• ❝သူမချစ်တော့တာသေချာရင်❞
    -----------------------

    လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ...
    လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့်
    ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက
    သင့်ရဲ့တန်ဖိုးပါ။

    သူမချစ်တော့တာသေချာနေပြီဆိုရင်...
    လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ
    ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ်
    ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။

    ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက်
    အတင်းဆွဲထားစရာမလိုပါဘူး...
    သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင်
    ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။

    မချစ်တော့တာ သေချာနေတဲ့လူအနားမှာ
    ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက်
    ရဲရဲကြီး မေ့ပြစ်လိုက်ပါ။

    #မေဆု(ရာမညမြေ)
    ❝သူမချစ်တော့တာသေချာရင်❞ ----------------------- ◽လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ... လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့် ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက သင့်ရဲ့တန်ဖိုးပါ။ ◽သူမချစ်တော့တာသေချာနေပြီဆိုရင်... လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ် ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။ ◽ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက် အတင်းဆွဲထားစရာမလိုပါဘူး... သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင် ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။ ◽မချစ်တော့တာ သေချာနေတဲ့လူအနားမှာ ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက် ရဲရဲကြီး မေ့ပြစ်လိုက်ပါ။ #မေဆု(ရာမညမြေ)
    Like
    1
    · 0 Comments ·0 Shares ·24 Views
  • အားနာတက်တဲ့သူရဲ့
    အားမနာတက်တော့တဲ့အချိန်ဟာ
    မင်းအတွက်အန္တရာယ်ဖြစ်သွားပြီး

    သိပ်ချစ်တက်တဲ့သူရဲ့
    မချစ်တက်တော့တဲ့အချိန်ဟာ
    မင်းအတွက်ဆုံးရှုံးမှုတခုဖြစ်သွားပြီး

    တခါတလေ လူတချို့ပြောင်းလဲသွားရတာဟာ
    ပြောင်းလဲချင်လို့ပြောင်းလဲတာမျိူးမဟုတ်ဘူး
    ပြောင်းလဲအောင်လုပ်တဲ့သူတွေကြောင့်
    ပြောင်းလဲရတာဖြစ်တယ်

    လူတယောက်ကိုယ့်ကိုဘယ်လိုဆက်ဆံလည်းဆိုတာ
    ကိုယ်သူ့ကိုဘယ်လိုဆက်ဆံခဲ့လိုဆိုတဲ့အပေါ်မှုတည်တယ်

    ဘယ်အရာမှ တဖက်တည်းဖြစ်မနေဘူး
    ကိုယ်မကောင်းခဲ့လို့ ကိုယ်မကောင်းခံရတာပဲရှိမယ်
    ဘယ်သူ့မှတော့ အကြောင်းမဲ့သက်သက်
    ကိုယ့်ကိုမကောင်းမကြံဘူး

    ဝဋ်တွေဟာလည်ပါတယ်
    ကံတွေဟာအကျိူးပြန်ပေးတက်ပါတယ်
    ကောင်းတာလိုချင်ရင် ကိုယ်တိုင်ကကောင်းနေဖို့လိုတယ်

    ကိုယ့်ဘက်ကမဖြုစင်ပဲနဲ့တော့
    တဖက်လူရဲ့ဖြူစင်မှုကိုလိုချငိလို့မရဘူး...။

    မင်းအတွက် ဒုတိယ လူ
    အားနာတက်တဲ့သူရဲ့ အားမနာတက်တော့တဲ့အချိန်ဟာ မင်းအတွက်အန္တရာယ်ဖြစ်သွားပြီး သိပ်ချစ်တက်တဲ့သူရဲ့ မချစ်တက်တော့တဲ့အချိန်ဟာ မင်းအတွက်ဆုံးရှုံးမှုတခုဖြစ်သွားပြီး တခါတလေ လူတချို့ပြောင်းလဲသွားရတာဟာ ပြောင်းလဲချင်လို့ပြောင်းလဲတာမျိူးမဟုတ်ဘူး ပြောင်းလဲအောင်လုပ်တဲ့သူတွေကြောင့် ပြောင်းလဲရတာဖြစ်တယ် လူတယောက်ကိုယ့်ကိုဘယ်လိုဆက်ဆံလည်းဆိုတာ ကိုယ်သူ့ကိုဘယ်လိုဆက်ဆံခဲ့လိုဆိုတဲ့အပေါ်မှုတည်တယ် ဘယ်အရာမှ တဖက်တည်းဖြစ်မနေဘူး ကိုယ်မကောင်းခဲ့လို့ ကိုယ်မကောင်းခံရတာပဲရှိမယ် ဘယ်သူ့မှတော့ အကြောင်းမဲ့သက်သက် ကိုယ့်ကိုမကောင်းမကြံဘူး ဝဋ်တွေဟာလည်ပါတယ် ကံတွေဟာအကျိူးပြန်ပေးတက်ပါတယ် ကောင်းတာလိုချင်ရင် ကိုယ်တိုင်ကကောင်းနေဖို့လိုတယ် ကိုယ့်ဘက်ကမဖြုစင်ပဲနဲ့တော့ တဖက်လူရဲ့ဖြူစင်မှုကိုလိုချငိလို့မရဘူး...။ မင်းအတွက် ဒုတိယ လူ
    Like
    1
    · 0 Comments ·0 Shares ·32 Views
  • တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ ။
    မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း
    မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ
    ဖြစ်အောင် နေရတာပဲ ။
    မလိုအပ်တော့ဘူးဆိုရင်လည်း
    မပေးမိအောင် အဝေးဆုံးကို ပြေးရတယ် ။
    ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား...
    ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း ။

    #crd_to_owner_with_respectcrd
    တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ ။ မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ ဖြစ်အောင် နေရတာပဲ ။ မလိုအပ်တော့ဘူးဆိုရင်လည်း မပေးမိအောင် အဝေးဆုံးကို ပြေးရတယ် ။ ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား... ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း ။ #crd_to_owner_with_respectcrd
    0 Comments ·0 Shares ·42 Views
  • ကိုယ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးပဲရှင်သန်တယ်
    ဦးနှောက်နဲ့နှလုံးသားယှဉ်ပြိုင်လာတဲ့အခါ
    အစာအိမ်ကိုပဲ ဦးစားပေးလိုက်တယ် ။

    ချစ်ခင်ရတဲ့လူတွေရဲ့အကြောင်းကိုလည်း
    သူတို့ပြောပြသလောက်ပဲ စိတ်ဝင်စားတယ် ။

    လူရှုပ်တဲ့နေရာတွေသွားရမကြိုက်သလို
    စိတ်ရှုပ်တဲ့လူတွေလည်း စကားမပြောဘူး ။

    ကိုယ်ဟာစိတ်အေးချမ်းမှုကိုအလိုရှိတယ်
    တန်ဖိုးသိတဲ့အရပ်ကိုပဲ အခြေချနေထိုင်တယ် ။

    #ဖားစည်ရည်ကျော်
    ကိုယ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးပဲရှင်သန်တယ် ဦးနှောက်နဲ့နှလုံးသားယှဉ်ပြိုင်လာတဲ့အခါ အစာအိမ်ကိုပဲ ဦးစားပေးလိုက်တယ် ။ ချစ်ခင်ရတဲ့လူတွေရဲ့အကြောင်းကိုလည်း သူတို့ပြောပြသလောက်ပဲ စိတ်ဝင်စားတယ် ။ လူရှုပ်တဲ့နေရာတွေသွားရမကြိုက်သလို စိတ်ရှုပ်တဲ့လူတွေလည်း စကားမပြောဘူး ။ ကိုယ်ဟာစိတ်အေးချမ်းမှုကိုအလိုရှိတယ် တန်ဖိုးသိတဲ့အရပ်ကိုပဲ အခြေချနေထိုင်တယ် ။ #ဖားစည်ရည်ကျော်
    0 Comments ·0 Shares ·40 Views
  • မသိချင်ယောင်
    ဆောင်နေတဲ့သူကို
    သိအောင် မပြောပါနဲ့ ။

    မခေါ်ချင်တော့တဲ့သူကို
    လက်ပြနှုတ်ဆက်ဖို့
    မကြိုးစားပါနဲ့ ။

    ရေစက်ကုန်သွားတဲ့သူကို
    ပြန်လာဖို့လည်း
    မျှော်လင့်မနေပါနဲ့ ။

    နားလည်မှုမရှိတဲ့သူကို
    ရှင်းပြဖို့လည်းအချိန်မပေးနဲ့ ။

    စိတ်ပျက်စေတဲ့သူကို
    ရင်ထဲမှာလည်း
    သိမ်းဆည်းမထားပါနဲ့ ။

    တာဝန်သိမှုမရှိသူကို
    ဘယ်နေရာမှ
    ခန့်အပ်မထားမိစေပါနဲ့ ။

    တစ်ကိုယ်ကောင်း
    ဆန်တတ်တဲ့သူကိုလည်း
    အားမနာကြပါနဲ့ ။

    အမျက်ထွက်လွယ်သူကို
    ဘယ်တောမှ အဖော်မပြုပါနဲ့
    ကိုယ်ပဲ ပင်ပန်းရပါတယ် ။


    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    မသိချင်ယောင် ဆောင်နေတဲ့သူကို သိအောင် မပြောပါနဲ့ ။ မခေါ်ချင်တော့တဲ့သူကို လက်ပြနှုတ်ဆက်ဖို့ မကြိုးစားပါနဲ့ ။ ရေစက်ကုန်သွားတဲ့သူကို ပြန်လာဖို့လည်း မျှော်လင့်မနေပါနဲ့ ။ နားလည်မှုမရှိတဲ့သူကို ရှင်းပြဖို့လည်းအချိန်မပေးနဲ့ ။ စိတ်ပျက်စေတဲ့သူကို ရင်ထဲမှာလည်း သိမ်းဆည်းမထားပါနဲ့ ။ တာဝန်သိမှုမရှိသူကို ဘယ်နေရာမှ ခန့်အပ်မထားမိစေပါနဲ့ ။ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့သူကိုလည်း အားမနာကြပါနဲ့ ။ အမျက်ထွက်လွယ်သူကို ဘယ်တောမှ အဖော်မပြုပါနဲ့ ကိုယ်ပဲ ပင်ပန်းရပါတယ် ။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    0 Comments ·0 Shares ·48 Views
  • ပစ္စည်းတွေရဲ့ တန်ဖိုးကို
    ပျောက်သွားမှာသိလိမ့်မယ်...။

    ရေတစ်ခွက်ရဲ့တန်ဖိုးကို
    ရေးဆာနေတဲ့အချိန်မှ သိလိမ့်မယ်...။

    ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို
    ဗိုက်ဆာမှ သိလိမ့်မယ်...။

    လူတစ်ယောက်ရဲ့ တန်ဖိုးကို
    အဲ့လူ မရှိတော့မှ သိမယ်...။


    #Chankae
    ပစ္စည်းတွေရဲ့ တန်ဖိုးကို ပျောက်သွားမှာသိလိမ့်မယ်...။ ရေတစ်ခွက်ရဲ့တန်ဖိုးကို ရေးဆာနေတဲ့အချိန်မှ သိလိမ့်မယ်...။ ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို ဗိုက်ဆာမှ သိလိမ့်မယ်...။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲ့လူ မရှိတော့မှ သိမယ်...။ 🤍🌻🍀 #Chankae
    0 Comments ·0 Shares ·47 Views
  • ယောက်ျားတစ်ယောက်ကို
    လက်ထပ်ဖို့ မတောင်းဆိုနဲ့
    ပန်းပေးဖို့လည်း မတောင်းဆိုနဲ့
    ဖုန်းဆက်ဖို့လည်း မတောင်းဆိုနဲ့
    ကိုယ့်ဆီကိုပဲ စိတ်ရောက်နေဖို့လည်းမတောင်းဆိုနဲ့

    သူသာတစ်ကယ်ချစ်ရင်
    ပန်းကြိုက်တာလည်း သူသိလိမ့်မယ်
    ကိုယ်ဘာလိုအပ်နေလဲ သူသိလိမ့်မယ်
    ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာ
    တကယ်ချစ်ခဲ့ရင် သေသေချာချာ သိတယ်။


    #crd
    ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ မတောင်းဆိုနဲ့ ပန်းပေးဖို့လည်း မတောင်းဆိုနဲ့ ဖုန်းဆက်ဖို့လည်း မတောင်းဆိုနဲ့ ကိုယ့်ဆီကိုပဲ စိတ်ရောက်နေဖို့လည်းမတောင်းဆိုနဲ့ သူသာတစ်ကယ်ချစ်ရင် ပန်းကြိုက်တာလည်း သူသိလိမ့်မယ် ကိုယ်ဘာလိုအပ်နေလဲ သူသိလိမ့်မယ် ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာ တကယ်ချစ်ခဲ့ရင် သေသေချာချာ သိတယ်။ 🌻🤍 #crd
    Care
    1
    · 0 Comments ·0 Shares ·42 Views
  • နေတတ်သလို နေလိုက်တယ်
    မနေတတ်ရင် ဘဝကြီးက
    နေပျော်စရာ ရှိနေပါ့မလား???

    အဆင်ပြေသလို ဖြတ်သန်းတယ်
    အဆင်မပြေမှုတွေကို
    လိုက်ပြီးခံစားနေလို့
    ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ
    မဟုတ်ဘူးလေ...

    သည်းခံသင့်သလောက်
    သည်းခံတယ်...
    သည်းမခံနိူင်တော့တဲ့အဆုံး
    ဥပေက္ခာ ပြုထားလိုက်တယ်...
    သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ
    အထိခိုက်မခံစားနိူင်တော့လို့...

    အားနာသင့်သလောက်ပဲ အားနာတော့မယ်
    အားနာခြင်းကို အခွင့်ရေးပေးပြီး
    ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ
    မကြည့်ရက်တော့ဘူးလေ...

    ခွင့်လွှတ်သင့်သလောက်
    ခွင့်လွှတ်လိုက်မယ်
    ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး
    သိက္ခာတွေ ချနင်းသွားရင်
    ဘယ်လောက်ချစ်ချစ်
    ဘယ်လောက်ခင်ခင်
    စွန့်လွှတ်လိုက်တော့မယ်...

    မေတ္တာပေးသင့်သလောက်ပေးလိုက်မယ်
    သံယောဇဉ်တွေအရင်လို ကြာကြာ
    မချည်နှောင်ချင်တော့ဘူး
    သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ
    အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ...

    အမုန်းတွေ ပွားမနေတော့ဘူး...
    အတ္တတွေ များမနေတော့ဘူး...
    လောဘတွေ ထားမနေတော့ဘူး...
    အတိတ်တွေ၊အနာဂတ်တွေအစား
    ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး
    ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်....

    ဘဝရဲ့အနှစ်ဆိုတာကြီးကို
    ကောင်းကောင်းသိလာတဲ့တစ်နေ့
    ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက
    ဝေးပြီး ကလေးတစ်ယောက်လို
    ရိုးသားလာတယ် ဖြူစင်လာတယ်
    ဒါက လူ့ဘဝရဲ့အနှစ်ပဲ...

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    နေတတ်သလို နေလိုက်တယ် မနေတတ်ရင် ဘဝကြီးက နေပျော်စရာ ရှိနေပါ့မလား??? အဆင်ပြေသလို ဖြတ်သန်းတယ် အဆင်မပြေမှုတွေကို လိုက်ပြီးခံစားနေလို့ ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ မဟုတ်ဘူးလေ... သည်းခံသင့်သလောက် သည်းခံတယ်... သည်းမခံနိူင်တော့တဲ့အဆုံး ဥပေက္ခာ ပြုထားလိုက်တယ်... သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ အထိခိုက်မခံစားနိူင်တော့လို့... အားနာသင့်သလောက်ပဲ အားနာတော့မယ် အားနာခြင်းကို အခွင့်ရေးပေးပြီး ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ မကြည့်ရက်တော့ဘူးလေ... ခွင့်လွှတ်သင့်သလောက် ခွင့်လွှတ်လိုက်မယ် ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး သိက္ခာတွေ ချနင်းသွားရင် ဘယ်လောက်ချစ်ချစ် ဘယ်လောက်ခင်ခင် စွန့်လွှတ်လိုက်တော့မယ်... မေတ္တာပေးသင့်သလောက်ပေးလိုက်မယ် သံယောဇဉ်တွေအရင်လို ကြာကြာ မချည်နှောင်ချင်တော့ဘူး သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ... အမုန်းတွေ ပွားမနေတော့ဘူး... အတ္တတွေ များမနေတော့ဘူး... လောဘတွေ ထားမနေတော့ဘူး... အတိတ်တွေ၊အနာဂတ်တွေအစား ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်.... ဘဝရဲ့အနှစ်ဆိုတာကြီးကို ကောင်းကောင်းသိလာတဲ့တစ်နေ့ ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက ဝေးပြီး ကလေးတစ်ယောက်လို ရိုးသားလာတယ် ဖြူစင်လာတယ် ဒါက လူ့ဘဝရဲ့အနှစ်ပဲ... #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·54 Views
  • "ဘယ်ဘဝဟာ
    ဘယ်လောက်ခက်ခဲတယ်ဆိုဆို
    ကိုယ်ချစ်တဲ့သူတွေမရှိဘဲ
    ရှင်သန်ရမယ့်ဘဝဟာ
    အခက်ခဲဆုံးပါပဲ။ "

    #လင်းခါး
    "ဘယ်ဘဝဟာ ဘယ်လောက်ခက်ခဲတယ်ဆိုဆို ကိုယ်ချစ်တဲ့သူတွေမရှိဘဲ ရှင်သန်ရမယ့်ဘဝဟာ အခက်ခဲဆုံးပါပဲ။ " #လင်းခါး
    0 Comments ·0 Shares ·29 Views
  • စိတ်ကလေး အချည်ခံထားရတယ်
    အသံလေးကြားရတာနဲ့ အမောတစ်ဝက်ပြေတယ်
    အရိပ်တကြည့်ကြည့် ဖြစ်ရတယ်
    မြတ်နိုးရတယ် တန်ဖိုးထားရတယ်
    တစ်နေ့တာရဲ့ ပထမဆုံး ဝတ္တရားဟာ
    မင်းကို သတိရဖို့ပဲ ဖြစ်ခဲ့တယ် ။


    #Lionel Sn
    စိတ်ကလေး အချည်ခံထားရတယ် အသံလေးကြားရတာနဲ့ အမောတစ်ဝက်ပြေတယ် အရိပ်တကြည့်ကြည့် ဖြစ်ရတယ် မြတ်နိုးရတယ် တန်ဖိုးထားရတယ် တစ်နေ့တာရဲ့ ပထမဆုံး ဝတ္တရားဟာ မင်းကို သတိရဖို့ပဲ ဖြစ်ခဲ့တယ် ။ 🌻🖤 #Lionel Sn
    Like
    Care
    2
    · 0 Comments ·0 Shares ·52 Views
  • မေတ္တာမထားနိုင်သေးဘူးဆိုရင်တောင်
    မနာလိုစိတ်တော့ မထားပါနဲ့
    မနာလိုစိတ်က တစ်ဖက်လူကို
    ပူလောင်စေတာထက်
    ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပူလောင်ရလို့ပါ

    ကောင်းတာတွေကိုပဲ ရွေးလုပ်ပါ
    ကောင်းကျိုးတွေ ချက်ချင်း မခံစားရဘူး
    ဆိုရင်တောင် ကောင်းတဲ့လူတော့
    တခဏ ဖြစ်သွားပါတယ်

    အပြောကောင်းသူထက်
    အကောင်းပြောသူကို လူတွေက
    ပိုသဘောကျကြတာပါ
    ဒါကြောင့် တတ်နိုင်သမျှ အကောင်းပြောပါ

    သူတစ်ပါးကို နှိမ်ချတာထက်
    ကိုယ့်ကိုယ့်ကိုယ် နှိမ်ချပြီးနေခြင်းက
    ပိုပြီး မွန်မြတ်ပါတယ်

    ကောင်းတာတွေ လုပ်ဖို့ ခဲယဥ်းနေသလား
    မကောင်းတာတွေ အရင်ဆုံး
    ရှောင်ကြဥ်လိုက်ပါ
    အဆိုးတွေ မရှိတဲ့အခါ
    အကောင်းတွေ လာပါလိမ့်မယ်။

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    မေတ္တာမထားနိုင်သေးဘူးဆိုရင်တောင် မနာလိုစိတ်တော့ မထားပါနဲ့ မနာလိုစိတ်က တစ်ဖက်လူကို ပူလောင်စေတာထက် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပူလောင်ရလို့ပါ ကောင်းတာတွေကိုပဲ ရွေးလုပ်ပါ ကောင်းကျိုးတွေ ချက်ချင်း မခံစားရဘူး ဆိုရင်တောင် ကောင်းတဲ့လူတော့ တခဏ ဖြစ်သွားပါတယ် အပြောကောင်းသူထက် အကောင်းပြောသူကို လူတွေက ပိုသဘောကျကြတာပါ ဒါကြောင့် တတ်နိုင်သမျှ အကောင်းပြောပါ သူတစ်ပါးကို နှိမ်ချတာထက် ကိုယ့်ကိုယ့်ကိုယ် နှိမ်ချပြီးနေခြင်းက ပိုပြီး မွန်မြတ်ပါတယ် ကောင်းတာတွေ လုပ်ဖို့ ခဲယဥ်းနေသလား မကောင်းတာတွေ အရင်ဆုံး ရှောင်ကြဥ်လိုက်ပါ အဆိုးတွေ မရှိတဲ့အခါ အကောင်းတွေ လာပါလိမ့်မယ်။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·53 Views
  • လူတိုင်းမှာ
    အားနည်းချက် ကိုယ်စီရှိကြတယ်။
    ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့
    တစ်ခြားသော အားနည်းချက်တွေကြောင့်
    ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။

    ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
    ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
    ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
    ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
    လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။

    ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့
    ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။

    အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
    ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်
    လို့ ထင်တယ် ။
    ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
    အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
    ဘယ်သူ့ကိုမှ မကြောက်ရဘူး။
    ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
    ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
    ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
    ရင်ဆိုင်ရဲရမယ်။

    ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
    ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
    မလောရဘူး။

    ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
    တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
    ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။

    ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
    လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။
    ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
    မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။

    ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။
    လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။

    လူတိုင်း သဘောကျအောင်မနေနဲ့။
    ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
    လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
    မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
    နေတာမျိုးတွေကို ရှောင်ရမယ်။

    ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
    လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။
    ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
    နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။
    လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။
    မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။
    လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
    အဝေအဖန် မစောစေနဲ့။
    အလိုက်သိတတ်ရမယ်။
    ဘယ်အရာမှ အလကား မလိုချင်နဲ့။
    သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
    အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။
    မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
    ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
    ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
    အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
    မရင့်ကျက်ခြင်းပဲ။
    အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
    ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
    တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။
    ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
    နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။

    စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။

    လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
    ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။
    ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက
    လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
    ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်
    ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ.....
    နောက်ဆုံးပြောချင်တာ...

    ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend
    လေးတွေ အတွက် စကားလက်ဆောင်လေးကတော့...
    သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
    လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
    ဝဲပြန်ပြရသေးတာပဲ...
    ငါက.. လူသားတစ်ယောက်ပဲ...
    သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ
    မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ
    တတ်အောင် အဖန်ဖန်ကြိုးစားပါ ။

    အားအင်တစ်ခု ရပါစေ

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    🔸လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတယ်။ ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့ တစ်ခြားသော အားနည်းချက်တွေကြောင့် ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင် ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။ လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။ ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့ ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။ အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး.. ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ် လို့ ထင်တယ် ။ ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့ အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။ ဘယ်သူ့ကိုမှ မကြောက်ရဘူး။ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ် ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး ရင်ဆိုင်ရဲရမယ်။ ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။ ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။ မလောရဘူး။ ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။ ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။ ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။ ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။ လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။ လူတိုင်း သဘောကျအောင်မနေနဲ့။ ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။ လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊ မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး နေတာမျိုးတွေကို ရှောင်ရမယ်။ ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။ ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။ လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။ မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။ လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။ အဝေအဖန် မစောစေနဲ့။ အလိုက်သိတတ်ရမယ်။ ဘယ်အရာမှ အလကား မလိုချင်နဲ့။ သူတစ်ပါးဆီက အရာတွေကို လူလည်ကျ အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။ မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။ ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။ အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ မရင့်ကျက်ခြင်းပဲ။ အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့် တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။ ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော် နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။ စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။ လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။ ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ .. ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင် ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ..... နောက်ဆုံးပြောချင်တာ... ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend လေးတွေ အတွက် စကားလက်ဆောင်လေးကတော့... သက်မဲ့ သစ်ရွက်လေးတွေတောင်မှ.. လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ.. ဝဲပြန်ပြရသေးတာပဲ... ငါက.. လူသားတစ်ယောက်ပဲ... သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ တတ်အောင် အဖန်ဖန်ကြိုးစားပါ ။ အားအင်တစ်ခု ရပါစေ 🙏 #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·66 Views
More Results