• သီတင်းကျွတ်ရာသီမှာ
    ကျန်းမာခြင်း
    ချမ်းသာကြွယ်ဝခြင်း
    ပျော်ရွှင်ခြင်း
    ချစ်သူခင်သူပေါများခြင်း
    စိတ်နှလုံးချမ်းမြေ့ခြင်း
    ကြံစဉ်သမျှအောင်မြင်ခြင်း
    အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း
    လာဘ်လာဘကြွယ်ဝခြင်း
    ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
    ဆုမွန်ကောင်းခြွေပါတယ်

    ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ကြပါစေ - ဆုတောင်း မေတ္တာများ ပို့သအပ်သည်၊
    🌟 ✨💘သီတင်းကျွတ်ရာသီမှာ🎵 ✨ ✨🌵 ကျန်းမာခြင်း⛵🎏 ✨ ✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨ ✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨ ✨🍀ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨ ✨🌺 စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨ ✨🌻 ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨ ✨🌹 အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း🙏 🎇 ✨ ✨💐 လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷 🎎 ✨ ✨☀ 🙌 🈵 ✨ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း ✨🌸 ဆုမွန်ကောင်းခြွေပါတယ်👏 🎰 ✨🌺 🉐 ☀✨🍀 🎐 👍 ✨ ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ကြပါစေ - ဆုတောင်း မေတ္တာများ ပို့သအပ်သည်၊⛓️
    Care
    1
    · 0 Comments ·0 Shares ·151 Views
  • ပစ္စည်းတွေရဲ့ တန်ဖိုးကို
    ပျောက်သွားမှ သိလိမ့်မယ်။

    ရေတစ်ခွက်ရဲ့ တန်ဖိုးကို
    ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။

    ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို
    ဗိုက်ဆာမှ သိလိမ့်မယ်။

    လူတစ်ယောက်ရဲ့ တန်ဖိုးကို
    အဲ့လူမရှိတော့မှ သိမယ်။

    crd
    ပစ္စည်းတွေရဲ့ တန်ဖိုးကို ပျောက်သွားမှ သိလိမ့်မယ်။ ရေတစ်ခွက်ရဲ့ တန်ဖိုးကို ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။ ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို ဗိုက်ဆာမှ သိလိမ့်မယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲ့လူမရှိတော့မှ သိမယ်။ crd
    Care
    1
    · 0 Comments ·0 Shares ·268 Views
  • ဆောင်းတွင်း နှာခဏခဏ စီးနေသူများ
    အတွက် ပူစရာ မလိုတော့ဘူး <--

    လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့
    ဆရာဝန်လေး တစ်ယောက်က

    နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့
    ဆရာဝန်ကြီးတစ်ယောက် အိမ်ကို
    အလည်သွားရင်း

    ဘာဆေး သောက်ရမလဲလို့
    မေးတဲ့အခါ...

    ဆရာဝန်ကြီးက သူ့ ဇနီးကို
    ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့
    ပြောလိုက်တဲ့အခါ

    ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ
    ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။

    အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့
    စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။

    အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို
    ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #crd_to_owner_with_respect
    ဆောင်းတွင်း နှာခဏခဏ စီးနေသူများ အတွက် ပူစရာ မလိုတော့ဘူး <--😊 လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့ ဆရာဝန်လေး တစ်ယောက်က နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့ ဆရာဝန်ကြီးတစ်ယောက် အိမ်ကို အလည်သွားရင်း ဘာဆေး သောက်ရမလဲလို့ မေးတဲ့အခါ...😊 ဆရာဝန်ကြီးက သူ့ ဇနီးကို ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့ ပြောလိုက်တဲ့အခါ ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။ အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့ စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။ အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #crd_to_owner_with_respect
    Love
    Care
    3
    · 1 Comments ·0 Shares ·421 Views
  • ဆောင်းရတုပွဲ
    အချုပ်တန်းဆရာဖေ

    ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
    ချမ်းပေါင်လေ တဖေတင်းသော်လည်း
    ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
    မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ
    ထည်အလွှာ အကုန်ထွေးသော်လည်း
    ကြည်အသာ မလုံသေးပါဘု
    မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
    သွေးလန့်လို့ခုန်။

    ယမ်းယောင်ကာ တလျက်ညည်းမိတော့
    သန်းခေါင်မှာ မြကြက်သီးတွေက
    တဖီးဖီး ပျံ့လို့ငယ်အုံ
    ဗျာဆုံတဲ့ ရာသီပဲ။

    ငွေနှင်းငယ်မှုန်
    လေညင်းရယ် တသုန်သုန်နှင့်
    ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
    မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
    သည်ခေတ်မှာ သည်လိုဟာဖြင့်
    သည်ကိုယ်မှာ သေသေလုပါပေါ့
    ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
    ဆောင်းရတုပွဲ။

    အချုပ်တန်းဆရာဖေ
    ဆောင်းရတုပွဲ အချုပ်တန်းဆရာဖေ ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လည်း ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန် မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လည်း ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့ သွေးလန့်လို့ခုန်။ ယမ်းယောင်ကာ တလျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗျာဆုံတဲ့ ရာသီပဲ။ ငွေနှင်းငယ်မှုန် လေညင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ် ဆောင်းရတုပွဲ။ အချုပ်တန်းဆရာဖေ
    Love
    Care
    2
    · 1 Comments ·0 Shares ·338 Views
  • #ဖိုးစော်ကဲ
    __________________

    လွမ်းမပြေ မန်းမြေတမိတော့
    ကမ်းခြေမှာ စမ်းရေစရယ်နဲ့
    ဖျန်းလေက တသုန်သုန်။

    တဲတဖက်
    ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
    ကရင်အို ယာပြင်ကြီးမှာ
    မီးထည့်လို့လှုံ။

    မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
    အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
    လွှမ်းတဲ့လို့ လွှားကာခြုံ
    ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

    ဘေးအိတ်ကယ်လျှို
    ဆေးလိပ်တို နားမှာထိုးပါလို့
    တောင်ရိုးမှာ ဘာသာသူတို့
    ကွင်းအငူ နှင်းမြူက စဲချိန်မို့
    အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
    တဲပျက်စခန်း။

    #အချုပ်တန်းဆရာဖေ
    #Credit_To_Original_Uplodar
    #မြန်မာကဗျာများ Page မှ
    #ကူးယူမျှဝေပါသည်။
    🪴#ဖိုးစော်ကဲ🪴 __________________ 🪴လွမ်းမပြေ မန်းမြေတမိတော့ ကမ်းခြေမှာ စမ်းရေစရယ်နဲ့ ဖျန်းလေက တသုန်သုန်။ 🪴တဲတဖက် ဆွဲဖျက်ကာ အလျှင်လိုရော့ထင့် ကရင်အို ယာပြင်ကြီးမှာ မီးထည့်လို့လှုံ။ 🪴မပူပေါင် နောက်ဆီက ချမ်းရော့ထင့် အဖြူစောင် ခေါက်ထည်ကြမ်းကိုလ လွှမ်းတဲ့လို့ လွှားကာခြုံ ပါးမှာငုံပါတဲ့ နုရွှေကွမ်း။ 🪴ဘေးအိတ်ကယ်လျှို ဆေးလိပ်တို နားမှာထိုးပါလို့ တောင်ရိုးမှာ ဘာသာသူတို့ ကွင်းအငူ နှင်းမြူက စဲချိန်မို့ အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့ တဲပျက်စခန်း။ #အချုပ်တန်းဆရာဖေ #Credit_To_Original_Uplodar #မြန်မာကဗျာများ Page မှ #ကူးယူမျှဝေပါသည်။
    Love
    Care
    3
    · 0 Comments ·0 Shares ·368 Views
  • အလုပ်မလုပ်ဘဲ အရေးပါချင်လို့ မရဘူး"
    မိသားစုထဲမှာ အရေးပါချင်ရင်
    မိသားစုအတွက် ပေးဆပ်ရတယ် အနစ်နာခံရတယ်။
    အလုပ်ထဲမှာ အရေးပါချင်ရင်
    အလုပ်အများကြီး လုပ်ရတယ် "....
    results ကောင်းရမယ်။
    ကိုယ့်ကြောင့် ကိုယ့်အလုပ်က တိုးတက်ရမယ်။
    သူငယ်ချင်းမိတ်ဆွေတွေထဲမှာ အရေးပါချင်ရင်
    အနစ်နာခံရမယ် ။
    ရက်ရောမှုရှိရမယ် မျှတမှုရှိရမယ်
    ဦးဆောင်ဦးရွက် ပြုနိုင်ရမယ် ။
    ဘာမှအားမစိုက်ထုတ်ဘဲနဲ့ အရေးပါချင်လို့မရဘူး
    ဘာရလာဒ်မှ ထွက်မလာဘဲနဲ့
    အရာရောက်ချင်နေလို့ မရဘူး "
    လူအများစု ဖြစ်နေတဲ့ပြဿနာက
    ဘာမှမလုပ်ဘဲ အရေးပါအရာရောက်ချင်နေတာ
    လေနဲ့ပဲ အလုပ် လုပ်နေပြီး
    ဘာ results မှ ထွက်မလာတဲ့လူဟာ
    အလိုလို နောက်ရောက်သွားမှာပဲ။
    မှန်မှန်ကန်ကန် အလုပ် လုပ်
    စေတနာပါပါ အလုပ် လုပ်
    Attitude ကောင်းကောင်းနဲ့ ပြုမူဆက်ဆံ
    အနစ်နာခံစရာရှိရင် အနစ်နာခံ
    ဒီလိုလူမျိုးဟာ အချိန်တစ်ခု ရောက်ရင်
    တစ်နေရာရာမှာ အရေးပါအရာရောက်လာမှာပဲ"...။

    Credit
    အလုပ်မလုပ်ဘဲ အရေးပါချင်လို့ မရဘူး" မိသားစုထဲမှာ အရေးပါချင်ရင် မိသားစုအတွက် ပေးဆပ်ရတယ် အနစ်နာခံရတယ်။ အလုပ်ထဲမှာ အရေးပါချင်ရင် အလုပ်အများကြီး လုပ်ရတယ် ".... results ကောင်းရမယ်။ ကိုယ့်ကြောင့် ကိုယ့်အလုပ်က တိုးတက်ရမယ်။ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ အရေးပါချင်ရင် အနစ်နာခံရမယ် ။ ရက်ရောမှုရှိရမယ် မျှတမှုရှိရမယ် ဦးဆောင်ဦးရွက် ပြုနိုင်ရမယ် ။ ဘာမှအားမစိုက်ထုတ်ဘဲနဲ့ အရေးပါချင်လို့မရဘူး ဘာရလာဒ်မှ ထွက်မလာဘဲနဲ့ အရာရောက်ချင်နေလို့ မရဘူး " လူအများစု ဖြစ်နေတဲ့ပြဿနာက ဘာမှမလုပ်ဘဲ အရေးပါအရာရောက်ချင်နေတာ လေနဲ့ပဲ အလုပ် လုပ်နေပြီး ဘာ results မှ ထွက်မလာတဲ့လူဟာ အလိုလို နောက်ရောက်သွားမှာပဲ။ မှန်မှန်ကန်ကန် အလုပ် လုပ် စေတနာပါပါ အလုပ် လုပ် Attitude ကောင်းကောင်းနဲ့ ပြုမူဆက်ဆံ အနစ်နာခံစရာရှိရင် အနစ်နာခံ ဒီလိုလူမျိုးဟာ အချိန်တစ်ခု ရောက်ရင် တစ်နေရာရာမှာ အရေးပါအရာရောက်လာမှာပဲ"...။ Credit
    Love
    Care
    3
    · 3 Comments ·0 Shares ·329 Views
  • တစ်ဘက်ထဲ လှရုံနဲ့ မရဘူး
    ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ
    ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ
    တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။

    သူ့ဘက် ကိုယ့်ဘက်ရှိမှ
    အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ
    ယုံကြည်မှုဆိုတာ
    ပျက်စီးသွားပြီဆိုတဲ့အခါ
    ဘယ်လိုပြန်တည်ဆောက် တည်ဆောက်
    ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။

    ဒါကြောင့်
    ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို
    ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။

    ယုံကြည်လို့
    ချေးငှားလိုက်တဲ့ ပိုက်ဆံကို
    မတောင်းခင်ကတည်းက
    အလိုက်တသိ ပြန်ပေးရတယ်။

    ယုံကြည်လို့
    ကူညီပေးလိုက်တာကို
    ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။

    ယုံကြည်လို့
    ပေးထားတဲ့ မေတ္တာကို
    တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။

    ယုံကြည်လို့
    တွဲထားတဲ့ လက်တွေကို
    နာကျင်ဒဏ်ရာတွေ မပေးရဘူး။

    ယုံကြည်လို့ပေးထားတဲ့
    အခွင့်အရေးကို
    ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။

    အဲ့ဒီယုံကြည်မှုထဲမှာ
    ချစ်ခြင်းမေတ္တာတွေပါတယ်
    ကိုယ်ချင်းစာတရားတွေပါတယ်
    သံယောဇဉ်တွေပါတယ်။

    ဒါကြောင့် ယုံကြည်မှုကို
    လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး
    တကယ်လို့
    ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ
    တကယ်နစ်နာဆုံးရှုံးသွားတာက
    ကိုယ်ဖြစ်နေတတ်တယ်။

    ဒီလိုပဲ
    ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို
    အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။

    ဒါပေမယ့်
    တကယ် ဝမ်းမနည်းပါဘူး
    စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။

    အဲ့ဒါက ဘာလဲဆိုတော့
    အရင်လို စေတနာတွေ အကူအညီတွေ
    ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့
    ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။

    ယုံကြည်မှုကို တန်ဖိုးထားပါ။
    တချို့အရာတွေက
    ပြန်လိုချင်ရင်တောင်မှ
    ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။

    #followereveryonehighlights
    #ဦးအောင်သင်း
    #စာပေဗဟုသုတ
    #ဦးအောင်သင်း
    #စာပေ
    တစ်ဘက်ထဲ လှရုံနဲ့ မရဘူး ဖိနပ်ဆိုလဲ နှစ်ဖက်ရှိမှ ခရီးရောက်တာ ယုံကြည်မှုဆိုတာလဲ အဲ့လိုပဲ တစ်ယောက်တည်း ရှိရုံနဲ့မရဘူး။ သူ့ဘက် ကိုယ့်ဘက်ရှိမှ အဲ့ဒီဆက်ဆံရေးတစ်ခုက ရေရှည်မြဲတာ ယုံကြည်မှုဆိုတာ ပျက်စီးသွားပြီဆိုတဲ့အခါ ဘယ်လိုပြန်တည်ဆောက် တည်ဆောက် ဘယ်တော့မှ အရင်လို ပြန်မဖြစ်ဘူး။ ဒါကြောင့် ယုံကြည်လို့ ရင်ဖွင့်တဲ့စကားကို ကွယ်ရာမှာ အတင်းပြန်မပြောရဘူး။ ယုံကြည်လို့ ချေးငှားလိုက်တဲ့ ပိုက်ဆံကို မတောင်းခင်ကတည်းက အလိုက်တသိ ပြန်ပေးရတယ်။ ယုံကြည်လို့ ကူညီပေးလိုက်တာကို ဘယ်တော့မှ ကျေးဇူးမကန်းရဘူး။ ယုံကြည်လို့ ပေးထားတဲ့ မေတ္တာကို တန်ဖိုးမထား မလေးမစားမလုပ်ရဘူး။ ယုံကြည်လို့ တွဲထားတဲ့ လက်တွေကို နာကျင်ဒဏ်ရာတွေ မပေးရဘူး။ ယုံကြည်လို့ပေးထားတဲ့ အခွင့်အရေးကို ဘယ်တော့မှ အလွဲသုံးစားမလုပ်ရဘူး။ အဲ့ဒီယုံကြည်မှုထဲမှာ ချစ်ခြင်းမေတ္တာတွေပါတယ် ကိုယ်ချင်းစာတရားတွေပါတယ် သံယောဇဉ်တွေပါတယ်။ ဒါကြောင့် ယုံကြည်မှုကို လွယ်လွယ်နဲ့ မဖျက်စီးသင့်ဘူး တကယ်လို့ ယုံကြည်မှုကို ဖျက်စီးလိုက်တဲ့အခါ တကယ်နစ်နာဆုံးရှုံးသွားတာက ကိုယ်ဖြစ်နေတတ်တယ်။ ဒီလိုပဲ ဘဝမှာ ကိုယ့်ရဲ့ယုံကြည်မူ့ကို အလွဲသုံးစား လုပ်သွားတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် တကယ် ဝမ်းမနည်းပါဘူး စိတ်မကောင်းတာ တစ်ခုတော့ရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အရင်လို စေတနာတွေ အကူအညီတွေ ချစ်ခြင်းမေတ္တာတွေ ယုံကြည်မှုတွေကိုတော့ ကိုယ့်ဆီက သူတို့မရနိုင်တော့ဘူးလေ ။ ယုံကြည်မှုကို တန်ဖိုးထားပါ။ တချို့အရာတွေက ပြန်လိုချင်ရင်တောင်မှ ပြန်ရနိုင်တဲ့ထိ စျေးမပေါဘူးလေ။ #followereveryonehighlights #ဦးအောင်သင်း #စာပေဗဟုသုတ #ဦးအောင်သင်း #စာပေ
    Love
    Care
    3
    · 0 Comments ·0 Shares ·433 Views
  • (1)စိတ်ညစ်ပြီး
    ဘာမှမလုပ်ချင်တော့တဲ့အခါ
    ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
    ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

    (2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
    အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
    သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

    (3)ကိုယ့်အားကိုယ်ကိုးပြီး
    အရောက်လှမ်းသွားမယ့်
    ပန်းတိုင်လေးတစ်ခု
    အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

    (4)တစ်ခါတလေ ငိုစရာရှိရင်
    လူမရှိတဲ့ တစ်နေရာသွားပြီး
    အော်ငိုပစ်လိုက်ပါ
    ငိုသင့်ရင်လည်း ငိုလိုက်ပါ
    မငိုတာကြာရင်
    မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

    (5)တစ်ခါတလေ ဝမ်းနည်းနေရင်လည်း
    အားရပါးရ ငိုချပစ်လိုက်ပါ
    ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

    (6)အဆင်မပြေရင်လည်း
    အဆင်ပြေသလိုနေပါ..
    တချို့ကျတော့ ကြိုးစားပေမဲ့
    အဆင်မပြေပြန်ဘူး...
    မကြိုးစားဘဲ ထိုင်နေရင်
    ပိုအဆင်မပြေဖြစ်သွားကြတယ်။

    (7)ထပ်ပြီး ကြိုးစားပါ
    လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
    ဘယ်လောက်ပဲအသက်တွေရရ
    ဖြစ်လာနိုင်ပါတယ်။

    (8)ဆုံးရှုံးမှုတွေရှိရင်လည်း
    စိတ်ကိုဖြေပြီး နောက်တစ်ကြိမ်
    မမှားအောင်သတိထားပါ။

    (9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
    ဘယ်တော့မှမရှိနိုင်သလို
    လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့
    အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

    (10)လောကမှာ နားမလည်တဲ့
    အရာတွေ ရှိနိုင်ပါတယ်
    အရေးကြီးတာက နားမလည်တာကို
    နားလည်အောင် ကြိုးစားဖို့ပါ။

    (11)အကောင်းစား
    ရေမွှေးနံ့တွေ မလိုဘူး ...
    ကိုယ်ကျင့်တရားကောင်းအောင်နေပါ
    ကိုယ်ကျင့်တရားကောင်းရင်
    စိတ်ထားကောင်းရင် …
    ကိုယ်သင်းနံ့မွှေးနေမှာပါ။

    (12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
    အမှန်တရားဆိုတာ တစ်နေ့နေ့
    တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

    (13)အမှားရှိခဲ့တိုင်းလည်း
    အပြစ်မဟုတ်ပါဘူး...
    တချို့အမှားတွေက သန့်ရှင်းပါတယ်
    လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို
    အမှားရှိမှ အမှန်ဆိုတာ
    ဖြစ်လာခဲ့ရတာပါ။

    အဓိကက အမှားတွေကို
    သင်ခန်းစာအဖြစ်ရယူပြီး
    နောက်ထပ်တစ်ခါ ထပ်မမှားဖို့
    အမှားထဲမှာ တဝဲဝဲလည်
    မနေတတ်ဖို့ဘဲလိုတယ်။

    (14)လူလူချင်း စာနာတတ်သူ..
    စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ..
    နားလည်ခွင့်လွှတ်ပေးနိုင်သူ
    တစ်ဦးဖြစ်အောင် ကြိုးစားပါ။

    (15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
    အခြားမဟုတ်ဘူး
    အသက်ရှင်သန်နေတာပါ
    အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို
    ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

    (16)ချစ်ခင်သူတွေ
    ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
    ပင်ပန်းအားငယ်လာတိုင်း
    မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံ
    ရှိနေဖို့တော့ လိုတယ်။

    (17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
    ဘယ်အချိန်ပဲပြောပြော
    တကယ့်စိတ်ရင်းနဲ့ပြောပါ။

    (18)"ဆောရီး"ဆိုတဲ့စကားလုံးကို
    ဘယ်အချိန်ပဲပြောပြော
    တစ်ဘက်လူရဲ့မျက်လုံးကို
    ကြည့်ပြီးပြောပါ။

    (19)ချမ်းသာတဲ့ သူငယ်ချင်း၊
    အပေါင်းအသင်း ရှိဖို့မလိုဘူး ...
    နေပူမိုးရွာ လက်ချင်းတွဲလို့
    ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့်
    သူငယ်ချင်းကောင်းတစ်ယောက်
    ရှိဖို့လိုတယ်။

    (20)သူငယ်ချင်းကောင်း၊
    မိတ်ဆွေကောင်းလိုချင်ရင်...
    သူကောင်းကောင်း မကောင်းကောင်း
    ကိုယ်ကောင်းဖို့ကတော့ အဓိကပဲ
    သူတပါးအပေါ်ကို ကောင်းမှသာ
    သူ့တပါးက ကိုယ်အပေါ်ကို
    ပြန်ကောင်းပါလိမ့်မယ်။

    (21)ဘယ်နေရာ
    ဘယ်ဒေသကိုပဲရောက်ရောက်
    သူများအပေါ်ကိုလည်း ကောင်းလိုက်ပါ
    တစ်ခါတရံ မကောင်းတဲ့သူမျိုးတွေ
    ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ...။

    ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့
    မထိုက်တန်ရင်...
    မိတ်ဆွေကောင်းတွေပဲ
    သင့်အနားမှာ ရှိနေမှာဖြစ်ပြီး
    မိတ်ဆွေကောင်း မဟုတ်သူတွေကတော့
    သင့်အနားကနေ အလိုလို
    ဖယ်ခွာသွားပါလိမ့်မယ်။

    (22)အားနည်းချက်ရှိလို့လည်း
    စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့...
    လူတိုင်းမှာ အားနည်းချက်
    ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့
    လူရယ်လို့ လောကမှာ မရှိပါဘူး...

    ဒါကြောင့်
    အားငယ်ပြီး စိတ်မပျက်ပါနဲ့...
    မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။
    စိတ်ထားလှရင် ဘဝက လှပပါတယ်.....။
    <><><><><><><><><><><><><><><><><><><>

    #crd_to_owner_with_respectcrd
    (1)စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။ (2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။ (3)ကိုယ့်အားကိုယ်ကိုးပြီး အရောက်လှမ်းသွားမယ့် ပန်းတိုင်လေးတစ်ခု အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။ (4)တစ်ခါတလေ ငိုစရာရှိရင် လူမရှိတဲ့ တစ်နေရာသွားပြီး အော်ငိုပစ်လိုက်ပါ ငိုသင့်ရင်လည်း ငိုလိုက်ပါ မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။ (5)တစ်ခါတလေ ဝမ်းနည်းနေရင်လည်း အားရပါးရ ငိုချပစ်လိုက်ပါ ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။ (6)အဆင်မပြေရင်လည်း အဆင်ပြေသလိုနေပါ.. တချို့ကျတော့ ကြိုးစားပေမဲ့ အဆင်မပြေပြန်ဘူး... မကြိုးစားဘဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်သွားကြတယ်။ (7)ထပ်ပြီး ကြိုးစားပါ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင် ဘယ်လောက်ပဲအသက်တွေရရ ဖြစ်လာနိုင်ပါတယ်။ (8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။ (9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။ (10)လောကမှာ နားမလည်တဲ့ အရာတွေ ရှိနိုင်ပါတယ် အရေးကြီးတာက နားမလည်တာကို နားလည်အောင် ကြိုးစားဖို့ပါ။ (11)အကောင်းစား ရေမွှေးနံ့တွေ မလိုဘူး ... ကိုယ်ကျင့်တရားကောင်းအောင်နေပါ ကိုယ်ကျင့်တရားကောင်းရင် စိတ်ထားကောင်းရင် … ကိုယ်သင်းနံ့မွှေးနေမှာပါ။ (12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့... အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။ (13)အမှားရှိခဲ့တိုင်းလည်း အပြစ်မဟုတ်ပါဘူး... တချို့အမှားတွေက သန့်ရှင်းပါတယ် လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အဓိကက အမှားတွေကို သင်ခန်းစာအဖြစ်ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့ အမှားထဲမှာ တဝဲဝဲလည် မနေတတ်ဖို့ဘဲလိုတယ်။ (14)လူလူချင်း စာနာတတ်သူ.. စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ.. နားလည်ခွင့်လွှတ်ပေးနိုင်သူ တစ်ဦးဖြစ်အောင် ကြိုးစားပါ။ (15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။ (16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ... ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံ ရှိနေဖို့တော့ လိုတယ်။ (17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။ (18)"ဆောရီး"ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။ (19)ချမ်းသာတဲ့ သူငယ်ချင်း၊ အပေါင်းအသင်း ရှိဖို့မလိုဘူး ... နေပူမိုးရွာ လက်ချင်းတွဲလို့ ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့် သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။ (20)သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းလိုချင်ရင်... သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ကတော့ အဓိကပဲ သူတပါးအပေါ်ကို ကောင်းမှသာ သူ့တပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။ (21)ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် သူများအပေါ်ကိုလည်း ကောင်းလိုက်ပါ တစ်ခါတရံ မကောင်းတဲ့သူမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ...။ ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့ မထိုက်တန်ရင်... မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး မိတ်ဆွေကောင်း မဟုတ်သူတွေကတော့ သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။ (22)အားနည်းချက်ရှိလို့လည်း စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့... လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့ လူရယ်လို့ လောကမှာ မရှိပါဘူး... ဒါကြောင့် အားငယ်ပြီး စိတ်မပျက်ပါနဲ့... မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။ စိတ်ထားလှရင် ဘဝက လှပပါတယ်.....။ <><><><><><><><><><><><><><><><><><><> #crd_to_owner_with_respectcrd
    Like
    Love
    Care
    3
    · 2 Comments ·0 Shares ·525 Views
  • ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ

    အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါ ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    အယုံကြည်ရဆုံးတွေက ရင်နာစရာတွေ လုပ်သွားတဲ့အခါ ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    အချစ်ရဆုံးတွေက ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    နောက်ထပ် ပြန်ဆုံနိုင်စရာ အကြောင်းလည်းမရှိတဲ့ ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက် နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    ဆုံးရှုံးခဲ့တာတွေ နစ်နာခဲ့တာတွေအတွက် လွယ်လွယ်လေးနဲ့တော့ ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး လွယ်လွယ်လေးနဲ့တော့ မေ့ပစ်လိုက်နိုင်မှာ မဟုတ်ပါဘူး.......

    စိတ်တိုစရာတွေ စိတ်နာစရာတွေ စိတ်ဒဏ်ရာတွေဆိုတာ ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း လောကမှာ ခွင့်မလွှတ်နိုင်စရာကို ခွင့်လွှတ်ပေးနိုင်ခြင်းကသာ စိတ်ချမ်းသာရမှာပါ မေ့မပစ်နိုင်စရာတွေကို မေ့ပစ်လိုက်နိုင်ခြင်းကသာ စိတ်ငြိမ်းအေးချမ်းရမှာပါ.......

    ဘဝမှာ သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင် ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......

    သိထားဖို့က.......လောကဓံကို ရင်ဆိုင်တဲ့အခါမှာ လက်ထဲမှာ ဓား ရှိဖို့မလိုဘူး
    ရင်ထဲမှာ တရား ရှိဖို့ပဲ လိုတာပါ.......

    ဒါကြောင့်.......ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အတိတ်က အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်ပါ.......

    သူကသာ ကြွေးသစ်ယူနေတာ သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည် ဒါကြောင့်.......ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ.......
    #everyone
    #highlights
    #အရှင်သုမန
    #followers
    #ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။
    #Credit
    ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါ ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... အယုံကြည်ရဆုံးတွေက ရင်နာစရာတွေ လုပ်သွားတဲ့အခါ ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... အချစ်ရဆုံးတွေက ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... နောက်ထပ် ပြန်ဆုံနိုင်စရာ အကြောင်းလည်းမရှိတဲ့ ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက် နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့ ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... ဆုံးရှုံးခဲ့တာတွေ နစ်နာခဲ့တာတွေအတွက် လွယ်လွယ်လေးနဲ့တော့ ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး လွယ်လွယ်လေးနဲ့တော့ မေ့ပစ်လိုက်နိုင်မှာ မဟုတ်ပါဘူး....... စိတ်တိုစရာတွေ စိတ်နာစရာတွေ စိတ်ဒဏ်ရာတွေဆိုတာ ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း လောကမှာ ခွင့်မလွှတ်နိုင်စရာကို ခွင့်လွှတ်ပေးနိုင်ခြင်းကသာ စိတ်ချမ်းသာရမှာပါ မေ့မပစ်နိုင်စရာတွေကို မေ့ပစ်လိုက်နိုင်ခြင်းကသာ စိတ်ငြိမ်းအေးချမ်းရမှာပါ....... ဘဝမှာ သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင် ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... သိထားဖို့က.......လောကဓံကို ရင်ဆိုင်တဲ့အခါမှာ လက်ထဲမှာ ဓား ရှိဖို့မလိုဘူး ရင်ထဲမှာ တရား ရှိဖို့ပဲ လိုတာပါ....... ဒါကြောင့်.......ကိုယ့်အပေါ်မကောင်းလို့ဆိုပြီး ဒေါသမဖြစ်နဲ့ ရန်မလိုမိပါစေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အတိတ်က အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်ပါ....... သူကသာ ကြွေးသစ်ယူနေတာ သူပြုသည့်ကံက သူ့ဆီ ပြန်လာလိမ့်မည် ဒါကြောင့်.......ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ....... #everyone #highlights #အရှင်သုမန #followers #ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။ #Credit
    Love
    Care
    2
    · 5 Comments ·0 Shares ·473 Views
  • ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူး
    ငွေကိုမချွေတာနိုင်ရင် ပိုရှာပါ
    ပိုမရှာနိုင်ရင် ချွေတာပါ

    မရှိခင်မှာ ချွေတာပါ
    ရှိလာတဲ့အခါ စည်းကမ်းရှိပါ
    ငွေရှာပြီး မချွေတာရင်
    ေ-သအောင်ရှာ မကြီးပွားပါဘူး

    သုံးလို့ ပိုတဲ့ ပိုက်ဆံကို မစုနဲ့
    စုလို့ ပိုတဲ့ပိုက်ဆံကိုသာ သုံးပါ
    ငွေရှာတတ်ဖို့ထက် ငွေသုံးတတ်ဖို့ လိုပါတယ်

    မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်ဆိုရင်
    မကြာခင်မှာပဲ လိုအပ်တာတွေကို ပြန်ရောင်းရလိမ့်မယ်

    သင်ဟာ လူချမ်းသာတစ်ယောက် မဟုတ်သေးရင်
    ဈေးကြီးတာတွေ ရှောင်ပါ
    ငွေရှာပါ၊ ငွေစုပါ ၊ လူအထင်ကြီးဖို့ မလိုဘူး၊
    ဘဝအထိုင်ကျဖို့ပဲ လိုအပ်ပါတယ်

    သူဌေးက ဆင်းရဲသားလိုနေတတ်ရင်
    လွယ်လွယ်နဲ့ မဆင်းရဲတတ်သလို
    ဆင်းရဲသားက သူဌေးလိုနေရင်တော့ ဘယ်တော့မှ
    မချမ်းသာတတ်တော့ပါဘူး...

    - မေတ္တာဖြင့်မျှဝေပါသည်။
    - မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

    #itsuptoyou #crd #စာပေ #ဘဝ #ငွေ
    ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူး ငွေကိုမချွေတာနိုင်ရင် ပိုရှာပါ ပိုမရှာနိုင်ရင် ချွေတာပါ မရှိခင်မှာ ချွေတာပါ ရှိလာတဲ့အခါ စည်းကမ်းရှိပါ ငွေရှာပြီး မချွေတာရင် ေ-သအောင်ရှာ မကြီးပွားပါဘူး သုံးလို့ ပိုတဲ့ ပိုက်ဆံကို မစုနဲ့ စုလို့ ပိုတဲ့ပိုက်ဆံကိုသာ သုံးပါ ငွေရှာတတ်ဖို့ထက် ငွေသုံးတတ်ဖို့ လိုပါတယ် မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်ဆိုရင် မကြာခင်မှာပဲ လိုအပ်တာတွေကို ပြန်ရောင်းရလိမ့်မယ် သင်ဟာ လူချမ်းသာတစ်ယောက် မဟုတ်သေးရင် ဈေးကြီးတာတွေ ရှောင်ပါ ငွေရှာပါ၊ ငွေစုပါ ၊ လူအထင်ကြီးဖို့ မလိုဘူး၊ ဘဝအထိုင်ကျဖို့ပဲ လိုအပ်ပါတယ် သူဌေးက ဆင်းရဲသားလိုနေတတ်ရင် လွယ်လွယ်နဲ့ မဆင်းရဲတတ်သလို ဆင်းရဲသားက သူဌေးလိုနေရင်တော့ ဘယ်တော့မှ မချမ်းသာတတ်တော့ပါဘူး... - မေတ္တာဖြင့်မျှဝေပါသည်။ - မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။ #itsuptoyou #crd #စာပေ #ဘဝ #ငွေ
    Care
    1
    · 0 Comments ·0 Shares ·325 Views
  • အိုးနဲ့တူတဲ့လူသုံးမျိုး

    (၁)မပြည့်တဲ့အိုး။

    "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို
    နည်းနည်းသိပြီး စကားကို ဟောင်ဖွာ
    ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။

    အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊
    အရိပ်အကဲကိုလည်း နားမလည်၊
    ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း
    ပြောတတ်ပါသေးတယ်။

    ဒီအိုးလို သူမျိုးဟာ-
    ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ
    တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့
    ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။

    (၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။

    အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင်
    အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ
    မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ်
    နေသူမျိုးပါ။

    ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး
    မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ
    တတ်ပါသေးတယ်။

    စကားပြော မောက်မာ ခက်ထန်တတ်ပြီး
    အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ
    ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင်
    ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။

    ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့
    ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး
    အရေးမပါ အရာမရောက်တော့တဲ့
    ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။

    (၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။

    အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း
    အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ
    တဲ့ လူမျိုးပါ။

    သူများကို အထင်မသေးတတ်သလို
    ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့်
    မနေတတ်ပါဘူး။

    ဒီအိုးလို သူမျိုးကသာ...
    ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ်
    ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက်
    များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး
    လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။

    crd#
    #crd_to_owner_with_respect
    အိုးနဲ့တူတဲ့လူသုံးမျိုး (၁)မပြည့်တဲ့အိုး။🍯 "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို နည်းနည်းသိပြီး စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။ အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊ ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။ (၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။🧉 အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ် နေသူမျိုးပါ။ ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ တတ်ပါသေးတယ်။ စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။ (၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။🏺 အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ တဲ့ လူမျိုးပါ။ သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။ ဒီအိုးလို သူမျိုးကသာ... ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက် များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။ crd# #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·382 Views
  • အခုအတော်ရှားသွားပိ
    အခုအတော်ရှားသွားပိ
    Care
    1
    · 0 Comments ·0 Shares ·111 Views
More Results