-
ရှားစောင်းလက်ပပ်နှင့် ပျောက်ကင်းသည့်ရောဂါများ....
၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါက
မျက်စိနာ၊ကိုက်၊ပူစပ်၊ယားယံခြင်းကို
သက်သာစေပါသည်။
၂.နားထဲတွင်အနာပေါက်ခြင်း၊နားကိုက်ခြင်းနှင့် နားပိုးဝင်၍ ရောင်ကိုင်းခြင်း တို့တွင် ရှားစောင်းလက်ပပ်
၂ လက်မအရွယ်ကိုလှီးဖြတ်ကာ ထက်ခြမ်းခြမ်းပြီး နား၏အရှေ့ဘက်နှင့်
အနောက်ဘက်တို့တွင် ကပ်၍ ဂျယ်လီအချွဲများဖြင့်နားအပြင်မှပွတ်ပေးခြင်း
ဖြင့် ရောင်ကိုင်းမှုများလျော့ကျကာ
နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါသည်။
၃. ရှားစောင်းလက်ပတ်ကိုဖျော်ရည်သောက်ခြင်း
သို့ ပါးပါးလှီး၍ချက်စားခြင်းဖြင့် ဓမ္မတာမှန်စေကာ အမျိုးသမီးမျိုးပွါးအင်္ဂါကို ခွန်အားဖြစ်စေရုံသာမက သားအိမ်ကိုသန့်စင်စေသည်။သွေးဆုံးပြီးနောက် မီးယပ်ရောဂါတို့ကိုလည်းမဖြစ်စေပါ။
၄.ကျားမ အင်္ဂါများရှိရေယုန်နာများကိုလည်း
ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။
၅.ရှားစောင်းလက်ပတ်၏အတွင်းပိုင်းရှိ ဂျယ်လီသည် အရေပြားတွင်အနီပိမ့်များ
ထွက်ခြင်း၊အရေပြားတွင် အရည်အိတ်တည်ခြင်း၊အပူလောင်ခြင်း၊
ဘက်တီးရီးယားနှင့် ပိုးမွှားများကြောင့်
အရေပြားတွင် ပွေး၊ဝဲ၊ညှင်း စသည့် အရေပြားရောဂါ အမျိုးမျိုးကို သက်သာ
စေသည်။
၆.ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိသဖြင့်
အစာချေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊အစာမကြေခြင်းတို့ကို
သက်သာစေသည်။အထူးသဖြင့် အူမကြီး
ကင်ဆာအပါအဝင် ကင်ဆာအကျိတ်များ
ကြီးထွားလာမှုကို ရပ်တန့်စေသည်။
အစာအိမ်ပြည်တည်နာများ၊အသည်းရောင်ခြင်း၊အူရောင်ခြင်း
ဝေဒနာတို့ကိုလျော့ကျစေသည်။
၇.သွေးထဲရှိ oxygen ကိုကောင်းစွာလည်ပတ်စေပြီး
cell များကိုခွန်အားဖြစ်စေသည်။
၈.အပင်ထဲရှိ polysaccharides ,mannans,anthraquinones
စသောဒြပ်များသည် နှလုံးစွမ်းရည်ကိုတိုးမြှင့်ပေးစေသည့်အပြင်
သွေးတွင်းအဆီခဲ သွေးခဲများပိတ်ဆို့ခြင်း၊
နှလုံးသွေးပျစ်ခြင်းစသော နှလုံးသွေးကြော
ဆိုင်ရပြဿနာများကို များစွာကောင်းကျိုးပြု
သည်။ထို့ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းကိုလည်း ဖြစ်မလာစေနိုင်ပါ။
၉.သွေးဖိအားထိန်းညှိပေးခြင်းကြောင့်
သွေးတိုးရောဂါမဖြစ်စေပါ။
၁၀. အရေပြားရှိထိခိုက်ဒဏ်ရာများနှင့်
ပိုးဝင်ခြင်းတို့ကိုသက်သာစေပါသည်။
ရှားစောင်းအနှစ်ကို လိမ်းပေးပါက မီးလောင်နာ ၊အရည်ကြည်ဖုနာ၊ထိခိုက်ရှနာ၊
နေလောင်နာ စသည်တို့ကို ရှားစောင်းလက်ပက်တွင်ပါဝင်သော အောက်စီဂျင်ဓာတ်တစ်မျိုးတည်းကြောင့်
အရေပြားမှ cell များကို အလိုလို ပြုပြင်ပေး
နိုင်စွမ်းရှိသည်။
(သို့သော်) ခွဲစိတ်အနာချုပ်ရိုးများကို
အနာကောင်းစွာမကျက်ခင် မလိမ်းသင့်ပါ၊
အနာကျက်နှေးသွားစေပါတယ်။
၁၁.သွေးစုနာ၊အကြိတ်ဖုနာ၊သွေးလုံး၊လေလုံး၊ အဆီဖုများကို အပင်၏ဂျယ်လီ
လိမ်းကပ်ပေးခြင်းဖြင့် အကြိတ်မှပြည်ပေါက်
ထွက်ကာ ငန်းမန်းကို ကြေစေနိုင်သည်။
၁၂.ရှားစောင်းလက်ပပ်အပင်ကို မီးမြှိုက်၍
အနှစ်ကိုစားပေးပါက ရေဖျဉ်းရောဂါကို
သက်သာစေပြီး မီးမြှိုက်ထားသောအနှစ်ကို
သကြားနှင့်စားပါက အမျိုးသမီးများ အဖြူဆင်းခြင်းကိုသက်သာစေသည်။
၁၃ ဂျယ်လီအနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ဆီးအောင့်ရောဂါကိုပျေါက်ကင်းစေပြီး
ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးသည်။
၁၄.အသားဝါရောဂါရှိသူများ ဂျယ်လီအနှစ်ကို စားပေးခြင်းဖြင့်
ချမ်းသာရာရစေသည်
၁၅.ဖျော်ရည်လိုသောက်သုံးပေးခြင်းဖြင့်
အအေးမိ၊တုပ်ကွေးဖျားနာ၊နှာခေါင်းပိတ်
ခြင်း၊လေပြွန်ရောင်ခြင်း၊ရင်ပူခြင်း၊စသည့်
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကောင်းစွာကုသပေးနိုင်စွမ်း
ရှိသည်။
၁၆.သွေးထဲရှိ glucose ပမါဏကိုကျစေသဖြင့် ဆီးချိုရောဂါသည်
များရှားစောင်းလက်ပက်ဖျော်ရည်ကို
သောက်သုံးသင့်ပါသည်။
၁၇.ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားပိုးမွှားများကိုသေစေကာ
သွားများကိုဖြူဖွေးသန့်စင်ခိုင်ခန့်စေပြီး၊
သွားဖုံးများကိုကျန်းမာစေသည်။
၁၈.သဘာဝသကြားဓာတ် ပါရှိသဖြင့်
ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။
၁၉.အပင် ၏ enzymes များတွင် ဝမ်းသက်စေသော အာနိသင်ပါရှိခြင်း
ကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွါးစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါ။
၂၀.ခေါင်းမလျှော်ခင်ရှားစောင်း လက်ပက်
ဂျယ်လီနှင့် ဦးခေါင်းကို နှိပ်နယ်ပေးခြင်းဖြင့်
ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊
ဆံပင်ကျိုးခြင်းတို့ကို သက်သာစေကာ
သန်း နှင့် ဗောက်များကိုလည်ကင်းစင်
စေသည်။
၂၁.ရှားစောင်းလက်ပက်ထဲတွင် ယောင်ယမ်းနာများကို ပျေါက်ကင်းစေသော
သဘာဝပစ္စည်း ၁၂ မျိုးပါရှိ၍ ဘေးထွက်ဆိုး
ကျိုးလုံးဝမရှိပဲ အရိုးအဆစ်အမြစ် နာကျင်
ကိုက်ခဲခြင်းတို့ကိုသက်သာစေသည်။
ထို့ပြင် ကြွက်သားများတောင့်တင်းခြင်းကိုလဲ
ပြေလျော့စေသည်။
၂၂. cholesterol ကိုကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို
ပေါ့ပါးလန်းဆန်းစေသည်။
၂၃.ခန္ဓာကိုယ်ထဲ oxygen ပြတ်လပ်မှုကို
ကာကွယ်ပေးသည်။
၂၄.ကော်ဖီနှင့် လက်ဖက်ရည်အလွန်အကျွံသောက်သုံး
ခြင်းကြောင့် ခန္ဓာကိုယ်တွက် မလိုအပ်သော
oxalates ဓာတ်မန္တရာယ်မှကာကွယ်ပေးသည်။
၂၅.ညအိပ်ယာဝင်ခါနီး ရှားစောင်းလက်ပက်
ဂျယ်လီကို မျက်နှာအနှံ့ပွတ်လိမ်းပြီး
မိနစ်၂၀ အကြာတွင် ရေအေးနှင့် မျက်နှာ
သစ်ပေးပါက မိတ်ကပ်ချေးများ ကင်းစင်စေပြီး ချွေးပေါက်ပွင့်ကာ ဝက်ခြံ
လုံးဝမထွက်စေပါ။ရှားစောင်းအနှစ်ကို
မျက်နှာပေါ်တွင်အုပ်ပြီးလိမ်းပေးပါက
ရှားစောင်းတွင်ပါဝင်သော oxygen
ကြောင့် အရေပြားcell များကိုပိုမိုသန့်စင်စေ
ပြီးချေါမွတ်စေပါသည်။ဝက်ခြံသာမက
တင်းတိပ်များကိုဖယ်ရှားပြီး နူးညံ့လှပစေ
ပါသည်။
၂၆.ရှားစောင်းလက်ပက်ကို အစိမ်းလိုက်ဝါးစားပါက အရက်နာကျရောဂါကိုသက်သာစေသည်။
လူကိုပုံမှန်တိုင်း လန်းဆန်းစေသည်။
(သို့သော်)တစ်နေ့ ၂၀ cc ထက်ပို၍
အစိမ်းစားပါက ကျောက်ကပ်ကို
ပျက်စီးစေနိုင်သည်။
အစာအိမ်ရောဂါပါပျောက်ကင်းပါတယ်။
သုံးစွဲနည်း= ဓါးပါးပါးလေးနဲ့အခွံကိုလှီးထုတ်ပါ။မြိုချလို့ရတဲ့အရွယ်အတုံးလေးတွေရအောင် ဖြတ်ပါ။မတ်ခွက်ထဲအပြည့်ထည့်ပါ၊သကြားဟင်းစားတစ်ဇွန်းထည့်ပါ၊သံပုရာသီးတစ်လုံးအရည်ညှစ်ထည့်ပါ၊အဖုံးဖုံးထားပါ၊၂၄ နာရီနှပ်ထားပါ၊၂၄ နာရီပြည့်ရင် အစာအိမ်ထဲအစာမရှိမီ(အိပ်ယာထချိန်)မှာ ဇွန်းနဲ့ခပ်ပီး မြိုချပါ။ ရှားစောင်းလက်ပတ်ရဲ့အကျိအချွဲတွေက အစာအိမ်နံရံ၊အနာရှိတဲ့နေရာမှာသွားကပ်ရင် အနာကျက်မြန်ပီး တစ်လလောက်မှာ အစာအိမ်ရောဂါ သက်သပျောက်ကင်းပါတယ်
အကျိုးကျေးဇူးများစွာဖြင့် လူတို့၏
ကျန်းမာရေးအတွက်လိုအပ်မှုများစွာကို ဖြည့်ဆည်းပေးနိုင်သည့်
သဘာဝရှားစောင်းလက်ပက်ဖြင့်ဖော်စပ်ထားသောဆေးများ ၊အလှကုန်ပစ္စည်းများကို အသုံးပြုသင့်ပါတယ်
ဝမ်းချုပ်ခြင်းပြဿနာ နဲ့ ရှားစောင်းလက်ပပ်
ဗိုက်ထဲမှာ လေးလံပြီး နာနေတာဟာ အူတွေထဲမှာ အစာဟောင်း ( မစင် ) တွေ စုပုံနေလို့ ဖြစ်ပါတယ်။
ဝမ်းမသွားဘဲ အစာဟောင်းတွေစုပုံနေတာ ( ဝမ်းချုပ်နေတာ ) ဟာ ရုတ်ချည်းအသက်အန္တရာယ်ပေးနိုင်တာမျိုး မဟုတ်ပေမယ့် တာရှည်မှာ ကျန်းမာရေးအတွက်တော့မကောင်းပါဘူး။
အူမကြီးဟာ အစာချေလုပ်ငန်းအတွက် အရေးပါတာမို့ အူတွေ သန့်ရှင်းပြီး ကျန်းမာနေဖို့ဟာ အရေးကြီးပါတယ်။
အူတွေဟာ အစာဟောင်းတွေနဲ့ ပြည့်ကျပ် ညစ်ပေနေလျှင် ဝမ်းချုပ်ခြင်း , ဝမ်းလျောခြင်း , ဗိုက်နာခြင်း , မအီမသာဖြစ်ခြင်း , မူးဝေခြင်း , ခေါင်းကိုက်ခြင်း , အစားပျက်ခြင်း , ပါးစပ်နံခြင်း , ကိုယ်ခံအား နည်းခြင်း , ပျို့အန်ခြင်း , ဗိုက်ရောင်ရမ်းခြင်း စတာတွေ ခံစားရပါတယ်။
ဝမ်းချုပ်စေတဲ့အကြောင်းတွေမှာ အဓိက ၂ချက်ကတော့
အစားအသောက် ဂရုမစိုက်ခြင်း နဲ့ ထိုင်ခုံမှာ စွဲစွဲမြဲမြဲ အလုပ်လုပ်ရခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြုပြင်ထားတဲ့ အလွယ်စားစရာတွေ အားထားစားသောက်ခြင်း နဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာလည်း အစာချေခြင်းလုပ်ငန်းကို ထိခိုက်စေပါတယ်။
အဆီများတဲ့အစားအစာ , အချိုများတဲ့အစားအစာ စားသုံးမှုများခြင်း
နို့နဲ့ နို့ထွက်အစားအစာတွေ စားသုံမှုများခြင်း
ရေအသောက်နည်းခြင်း
ဖိုင်ဘာကြွယ်ဝတဲ့ အစားအစာများ မစားခြင်း
အရက်သေစာ နဲ့ ကော်ဖီ အသောက်များခြင်း
ဝမ်းအချိန်မှန်မသွားဘဲ အောင့်အည်းချုပ်တည်းထားခြင်း စတာတွေကလည်း ဝမ်းချုပ်စေသည့်အကြောင်းတွေ ဖြစ်ပါတယ်။
သွေးတိုးခြင်း
လေဖြတ်ထားခြင်း
ခြေလက်တုန်ယင်သည့် ပါကင်ဆင်ရောဂါဖြစ်ခြင်း
ဆီးချိုရောဂါရှိခြင်း
ခါးအာရုံကြောထိခိုက်ထားခြင်း
ကိုယ်ဝန်ဆောင်ခြင်း
အသက်အရွယ်ကြီးခြင်း
စတာတွေကြောင့်လည်း ဝမ်းချုပ်ခြင်း ဖြစ်ရပါသေးတယ်။
အူတွေလှုပ်ရှားမှုကို အားပေးပြီး အစာဟောင်းတွေ စွန့်ထုတ်ပစ်နိုင်အောင်
ပြုလုပ်ပေးနိုင်တဲ့ သဘာဝဆေးဝါးများ ရှိပါတယ်။
အလွယ်ကူဆုံးဆေးနည်းအတွက် လိုအပ်ချက်ကတော့
ရှားစောင်လက်ပပ် ဂျဲလ် စားပွဲတင်ဇွန်း ၃ဇွန်းစာ
ပျားရည်
သံပုရိုသီး ၁လုံး
ရေ ၃ခွက်
တို့ဖြစ်ပါတယ်
ရေ ၁ခွက်ထဲ သံပုရိုသီး ညှစ်ထည့်ဖျော်
ရှားစောင်းလက်ပပ် စားပွဲတင် ၃ဇွန်းထည့်မွှေ
ဖျော်စက်ထဲ ထည့်
ရေ ၂ခွက် ထပ်ထည့်
မွှေ
ပျားရည် လိုသလိုထည့်
မနက်အိပ်ရာထ မနက်စာမစားမီ ၃၀မိနစ်မှာ ၁ခွက်သောက်။
နေ့လည်စာနဲ့ ညစာ မစားမီ နာရီဝက်စောပြီး နောက်ထပ် ၁ခွက်စီ သောက်ပါ။
အလွယ်ကူဆုံး သဘာဝ ဝမ်းနုတ်ဆေးဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
Crd original writer
#ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #newyearevent #healthylivingရှားစောင်းလက်ပပ်နှင့် ပျောက်ကင်းသည့်ရောဂါများ.... ၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါက မျက်စိနာ၊ကိုက်၊ပူစပ်၊ယားယံခြင်းကို သက်သာစေပါသည်။ ၂.နားထဲတွင်အနာပေါက်ခြင်း၊နားကိုက်ခြင်းနှင့် နားပိုးဝင်၍ ရောင်ကိုင်းခြင်း တို့တွင် ရှားစောင်းလက်ပပ် ၂ လက်မအရွယ်ကိုလှီးဖြတ်ကာ ထက်ခြမ်းခြမ်းပြီး နား၏အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် ကပ်၍ ဂျယ်လီအချွဲများဖြင့်နားအပြင်မှပွတ်ပေးခြင်း ဖြင့် ရောင်ကိုင်းမှုများလျော့ကျကာ နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါသည်။ ၃. ရှားစောင်းလက်ပတ်ကိုဖျော်ရည်သောက်ခြင်း သို့ ပါးပါးလှီး၍ချက်စားခြင်းဖြင့် ဓမ္မတာမှန်စေကာ အမျိုးသမီးမျိုးပွါးအင်္ဂါကို ခွန်အားဖြစ်စေရုံသာမက သားအိမ်ကိုသန့်စင်စေသည်။သွေးဆုံးပြီးနောက် မီးယပ်ရောဂါတို့ကိုလည်းမဖြစ်စေပါ။ ၄.ကျားမ အင်္ဂါများရှိရေယုန်နာများကိုလည်း ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ၅.ရှားစောင်းလက်ပတ်၏အတွင်းပိုင်းရှိ ဂျယ်လီသည် အရေပြားတွင်အနီပိမ့်များ ထွက်ခြင်း၊အရေပြားတွင် အရည်အိတ်တည်ခြင်း၊အပူလောင်ခြင်း၊ ဘက်တီးရီးယားနှင့် ပိုးမွှားများကြောင့် အရေပြားတွင် ပွေး၊ဝဲ၊ညှင်း စသည့် အရေပြားရောဂါ အမျိုးမျိုးကို သက်သာ စေသည်။ ၆.ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိသဖြင့် အစာချေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊အစာမကြေခြင်းတို့ကို သက်သာစေသည်။အထူးသဖြင့် အူမကြီး ကင်ဆာအပါအဝင် ကင်ဆာအကျိတ်များ ကြီးထွားလာမှုကို ရပ်တန့်စေသည်။ အစာအိမ်ပြည်တည်နာများ၊အသည်းရောင်ခြင်း၊အူရောင်ခြင်း ဝေဒနာတို့ကိုလျော့ကျစေသည်။ ၇.သွေးထဲရှိ oxygen ကိုကောင်းစွာလည်ပတ်စေပြီး cell များကိုခွန်အားဖြစ်စေသည်။ ၈.အပင်ထဲရှိ polysaccharides ,mannans,anthraquinones စသောဒြပ်များသည် နှလုံးစွမ်းရည်ကိုတိုးမြှင့်ပေးစေသည့်အပြင် သွေးတွင်းအဆီခဲ သွေးခဲများပိတ်ဆို့ခြင်း၊ နှလုံးသွေးပျစ်ခြင်းစသော နှလုံးသွေးကြော ဆိုင်ရပြဿနာများကို များစွာကောင်းကျိုးပြု သည်။ထို့ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းကိုလည်း ဖြစ်မလာစေနိုင်ပါ။ ၉.သွေးဖိအားထိန်းညှိပေးခြင်းကြောင့် သွေးတိုးရောဂါမဖြစ်စေပါ။ ၁၀. အရေပြားရှိထိခိုက်ဒဏ်ရာများနှင့် ပိုးဝင်ခြင်းတို့ကိုသက်သာစေပါသည်။ ရှားစောင်းအနှစ်ကို လိမ်းပေးပါက မီးလောင်နာ ၊အရည်ကြည်ဖုနာ၊ထိခိုက်ရှနာ၊ နေလောင်နာ စသည်တို့ကို ရှားစောင်းလက်ပက်တွင်ပါဝင်သော အောက်စီဂျင်ဓာတ်တစ်မျိုးတည်းကြောင့် အရေပြားမှ cell များကို အလိုလို ပြုပြင်ပေး နိုင်စွမ်းရှိသည်။ (သို့သော်) ခွဲစိတ်အနာချုပ်ရိုးများကို အနာကောင်းစွာမကျက်ခင် မလိမ်းသင့်ပါ၊ အနာကျက်နှေးသွားစေပါတယ်။ ၁၁.သွေးစုနာ၊အကြိတ်ဖုနာ၊သွေးလုံး၊လေလုံး၊ အဆီဖုများကို အပင်၏ဂျယ်လီ လိမ်းကပ်ပေးခြင်းဖြင့် အကြိတ်မှပြည်ပေါက် ထွက်ကာ ငန်းမန်းကို ကြေစေနိုင်သည်။ ၁၂.ရှားစောင်းလက်ပပ်အပင်ကို မီးမြှိုက်၍ အနှစ်ကိုစားပေးပါက ရေဖျဉ်းရောဂါကို သက်သာစေပြီး မီးမြှိုက်ထားသောအနှစ်ကို သကြားနှင့်စားပါက အမျိုးသမီးများ အဖြူဆင်းခြင်းကိုသက်သာစေသည်။ ၁၃ ဂျယ်လီအနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ဆီးအောင့်ရောဂါကိုပျေါက်ကင်းစေပြီး ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးသည်။ ၁၄.အသားဝါရောဂါရှိသူများ ဂျယ်လီအနှစ်ကို စားပေးခြင်းဖြင့် ချမ်းသာရာရစေသည် ၁၅.ဖျော်ရည်လိုသောက်သုံးပေးခြင်းဖြင့် အအေးမိ၊တုပ်ကွေးဖျားနာ၊နှာခေါင်းပိတ် ခြင်း၊လေပြွန်ရောင်ခြင်း၊ရင်ပူခြင်း၊စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကောင်းစွာကုသပေးနိုင်စွမ်း ရှိသည်။ ၁၆.သွေးထဲရှိ glucose ပမါဏကိုကျစေသဖြင့် ဆီးချိုရောဂါသည် များရှားစောင်းလက်ပက်ဖျော်ရည်ကို သောက်သုံးသင့်ပါသည်။ ၁၇.ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားပိုးမွှားများကိုသေစေကာ သွားများကိုဖြူဖွေးသန့်စင်ခိုင်ခန့်စေပြီး၊ သွားဖုံးများကိုကျန်းမာစေသည်။ ၁၈.သဘာဝသကြားဓာတ် ပါရှိသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။ ၁၉.အပင် ၏ enzymes များတွင် ဝမ်းသက်စေသော အာနိသင်ပါရှိခြင်း ကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွါးစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါ။ ၂၀.ခေါင်းမလျှော်ခင်ရှားစောင်း လက်ပက် ဂျယ်လီနှင့် ဦးခေါင်းကို နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျိုးခြင်းတို့ကို သက်သာစေကာ သန်း နှင့် ဗောက်များကိုလည်ကင်းစင် စေသည်။ ၂၁.ရှားစောင်းလက်ပက်ထဲတွင် ယောင်ယမ်းနာများကို ပျေါက်ကင်းစေသော သဘာဝပစ္စည်း ၁၂ မျိုးပါရှိ၍ ဘေးထွက်ဆိုး ကျိုးလုံးဝမရှိပဲ အရိုးအဆစ်အမြစ် နာကျင် ကိုက်ခဲခြင်းတို့ကိုသက်သာစေသည်။ ထို့ပြင် ကြွက်သားများတောင့်တင်းခြင်းကိုလဲ ပြေလျော့စေသည်။ ၂၂. cholesterol ကိုကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေသည်။ ၂၃.ခန္ဓာကိုယ်ထဲ oxygen ပြတ်လပ်မှုကို ကာကွယ်ပေးသည်။ ၂၄.ကော်ဖီနှင့် လက်ဖက်ရည်အလွန်အကျွံသောက်သုံး ခြင်းကြောင့် ခန္ဓာကိုယ်တွက် မလိုအပ်သော oxalates ဓာတ်မန္တရာယ်မှကာကွယ်ပေးသည်။ ၂၅.ညအိပ်ယာဝင်ခါနီး ရှားစောင်းလက်ပက် ဂျယ်လီကို မျက်နှာအနှံ့ပွတ်လိမ်းပြီး မိနစ်၂၀ အကြာတွင် ရေအေးနှင့် မျက်နှာ သစ်ပေးပါက မိတ်ကပ်ချေးများ ကင်းစင်စေပြီး ချွေးပေါက်ပွင့်ကာ ဝက်ခြံ လုံးဝမထွက်စေပါ။ရှားစောင်းအနှစ်ကို မျက်နှာပေါ်တွင်အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော oxygen ကြောင့် အရေပြားcell များကိုပိုမိုသန့်စင်စေ ပြီးချေါမွတ်စေပါသည်။ဝက်ခြံသာမက တင်းတိပ်များကိုဖယ်ရှားပြီး နူးညံ့လှပစေ ပါသည်။ ၂၆.ရှားစောင်းလက်ပက်ကို အစိမ်းလိုက်ဝါးစားပါက အရက်နာကျရောဂါကိုသက်သာစေသည်။ လူကိုပုံမှန်တိုင်း လန်းဆန်းစေသည်။ (သို့သော်)တစ်နေ့ ၂၀ cc ထက်ပို၍ အစိမ်းစားပါက ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။ အစာအိမ်ရောဂါပါပျောက်ကင်းပါတယ်။ သုံးစွဲနည်း= ဓါးပါးပါးလေးနဲ့အခွံကိုလှီးထုတ်ပါ။မြိုချလို့ရတဲ့အရွယ်အတုံးလေးတွေရအောင် ဖြတ်ပါ။မတ်ခွက်ထဲအပြည့်ထည့်ပါ၊သကြားဟင်းစားတစ်ဇွန်းထည့်ပါ၊သံပုရာသီးတစ်လုံးအရည်ညှစ်ထည့်ပါ၊အဖုံးဖုံးထားပါ၊၂၄ နာရီနှပ်ထားပါ၊၂၄ နာရီပြည့်ရင် အစာအိမ်ထဲအစာမရှိမီ(အိပ်ယာထချိန်)မှာ ဇွန်းနဲ့ခပ်ပီး မြိုချပါ။ ရှားစောင်းလက်ပတ်ရဲ့အကျိအချွဲတွေက အစာအိမ်နံရံ၊အနာရှိတဲ့နေရာမှာသွားကပ်ရင် အနာကျက်မြန်ပီး တစ်လလောက်မှာ အစာအိမ်ရောဂါ သက်သပျောက်ကင်းပါတယ်🥰 အကျိုးကျေးဇူးများစွာဖြင့် လူတို့၏ ကျန်းမာရေးအတွက်လိုအပ်မှုများစွာကို ဖြည့်ဆည်းပေးနိုင်သည့် သဘာဝရှားစောင်းလက်ပက်ဖြင့်ဖော်စပ်ထားသောဆေးများ ၊အလှကုန်ပစ္စည်းများကို အသုံးပြုသင့်ပါတယ်🥰 🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬 ဝမ်းချုပ်ခြင်းပြဿနာ နဲ့ ရှားစောင်းလက်ပပ် ဗိုက်ထဲမှာ လေးလံပြီး နာနေတာဟာ အူတွေထဲမှာ အစာဟောင်း ( မစင် ) တွေ စုပုံနေလို့ ဖြစ်ပါတယ်။ ဝမ်းမသွားဘဲ အစာဟောင်းတွေစုပုံနေတာ ( ဝမ်းချုပ်နေတာ ) ဟာ ရုတ်ချည်းအသက်အန္တရာယ်ပေးနိုင်တာမျိုး မဟုတ်ပေမယ့် တာရှည်မှာ ကျန်းမာရေးအတွက်တော့မကောင်းပါဘူး။ အူမကြီးဟာ အစာချေလုပ်ငန်းအတွက် အရေးပါတာမို့ အူတွေ သန့်ရှင်းပြီး ကျန်းမာနေဖို့ဟာ အရေးကြီးပါတယ်။ အူတွေဟာ အစာဟောင်းတွေနဲ့ ပြည့်ကျပ် ညစ်ပေနေလျှင် ဝမ်းချုပ်ခြင်း , ဝမ်းလျောခြင်း , ဗိုက်နာခြင်း , မအီမသာဖြစ်ခြင်း , မူးဝေခြင်း , ခေါင်းကိုက်ခြင်း , အစားပျက်ခြင်း , ပါးစပ်နံခြင်း , ကိုယ်ခံအား နည်းခြင်း , ပျို့အန်ခြင်း , ဗိုက်ရောင်ရမ်းခြင်း စတာတွေ ခံစားရပါတယ်။ ဝမ်းချုပ်စေတဲ့အကြောင်းတွေမှာ အဓိက ၂ချက်ကတော့ အစားအသောက် ဂရုမစိုက်ခြင်း နဲ့ ထိုင်ခုံမှာ စွဲစွဲမြဲမြဲ အလုပ်လုပ်ရခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြုပြင်ထားတဲ့ အလွယ်စားစရာတွေ အားထားစားသောက်ခြင်း နဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာလည်း အစာချေခြင်းလုပ်ငန်းကို ထိခိုက်စေပါတယ်။ အဆီများတဲ့အစားအစာ , အချိုများတဲ့အစားအစာ စားသုံးမှုများခြင်း နို့နဲ့ နို့ထွက်အစားအစာတွေ စားသုံမှုများခြင်း ရေအသောက်နည်းခြင်း ဖိုင်ဘာကြွယ်ဝတဲ့ အစားအစာများ မစားခြင်း အရက်သေစာ နဲ့ ကော်ဖီ အသောက်များခြင်း ဝမ်းအချိန်မှန်မသွားဘဲ အောင့်အည်းချုပ်တည်းထားခြင်း စတာတွေကလည်း ဝမ်းချုပ်စေသည့်အကြောင်းတွေ ဖြစ်ပါတယ်။ သွေးတိုးခြင်း လေဖြတ်ထားခြင်း ခြေလက်တုန်ယင်သည့် ပါကင်ဆင်ရောဂါဖြစ်ခြင်း ဆီးချိုရောဂါရှိခြင်း ခါးအာရုံကြောထိခိုက်ထားခြင်း ကိုယ်ဝန်ဆောင်ခြင်း အသက်အရွယ်ကြီးခြင်း စတာတွေကြောင့်လည်း ဝမ်းချုပ်ခြင်း ဖြစ်ရပါသေးတယ်။ အူတွေလှုပ်ရှားမှုကို အားပေးပြီး အစာဟောင်းတွေ စွန့်ထုတ်ပစ်နိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ သဘာဝဆေးဝါးများ ရှိပါတယ်။ အလွယ်ကူဆုံးဆေးနည်းအတွက် လိုအပ်ချက်ကတော့ ရှားစောင်လက်ပပ် ဂျဲလ် စားပွဲတင်ဇွန်း ၃ဇွန်းစာ ပျားရည် သံပုရိုသီး ၁လုံး ရေ ၃ခွက် တို့ဖြစ်ပါတယ် ရေ ၁ခွက်ထဲ သံပုရိုသီး ညှစ်ထည့်ဖျော် ရှားစောင်းလက်ပပ် စားပွဲတင် ၃ဇွန်းထည့်မွှေ ဖျော်စက်ထဲ ထည့် ရေ ၂ခွက် ထပ်ထည့် မွှေ ပျားရည် လိုသလိုထည့် မနက်အိပ်ရာထ မနက်စာမစားမီ ၃၀မိနစ်မှာ ၁ခွက်သောက်။ နေ့လည်စာနဲ့ ညစာ မစားမီ နာရီဝက်စောပြီး နောက်ထပ် ၁ခွက်စီ သောက်ပါ။ အလွယ်ကူဆုံး သဘာဝ ဝမ်းနုတ်ဆေးဖြစ်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ ဒေါက်တာမြင့်သိန်း Crd original writer 🤍🤍 #ကျန်းမာရေးဗဟုသုတရကြပါစေ #sweswe #newyearevent #healthyliving· 0 Comments ·0 Shares ·13 Views1
-
-
အရင်နေရာမှာ
အရင်လိုပါပဲဆိုတဲ့ စကားလုံးကို
မသုံးပေမယ့်
သတိတရရှိခဲ့ရင်
အရင်က ခဏခဏ ခေါ်ခဲ့ဖူးတဲ့
ဖုန်းနံပါတ်လေးကို
ဆက်သွယ်လို့လည်းရပါတယ် ။
ပြန်လာမယ့်ရက်ကို
စောင့်နေပါ့မယ့်လို့ ကတိတွေ မပေးခဲ့ပေမယ့်
သတိတရရှိလာမယ့်ရက်ကိုတော့
မျှော်လင့်ခဲ့ဖူးပါတယ် ။
အဆင်ပြေရဲ့လားဆိုတဲ့
မေးခွန်းတွေ မမေးဖြစ်တော့ပေမယ့်
ကိုယ်ကတော့ ...
သတိတရနဲ့ မင်းကို
ငေးငေးကြည့်နေတုန်းပါပဲ ။
ပျော်နေတာလေး မြင်ရင်
အဆင်ပြေနေတာပဲဆိုတဲ့ စိတ်နဲ့
ကိုယ်လည်း ပျော်အောင် နေဖို့ပဲ တွေးပါတယ်
မျက်နှာလေး ညှိုးနေရင်
အပြေးလာချင်တဲ့ စိတ်ကို
ငါတို့က ဆိုင်မှမဆိုင်တော့တာဆိုတဲ့ သတိနဲ့
ထိန်းပါတယ် ။
မင်း သတိတရ ရှိတဲ့အခါကျရင်တော့ ...
ကိုယ် ရှိနေနိုင်ဖို့ ကြိုးစားပါတယ် ...
ကိုယ့်ဖက်က စပြီး
ဖြတ်တောက်ခဲ့တဲ့ ဆက်ဆံရေးမဟုတ်တာကြောင့်
ကိုယ့်ကို လို၏ မလို၏ မသိနိုင်တော့တဲ့
ရပ်၀န်းမှာ
တိတ်ဆိတ်ပြီးပဲ လွမ်းပါတယ် ။
#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)အရင်နေရာမှာ အရင်လိုပါပဲဆိုတဲ့ စကားလုံးကို မသုံးပေမယ့် သတိတရရှိခဲ့ရင် အရင်က ခဏခဏ ခေါ်ခဲ့ဖူးတဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်လို့လည်းရပါတယ် ။ ပြန်လာမယ့်ရက်ကို စောင့်နေပါ့မယ့်လို့ ကတိတွေ မပေးခဲ့ပေမယ့် သတိတရရှိလာမယ့်ရက်ကိုတော့ မျှော်လင့်ခဲ့ဖူးပါတယ် ။ အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေ မမေးဖြစ်တော့ပေမယ့် ကိုယ်ကတော့ ... သတိတရနဲ့ မင်းကို ငေးငေးကြည့်နေတုန်းပါပဲ ။ ပျော်နေတာလေး မြင်ရင် အဆင်ပြေနေတာပဲဆိုတဲ့ စိတ်နဲ့ ကိုယ်လည်း ပျော်အောင် နေဖို့ပဲ တွေးပါတယ် မျက်နှာလေး ညှိုးနေရင် အပြေးလာချင်တဲ့ စိတ်ကို ငါတို့က ဆိုင်မှမဆိုင်တော့တာဆိုတဲ့ သတိနဲ့ ထိန်းပါတယ် ။ မင်း သတိတရ ရှိတဲ့အခါကျရင်တော့ ... ကိုယ် ရှိနေနိုင်ဖို့ ကြိုးစားပါတယ် ... ကိုယ့်ဖက်က စပြီး ဖြတ်တောက်ခဲ့တဲ့ ဆက်ဆံရေးမဟုတ်တာကြောင့် ကိုယ့်ကို လို၏ မလို၏ မသိနိုင်တော့တဲ့ ရပ်၀န်းမှာ တိတ်ဆိတ်ပြီးပဲ လွမ်းပါတယ် ။ #ကျေးကို (ရင်နှင့်ရင်း၍ ရေးသည်)· 0 Comments ·0 Shares ·18 Views1
-
ဘယ်ဘက်စောင်း အိပ်ခြင်းဟာ ကျန်းမာရေးစနစ်များစွာကို အကျိုးပြုတဲ့အတွက် ဆရာဝန်များနဲ့ ကျန်းမာရေးပညာရှင်များက မကြာခဏ အကြံပြုလေ့ရှိပါတယ်။ အထူးသဖြင့် အူလမ်းကြောင်း၊ နှလုံးနဲ့ အညစ်အကြေးအရည် (Lymph) လည်ပတ်မှုကို အထူးကောင်းမွန်စေပါတယ်။
ဘယ်ဘက်စောင်း အိပ်ခြင်း၏ အကျိုးကျေးဇူးများ
1. အစာချေဖျက်ခြင်းနှင့် ဝမ်းသွားခြင်းကို ကောင်းမွန်စေ
• အူမကြီးရဲ့ ဖွဲ့စည်းပုံက ညာဘက်ကနေ ဘယ်ဘက်ကို စီးဆင်းပါတယ်။
• ဘယ်ဘက်စောင်းအိပ်ခြင်းက အညစ်အကြေးတွေကို ဆွဲအားအရ စီးဆင်းစေပါတယ်။
• ဝမ်းချုပ်တာ၊ ဗိုက်ပြည့်တာ၊ အူလှုပ်ရှားမှုနှေးသူများ အတွက် သင့်တော်ပါတယ်။
2. အက်ဆစ်ပြန်ဆန်တက်ခြင်းနှင့် ရင်ပူခြင်းကို လျှော့ချ
• အစာအိမ်က ဘယ်ဘက်မှာ ရှိပါတယ်။
• ဘယ်ဘက်စောင်းအိပ်ခြင်းက အစာအိမ်အက်ဆစ်တွေကို အစာပြွန်ဆီ ပြန်မဆန်တက်အောင် ကာကွယ်ပေးပါတယ်။
• အက်ဆစ်ပြန်ဆန်တက်သူများ (GERD) / ညဘက် ရင်ပြည့်ရင်ကယ်ဖြစ်သူများ အတွက် သင့်တော်ပါတယ်။
3. နှလုံးကို ဝန်ပိမှု လျှော့ချ
• နှလုံးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပါတယ်။
• သွေးတွေ နှလုံးဆီ ပြန်လည်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။
• ပင်ပန်းလွယ်သူများ၊ သွေးတိုးရှိသူများ၊ သွေးလည်ပတ်မှု မကောင်းသူများ အတွက် သင့်တော်ပါတယ်။
4. အညစ်အကြေးအရည် (Lymph) စနစ် ကောင်းမွန်စွာ စီးဆင်း
• အဓိက အညစ်အကြေးအရည်ပြွန် (Thoracic duct) က ဘယ်ဘက်မှာ ရှိပါတယ်။
• အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခန္ဓာ ဖောရောင်ခြင်းကို လျှော့ချပေးပါတယ်။
• ခြေထောက်/ကိုယ်ခန္ဓာဖောရောင်သူများ၊ မနက်ခင်း မျက်နှာဖောရောင်သူများ အတွက် ကောင်းမွန်ပါတယ်။
5. ကိုယ်ဝန်ဆောင်မိခင်များအတွက် အသင့်တော်ဆုံး
• သားအိမ်က သွေးကြောမကြီးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပါတယ်။
• ကလေးဆီ သွေးစီးဆင်းမှု ပိုမိုတိုးစေပါတယ်။
• မူးဝေခြင်း၊ မျက်စိစုံမှိတ်သွားခြင်းကို လျှော့ချပေးပါတယ်။
6. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေ
• အာရုံကြောစနစ်ကို ဖြေလျော့ပေးပါတယ်။
• ညဘက် အလန့်တကြား နိုးခြင်းကို လျှော့ချပေးပါတယ်။
• အိပ်မပျော်သူများ၊ ညဘက် နှလုံးတုန်သူများ အတွက် သင့်တော်ပါတယ်။
သတိပြုရမည့်သူများ
• ဘယ်ဘက်ပခုံး သို့မဟုတ် တင်ပါး နာကျင်သူများ → နာကျင်မှု လျှော့ချရန် ခေါင်းအုံးခံသင့်ပါတယ်။
• အိပ်တဲ့အခါ လက်ထုံကျင်တတ်သူများ → လည်ပင်းခေါင်းအုံး အမြင့်ကို ချိန်ညှိသင့်ပါတယ်။
ဘယ်ဘက်စောင်းအိပ်ရတာကို ကြိုက်နှစ်သက်သူများ လက်မလေး ထောင်ပြလိုက်ပါဦး!
#ShweKhitMedia
#crdဘယ်ဘက်စောင်း အိပ်ခြင်းဟာ ကျန်းမာရေးစနစ်များစွာကို အကျိုးပြုတဲ့အတွက် ဆရာဝန်များနဲ့ ကျန်းမာရေးပညာရှင်များက မကြာခဏ အကြံပြုလေ့ရှိပါတယ်။ အထူးသဖြင့် အူလမ်းကြောင်း၊ နှလုံးနဲ့ အညစ်အကြေးအရည် (Lymph) လည်ပတ်မှုကို အထူးကောင်းမွန်စေပါတယ်။ 🌿 ဘယ်ဘက်စောင်း အိပ်ခြင်း၏ အကျိုးကျေးဇူးများ 1. အစာချေဖျက်ခြင်းနှင့် ဝမ်းသွားခြင်းကို ကောင်းမွန်စေ • အူမကြီးရဲ့ ဖွဲ့စည်းပုံက ညာဘက်ကနေ ဘယ်ဘက်ကို စီးဆင်းပါတယ်။ • ဘယ်ဘက်စောင်းအိပ်ခြင်းက အညစ်အကြေးတွေကို ဆွဲအားအရ စီးဆင်းစေပါတယ်။ • ဝမ်းချုပ်တာ၊ ဗိုက်ပြည့်တာ၊ အူလှုပ်ရှားမှုနှေးသူများ အတွက် သင့်တော်ပါတယ်။ 2. အက်ဆစ်ပြန်ဆန်တက်ခြင်းနှင့် ရင်ပူခြင်းကို လျှော့ချ • အစာအိမ်က ဘယ်ဘက်မှာ ရှိပါတယ်။ • ဘယ်ဘက်စောင်းအိပ်ခြင်းက အစာအိမ်အက်ဆစ်တွေကို အစာပြွန်ဆီ ပြန်မဆန်တက်အောင် ကာကွယ်ပေးပါတယ်။ • အက်ဆစ်ပြန်ဆန်တက်သူများ (GERD) / ညဘက် ရင်ပြည့်ရင်ကယ်ဖြစ်သူများ အတွက် သင့်တော်ပါတယ်။ 3. နှလုံးကို ဝန်ပိမှု လျှော့ချ • နှလုံးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပါတယ်။ • သွေးတွေ နှလုံးဆီ ပြန်လည်စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ • ပင်ပန်းလွယ်သူများ၊ သွေးတိုးရှိသူများ၊ သွေးလည်ပတ်မှု မကောင်းသူများ အတွက် သင့်တော်ပါတယ်။ 4. အညစ်အကြေးအရည် (Lymph) စနစ် ကောင်းမွန်စွာ စီးဆင်း • အဓိက အညစ်အကြေးအရည်ပြွန် (Thoracic duct) က ဘယ်ဘက်မှာ ရှိပါတယ်။ • အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခန္ဓာ ဖောရောင်ခြင်းကို လျှော့ချပေးပါတယ်။ • ခြေထောက်/ကိုယ်ခန္ဓာဖောရောင်သူများ၊ မနက်ခင်း မျက်နှာဖောရောင်သူများ အတွက် ကောင်းမွန်ပါတယ်။ 5. ကိုယ်ဝန်ဆောင်မိခင်များအတွက် အသင့်တော်ဆုံး • သားအိမ်က သွေးကြောမကြီးပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးပါတယ်။ • ကလေးဆီ သွေးစီးဆင်းမှု ပိုမိုတိုးစေပါတယ်။ • မူးဝေခြင်း၊ မျက်စိစုံမှိတ်သွားခြင်းကို လျှော့ချပေးပါတယ်။ 6. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေ • အာရုံကြောစနစ်ကို ဖြေလျော့ပေးပါတယ်။ • ညဘက် အလန့်တကြား နိုးခြင်းကို လျှော့ချပေးပါတယ်။ • အိပ်မပျော်သူများ၊ ညဘက် နှလုံးတုန်သူများ အတွက် သင့်တော်ပါတယ်။ ⚠️ သတိပြုရမည့်သူများ • ဘယ်ဘက်ပခုံး သို့မဟုတ် တင်ပါး နာကျင်သူများ → နာကျင်မှု လျှော့ချရန် ခေါင်းအုံးခံသင့်ပါတယ်။ • အိပ်တဲ့အခါ လက်ထုံကျင်တတ်သူများ → လည်ပင်းခေါင်းအုံး အမြင့်ကို ချိန်ညှိသင့်ပါတယ်။ ဘယ်ဘက်စောင်းအိပ်ရတာကို ကြိုက်နှစ်သက်သူများ လက်မလေး ထောင်ပြလိုက်ပါဦး! 👋 #ShweKhitMedia #crd· 0 Comments ·0 Shares ·24 Views
2
-
ဒဏ်ရာအဟောင်းကို
ဒီနေ့ ...
မျက်ရည်တွေနဲ့ ၀ယ်မိပြန်ပြီ ။
မင်းမသိတဲ့ အကောင့်လေးနဲ့
မင်း ရှိရာအရပ်ကို
ပြန်လှမ်းငေးမိတော့ ...
ကိုယ်သဘောကျတဲ့
ဆံပင်ရှည်ရှည်လေးတွေ မရှိတော့တာကို
သိရတယ် ..
ပြုံးနေတဲ့ နှုတ်ခမ်းလေးကို
ပြန်မြင်ရတော့
မင်းရီသံလေး ပြန်ကြားယောင်မိတယ် ..
စကားတွေ သွားပြောချင်စိတ်ကို
ထိန်းနိုင်ခဲ့ပေမယ့်
သတိရစိတ်နဲ့ မျက်ရည်တွေကိုတော့
ကိုယ် မနိုင်ခဲ့ဘူး ... အချစ်
ခရီးအဝေးကြီးကို လျှောက်နေပြီး
အိပ်မက်အသစ်တွေ မက်နေတာကို
တွေ့ရတော့ ...
အိပ်မက်အဟောင်းတွေနဲ့
ချန်ခဲ့ဖူးတဲ့ နေရာ လေးမှာပဲ
ရပ်နေမိတဲ့ ကိုယ်က
ပျော်ရပါတယ် ...
မင်းကို မေ့ဖို့ ကြိုးစားရင်း
ပြန်သတိရမိတဲ့
ရက်လေးတစ်ရက်ဖြစ်သလို
မင်းနဲ့ ဝေးအောင်နေဖို့ကြိုးစားရင်း
မင်းကို ပြန်ငေးမိတဲ့
နေ့လေးတစ်နေ့ပါပဲ ...
ဒဏ်ရာအဟောင်းတွေကို
မျက်ရည်နဲ့ ပြန်၀ယ်နေမိပြန်ပြီ ထင်ပါတယ် ။
#ကျေးကိုဒဏ်ရာအဟောင်းကို ဒီနေ့ ... မျက်ရည်တွေနဲ့ ၀ယ်မိပြန်ပြီ ။ မင်းမသိတဲ့ အကောင့်လေးနဲ့ မင်း ရှိရာအရပ်ကို ပြန်လှမ်းငေးမိတော့ ... ကိုယ်သဘောကျတဲ့ ဆံပင်ရှည်ရှည်လေးတွေ မရှိတော့တာကို သိရတယ် .. ပြုံးနေတဲ့ နှုတ်ခမ်းလေးကို ပြန်မြင်ရတော့ မင်းရီသံလေး ပြန်ကြားယောင်မိတယ် .. စကားတွေ သွားပြောချင်စိတ်ကို ထိန်းနိုင်ခဲ့ပေမယ့် သတိရစိတ်နဲ့ မျက်ရည်တွေကိုတော့ ကိုယ် မနိုင်ခဲ့ဘူး ... အချစ် ခရီးအဝေးကြီးကို လျှောက်နေပြီး အိပ်မက်အသစ်တွေ မက်နေတာကို တွေ့ရတော့ ... အိပ်မက်အဟောင်းတွေနဲ့ ချန်ခဲ့ဖူးတဲ့ နေရာ လေးမှာပဲ ရပ်နေမိတဲ့ ကိုယ်က ပျော်ရပါတယ် ... မင်းကို မေ့ဖို့ ကြိုးစားရင်း ပြန်သတိရမိတဲ့ ရက်လေးတစ်ရက်ဖြစ်သလို မင်းနဲ့ ဝေးအောင်နေဖို့ကြိုးစားရင်း မင်းကို ပြန်ငေးမိတဲ့ နေ့လေးတစ်နေ့ပါပဲ ... ဒဏ်ရာအဟောင်းတွေကို မျက်ရည်နဲ့ ပြန်၀ယ်နေမိပြန်ပြီ ထင်ပါတယ် ။ #ကျေးကို· 0 Comments ·0 Shares ·39 Views
2
-
အရင်တုန်းကဆိုရင် လက်တွေခြေတွေ ထုံကျင်တာ၊ သွေးလေမမှန်တာ၊ သွေ;အားနည်းတာ၊ ခေါင်းမူးလွယ်တာမျိုး ဖြစ်ခဲ့ရင်...
အဖွားက ဂျင်း နဲ့ ကြက်သွန်ဖြူ ကို ရောပြီး ပြုတ်ကာ နွေးနွေးလေး သောက်ခိုင်းတတ်တယ်။ သူ့ရဲ့ရနံ့က ပြင်းပေမယ့် အကျိုးကျေးဇူးက အဲဒီထက် ပိုများတယ်လေနော်
အဖွားပြောတာကတော့...
ဂျင်း က သွေးလည်ပတ်မှုကို ကောင်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးစေတယ်။ လက်ဖျားခြေဖျား ထုံကျင်တာတွေကိုလည်း သက်သာစေတယ်။
ကြက်သွန်ဖြူ က သွေးခဲတာကို လျော့ကျစေပြီး သွေးလည်ပတ်မှုစနစ်ကို အထောက်အကူပြုတယ်။ ကိုယ်လက်မအီမသာနဲ့ လေးလံတာတွေကို လျော့ပါးစေတယ်။
သောက်လိုက်ရင် စိတ်ထဲ ပေါ့ပါးသွားပြီး ကိုယ်လက် မအီမသာဖြစ်တာ၊ ခေါင်းမူးတာတွေပါ သက်သာစေတယ်။
ကိုယ်ခန္ဓာပေါ့လာပြီး သွေးပေါင်ချိန်ကလည်း အရင်လို လွယ်လွယ်နဲ့ မတက်တော့ဘူး။
ဒီနည်းလမ်းတွေက သွေးလေ စီးဆင်းမှုနဲ့ ခန္ဓာကိုယ်ကို အများကြီး ပြေလည်ကောင်းမွန်လာအောင် ကူညီပေးနိုင်တယ်တဲ့။
အဖွားက အမြဲပြောတတ်တယ်...
“သွေးလေ ကောင်းရင် ဘဝက ကောင်းတာပဲ။ ဒါဟာ ကိုယ့်အိမ်မှာ အလွယ်တကူရှိတဲ့ ရိုးရှင်းတဲ့ဆေးပဲ”
ဒီစကားကို ကြားရတာ နွေးထွေးလွန်းလို့ ဒီနေ့ထိတိုင် မှတ်မိနေခဲ့တာပါ
အဖွားရဲ့ ရိုးရှင်းတဲ့ ပြုလုပ်နည်း
– ဂျင်း အစို ၄-၅ ချပ်ကို ထုပါ။
– ကြက်သွန်ဖြူ ၂-၃ မြွှာကို ညက်အောင် ထုပါ။
– ရေ ၁ လီတာနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။
မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နွေးနွေးလေး သောက်ပေးရင် သွေးလေလည်း ကောင်းပြီး စိတ်လည်း ချမ်းသာစေပါတယ်
အားလုံးကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻
MON SOUNG
#MONSOUNGအရင်တုန်းကဆိုရင် လက်တွေခြေတွေ ထုံကျင်တာ၊ သွေးလေမမှန်တာ၊ သွေ;အားနည်းတာ၊ ခေါင်းမူးလွယ်တာမျိုး ဖြစ်ခဲ့ရင်... အဖွားက ဂျင်း နဲ့ ကြက်သွန်ဖြူ ကို ရောပြီး ပြုတ်ကာ နွေးနွေးလေး သောက်ခိုင်းတတ်တယ်။ သူ့ရဲ့ရနံ့က ပြင်းပေမယ့် အကျိုးကျေးဇူးက အဲဒီထက် ပိုများတယ်လေနော် 😊 အဖွားပြောတာကတော့... ✨ ဂျင်း က သွေးလည်ပတ်မှုကို ကောင်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးစေတယ်။ လက်ဖျားခြေဖျား ထုံကျင်တာတွေကိုလည်း သက်သာစေတယ်။ ✨ ကြက်သွန်ဖြူ က သွေးခဲတာကို လျော့ကျစေပြီး သွေးလည်ပတ်မှုစနစ်ကို အထောက်အကူပြုတယ်။ ကိုယ်လက်မအီမသာနဲ့ လေးလံတာတွေကို လျော့ပါးစေတယ်။ ✨ သောက်လိုက်ရင် စိတ်ထဲ ပေါ့ပါးသွားပြီး ကိုယ်လက် မအီမသာဖြစ်တာ၊ ခေါင်းမူးတာတွေပါ သက်သာစေတယ်။ ✨ ကိုယ်ခန္ဓာပေါ့လာပြီး သွေးပေါင်ချိန်ကလည်း အရင်လို လွယ်လွယ်နဲ့ မတက်တော့ဘူး။ ✨ ဒီနည်းလမ်းတွေက သွေးလေ စီးဆင်းမှုနဲ့ ခန္ဓာကိုယ်ကို အများကြီး ပြေလည်ကောင်းမွန်လာအောင် ကူညီပေးနိုင်တယ်တဲ့။ အဖွားက အမြဲပြောတတ်တယ်... “သွေးလေ ကောင်းရင် ဘဝက ကောင်းတာပဲ။ ဒါဟာ ကိုယ့်အိမ်မှာ အလွယ်တကူရှိတဲ့ ရိုးရှင်းတဲ့ဆေးပဲ” ဒီစကားကို ကြားရတာ နွေးထွေးလွန်းလို့ ဒီနေ့ထိတိုင် မှတ်မိနေခဲ့တာပါ 💛🌿 ✨ အဖွားရဲ့ ရိုးရှင်းတဲ့ ပြုလုပ်နည်း – ဂျင်း အစို ၄-၅ ချပ်ကို ထုပါ။ – ကြက်သွန်ဖြူ ၂-၃ မြွှာကို ညက်အောင် ထုပါ။ – ရေ ၁ လီတာနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နွေးနွေးလေး သောက်ပေးရင် သွေးလေလည်း ကောင်းပြီး စိတ်လည်း ချမ်းသာစေပါတယ် 🌾 အားလုံးကျန်းမာချမ်းသာလို့ ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻 MON SOUNG #MONSOUNG· 0 Comments ·0 Shares ·45 Views
2
-
ခရမ်းသီးပင် စိုက်ပျိုးရာတွင် အပွင့်ကြွေခြင်း၊ အသီးပွင့်မခိုင်ဘဲ ကြွေကျခြင်း ပြဿနာများ ကြုံရပါက အပင်ကို သန်မာစေပြီး အသီးများများ သီးလာစေမည့် ရိုးရာနည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။
လိုအပ်သော ပစ္စည်းများ (မီးဖိုချောင်သုံးပစ္စည်းများ)
• ကြက်ဥ အစိမ်း - ၁ လုံး
• နို့သန့် - စားပွဲတင်ဇွန်း ၂ ဇွန်း
• ငါးပိရည် - ၂၅၀ မီလီလီတာ
• ရေသန့်
ပြုလုပ်နည်း အဆင့်ဆင့်
1. ကြက်ဥပြင်ဆင်ခြင်း: ပန်းကန်လုံးထဲတွင် ကြက်ဥကို ခေါက်ထည့်ပြီး ကြက်ဥအခွံများကို ညက်အောင် ချေမွှား၍ ရောထည့်ပါ။
2. နို့ထည့်ခြင်း: နို့သန့်ကို ထည့်ပြီး သမအောင် မွှေပါ။
3. ငါးပိရည် ထည့်ခြင်း: ငါးပိရည်ကို ထည့်ပြီး ပါဝင်ပစ္စည်းအားလုံး နှံ့စပ်အောင် ရောမွှေပါ။
4. ရေရောခြင်း: ရေသန့် ၅ လီတာခန့် ထပ်ထည့်ပြီး ထပ်မံမွှေပါ။
5. အသုံးပြုပုံ: ဤအရောအနှောကို ပန်းမပွင့်မီ အချိန် တွင် ခရမ်းချဉ်ပင်၏ ပင်ခြေရင်းသို့ လောင်းပေးပါ။
6. ရေလိုက်လောင်းခြင်း: ထို့နောက် ရေကို ရွှဲရွှဲစိုအောင် ထပ်မံ လောင်းပေးပါ။
အပိုဆောင်း အကြံပြုချက်များ
• အာဟာရဓါတ်: ဤဖျော်ရည်တွင် ကြက်ဥအခွံမှရသော ကယ်လ်စီယမ်နှင့် နို့မှရသော အာဟာရဓါတ်များ ပါဝင်ခြင်းကြောင့် အပင်ကို သန်မာစေပြီး အသီးကိုင်းများကို ခိုင်ခံ့စေသည်။
• မြေဆီလွှာ: ငါးပိရည်သည် မြေဆီလွှာကို ပွစေပြီး အပင်အတွက် ကောင်းမွန်သော အဏုဇီဝပိုးမွှားများ ဖွံ့ဖြိုးတိုးတက်စေသည်။
• တခြားအပင်များ: ဤနည်းလမ်းကို ခရမ်းပင်အပြင် ငရုတ်၊ သရက်၊ မာလကာ၊ သံပရာ စသော အခြား ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပင်များတွင်လည်း အသုံးပြုနိုင်သည်။
ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ရာတွင် အပွင့်များ ပိုမိုခိုင်မာလာပြီး အသီးများလည်း မရင့်မီ ကြွေကျခြင်း မရှိတော့ကြောင်း တွေ့ရပါသည်။ မီးဖိုချောင်သုံးပစ္စည်းများဖြင့် ကုန်ကျစရိတ်သက်သာသော နည်းလမ်းဖြစ်၍ စမ်းကြည့်သင့်ပါသည်။
#forevermmmedia #စိုက်ပျိုးရေး #ခရမ်းပင် #အိမ်တွင်းဥယျာဉ် #သဘာဝမြေသြဇာခရမ်းသီးပင် စိုက်ပျိုးရာတွင် အပွင့်ကြွေခြင်း၊ အသီးပွင့်မခိုင်ဘဲ ကြွေကျခြင်း ပြဿနာများ ကြုံရပါက အပင်ကို သန်မာစေပြီး အသီးများများ သီးလာစေမည့် ရိုးရာနည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်။ 🥚 လိုအပ်သော ပစ္စည်းများ (မီးဖိုချောင်သုံးပစ္စည်းများ) • ကြက်ဥ အစိမ်း - ၁ လုံး • နို့သန့် - စားပွဲတင်ဇွန်း ၂ ဇွန်း • ငါးပိရည် - ၂၅၀ မီလီလီတာ • ရေသန့် 🪴 ပြုလုပ်နည်း အဆင့်ဆင့် 1. ကြက်ဥပြင်ဆင်ခြင်း: ပန်းကန်လုံးထဲတွင် ကြက်ဥကို ခေါက်ထည့်ပြီး ကြက်ဥအခွံများကို ညက်အောင် ချေမွှား၍ ရောထည့်ပါ။ 2. နို့ထည့်ခြင်း: နို့သန့်ကို ထည့်ပြီး သမအောင် မွှေပါ။ 3. ငါးပိရည် ထည့်ခြင်း: ငါးပိရည်ကို ထည့်ပြီး ပါဝင်ပစ္စည်းအားလုံး နှံ့စပ်အောင် ရောမွှေပါ။ 4. ရေရောခြင်း: ရေသန့် ၅ လီတာခန့် ထပ်ထည့်ပြီး ထပ်မံမွှေပါ။ 5. အသုံးပြုပုံ: ဤအရောအနှောကို ပန်းမပွင့်မီ အချိန် တွင် ခရမ်းချဉ်ပင်၏ ပင်ခြေရင်းသို့ လောင်းပေးပါ။ 🌸 6. ရေလိုက်လောင်းခြင်း: ထို့နောက် ရေကို ရွှဲရွှဲစိုအောင် ထပ်မံ လောင်းပေးပါ။ 💡 အပိုဆောင်း အကြံပြုချက်များ • အာဟာရဓါတ်: ဤဖျော်ရည်တွင် ကြက်ဥအခွံမှရသော ကယ်လ်စီယမ်နှင့် နို့မှရသော အာဟာရဓါတ်များ ပါဝင်ခြင်းကြောင့် အပင်ကို သန်မာစေပြီး အသီးကိုင်းများကို ခိုင်ခံ့စေသည်။ 🌱 • မြေဆီလွှာ: ငါးပိရည်သည် မြေဆီလွှာကို ပွစေပြီး အပင်အတွက် ကောင်းမွန်သော အဏုဇီဝပိုးမွှားများ ဖွံ့ဖြိုးတိုးတက်စေသည်။ • တခြားအပင်များ: ဤနည်းလမ်းကို ခရမ်းပင်အပြင် ငရုတ်၊ သရက်၊ မာလကာ၊ သံပရာ စသော အခြား ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပင်များတွင်လည်း အသုံးပြုနိုင်သည်။ 🍋 ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ရာတွင် အပွင့်များ ပိုမိုခိုင်မာလာပြီး အသီးများလည်း မရင့်မီ ကြွေကျခြင်း မရှိတော့ကြောင်း တွေ့ရပါသည်။ မီးဖိုချောင်သုံးပစ္စည်းများဖြင့် ကုန်ကျစရိတ်သက်သာသော နည်းလမ်းဖြစ်၍ စမ်းကြည့်သင့်ပါသည်။ ✨ #forevermmmedia #စိုက်ပျိုးရေး #ခရမ်းပင် #အိမ်တွင်းဥယျာဉ် #သဘာဝမြေသြဇာ· 0 Comments ·0 Shares ·53 Views
2
-
-
အေဘီသွေးပိုင်ရှင်လေးတွေဆိုတာ ... များသောအားဖြင့် အေးဆေးတည်ငြိမ်တယ် ။ ပြီးတော့ ... ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာမျိုးကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်တတ်ကြတယ် ။ စကားတွေ မလိုအပ်ပဲ အများတွေ မပြောတတ်ကြသလို အလိုက်သိတော့ သိပ်ပြီးတော့ ပြဿနာတွေ အများကြီး မရှိတတ်ဘူး ။ ဒါပေမယ့် ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ခေါင်းစားရတတ်တယ် ။
မိဘတွေ အပေါ် ဆိုးတာမျိုးမရှိဘူး...အလိုက်သိတယ် ကွက်ကျော်မြင်တတ်တယ် ။ အချစ်ခံရတဲ့ လူတန်းစားထဲမှာ မပါပေမယ့် အပြစ်တင်မခံရတဲ့ လူစားမျိုးပေါ့ ။ စကားလုံးတွေကို စဥ်းစားချင့်ချိန်ပြီး ပြောတတ်သလို ကိုယ့်ဖက်သူ့ဖက် နှစ်ဖက်မျှကြည့်တတ်တဲ့ မျက်လုံးတစ်စုံရှိတတ်ကြတယ် ။ သူတို့ရဲ့ အားသာချက်က လူတစ်ယောက်ကို ကြည့်လိုက်ရင် သူက ဘယ်လိုဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်တတ်ကြတာပါပဲ ။ အကဲခတ်နိုင်စွမ်းရှိတယ် မေးခွန်းတွေ အများကြီး မေးဖို့မလိုပဲ သိတတ်နိုင်စွမ်းရှိတယ် ။
သူ့ပုံစံက ဘယ်လိုမျိုးလဲလို့မေးရင် တစ်ထစ်ချကြီး သတ်သတ်မှတ်မှတ် ပြောပြလို့မရဘူး ။ သူက ပုတ်သင်ညိုလေးတစ်ကောင်လိုပဲ ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်စွမ်းရှိတယ် ။ သူဆိုးနေတာ ကောင်းနေတာတွေက တစ်ခါတစ်လေ မဖြစ်မနေမို့ဆိုတဲ့ အရာတွေကြောင့် ဖြစ်သွားတာတွေဟာ တကယ်ပဲ ရှိပါတယ် ။ များသောအားဖြင့် ပျော်နေတယ် မပျော်ဘူးဆိုတာကို စိတ်ထဲ သိပ်မထားတတ်သလို အဆင်ပြေတယ်ဆိုတဲ့စကားတစ်လုံးကို မကြာခဏ သုံးတတ်တဲ့ လူစားမျိုးပေါ့ ။
အပေါင်းအသင်း သိပ်များများစားစားမရှိဘူး ။ လူတွေကို သိပ်ပြီး အယုံအကြည်မရှိတတ်ဘူး ။ တစ်ခုခုကို အမြဲတမ်း လျှို့၀ှက်ထားသလို type မျိုး ။ ဘယ်တော့မှ စကားအကုန် မပြောတတ်သလို သူ ဘာဖြစ်နေလဲ သူကိုယ်တိုင်ပြောမှ သိနိုင်မယ့် လူတစ်ယောက်ပေါ့ ။ ရှေးရိုးဆန်တတ်တယ် ... ဒါမှမဟုတ် ပုံမှန်အတိုင်း ဖြတ်သန်းနေရတာကို သဘောကျတတ်တယ် ။ အလုပ်တစ်ခုလုပ်ရင် စေ့စေ့စပ်စပ်လုပ်တတ်တယ် ။ စာအုပ်ကြီးအတိုင်းလိုပဲ ။
အေဘီသွေးပိုင်ရှင်လေးတွေက ... ခံစားချက်တွေကို သိပ်ပြီး မဖော်ပြတတ်သလို သူဘာဖြစ်နေတယ် သိပ်ပြီးမပြောတတ်ကြဘူး ။ ဒီတော့ ဒေါသထွက်တယ်ဆိုပြီး မရှိသလောက်ကို ရှားတယ် ။ ဒါပေမယ့် သူ့အပေါ် သစ္စာတော့ မဖောက်နဲ့ပေါ့ ... သေသေချာချာမှတ်ထားပြီး အငြိုးတကြီးနဲ့ လက်စားချေတတ်တဲ့ လူတစ်ယောက်လေ ။ ဖြစ်နိုင်မယ်ဆိုရင် သူလိုက်လျောညီထွေ နေတတ်တာကို အ လိုက်တာဆိုပြီး မတွေးတာ ကောင်းတယ်။
ပျော်ခြင်း ၀မ်းနည်းခြင်းတွေ မရှိတဲ့ စက်ရုပ်တစ်ရုပ်လို ရှင်သန်တတ်ပေမယ့် တကယ်တမ်းကျတော့ ... သူကိုယ်တိုင်လည်း အများကြီး ခံစားတတ်ရုံပါပဲ ။ မဖော်ပြတတ်ရုံပါ ။
#ကျေးကိုအေဘီသွေးပိုင်ရှင်လေးတွေဆိုတာ ... များသောအားဖြင့် အေးဆေးတည်ငြိမ်တယ် ။ ပြီးတော့ ... ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာမျိုးကို ပိုပြီးတော့ သဘောကျနှစ်ခြိုက်တတ်ကြတယ် ။ စကားတွေ မလိုအပ်ပဲ အများတွေ မပြောတတ်ကြသလို အလိုက်သိတော့ သိပ်ပြီးတော့ ပြဿနာတွေ အများကြီး မရှိတတ်ဘူး ။ ဒါပေမယ့် ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အများကြီး ခေါင်းစားရတတ်တယ် ။ မိဘတွေ အပေါ် ဆိုးတာမျိုးမရှိဘူး...အလိုက်သိတယ် ကွက်ကျော်မြင်တတ်တယ် ။ အချစ်ခံရတဲ့ လူတန်းစားထဲမှာ မပါပေမယ့် အပြစ်တင်မခံရတဲ့ လူစားမျိုးပေါ့ ။ စကားလုံးတွေကို စဥ်းစားချင့်ချိန်ပြီး ပြောတတ်သလို ကိုယ့်ဖက်သူ့ဖက် နှစ်ဖက်မျှကြည့်တတ်တဲ့ မျက်လုံးတစ်စုံရှိတတ်ကြတယ် ။ သူတို့ရဲ့ အားသာချက်က လူတစ်ယောက်ကို ကြည့်လိုက်ရင် သူက ဘယ်လိုဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်တတ်ကြတာပါပဲ ။ အကဲခတ်နိုင်စွမ်းရှိတယ် မေးခွန်းတွေ အများကြီး မေးဖို့မလိုပဲ သိတတ်နိုင်စွမ်းရှိတယ် ။ သူ့ပုံစံက ဘယ်လိုမျိုးလဲလို့မေးရင် တစ်ထစ်ချကြီး သတ်သတ်မှတ်မှတ် ပြောပြလို့မရဘူး ။ သူက ပုတ်သင်ညိုလေးတစ်ကောင်လိုပဲ ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေ ဆက်ဆံနိုင်စွမ်းရှိတယ် ။ သူဆိုးနေတာ ကောင်းနေတာတွေက တစ်ခါတစ်လေ မဖြစ်မနေမို့ဆိုတဲ့ အရာတွေကြောင့် ဖြစ်သွားတာတွေဟာ တကယ်ပဲ ရှိပါတယ် ။ များသောအားဖြင့် ပျော်နေတယ် မပျော်ဘူးဆိုတာကို စိတ်ထဲ သိပ်မထားတတ်သလို အဆင်ပြေတယ်ဆိုတဲ့စကားတစ်လုံးကို မကြာခဏ သုံးတတ်တဲ့ လူစားမျိုးပေါ့ ။ အပေါင်းအသင်း သိပ်များများစားစားမရှိဘူး ။ လူတွေကို သိပ်ပြီး အယုံအကြည်မရှိတတ်ဘူး ။ တစ်ခုခုကို အမြဲတမ်း လျှို့၀ှက်ထားသလို type မျိုး ။ ဘယ်တော့မှ စကားအကုန် မပြောတတ်သလို သူ ဘာဖြစ်နေလဲ သူကိုယ်တိုင်ပြောမှ သိနိုင်မယ့် လူတစ်ယောက်ပေါ့ ။ ရှေးရိုးဆန်တတ်တယ် ... ဒါမှမဟုတ် ပုံမှန်အတိုင်း ဖြတ်သန်းနေရတာကို သဘောကျတတ်တယ် ။ အလုပ်တစ်ခုလုပ်ရင် စေ့စေ့စပ်စပ်လုပ်တတ်တယ် ။ စာအုပ်ကြီးအတိုင်းလိုပဲ ။ အေဘီသွေးပိုင်ရှင်လေးတွေက ... ခံစားချက်တွေကို သိပ်ပြီး မဖော်ပြတတ်သလို သူဘာဖြစ်နေတယ် သိပ်ပြီးမပြောတတ်ကြဘူး ။ ဒီတော့ ဒေါသထွက်တယ်ဆိုပြီး မရှိသလောက်ကို ရှားတယ် ။ ဒါပေမယ့် သူ့အပေါ် သစ္စာတော့ မဖောက်နဲ့ပေါ့ ... သေသေချာချာမှတ်ထားပြီး အငြိုးတကြီးနဲ့ လက်စားချေတတ်တဲ့ လူတစ်ယောက်လေ ။ ဖြစ်နိုင်မယ်ဆိုရင် သူလိုက်လျောညီထွေ နေတတ်တာကို အ လိုက်တာဆိုပြီး မတွေးတာ ကောင်းတယ်။ ပျော်ခြင်း ၀မ်းနည်းခြင်းတွေ မရှိတဲ့ စက်ရုပ်တစ်ရုပ်လို ရှင်သန်တတ်ပေမယ့် တကယ်တမ်းကျတော့ ... သူကိုယ်တိုင်လည်း အများကြီး ခံစားတတ်ရုံပါပဲ ။ မဖော်ပြတတ်ရုံပါ ။ #ကျေးကို· 0 Comments ·0 Shares ·46 Views
2
-
ချစ်တဲ့သူကိုသတိရတဲ့အခါ
'ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ' လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့'မေတ္တာပို့ပါ' လို့ ဖြေပေးလိုက်ပါတယ်။
ကိုယ်ချစ်တဲ့ သူတစ်ယောက်
~ အေးချမ်းပါစေ။
~ ဘေးအန္တာရယ်တွေက ဝေးပါစေ။
~ စိတ်မဆင်းရဲပါစေနဲ့။
~ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။
~ လုပ်ငန်းတွေ အောင်မြင်ပါစေ။
~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။
~ လူမိုက်တွေ ရန်ကဝေးပါစေ။
~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။
စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။
ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။
ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကိုအသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့အကျိုးကို တကယ်ပင် ရရှိပါတယ်။
'အချစ်' ရယ်လို့ဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကိုအကောင်းဆုံး ဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။
ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။
မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရှိပီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။
မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။
မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။
အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။
ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။
ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ မေတ္တာပို့ပါ။
-ဆရာမ ခင်နှင်းကြည်သာ၏ ချစ်တဲ့သူကိုသတိရတဲ့အခါ စာအုပ်မှ ကောက်နုတ်ချက် -ချစ်တဲ့သူကိုသတိရတဲ့အခါ 'ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ' လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့'မေတ္တာပို့ပါ' လို့ ဖြေပေးလိုက်ပါတယ်။ ကိုယ်ချစ်တဲ့ သူတစ်ယောက် ~ အေးချမ်းပါစေ။ ~ ဘေးအန္တာရယ်တွေက ဝေးပါစေ။ ~ စိတ်မဆင်းရဲပါစေနဲ့။ ~ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။ ~ လုပ်ငန်းတွေ အောင်မြင်ပါစေ။ ~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။ ~ လူမိုက်တွေ ရန်ကဝေးပါစေ။ ~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။ စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။ ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။ ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကိုအသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့အကျိုးကို တကယ်ပင် ရရှိပါတယ်။ 'အချစ်' ရယ်လို့ဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကုတ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကိုအကောင်းဆုံး ဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။ ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။ မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရှိပီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။ မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။ မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။ အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။ ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။ ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ မေတ္တာပို့ပါ။ -ဆရာမ ခင်နှင်းကြည်သာ၏ ချစ်တဲ့သူကိုသတိရတဲ့အခါ စာအုပ်မှ ကောက်နုတ်ချက် -· 0 Comments ·0 Shares ·48 Views
2
-
ဆေးဖက်ဝင်တဲ့ ငွေပန်းဥ ဖတ်ကြည့်ပေးပါ ရနံ့လေးကမွေးပြီးအပွင့်လေးကလှသ
လောက် သူ့အစွမ်းက လည်းအံ့မခန်း
__________________________________
~အရိုးနဲ့ ချဉ်ဆီကို အားဖြစ်စေတယ်
~အကိုက်အခဲ ပျောက်စေတယ်
~နို့ထွက်ခြင်းကိုအားပေးတယ်
~သွေးအားကောင်းစေတယ်
~ခါး ဒူး အရွတ်တွေကို အားဖြစ်စေတယ်
~ကျည်းပေါင်း သက်သာစေတယ်
~အနာ အကျက်မြန်စေတယ်
~သူ့အရသာက နည်းနည်း ပူ ချို စိမ့် စပ်
___________________________________
ငွေပန်းဥကို ကြက်သွန်ဖြူနဲ့ ဟင်းခါးကျို
သောက် တို့စား မြုပ်စား ***
နှစ်ရှည်လများစွာ နာနေတဲ့ခါး ၉ရက်ထဲနဲ့
သက်သာပျောက်ကင်းသွားတာလက်တွေ ပါ
__________________________________
ဒါ့အပြင်
အဆိပ်အတောက်ရှိတဲ့ အင်းဆက်ပိုးမွား
အကိုက်ခံရလျင်ဖြစ်စေ
အဖု အကျိတ်ထွက်လျှင်ဖြစ်စေ
ငွေပန်းဥကို သွေးလိမ်းပေး
အနာကျက်မြန်စေပါတယ်
*** နှစ်ဆွေးနာနေတဲ့ ခါး
ငွေပန်းဥ ဟင်းခါးကျိုချက်စားတို့မြုပ်စား
ခြင်းဖြင့် သက်သာပျောက်ကင်းကြပါစေ
__________________________________
#နွယ်မြစ်သစ်ပင်ဆေးဖက်ဝင်
#ကျန်းမာရေး
#𝐊𝐊𝐡𝐚𝐢
#𝐊𝐊𝐡𝐚𝐢Tips
#KnowledgeSharingဆေးဖက်ဝင်တဲ့ ငွေပန်းဥ ဖတ်ကြည့်ပေးပါ👇👇👇 ရနံ့လေးကမွေးပြီးအပွင့်လေးကလှသ လောက် သူ့အစွမ်းက လည်းအံ့မခန်း __________________________________ ~အရိုးနဲ့ ချဉ်ဆီကို အားဖြစ်စေတယ် ~အကိုက်အခဲ ပျောက်စေတယ် ~နို့ထွက်ခြင်းကိုအားပေးတယ် ~သွေးအားကောင်းစေတယ် ~ခါး ဒူး အရွတ်တွေကို အားဖြစ်စေတယ် ~ကျည်းပေါင်း သက်သာစေတယ် ~အနာ အကျက်မြန်စေတယ် ~သူ့အရသာက နည်းနည်း ပူ ချို စိမ့် စပ် ___________________________________ ငွေပန်းဥကို ကြက်သွန်ဖြူနဲ့ ဟင်းခါးကျို သောက် တို့စား မြုပ်စား *** နှစ်ရှည်လများစွာ နာနေတဲ့ခါး ၉ရက်ထဲနဲ့ သက်သာပျောက်ကင်းသွားတာလက်တွေ ပါ __________________________________ 🎍 ဒါ့အပြင် အဆိပ်အတောက်ရှိတဲ့ အင်းဆက်ပိုးမွား အကိုက်ခံရလျင်ဖြစ်စေ အဖု အကျိတ်ထွက်လျှင်ဖြစ်စေ 🎍 ငွေပန်းဥကို သွေးလိမ်းပေး အနာကျက်မြန်စေပါတယ် *** နှစ်ဆွေးနာနေတဲ့ ခါး 🎍 ငွေပန်းဥ ဟင်းခါးကျိုချက်စားတို့မြုပ်စား ခြင်းဖြင့် သက်သာပျောက်ကင်းကြပါစေ __________________________________ #နွယ်မြစ်သစ်ပင်ဆေးဖက်ဝင် #ကျန်းမာရေး #𝐊𝐊𝐡𝐚𝐢 #𝐊𝐊𝐡𝐚𝐢Tips #KnowledgeSharing· 0 Comments ·0 Shares ·40 Views
2
-
ချစ်တယ် ဆိုတာ
မချစ်တော့မည့်အချိန်
မရောက်သေးခင် အထိပါပဲ...
ခင်မင်တယ် ဆိုတာ
မခင်နိုင်တော့တဲ့အချိန်
မရောက်သေးခင် အထိပါပဲ...
သည်းခံနိုင်တယ် ဆိုတာ
သည်းမခံနိုင်တဲ့အချိန်
မရောက်သေးခင် အထိပါပဲ...
ချစ်ခြင်း မုန်းခြင်း
ခင်မင်ခြင်း မခင်မင်ခြင်း
စသည်သည်ဖြင့် အရာရာဟာ
ကုန်ဆုံးချိန်ဆိုတာ ရှိစမြဲမို့
မျှတသော အတွေး
မျှတသော အမြင်
ယောနိသောမနသီကာရဖြစ်အောင်
မိမိစိတ်ကို ဆုံးမနေရင်
အဲ့ဒါတွေနဲ့ကြုံလာတဲ့အခါ
ဆိုးရွားစွာ
မပူလောင်တော့ဘူးပေါ့.....
အရာရာဟာ
ဖြစ်ပြီးရင် ပျက်ရစမြဲပါပဲ......
Crdချစ်တယ် ဆိုတာ မချစ်တော့မည့်အချိန် မရောက်သေးခင် အထိပါပဲ... ခင်မင်တယ် ဆိုတာ မခင်နိုင်တော့တဲ့အချိန် မရောက်သေးခင် အထိပါပဲ... သည်းခံနိုင်တယ် ဆိုတာ သည်းမခံနိုင်တဲ့အချိန် မရောက်သေးခင် အထိပါပဲ... ချစ်ခြင်း မုန်းခြင်း ခင်မင်ခြင်း မခင်မင်ခြင်း စသည်သည်ဖြင့် အရာရာဟာ ကုန်ဆုံးချိန်ဆိုတာ ရှိစမြဲမို့ မျှတသော အတွေး မျှတသော အမြင် ယောနိသောမနသီကာရဖြစ်အောင် မိမိစိတ်ကို ဆုံးမနေရင် အဲ့ဒါတွေနဲ့ကြုံလာတဲ့အခါ ဆိုးရွားစွာ မပူလောင်တော့ဘူးပေါ့..... အရာရာဟာ ဖြစ်ပြီးရင် ပျက်ရစမြဲပါပဲ...... 🍂 Crd· 0 Comments ·0 Shares ·43 Views1
More Stories