေဖို့မလိုပါဘူး....။ လောကကြီးက သင်နဲ့ထိုက်တန်တဲ့ အရာကို သင့်အတွက်ကြိုတင် ပြင်ဆင်ပြီး သင့်ကိုလက်ဆောင် အဖြစ်နဲ့ပေးအပ်ပြီး သားပါ...။ ဒါကိုသင့်ဘက်က စိတ်သဘောထားကြီးကြီးနဲ့ လက်ခံရယူတတ်ဖို့ပဲ လိုအပ်တာပာ...။ ဘဝမှာ သင့်ကိုချီးမွမ်းသူပဲ ဖြစ်ဖြစ် သင့်ကိုရှုတ်ချကဲ့ရဲ့ သူပဲဖြစ်ဖြစ် သင်ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ သင့်ကိုလာကူညီ ပေးကြမှာမဟုတ်ဘူး။ ဒါကြောင့် သင့်ရဲ့ဘဝမှာ ချီးမွမ်းသံကြားရတဲ့ အချိန်မှာလည်း သာယာနေဖို့မလိုအပ် သလို ကဲ့ရဲ့သံကြားရရင်လည်း ဝမ်းနည်းနေဖို့မလိုပါဘူး....။ လောကမှာ သင်သည်သာလျင် သင့်ဘဝရဲ့ပဲ့ကိုင်ရှင် ဆိုတာ သိထားပါ....။ ဘဝမှာ အလှပဆုံးနဲ့ရှင်သန်ပါ။ အတောက်ပဆုံး ဖြစ်အောင် လင်းလက်ပါ.....။ အရိုးသားဆုံးနဲ့ ကြိုးစားပါ။ လူတွေသင့်ကို ဘယ်လိုကြည့်နေတယ် ဆိုတာက အရေးမကြီပါဘူးး။ သင့်ကိုယ်သင် ယုံကြည်မှုတိုးတက် အောင်တည်ဆောက်ပြီး သင့်ဘဝကိုပုံဖော် ထုဆစ်တတ်ဖို့ပဲလိုအပ် တာပါ...။ လဲနေသူကိုထူပေးပါ အားငယ်သူကို အားပေးပါ။ ဆာလောင်နေသူကို သင့်အထဲက ဝေမျှပါ...။ ဒီလိုလုပ်ဆောင်မှုဟာ လူတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရဖို့မဟုတ်ပါဘူး။ လူပီသပြီး လူသားဆန်တဲ့လူကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေ သင့်ဆီမွာရှိနေလို့ သင်လုပ်နိုင်တာပါ...။ ဒါဆိုရင် လူတွေကသင့်ကို အသိမှတ်မပြုပေး ကြပေမယ့် လောကကြီးကတော့ သင့်ကို လူပီသတဲ့လူကောင်း တစ်ယောက်အဖြစ်နဲ့ အသိမှတ်ပြုပေးနေပါ တယ်...။ ကမ္ဘာကြီးမှာ ငွေရှိသူ၊ဂုဏ်ရှိသူ အောင်မြင် ကျော်ကြားနေသူ တွေအများကြီးပါ.....။ ဒါပေမယ့်... လူတိုင်း ဆီမှာတော့ စာနာတတ်တဲ့နှလုံးသား ဆိုတာမရှိပါဘူး...။ အောင်မြင်ကျော်ကြားပြီး ကြွယ်ဝချမ်းသာတဲ့ လူတွေ ဆီမှာတောင် မရှိတဲ့ ကိုယ်ချင်းစာတရား သင့်ဆီမှာရှိနေခြင်းဟာ ထိုသူတို့ထက် အဆပေါင်းများစွာ ပိုပြီးသာလွန်နေတယ် ဆိုတာသိထားပါ...။ ကမ္ဘာကြီးက လိုအပ်နေတဲ့အရာ တွေက ဂုဏ်ထူး၊ဘွဲ့ထူးနဲ့စည်းစ်ိမ် ချမ်းသာမှုတွေ မဟုတ်ပါဘူး...။ ကမ္ဘာကြီးကအမှန် တကယ် လိုအပ်နေတာက မေတ္တာတရားတွေ... အကြင်နာတရားတွေ.. စာနာဖေးမမှုတွေနဲ့ ကိုယ်ချင်းစာ တရားတွေကိုဘဲ လိုအပ်နေတာပါ။ #HelloEveryone #fbreelsfypシ゚viralfbreelsfypシ゚viral #GeminiAI #fypviralシ
    Like
    Care
    2
    · 0 Comments ·0 Shares ·108 Views
  • ကောင်းမွန်စွာ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရေးကြီးဆုံးပါ။ ဒီလေ့ကျင့်ခန်းက သင့်ရဲ့စိတ်ဖိစီးမှုတွေကို ချက်ချင်းပိတ်ပြီး အနားယူမှု အပြည့်အဝရစေဖို့ ကူညီပေးပါလိမ့်မယ်။
    ဒီလေ့ကျင့်ခန်းက ဘာကြောင့် အကောင်းဆုံးလဲ?
    1️⃣ ဖိစီးမှုကို ပိတ်၊ အိပ်စက်မှုကို ဖွင့်
    • စိတ်ဖိစီးမှုတွေကို ထိန်းချုပ်တဲ့ Parasympathetic Nervous System (အနားယူခြင်းနဲ့ အစာချေဖျက်ခြင်း စနစ်) ကို လှုံ့ဆော်ပေးပါတယ်။
    • နှလုံးခုန်နှုန်းကို နှေးစေပြီး ဦးနှောက်ကို ငြိမ်သက်စေတာကြောင့် အိပ်ပျော်ဖို့ လွယ်ကူစေပါတယ်။
    2️⃣ တင်းမာနေတဲ့ တင်ပါးဆုံကို ဖြေလျော့ပေး
    • စိတ်ဖိစီးမှုတွေ စုနေတတ်တဲ့ တင်ပါးဆုံနဲ့ ပေါင်ခြံတွေကို ပြေလျော့စေတာဟာ ခန္ဓာကိုယ်က "ငါ လုံခြုံပြီ" လို့ မှတ်ယူပြီး အနားယူမှု အပြည့်အဝကို လက်ခံနိုင်စေပါတယ်။
    3️⃣ သွေးလှည့်ပတ်မှု ကောင်းစေခြင်း
    • ခန္ဓာကိုယ် အောက်ပိုင်းက သွေးနဲ့ အချွဲရည် (Lymph) လည်ပတ်မှုကို ကောင်းမွန်စေလို့ ခြေထောက်လေးတာ၊ ဖောယောင်တာနဲ့ ညဘက် ခြေထောက်မငြိမ်တာတွေကို သက်သာစေပါတယ်။
    4️⃣ အူလမ်းကြောင်းကို အထောက်အကူပြု
    • ဗိုက်သားကို ဖြေလျော့ပေးပြီး ညဘက် အူလမ်းကြောင်း ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပါတယ်။ ဗိုက်တင်းတာ၊ လေပွတာ လျော့စေပြီး မနက်လင်းတဲ့အထိ အိပ်ပျော်စေပါတယ်။
    ဘယ်လိုလုပ်ရမလဲ (၅-၁၅ မိနစ်)
    1. ပက်လက်လှန်ပြီး ဒူးနှစ်ဖက်ကို ကွေးလိုက်ပါ။
    2. ခြေဖဝါးနှစ်ခုကို ပူးကပ်လိုက်ပြီး ဒူးတွေကို လိပ်ပြာတောင်ပံလို ဘေးဘက်သို့ ဖွင့်ထားပါ။
    3. အရေးကြီး: စတင်လေ့ကျင့်သူများအနေနဲ့ ဒူးနှစ်ဖက်အောက်မှာ ခေါင်းအုံး (သို့) ခံပစ္စည်း ခံထားပေးပါ။ (ဒါမှ တင်းအားမရှိဘဲ အနားယူနိုင်မှာပါ)
    4. လက်တွေကို ဗိုက်ပေါ် ဒါမှမဟုတ် ဘေးနားမှာ ချထားပါ။
    5. မျက်လုံးကို မှိတ်၊ ဖြည်းဖြည်းချင်း အသက်ရှူပါ။ (ဥပမာ- ၄ စက္ကန့် ရှူသွင်း၊ ၆ စက္ကန့် ရှူထုတ်)
    6. မိနစ် ၂၀ အထိ သက်တောင့်သက်သာ နေနိုင်ပါတယ်။
    ဒီလေ့ကျင့်ခန်းလေးကို ညတိုင်း အိပ်ရာမဝင်ခင် လုပ်သွားမယ်ဆိုရင် အိပ်စက်မှု အရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးမှာ သေချာပါတယ်။ စမ်းကြည့်လိုက်ပါနော်!
    #yoyocooking #health #fblifestyle #ကျန်းမာရေး #သဘာဝဆေးနည်း #အိပ်ရေးဝဝအိပ်စက်ခြင်း
    ကောင်းမွန်စွာ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရေးကြီးဆုံးပါ။ ဒီလေ့ကျင့်ခန်းက သင့်ရဲ့စိတ်ဖိစီးမှုတွေကို ချက်ချင်းပိတ်ပြီး အနားယူမှု အပြည့်အဝရစေဖို့ ကူညီပေးပါလိမ့်မယ်။ ✨ ဒီလေ့ကျင့်ခန်းက ဘာကြောင့် အကောင်းဆုံးလဲ? 1️⃣ ဖိစီးမှုကို ပိတ်၊ အိပ်စက်မှုကို ဖွင့် • စိတ်ဖိစီးမှုတွေကို ထိန်းချုပ်တဲ့ Parasympathetic Nervous System (အနားယူခြင်းနဲ့ အစာချေဖျက်ခြင်း စနစ်) ကို လှုံ့ဆော်ပေးပါတယ်။ • နှလုံးခုန်နှုန်းကို နှေးစေပြီး ဦးနှောက်ကို ငြိမ်သက်စေတာကြောင့် အိပ်ပျော်ဖို့ လွယ်ကူစေပါတယ်။ 2️⃣ တင်းမာနေတဲ့ တင်ပါးဆုံကို ဖြေလျော့ပေး • စိတ်ဖိစီးမှုတွေ စုနေတတ်တဲ့ တင်ပါးဆုံနဲ့ ပေါင်ခြံတွေကို ပြေလျော့စေတာဟာ ခန္ဓာကိုယ်က "ငါ လုံခြုံပြီ" လို့ မှတ်ယူပြီး အနားယူမှု အပြည့်အဝကို လက်ခံနိုင်စေပါတယ်။ 3️⃣ သွေးလှည့်ပတ်မှု ကောင်းစေခြင်း • ခန္ဓာကိုယ် အောက်ပိုင်းက သွေးနဲ့ အချွဲရည် (Lymph) လည်ပတ်မှုကို ကောင်းမွန်စေလို့ ခြေထောက်လေးတာ၊ ဖောယောင်တာနဲ့ ညဘက် ခြေထောက်မငြိမ်တာတွေကို သက်သာစေပါတယ်။ 4️⃣ အူလမ်းကြောင်းကို အထောက်အကူပြု • ဗိုက်သားကို ဖြေလျော့ပေးပြီး ညဘက် အူလမ်းကြောင်း ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပါတယ်။ ဗိုက်တင်းတာ၊ လေပွတာ လျော့စေပြီး မနက်လင်းတဲ့အထိ အိပ်ပျော်စေပါတယ်။ ✨ ဘယ်လိုလုပ်ရမလဲ (၅-၁၅ မိနစ်) 1. ပက်လက်လှန်ပြီး ဒူးနှစ်ဖက်ကို ကွေးလိုက်ပါ။ 2. ခြေဖဝါးနှစ်ခုကို ပူးကပ်လိုက်ပြီး ဒူးတွေကို လိပ်ပြာတောင်ပံလို ဘေးဘက်သို့ ဖွင့်ထားပါ။ 3. 👉 အရေးကြီး: စတင်လေ့ကျင့်သူများအနေနဲ့ ဒူးနှစ်ဖက်အောက်မှာ ခေါင်းအုံး (သို့) ခံပစ္စည်း ခံထားပေးပါ။ (ဒါမှ တင်းအားမရှိဘဲ အနားယူနိုင်မှာပါ) 4. လက်တွေကို ဗိုက်ပေါ် ဒါမှမဟုတ် ဘေးနားမှာ ချထားပါ။ 5. မျက်လုံးကို မှိတ်၊ ဖြည်းဖြည်းချင်း အသက်ရှူပါ။ (ဥပမာ- ၄ စက္ကန့် ရှူသွင်း၊ ၆ စက္ကန့် ရှူထုတ်) 6. မိနစ် ၂၀ အထိ သက်တောင့်သက်သာ နေနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးကို ညတိုင်း အိပ်ရာမဝင်ခင် လုပ်သွားမယ်ဆိုရင် အိပ်စက်မှု အရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးမှာ သေချာပါတယ်။ စမ်းကြည့်လိုက်ပါနော်! #yoyocooking #health #fblifestyle #ကျန်းမာရေး #သဘာဝဆေးနည်း #အိပ်ရေးဝဝအိပ်စက်ခြင်း
    Care
    1
    · 0 Comments ·0 Shares ·148 Views
  • အိမ်မွေးကြက်ဥတို့ တောကြက်ဥတို့က
    ရှားတယ်အကိုရေ..
    တောရွာတွေမှာ ဝယ်ရလွယ်ပေမဲ့ ကျမတို့မြို့မှာက
    ရှာရခက်တယ် တဲ့။

    ဒါနဲ့ ရိုးရိုး ကြက်ဥ မရဘူးလား ဆိုပြီး...
    မေးလာတာကြောင့်....

    ရိုးရိုးကြက်ဥ မရဘူးဗျ။
    အိမ်မွေးကြက်ဥနဲ့မှ အဆင်ပြေမှာ။
    ဓာတ်ဥတွေနဲ့က ဆေးမဖြစ်ဘူး....
    ၅ ရက် တဈေးနေ့တွေမှာ တောကလာတဲ့ဈေးသည်တွေဆီကနေ ဝယ်လို့ရပါတယ် လို့ ကျနော်ကပြောလိုက်တော့....

    အလုပ်ရှုတ်လို့ပါ တဲ့...

    အဒီ ညီမပြောလိုက်တာကိုကြားပြီး....
    အမှန်တိုင်းဝန်ခံရရင် ကျနော် အတော်ကြီးကို
    တင်းသွားတယ် ဗျ။

    စဉ်းစားကြည့်ဗျာ..
    ကိုယ့် မိဘရဲ့ရောဂါအတွက် ဈေးနေ့လိုရက်မှာ အိမ်ကြက်ဥဝယ်ရမှာကိုတောင် အလုပ်ရှုတ်လို့ပါ
    ဘာညာဆိုတော့....

    မသိရင် ကျုပ်ကပဲ အားယားနေလို့ သူတို့ဆီလာပြီး ပြောပြနေတဲ့ပုံစံ။

    ဒါနဲ့ပဲ စိတ်ထဲမှာ နည်းနည်းခုသွားတာနဲ့....
    လုပ်နိုင်ရင်လုပ်ပါ အလုပ်ရှုတ်လို့ မလုပ်ချင်ရင်လည်း မလုပ်ပါနဲ့လို့ ပြောပြီး...
    ထပြန်မယ်လုပ်တော့...

    သူငယ်ချင်းဖြစ်သူ ကိုအောင်က ...
    ဟျောင့် အဲ့လိုမလုပ်ပါနဲ့ဟာဆိုပြီး ပြန်ထိုင်ခိုင်းတယ်။

    သူ့ကောင်မလေး အပြောကို ကျနော်မကြိုက်လို့ဆိုတာ သူ့သဘောပေါက်ပုံပဲ။

    ကျနော်ပြောလိုက်တဲ့လေသံက ဘုကျကျ ဖြစ် သွားတာကြောင့်ထင်တယ်...
    ကိုအောင် ကောင်မလေးက အနားထိလာပြီး...
    ညီမက ဘယ်လိုသဘောမျိုးနဲ့မှ ပြောလိုက်တာမဟုတ်ပါဘူး အကိုရယ်...
    အိမ်မှာက လူခွဲမရှိတော့ တခုတကကြီးရှာဝယ်ရမှာမို့
    ပြီးတော့ ဓာတ်ဥနဲ့ရတာ မရတာလည်း သိထားချင်လို့ပါဆိုပြီး ရှင်းပြတယ်။

    အဲ့တော့လည်း Sorry ပါပေါ့ဗျာ...

    အရင်တုန်းကတော့ အဖေက ကျော'က်က'ပ်ဆေးရတယ်။
    ခုနောက်ပိုင်း မဆေးဖြစ်တော့ဘူး...
    သွားရေးလာရေးရော ငွေရေးကြေးရေးရောကြောင့်ဆိုပါတော့ အကို...
    အဲ့ဒါ ကိုအောင်က အကို့ဆီမှာနည်းလမ်းတောင်းကြည့်ဆိုလို့ လေ...တဲ့။

    အေးလေ...
    အကိုပြောတာကလည်း ကျော'က်က'ပ်ဆေးခဲ့ရတဲ့အဆင့်ထိ ဖြစ်ထားတာဆိုလည်း နည်းလမ်းကရှိတယ်...
    အိမ်‌မွေးကြက်ဥ ရနိုင်လား မေးတာ...

    ရအောင်ရှာမှာပေါ့ အကို တဲ့...

    အဲ့လိုဖြစ်ရမှာလေ...ညီမ။
    ကိုယ့်မိဘခံစားနေရတဲ့ဝေဒနာကို ကုသဖို့အတွက် ဘာလိုတယ်ဆိုတာနဲ့ လုပ်ပေးရမှာက သားသမီးတစ်ယောက်အတွက် တာဝန်တို့ ဝတ္တရားတို့ထက်ပိုတဲ့...
    အသိတရားရှိရမယ်။

    သက်သာခြင်း ပျောက်ကင်းခြင်းက နောက်မှ...
    သက်သာဖြစ်စေ မသက်သာသည်ဖြစ်စေ လုပ်ပေးရမှာက သားသမီးရဲ့ အသိတရားပဲ။

    ဒီတော့ ...
    ညီမအဖေရဲ့ရောဂါအတွက် အိမ်ကြက်ဥ များများ ဝယ်ထားပါ။
    တစ်နေ့ကို အိမ်ကြက်ဥ ၂ လုံး နဲ့ ရှားစောင်းလက်ပက် တစ်ထွာ ကုန်မယ်။

    ပြုလုပ်ရမဲ့နည်းလမ်းက...
    အိမ်ကြက်ဥကိုဖောက် အကာအရည်ကိုယူ
    (အနှစ်လုံးဝ မပါရ)
    ရှားစောင်းလက်ပက် အတွင်းဂျက်လီသားကို ခြစ်ယူပြီး...
    ကြက်ဥအကာရည်နဲ့ ဂျက်လီကို ရောပြီး မွှေပေး။
    စီးပိုင်ပြီး အနှစ်ကျအရောင်ကျတဲ့အထိ မွေပြီး လူနာကိုတိုက်ပေးပါ။
    နေ့စဉ်ပုံမှန် တစ်လတိတိ တိုက်ပေးပါ။
    ရောဂါဝေဒနာ သိသာလာပြီး သက်သာလာတဲ့အခါ ရက်ခြားပြီး သောက်ပေးပေါ့။
    လုံးဝ ပြန်ကောင်းလာဖို့ဆိုတာကတော့ အချိန်ပေးမယ် ဆိုပြီး ပြောပြလိုက်တော့...

    ဟုတ်ကဲ့အကို ..
    ညီမ သေခြာလုပ်ပြီး အဖေ့ကို ကုပါမယ်တဲ့။

    ဒါနဲ့ အဖေ့မှာက ဆီ;ချိုရော သွေ;တိုးပါရှိနေတယ်...
    အဲ့ဒါ အဆင်ပြေရဲ့လားဆိုပြီး မေးလာတာကြောင့်..

    ဒီနည်းလမ်းက သေ;ချိုသွေ;တိုး ရှိသူတွေအတွက်လည်း အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းဖြစ်လို့ စိတ်ချလက်ချသာ ပြုလုပ်အသုံးပြုကြည့်ပါလို့ ရှင်းပြပြီး ပြန်ခဲ့ကြတယ်။

    လက်တွေ့မှ လက်တွေ့ပါ။
    ခုဆို ကိုအောင်ရဲ့ယောက္ခမ
    ဦးလေးဦးထွန်းကြည်တစ်ယောက် အတော်ကို ကျန်းမာနေပါပြီဗျ။

    ကျနော့်မိတ်ဆွေများအနေဖြင့်လည်း ကိုယ်တိုင်လိုအပ်လို့ပဲဖြစ်ဖြစ် အသိမိတ်ဆွေထဲက
    ကျော'က်က'ပ်ရောဂါရှိနေသူများကိုပဲဖြစ်ဖြစ် အကြံပြုပေးကြပါ..
    ဒီနည်းလမ်းက အများကြီးထိရောက်ပြီး အလွန်ကောင်းတဲ့နည်းလမ်းဖြစ်သလို...
    ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အကြောင်း...

    ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    စာရေးသားသူ.....
    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)
    အိမ်မွေးကြက်ဥတို့ တောကြက်ဥတို့က ရှားတယ်အကိုရေ.. တောရွာတွေမှာ ဝယ်ရလွယ်ပေမဲ့ ကျမတို့မြို့မှာက ရှာရခက်တယ် တဲ့။ ဒါနဲ့ ရိုးရိုး ကြက်ဥ မရဘူးလား ဆိုပြီး... မေးလာတာကြောင့်.... ရိုးရိုးကြက်ဥ မရဘူးဗျ။ အိမ်မွေးကြက်ဥနဲ့မှ အဆင်ပြေမှာ။ ဓာတ်ဥတွေနဲ့က ဆေးမဖြစ်ဘူး.... ၅ ရက် တဈေးနေ့တွေမှာ တောကလာတဲ့ဈေးသည်တွေဆီကနေ ဝယ်လို့ရပါတယ် လို့ ကျနော်ကပြောလိုက်တော့.... အလုပ်ရှုတ်လို့ပါ တဲ့... အဒီ ညီမပြောလိုက်တာကိုကြားပြီး.... အမှန်တိုင်းဝန်ခံရရင် ကျနော် အတော်ကြီးကို တင်းသွားတယ် ဗျ။ စဉ်းစားကြည့်ဗျာ.. ကိုယ့် မိဘရဲ့ရောဂါအတွက် ဈေးနေ့လိုရက်မှာ အိမ်ကြက်ဥဝယ်ရမှာကိုတောင် အလုပ်ရှုတ်လို့ပါ ဘာညာဆိုတော့.... မသိရင် ကျုပ်ကပဲ အားယားနေလို့ သူတို့ဆီလာပြီး ပြောပြနေတဲ့ပုံစံ။ ဒါနဲ့ပဲ စိတ်ထဲမှာ နည်းနည်းခုသွားတာနဲ့.... လုပ်နိုင်ရင်လုပ်ပါ အလုပ်ရှုတ်လို့ မလုပ်ချင်ရင်လည်း မလုပ်ပါနဲ့လို့ ပြောပြီး... ထပြန်မယ်လုပ်တော့... သူငယ်ချင်းဖြစ်သူ ကိုအောင်က ... ဟျောင့် အဲ့လိုမလုပ်ပါနဲ့ဟာဆိုပြီး ပြန်ထိုင်ခိုင်းတယ်။ သူ့ကောင်မလေး အပြောကို ကျနော်မကြိုက်လို့ဆိုတာ သူ့သဘောပေါက်ပုံပဲ။ ကျနော်ပြောလိုက်တဲ့လေသံက ဘုကျကျ ဖြစ် သွားတာကြောင့်ထင်တယ်... ကိုအောင် ကောင်မလေးက အနားထိလာပြီး... ညီမက ဘယ်လိုသဘောမျိုးနဲ့မှ ပြောလိုက်တာမဟုတ်ပါဘူး အကိုရယ်... အိမ်မှာက လူခွဲမရှိတော့ တခုတကကြီးရှာဝယ်ရမှာမို့ ပြီးတော့ ဓာတ်ဥနဲ့ရတာ မရတာလည်း သိထားချင်လို့ပါဆိုပြီး ရှင်းပြတယ်။ အဲ့တော့လည်း Sorry ပါပေါ့ဗျာ... အရင်တုန်းကတော့ အဖေက ကျော'က်က'ပ်ဆေးရတယ်။ ခုနောက်ပိုင်း မဆေးဖြစ်တော့ဘူး... သွားရေးလာရေးရော ငွေရေးကြေးရေးရောကြောင့်ဆိုပါတော့ အကို... အဲ့ဒါ ကိုအောင်က အကို့ဆီမှာနည်းလမ်းတောင်းကြည့်ဆိုလို့ လေ...တဲ့။ အေးလေ... အကိုပြောတာကလည်း ကျော'က်က'ပ်ဆေးခဲ့ရတဲ့အဆင့်ထိ ဖြစ်ထားတာဆိုလည်း နည်းလမ်းကရှိတယ်... အိမ်‌မွေးကြက်ဥ ရနိုင်လား မေးတာ... ရအောင်ရှာမှာပေါ့ အကို တဲ့... အဲ့လိုဖြစ်ရမှာလေ...ညီမ။ ကိုယ့်မိဘခံစားနေရတဲ့ဝေဒနာကို ကုသဖို့အတွက် ဘာလိုတယ်ဆိုတာနဲ့ လုပ်ပေးရမှာက သားသမီးတစ်ယောက်အတွက် တာဝန်တို့ ဝတ္တရားတို့ထက်ပိုတဲ့... အသိတရားရှိရမယ်။ သက်သာခြင်း ပျောက်ကင်းခြင်းက နောက်မှ... သက်သာဖြစ်စေ မသက်သာသည်ဖြစ်စေ လုပ်ပေးရမှာက သားသမီးရဲ့ အသိတရားပဲ။ ဒီတော့ ... ညီမအဖေရဲ့ရောဂါအတွက် အိမ်ကြက်ဥ များများ ဝယ်ထားပါ။ တစ်နေ့ကို အိမ်ကြက်ဥ ၂ လုံး နဲ့ ရှားစောင်းလက်ပက် တစ်ထွာ ကုန်မယ်။ ပြုလုပ်ရမဲ့နည်းလမ်းက... အိမ်ကြက်ဥကိုဖောက် အကာအရည်ကိုယူ (အနှစ်လုံးဝ မပါရ) ရှားစောင်းလက်ပက် အတွင်းဂျက်လီသားကို ခြစ်ယူပြီး... ကြက်ဥအကာရည်နဲ့ ဂျက်လီကို ရောပြီး မွှေပေး။ စီးပိုင်ပြီး အနှစ်ကျအရောင်ကျတဲ့အထိ မွေပြီး လူနာကိုတိုက်ပေးပါ။ နေ့စဉ်ပုံမှန် တစ်လတိတိ တိုက်ပေးပါ။ ရောဂါဝေဒနာ သိသာလာပြီး သက်သာလာတဲ့အခါ ရက်ခြားပြီး သောက်ပေးပေါ့။ လုံးဝ ပြန်ကောင်းလာဖို့ဆိုတာကတော့ အချိန်ပေးမယ် ဆိုပြီး ပြောပြလိုက်တော့... ဟုတ်ကဲ့အကို .. ညီမ သေခြာလုပ်ပြီး အဖေ့ကို ကုပါမယ်တဲ့။ ဒါနဲ့ အဖေ့မှာက ဆီ;ချိုရော သွေ;တိုးပါရှိနေတယ်... အဲ့ဒါ အဆင်ပြေရဲ့လားဆိုပြီး မေးလာတာကြောင့်.. ဒီနည်းလမ်းက သေ;ချိုသွေ;တိုး ရှိသူတွေအတွက်လည်း အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းဖြစ်လို့ စိတ်ချလက်ချသာ ပြုလုပ်အသုံးပြုကြည့်ပါလို့ ရှင်းပြပြီး ပြန်ခဲ့ကြတယ်။ လက်တွေ့မှ လက်တွေ့ပါ။ ခုဆို ကိုအောင်ရဲ့ယောက္ခမ ဦးလေးဦးထွန်းကြည်တစ်ယောက် အတော်ကို ကျန်းမာနေပါပြီဗျ။ ကျနော့်မိတ်ဆွေများအနေဖြင့်လည်း ကိုယ်တိုင်လိုအပ်လို့ပဲဖြစ်ဖြစ် အသိမိတ်ဆွေထဲက ကျော'က်က'ပ်ရောဂါရှိနေသူများကိုပဲဖြစ်ဖြစ် အကြံပြုပေးကြပါ.. ဒီနည်းလမ်းက အများကြီးထိရောက်ပြီး အလွန်ကောင်းတဲ့နည်းလမ်းဖြစ်သလို... ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အကြောင်း... ကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 စာရေးသားသူ..... ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ)
    Care
    1
    · 0 Comments ·0 Shares ·117 Views
More Results