• နှင်းဆီပန်းနှင့် ကဗျာဆရာ

    ------------------------

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    ဆူးက ဖျက်နေသည်တကား။

    အို ... ကဗျာဆရာ
    ငါ့မှာရန်စွယ်၊ အန္တရာယ်ကို
    ကာကွယ်လို့ငှာ၊ ဆူးရှိပါသည်
    ငါသည် သူသွမ်း မဟုတ်ပါ။

    အို ... ပန်းနှင်းဆီ
    သင်သည် သင်းမြ၊ အဆင်းလှလည်း
    နွမ်းလျရော်ရီ၊ စိုမပြည်၍
    မြေဆီ ကြွေတတ်သည်တကား။

    အို ... ကဗျာဆရာ
    ကြွေရာပျက်ရာ၊ ဓမ္မတာမို့
    ကြွေကာပျက်မှု၊ ငါ မမှုပါ
    ငါမှုသည်ကား မြေသို့လား၍
    လွင့်ပါးရော်ရီ၊ မကြွေမီလျှင်
    ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို
    သည်ပိုးဆောင်မှု ဖြစ်ပါသည်။

    အို ... ပန်းနှင်းဆီ
    သင်သည် မြေထက်၊ မကြွေပျက်မီ
    သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို
    ဘဇာ ရွက်ဆောင်ပါသနည်း။

    အို ... ကဗျာဆရာ
    ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ
    ငါစွမ်းသမျှ၊ ငါ့အလှဖြင့်
    လောကသာယာ၊ စိုပြည်လာ၍
    သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင်
    ကြိုးပမ်း ဆောင်ပါသည်တကား။

    မင်းယုဝေ
    ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း )

    ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
    လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ

    ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ
    ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ
    ကူးယူဖော်ပြခွင့် မပြုပါခင်မျာ

    #thebookbazaar
    #မင်းသုဝဏ်
    #နှင်းဆီပန်းနှင့်ကဗျာဆရာ
    နှင်းဆီပန်းနှင့် ကဗျာဆရာ ------------------------ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း ဆူးက ဖျက်နေသည်တကား။ အို ... ကဗျာဆရာ ငါ့မှာရန်စွယ်၊ အန္တရာယ်ကို ကာကွယ်လို့ငှာ၊ ဆူးရှိပါသည် ငါသည် သူသွမ်း မဟုတ်ပါ။ အို ... ပန်းနှင်းဆီ သင်သည် သင်းမြ၊ အဆင်းလှလည်း နွမ်းလျရော်ရီ၊ စိုမပြည်၍ မြေဆီ ကြွေတတ်သည်တကား။ အို ... ကဗျာဆရာ ကြွေရာပျက်ရာ၊ ဓမ္မတာမို့ ကြွေကာပျက်မှု၊ ငါ မမှုပါ ငါမှုသည်ကား မြေသို့လား၍ လွင့်ပါးရော်ရီ၊ မကြွေမီလျှင် ကြည်ဖြူမြတ်နိုး၊ သူ့အကျိုးကို သည်ပိုးဆောင်မှု ဖြစ်ပါသည်။ အို ... ပန်းနှင်းဆီ သင်သည် မြေထက်၊ မကြွေပျက်မီ သူ့တွက်ကြိုးကာ၊ ကောင်းရာရာကို ဘဇာ ရွက်ဆောင်ပါသနည်း။ အို ... ကဗျာဆရာ ရော်ကာကြွေနွမ်း၊ မြေမလှမ်းမီ ငါစွမ်းသမျှ၊ ငါ့အလှဖြင့် လောကသာယာ၊ စိုပြည်လာ၍ သူငါမြေ့ချမ်း၊ ရွှင်ကြည်လန်းအောင် ကြိုးပမ်း ဆောင်ပါသည်တကား။ 🔹 မင်းယုဝေ ၁၊ ၉၊ ၇ဝ ( ငွေတာရီ မဂ္ဂဇင်း ) ▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟 ▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ ကူးယူဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟 #thebookbazaar #မင်းသုဝဏ် #နှင်းဆီပန်းနှင့်ကဗျာဆရာ
    Care
    1
    · 0 Comments ·0 Shares ·368 Views
  • #ဖိုးစော်ကဲ
    __________________

    လွမ်းမပြေ မန်းမြေတမိတော့
    ကမ်းခြေမှာ စမ်းရေစရယ်နဲ့
    ဖျန်းလေက တသုန်သုန်။

    တဲတဖက်
    ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
    ကရင်အို ယာပြင်ကြီးမှာ
    မီးထည့်လို့လှုံ။

    မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
    အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
    လွှမ်းတဲ့လို့ လွှားကာခြုံ
    ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

    ဘေးအိတ်ကယ်လျှို
    ဆေးလိပ်တို နားမှာထိုးပါလို့
    တောင်ရိုးမှာ ဘာသာသူတို့
    ကွင်းအငူ နှင်းမြူက စဲချိန်မို့
    အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
    တဲပျက်စခန်း။

    #အချုပ်တန်းဆရာဖေ
    #Credit_To_Original_Uplodar
    #မြန်မာကဗျာများ Page မှ
    #ကူးယူမျှဝေပါသည်။
    🪴#ဖိုးစော်ကဲ🪴 __________________ 🪴လွမ်းမပြေ မန်းမြေတမိတော့ ကမ်းခြေမှာ စမ်းရေစရယ်နဲ့ ဖျန်းလေက တသုန်သုန်။ 🪴တဲတဖက် ဆွဲဖျက်ကာ အလျှင်လိုရော့ထင့် ကရင်အို ယာပြင်ကြီးမှာ မီးထည့်လို့လှုံ။ 🪴မပူပေါင် နောက်ဆီက ချမ်းရော့ထင့် အဖြူစောင် ခေါက်ထည်ကြမ်းကိုလ လွှမ်းတဲ့လို့ လွှားကာခြုံ ပါးမှာငုံပါတဲ့ နုရွှေကွမ်း။ 🪴ဘေးအိတ်ကယ်လျှို ဆေးလိပ်တို နားမှာထိုးပါလို့ တောင်ရိုးမှာ ဘာသာသူတို့ ကွင်းအငူ နှင်းမြူက စဲချိန်မို့ အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့ တဲပျက်စခန်း။ #အချုပ်တန်းဆရာဖေ #Credit_To_Original_Uplodar #မြန်မာကဗျာများ Page မှ #ကူးယူမျှဝေပါသည်။
    Love
    Care
    3
    · 0 Comments ·0 Shares ·799 Views
  • “အစစ်အမှန်”

    ဒဏ်ရာတွေ တစ်ပွေ့ကြီး
    ပြန်ရမယ်မှန်းသိရင်
    မေတ္တာတွေ တစ်ပိုက်ကြီးနဲ့
    ဒီလမ်းကို
    ဘယ်သွားခဲ့ပါ့မလဲ။

    ရေလည်းမရောဘူး
    အလေးလည်းမခိုးဘူး
    ချိန်ခွင်လျှာ တစ်ဖက်စောင်းတဲ့ထိ
    ပိုပိုသာသာ ထည့်ပေးခဲ့တဲ့
    မေတ္တာပန်းပွင့်တွေပါ။

    မယူချင်လို့သာ
    ရုတ်သိမ်းလိုက်ရတယ်
    ပကာသနမပါတဲ့
    ဒီမေတ္တာပန်းလေးတွေရဲ့
    ရနံ့က စစ်မှန်ခဲ့ပါတယ်။

    #ngekg
    #ကဗျာလေးတွေ
    “အစစ်အမှန်” ဒဏ်ရာတွေ တစ်ပွေ့ကြီး ပြန်ရမယ်မှန်းသိရင် မေတ္တာတွေ တစ်ပိုက်ကြီးနဲ့ ဒီလမ်းကို ဘယ်သွားခဲ့ပါ့မလဲ။ ရေလည်းမရောဘူး အလေးလည်းမခိုးဘူး ချိန်ခွင်လျှာ တစ်ဖက်စောင်းတဲ့ထိ ပိုပိုသာသာ ထည့်ပေးခဲ့တဲ့ မေတ္တာပန်းပွင့်တွေပါ။ မယူချင်လို့သာ ရုတ်သိမ်းလိုက်ရတယ် ပကာသနမပါတဲ့ ဒီမေတ္တာပန်းလေးတွေရဲ့ ရနံ့က စစ်မှန်ခဲ့ပါတယ်။ #ngekg #ကဗျာလေးတွေ
    Care
    1
    · 0 Comments ·0 Shares ·481 Views
  • ကဗျာတစ်အုပ်
    ပန်းတစ်ခင်းနဲ့
    ဆေးလိပ်တစ်တိုရယ်
    Teaပြင်းပြင်းလေးတစ်ခွက်ရယ်
    ကြင်နာသူလေးရယ်
    နေဝင်ချိန်ထိထိုင်ကြည့်ချင်တယ်


    အများကြီးမဟုတ်ဘူးဒါလေးတင်ပါလောကကြီးရယ်
    ကဗျာတစ်အုပ် ပန်းတစ်ခင်းနဲ့ ဆေးလိပ်တစ်တိုရယ် Teaပြင်းပြင်းလေးတစ်ခွက်ရယ် ကြင်နာသူလေးရယ် နေဝင်ချိန်ထိထိုင်ကြည့်ချင်တယ် အများကြီးမဟုတ်ဘူးဒါလေးတင်ပါလောကကြီးရယ်
    Love
    1
    · 0 Comments ·0 Shares ·279 Views
  • ငါ့ထက်အပုံကြီးသာတဲ့ရည်းစား ရလို့တဲ့
    ငါ့ကို လာမော်ကြွားတယ်
    မယ်မင်းကြီးမက။

    အေးလေ၊ ဝမ်းသာပါတယ်။

    "မိဘအသိုင်းဝိုင်း တောင့်တယ်
    ချမ်းသာတယ်၊ ရုပ်ချောတယ်
    ယောက်ျားပီသတယ်” တဲ့

    ငါက အေးအေးဆေးဆေးပဲ
    “လူသေကောင်” လို
    ငါက “လူသေကောင်”လို
    အေးအေးဆေးဆေးပဲ။

    “နင့်ကောင်
    ငါ့လို ကဗျာရေးတတ်ရင်
    ခက်မယ်"

    အေး၊ ခက်မယ်။ ။

    #အောင်ချိမ့်
    #thuyeinonlinebookshop
    ငါ့ထက်အပုံကြီးသာတဲ့ရည်းစား ရလို့တဲ့ ငါ့ကို လာမော်ကြွားတယ် မယ်မင်းကြီးမက။ အေးလေ၊ ဝမ်းသာပါတယ်။ "မိဘအသိုင်းဝိုင်း တောင့်တယ် ချမ်းသာတယ်၊ ရုပ်ချောတယ် ယောက်ျားပီသတယ်” တဲ့ ငါက အေးအေးဆေးဆေးပဲ “လူသေကောင်” လို ငါက “လူသေကောင်”လို အေးအေးဆေးဆေးပဲ။ “နင့်ကောင် ငါ့လို ကဗျာရေးတတ်ရင် ခက်မယ်" အေး၊ ခက်မယ်။ ။ #အောင်ချိမ့် #thuyeinonlinebookshop
    Like
    2
    · 0 Comments ·0 Shares ·438 Views
  • ကိုယ့်စိတ်က မယူရင်
    ဘယ်အရာမှ မပူလောင်ဘူး။

    ကိုယ့်စိတ်ကြောင့်
    ကိုယ့်အတွေးတွေကို
    အနှောင့်အယှက်မဖြစ်စေနဲ့။

    ဓားတစ်လတ်ထက်
    အတွေးတစ်စကြောင့်သာ
    လူကိုပိုေ-သစေနိူင်တယ်။

    အဲ့ဒီအတွေးတွေ ဖြစ်လာဖို့
    ကိုယ့်စိတ်ကို
    ထိန်းချုပ်နိူင်မှ ဖြစ်မှာပါ။

    ဘယ်သူတွေ ဘာပြောနေတယ်
    ဘယ်သူတွေ ဘာလုပ်နေတယ်
    ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ်
    ကိုယ်လိပ်ပြာသန့်ရတယ်။

    တန်ပြန်သက်ရောက်ပြီး
    မှန်လိုကျင့်နေသမျှတော့
    သူကောက်ကျစ်တိုင်း
    ကိုယ်ကောက်ကျစ်နေရမယ်။

    သူရက်စက်တိုင်း
    ကိုယ်ရက်စက်နေရမယ်။

    နောက်ဆုံး
    သူ့အကုသိုလ်အရိပ်က
    ကိုယ့်နောက်ကိုပါ
    ကူးပြီးလိုက်လာတတ်တယ်။

    ဒါကြောင့် လူတစ်ယောက်ကို
    အနိူင်ယူဖို့ စကားလုံးတွေနဲ့
    နစ်နစ်နာနာပြောပြီး
    အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး။

    ကိုယ့်စိတ်ထဲ က
    ထုတ်ထားလိုက်ရင်
    အလိုလိုနိုင်ပြီးသားပါပဲ ။

    ကိုယ်ကတော့ အဲလိုပဲအနိုင်ယူတယ်။

    #ခံစားချက် ကဗျာစာတို
    ကိုယ့်စိတ်က မယူရင် ဘယ်အရာမှ မပူလောင်ဘူး။ ကိုယ့်စိတ်ကြောင့် ကိုယ့်အတွေးတွေကို အနှောင့်အယှက်မဖြစ်စေနဲ့။ ဓားတစ်လတ်ထက် အတွေးတစ်စကြောင့်သာ လူကိုပိုေ-သစေနိူင်တယ်။ အဲ့ဒီအတွေးတွေ ဖြစ်လာဖို့ ကိုယ့်စိတ်ကို ထိန်းချုပ်နိူင်မှ ဖြစ်မှာပါ။ ဘယ်သူတွေ ဘာပြောနေတယ် ဘယ်သူတွေ ဘာလုပ်နေတယ် ဆိုတာထက် ကိုယ့်လုပ်ရပ်အပေါ် ကိုယ်လိပ်ပြာသန့်ရတယ်။ တန်ပြန်သက်ရောက်ပြီး မှန်လိုကျင့်နေသမျှတော့ သူကောက်ကျစ်တိုင်း ကိုယ်ကောက်ကျစ်နေရမယ်။ သူရက်စက်တိုင်း ကိုယ်ရက်စက်နေရမယ်။ နောက်ဆုံး သူ့အကုသိုလ်အရိပ်က ကိုယ့်နောက်ကိုပါ ကူးပြီးလိုက်လာတတ်တယ်။ ဒါကြောင့် လူတစ်ယောက်ကို အနိူင်ယူဖို့ စကားလုံးတွေနဲ့ နစ်နစ်နာနာပြောပြီး အရှက်သိက္ခာ မဲ့နေဖို့မလိုဘူး။ ကိုယ့်စိတ်ထဲ က ထုတ်ထားလိုက်ရင် အလိုလိုနိုင်ပြီးသားပါပဲ ။ ကိုယ်ကတော့ အဲလိုပဲအနိုင်ယူတယ်။ #ခံစားချက် ကဗျာစာတို 🥀
    0 Comments ·0 Shares ·396 Views
  • ၀င်ငွေကောင်းနေတုန်း
    တစ်သက်လုံး ဒီလိုကောင်းနေမှာပဲလို့
    ယူဆပြီး အသုံးဖြုန်းကြီးနေရင်
    အရာရာစည်းစနစ်မရှိရင်
    ဘ၀ကြီးကဗရမ်းဗတာတွေဖြစ်တတ်တယ်
    လျှောက်သုံးစွဲတာမျိုးဂရုစိုက်ဖို့လိုတယ်
    အသုံးနဲ့အဖြုန်း ဂရုစိုက်ဖို့လိုတယ်
    ၀င်ငွေကောင်းနေတုန်း တစ်သက်လုံး ဒီလိုကောင်းနေမှာပဲလို့ ယူဆပြီး အသုံးဖြုန်းကြီးနေရင် အရာရာစည်းစနစ်မရှိရင် ဘ၀ကြီးကဗရမ်းဗတာတွေဖြစ်တတ်တယ် လျှောက်သုံးစွဲတာမျိုးဂရုစိုက်ဖို့လိုတယ် အသုံးနဲ့အဖြုန်း ဂရုစိုက်ဖို့လိုတယ်
    0 Comments ·0 Shares ·436 Views
  • "ကိုယ်" ဘယ်လောက်ပဲ
    အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ
    တန်ဖိုးသိသူနဲ့ တွေ့မှတန်ဖိုးထားခံရမှာပါ။

    "ကိုယ်" ဘယ်လောက်ပဲ
    ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ
    အလေးထားတဲ့သူနဲ့ တွေ့မှကိုယ့်ရဲ့ပေးဆပ်မှုဟာအရာထင်ပါလိမ့်မယ်။

    "ကိုယ်" ဘယ်လောက်ပဲ
    ရိုးသားနေပါစေ မှန်ကန်တဲ့
    လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ
    ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာကျော်ဇောနိုင်မှာပါ ။

    "ကိုယ်" ဘယ်လောက်ပဲ
    အလျှော့ပေးတဲ့ လူတစ်ယောက်
    ဖြစ်နေပါစေ ကိုယ့်အပေါ်
    ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့
    တွေ့မှ ဒါတွေကိုသိတတ်ခံစားနိုင်မှာပါ ။

    တစ်ကယ်လို့ ကောင်းမွန်တဲ့
    သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင်
    ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ
    နေထိုင်သွားဖို့.....သတိပေးနေရင် ရပါပြီ။

    Cr:
    #1918a
    #crd_to_owner_with_respect
    #ကဗျာချစ်သူ
    #mt
    "ကိုယ်" ဘယ်လောက်ပဲ အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ တန်ဖိုးသိသူနဲ့ တွေ့မှတန်ဖိုးထားခံရမှာပါ။ "ကိုယ်" ဘယ်လောက်ပဲ ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ အလေးထားတဲ့သူနဲ့ တွေ့မှကိုယ့်ရဲ့ပေးဆပ်မှုဟာအရာထင်ပါလိမ့်မယ်။ "ကိုယ်" ဘယ်လောက်ပဲ ရိုးသားနေပါစေ မှန်ကန်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာကျော်ဇောနိုင်မှာပါ ။ "ကိုယ်" ဘယ်လောက်ပဲ အလျှော့ပေးတဲ့ လူတစ်ယောက် ဖြစ်နေပါစေ ကိုယ့်အပေါ် ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့မှ ဒါတွေကိုသိတတ်ခံစားနိုင်မှာပါ ။ တစ်ကယ်လို့ ကောင်းမွန်တဲ့ သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင် ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ နေထိုင်သွားဖို့.....သတိပေးနေရင် ရပါပြီ။ Cr: #1918a #crd_to_owner_with_respect #ကဗျာချစ်သူ #mt
    Like
    2
    · 0 Comments ·0 Shares ·330 Views
  • အလွမ်းတွေကို
    ပန်းတွေလိုသီကုံး

    ချစ်သူ့ ရင်ခွင်သို့
    မှေးစက်ခွင့်ပြုပါ။

    အလွမ်းတွေ ပွေ့ပိုက်
    လွမ်းနေတတ်ပြီ။ချစ်သူ

    လွမ်းဖွယ်အတိနဲ့
    အဓိပ္ပာယ်ပြည့်ဝ သိပ်သည်းလှပေါ့

    အမြဲတမ်း လွမ်းခဲ့မိသူ
    ကိုယ့်အလွမ်းတွေနဲ့ ပူလောင်

    ကိုယ့်ရှေ့မှာနွေဟာ
    အပူရောင်ပါဘဲ။

    လွမ်းဖော်လွမ်းဖက်
    ဥသြငှက်ရယ်။

    ညှာတာသနား
    ကျွန်တော်နှင့်ဝေးတစ်နေရာသို့

    တေးဆိုပေးလှည့်ပါလား။

    လွမ်းလွန်မိလွန်းသူ
    ကျွန်တော့်
    အသည်း

    ရော်ရွက်နည်းတူ
    ကြွေလုမတတ်ပါရှင်။

    အလွမ်းသို့စေ
    တမ်းတမိကျွန်တော်

    ကြင်သူ့ ထံသာ
    လွမ်းမိသည့်အကြောင်း

    အပါးတော်နား
    သခင့်ထံသို့

    သဝဏ်လွှာလေးသာ ပို့ပေးပါလား။
    ဥသြငှက်ငယ်ရယ်။

    လွမ်းဆွတ်အသင်္ချေ
    လွမ်းနွေ အနန္တနှင့်

    နှလုံးသားနေရာမှာ
    ထုံးဖွဲ့ထားသည့် သံယောဇဉ်နွယ်ကြိုးဖြင့်

    ချစ်သောသူ(ခင်ဗျား။)
    အတွက်

    ကျွန်တော်

    ကဗျာဘဏ်တိုက်လေး
    ဆောက်ထားလိုက်ပါပြီ။

    ကဗျာဘဏ်တိုက်လေးမှသာ
    ချစ်သောသူရယ်

    စမ်းကလေးပမာ
    ချမ်းမြေ့၍ သာပျော်မွေ့လိုက်ပါ။

    လေပြည်လေးထဲမှ
    ကြည်နူးပျော်ရွှင်ပေးပါ။

    ငြိမ်းချမ်းခြင်းနှင့်သာ

    ကျွန်တော်ရဲ့
    ကဗျာဘဏ်တိုက်မှ ချစ်သောသူ(ခင်ဗျား)
    မွေ့ပျော် ၍နေပျော်လိုက်ပါတော့လား။

    %%%%%%%%%

    လရိပ်ချိူ @ တောင်ကြီး
    #ချစ်သောရင်ငြိမ်းပန်း
    အလွမ်းတွေကို ပန်းတွေလိုသီကုံး ချစ်သူ့ ရင်ခွင်သို့ မှေးစက်ခွင့်ပြုပါ။ အလွမ်းတွေ ပွေ့ပိုက် လွမ်းနေတတ်ပြီ။ချစ်သူ လွမ်းဖွယ်အတိနဲ့ အဓိပ္ပာယ်ပြည့်ဝ သိပ်သည်းလှပေါ့ အမြဲတမ်း လွမ်းခဲ့မိသူ ကိုယ့်အလွမ်းတွေနဲ့ ပူလောင် ကိုယ့်ရှေ့မှာနွေဟာ အပူရောင်ပါဘဲ။ လွမ်းဖော်လွမ်းဖက် ဥသြငှက်ရယ်။ ညှာတာသနား ကျွန်တော်နှင့်ဝေးတစ်နေရာသို့ တေးဆိုပေးလှည့်ပါလား။ လွမ်းလွန်မိလွန်းသူ ကျွန်တော့် အသည်း ရော်ရွက်နည်းတူ ကြွေလုမတတ်ပါရှင်။ အလွမ်းသို့စေ တမ်းတမိကျွန်တော် ကြင်သူ့ ထံသာ လွမ်းမိသည့်အကြောင်း အပါးတော်နား သခင့်ထံသို့ သဝဏ်လွှာလေးသာ ပို့ပေးပါလား။ ဥသြငှက်ငယ်ရယ်။ လွမ်းဆွတ်အသင်္ချေ လွမ်းနွေ အနန္တနှင့် နှလုံးသားနေရာမှာ ထုံးဖွဲ့ထားသည့် သံယောဇဉ်နွယ်ကြိုးဖြင့် ချစ်သောသူ(ခင်ဗျား။) အတွက် ကျွန်တော် ကဗျာဘဏ်တိုက်လေး ဆောက်ထားလိုက်ပါပြီ။ ကဗျာဘဏ်တိုက်လေးမှသာ ချစ်သောသူရယ် စမ်းကလေးပမာ ချမ်းမြေ့၍ သာပျော်မွေ့လိုက်ပါ။ လေပြည်လေးထဲမှ ကြည်နူးပျော်ရွှင်ပေးပါ။ ငြိမ်းချမ်းခြင်းနှင့်သာ ကျွန်တော်ရဲ့ ကဗျာဘဏ်တိုက်မှ ချစ်သောသူ(ခင်ဗျား) မွေ့ပျော် ၍နေပျော်လိုက်ပါတော့လား။ %%%%%%%%% လရိပ်ချိူ @ တောင်ကြီး #ချစ်သောရင်ငြိမ်းပန်း
    0 Comments ·0 Shares ·229 Views
  • အချစ်ရေ
    စစ်ကြီးပြီးတဲ့တနေ့မှာ
    ကလစ်ရင်းတွေ့ခဲ့တဲ့မင်းနဲ့
    အချစ်သီချင်းတွေအတူဆိုချင်တယ်

    အခုတော့ကွယ်
    မလိမ်မာတဲ့vpnနဲ့
    အလိုက်မသိ တဲ့လိုင်းစုတ်ကြောင့်
    ခဏခဏ အမြင်လွဲ
    အညတရ ရင်ကွဲရတယ်

    မအားလပ်တဲ့တာဝန်တွေနဲ့
    ကြားညှပ်ကာ နောက်သူတွေကြောင့်
    ခဏခဏ စိတ်ကောက်ရတယ်

    တနေ့...
    မကလစ်ရတဲ့တနေ့
    အချစ်...မင်းနဲ့
    အနမ်းပန်းသီချင်းအတူဆိုမယ်
    အလွမ်းခန်းဆိုအတူငိုမယ်

    ဆက်ဖောက်မဲ့..ခရီးကို
    အတူ ဆက်လျှောက်နှင်း
    ကော်ဖီ တွေသောက်ရင်း
    နံနက်တိုင်း..
    အတူတူ နိုးထကြမယ်..
    နော်.အချစ်

    (အလွမ်းများစွာနဲ့ရေးထားလို့
    လူဆိုးကောင်တွေ
    ဟဟပေးမှာ ကြောက်လို့
    ဒီဘက်လာroသည် )

    ဟိုအကိုကြီးရဲ့
    မခင်နှင်းဆီ

    ကဗျာ ထဲမျောမသွားပါနဲ့
    မောမသွားဖို့အတွက်
    R..C.. S
    အချစ်ရေ စစ်ကြီးပြီးတဲ့တနေ့မှာ ကလစ်ရင်းတွေ့ခဲ့တဲ့မင်းနဲ့ အချစ်သီချင်းတွေအတူဆိုချင်တယ် အခုတော့ကွယ် မလိမ်မာတဲ့vpnနဲ့ အလိုက်မသိ တဲ့လိုင်းစုတ်ကြောင့် ခဏခဏ အမြင်လွဲ အညတရ ရင်ကွဲရတယ် မအားလပ်တဲ့တာဝန်တွေနဲ့ ကြားညှပ်ကာ နောက်သူတွေကြောင့် 😁 ခဏခဏ စိတ်ကောက်ရတယ် တနေ့... မကလစ်ရတဲ့တနေ့ အချစ်...မင်းနဲ့ အနမ်းပန်းသီချင်းအတူဆိုမယ် အလွမ်းခန်းဆိုအတူငိုမယ် ဆက်ဖောက်မဲ့..ခရီးကို အတူ ဆက်လျှောက်နှင်း ကော်ဖီ တွေသောက်ရင်း နံနက်တိုင်း.. အတူတူ နိုးထကြမယ်.. နော်.အချစ်😘 (အလွမ်းများစွာနဲ့ရေးထားလို့ လူဆိုးကောင်တွေ ဟဟပေးမှာ ကြောက်လို့ ဒီဘက်လာroသည် 😁) ဟိုအကိုကြီးရဲ့ မခင်နှင်းဆီ ကဗျာ ထဲမျောမသွားပါနဲ့ မောမသွားဖို့အတွက် R..C.. S 🤗
    Like
    Care
    2
    · 0 Comments ·0 Shares ·224 Views
  • ကဗျာလေးမိမိုက်နေရော
    Crd
    ကဗျာလေးမိမိုက်နေရော Crd
    Love
    Like
    Care
    4
    · 0 Comments ·0 Shares ·202 Views