• စိတ်ဓာတ် ယုတ်မာသူ အတွက်
    ပညာတတ်ခြင်းဟာ အလကားပဲ…

    မျော်လင့်ချက် မရှိသူအတွက်
    မနက်ဖြန် ဆိုတာ အလကားပဲ…

    သင်္ခန်းစာ မယူတတ်သူအတွက်
    အတွေ့ကြုံ ဆိုတာ အလကားပဲ…

    ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက်
    ကူညီပေးမှု့ဟာ အလကားပဲ…

    အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက်
    ခေါင်းဆောင် ဆိုတာ အလကားပဲ…

    ခံစားချက် မရှိသူ အတွက်
    နှလုံးသား တစ်စုံဟာ အလကားပဲ…

    မကြိုးစားသူ အတွက်
    အခွင့်အရေး ဆိုတာ အလကားဘဲ…

    နှမြောတွန့်တိုတတ်သူ အတွက်
    ချမ်းသာခြင်းဟာ အလကားပဲ…

    စိတ်ထားယုတ်သူ အတွက်
    ရုပ်လှခြင်းဟာ အလကားပဲ…

    မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက်
    ဆရာကောင်းဟာ အလကားပဲ…

    ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက်
    ပေါမျအတွက်ားခြင်းဟာ အလကားပဲ…

    ကုသိုလ်မပြုသူ
    ဘဝဖြစ်တည်ခြင်းက အလကားပဲ…

    ပိုင်ဆိုင်ခွင့် ရတိုင်း
    ပျော်ရွှင်ရမယ် မထင်နဲ့
    လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်…

    ဆုံးရှုံးသွားတိုင်း
    ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့
    မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်…

    အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့
    တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင်
    မကြည်နိူင်ရင် ရှုံးတာပါပဲ…

    အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား
    ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင်
    အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ…

    စွန့်လွတ်တိုင်းလည်း
    ဆုံးရှူံးရတာ မဟုတ်ဘူး
    ပိုင်ဆိုင်ရတိုင်းလည်း
    ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်…

    နားလည်မှု့မရှိရင် နီးနေလည်း
    အလကားပဲ…
    တစ်ယောက်နဲ့တစ်ယောက်
    စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း
    ရှိမလာနိူင်ဘူး…

    ဘယ်လောက် ဝေးဝေး
    စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ
    အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း
    အလိုလိုရောက်လာမှာလေ……။

    Crd to owner with respect #
    စိတ်ဓာတ် ယုတ်မာသူ အတွက် ပညာတတ်ခြင်းဟာ အလကားပဲ… မျော်လင့်ချက် မရှိသူအတွက် မနက်ဖြန် ဆိုတာ အလကားပဲ… သင်္ခန်းစာ မယူတတ်သူအတွက် အတွေ့ကြုံ ဆိုတာ အလကားပဲ… ကျေးဇူးမသိ ကျေးဇူးကမ်းသူအတွက် ကူညီပေးမှု့ဟာ အလကားပဲ… အတ္တဆန်ပြီး တကိုယ်ကောင်းဆန်သူအတွက် ခေါင်းဆောင် ဆိုတာ အလကားပဲ… ခံစားချက် မရှိသူ အတွက် နှလုံးသား တစ်စုံဟာ အလကားပဲ… မကြိုးစားသူ အတွက် အခွင့်အရေး ဆိုတာ အလကားဘဲ… နှမြောတွန့်တိုတတ်သူ အတွက် ချမ်းသာခြင်းဟာ အလကားပဲ… စိတ်ထားယုတ်သူ အတွက် ရုပ်လှခြင်းဟာ အလကားပဲ… မိုက်မဲပြီး ဆင်ခြင်တုံတရား မရှိတဲ့ တပည့်အတွက် ဆရာကောင်းဟာ အလကားပဲ… ပေးကမ်းစွန့်ကြဲမှု့ မရှိသူအတွက် ပေါမျအတွက်ားခြင်းဟာ အလကားပဲ… ကုသိုလ်မပြုသူ ဘဝဖြစ်တည်ခြင်းက အလကားပဲ… ပိုင်ဆိုင်ခွင့် ရတိုင်း ပျော်ရွှင်ရမယ် မထင်နဲ့ လောဘနဲ့ အတ္တကြောင့် ပူလောင်နိူင်တယ်… ဆုံးရှုံးသွားတိုင်း ဝမ်းနည်းပူဆွေး ရမယ်မထင်နဲ့ မေတ္တာထားတတ်ရင် ငြိမ်ချမ်းတယ်… အရှုံးပေးတိုင်း အနိူင်ရတယ်မထင်နဲ့ တစ်ပါးသူရဲ့ စိတ်ခံစားမှု့ကို မြင်အောင် မကြည်နိူင်ရင် ရှုံးတာပါပဲ… အပိုင်ရသွားလို့ အလေးမထားတော့ဘူးလား ဆုံးရှုံးသွားမှ တန်ဖိုးဆိုတာ နားလည်ရင် အဲ့ဒီဆုံးရှုံးခြင်းဟာ……နောင်တပဲဖြစ်လာမှာ… စွန့်လွတ်တိုင်းလည်း ဆုံးရှူံးရတာ မဟုတ်ဘူး ပိုင်ဆိုင်ရတိုင်းလည်း ဖမ်းဆုပ်ခွင့် ရှိချင်မှရှိမယ်… နားလည်မှု့မရှိရင် နီးနေလည်း အလကားပဲ… တစ်ယောက်နဲ့တစ်ယောက် စိတ်ခြင်းဝေးတဲ့ အခါ ပျော်ရွှင်မှုဆိုတာလည်း ရှိမလာနိူင်ဘူး… ဘယ်လောက် ဝေးဝေး စိတ်ခြင်းနီးနေမှ နားလည်မှုတွေ ယုံကြည်မှုတွေ အသက်ဝင်မှာ ပျော်ရွှင်ခြင်းတွေလည်း အလိုလိုရောက်လာမှာလေ……။ Crd to owner with respect #
    Care
    1
    · 0 Comments ·0 Shares ·4 Views
  • ငြီးငွေ့နေပြီလား? မကြာခဏ ဖျားနာ၊ လွယ်လွယ်နဲ့ မောပန်း၊ ခန္ဓာကိုယ်စနစ်တွေ ယိုယွင်းနေပြီလား...
    သင့်ထမင်းပန်းကန်ထဲက "ခရမ်းကစော့သီး" လေးတွေကို ကြည့်လိုက်ပါ။ ဒီသေးငယ်တဲ့ အသီးလေးတွေက သင့်ကျန်းမာရေး စနစ်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။

    သွေးတွင်းအဆီဓာတ်များပြီး နှလုံးရောဂါဖြစ်မှာစိုးရိမ်ရလား ?
    ခရမ်းကစော့သီးကို ပုံမှန်ဝါးစားပါ။ အဆီဓာတ်တွေကို ပျော်ဝင်စေပြီး ဖြစ်နိုင်ခြေ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

    သကြားဓာတ်များပြီး လွယ်လွယ်မောပန်းနေလား ?
    ခရမ်းကစော့သီးမှာ သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ အထူးဓာတ်တစ်မျိုး ပါဝင်ပါတယ်။

    ဘာစားစား အစာမကျေ၊ ဗိုက်ပြည့်၊ ဝမ်းချုပ်တာ ခံစားနေရလား ?
    ခရမ်းကစော့သီးမှာ အမျှင်ဓာတ် မြင့်မားတာကြောင့် အူလမ်းကြောင်းကို လှုပ်ရှားလွယ်စေပါတယ်။

    အစားအစာထဲက အဆိပ်အတောက်တွေ စိုးရိမ်ရလား ?
    ခရမ်းကစော့သီးက စွန့်ပစ်ပစ္စည်းတွေကို ဖမ်းယူပြီး အူတွေကို သဘာဝအတိုင်း ဆေးကြောပေးပါတယ်။

    ဆေးဝါးတွေ အများကြီးသောက်လို့ အသည်းအားနည်းနေလား ?
    အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီထောက်ပံ့ပေးပြီး ပြန်လည်ကောင်းမွန်လာအောင် ပြုစုပေးပါတယ်။

    အစာအိမ်အက်ဆစ် အထက်ဆန်တာ ခဏခဏ ဖြစ်နေလား ?
    ခရမ်းကစော့သီးပြုတ်ရည် နွေးနွေးလေး သောက်ပါ။ အစာအိမ်ကို အလွှာလိုက် ကာကွယ်ပေးလို့ အပူလောင်တာ သက်သာစေပါတယ်။

    မေ့တတ်လွယ်ပြီး အမှတ်မရှိဖြစ်နေလား ?
    ခရမ်းကစော့သီးက ဦးနှောက်ကို သွေးရောက်ရှိမှုကို လှုံ့ဆော်ပေးပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

    သွေးပေါင်ချိန် တက်လိုက်ကျလိုက် ဖြစ်နေလား ?
    သွေးပေါင်ချိန်ကို မျှတအောင် ချိန်ညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    ချောင်းခြောက်၊ သလိပ်ပါတဲ့ ချောင်းဆိုး မပျောက်နိုင်ဘူးလား ?
    ခရမ်းကစော့သီးက သလိပ်တွေကို ဖယ်ရှားပေးပြီး လည်ချောင်းထဲက အကျိအချွဲတွေကို ပျော်ဝင်စေပါတယ်။

    အစာမျိုချရင် လည်ချောင်းနာနေလား ?
    ခရမ်းကစော့သီးပြုတ်ရည် နွေးနွေးက လည်ချောင်းကို စိုစွတ်စေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။

    ဗိုက်ပွ၊ လေပွပြီး လေချဉ်တက်နေလား ?
    လေကောင်းကောင်း ထုတ်ပေးနိုင်ပါတယ်။ အစိမ်းလိုက် စားရုံနဲ့တင် အထောက်အကူပြုပါတယ်။

    ညဘက် မှုန်ဝါးဝါးနဲ့ မျက်စိမကြည်ဘူးလား ?
    ခရမ်းကစော့သီးထဲက ဗီတာမင်အေက အမြင်အာရုံကို အားဖြည့်ပေးပါတယ်။

    အအေးမိလွယ်ပြီး ရာသီဥတုပြောင်းတိုင်း မလွတ်ဘူးလား ?
    အာဟာရဖြည့်ဆေး သောက်စရာမလိုဘဲ သဘာဝအတိုင်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

    အိပ်ရာကနိုးရင် အဆစ်နာ၊ အဆစ်ရောင်တာ ခံစားရလား ?
    ရောင်ရမ်းမှုကို ကောင်းစွာ ဆန့်ကျင်ပေးနိုင်ပြီး အဆစ်တွေကို ပျော့ပြောင်းစေပါတယ်။

    အစားအစာ မသန့်လို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေလား ?
    ခရမ်းကစော့သီးက အူလမ်းကြောင်းထဲက ပိုးမွှားတွေကို သ'တ်ပေးပြီး ဝမ်းလျှောတာကို လျှင်မြန်စွာ လျှော့ချပေးနိုင်ပါတယ်။

    သွားပိုးစားလွယ်ပြီး ပါးစပ်နံ့ပြင်းနေလား ?
    ပါးစပ်ထဲက ပိုးမွှားတွေကို လျှော့ချပေးပြီး သွားတွေကို ခိုင်မာ၊ သွားဖုံးတွေကို ကျန်းမာစေပါတယ်။

    ကလေးမွေးပြီး မိခင်တွေ မောပန်းလွယ်ပြီး ပြန်နာလန်ထူဖို့ ခက်နေလား ?
    သားအိမ်ကို အားဖြည့်ပေးပြီး အတွင်းကနေ ခွန်အားကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

    လက်တွေခြေတွေ အေးစက်ပြီး သွေးခုန်နှုန်း နှေးနေလား ?
    သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။

    ဒီသေးငယ်တဲ့ အသီးလေးက ဒီလိုလေးနက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်
    ခရမ်းကစော့သီးကို နေ့စဉ်စားသုံးဖို့ မမေ့ပါနဲ့နော် !

    ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

    MON SOUNG
    #MONSOUNG
    ငြီးငွေ့နေပြီလား? မကြာခဏ ဖျားနာ၊ လွယ်လွယ်နဲ့ မောပန်း၊ ခန္ဓာကိုယ်စနစ်တွေ ယိုယွင်းနေပြီလား... သင့်ထမင်းပန်းကန်ထဲက "ခရမ်းကစော့သီး" လေးတွေကို ကြည့်လိုက်ပါ။ ဒီသေးငယ်တဲ့ အသီးလေးတွေက သင့်ကျန်းမာရေး စနစ်တစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပါတယ်။ 👉 သွေးတွင်းအဆီဓာတ်များပြီး နှလုံးရောဂါဖြစ်မှာစိုးရိမ်ရလား ? ခရမ်းကစော့သီးကို ပုံမှန်ဝါးစားပါ။ အဆီဓာတ်တွေကို ပျော်ဝင်စေပြီး ဖြစ်နိုင်ခြေ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ 👉 သကြားဓာတ်များပြီး လွယ်လွယ်မောပန်းနေလား ? ခရမ်းကစော့သီးမှာ သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးတဲ့ အထူးဓာတ်တစ်မျိုး ပါဝင်ပါတယ်။ 👉 ဘာစားစား အစာမကျေ၊ ဗိုက်ပြည့်၊ ဝမ်းချုပ်တာ ခံစားနေရလား ? ခရမ်းကစော့သီးမှာ အမျှင်ဓာတ် မြင့်မားတာကြောင့် အူလမ်းကြောင်းကို လှုပ်ရှားလွယ်စေပါတယ်။ 👉 အစားအစာထဲက အဆိပ်အတောက်တွေ စိုးရိမ်ရလား ? ခရမ်းကစော့သီးက စွန့်ပစ်ပစ္စည်းတွေကို ဖမ်းယူပြီး အူတွေကို သဘာဝအတိုင်း ဆေးကြောပေးပါတယ်။ 👉 ဆေးဝါးတွေ အများကြီးသောက်လို့ အသည်းအားနည်းနေလား ? အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီထောက်ပံ့ပေးပြီး ပြန်လည်ကောင်းမွန်လာအောင် ပြုစုပေးပါတယ်။ 👉 အစာအိမ်အက်ဆစ် အထက်ဆန်တာ ခဏခဏ ဖြစ်နေလား ? ခရမ်းကစော့သီးပြုတ်ရည် နွေးနွေးလေး သောက်ပါ။ အစာအိမ်ကို အလွှာလိုက် ကာကွယ်ပေးလို့ အပူလောင်တာ သက်သာစေပါတယ်။ 👉 မေ့တတ်လွယ်ပြီး အမှတ်မရှိဖြစ်နေလား ? ခရမ်းကစော့သီးက ဦးနှောက်ကို သွေးရောက်ရှိမှုကို လှုံ့ဆော်ပေးပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ 👉 သွေးပေါင်ချိန် တက်လိုက်ကျလိုက် ဖြစ်နေလား ? သွေးပေါင်ချိန်ကို မျှတအောင် ချိန်ညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ 👉 ချောင်းခြောက်၊ သလိပ်ပါတဲ့ ချောင်းဆိုး မပျောက်နိုင်ဘူးလား ? ခရမ်းကစော့သီးက သလိပ်တွေကို ဖယ်ရှားပေးပြီး လည်ချောင်းထဲက အကျိအချွဲတွေကို ပျော်ဝင်စေပါတယ်။ 👉 အစာမျိုချရင် လည်ချောင်းနာနေလား ? ခရမ်းကစော့သီးပြုတ်ရည် နွေးနွေးက လည်ချောင်းကို စိုစွတ်စေပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ 👉 ဗိုက်ပွ၊ လေပွပြီး လေချဉ်တက်နေလား ? လေကောင်းကောင်း ထုတ်ပေးနိုင်ပါတယ်။ အစိမ်းလိုက် စားရုံနဲ့တင် အထောက်အကူပြုပါတယ်။ 👉 ညဘက် မှုန်ဝါးဝါးနဲ့ မျက်စိမကြည်ဘူးလား ? ခရမ်းကစော့သီးထဲက ဗီတာမင်အေက အမြင်အာရုံကို အားဖြည့်ပေးပါတယ်။ 👉 အအေးမိလွယ်ပြီး ရာသီဥတုပြောင်းတိုင်း မလွတ်ဘူးလား ? အာဟာရဖြည့်ဆေး သောက်စရာမလိုဘဲ သဘာဝအတိုင်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ 👉 အိပ်ရာကနိုးရင် အဆစ်နာ၊ အဆစ်ရောင်တာ ခံစားရလား ? ရောင်ရမ်းမှုကို ကောင်းစွာ ဆန့်ကျင်ပေးနိုင်ပြီး အဆစ်တွေကို ပျော့ပြောင်းစေပါတယ်။ 👉 အစားအစာ မသန့်လို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေလား ? ခရမ်းကစော့သီးက အူလမ်းကြောင်းထဲက ပိုးမွှားတွေကို သ'တ်ပေးပြီး ဝမ်းလျှောတာကို လျှင်မြန်စွာ လျှော့ချပေးနိုင်ပါတယ်။ 👉 သွားပိုးစားလွယ်ပြီး ပါးစပ်နံ့ပြင်းနေလား ? ပါးစပ်ထဲက ပိုးမွှားတွေကို လျှော့ချပေးပြီး သွားတွေကို ခိုင်မာ၊ သွားဖုံးတွေကို ကျန်းမာစေပါတယ်။ 👉 ကလေးမွေးပြီး မိခင်တွေ မောပန်းလွယ်ပြီး ပြန်နာလန်ထူဖို့ ခက်နေလား ? သားအိမ်ကို အားဖြည့်ပေးပြီး အတွင်းကနေ ခွန်အားကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ 👉 လက်တွေခြေတွေ အေးစက်ပြီး သွေးခုန်နှုန်း နှေးနေလား ? သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီသေးငယ်တဲ့ အသီးလေးက ဒီလိုလေးနက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် ခရမ်းကစော့သီးကို နေ့စဉ်စားသုံးဖို့ မမေ့ပါနဲ့နော် ! 💚 ကျန်းမာချမ်းသာပြီး ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 MON SOUNG #MONSOUNG
    Care
    1
    · 0 Comments ·0 Shares ·6 Views
  • " လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။
    တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။
    "လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို လျင်မြန်စွာ သုံးသပ်နိုင်စွမ်းရှိတာ၊ အခြေအနေအရပ်ရပ်ကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်တတ်တာ၊ ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးလိမ္မာပြီး ချောမွေ့တာမျိုးပါ။ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တာကို ဆိုလိုတာပါ။
    "လူပါးဝတယ်" ဆိုတာကတော့ သူတစ်ပါးရဲ့ အခွင့်အရေးကို ယူတာ၊ အားနည်းချက်ကို အမြတ်ထုတ်တာ၊ ကလိမ်ကကျစ်လုပ်တာ၊ ဒါမှမဟုတ် တခြားလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘယ်သူ့ကိုမှ မကောင်းစေပါဘူး။
    ဒါကြောင့် ကိုယ်က "လည်တဲ့သူ" ဖြစ်အောင် ကြိုးစားပါ။ ပညာရှိရှိ၊ သတိရှိရှိ၊ အများအကျိုးကို ရှေ့ရှုပြီး လှုပ်ရှားပါ။ ဒါပေမဲ့ "လူပါးဝတဲ့သူ" တော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့က လိမ္မာပါးနပ်မှု (လည်ပတ်မှု) နဲ့ စာရိတ္တကောင်းမွန်မှု (လူမှုကျင့်ဝတ်) နှစ်ခုစလုံး လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။
    " လည်တာ" နဲ့ "လူပါးဝတာ" က အမြဲတမ်း ရောထွေးနေတတ်ကြတာနော်။ တကယ်တော့ သူတို့နှစ်ခုက တခြားစီပါ။ "လည်တယ်" ဆိုတာက ပတ်ဝန်းကျင်ကို လျင်မြန်စွာ သုံးသပ်နိုင်စွမ်းရှိတာ၊ အခြေအနေအရပ်ရပ်ကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် သတိရှိရှိနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်တတ်တာ၊ ပြောဆိုဆက်ဆံရာမှာ ယဉ်ကျေးလိမ္မာပြီး ချောမွေ့တာမျိုးပါ။ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် လမ်းကြောင်းကို ရှာဖွေနိုင်တာကို ဆိုလိုတာပါ။ "လူပါးဝတယ်" ဆိုတာကတော့ သူတစ်ပါးရဲ့ အခွင့်အရေးကို ယူတာ၊ အားနည်းချက်ကို အမြတ်ထုတ်တာ၊ ကလိမ်ကကျစ်လုပ်တာ၊ ဒါမှမဟုတ် တခြားလူတွေကို ပေါ့ပေါ့တန်တန် သဘောထားပြီး ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်ရပ်တွေက ရေရှည်မှာ ဘယ်သူ့ကိုမှ မကောင်းစေပါဘူး။ ဒါကြောင့် ကိုယ်က "လည်တဲ့သူ" ဖြစ်အောင် ကြိုးစားပါ။ ပညာရှိရှိ၊ သတိရှိရှိ၊ အများအကျိုးကို ရှေ့ရှုပြီး လှုပ်ရှားပါ။ ဒါပေမဲ့ "လူပါးဝတဲ့သူ" တော့ ဘယ်တော့မှ မဖြစ်ပါစေနဲ့။ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်ဖို့က လိမ္မာပါးနပ်မှု (လည်ပတ်မှု) နဲ့ စာရိတ္တကောင်းမွန်မှု (လူမှုကျင့်ဝတ်) နှစ်ခုစလုံး လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။
    Care
    1
    · 0 Comments ·0 Shares ·5 Views
  • နာမကျန်း ဖြစ်ချိန်မှာ ဆေးပေး မီးယူ ပြုစုပေးသူ .... ။

    ချို့တဲ့ချိန်မှာ အကျိုးအမြတ်မတွက်ပဲ ကူညီသူ .... ။

    ဒုက္ခရောက်ချိန်မှာ ကိုယ်နှင့် တစ်သားတည်း ရှိပေးသူ ...။

    အရာရာ ခက်ခဲနေချိန်မှာ နောက်ကျောကနေ ပံ့ပိုး ကူညီပေးသူ...။

    ဘာမျှ မရှိချိန်မှာ
    မှန်ကန်သော စိတ်နှလုံးသားဖြင့် မြတ်နိုးသူ....။

    ဘာမှမသိ နားမလည်ချိန်မှာ စိတ်ပါ လက်ပါနဲ့ မေတ္တာရှေ့ထား လမ်းညွှန်ပေးသူ ... ။

    ဘဝမှာ အခက်အခဲ အကြပ်အတည်းဆုံး ဖြစ်ချိန်မှာ စွန့်ခွာမသွားဘဲ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်းများဖြင့် ကူညီဖေးမသူ .... ။

    ထိုသူများကို ကျေးဇူး မကန်းမိစေနဲ့ ။

    မူရင်း Credit ပေးပါသည်

    #crd_to_owner_with_respect
    နာမကျန်း ဖြစ်ချိန်မှာ ဆေးပေး မီးယူ ပြုစုပေးသူ .... ။ ချို့တဲ့ချိန်မှာ အကျိုးအမြတ်မတွက်ပဲ ကူညီသူ .... ။ ဒုက္ခရောက်ချိန်မှာ ကိုယ်နှင့် တစ်သားတည်း ရှိပေးသူ ...။ အရာရာ ခက်ခဲနေချိန်မှာ နောက်ကျောကနေ ပံ့ပိုး ကူညီပေးသူ...။ ဘာမျှ မရှိချိန်မှာ မှန်ကန်သော စိတ်နှလုံးသားဖြင့် မြတ်နိုးသူ....။ ဘာမှမသိ နားမလည်ချိန်မှာ စိတ်ပါ လက်ပါနဲ့ မေတ္တာရှေ့ထား လမ်းညွှန်ပေးသူ ... ။ ဘဝမှာ အခက်အခဲ အကြပ်အတည်းဆုံး ဖြစ်ချိန်မှာ စွန့်ခွာမသွားဘဲ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်းများဖြင့် ကူညီဖေးမသူ .... ။ ထိုသူများကို ကျေးဇူး မကန်းမိစေနဲ့ ။ မူရင်း Credit ပေးပါသည် #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·48 Views
  • လိပ်ခေါင်းအား(၇)ရက်ဖြင့်
    အမြစ်ပြတ်ပျောက်ဆေးနည်း❤

    #လိပ်ခေါင်းသွေးပါ_မီးကွင်းရှာ

    အလုပ်ကများရသည်ကြား လိပ်ခေါင်းကြောင့် ဦးမိုး အတော်စိတ်ညစ်နေပုံရ၏။ မကြည်မလင်နှင့် လိပ်ခေါင်းသွေးပါသည်မို့ ပုဆိုးပင် သွေးကွက် ထင်နေလေသည်။

    အမှတ်မထင် ကျေးဇူးရှင် တိုင်းရင်းသမားတော်ကြီးဦးကြွယ် ပေးသောဆေးနည်းကြောင့် သွေးကျလိပ်ခေါင်း (၇)ရက်ဖြင့် လိပ်ခေါင်ပြန်ဝင်အပြီးပြတ်၍ ယနေ့တိုင်သွေးကျခြင်း၊ လိပ်ခေါင်းထွက်ခြင်း မရှိတော့ပါ။

    ကျွန်တော်တို့ တိတိကျကျ မသိကြပါသော်လည်း အချို့သော အပင်တို့၏ ဆေးစွမ်းထက် မှုမှာ အံ့ဖွယ်အတိဖြစ်ရပါ၏။

    #လိပ်ခေါင်းအတွက်_သောက်ဆေး

    (၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။

    (၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီး ထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။

    (၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ် တစ်ကြိမ်သောက်ပေးလိုက်ပါ။

    လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇)ရက် မျှဖြင့် လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ။

    လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုကသုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။

    လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ…။

    လိုသူယူသုံး စေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ.။

    (၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း

    နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာ
    ထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။

    (၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ

    ဆီးရောဂါအမျိုးမျိုးနှင့်ဆီးကျောက်ရောဂါများအတွက်မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။

    (၃) နားကိုက်၊ နားပြည်ယို

    မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။

    (၄) ၀မ်းကိုက်နေလျှင်

    မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ၀မ်းကိုက်၊ ၀မ်းဖော၊ ၀မ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။

    (၅) ချောင်းဆိုး၊ သလိပ်ကပ်

    ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။

    (၆) သွေးကင်ဆာ

    သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။

    မိမိပြုသောကံမိမိထံပြန်လာမည်
    မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
    နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ
    ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

    #ကျန်းမာရေးအတွက်တဆင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင် #sweswe #frypanシ゚viralシ #thursdaynight
    လိပ်ခေါင်းအား(၇)ရက်ဖြင့် အမြစ်ပြတ်ပျောက်ဆေးနည်း❤ #လိပ်ခေါင်းသွေးပါ_မီးကွင်းရှာ အလုပ်ကများရသည်ကြား လိပ်ခေါင်းကြောင့် ဦးမိုး အတော်စိတ်ညစ်နေပုံရ၏။ မကြည်မလင်နှင့် လိပ်ခေါင်းသွေးပါသည်မို့ ပုဆိုးပင် သွေးကွက် ထင်နေလေသည်။ အမှတ်မထင် ကျေးဇူးရှင် တိုင်းရင်းသမားတော်ကြီးဦးကြွယ် ပေးသောဆေးနည်းကြောင့် သွေးကျလိပ်ခေါင်း (၇)ရက်ဖြင့် လိပ်ခေါင်ပြန်ဝင်အပြီးပြတ်၍ ယနေ့တိုင်သွေးကျခြင်း၊ လိပ်ခေါင်းထွက်ခြင်း မရှိတော့ပါ။ ကျွန်တော်တို့ တိတိကျကျ မသိကြပါသော်လည်း အချို့သော အပင်တို့၏ ဆေးစွမ်းထက် မှုမှာ အံ့ဖွယ်အတိဖြစ်ရပါ၏။ #လိပ်ခေါင်းအတွက်_သောက်ဆေး (၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။ (၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီး ထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။ (၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ် တစ်ကြိမ်သောက်ပေးလိုက်ပါ။ လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇)ရက် မျှဖြင့် လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ။ လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုကသုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။ လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ…။ လိုသူယူသုံး စေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ.။ (၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာ ထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။ (၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ ဆီးရောဂါအမျိုးမျိုးနှင့်ဆီးကျောက်ရောဂါများအတွက်မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။ (၃) နားကိုက်၊ နားပြည်ယို မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။ (၄) ၀မ်းကိုက်နေလျှင် မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ၀မ်းကိုက်၊ ၀မ်းဖော၊ ၀မ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။ (၅) ချောင်းဆိုး၊ သလိပ်ကပ် ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။ (၆) သွေးကင်ဆာ သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။ မိမိပြုသောကံမိမိထံပြန်လာမည် မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ် နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများ ..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်🥰🥰 #ကျန်းမာရေးအတွက်တဆင့်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင် #sweswe #frypanシ゚viralシ #thursdaynight
    Like
    Care
    2
    · 3 Comments ·0 Shares ·77 Views
  • လူတစ်ယောက်ကို
    တစ်ကယ်ခင်လား
    ရိုးသားပါ!!

    လူတစ်ယောက်ကို
    တစ်ကယ်ချစ်လား
    သစ္စာရှိပါ!!

    လူတစ်ယောက်ကို
    တစ်ကယ် လေးစားလား
    တန်ဖိုးထားပါ!!

    လူတစ်ယောက်ကို
    တစ်ကယ်ယုံလား
    သံသယကို
    မောင်းထုတ်ထားပါ!!

    လူတစ်ယောက်ကို
    တစ်ကယ်
    ပိုင်ဆိုင်ချင်လား
    နားလည်တတ်လာအောင် ကြိုးစားပါ!!

    လူတစ်ယောက်ကို
    စိတ်ပျက်နေလား
    ပြတ်သားပါ!!

    လူတစ်ယောက်ကို
    မယုံကြည်ဘူးလား
    အပြီးအတိုင် မောင်းထုတ်လိုက်ပါ!!

    လူတစ်ယောက်ကို
    ပျော်စေချင်လား
    ဂုဏ်သိက္ခာကို ခဝါချထားပါ!!

    လူတစ်ယောက်ကို
    တစ်ကယ်
    ပေးဆပ်ချင်လား
    မျှော်လင့်ချက် မထားပါနဲ့.....

    #ဇင်းနစ် - မကွေး
    #wynncho
    👌 လူတစ်ယောက်ကို တစ်ကယ်ခင်လား ရိုးသားပါ!! 👌 လူတစ်ယောက်ကို တစ်ကယ်ချစ်လား သစ္စာရှိပါ!! 👌 လူတစ်ယောက်ကို တစ်ကယ် လေးစားလား တန်ဖိုးထားပါ!! 👌 လူတစ်ယောက်ကို တစ်ကယ်ယုံလား သံသယကို မောင်းထုတ်ထားပါ!! 👌 လူတစ်ယောက်ကို တစ်ကယ် ပိုင်ဆိုင်ချင်လား နားလည်တတ်လာအောင် ကြိုးစားပါ!! 👌 လူတစ်ယောက်ကို စိတ်ပျက်နေလား ပြတ်သားပါ!! 👌 လူတစ်ယောက်ကို မယုံကြည်ဘူးလား အပြီးအတိုင် မောင်းထုတ်လိုက်ပါ!! 👌 လူတစ်ယောက်ကို ပျော်စေချင်လား ဂုဏ်သိက္ခာကို ခဝါချထားပါ!! 👌 လူတစ်ယောက်ကို တစ်ကယ် ပေးဆပ်ချင်လား မျှော်လင့်ချက် မထားပါနဲ့..... #ဇင်းနစ် - မကွေး #wynncho
    Like
    Care
    2
    · 2 Comments ·0 Shares ·68 Views
  • သည်းခံပြီးတော့ ဖြတ်ကျော်ပါ
    ---------------------------------
    စားချင်တာကို စျေးမကြည့်ပဲ
    နောက်ဆံတင်းစရာမလိုပဲ ဝယ်စားနိုင်ဖို့ အတွက်
    စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့နေ့တွေကို
    အရင် ဖြတ်ကျော်ရပါလိမ့်မယ်.......။
    အိပ်ယာကို ထချင်တဲ့ အချိန်မှ
    အပူအပင်မရှိ ထနိုင်ဖို့ အတွက်
    မထချင်ပဲ ကြိတ်မှိတ်ပြီး ထခဲ့ရတဲ့ နေ့တွေကို
    အရင် ဖြတ်ကျော် ရတယ်......။
    သွားချင်တဲ့ ခရီးကို တွေဝေစရာမလိုပဲ
    ချက်ချင်း ထသွားနိုင်ဖို့အတွက်
    ပိုက်ဆံ မရှိလို့ သွားချင်လျက်နဲ့ ကြိတ်မှိတ်ပြီး
    အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို
    အရင် ဖြတ်ကျော်ခဲ့ရတာတွေ ရှိမယ်.......။
    ဖြစ်ချင်တာတွေ ဖြစ်နိုင်ဖို့အတွက်
    မလုပ်ချင်တာတွေကို ကြိတ်မိတ်သည်းခံပြီး
    အရင်လုပ်ပြီး ပေးဆပ်ရတာတွေက လောကသဘာဝပဲ......။
    အခု အသာစံပြီး နောက်မှ အပင်ပန်းခံ မလား။
    ( ဒါမှမဟုတ် )
    အခု အပင်ပန်းခံပြီး နောက်ပိုင်းမှ အသာစံ မှာလား.....။
    သင်စိုက်ပျိုးခဲ့တဲ့ အတိုင်း သင်ရိတ်သိမ်းရမှာမို့
    အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ........။
    သည်းခံပြီးတော့ ဖြတ်ကျော်ပါ --------------------------------- စားချင်တာကို စျေးမကြည့်ပဲ နောက်ဆံတင်းစရာမလိုပဲ ဝယ်စားနိုင်ဖို့ အတွက် စားချင်စိတ်ကို ကြိတ်မှိတ်သည်းခံရတဲ့နေ့တွေကို အရင် ဖြတ်ကျော်ရပါလိမ့်မယ်.......။ အိပ်ယာကို ထချင်တဲ့ အချိန်မှ အပူအပင်မရှိ ထနိုင်ဖို့ အတွက် မထချင်ပဲ ကြိတ်မှိတ်ပြီး ထခဲ့ရတဲ့ နေ့တွေကို အရင် ဖြတ်ကျော် ရတယ်......။ သွားချင်တဲ့ ခရီးကို တွေဝေစရာမလိုပဲ ချက်ချင်း ထသွားနိုင်ဖို့အတွက် ပိုက်ဆံ မရှိလို့ သွားချင်လျက်နဲ့ ကြိတ်မှိတ်ပြီး အလုပ်တွေ လုပ်နေရတဲ့ နေ့တွေကို အရင် ဖြတ်ကျော်ခဲ့ရတာတွေ ရှိမယ်.......။ ဖြစ်ချင်တာတွေ ဖြစ်နိုင်ဖို့အတွက် မလုပ်ချင်တာတွေကို ကြိတ်မိတ်သည်းခံပြီး အရင်လုပ်ပြီး ပေးဆပ်ရတာတွေက လောကသဘာဝပဲ......။ အခု အသာစံပြီး နောက်မှ အပင်ပန်းခံ မလား။ ( ဒါမှမဟုတ် ) အခု အပင်ပန်းခံပြီး နောက်ပိုင်းမှ အသာစံ မှာလား.....။ သင်စိုက်ပျိုးခဲ့တဲ့ အတိုင်း သင်ရိတ်သိမ်းရမှာမို့ အဖြေက သင့်မှာပဲ ရှိပါတယ် မိတ်ဆွေ........။
    Love
    1
    · 0 Comments ·0 Shares ·81 Views
  • • နင့်ဟာက ဟုတ်ပါ့မလား မောင်လင်းရယ် ...
    ငါ့အသက် ၆၅‌ နှစ် ကျော် လာပြီ...
    အိုးတိုက် အိုးဆေး ၊ချေးတိုက် ချေးတွန်း အတွက်ပဲ..ဒီ အသီးကို သုံးခဲ့တာ...

    [ ခု နင်ပြောမှပဲ ဒီအသီးက ...?

    • ဒါနဲ့နေပါအုန်း နင်ပြောသလိုဆို ဟို ...ခါလန်းရွာက ဆီးချိုသမားတွေ စားနေတဲ့ အစေ့လေးတွေက
    ဒီအသီးက အစေ့တွေပေါ့ ဟုတ်လား တဲ့။

    • အမှန်ပဲပေါ့ အရီးလေးရယ်...
    ဒါကြောင့် ကျနော်က ပြောတာ...
    အရီးလေးအိမ်နောက်မှ ပြုတ်သိပ်နေအောင်သီးနေတဲ့ သပွတ်ခါးသီးတွေ ရှိနေပါလျက်နဲ့...
    ဘာကိစ္စ ပိုက်‌ဆံအကုန်ခံပြီး ဆီးချိုကျဆေး ‌
    ဝယ်သောက်နေရတာတုန်း...?

    • ဟဲ့ ငါက ပေါက်ကရတွေ မစားရဲမသောက်ရဲ့လို့လေ..ပြီးတော့ ခုလိုလည်း သိမှ မသိတာ...
    ကောင်လေး တကယ်သက်သာတာရော ဟုတ်ရဲ့လား တဲ့။

    • အရီးမယုံရင် အမတင်မြတို့ညီမကို သွားမေးကြည့်ဗျာ။ သူတို့ကိုလည်း ဒီနည်းလမ်းပဲပေးထားတာ အဆင်ပြေနေပြီ။

    • ဆီးချိုဆိုတဲ့ရောဂါက အရှင်းပျောက်ဖို့ဆိုတာ အလွန်ခက်တယ်မို့လား..? အဓိက က ဆီချိုပိုပြီးမတက်ဖို့နဲ့ ဖြည်းဖြည်းခြင်း လျော့ချသွားအောင် လုပ်နိုင်ရင် အဆင်ပြေတာပဲ။

    • ဒီ သပွတ်ခါးသီးအစေ့ကတော့ အဲ့ဒီလို လုပ်ပေးနိုင်တဲ့ အာနိသင် အပြည့်ရှိတယ်။

    • ဒီမှာအရီးလေး...ဒီသပွတ်ခါးသီး အစေ့ကို အခွံခွာပြီး ပထမဆုံး စပြီးစားတဲ့နေ့မှာ ၂စေ့ စား၊
    (စပြီး မစားခင် ဆီးချိုတိုင်းထား)
    နောက်နေ့တွေမှာ နေ့စဉ် အစေ့ တစ်စေ့ ပုံမှန် စားပေး။ (၇ ရက် ပြည့်တဲ့အခါ ဆီးချိုပြန်တိုင်းကြည့်)
    မူလတိုင်းထားတာထက် တိုးနေတာမျိုးဖြစ်ခဲ့ရင်
    ကြိုက်သလိုသာ ပြော။ တခုတော့ရှိတယ် ကျနော်က အာမခံတယ်ဆိုတာနဲ့ မတည့်တာတွေတော့ မစားနဲ့ပေါ့။

    [ မိတ်ဆွေတို့သိလား...?
    • ရွာထဲကမြက် ရွာနွားမစားဘူး ဆိုတဲ့ စကား...
    အမှန်တော့ အဲ့ဒီစကားရဲ့ရည်ရွယ်ချက်က
    အနားမှာရှိတဲ့အရာဆို တန်ဖိုးမထားချင်ကြတဲ့
    အကောင်းမထင်ကြတဲ့ သူတွေကို နွားတွေလို့ ပြောတာ (ဟိဟိ)
    ကျနော်က မြက် ဖြစ်သည်ပေါ့

    • ယုံကြည်လို့ပဲ လုပ်လုပ်
    ငွေကုန်ကြေးကျ သက်သာလို့ပဲ လုပ်လုပ်
    စမ်းသက်ကြည့်ချင်တံ့သဘောနဲ့
    သံသယစိတ်နဲ့ပဲလုပ်လုပ်...
    ကျနော်ပြောတဲ့နည်းလမ်းအတိုင်း လုပ်လိုက်လို့...
    အရီးတို့လို အဆင်ပြေ သက်သာသွားခဲ့မယ်ဆိုရင်..

    • ကျေးဇူးတင်လိုက်တာ မောင်လင်းရေဆိုတဲ့ စကားက ကျနော့်အတွက်တော့ အဖိုးအခ ရတာထက် ပိုပြီး.. ပီတိဖြစ်ရသလို နေ့စဉ်နဲ့အမျှ ဝေဒနာသက်သာကြောင်း၊ ကျေးဇူးတင်ကြောင်း လာရောက် ပြောဆိုသူတွေရှိလို့ စိတ်ချမ်းသာရပါတယ်။

    • ဆိုတော့..မိတ်ဆွေတို့အနေနဲ့လဲ လိုအပ်ပါက စမ်းကြည့်ပါ။ဆီးချိုရောဂါအတွက်မှ မဟုတ်ပါဘူး..? သပွတ်ခါးသီးဟာ ကျန်းမားရေးအတွက် အလွန်အသုံးဝင်သလို အခြားသောရောဂါများစွာအတွက်လည်း အသုံးဝင်ပါတယ်။

    • လေဖျန်း လေဖြတ်ရောဂါဖြစ်မှာကြောက်တဲ့သူတွေ သပွတ်အူကို ဆားကြမ်းနဲ့နှယ်ပြီး ခြေဖဝါးနဲ့
    ခြေထောက်တလျောက် ‌ပွတ်တိုက်ပေးပါ။

    ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ။

    ချစ်ခြင်းမေတ္တာဖြင့်...
    လယ်တွင်းသား
    (ပန်းလောင်မြေ)

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
    #လေးစားစွာဖြင့်မူရင်းရေးသားသူကို
    #creditပေးပါတယ် #P_Chan #hashtag
    #fbviralpost2025シ #fblifestyles
    • နင့်ဟာက ဟုတ်ပါ့မလား မောင်လင်းရယ် ... ငါ့အသက် ၆၅‌ နှစ် ကျော် လာပြီ... အိုးတိုက် အိုးဆေး ၊ချေးတိုက် ချေးတွန်း အတွက်ပဲ..ဒီ အသီးကို သုံးခဲ့တာ... [ ခု နင်ပြောမှပဲ ဒီအသီးက ...? • ဒါနဲ့နေပါအုန်း နင်ပြောသလိုဆို ဟို ...ခါလန်းရွာက ဆီးချိုသမားတွေ စားနေတဲ့ အစေ့လေးတွေက ဒီအသီးက အစေ့တွေပေါ့ ဟုတ်လား တဲ့။ • အမှန်ပဲပေါ့ အရီးလေးရယ်... ဒါကြောင့် ကျနော်က ပြောတာ... အရီးလေးအိမ်နောက်မှ ပြုတ်သိပ်နေအောင်သီးနေတဲ့ သပွတ်ခါးသီးတွေ ရှိနေပါလျက်နဲ့... ဘာကိစ္စ ပိုက်‌ဆံအကုန်ခံပြီး ဆီးချိုကျဆေး ‌ ဝယ်သောက်နေရတာတုန်း...? • ဟဲ့ ငါက ပေါက်ကရတွေ မစားရဲမသောက်ရဲ့လို့လေ..ပြီးတော့ ခုလိုလည်း သိမှ မသိတာ... ကောင်လေး တကယ်သက်သာတာရော ဟုတ်ရဲ့လား တဲ့။ • အရီးမယုံရင် အမတင်မြတို့ညီမကို သွားမေးကြည့်ဗျာ။ သူတို့ကိုလည်း ဒီနည်းလမ်းပဲပေးထားတာ အဆင်ပြေနေပြီ။ • ဆီးချိုဆိုတဲ့ရောဂါက အရှင်းပျောက်ဖို့ဆိုတာ အလွန်ခက်တယ်မို့လား..? အဓိက က ဆီချိုပိုပြီးမတက်ဖို့နဲ့ ဖြည်းဖြည်းခြင်း လျော့ချသွားအောင် လုပ်နိုင်ရင် အဆင်ပြေတာပဲ။ • ဒီ သပွတ်ခါးသီးအစေ့ကတော့ အဲ့ဒီလို လုပ်ပေးနိုင်တဲ့ အာနိသင် အပြည့်ရှိတယ်။ • ဒီမှာအရီးလေး...ဒီသပွတ်ခါးသီး အစေ့ကို အခွံခွာပြီး ပထမဆုံး စပြီးစားတဲ့နေ့မှာ ၂စေ့ စား၊ (စပြီး မစားခင် ဆီးချိုတိုင်းထား) နောက်နေ့တွေမှာ နေ့စဉ် အစေ့ တစ်စေ့ ပုံမှန် စားပေး။ (၇ ရက် ပြည့်တဲ့အခါ ဆီးချိုပြန်တိုင်းကြည့်) မူလတိုင်းထားတာထက် တိုးနေတာမျိုးဖြစ်ခဲ့ရင် ကြိုက်သလိုသာ ပြော။ တခုတော့ရှိတယ် ကျနော်က အာမခံတယ်ဆိုတာနဲ့ မတည့်တာတွေတော့ မစားနဲ့ပေါ့။ [ မိတ်ဆွေတို့သိလား...? • ရွာထဲကမြက် ရွာနွားမစားဘူး ဆိုတဲ့ စကား... အမှန်တော့ အဲ့ဒီစကားရဲ့ရည်ရွယ်ချက်က အနားမှာရှိတဲ့အရာဆို တန်ဖိုးမထားချင်ကြတဲ့ အကောင်းမထင်ကြတဲ့ သူတွေကို နွားတွေလို့ ပြောတာ😎 (ဟိဟိ) ကျနော်က မြက် ဖြစ်သည်ပေါ့🤣 • ယုံကြည်လို့ပဲ လုပ်လုပ် ငွေကုန်ကြေးကျ သက်သာလို့ပဲ လုပ်လုပ် စမ်းသက်ကြည့်ချင်တံ့သဘောနဲ့ သံသယစိတ်နဲ့ပဲလုပ်လုပ်... ကျနော်ပြောတဲ့နည်းလမ်းအတိုင်း လုပ်လိုက်လို့... အရီးတို့လို အဆင်ပြေ သက်သာသွားခဲ့မယ်ဆိုရင်.. • ကျေးဇူးတင်လိုက်တာ မောင်လင်းရေဆိုတဲ့ စကားက ကျနော့်အတွက်တော့ အဖိုးအခ ရတာထက် ပိုပြီး.. ပီတိဖြစ်ရသလို နေ့စဉ်နဲ့အမျှ ဝေဒနာသက်သာကြောင်း၊ ကျေးဇူးတင်ကြောင်း လာရောက် ပြောဆိုသူတွေရှိလို့ စိတ်ချမ်းသာရပါတယ်။ • ဆိုတော့..မိတ်ဆွေတို့အနေနဲ့လဲ လိုအပ်ပါက စမ်းကြည့်ပါ။ဆီးချိုရောဂါအတွက်မှ မဟုတ်ပါဘူး..? သပွတ်ခါးသီးဟာ ကျန်းမားရေးအတွက် အလွန်အသုံးဝင်သလို အခြားသောရောဂါများစွာအတွက်လည်း အသုံးဝင်ပါတယ်။ • လေဖျန်း လေဖြတ်ရောဂါဖြစ်မှာကြောက်တဲ့သူတွေ သပွတ်အူကို ဆားကြမ်းနဲ့နှယ်ပြီး ခြေဖဝါးနဲ့ ခြေထောက်တလျောက် ‌ပွတ်တိုက်ပေးပါ။ ကျနော့်မိတ်ဆွေများအားလုံး အနာရောဂါဘေးမှ ကင်းဝေးကြပါစေ။ ချစ်ခြင်းမေတ္တာဖြင့်... 👤လယ်တွင်းသား (ပန်းလောင်မြေ) ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #ကျန်းမာရေး #ဗဟုသုတ #စာပေ #နွယ်မြက်သစ်ပင်ဆေးဖက်ဝင် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကို #creditပေးပါတယ် #P_Chan #hashtag #fbviralpost2025シ #fblifestyles
    Care
    1
    · 1 Comments ·0 Shares ·136 Views
  • " သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့ "

    ခရမ်းချဉ်သီး ပွဲစားတစ်ယောက်
    ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။

    ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။

    ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။

    သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။

    ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။

    ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။

    ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။

    အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။

    စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။

    ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။

    အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။

    ပျာယာမခပ်ဖို့ လောဘမကြီးဖို့
    ဆန္ဒတွေ မစောဖို့တော့ လိုပါတယ်

    credit to own writer
    " သူဌေးဖြစ်ဖို့ ဆန္ဒမစောပါနဲ့ " ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။ ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင် လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ငါက ဆင်းရဲသားဘဝက နေတက်လာတာ။ ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။ သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့ စကားနဲ့ သွားတူနေတယ်။ ငါ့သား အလုပ် လုပ်ရင် ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင် အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။ ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။ ကျနော် မြင်ရသလောက်လဲ အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။ စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ အောင်မြင်သွားကြတာ များတယ်။ အရမ်းကြီး မအောင်မြင်ရင်တောင်မှ အမှားနည်းတယ်ပေါ့ဗျာ။ စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။ ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ ကျနော်တို့လို လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။ အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။ ပျာယာမခပ်ဖို့ လောဘမကြီးဖို့ ဆန္ဒတွေ မစောဖို့တော့ လိုပါတယ် credit to own writer
    Care
    1
    · 1 Comments ·0 Shares ·88 Views
  • ရန်ကုန်မြို့က ကော်ဖီဆိုင်တွေမှာ ထိုင်ကြည့်လိုက်ပါ။ တချို့လူတွေက တံဆိပ်ကြီးတဲ့ အင်္ကျီတွေဝတ်၊ ဖုန်းအသစ်တွေကိုင်ပြီး သူဌေးပုံ ပေါက်နေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အကောင့်ထဲမှာ ငွေအရေးပေါ် ၅ သိန်းတောင် ရှိချင်မှ ရှိမှာပါ။ ဒါကို "Fake Rich" (အပေါ်ယံသူဌေး) လို့ ခေါ်ပါတယ်။ သူတို့ မွဲနေစေတဲ့ အကြောင်းရင်း (၅) ချက်ကတော့...

    ၁။ မင်္ဂလာဆောင်ကို အကြွေးယူ ကျင်းပခြင်း (The Wedding Trap) တစ်ရက်တည်း လှပဖို့အတွက် နှစ်ပေါင်းများစွာ ပိုက်ဆံစုတာ (သို့) အကြွေးယူတာဟာ မြန်မာလူငယ်တွေရဲ့ အကြီးမားဆုံး ငွေကြေးအမှားပါပဲ။ အိမ်ထောင်ရေးက အရေးကြီးပါတယ်၊ မင်္ဂလာပွဲက အရေးမကြီးပါဘူး။

    ၂။ ကားကို အရင်ဝယ်ခြင်း (Buying Depreciating Assets) အိမ်မပိုင်သေးဘဲ ကားအရင်ဝယ်တာဟာ စီးပွားရေးအရ တွက်ခြေမကိုက်ပါဘူး။ ကားက ဝယ်လိုက်တာနဲ့ တန်ဖိုးကျသွားသလို၊ ဆီဖိုး/ပြင်ဖိုးနဲ့ သင့်ပိုက်ဆံကို လစဉ် စုပ်ယူနေမယ့် "Liability" (ကြွေးမြီ) သက်သက်သာ ဖြစ်ပါတယ်။

    ၃။ ကလေးတွေကို ငွေအကြောင်း မသင်ပေးခြင်း မိဘတွေက "ပိုက်ဆံဆိုတာ သစ်ပင်ပေါ်က ခူးလို့ရတာ မဟုတ်ဘူး" လို့ပဲ ပြောတတ်ကြတယ်။ ဒါပေမဲ့ ပိုက်ဆံကို ဘယ်လိုပွားအောင် လုပ်ရမလဲဆိုတာ မသင်ပေးကြပါဘူး။ ဒါကြောင့် သားသမီးတွေက မိဘရှာသမျှ ထိုင်ဖြုန်းတဲ့သူတွေ ဖြစ်လာကြတာပါ။

    ၄။ ကျန်းမာရေးကို လျစ်လျူရှုခြင်း ကျန်းမာရေး မကောင်းရင် ရှာထားသမျှ ငွေတွေက ဆေးရုံစရိတ် ဖြစ်ကုန်မှာပါ။ သူဌေးတွေက ကျန်းမာရေးကို "Investment" (ရင်းနှီးမြှုပ်နှံမှု) လို့ သဘောထားပြီး၊ ဆင်းရဲသားတွေက "Expense" (ကုန်ကျစရိတ်) လို့ ထင်ကြပါတယ်။

    ၅။ ငွေကြေးဖောင်းပွမှုကို နားမလည်ခြင်း (Inflation) ဘဏ်ထဲမှာ သိန်း ၁၀၀၀ စုထားရင် ချမ်းသာပြီလို့ ထင်နေပါသလား? ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ သင့်ပိုက်ဆံတန်ဖိုးက နေ့တိုင်း ကျဆင်းနေတာပါ။ ပိုက်ဆံကို ငြိမ်ငြိမ်လေး ထားထားတာက အန္တရာယ် အများဆုံးပါပဲ။

    #MediaOne #FinancialLiteracy #ငွေကြေးအသိပညာ #MoneyMindset #RichVsPoor
    ရန်ကုန်မြို့က ကော်ဖီဆိုင်တွေမှာ ထိုင်ကြည့်လိုက်ပါ။ တချို့လူတွေက တံဆိပ်ကြီးတဲ့ အင်္ကျီတွေဝတ်၊ ဖုန်းအသစ်တွေကိုင်ပြီး သူဌေးပုံ ပေါက်နေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အကောင့်ထဲမှာ ငွေအရေးပေါ် ၅ သိန်းတောင် ရှိချင်မှ ရှိမှာပါ။ ဒါကို "Fake Rich" (အပေါ်ယံသူဌေး) လို့ ခေါ်ပါတယ်။ သူတို့ မွဲနေစေတဲ့ အကြောင်းရင်း (၅) ချက်ကတော့... ၁။ မင်္ဂလာဆောင်ကို အကြွေးယူ ကျင်းပခြင်း (The Wedding Trap) တစ်ရက်တည်း လှပဖို့အတွက် နှစ်ပေါင်းများစွာ ပိုက်ဆံစုတာ (သို့) အကြွေးယူတာဟာ မြန်မာလူငယ်တွေရဲ့ အကြီးမားဆုံး ငွေကြေးအမှားပါပဲ။ အိမ်ထောင်ရေးက အရေးကြီးပါတယ်၊ မင်္ဂလာပွဲက အရေးမကြီးပါဘူး။ ၂။ ကားကို အရင်ဝယ်ခြင်း (Buying Depreciating Assets) အိမ်မပိုင်သေးဘဲ ကားအရင်ဝယ်တာဟာ စီးပွားရေးအရ တွက်ခြေမကိုက်ပါဘူး။ ကားက ဝယ်လိုက်တာနဲ့ တန်ဖိုးကျသွားသလို၊ ဆီဖိုး/ပြင်ဖိုးနဲ့ သင့်ပိုက်ဆံကို လစဉ် စုပ်ယူနေမယ့် "Liability" (ကြွေးမြီ) သက်သက်သာ ဖြစ်ပါတယ်။ ၃။ ကလေးတွေကို ငွေအကြောင်း မသင်ပေးခြင်း မိဘတွေက "ပိုက်ဆံဆိုတာ သစ်ပင်ပေါ်က ခူးလို့ရတာ မဟုတ်ဘူး" လို့ပဲ ပြောတတ်ကြတယ်။ ဒါပေမဲ့ ပိုက်ဆံကို ဘယ်လိုပွားအောင် လုပ်ရမလဲဆိုတာ မသင်ပေးကြပါဘူး။ ဒါကြောင့် သားသမီးတွေက မိဘရှာသမျှ ထိုင်ဖြုန်းတဲ့သူတွေ ဖြစ်လာကြတာပါ။ ၄။ ကျန်းမာရေးကို လျစ်လျူရှုခြင်း ကျန်းမာရေး မကောင်းရင် ရှာထားသမျှ ငွေတွေက ဆေးရုံစရိတ် ဖြစ်ကုန်မှာပါ။ သူဌေးတွေက ကျန်းမာရေးကို "Investment" (ရင်းနှီးမြှုပ်နှံမှု) လို့ သဘောထားပြီး၊ ဆင်းရဲသားတွေက "Expense" (ကုန်ကျစရိတ်) လို့ ထင်ကြပါတယ်။ ၅။ ငွေကြေးဖောင်းပွမှုကို နားမလည်ခြင်း (Inflation) ဘဏ်ထဲမှာ သိန်း ၁၀၀၀ စုထားရင် ချမ်းသာပြီလို့ ထင်နေပါသလား? ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ သင့်ပိုက်ဆံတန်ဖိုးက နေ့တိုင်း ကျဆင်းနေတာပါ။ ပိုက်ဆံကို ငြိမ်ငြိမ်လေး ထားထားတာက အန္တရာယ် အများဆုံးပါပဲ။ #MediaOne #FinancialLiteracy #ငွေကြေးအသိပညာ #MoneyMindset #RichVsPoor
    Care
    1
    · 0 Comments ·0 Shares ·87 Views
  • ကိုယ်ကာယနဲ့ ပိုက်ဆံရှာရင် ရိုးသားပါ။
    ဦးနှောက်နဲ့ ပိုက်ဆံရှာရင် ပါးနပ်ပါ။
    ပိုက်ဆံကို ပိုက်ဆံနဲ့ ရှာရင် ပြတ်သားပါ၊ တိကျပါ။
    လက်အောက်ငယ်သားတွေနဲ့ ပိုက်ဆံရှာရင် ပွင့်လင်းပါ ။
    သင်ဘယ်လောက်ချမ်းသာနေပါစေ။
    ဒီစာကို ဖတ်ဖြစ်အောင် ဖတ်ပါ။

    အိမ်မက်ထဲအထိ စွဲမြဲနေအောင် မှတ်သားထားပါ။ ပိုက်ဆံစုဆောင်းခြင်းက ပိုက်ဆံရှာခြင်းထက် ပိုခက်ခဲပါတယ်။ တစ်သိန်းစုမိဖို့ဆိုတာ မိုးပေါ်တက်ဖို့ထက် ခက်ခဲပေမဲ့ တစ်သိန်းသုံးလိုက်ဖို့က ရေသောက်တာထက် ပိုလွယ်ပါတယ်။

    ဒါကြောင့် သုံးလို့ရနေသေးတဲ့ဖုန်းကို မကြာမကြာ အသစ်မလဲချင်နဲ့။

    အိမ်မှာစားလို့ရတဲ့ အစားအသောက်ကို အပြင်ထွက် မစားနဲ့။

    ပိုက်ဆံရှာဖို့ ခက်ခဲလာတဲ့ ခေတ်ကြီးမှာ ချွေတာသင့်တာကို ချွေတာပါ၊

    မသုံးသင့်တာကို မသုံးပါနဲ့။ စုထားတဲ့ ငွေရဲ့ ကိန်းဂဏန်းတွေ တိုးလာလေလေ သင့်ရဲ့မနက်တိုင်းဟာ ကြည်လင်စွာ နိုးထနိုင်လေလေပါ။

    ဒါကြောင့် သင့်ရဲ့ ငွေသုံးချင်တဲ့လက်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခြင်းဟာ သင့်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုပါပဲ။

    ကိုးကား - တရုတ်ရိုးရာ ငွေကြေးအဆုံးအမများ

    Credit မူရင်း
    ကိုယ်ကာယနဲ့ ပိုက်ဆံရှာရင် ရိုးသားပါ။ ဦးနှောက်နဲ့ ပိုက်ဆံရှာရင် ပါးနပ်ပါ။ ပိုက်ဆံကို ပိုက်ဆံနဲ့ ရှာရင် ပြတ်သားပါ၊ တိကျပါ။ လက်အောက်ငယ်သားတွေနဲ့ ပိုက်ဆံရှာရင် ပွင့်လင်းပါ ။ သင်ဘယ်လောက်ချမ်းသာနေပါစေ။ ဒီစာကို ဖတ်ဖြစ်အောင် ဖတ်ပါ။ အိမ်မက်ထဲအထိ စွဲမြဲနေအောင် မှတ်သားထားပါ။ ပိုက်ဆံစုဆောင်းခြင်းက ပိုက်ဆံရှာခြင်းထက် ပိုခက်ခဲပါတယ်။ တစ်သိန်းစုမိဖို့ဆိုတာ မိုးပေါ်တက်ဖို့ထက် ခက်ခဲပေမဲ့ တစ်သိန်းသုံးလိုက်ဖို့က ရေသောက်တာထက် ပိုလွယ်ပါတယ်။ ဒါကြောင့် သုံးလို့ရနေသေးတဲ့ဖုန်းကို မကြာမကြာ အသစ်မလဲချင်နဲ့။ အိမ်မှာစားလို့ရတဲ့ အစားအသောက်ကို အပြင်ထွက် မစားနဲ့။ ပိုက်ဆံရှာဖို့ ခက်ခဲလာတဲ့ ခေတ်ကြီးမှာ ချွေတာသင့်တာကို ချွေတာပါ၊ မသုံးသင့်တာကို မသုံးပါနဲ့။ စုထားတဲ့ ငွေရဲ့ ကိန်းဂဏန်းတွေ တိုးလာလေလေ သင့်ရဲ့မနက်တိုင်းဟာ ကြည်လင်စွာ နိုးထနိုင်လေလေပါ။ ဒါကြောင့် သင့်ရဲ့ ငွေသုံးချင်တဲ့လက်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခြင်းဟာ သင့်ရဲ့ အကောင်းဆုံး အရည်အချင်းတစ်ခုပါပဲ။ ကိုးကား - တရုတ်ရိုးရာ ငွေကြေးအဆုံးအမများ Credit မူရင်း
    Care
    1
    · 0 Comments ·0 Shares ·71 Views
  • ငယ်ငယ်ကလောက် ***ဉာဏ်မကောင်းတော့ဘူး၊ ခုတလော ခဏခဏ မေ့တတ်လာတယ်***ဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့နော်။

    ဦးနှောက်ဆိုတာ ဓားတစ်လက်လိုပါပဲ။ သွေးလေလေ ထက်လေလေမို့ ပြန်လည်သွေးယူလို့ ရပါတယ်။ ကိုယ့်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေ ပြန်ကောင်းလာဖို့ ဒီနည်းလမ်း (၅) ခုကို ပုံမှန်လေး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

    (၁) တရားထိုင်ပါ
    *******************
    တရားထိုင်တာက စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။ နေ့စဉ် ပုံမှန်လေး တရားထိုင်ပေးတာက မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ မြင့်တက်လာစေမှာပါ။

    (၂) ချရေးပါ၊ မှတ်စုထုတ်ပါ
    ***************************
    "နှစ်ထပ်ရှိမှ မှတ်မိတယ်" ဆိုတဲ့ စကားလိုပါပဲ။ ခေါင်းထဲမှာပဲ မှတ်ထားမယ့်အစား စာအုပ်ထဲမှာ ချရေးလိုက်တာက ဦးနှောက်ကို ပိုစွဲမြဲစေပါတယ်။ မေ့သွားရင်လည်း ပြန်လှန်ကြည့်လိုက်ရုံပဲလေ။

    (၃) အိပ်ချိန်၊ ထချိန် မှန်ပါစေ
    ******************************
    ဦးနှောက်က ညဘက် လူအိပ်ပျော်နေတဲ့အချိန်မှာ အလုပ်လုပ်ပါတယ်။ မလိုအပ်တဲ့ အချက်အလက်တွေကို ဖျက်၊ လိုအပ်တာတွေကို သိမ်းဆည်းပြီး ဦးနှောက်ကို ‘သန့်ရှင်းရေး’ လုပ်တာပါ။ ဒါကြောင့် ညဘက်တွေမှာ ပြည့်ဝစွာ အိပ်စက်ဖို့ လိုပါတယ်။

    (၄) လေ့လာမှုတွေ မရပ်လိုက်ပါနဲ့
    **********************
    စက်ပစ္စည်းတွေတောင် မသုံးဘဲ ပစ်ထားရင် သံချေးတက်သွားသလို ဦးနှောက်ကလည်း မသုံးရင် လေးလံသွားတတ်ပါတယ်။ စာဖတ်ပါ၊ အသစ်အဆန်းတွေ လေ့လာပါ။ ဦးနှောက်ကို အမြဲတမ်း Active ဖြစ်နေအောင် ထားပါ။

    (၅) စိတ်ဖိစီးမှုတွေ လျှော့ချပါ
    ****************************
    Stress များလာရင် ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပြီး နေထိုင်တာက မှတ်ဉာဏ်အတွက် အကောင်းဆုံး ဆေးတစ်လက်ပါပဲ။

    ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ အကျင့်လုပ်ပြီး လိုက်နာကြည့်မယ်ဆိုရင် ဉာဏ်ကောင်းပြီး ထက်မြက်တဲ့သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲနော်။

    သူငယ်ချင်းတွေလည်း သိရအောင် ဒီ Post လေးကို Share ပေးသွားပါဦး။

    Family Cooking
    ++++++++++++++++
    #ဆေးနည်း #ကျန်းမာရေး #familycooking #မေ့ #ခဏခဏ
    ငယ်ငယ်ကလောက် ***ဉာဏ်မကောင်းတော့ဘူး၊ ခုတလော ခဏခဏ မေ့တတ်လာတယ်***ဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့နော်။ 🤗 ဦးနှောက်ဆိုတာ ဓားတစ်လက်လိုပါပဲ။ သွေးလေလေ ထက်လေလေမို့ ပြန်လည်သွေးယူလို့ ရပါတယ်။ ကိုယ့်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေ ပြန်ကောင်းလာဖို့ ဒီနည်းလမ်း (၅) ခုကို ပုံမှန်လေး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 👇 (၁) တရားထိုင်ပါ 🧘‍♀️ ******************* တရားထိုင်တာက စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။ နေ့စဉ် ပုံမှန်လေး တရားထိုင်ပေးတာက မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ မြင့်တက်လာစေမှာပါ။ (၂) ချရေးပါ၊ မှတ်စုထုတ်ပါ ✍️ *************************** "နှစ်ထပ်ရှိမှ မှတ်မိတယ်" ဆိုတဲ့ စကားလိုပါပဲ။ ခေါင်းထဲမှာပဲ မှတ်ထားမယ့်အစား စာအုပ်ထဲမှာ ချရေးလိုက်တာက ဦးနှောက်ကို ပိုစွဲမြဲစေပါတယ်။ မေ့သွားရင်လည်း ပြန်လှန်ကြည့်လိုက်ရုံပဲလေ။ (၃) အိပ်ချိန်၊ ထချိန် မှန်ပါစေ ⏰ ****************************** ဦးနှောက်က ညဘက် လူအိပ်ပျော်နေတဲ့အချိန်မှာ အလုပ်လုပ်ပါတယ်။ မလိုအပ်တဲ့ အချက်အလက်တွေကို ဖျက်၊ လိုအပ်တာတွေကို သိမ်းဆည်းပြီး ဦးနှောက်ကို ‘သန့်ရှင်းရေး’ လုပ်တာပါ။ ဒါကြောင့် ညဘက်တွေမှာ ပြည့်ဝစွာ အိပ်စက်ဖို့ လိုပါတယ်။ (၄) လေ့လာမှုတွေ မရပ်လိုက်ပါနဲ့ 📚 ********************** စက်ပစ္စည်းတွေတောင် မသုံးဘဲ ပစ်ထားရင် သံချေးတက်သွားသလို ဦးနှောက်ကလည်း မသုံးရင် လေးလံသွားတတ်ပါတယ်။ စာဖတ်ပါ၊ အသစ်အဆန်းတွေ လေ့လာပါ။ ဦးနှောက်ကို အမြဲတမ်း Active ဖြစ်နေအောင် ထားပါ။ (၅) စိတ်ဖိစီးမှုတွေ လျှော့ချပါ 💆‍♂️ **************************** Stress များလာရင် ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပြီး နေထိုင်တာက မှတ်ဉာဏ်အတွက် အကောင်းဆုံး ဆေးတစ်လက်ပါပဲ။ ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ အကျင့်လုပ်ပြီး လိုက်နာကြည့်မယ်ဆိုရင် ဉာဏ်ကောင်းပြီး ထက်မြက်တဲ့သူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲနော်။ 💪✨ သူငယ်ချင်းတွေလည်း သိရအောင် ဒီ Post လေးကို Share ပေးသွားပါဦး။ Family Cooking ++++++++++++++++ #ဆေးနည်း #ကျန်းမာရေး #familycooking #မေ့ #ခဏခဏ
    Like
    1
    · 0 Comments ·0 Shares ·130 Views
More Results