• တစ်ခါစိုက်ပြီးရင် တစ်သက်လုံးစားတဲ့ ပူစီနံပင်စိုက်ပျိုးနည်းက
    သင်ထင်ထားသလောက် မခက်ခဲပါဘူး ။
    မည်သူမဆို လုပ်နိုင်ပါသည် ။

    ဖော့ဗူးတွေကို အပေါက်တွေဖောက်ပြီး ကိုယ်စားပြီးသား ပူစီနံပင် အကိုင်းရင့်တွေကို စိုတ်ထည့်ပါ ။ " အရွက်ပါ ပါချင်ရင် အရင်းကနေ ၃-၄ ရွက်လောက်ကို ခြွေပစ်ပြီး စိုက်ပါ " ။
    ပြီးရင် ရေကန် သို့မဟုတ် ရေဇလာထဲကို စိမ်ထားပါ ။
    ၅-၇ ရက်လောက်ဆို အမြစ်တွေစထွက်လာပြီး ။

    ပြီးရင် ကိုယ်စိုက်ချင်တဲ့နေရာ ပြောင်းစိုက်လို့ရပါပြီး ။
    မြေအိုးထဲစိုက်လဲရသလို ၊ မြေကြီးမှာစိုက်လဲ ရပါတယ် ။

    အားလုံးအဆင်ပြေကြပါစေ ။
    CrdMON SOUNG
    မူရင်းရေးသားသူအားလေးစားစွာcrdပေးပါတယ်
    တစ်ခါစိုက်ပြီးရင် တစ်သက်လုံးစားတဲ့ ပူစီနံပင်စိုက်ပျိုးနည်းက သင်ထင်ထားသလောက် မခက်ခဲပါဘူး ။ မည်သူမဆို လုပ်နိုင်ပါသည် ။ ဖော့ဗူးတွေကို အပေါက်တွေဖောက်ပြီး ကိုယ်စားပြီးသား ပူစီနံပင် အကိုင်းရင့်တွေကို စိုတ်ထည့်ပါ ။ " အရွက်ပါ ပါချင်ရင် အရင်းကနေ ၃-၄ ရွက်လောက်ကို ခြွေပစ်ပြီး စိုက်ပါ " ။ ပြီးရင် ရေကန် သို့မဟုတ် ရေဇလာထဲကို စိမ်ထားပါ ။ ၅-၇ ရက်လောက်ဆို အမြစ်တွေစထွက်လာပြီး ။ ပြီးရင် ကိုယ်စိုက်ချင်တဲ့နေရာ ပြောင်းစိုက်လို့ရပါပြီး ။ မြေအိုးထဲစိုက်လဲရသလို ၊ မြေကြီးမှာစိုက်လဲ ရပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ။ CrdMON SOUNG မူရင်းရေးသားသူအားလေးစားစွာcrdပေးပါတယ်
    Like
    Love
    Care
    6
    · 0 Comments ·0 Shares ·99 Views
  • ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ


    နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား
    ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်....

    အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား
    ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့....

    ဒီနေ့က မလွယ်ကူဘူး
    မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ်

    အခု ဒုက္ခရောက်နေတယ်
    နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး

    အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက
    အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့

    အဆိုးဆုံး အခြေအနေကို
    လက်ခံနိုင်ခြင်းဟာ
    အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ

    နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး
    အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ်

    ဘဝင်မြင့် နေတယ်ဆိုပြီး
    ကဲ့ရဲ့စရာ မလိုဘူး
    အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ

    ဘဝထဲမှာ.....
    သူက ထွက်သွားတာ ရှိသလို
    ကိုယ်က ထွက်လာတာလဲ ရှိမယ်

    ကိုယ်မပါလဲ
    သူဆက်လျှောက်ရမှာ ဖြစ်သလို
    သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ

    လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ်
    အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့်
    ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ်
    အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ်

    ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်
    စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့
    ကိုယ့်ဘက်က အကောင်းဆုံး
    ပြင်ဆင်ထားရမယ်

    ခဏခဏ တွေ့ဆုံရမယ်
    ပြီးရင် ခဏခဏ လမ်းခွဲရမယ်

    ဒီစိတ်ကူးတွေ ပျက်သွားရင်
    နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ်

    အလားတူပဲ
    နောက်ထပ် အကြိမ်များစွာ
    နာကျင်ရဦးမယ်

    ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို
    ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့

    အမှတ်တရတွေကို ပြန်တွေးပြီး
    ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့

    တစ်ယောက် အလုပ် လုပ်လို့
    တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ
    အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ်

    အမှားတွေကို အမှန်ထင်
    အတုတွေကို အစစ်လို ထင်လာတဲ့အခါ
    ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း
    သိလိမ့်မယ်

    စိတ်ဖီစီးမှု အများဆုံး
    ဖြစ်နေတဲ့ သူတွေဟာ
    အောင်မြင်နေ သူတွေပဲလို့
    သိလာတဲ့အခါ....
    အောင်မြင်မှု အစစ်ဆိုတာ
    ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ်

    ကောက်ကျစ်မှုတွေကို
    မင်း မုန်းလာတဲ့နေ့
    ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ
    ဘယ်လောက် အဖိုးတန်မှန်
    သိလာလိမ့်မယ်

    ဘဝက ခယောင်းလမ်း မဟုတ်ဘူး
    တစ်ခါတလေ ဆူးခင်းလမ်းလဲ
    လျှောက်ရတယ် ခလုတ်တိုက်မှာ
    စိုးလို့ မလျှောက်ဘူး ဆိုရင်တော့
    မင်းခြေထောက်တွေ သန်မာလာမှာ
    မဟုတ်ဘူး

    အချိန်နာရီတွေနဲ့ မဆိုင်ဘူး
    မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ
    မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ်
    ရှိမှ ဖြစ်တာ

    အောက်ခြေမခိုင်ရင်
    ပြန် ပြုတ်ကျတတ်တာမို့
    အရည်အချင်း မရှိဘဲနဲ့
    အမြင့်ကို မတတ်ချင်ပါ

    ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့
    နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့
    ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။
    crd.

    အောင်ဆွေဝင်း
    🤔 ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ 🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠 နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်.... အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့.... ဒီနေ့က မလွယ်ကူဘူး မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ် အခု ဒုက္ခရောက်နေတယ် နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့ အဆိုးဆုံး အခြေအနေကို လက်ခံနိုင်ခြင်းဟာ အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ် ဘဝင်မြင့် နေတယ်ဆိုပြီး ကဲ့ရဲ့စရာ မလိုဘူး အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ ဘဝထဲမှာ..... သူက ထွက်သွားတာ ရှိသလို ကိုယ်က ထွက်လာတာလဲ ရှိမယ် ကိုယ်မပါလဲ သူဆက်လျှောက်ရမှာ ဖြစ်သလို သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ် အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့် ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ် အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့ ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ထားရမယ် ခဏခဏ တွေ့ဆုံရမယ် ပြီးရင် ခဏခဏ လမ်းခွဲရမယ် ဒီစိတ်ကူးတွေ ပျက်သွားရင် နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ် အလားတူပဲ နောက်ထပ် အကြိမ်များစွာ နာကျင်ရဦးမယ် ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့ အမှတ်တရတွေကို ပြန်တွေးပြီး ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့ တစ်ယောက် အလုပ် လုပ်လို့ တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ် အမှားတွေကို အမှန်ထင် အတုတွေကို အစစ်လို ထင်လာတဲ့အခါ ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း သိလိမ့်မယ် စိတ်ဖီစီးမှု အများဆုံး ဖြစ်နေတဲ့ သူတွေဟာ အောင်မြင်နေ သူတွေပဲလို့ သိလာတဲ့အခါ.... အောင်မြင်မှု အစစ်ဆိုတာ ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ် ကောက်ကျစ်မှုတွေကို မင်း မုန်းလာတဲ့နေ့ ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ ဘယ်လောက် အဖိုးတန်မှန် သိလာလိမ့်မယ် ဘဝက ခယောင်းလမ်း မဟုတ်ဘူး တစ်ခါတလေ ဆူးခင်းလမ်းလဲ လျှောက်ရတယ် ခလုတ်တိုက်မှာ စိုးလို့ မလျှောက်ဘူး ဆိုရင်တော့ မင်းခြေထောက်တွေ သန်မာလာမှာ မဟုတ်ဘူး အချိန်နာရီတွေနဲ့ မဆိုင်ဘူး မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ် ရှိမှ ဖြစ်တာ အောက်ခြေမခိုင်ရင် ပြန် ပြုတ်ကျတတ်တာမို့ အရည်အချင်း မရှိဘဲနဲ့ အမြင့်ကို မတတ်ချင်ပါ ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့ နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့ ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။ crd. အောင်ဆွေဝင်း
    Like
    Care
    3
    · 0 Comments ·0 Shares ·123 Views
  • ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိ

    ရန်ကုန်၊ မတ် ၉

    ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

    ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ ၊ တပ်ရင်း၃၅၀၂၊ အုတ်တွင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ က ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

    ထို့ပြင် တိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး စစ်တပ်ဘက်မှ သိမ်းဆည်းရရှိသော လက်နက်များတွင် MA 1 ၂ လက်၊ G3 ၂ ၊ MA 11 ၂ ၊ ကျည်ဘောက် ၁၂ ခု၊ G3 ကျည် ၂၀၀ ၊ 5.56 ကျည် ၂၀၀ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးကလည်း တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။
    ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းမှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိ ရန်ကုန်၊ မတ် ၉ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ရှင်းလင်းရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်ရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ ၊ တပ်ရင်း၃၅၀၂၊ အုတ်တွင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ က ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ ထို့ပြင် တိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး စစ်တပ်ဘက်မှ သိမ်းဆည်းရရှိသော လက်နက်များတွင် MA 1 ၂ လက်၊ G3 ၂ ၊ MA 11 ၂ ၊ ကျည်ဘောက် ၁၂ ခု၊ G3 ကျည် ၂၀၀ ၊ 5.56 ကျည် ၂၀၀ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးကလည်း တောင်ငူခရိုင်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်တပ် ကင်းစခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။
    Like
    1
    · 0 Comments ·0 Shares ·42 Views
  • စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါးဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ...

    မတ် ၈ ၊ ၂၀၂၅

    စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

    မတ်လ ၁ ရက်နဲ့ ၂ ရက်တွေက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hip 25 နှစ်ပြည့်ပွဲကို Noid Entertainment ကုမ္ပဏီက "Noid Music Festival" အမည်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    အထက်ပါ NOID Music Festival ပွဲကို စစ်ကောင်စီ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ရဲ့ သားဖြစ်သူ ထက်ရဲနောင်က စပွန်ဆာပေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာလည်း စစ်ကောင်စီရဲ့ သွယ်ဝိုက်ပံ့ပိုးပေးမှုတွေ ပါဝင်ခဲ့တယ်လို့ တော်လှန်လူငယ်တွေက ထောက်ပြနေတာဖြစ်ပါတယ်။

    မတရားအာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲက ထိပ်တန်းအရာရှိ ၁ ယောက်ဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီပွဲမှာ ထက်ရဲနောင်နဲ့အတူ ပါဝင်သီဆိုခဲ့တဲ့ ဟစ်ဟော့အဆိုတော်တွေရဲ့ တပျော်တပါး ဆင်နွှဲနေကြတဲ့ ဖျော်ဖြေမှုပုံရိပ်တွေ ထွက်ရှိလာပြီးတဲ့နောက် တော်လှန်လူငယ်တွေနဲ့အားပေးခဲ့ဖူးသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန် နေတာဖြစ်ပါတယ်။

    ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ စရဖ ဟာလည်း စစ်တပ် အာဏာမသိမ်းခင်အချိန်ကတည်းက အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကွန်ယက်တွေထဲ ထိုးဖောက်ဝင်ရောက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

    စစ်ကောင်စီအနေနဲ့ Acid အဖွဲ့က ဟစ်ဟော့(ပ်) အဆိုတော်တစ်ဖြစ်လဲ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်ကို ရက်ရက်စက်စက် ကြိုးပေးသတ်ဖြတ်ခဲ့သလို စစ်တပ်အရာရှိတွေကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိူင်းယှဥ်ပြီး ဝေဖန်ခဲ့ဖူးတဲ့ အဆိုတော် ဗျူဟာကိုလည်း ဖမ်းဆီးအကျဥ်းချထားတာလည်း ဖြစ်ပါတယ်။

    " ဒီကောင်တွေရှေ့မှာ ဘားတွေ ကလပ်တွေမှာသီချင်းဆိုနေကြတာပဲ။ အဲ့အထိဘာမှမပြောကြဘူး။ အခုက ဘောမရုံတင်မဟုတ်တော့ဘူးဆိုတော့ပြောစရာကိုမရှိတော့တာပါ။ အခုလို စစ်တပ်လူ့မလိုင်လွှာကကောင်တွေနဲ့ပေါင်းနေမှတော့ သူတို့လုပ်ထားတဲ့ ဂီတက မြောင်းထဲရောက်သွားပါပြီ." လို့လည်း တော်လှန်လူငယ် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

    ကိုဇေယျာသော်ရဲ့ အမျိုးသမီးဖြစ်သူ တော်လှန်အနုပညာရှင် မသဇင်ညွှန့်အောင်ကလည်း

    " ကိုဇေယျာသော်ရက်ပ်တွေ ယူဆိုကြဖို့ မင်းတို့နဲ့တန်လို့လားး ဟမ် ၊ လူငယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နေရာဝင်ယူပီး ထကြွနေတာ မင်းတို့အတွက်တော့ အဲလိုလေးတွေလုပ်ရတာ သူပုန်ထတာမျိုးပေါ့ ဟုတ်လား၊ စစ်ဖိနပ်အောက်မှာ မင်းအောင်လှိုင်ကိုအခွန်ဆောင်မှ ပွဲလုပ်ရတဲ့ဘဝတွေမှာ သာယာနေကြတာ ၊ မင်းတို့ပျော်ချင်လို့ပျော်တဲ့ အပျော်ပွဲမှာ Nitric Rap တွေယူဆိုစရာ ***************ကြောင်းကိုမရှိဘူး သီချင်းရေးဆိုထားတဲ့ပိုင်ရှင်ကို အားမနာတာမျိုး ၊သတ္တိမရှိတဲ့ လမ်းမပေါ်ကဘဝတွေကို ကိုယ်စားမပြုတဲ့ ***************ပေါ Hip Hop အကြောင်းတွေ သိပ်မပြောကြနဲ့ ***************ရှက်ပဲ" လို့ သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်မှာ ရေးသားထားပါသေးတယ်။

    မြန်မာ Hip Hip 25 နှစ်ပြည့်၊ NOID Music Festival ပွဲကို ဖျော်ဖြေခဲ့သူတွေထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးသီချင်းသီဆိုခဲ့သူ ဇွဲသက်ပိုင်၊ လန်ဘားတို့ အပြင် စစ်အာဏာသိမ်းလးခါစ တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့တဲ့ ဟစ်ဟော့(ပ်) အဆိုတော် အများအပြားပါဝင်နေရာ တော်လှန်လူငယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတာလည်း ဖြစ်ပါတယ်။

    ပုံစာ - Noid Music Festival မှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ထက်ရဲနောင် တို့ကို တွေ့ရစဥ်
    စရဖအရာရှိချုပ်၏ သားဖြစ်သူ ဦးဆောင်ပြုလုပ်သည့် NOID Music Festival မှာ ပျော်ပျော်ပါးပါးဖျော်ဖြေခဲ့သည့် Hip Hop အဆိုတော်များ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ... မတ် ၈ ၊ ၂၀၂၅ စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် ဦးဆောင်ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hop 25 ပွဲမှာ ဟစ်ဟော့(ပ်)အဆိုတော်တွေ ပျော်ပျော်ပါးပါး ပါဝင်ဖျော်ဖြေခဲ့တဲ့အပေါ် အားပေးခဲ့တဲ့ ပရိတ်သတ်တွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ မတ်လ ၁ ရက်နဲ့ ၂ ရက်တွေက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ Hip Hip 25 နှစ်ပြည့်ပွဲကို Noid Entertainment ကုမ္ပဏီက "Noid Music Festival" အမည်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အထက်ပါ NOID Music Festival ပွဲကို စစ်ကောင်စီ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (ဗိုလ်သင်တန်းကျောင်း အမှတ်စဉ် ၇၇) ရဲ့ သားဖြစ်သူ ထက်ရဲနောင်က စပွန်ဆာပေး လုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက်ကွယ်မှာလည်း စစ်ကောင်စီရဲ့ သွယ်ဝိုက်ပံ့ပိုးပေးမှုတွေ ပါဝင်ခဲ့တယ်လို့ တော်လှန်လူငယ်တွေက ထောက်ပြနေတာဖြစ်ပါတယ်။ မတရားအာဏာသိမ်းခဲ့တဲ့ အဖွဲ့အစည်းထဲက ထိပ်တန်းအရာရှိ ၁ ယောက်ဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သားဖြစ်သူ ထက်ရဲနောင် လုပ်ဆောင်ခဲ့တဲ့ အဲ့ဒီပွဲမှာ ထက်ရဲနောင်နဲ့အတူ ပါဝင်သီဆိုခဲ့တဲ့ ဟစ်ဟော့အဆိုတော်တွေရဲ့ တပျော်တပါး ဆင်နွှဲနေကြတဲ့ ဖျော်ဖြေမှုပုံရိပ်တွေ ထွက်ရှိလာပြီးတဲ့နောက် တော်လှန်လူငယ်တွေနဲ့အားပေးခဲ့ဖူးသူတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန် နေတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်တဲ့ စရဖ ဟာလည်း စစ်တပ် အာဏာမသိမ်းခင်အချိန်ကတည်းက အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကွန်ယက်တွေထဲ ထိုးဖောက်ဝင်ရောက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ Acid အဖွဲ့က ဟစ်ဟော့(ပ်) အဆိုတော်တစ်ဖြစ်လဲ စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း ကိုဇေယျာသော်ကို ရက်ရက်စက်စက် ကြိုးပေးသတ်ဖြတ်ခဲ့သလို စစ်တပ်အရာရှိတွေကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိူင်းယှဥ်ပြီး ဝေဖန်ခဲ့ဖူးတဲ့ အဆိုတော် ဗျူဟာကိုလည်း ဖမ်းဆီးအကျဥ်းချထားတာလည်း ဖြစ်ပါတယ်။ " ဒီကောင်တွေရှေ့မှာ ဘားတွေ ကလပ်တွေမှာသီချင်းဆိုနေကြတာပဲ။ အဲ့အထိဘာမှမပြောကြဘူး။ အခုက ဘောမရုံတင်မဟုတ်တော့ဘူးဆိုတော့ပြောစရာကိုမရှိတော့တာပါ။ အခုလို စစ်တပ်လူ့မလိုင်လွှာကကောင်တွေနဲ့ပေါင်းနေမှတော့ သူတို့လုပ်ထားတဲ့ ဂီတက မြောင်းထဲရောက်သွားပါပြီ." လို့လည်း တော်လှန်လူငယ် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ ကိုဇေယျာသော်ရဲ့ အမျိုးသမီးဖြစ်သူ တော်လှန်အနုပညာရှင် မသဇင်ညွှန့်အောင်ကလည်း " ကိုဇေယျာသော်ရက်ပ်တွေ ယူဆိုကြဖို့ မင်းတို့နဲ့တန်လို့လားး ဟမ် ၊ လူငယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နေရာဝင်ယူပီး ထကြွနေတာ မင်းတို့အတွက်တော့ အဲလိုလေးတွေလုပ်ရတာ သူပုန်ထတာမျိုးပေါ့ ဟုတ်လား၊ စစ်ဖိနပ်အောက်မှာ မင်းအောင်လှိုင်ကိုအခွန်ဆောင်မှ ပွဲလုပ်ရတဲ့ဘဝတွေမှာ သာယာနေကြတာ ၊ မင်းတို့ပျော်ချင်လို့ပျော်တဲ့ အပျော်ပွဲမှာ Nitric Rap တွေယူဆိုစရာ စောက်ကြောင်းကိုမရှိဘူး သီချင်းရေးဆိုထားတဲ့ပိုင်ရှင်ကို အားမနာတာမျိုး ၊သတ္တိမရှိတဲ့ လမ်းမပေါ်ကဘဝတွေကို ကိုယ်စားမပြုတဲ့ စောက်ပေါ Hip Hop အကြောင်းတွေ သိပ်မပြောကြနဲ့ စောက်ရှက်ပဲ" လို့ သူ့ရဲ့ လူမူ့ကွန်ရက်အကောင့်မှာ ရေးသားထားပါသေးတယ်။ မြန်မာ Hip Hip 25 နှစ်ပြည့်၊ NOID Music Festival ပွဲကို ဖျော်ဖြေခဲ့သူတွေထဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးသီချင်းသီဆိုခဲ့သူ ဇွဲသက်ပိုင်၊ လန်ဘားတို့ အပြင် စစ်အာဏာသိမ်းလးခါစ တော်လှန်ရေးသီချင်းတွေ သီဆိုခဲ့တဲ့ ဟစ်ဟော့(ပ်) အဆိုတော် အများအပြားပါဝင်နေရာ တော်လှန်လူငယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေတာလည်း ဖြစ်ပါတယ်။ ပုံစာ - Noid Music Festival မှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ သား ထက်ရဲနောင် တို့ကို တွေ့ရစဥ်
    0 Comments ·0 Shares ·62 Views
  • ကြိုက်လို့ မ လာတာ


    ကျွန်မက ကလစ်ကာပါမောင်
    Message တွေအကြောင်းမပြန်နိုင်ခဲ့ရင်လည်း
    ဗွေမယူပါနဲ့
    ကလစ်နေရတော့ notiကိုပိတ်ထားရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ဖုန်းဆက်တဲ့အခါ ပြန်ချမိရင်လည်း
    နားလည်ပေးပါ ကြော်ငြာတက်နေတုန်းမို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    အချိန်မပေးနိုင်ခဲ့ရင်လည်း ခွင့်လွတ်ပေးပါ
    ကလစ်ကမ်ပိန်းတွေအတွက် အားစိုက်နေရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ဖုန်းစက်လေးနေပြီမို့ မောင့်ပုံလေးတွေဖျက်မိရင် စိတ်မဆိုးပါနဲ့ vpnတွေအများကြီးထည့်ထားရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    စာပို့နေရင်း လိုင်းပေါ်ကပျောက်သွားရင်လည်း သည်းခံပေးပါ တခြားကလစ်Appတွေ ကလစ်ဖို့ကျန်နေသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    မောင်နဲ့ဆုံဖြစ်တဲ့အချိန် Audio bookဖွင့်ထားမိရင်လည်း လက်ခံပေးပါ ကြော်ငြာပန်းတွေတက်ဖို့ ဖွင့်ရတာမို့ပါ

    ကျွန်မကကလစ်ကာပါမောင်
    ထမင်းစားရင်တောင် ကလစ်နေရလို့ မဆူပါနဲ့
    တစ်ရက်တာ target မရသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    App တွေဝှက်တဲ့အခါ တမျိုးမထင်ပါနဲ့
    အပြင်ထွက်ရင် ခွေးဆွဲမှာကြောက်လို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ညသန်းခေါင်ယံထိ မအိပ်ရမကောင်းလားလို့
    စိတ်မပူပါနဲ့ Mission ပျားလည်းတို့ရသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    မောင့်ကိုချစ်သလို
    ကလစ်တာကိုလည်း မပစ်နိုင်ပါဘူး
    အသစ်ရှာချင်လည်း မောင့်သဘောပါလေ
    မောင် ကျွန်မကို ခွင့်လွတ်မလား စွန့်လွတ်မလား
    ကျွန်မ ကလစ်ရဦးမှာမို့ ဒါပါပဲ

    #Maykhinkanyar
    ကြိုက်လို့ မ လာတာ ကျွန်မက ကလစ်ကာပါမောင် Message တွေအကြောင်းမပြန်နိုင်ခဲ့ရင်လည်း ဗွေမယူပါနဲ့ ကလစ်နေရတော့ notiကိုပိတ်ထားရလို့ပါ ကျွန်မက ကလစ်ကာပါမောင် ဖုန်းဆက်တဲ့အခါ ပြန်ချမိရင်လည်း နားလည်ပေးပါ ကြော်ငြာတက်နေတုန်းမို့ပါ ကျွန်မက ကလစ်ကာပါမောင် အချိန်မပေးနိုင်ခဲ့ရင်လည်း ခွင့်လွတ်ပေးပါ ကလစ်ကမ်ပိန်းတွေအတွက် အားစိုက်နေရလို့ပါ ကျွန်မက ကလစ်ကာပါမောင် ဖုန်းစက်လေးနေပြီမို့ မောင့်ပုံလေးတွေဖျက်မိရင် စိတ်မဆိုးပါနဲ့ vpnတွေအများကြီးထည့်ထားရလို့ပါ ကျွန်မက ကလစ်ကာပါမောင် စာပို့နေရင်း လိုင်းပေါ်ကပျောက်သွားရင်လည်း သည်းခံပေးပါ တခြားကလစ်Appတွေ ကလစ်ဖို့ကျန်နေသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် မောင်နဲ့ဆုံဖြစ်တဲ့အချိန် Audio bookဖွင့်ထားမိရင်လည်း လက်ခံပေးပါ ကြော်ငြာပန်းတွေတက်ဖို့ ဖွင့်ရတာမို့ပါ ကျွန်မကကလစ်ကာပါမောင် ထမင်းစားရင်တောင် ကလစ်နေရလို့ မဆူပါနဲ့ တစ်ရက်တာ target မရသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် App တွေဝှက်တဲ့အခါ တမျိုးမထင်ပါနဲ့ အပြင်ထွက်ရင် ခွေးဆွဲမှာကြောက်လို့ပါ ကျွန်မက ကလစ်ကာပါမောင် ညသန်းခေါင်ယံထိ မအိပ်ရမကောင်းလားလို့ စိတ်မပူပါနဲ့ Mission ပျားလည်းတို့ရသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် မောင့်ကိုချစ်သလို ကလစ်တာကိုလည်း မပစ်နိုင်ပါဘူး အသစ်ရှာချင်လည်း မောင့်သဘောပါလေ မောင် ကျွန်မကို ခွင့်လွတ်မလား စွန့်လွတ်မလား ကျွန်မ ကလစ်ရဦးမှာမို့ ဒါပါပဲ #Maykhinkanyar
    Love
    3
    · 0 Comments ·0 Shares ·65 Views
  • အဘွားက ပြောခဲ့ဖူးတယ်။

    ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
    ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။

    လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။

    အနာဂတ်အကြောင်း တွေးမပူနဲ့၊
    မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
    တွေးမကြောက်နဲ့တဲ့။

    ပန်းကန်တွေ ဆေး။
    အမှိုက်တွေ လှည်းကျင်း။
    စာရေးစရာရှိတာ ချရေး။
    ချက်စရာရှိတာ ချက်။

    ဒီလောက် လုပ်နိုင်ရင်
    ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
    တစ်လှမ်းချင်းပေါ့။

    ခက်ခဲတဲ့အချိန်မှာ
    တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
    နည်းနည်း အနားယူ။
    ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
    ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
    နောက်တစ်လှမ်း လှမ်း။
    နောက်တစ်ခါ အနားယူ။

    နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
    စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
    ဖြစ်သွားလိမ့်မယ်။

    အနာဂတ်ကို တွေးပူပြီး
    လက်လျှော့ချင်နေတဲ့စိတ်တွေ
    လျော့ပါးလာလိမ့်မယ်တဲ့။

    ~ အယ်လီနာ မီခယ်လ်ခိုဗာ
    အဘွားက ပြောခဲ့ဖူးတယ်။ ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။ လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။ အနာဂတ်အကြောင်း တွေးမပူနဲ့၊ မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ တွေးမကြောက်နဲ့တဲ့။ ပန်းကန်တွေ ဆေး။ အမှိုက်တွေ လှည်းကျင်း။ စာရေးစရာရှိတာ ချရေး။ ချက်စရာရှိတာ ချက်။ ဒီလောက် လုပ်နိုင်ရင် ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။ တစ်လှမ်းချင်းပေါ့။ ခက်ခဲတဲ့အချိန်မှာ တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။ နည်းနည်း အနားယူ။ ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။ နောက်တစ်လှမ်း လှမ်း။ နောက်တစ်ခါ အနားယူ။ နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ ဖြစ်သွားလိမ့်မယ်။ အနာဂတ်ကို တွေးပူပြီး လက်လျှော့ချင်နေတဲ့စိတ်တွေ လျော့ပါးလာလိမ့်မယ်တဲ့။ ~ အယ်လီနာ မီခယ်လ်ခိုဗာ
    Love
    2
    · 0 Comments ·0 Shares ·71 Views
  • လူဆိုတာ အသိဉာဏ်ရှိတဲ့အတွက်

    ကိုယ်ချင်းစာတရားတော့

    ရှိရမယ် / ရှိသင့်တယ်.....။

    #ဆရာအောင်သင်းစာပေများ
    #စာပေဗဟုသုတများ
    #လူငယ်များအတွက်ဗဟုသုတစာပေများ
    #crd_to_owner_with_respectcrd
    လူဆိုတာ အသိဉာဏ်ရှိတဲ့အတွက် ကိုယ်ချင်းစာတရားတော့ ရှိရမယ် / ရှိသင့်တယ်.....။ #ဆရာအောင်သင်းစာပေများ #စာပေဗဟုသုတများ #လူငယ်များအတွက်ဗဟုသုတစာပေများ #crd_to_owner_with_respectcrd
    Like
    Love
    Care
    3
    · 0 Comments ·0 Shares ·90 Views
  • သူများကို ဘယ်လိုလူစားလို့
    ပြောလိုက်တာဟာ

    ကိုယ့်ကိုကိုယ်
    ဘယ်လိုလူစားလို့
    ဖော်ပြနေတာနဲ့ အတူတူပါပဲ။

    #ဆရာအောင်သင်းစာပေ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    သူများကို ဘယ်လိုလူစားလို့ ပြောလိုက်တာဟာ ကိုယ့်ကိုကိုယ် ဘယ်လိုလူစားလို့ ဖော်ပြနေတာနဲ့ အတူတူပါပဲ။ #ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Love
    1
    · 0 Comments ·0 Shares ·81 Views
  • လွယ်လွယ်နဲ့
    ရတဲ့အရာတစ်ခုကို
    ဘယ်သူကမှတန်ဖိုးမထားဘူး
    တန်ဖိုးရှိတယ်လို့လည်း မမြင်ဘူး။

    ကိုယ်က,ကောင်းပေးလွန်းရင် လောကကြီးမှာ
    ချောင်ထိုးခံရတတ်တယ်။

    လူတွေက
    မရတဲ့အရာကို ပိုလိုချင်ကြတယ်
    ရထားတဲ့အရာကို တန်ဖိုးမထားကြဘူး။

    မရှိတဲ့အရာကို ပိုရှာဖွေကြတယ်
    ရှိနေတဲ့အရာကို တန်ဖိုးမထားကြဘူး။

    မပြောတဲ့သူဆီက
    စကားတွေကို မျှော်လင့်ကြတယ်
    ပြောပြနေတဲ့သူဆီက စကားတွေကို နားမထောင်ချင်ဘူး။

    တည်နေတဲ့သူဆီက
    အပြုံးကို မြင်ချင်ကြတယ်
    ပြုံးပြနေသူကိုကျ တံထွေးနဲ့လှမ်းထွေးချင်တယ်။

    ကိုယ်ဘက်က ဘယ်လောက်ကောင်းကောင်း
    လွယ်လွယ်ရသလိုဖြစ်သွားရင်
    တန်ဖိုးမဲ့တတ်တယ်။

    လွယ်လွယ်ရရင် ချောင်ထိုးပစ်ခံရတဲ့အထဲမှာ
    စေတနာ ခင်မင်မှု နဲ့ အချစ်တို့က
    ထိပ်ဆုံးကပဲ။

    လူတိုင်းက
    ကိုယ့်အပေါ်ကောင်းမယ်လို့
    မမျှော်လင့်ထားပါနဲ့
    ကိုယ်ကပဲ လူတိုင်းကို ကောင်းပေးနိုင်ဖို့ ကြိုးစားပါ

    ကိုယ်ပေးသောမေတ္တာ ကိုယ့်ဆီပြန်ရောက်မယ်လို့
    မမျှော်လင့်ထားပါနဲ့
    ပေးကတည်းက အပြီးပေးလိုက်ပါ။

    အဖက်မလုပ်ခံရတာတွေများပြီး
    အရမ်းနာကျင်လာတဲ့အခါ
    မှန် တစ်ချပ်လိုပဲ နေလိုက်ပါ
    အဆင်ပြေမှာပါ......

    #လူငယ်များအတွက်ဗဟုသုတစာပေများ
    #အရမ်းကောင်းတဲ့စာသားပါ
    #အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    လွယ်လွယ်နဲ့ ရတဲ့အရာတစ်ခုကို ဘယ်သူကမှတန်ဖိုးမထားဘူး တန်ဖိုးရှိတယ်လို့လည်း မမြင်ဘူး။ ကိုယ်က,ကောင်းပေးလွန်းရင် လောကကြီးမှာ ချောင်ထိုးခံရတတ်တယ်။ လူတွေက မရတဲ့အရာကို ပိုလိုချင်ကြတယ် ရထားတဲ့အရာကို တန်ဖိုးမထားကြဘူး။ မရှိတဲ့အရာကို ပိုရှာဖွေကြတယ် ရှိနေတဲ့အရာကို တန်ဖိုးမထားကြဘူး။ မပြောတဲ့သူဆီက စကားတွေကို မျှော်လင့်ကြတယ် ပြောပြနေတဲ့သူဆီက စကားတွေကို နားမထောင်ချင်ဘူး။ တည်နေတဲ့သူဆီက အပြုံးကို မြင်ချင်ကြတယ် ပြုံးပြနေသူကိုကျ တံထွေးနဲ့လှမ်းထွေးချင်တယ်။ ကိုယ်ဘက်က ဘယ်လောက်ကောင်းကောင်း လွယ်လွယ်ရသလိုဖြစ်သွားရင် တန်ဖိုးမဲ့တတ်တယ်။ လွယ်လွယ်ရရင် ချောင်ထိုးပစ်ခံရတဲ့အထဲမှာ စေတနာ ခင်မင်မှု နဲ့ အချစ်တို့က ထိပ်ဆုံးကပဲ။ လူတိုင်းက ကိုယ့်အပေါ်ကောင်းမယ်လို့ မမျှော်လင့်ထားပါနဲ့ ကိုယ်ကပဲ လူတိုင်းကို ကောင်းပေးနိုင်ဖို့ ကြိုးစားပါ ကိုယ်ပေးသောမေတ္တာ ကိုယ့်ဆီပြန်ရောက်မယ်လို့ မမျှော်လင့်ထားပါနဲ့ ပေးကတည်းက အပြီးပေးလိုက်ပါ။ အဖက်မလုပ်ခံရတာတွေများပြီး အရမ်းနာကျင်လာတဲ့အခါ မှန် တစ်ချပ်လိုပဲ နေလိုက်ပါ အဆင်ပြေမှာပါ...... #လူငယ်များအတွက်ဗဟုသုတစာပေများ #အရမ်းကောင်းတဲ့စာသားပါ #အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Love
    1
    · 0 Comments ·0 Shares ·87 Views
  • လိုသုံးပဲ သုံးသုံး
    မလိုလို့ပဲ မုန်းမုန်း
    အပြုံးမပျက်နဲ့
    ကိုယ်ပြုံးနေသ၍ သူတို့ရှုံးတယ်

    အဖြည့်ခံပဲဖြစ်ဖြစ်
    အမေ့ခံပဲဖြစ်ဖြစ်
    မေတ္တာမပျက်နဲ့
    ကိုယ့်မေတ္တာမှန်နေသမျှ
    သူတို့တစ်နေ့ ကံကြီးထိုက်ကြလိမ့်မယ်။

    #Dawhay
    8 january 2024

    #ဆရာအောင်သင်းစာပေ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    လိုသုံးပဲ သုံးသုံး မလိုလို့ပဲ မုန်းမုန်း အပြုံးမပျက်နဲ့ ကိုယ်ပြုံးနေသ၍ သူတို့ရှုံးတယ် အဖြည့်ခံပဲဖြစ်ဖြစ် အမေ့ခံပဲဖြစ်ဖြစ် မေတ္တာမပျက်နဲ့ ကိုယ့်မေတ္တာမှန်နေသမျှ သူတို့တစ်နေ့ ကံကြီးထိုက်ကြလိမ့်မယ်။ #Dawhay 8 january 2024 #ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    0 Comments ·0 Shares ·87 Views
  • အရမ်းကောင်းလိုက်တဲ့စာလေး ၊ ဖတ်ကြည့်ပါ

    ' သူစိမ်းကောင်းရင်
    ဆွေမျိုးလိုက်မမီဘူး ...' ဆိုတဲ့စကားက
    သိပ်ကိုမှန်တယ်။

    ဆွေမျိုးက သူစိမ်းလို လာပြုမူရင်
    ရွံစရာသိပ်ကောင်းတယ်။

    သူစိမ်းက ဆွေမျိုးလို လာဆက်ဆံရင်
    နှလုံးသားထဲ နွေးထွေးရတယ်။

    ဆွေမျိုးဆိုတာ ကိုယ့်မှာမရှိရင် နှိမ်မယ်၊
    ရှိရင်မနာလိုဖြစ်မယ်။

    ဆွေမျိုးယုတ်တဲ့အခါ
    သူစိမ်းတွေထက်သာတတ်ပါတယ်
    အသားထဲကလောက်ထွက်တာ ဆိုတာမျိုးပေါ့။

    #ဆရာအောင်သင်းစာပေများ
    #လူငယ်များအတွက်ဗဟုသုတစာပေများ
    #လူငယ်များအတွက့်စာကြည့်တိုက့်
    #ဆရာအောင်သင်းစာပေ
    #စာပေဗဟုသုတများ

    #crd_to_owner_with_respectcrd
    အရမ်းကောင်းလိုက်တဲ့စာလေး ၊ ဖတ်ကြည့်ပါ ‼️ ' သူစိမ်းကောင်းရင် ဆွေမျိုးလိုက်မမီဘူး ...' ဆိုတဲ့စကားက သိပ်ကိုမှန်တယ်။ ဆွေမျိုးက သူစိမ်းလို လာပြုမူရင် ရွံစရာသိပ်ကောင်းတယ်။ သူစိမ်းက ဆွေမျိုးလို လာဆက်ဆံရင် နှလုံးသားထဲ နွေးထွေးရတယ်။ ဆွေမျိုးဆိုတာ ကိုယ့်မှာမရှိရင် နှိမ်မယ်၊ ရှိရင်မနာလိုဖြစ်မယ်။ ဆွေမျိုးယုတ်တဲ့အခါ သူစိမ်းတွေထက်သာတတ်ပါတယ် အသားထဲကလောက်ထွက်တာ ဆိုတာမျိုးပေါ့။ #ဆရာအောင်သင်းစာပေများ #လူငယ်များအတွက်ဗဟုသုတစာပေများ #လူငယ်များအတွက့်စာကြည့်တိုက့် #ဆရာအောင်သင်းစာပေ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Love
    Like
    3
    · 2 Comments ·0 Shares ·104 Views
  • ဘယ်သူတွေ
    ကိုယ့်အပေါ်ကောင်းကောင်း
    မကောင်းကောင်း...စိတ်မဝင်စားဘူး

    အဲ့တာက
    သူတို့အကြောင်းနဲ့
    သူတို့စိတ်ပဲ

    ကိုယ်ကတော့
    ကိုယ့်လမ်းကြောင်းပေါ်မှာ
    ကောင်းတာတွေနဲ့ ဆက်လျှောက်နေမှာပဲ

    လူတိုင်းက ကိုယ့်တန်ဖိုးကို
    ကိုယ်တိုင် သတ်မှတ်ထားကြပြီးသားပဲလေ။

    #မနောသီရိ
    #လူငယ်များအတွက်ဗဟုသုတစာပေများ
    #အရမ်းကောင်းတဲ့စာသားပါ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    ဘယ်သူတွေ ကိုယ့်အပေါ်ကောင်းကောင်း မကောင်းကောင်း...စိတ်မဝင်စားဘူး အဲ့တာက သူတို့အကြောင်းနဲ့ သူတို့စိတ်ပဲ ကိုယ်ကတော့ ကိုယ့်လမ်းကြောင်းပေါ်မှာ ကောင်းတာတွေနဲ့ ဆက်လျှောက်နေမှာပဲ လူတိုင်းက ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်ထားကြပြီးသားပဲလေ။ #မနောသီရိ #လူငယ်များအတွက်ဗဟုသုတစာပေများ #အရမ်းကောင်းတဲ့စာသားပါ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Like
    1
    · 0 Comments ·0 Shares ·89 Views
More Results