• #ဆေးသုတ်နည်းစနစ် မေးထားလို့ပြန်မျှဝေလိုက်ပါတယ်ခင်ဗျာ
    ******************************************
    အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်းစနစ်ကို သိဖို့လိုပါတယ်။ ဆေးသုတ်နည်းစနစ်တွေ အများကြီးရှိပါတယ်။

    **အသုံးများတဲ့ ဆေးသုတ်နည်းစနစ်တွေကတော့

    ၁.နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဆေးသုတ်နည်းစနစ် နှင့်
    ၂. Local ( မြန်မာ ) မှာ အသုံးပြုကြသည့် ဆေးသုတ်နည်းစနစ် တို့ဖြစ်ပါတယ်။

    အင်တာနက်တွေမှာ ဆေးသုတ်နည်းစနစ်တွေကို ရှာဖတ်လေ့လာမယ်ဆိုရင် ဆေးသုတ်ရာတွေ အဆင့် ( 7 ) ဆင့် အသုံးပြုကြတာကို တွေ့ရပါတယ်။

    **အဲဒါတွေကတော့

    1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။

    2 - ပထမဆုံး Sealer အောက်ခံဆေးကို သုံးတယ်။

    3- Putty ပတ်တီးရိုက်တယ်

    4- နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။

    5- Sealer အောက်ခံဆေး ပြန်သုတ်တယ်။

    6- ဆေးသား Paint ကို သုတ်တယ်။

    7 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

    အပေါ်မှာ ဖော်ပြပေးတဲ့ နည်းလမ်းက နိုင်ငံတကာမှာ အသုံးများတဲ့ နည်းလမ်းတွေဖြစ်ပြီး ကျွမ်းကျင်တဲ့ ဆေးဆရာ အတော်များများက Quality ကောင်းတဲ့ ဆေးသားရရှိအောင် အသုံးပြုကြတဲ့ နည်းလမ်းတွေဖြစ်တယ်။

    မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း (6)ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။

    ** အဲဒါတွေကတော့

    1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်

    2 - Putty ပတ်တီးရိုက်တယ်

    3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။

    4 - Sealer အောက်ခံဆေး သုတ်တယ်။

    5 - ဆေးသား Paint ကို သုတ်တယ်။

    6 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

    ပြည်တွင်းဆေးသုတ်နည်းစနစ်မှာတော့ာ နိုင်ငံတကာ ဆေးသုတ်နည်းစနစ်မှာသုံးတဲ့ အောက်ခံဆေး မခံဘဲ ပတ္တီး တစ်ခါတည်း
    ရိုက်တာပါ။
    ဘက်ဂျတ်အခြေအနေကြောင့် ပြည်တွင်းဆေးသုတ်နည်းစနစ်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ Sealer အကြောင်းကို ရှင်းပြပေးထားပါတယ်။

    ဆေးသုတ်နည်းစနစ် နှင့် အဆင့်ဆင့်တွေကို နားလည်ပြီး အဆင့်တိုင်းမှာ လိုအပ်တဲ့ဆေးတွေကို အသုံးပြုပေးရမှာဖြစ်တယ်။ အချို့သော အိမ်ရှင်တွေက အပေါ်ဆုံးမှာ သုတ်တဲ့ဆေး Paint သုတ်တာလောက်ဘဲ နားလည်ကြတယ်။

    ပြည်တွင်းနည်းကို အသုံးပြုပြီး ဆေးသုတ်မယ်ဆိုရင်တောင် အနည်းဆုံး အိမ်သုတ်ဆေး ပစ္စည်းသုံးမျိုးလိုပါတယ်။ ပတ္တီး ၊ အောက်ခံဆေး၊ ဆေး Paint တို့ဖြစ်ပါတယ်။အိမ်သုတ်ဆေးလုပ်ငန်းက လွယ်ပြီး အကုန်အကျနည်းတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ပိုသုံးနိုင်ရင် ပိုကောင်းတဲ့ ဆေသား နှင့် ဝန်ဆောင်မှုတွေကို ရှိမှာဖြစ်တယ်။

    ဆေးသုတ်တော့မယ်ဆိုရင် ဆေးသုတ်မယ့်နေရာကို အပူချိန်တိုင်းတာ၊ အစိုဓာတ်တိုင်းတာ ၊ အခြား လုပ်စရာတွေလဲ လုပ်ဖို့လိုပါသေးတယ်။ ဒီအကြောင်းတွေကိုတော့ နောက်မှထပ်ရှင်းပြပေးပါမယ်။

    အခုတော့ အဆင့် တစ်ခုချင်းစီကို နည်းနည်း အသေးစိတ်လေး ရှင်းပြပေးချင်တယ်။

    1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ ဆေးသုတ်မယ့်နေရာက ညစ်ပတ်နေရင် ဒါမှမဟုတ် အဆီ အစွန်းအထင်းတွေရှိနေရင် အဲပေါ်မှာ ဆေးတစ်ခါတည်းသုတ်လို့မရပါဘူး။ သုတ်မိရင်တောင် ဆေးသားတွေ ရက်ပိုင်းအတွင်းဘဲ အကုန်ပြန် ကွာကျပါလိမ့်မယ်။

    ဒါကြောင့် အမြဲတမ်းဆေးသုတ်မယ့်နေရာကို ဆေးဆရာတွေ လမ်းညွှန်ချက်အတိုင်း သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါတယ်။

    2- Putty ပတ်တီးရိုက်တယ် (ဒီနေရာမှာ ပတ်တီးရိုက်ပြီးတိုင်းကော်ပတ်မဖြစ်မနေစားရမှာပါ)
    ဆေးသုတ်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ Putty ပတ္တီး ရိုက်လို့ရပါပြီ။ ပတ်တီးရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေါ်ဆေး Paint သုတ်တဲ့အခါ (Putty Help smooth surface to colour over )ညီညာသပ်ရပ်တဲ့ ဆေးသားရရှိအောင်ဖြစ်ပါတယ်။ အုတ်နံံရံတွေကို ပတ်တီးရိုက်ပေးခြင်းဖြင့် ဆေးသားအတွက်လိုအပ်တဲ့ ညီညာသည့် မျက်နှာပြင်ကို ရရှိစေပါတယ်။

    3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ Step 2မှာ ရိုက်ထားတဲ့ ပတ်တီးခြောက်ပြီးရင် နောက်ထပ် ပတ်တီးတစ်ခါပြန်ရိုက်ပေးရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုညီညာတဲ့ဆေးမျက်နှာပြင်ရရှိအောင်ပါ။ ပထမရိုက်တဲ့ ပတ္တီးက အများအားဖြင့် အုတ်နံရံတွေရဲ့ မညီညာတဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို ညီညာအောင်လုပ်ပေးပါတယ်။ ဒုတိယ ထပ်ရိုက်တဲ့ ပတ္တီးကတော့ ပတ္တီးကို ပြန်အချောကိုင်ပေးတာဖြစ်ပါတယ်။ ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရှိစေပါတယ်။

    4 - Sealer အောက်ခံဆေး သုတ်ပေးတယ်။ အောက်ခံဆေးသုတ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ဆုံးမှာ သုတ်မယ့် ဆေးသား Paint တွေ စွဲကပ်အားကောင်းအောင်ပါ။ အချို့နံရံအဟောင်းတွေကို ဆေးသုတ်ရင် ဆေးသားစွဲကပ်အားမကောင်းတာတွေ့ရပါတယ်။ အောက်ခံဆေး Sealer ကို အသုံးပြုခြင်းဖြင့် သုတ်လုက်တဲ့ ဆေးသား Paint တွေ နံရံတွေမှာ စွဲကပ်အားကောင်းစေပါတယ်။ ( Sealer allow the paint to stick to wall or substrate )

    5 - ဆေးသား Paint ကို သုတ်တယ်။ Sealer အောက်ခံဆေးသုတ်ပြီးရင်တော့ ဆေးသား Paint ကို သုတ်လို့ရပါပြီ။ လက်နှင့်ကိုင်တွယ်လို့ရပြီး မြင်နိုင်သည့်ဆေးသား Paint ကို သုတ်လို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ Paint ကို ရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ ဆေးရွေးချယ်ရာတွေ အရောင် နှင့် ဆေးအမျိုးအစားကို အဓိက ရွေးချယ်ပေးရပါတယ်။

    အိမ်သုတ်ဆေးအထဲမှာ အမျိုးအစားအများကြီးရှိပါတယ်။ အတွင်းဆေး ၊ အပြင်ဆေး၊ ရာသီဥတုဒဏ်ခံနိုင်သည့်ဆေး ၊ အပူဒဏ် လျှော့ချပေးသည့်ဆေး ၊ အစွန်းအထင်း ဆေးကြောရန်လွယ်ကူစေသည့်ဆေး ၊ အနံမပြင်းသည့်ဆေး ၊ အလွန်ချောမွေ့သည့်ဆေးသားပိုင်ဆိုင်စေသည့်ဆေး ၊ အလှဆင်သည့် ဗြုတ်ဆေး ၊ သံထည်တွေအသုံးပြုသည့်ဆေး ၊ မှုတ်ဆေး စသည်ဖြင့် ရွေးချယ်စရာဆေးအများကြီးရှိပါတယ်။ ဆေးသုတ်မယ့် နေရာ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။

    Paints ဆေးသုတ်ရာတွင် အကောင်းဆုံးဆေးသားရနိုင်ရန် အသုံးပြုပေးရမယ့် ဆေးသုတ်နည်းလမ်းအများကြီးရှိပါတယ်။ အသုံးများတဲ့နည်းလမ်းကတော့ W နဲ့ V ပုံစံဆေးသုတ်နည်းတို့ဖြစ်ပါတယ်။

    6- ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပါ။ ပထမသုတ်တဲ့ဆေးက အုတ်နံရံတွေထဲ စွဲကပ်တာ စိမ့်ဝင်တာတို့ရှိတာကြောင့် အမြဲတမ်းဆေးကို နှစ်ကုတ်သုတ်ပေးဖို့လိုပါတယ်။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဆေးသား Quality ကို ရရှိစေပါတယ်။

    လိုအပ်သည်များဖြည့်စွက်အသုံးပြုနိင်ပါစေ

    #crd_to_owner_with_respect
    #ဗဟုသုတအနေဖြင့်ပြန်လည်မျှဝေသည်
    Crd
    #ဆေးသုတ်နည်းစနစ် မေးထားလို့ပြန်မျှဝေလိုက်ပါတယ်ခင်ဗျာ ****************************************** အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်းစနစ်ကို သိဖို့လိုပါတယ်။ ဆေးသုတ်နည်းစနစ်တွေ အများကြီးရှိပါတယ်။ **အသုံးများတဲ့ ဆေးသုတ်နည်းစနစ်တွေကတော့ ၁.နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဆေးသုတ်နည်းစနစ် နှင့် ၂. Local ( မြန်မာ ) မှာ အသုံးပြုကြသည့် ဆေးသုတ်နည်းစနစ် တို့ဖြစ်ပါတယ်။ အင်တာနက်တွေမှာ ဆေးသုတ်နည်းစနစ်တွေကို ရှာဖတ်လေ့လာမယ်ဆိုရင် ဆေးသုတ်ရာတွေ အဆင့် ( 7 ) ဆင့် အသုံးပြုကြတာကို တွေ့ရပါတယ်။ **အဲဒါတွေကတော့ 1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ 2 - ပထမဆုံး Sealer အောက်ခံဆေးကို သုံးတယ်။ 3- Putty ပတ်တီးရိုက်တယ် 4- နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။ 5- Sealer အောက်ခံဆေး ပြန်သုတ်တယ်။ 6- ဆေးသား Paint ကို သုတ်တယ်။ 7 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြပေးတဲ့ နည်းလမ်းက နိုင်ငံတကာမှာ အသုံးများတဲ့ နည်းလမ်းတွေဖြစ်ပြီး ကျွမ်းကျင်တဲ့ ဆေးဆရာ အတော်များများက Quality ကောင်းတဲ့ ဆေးသားရရှိအောင် အသုံးပြုကြတဲ့ နည်းလမ်းတွေဖြစ်တယ်။ မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း (6)ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ ** အဲဒါတွေကတော့ 1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ် 2 - Putty ပတ်တီးရိုက်တယ် 3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။ 4 - Sealer အောက်ခံဆေး သုတ်တယ်။ 5 - ဆေးသား Paint ကို သုတ်တယ်။ 6 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပြည်တွင်းဆေးသုတ်နည်းစနစ်မှာတော့ာ နိုင်ငံတကာ ဆေးသုတ်နည်းစနစ်မှာသုံးတဲ့ အောက်ခံဆေး မခံဘဲ ပတ္တီး တစ်ခါတည်း ရိုက်တာပါ။ ဘက်ဂျတ်အခြေအနေကြောင့် ပြည်တွင်းဆေးသုတ်နည်းစနစ်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ Sealer အကြောင်းကို ရှင်းပြပေးထားပါတယ်။ ဆေးသုတ်နည်းစနစ် နှင့် အဆင့်ဆင့်တွေကို နားလည်ပြီး အဆင့်တိုင်းမှာ လိုအပ်တဲ့ဆေးတွေကို အသုံးပြုပေးရမှာဖြစ်တယ်။ အချို့သော အိမ်ရှင်တွေက အပေါ်ဆုံးမှာ သုတ်တဲ့ဆေး Paint သုတ်တာလောက်ဘဲ နားလည်ကြတယ်။ ပြည်တွင်းနည်းကို အသုံးပြုပြီး ဆေးသုတ်မယ်ဆိုရင်တောင် အနည်းဆုံး အိမ်သုတ်ဆေး ပစ္စည်းသုံးမျိုးလိုပါတယ်။ ပတ္တီး ၊ အောက်ခံဆေး၊ ဆေး Paint တို့ဖြစ်ပါတယ်။အိမ်သုတ်ဆေးလုပ်ငန်းက လွယ်ပြီး အကုန်အကျနည်းတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ပိုသုံးနိုင်ရင် ပိုကောင်းတဲ့ ဆေသား နှင့် ဝန်ဆောင်မှုတွေကို ရှိမှာဖြစ်တယ်။ ဆေးသုတ်တော့မယ်ဆိုရင် ဆေးသုတ်မယ့်နေရာကို အပူချိန်တိုင်းတာ၊ အစိုဓာတ်တိုင်းတာ ၊ အခြား လုပ်စရာတွေလဲ လုပ်ဖို့လိုပါသေးတယ်။ ဒီအကြောင်းတွေကိုတော့ နောက်မှထပ်ရှင်းပြပေးပါမယ်။ အခုတော့ အဆင့် တစ်ခုချင်းစီကို နည်းနည်း အသေးစိတ်လေး ရှင်းပြပေးချင်တယ်။ 1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ ဆေးသုတ်မယ့်နေရာက ညစ်ပတ်နေရင် ဒါမှမဟုတ် အဆီ အစွန်းအထင်းတွေရှိနေရင် အဲပေါ်မှာ ဆေးတစ်ခါတည်းသုတ်လို့မရပါဘူး။ သုတ်မိရင်တောင် ဆေးသားတွေ ရက်ပိုင်းအတွင်းဘဲ အကုန်ပြန် ကွာကျပါလိမ့်မယ်။ ဒါကြောင့် အမြဲတမ်းဆေးသုတ်မယ့်နေရာကို ဆေးဆရာတွေ လမ်းညွှန်ချက်အတိုင်း သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါတယ်။ 2- Putty ပတ်တီးရိုက်တယ် (ဒီနေရာမှာ ပတ်တီးရိုက်ပြီးတိုင်းကော်ပတ်မဖြစ်မနေစားရမှာပါ) ဆေးသုတ်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ Putty ပတ္တီး ရိုက်လို့ရပါပြီ။ ပတ်တီးရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေါ်ဆေး Paint သုတ်တဲ့အခါ (Putty Help smooth surface to colour over )ညီညာသပ်ရပ်တဲ့ ဆေးသားရရှိအောင်ဖြစ်ပါတယ်။ အုတ်နံံရံတွေကို ပတ်တီးရိုက်ပေးခြင်းဖြင့် ဆေးသားအတွက်လိုအပ်တဲ့ ညီညာသည့် မျက်နှာပြင်ကို ရရှိစေပါတယ်။ 3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ Step 2မှာ ရိုက်ထားတဲ့ ပတ်တီးခြောက်ပြီးရင် နောက်ထပ် ပတ်တီးတစ်ခါပြန်ရိုက်ပေးရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုညီညာတဲ့ဆေးမျက်နှာပြင်ရရှိအောင်ပါ။ ပထမရိုက်တဲ့ ပတ္တီးက အများအားဖြင့် အုတ်နံရံတွေရဲ့ မညီညာတဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို ညီညာအောင်လုပ်ပေးပါတယ်။ ဒုတိယ ထပ်ရိုက်တဲ့ ပတ္တီးကတော့ ပတ္တီးကို ပြန်အချောကိုင်ပေးတာဖြစ်ပါတယ်။ ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရှိစေပါတယ်။ 4 - Sealer အောက်ခံဆေး သုတ်ပေးတယ်။ အောက်ခံဆေးသုတ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ဆုံးမှာ သုတ်မယ့် ဆေးသား Paint တွေ စွဲကပ်အားကောင်းအောင်ပါ။ အချို့နံရံအဟောင်းတွေကို ဆေးသုတ်ရင် ဆေးသားစွဲကပ်အားမကောင်းတာတွေ့ရပါတယ်။ အောက်ခံဆေး Sealer ကို အသုံးပြုခြင်းဖြင့် သုတ်လုက်တဲ့ ဆေးသား Paint တွေ နံရံတွေမှာ စွဲကပ်အားကောင်းစေပါတယ်။ ( Sealer allow the paint to stick to wall or substrate ) 5 - ဆေးသား Paint ကို သုတ်တယ်။ Sealer အောက်ခံဆေးသုတ်ပြီးရင်တော့ ဆေးသား Paint ကို သုတ်လို့ရပါပြီ။ လက်နှင့်ကိုင်တွယ်လို့ရပြီး မြင်နိုင်သည့်ဆေးသား Paint ကို သုတ်လို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ Paint ကို ရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ ဆေးရွေးချယ်ရာတွေ အရောင် နှင့် ဆေးအမျိုးအစားကို အဓိက ရွေးချယ်ပေးရပါတယ်။ အိမ်သုတ်ဆေးအထဲမှာ အမျိုးအစားအများကြီးရှိပါတယ်။ အတွင်းဆေး ၊ အပြင်ဆေး၊ ရာသီဥတုဒဏ်ခံနိုင်သည့်ဆေး ၊ အပူဒဏ် လျှော့ချပေးသည့်ဆေး ၊ အစွန်းအထင်း ဆေးကြောရန်လွယ်ကူစေသည့်ဆေး ၊ အနံမပြင်းသည့်ဆေး ၊ အလွန်ချောမွေ့သည့်ဆေးသားပိုင်ဆိုင်စေသည့်ဆေး ၊ အလှဆင်သည့် ဗြုတ်ဆေး ၊ သံထည်တွေအသုံးပြုသည့်ဆေး ၊ မှုတ်ဆေး စသည်ဖြင့် ရွေးချယ်စရာဆေးအများကြီးရှိပါတယ်။ ဆေးသုတ်မယ့် နေရာ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။ Paints ဆေးသုတ်ရာတွင် အကောင်းဆုံးဆေးသားရနိုင်ရန် အသုံးပြုပေးရမယ့် ဆေးသုတ်နည်းလမ်းအများကြီးရှိပါတယ်။ အသုံးများတဲ့နည်းလမ်းကတော့ W နဲ့ V ပုံစံဆေးသုတ်နည်းတို့ဖြစ်ပါတယ်။ 6- ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပါ။ ပထမသုတ်တဲ့ဆေးက အုတ်နံရံတွေထဲ စွဲကပ်တာ စိမ့်ဝင်တာတို့ရှိတာကြောင့် အမြဲတမ်းဆေးကို နှစ်ကုတ်သုတ်ပေးဖို့လိုပါတယ်။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဆေးသား Quality ကို ရရှိစေပါတယ်။ လိုအပ်သည်များဖြည့်စွက်အသုံးပြုနိင်ပါစေ #crd_to_owner_with_respect #ဗဟုသုတအနေဖြင့်ပြန်လည်မျှဝေသည် Crd
    Care
    1
    · 0 Comments ·0 Shares ·40 Views
  • အားလုံးပဲမင်္ဂလာညချမ်းလေးပါ
    အိပ်မက်လှလှမက်ပါစေရှင်
    အားလုံးပဲမင်္ဂလာညချမ်းလေးပါ အိပ်မက်လှလှမက်ပါစေရှင်
    Care
    1
    · 0 Comments ·0 Shares ·18 Views
  • ကောက်ညှင်း ကျည်ထောက် -ပေါင်းတင်း ဝါး (ခေါက်လမ်) ပူပူနွေးနွေးဆိုရင် ဝါးနံ့သင်းသင်းလေးနဲ့ စားလို့ သိပ်ကောင်းတယ် အေးသွားရင် နဲနဲမာသွားတတ်တော့ ပူပူလေး စားရတာလောက် မကောင်းဘူးပေါ့
    ကောက်ညှင်း ကျည်ထောက် -ပေါင်းတင်း ဝါး (ခေါက်လမ်) ပူပူနွေးနွေးဆိုရင် ဝါးနံ့သင်းသင်းလေးနဲ့ စားလို့ သိပ်ကောင်းတယ် အေးသွားရင် နဲနဲမာသွားတတ်တော့ ပူပူလေး စားရတာလောက် မကောင်းဘူးပေါ့
    Love
    Care
    2
    · 1 Comments ·0 Shares ·71 Views
  • သူ့နဲ့အတူဆိုတဲ့ မျှော်လင့်ချက်လေးကို
    ငါးနှစ်ကျော် ခြောက်နှစ်လောက်
    တည်ဆောက်ပြီးမှ ဒီလမ်းမှာ
    မင်းတစ်ယောက်တည်းကျန်ခဲ့ဆိုပြီး
    ချန်ထားခံခဲ့ရတာ...

    လူတစ်ယောက် သေတယ်ဆိုတာ
    အသက်ရှုရပ်မှမှ မဟုတ်ပဲလေကွာ...
    မျှော်လင့်ချက်တွေ သေသွားရင်လဲ
    ဘဝတွေက သေသွားတတ်ပါတယ် ။

    ကိုယ်ဘာကြိုက်တတ်ခဲ့တာလဲဆိုတာ
    မသိတော့သလို
    သူကြိုက်ခဲ့တာတွေချည်း အမှတ်ရနေခဲ့မိတာ ကိုယ်ဘာဖြစ်ချင်ခဲ့တာဆိုတဲ့
    မျှော်လင့်ချက်တွေဟာလဲ
    ပျောက်ဆုံးမက ပျောက်ဆုံးသွားပြီလေ
    အစတောင် ရှာမရတော့ဘူး ။

    အသက်ရှုတိုင်း နာနေရတာထက်စာရင်
    မရှိတော့တာမှ ပိုကောင်းဦးမယ်လို့တွေးမိတယ် ။
    တကယ်ဆိုရင်
    ရိုးရိုးလေးသတ်လဲ သေပါတယ်
    နေ့ရက်တိုင်းမှာ
    ငါမပိုင်တဲ့ ငါ့ကို ကြည့်ပြီး
    သေနေအောင်သိတော့
    မသတ်ခဲ့သင့်ဘူး ။

    #ကျေးကို
    သူ့နဲ့အတူဆိုတဲ့ မျှော်လင့်ချက်လေးကို ငါးနှစ်ကျော် ခြောက်နှစ်လောက် တည်ဆောက်ပြီးမှ ဒီလမ်းမှာ မင်းတစ်ယောက်တည်းကျန်ခဲ့ဆိုပြီး ချန်ထားခံခဲ့ရတာ... လူတစ်ယောက် သေတယ်ဆိုတာ အသက်ရှုရပ်မှမှ မဟုတ်ပဲလေကွာ... မျှော်လင့်ချက်တွေ သေသွားရင်လဲ ဘဝတွေက သေသွားတတ်ပါတယ် ။ ကိုယ်ဘာကြိုက်တတ်ခဲ့တာလဲဆိုတာ မသိတော့သလို သူကြိုက်ခဲ့တာတွေချည်း အမှတ်ရနေခဲ့မိတာ ကိုယ်ဘာဖြစ်ချင်ခဲ့တာဆိုတဲ့ မျှော်လင့်ချက်တွေဟာလဲ ပျောက်ဆုံးမက ပျောက်ဆုံးသွားပြီလေ အစတောင် ရှာမရတော့ဘူး ။ အသက်ရှုတိုင်း နာနေရတာထက်စာရင် မရှိတော့တာမှ ပိုကောင်းဦးမယ်လို့တွေးမိတယ် ။ တကယ်ဆိုရင် ရိုးရိုးလေးသတ်လဲ သေပါတယ် နေ့ရက်တိုင်းမှာ ငါမပိုင်တဲ့ ငါ့ကို ကြည့်ပြီး သေနေအောင်သိတော့ မသတ်ခဲ့သင့်ဘူး ။ #ကျေးကို
    Like
    2
    · 0 Comments ·0 Shares ·85 Views
  • ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ


    နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား
    ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်....

    အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား
    ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့....

    ဒီနေ့က မလွယ်ကူဘူး
    မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ်

    အခု ဒုက္ခရောက်နေတယ်
    နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး

    အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက
    အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့

    အဆိုးဆုံး အခြေအနေကို
    လက်ခံနိုင်ခြင်းဟာ
    အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ

    နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး
    အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ်

    ဘဝင်မြင့် နေတယ်ဆိုပြီး
    ကဲ့ရဲ့စရာ မလိုဘူး
    အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ

    ဘဝထဲမှာ.....
    သူက ထွက်သွားတာ ရှိသလို
    ကိုယ်က ထွက်လာတာလဲ ရှိမယ်

    ကိုယ်မပါလဲ
    သူဆက်လျှောက်ရမှာ ဖြစ်သလို
    သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ

    လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ်
    အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့်
    ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ်
    အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ်

    ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်
    စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့
    ကိုယ့်ဘက်က အကောင်းဆုံး
    ပြင်ဆင်ထားရမယ်

    ခဏခဏ တွေ့ဆုံရမယ်
    ပြီးရင် ခဏခဏ လမ်းခွဲရမယ်

    ဒီစိတ်ကူးတွေ ပျက်သွားရင်
    နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ်

    အလားတူပဲ
    နောက်ထပ် အကြိမ်များစွာ
    နာကျင်ရဦးမယ်

    ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို
    ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့

    အမှတ်တရတွေကို ပြန်တွေးပြီး
    ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့

    တစ်ယောက် အလုပ် လုပ်လို့
    တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ
    အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ်

    အမှားတွေကို အမှန်ထင်
    အတုတွေကို အစစ်လို ထင်လာတဲ့အခါ
    ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း
    သိလိမ့်မယ်

    စိတ်ဖီစီးမှု အများဆုံး
    ဖြစ်နေတဲ့ သူတွေဟာ
    အောင်မြင်နေ သူတွေပဲလို့
    သိလာတဲ့အခါ....
    အောင်မြင်မှု အစစ်ဆိုတာ
    ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ်

    ကောက်ကျစ်မှုတွေကို
    မင်း မုန်းလာတဲ့နေ့
    ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ
    ဘယ်လောက် အဖိုးတန်မှန်
    သိလာလိမ့်မယ်

    ဘဝက ခယောင်းလမ်း မဟုတ်ဘူး
    တစ်ခါတလေ ဆူးခင်းလမ်းလဲ
    လျှောက်ရတယ် ခလုတ်တိုက်မှာ
    စိုးလို့ မလျှောက်ဘူး ဆိုရင်တော့
    မင်းခြေထောက်တွေ သန်မာလာမှာ
    မဟုတ်ဘူး

    အချိန်နာရီတွေနဲ့ မဆိုင်ဘူး
    မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ
    မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ်
    ရှိမှ ဖြစ်တာ

    အောက်ခြေမခိုင်ရင်
    ပြန် ပြုတ်ကျတတ်တာမို့
    အရည်အချင်း မရှိဘဲနဲ့
    အမြင့်ကို မတတ်ချင်ပါ

    ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့
    နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့
    ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။
    crd.

    အောင်ဆွေဝင်း
    🤔 ယုံကြည်ပါ မင်း လုပ်နိုင်တယ်ဆိုတာ 🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠 နောက်မှာရှိတာက ကျန်ခဲ့ပြီမို့လား ဒါဆို ရှေ့ကိုပဲ လျှောက်ဖို့ပြင်.... အတိတ်မှာငိုခဲ့ဖူးပြီ မဟုတ်လား ဒါဆို ရင့်ကျက်ဖို့ပဲ ကြိုးစားတော့.... ဒီနေ့က မလွယ်ကူဘူး မနက်ဖြန်မှာ ပိုခက်ခဲနိုင်တယ် အခု ဒုက္ခရောက်နေတယ် နောက်နေ့လဲ အဆင်ပြေဖို့ မသေချာဘူး အကောင်းဆုံးတွေကိုပဲ မျော်နေခြင်းက အဆိုးတွေကို ပိုဆိုးစေနိုင်ပြီးတော့ အဆိုးဆုံး အခြေအနေကို လက်ခံနိုင်ခြင်းဟာ အကောင်းဆုံးတွေကို ဖန်တီးနိုင်ခြင်းပဲ နိမ့်ချတယ်ဆိုပြီး အထင်သေးစရာ မလိုဘူး အဲ့ဒါ ယဉ်ကျေးတယ်လို့ ခေါ်တယ် ဘဝင်မြင့် နေတယ်ဆိုပြီး ကဲ့ရဲ့စရာ မလိုဘူး အဲ့ဒါ ယူတတ်ရမယ့် သင်ခန်းစာလေ ဘဝထဲမှာ..... သူက ထွက်သွားတာ ရှိသလို ကိုယ်က ထွက်လာတာလဲ ရှိမယ် ကိုယ်မပါလဲ သူဆက်လျှောက်ရမှာ ဖြစ်သလို သူမပါလို့ဆိုပြီး ကိုယ်ရပ်နေလို့မှ မရတာ လူအသစ်တွေ ဘဝထဲ ဝင်လာလိမ့်မယ် အလုပ် အသစ်တွေ လုပ်ရလိမ့်မယ့် ပတ်ဝန်းကျင် အသစ်မှာ အခြေချရမယ် အခက်အခဲမျိုးစုံ ကြုံတွေ့ရနိုင်တယ် ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် စိတ်ဓာတ်မကျဖို့နဲ့ ရင်ဆိုင်နိုင်ဖို့ ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင်ထားရမယ် ခဏခဏ တွေ့ဆုံရမယ် ပြီးရင် ခဏခဏ လမ်းခွဲရမယ် ဒီစိတ်ကူးတွေ ပျက်သွားရင် နောက်စိတ်ကူးတွေနဲ့ မျော်လင့်ကြဦးမယ် အလားတူပဲ နောက်ထပ် အကြိမ်များစွာ နာကျင်ရဦးမယ် ဟာသတွေကို နှစ်ခါ ပြန်မရယ်သလို ရင်နာစရာတွေအတွက် နှစ်ခါပြန် မငိုပါနဲ့ အမှတ်တရတွေကို ပြန်တွေးပြီး ဒဏ်ရာတွေကို အရောင် မတင်ချင်ပါနဲ့ တစ်ယောက် အလုပ် လုပ်လို့ တစ်အိမ်လုံး ဗိုက်မပြည့်တဲ့အခါ အချစ်က ဘဝမဟုတ်မှန် သိလာလိမ့်မယ် အမှားတွေကို အမှန်ထင် အတုတွေကို အစစ်လို ထင်လာတဲ့အခါ ဘွဲ့လက်မှက်က ပညာမဟုတ်မှန်း သိလိမ့်မယ် စိတ်ဖီစီးမှု အများဆုံး ဖြစ်နေတဲ့ သူတွေဟာ အောင်မြင်နေ သူတွေပဲလို့ သိလာတဲ့အခါ.... အောင်မြင်မှု အစစ်ဆိုတာ ကျန်းမာပျော်ရွှင်မှုပဲလို့ သိလာလိမ့်မယ် ကောက်ကျစ်မှုတွေကို မင်း မုန်းလာတဲ့နေ့ ရိုးသားမှုနဲ့ လူဖြစ်ခွင့် ရတာဟာ ဘယ်လောက် အဖိုးတန်မှန် သိလာလိမ့်မယ် ဘဝက ခယောင်းလမ်း မဟုတ်ဘူး တစ်ခါတလေ ဆူးခင်းလမ်းလဲ လျှောက်ရတယ် ခလုတ်တိုက်မှာ စိုးလို့ မလျှောက်ဘူး ဆိုရင်တော့ မင်းခြေထောက်တွေ သန်မာလာမှာ မဟုတ်ဘူး အချိန်နာရီတွေနဲ့ မဆိုင်ဘူး မင်းဘဝ ပြောင်းလဲလာဖို့ဆိုတာ မင်းကိုယ်တ်ိုင်း ပြောင်းလဲချင်စိတ် ရှိမှ ဖြစ်တာ အောက်ခြေမခိုင်ရင် ပြန် ပြုတ်ကျတတ်တာမို့ အရည်အချင်း မရှိဘဲနဲ့ အမြင့်ကို မတတ်ချင်ပါ ဘယ်မှ မရောက်ဘူးလို့ မပြောပါနဲ့ နည်းနည်းတော့ လျှောက်ကြည့်လိုတ်ပေါ့ ယုံကြည်ပါ မင်းလုပ်နိုင်တယ်ဆိုတာ ။ crd. အောင်ဆွေဝင်း
    Like
    Care
    3
    · 0 Comments ·0 Shares ·152 Views
  • တစ်ချို့လူတွေက
    ထစ်ကနဲ့ ဆိုမျက်ရည်လွယ်တယ်
    အဲ့ဒီအခြေအနေကို
    စိတ်ဓာတ်ပျော့ညံ့တယ်လို့
    မထင်လိုက်နဲ့…

    စိတ်ခံစားချက်ပြင်းပြတယ်လို့လည်း
    မတွေးနဲ့
    သူတို့ ချစ်တဲ့ ပတ်ဝန်းကျင်ကို
    မထိခိုက်စေချင်လို့
    ဒေါသ ကိုမျက်ရည်နဲ့ ဖျော်ချ လိုက်တာ။

    အဲ့ဒီ လူတွေ ဟာအရာရာကို
    ရင်ဘက်နဲ့ ပဲ ပေါင်းသင်းတတ်တယ်
    အကယ်၍ သူတို့ မျက်ရည်မကျတော့ဘူးဆိုရင်
    သေချာတယ် အဲ့ဒီ လူဟာ
    သူချစ်တဲ့ ပတ်ဝန်းကျင်သို့မဟုတ်
    သူမြတ်နိုးတဲ့ အရာတွေအပေါ်မှာ
    အရာရာကို ဘေးဖယ်ထားလိုက်ပြီလို့
    သတ်မှတ်လို့ရတယ် ။

    တနည်းပြောရရင်တော့
    လစ်လျူရူဖို့ကြိုးစားလိုက်တာ
    ဥပေက္ခာ ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ ။

    ဒါကြောင့် မျက်ရည်လွယ်တဲ့သူတွေဟာ
    စိတ်ဓာတ်ပျော့ညံ့တာမဟုတ်ဘူးလို့ပြောပြချင်တယ် ။

    #crd
    တစ်ချို့လူတွေက ထစ်ကနဲ့ ဆိုမျက်ရည်လွယ်တယ် အဲ့ဒီအခြေအနေကို စိတ်ဓာတ်ပျော့ညံ့တယ်လို့ မထင်လိုက်နဲ့… စိတ်ခံစားချက်ပြင်းပြတယ်လို့လည်း မတွေးနဲ့ သူတို့ ချစ်တဲ့ ပတ်ဝန်းကျင်ကို မထိခိုက်စေချင်လို့ ဒေါသ ကိုမျက်ရည်နဲ့ ဖျော်ချ လိုက်တာ။ အဲ့ဒီ လူတွေ ဟာအရာရာကို ရင်ဘက်နဲ့ ပဲ ပေါင်းသင်းတတ်တယ် အကယ်၍ သူတို့ မျက်ရည်မကျတော့ဘူးဆိုရင် သေချာတယ် အဲ့ဒီ လူဟာ သူချစ်တဲ့ ပတ်ဝန်းကျင်သို့မဟုတ် သူမြတ်နိုးတဲ့ အရာတွေအပေါ်မှာ အရာရာကို ဘေးဖယ်ထားလိုက်ပြီလို့ သတ်မှတ်လို့ရတယ် ။ တနည်းပြောရရင်တော့ လစ်လျူရူဖို့ကြိုးစားလိုက်တာ ဥပေက္ခာ ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ ။ ဒါကြောင့် မျက်ရည်လွယ်တဲ့သူတွေဟာ စိတ်ဓာတ်ပျော့ညံ့တာမဟုတ်ဘူးလို့ပြောပြချင်တယ် ။ #crd
    Like
    Love
    4
    · 0 Comments ·0 Shares ·89 Views
  • ဒေါနတပ်ရင်းနှင့် မွန်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှောင်တခင်စစ်ဆေး

    ရက်စွဲ။ ။ ၈ ရက် မတ်လ ၂၀၂၅။

    ၂၀၂၅ မတ်လ ၈ရက်နေ့မနက်ပိုင်းတွင် အမှတ် (၈)ပြည်ထောင်စုလမ်းပိုင်းကိုဒေါနတပ်ရင်းနှင့်မွန်မဟာမိတ်ပူးပေါင်းတပ်များကရှောင်တခင်စစ်ဆေးခဲ့ပါသည်။
    စစ်ကောင်စီတပ်သားများ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သူများအားအဓိကထားစစ်ဆေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါပူးပေါင်းဆောင်ရွက်မှုကို ဒေါနတပ်ရင်း၊ဒေါနစစ်ကြောင်း(၃)ဖြစ်သော KBDF၊ LPF နှင့် NMSP (AD)၊ ထားဝယ်နဂါးတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ကြောင်းတို့ပါဝင်လုပ်ဆောင်ခဲ့ပါသည်။

    Kanbauk Defense Force
    ဒေါနတပ်ခွဲ-၄
    ဒေါနတပ်ရင်းနှင့် မွန်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှောင်တခင်စစ်ဆေး ရက်စွဲ။ ။ ၈ ရက် မတ်လ ၂၀၂၅။ ၂၀၂၅ မတ်လ ၈ရက်နေ့မနက်ပိုင်းတွင် အမှတ် (၈)ပြည်ထောင်စုလမ်းပိုင်းကိုဒေါနတပ်ရင်းနှင့်မွန်မဟာမိတ်ပူးပေါင်းတပ်များကရှောင်တခင်စစ်ဆေးခဲ့ပါသည်။ စစ်ကောင်စီတပ်သားများ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သူများအားအဓိကထားစစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုကို ဒေါနတပ်ရင်း၊ဒေါနစစ်ကြောင်း(၃)ဖြစ်သော KBDF၊ LPF နှင့် NMSP (AD)၊ ထားဝယ်နဂါးတပ်ဖွဲ့နှင့် ဒေါင်းမင်းစစ်ကြောင်းတို့ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ Kanbauk Defense Force ဒေါနတပ်ခွဲ-၄
    Like
    2
    · 0 Comments ·0 Shares ·81 Views
  • လက်ကျန်ငွေ
    ရော့နည်းနေတယ်ပြောတဲ့
    အမကြီး လင်နောက်လိုင်သွားရင်
    သိပ်ကောင်းမှာပဲ
    လက်ကျန်ငွေ ရော့နည်းနေတယ်ပြောတဲ့ အမကြီး လင်နောက်လိုင်သွားရင် သိပ်ကောင်းမှာပဲ😂😂😂
    Love
    Haha
    2
    · 0 Comments ·0 Shares ·37 Views
  • ကြိုက်လို့ မ လာတာ


    ကျွန်မက ကလစ်ကာပါမောင်
    Message တွေအကြောင်းမပြန်နိုင်ခဲ့ရင်လည်း
    ဗွေမယူပါနဲ့
    ကလစ်နေရတော့ notiကိုပိတ်ထားရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ဖုန်းဆက်တဲ့အခါ ပြန်ချမိရင်လည်း
    နားလည်ပေးပါ ကြော်ငြာတက်နေတုန်းမို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    အချိန်မပေးနိုင်ခဲ့ရင်လည်း ခွင့်လွတ်ပေးပါ
    ကလစ်ကမ်ပိန်းတွေအတွက် အားစိုက်နေရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ဖုန်းစက်လေးနေပြီမို့ မောင့်ပုံလေးတွေဖျက်မိရင် စိတ်မဆိုးပါနဲ့ vpnတွေအများကြီးထည့်ထားရလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    စာပို့နေရင်း လိုင်းပေါ်ကပျောက်သွားရင်လည်း သည်းခံပေးပါ တခြားကလစ်Appတွေ ကလစ်ဖို့ကျန်နေသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    မောင်နဲ့ဆုံဖြစ်တဲ့အချိန် Audio bookဖွင့်ထားမိရင်လည်း လက်ခံပေးပါ ကြော်ငြာပန်းတွေတက်ဖို့ ဖွင့်ရတာမို့ပါ

    ကျွန်မကကလစ်ကာပါမောင်
    ထမင်းစားရင်တောင် ကလစ်နေရလို့ မဆူပါနဲ့
    တစ်ရက်တာ target မရသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    App တွေဝှက်တဲ့အခါ တမျိုးမထင်ပါနဲ့
    အပြင်ထွက်ရင် ခွေးဆွဲမှာကြောက်လို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    ညသန်းခေါင်ယံထိ မအိပ်ရမကောင်းလားလို့
    စိတ်မပူပါနဲ့ Mission ပျားလည်းတို့ရသေးလို့ပါ

    ကျွန်မက ကလစ်ကာပါမောင်
    မောင့်ကိုချစ်သလို
    ကလစ်တာကိုလည်း မပစ်နိုင်ပါဘူး
    အသစ်ရှာချင်လည်း မောင့်သဘောပါလေ
    မောင် ကျွန်မကို ခွင့်လွတ်မလား စွန့်လွတ်မလား
    ကျွန်မ ကလစ်ရဦးမှာမို့ ဒါပါပဲ

    #Maykhinkanyar
    ကြိုက်လို့ မ လာတာ ကျွန်မက ကလစ်ကာပါမောင် Message တွေအကြောင်းမပြန်နိုင်ခဲ့ရင်လည်း ဗွေမယူပါနဲ့ ကလစ်နေရတော့ notiကိုပိတ်ထားရလို့ပါ ကျွန်မက ကလစ်ကာပါမောင် ဖုန်းဆက်တဲ့အခါ ပြန်ချမိရင်လည်း နားလည်ပေးပါ ကြော်ငြာတက်နေတုန်းမို့ပါ ကျွန်မက ကလစ်ကာပါမောင် အချိန်မပေးနိုင်ခဲ့ရင်လည်း ခွင့်လွတ်ပေးပါ ကလစ်ကမ်ပိန်းတွေအတွက် အားစိုက်နေရလို့ပါ ကျွန်မက ကလစ်ကာပါမောင် ဖုန်းစက်လေးနေပြီမို့ မောင့်ပုံလေးတွေဖျက်မိရင် စိတ်မဆိုးပါနဲ့ vpnတွေအများကြီးထည့်ထားရလို့ပါ ကျွန်မက ကလစ်ကာပါမောင် စာပို့နေရင်း လိုင်းပေါ်ကပျောက်သွားရင်လည်း သည်းခံပေးပါ တခြားကလစ်Appတွေ ကလစ်ဖို့ကျန်နေသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် မောင်နဲ့ဆုံဖြစ်တဲ့အချိန် Audio bookဖွင့်ထားမိရင်လည်း လက်ခံပေးပါ ကြော်ငြာပန်းတွေတက်ဖို့ ဖွင့်ရတာမို့ပါ ကျွန်မကကလစ်ကာပါမောင် ထမင်းစားရင်တောင် ကလစ်နေရလို့ မဆူပါနဲ့ တစ်ရက်တာ target မရသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် App တွေဝှက်တဲ့အခါ တမျိုးမထင်ပါနဲ့ အပြင်ထွက်ရင် ခွေးဆွဲမှာကြောက်လို့ပါ ကျွန်မက ကလစ်ကာပါမောင် ညသန်းခေါင်ယံထိ မအိပ်ရမကောင်းလားလို့ စိတ်မပူပါနဲ့ Mission ပျားလည်းတို့ရသေးလို့ပါ ကျွန်မက ကလစ်ကာပါမောင် မောင့်ကိုချစ်သလို ကလစ်တာကိုလည်း မပစ်နိုင်ပါဘူး အသစ်ရှာချင်လည်း မောင့်သဘောပါလေ မောင် ကျွန်မကို ခွင့်လွတ်မလား စွန့်လွတ်မလား ကျွန်မ ကလစ်ရဦးမှာမို့ ဒါပါပဲ #Maykhinkanyar
    Love
    3
    · 0 Comments ·0 Shares ·83 Views
  • အဘွားက ပြောခဲ့ဖူးတယ်။

    ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
    ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။

    လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။

    အနာဂတ်အကြောင်း တွေးမပူနဲ့၊
    မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
    တွေးမကြောက်နဲ့တဲ့။

    ပန်းကန်တွေ ဆေး။
    အမှိုက်တွေ လှည်းကျင်း။
    စာရေးစရာရှိတာ ချရေး။
    ချက်စရာရှိတာ ချက်။

    ဒီလောက် လုပ်နိုင်ရင်
    ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
    တစ်လှမ်းချင်းပေါ့။

    ခက်ခဲတဲ့အချိန်မှာ
    တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
    နည်းနည်း အနားယူ။
    ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
    ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
    နောက်တစ်လှမ်း လှမ်း။
    နောက်တစ်ခါ အနားယူ။

    နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
    စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
    ဖြစ်သွားလိမ့်မယ်။

    အနာဂတ်ကို တွေးပူပြီး
    လက်လျှော့ချင်နေတဲ့စိတ်တွေ
    လျော့ပါးလာလိမ့်မယ်တဲ့။

    ~ အယ်လီနာ မီခယ်လ်ခိုဗာ
    အဘွားက ပြောခဲ့ဖူးတယ်။ ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။ လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။ အနာဂတ်အကြောင်း တွေးမပူနဲ့၊ မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ တွေးမကြောက်နဲ့တဲ့။ ပန်းကန်တွေ ဆေး။ အမှိုက်တွေ လှည်းကျင်း။ စာရေးစရာရှိတာ ချရေး။ ချက်စရာရှိတာ ချက်။ ဒီလောက် လုပ်နိုင်ရင် ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။ တစ်လှမ်းချင်းပေါ့။ ခက်ခဲတဲ့အချိန်မှာ တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။ နည်းနည်း အနားယူ။ ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။ နောက်တစ်လှမ်း လှမ်း။ နောက်တစ်ခါ အနားယူ။ နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ ဖြစ်သွားလိမ့်မယ်။ အနာဂတ်ကို တွေးပူပြီး လက်လျှော့ချင်နေတဲ့စိတ်တွေ လျော့ပါးလာလိမ့်မယ်တဲ့။ ~ အယ်လီနာ မီခယ်လ်ခိုဗာ
    Love
    2
    · 0 Comments ·0 Shares ·87 Views
  • ဘယ်သူတွေ
    ကိုယ့်အပေါ်ကောင်းကောင်း
    မကောင်းကောင်း...စိတ်မဝင်စားဘူး

    အဲ့တာက
    သူတို့အကြောင်းနဲ့
    သူတို့စိတ်ပဲ

    ကိုယ်ကတော့
    ကိုယ့်လမ်းကြောင်းပေါ်မှာ
    ကောင်းတာတွေနဲ့ ဆက်လျှောက်နေမှာပဲ

    လူတိုင်းက ကိုယ့်တန်ဖိုးကို
    ကိုယ်တိုင် သတ်မှတ်ထားကြပြီးသားပဲလေ။

    #မနောသီရိ
    #လူငယ်များအတွက်ဗဟုသုတစာပေများ
    #အရမ်းကောင်းတဲ့စာသားပါ
    #စာပေဗဟုသုတများ
    #crd_to_owner_with_respectcrd
    ဘယ်သူတွေ ကိုယ့်အပေါ်ကောင်းကောင်း မကောင်းကောင်း...စိတ်မဝင်စားဘူး အဲ့တာက သူတို့အကြောင်းနဲ့ သူတို့စိတ်ပဲ ကိုယ်ကတော့ ကိုယ့်လမ်းကြောင်းပေါ်မှာ ကောင်းတာတွေနဲ့ ဆက်လျှောက်နေမှာပဲ လူတိုင်းက ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်ထားကြပြီးသားပဲလေ။ #မနောသီရိ #လူငယ်များအတွက်ဗဟုသုတစာပေများ #အရမ်းကောင်းတဲ့စာသားပါ #စာပေဗဟုသုတများ #crd_to_owner_with_respectcrd
    Like
    1
    · 0 Comments ·0 Shares ·109 Views
  • ကိုယ့်ဘောင်အတွင်းမှာ
    ကိုယ်အချိုး ကိုယ့်အထာနဲ့ နေထိုင်ပါတယ်
    ရင်ဘတ်မတူခဲ့ရင် ဘာကောင်ဖြစ်ဖြစ်
    မပေါင်းပါဘူး

    ပျော်အောင်နေတတ်ပြီး
    စိတ်ဒုက္ခပေးမဲ့သူတွေကို တတ်နိုင်သမျှ
    ရှောင်ဖြစ်တယ်

    မာနကြီးတာ မဟုတ်ဘူး
    ဘဝင်မြင့်တာ မဟုတ်ဘူး
    ဘယ်သူ့ကိုမှလဲ ရှင်းမပြတတ်ဘူး

    မြင်တဲ့အတိုင်း ထင်နိုင်ပါတယ်
    အဲဒါတွေ ဂရုမစိုက်သလို
    ကျွန်တော်နဲ့လဲ မဆိုင်ပါဘူး

    မကောင်းဘူးထင်ရင်ရှောင်ပါ
    ဘယ်သူ့မှ မျက်နှာချိုမသွေးတတ်လို့
    သေတဲ့အထိ တစ်ယောက်ထဲနေရလဲဖြစ်ပါတယ်

    ဒါဟာ
    ငါရေးတဲ့ ငါ့သမိုင်းပါပဲ။

    #လူငယ်များအတွက်ဗဟုသုတစာပေများ
    #စာပေဗဟုသုတများ
    #အရမ်းကောင်းတဲ့စာသားပါ
    #crd_to_owner_with_respectcrd
    ကိုယ့်ဘောင်အတွင်းမှာ ကိုယ်အချိုး ကိုယ့်အထာနဲ့ နေထိုင်ပါတယ် ရင်ဘတ်မတူခဲ့ရင် ဘာကောင်ဖြစ်ဖြစ် မပေါင်းပါဘူး ပျော်အောင်နေတတ်ပြီး စိတ်ဒုက္ခပေးမဲ့သူတွေကို တတ်နိုင်သမျှ ရှောင်ဖြစ်တယ် မာနကြီးတာ မဟုတ်ဘူး ဘဝင်မြင့်တာ မဟုတ်ဘူး ဘယ်သူ့ကိုမှလဲ ရှင်းမပြတတ်ဘူး မြင်တဲ့အတိုင်း ထင်နိုင်ပါတယ် အဲဒါတွေ ဂရုမစိုက်သလို ကျွန်တော်နဲ့လဲ မဆိုင်ပါဘူး မကောင်းဘူးထင်ရင်ရှောင်ပါ ဘယ်သူ့မှ မျက်နှာချိုမသွေးတတ်လို့ သေတဲ့အထိ တစ်ယောက်ထဲနေရလဲဖြစ်ပါတယ် ဒါဟာ ငါရေးတဲ့ ငါ့သမိုင်းပါပဲ။ #လူငယ်များအတွက်ဗဟုသုတစာပေများ #စာပေဗဟုသုတများ #အရမ်းကောင်းတဲ့စာသားပါ #crd_to_owner_with_respectcrd
    Love
    Care
    2
    · 0 Comments ·0 Shares ·70 Views
More Results