“အစစ်အမှန်”

ဒဏ်ရာတွေ တစ်ပွေ့ကြီး
ပြန်ရမယ်မှန်းသိရင်
မေတ္တာတွေ တစ်ပိုက်ကြီးနဲ့
ဒီလမ်းကို
ဘယ်သွားခဲ့ပါ့မလဲ။

ရေလည်းမရောဘူး
အလေးလည်းမခိုးဘူး
ချိန်ခွင်လျှာ တစ်ဖက်စောင်းတဲ့ထိ
ပိုပိုသာသာ ထည့်ပေးခဲ့တဲ့
မေတ္တာပန်းပွင့်တွေပါ။

မယူချင်လို့သာ
ရုတ်သိမ်းလိုက်ရတယ်
ပကာသနမပါတဲ့
ဒီမေတ္တာပန်းလေးတွေရဲ့
ရနံ့က စစ်မှန်ခဲ့ပါတယ်။

#ngekg
#ကဗျာလေးတွေ
“အစစ်အမှန်” ဒဏ်ရာတွေ တစ်ပွေ့ကြီး ပြန်ရမယ်မှန်းသိရင် မေတ္တာတွေ တစ်ပိုက်ကြီးနဲ့ ဒီလမ်းကို ဘယ်သွားခဲ့ပါ့မလဲ။ ရေလည်းမရောဘူး အလေးလည်းမခိုးဘူး ချိန်ခွင်လျှာ တစ်ဖက်စောင်းတဲ့ထိ ပိုပိုသာသာ ထည့်ပေးခဲ့တဲ့ မေတ္တာပန်းပွင့်တွေပါ။ မယူချင်လို့သာ ရုတ်သိမ်းလိုက်ရတယ် ပကာသနမပါတဲ့ ဒီမေတ္တာပန်းလေးတွေရဲ့ ရနံ့က စစ်မှန်ခဲ့ပါတယ်။ #ngekg #ကဗျာလေးတွေ
Care
1
· 0 Comments ·0 Shares ·314 Views