• "ဖာချ မယ်လိုက်မလား " တဲ့

    ပထမ တော့ရှက်နေတာ

    " အရက်ပါတိုက်မှာနော် " တဲ့

    " ဟော်တယ်မှာ ချရမှာ" တဲ့

    " ယောက်ျား လို့ခံယူရင်လိုက်ခဲ့" တဲ့

    ဒါမျိုးအခွင့်အရေးတော့ ဘယ်လက်လွှတ်ခံမလဲဆိုပြီး
    လိုက်သွားတာ တကယ်ကြီး

    "ဖာတွေချနေရတယ် "

    " အရက်ဖာတွေ "

    တစ်ကားလုံးရှိရှိသမျှ အရက်ဖာတွေကို
    ဟော်တယ် တစ်ခုအတွက်ချပေးလိုက်ရတယ်..

    " အရက်တော့တိုက်တယ် ဂရမ်းတစ်လုံးတည်း"

    "ငါငြိုးမ သား" တွေ ။

    ဟာသပါ
    "ဖာချ မယ်လိုက်မလား " တဲ့ ပထမ တော့ရှက်နေတာ " အရက်ပါတိုက်မှာနော် " တဲ့ " ဟော်တယ်မှာ ချရမှာ" တဲ့ " ယောက်ျား လို့ခံယူရင်လိုက်ခဲ့" တဲ့ ဒါမျိုးအခွင့်အရေးတော့ ဘယ်လက်လွှတ်ခံမလဲဆိုပြီး လိုက်သွားတာ တကယ်ကြီး "ဖာတွေချနေရတယ် " " အရက်ဖာတွေ " တစ်ကားလုံးရှိရှိသမျှ အရက်ဖာတွေကို ဟော်တယ် တစ်ခုအတွက်ချပေးလိုက်ရတယ်.. " အရက်တော့တိုက်တယ် ဂရမ်းတစ်လုံးတည်း" "ငါငြိုးမ သား" တွေ ။ ဟာသပါ
    Haha
    2
    · 0 Comments ·0 Shares ·570 Views
  • "မျက်ရည်ဝိုင်"

    အဝေးမှာ
    သိုဝှက်စွာလင်းလက်ခဲ့တဲ့
    ငါ့ရဲ့ ကြယ်စင်

    အပြောကျယ်တဲ့ကောင်းကင်ထဲ
    အဆုံးစမဲ့
    ပြေးလွှားရှာဖွေရင်း
    အခုတော့ . . . မောပန်းလှပြီ

    ဘဝဆိုတာ ဘာလဲလို့
    ငါမေးချင်မိတယ်

    ထွက်ပြေးပေမယ့်မလွတ်မြောက်တော့တဲ့
    လောကဓံရယ် . . .
    ကိုယ်တိုင်ဖန်တီးခဲ့တဲ့
    ကြမ္မာရယ် . . .
    စွန်လိုလွှင့်တင်ထားတဲ့
    ကြိုးနဲ့အိပ်မက်ရယ် . . .
    မျက်ရည်တုနဲ့ဟန်ဆောင်ခဲ့တဲ့
    ပြဇတ်ရယ် . . .
    ဘယ်တော့မှမပြီးဆုံးနိုင်တဲ့
    အတ္တရယ် . . .

    အတွေးတိမ်တဲ့လူတွေကြားထဲ
    ယစ်မူးစေတဲ့
    မိုးခါးရေတစ်ခွက်နဲ့
    ငါ
    ကစားရမလား
    နားရမလား ။ ။

    ကောင်းမြတ်စံသာ
    19.7.2017(Wed)
    "မျက်ရည်ဝိုင်" အဝေးမှာ သိုဝှက်စွာလင်းလက်ခဲ့တဲ့ ငါ့ရဲ့ ကြယ်စင် အပြောကျယ်တဲ့ကောင်းကင်ထဲ အဆုံးစမဲ့ ပြေးလွှားရှာဖွေရင်း အခုတော့ . . . မောပန်းလှပြီ ဘဝဆိုတာ ဘာလဲလို့ ငါမေးချင်မိတယ် ထွက်ပြေးပေမယ့်မလွတ်မြောက်တော့တဲ့ လောကဓံရယ် . . . ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ကြမ္မာရယ် . . . စွန်လိုလွှင့်တင်ထားတဲ့ ကြိုးနဲ့အိပ်မက်ရယ် . . . မျက်ရည်တုနဲ့ဟန်ဆောင်ခဲ့တဲ့ ပြဇတ်ရယ် . . . ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ အတ္တရယ် . . . အတွေးတိမ်တဲ့လူတွေကြားထဲ ယစ်မူးစေတဲ့ မိုးခါးရေတစ်ခွက်နဲ့ ငါ ကစားရမလား နားရမလား ။ ။ ကောင်းမြတ်စံသာ 19.7.2017(Wed)
    Like
    1
    · 0 Comments ·0 Shares ·613 Views
  • အင်္ဂါလေးချက်နှင့်ညီလျှင်
    ဒုတိယဘဝမှာ ကိစ္စပြီးတယ်။


    တရားနာတဲ့ပုဂ္ဂိုလ်၊
    တရားကြည်ညိုတဲ့ပုဂ္ဂိုလ်၊
    တရားနှလုံးသွင်းတဲ့ပုဂ္ဂိုလ်ဟာ
    #ငါ_ငါ့ဥစ္စာမရှိဘူးဆိုတာ_သိတာနဲ့တင်

    ဒီဘဝမှာ အလုပ်လုပ်တဲ့ကိစ္စမပြီးခင်
    ဒုက္ခအဆုံးကိုမရောက်ဘဲ
    ဒုက္ခလေးတွေမြင်ရုံနဲ့သာ
    ကွယ်လွန်သွားပေမယ့်
    ဒုတိယဘဝမှာ
    အသေအချာပြီးတယ်ဆိုတာကို
    ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
    သဗ္ဗေညုတဉာဏ်နဲ့ကြည့်ပြီး
    ဆုံးဖြတ်ချက်ချထားတာ
    စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာပါ ပါတယ်။

    ဒီအင်္ဂါလေးရပ်နဲ့သာညီပါစေတဲ့။

    (တစ်) တရားနာပါ။
    (နှစ် ) လေ့လာမှတ်သားနှုတ်ဆောင်ပါ။
    (သုံး) စိတ်ထဲနှလုံးသွင်းကြပါ။
    (လေး)အနိစ္စတွေပဲ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊
    ငါသူတပါးယောင်္ကျား၊ မိန်းမ မရှိပါလားဆိုတဲ့
    ဒိဋ္ဌိခွာပေးပါ။

    ဖြစ်ပျက်အဆုံးမရောက်သေးဘဲ၊
    မဂ်နဲ့ကွာတာ မဟုတ်သေးပဲ၊
    သေပင်သေသွားသော်ငြားလည်းနတ်ပြည်ခြောက်ထပ်တစ်ခုခုကို
    ရောက်ပါသတဲ့။

    နတ်ပြည်ကို
    နတ်အနေနဲ့ရောက်မှန်းမသိသေးဘဲ
    စိတ်ဆိုတဲ့တရားကြီးဟာ အနိစ္စပါလား၊
    ဒုက္ခပါလား၊
    အနတ္တပါလား။

    ဝေဒနာဟာလည်း
    အနိစ္စပါလား၊
    ဒုက္ခပါလား၊
    အနတ္တပါလား
    လို့ ရှုဉာဏ်က အရင်ပေါ်လာတယ်တဲ့။

    နတ်ခန္ဓာဟာ လူ့ခန္ဓာလိုမဟုတ်ဘဲ အညစ်အကြေးကင်းစင်တာကြောင့်
    နတ်အနေနဲ့ ခန္ဓာဉာဏ်ရောက်တရားကချက်ခြင်း တပြိုင်နက်ပေါ်ပါတယ်။

    အဲဒီမှာ
    သောတာပန်၊
    သကဒါဂါမ်၊
    အနာဂါမ်၊
    ရဟန္တာကျအောင်ဖြစ်သွားပါတယ်။

    ပထမပုဂ္ဂိုလ်။
    အထက်ပါအင်္ဂါလေးရပ်နဲ့ပြည့်စုံကာ ဝိပဿနာဉာဏ်တော့ပါပြီး လောကုတ္တရာမဂ်မပါဘဲ
    သေလွန်သွားရင်လည်း
    နတ်ပြည်ရောက်ပါတယ်။

    နတ်ပြည်ရောက်တဲ့အခါ
    သူ့ဟာသူပေါ်လာပြီး
    လေးလေးစားစားနဲ့ရှုမှတ်လိုက်တာ
    သူ့ဟာသူပဲ မဂ်လေးတန်၊
    သူ့ဟာသူပဲ နှစ်မဂ်၊
    သုံးမဂ်ရတဲ့
    ပုဂ္ဂိုလ်တွေရှိပါသတဲ့။

    တရားဟောဆရာမပါဘဲ ကိစ္စပြီးသွားတယ်။

    #ဒုတိယပုဂ္ဂိုလ်။
    အင်္ဂါလေးရပ်နဲ့ပြည့်စုံခဲ့သူဟာ သေခါနီးမှာတွေတွေဝေဝေနဲ့ သေသွားခဲ့ရင်လည်း နတ်ပြည်ရောက်တာပါပဲ။

    ပဋိစ္စသမုပ္ပဒ်နားလည်ရင်
    ဒိဋ္ဌိကွာနေတာပဲ။

    သူ့စိတ်သိတဲ့ မိတ်ဆွေနတ်ကလာပြီး ဖြစ်ပျက်ရှုမှတ်ဖို့
    ပြန်အောက်မေ့ဖို့ကို သတိပေးတဲ့အခါ
    ခန္ဓာလှည့်နှလုံးသွင်းတဲ့အခါ
    သူလည်း
    သောတာပန်၊
    သကဒါဂါမ်၊
    အနာဂါမ်၊
    ရဟန္တာဖြစ်တာပါပဲ။

    #တတိယပုဂ္ဂိုလ်။
    မိန်းမောသေတာတောင် မကြောက်ပါနဲ့တဲ့။
    အင်္ဂါလေးပါးနဲ့သာပြည့်စုံရင်
    နတ်ပြည်ရောက်တာပါပဲ။

    ခုနှစ်ရက်တစ်ပါတ်တရားနာကြရတဲ့ နတ်ပြည်တရားပွဲမှာ
    ကိုယ်နာထားတဲ့တရားတွေ
    အကုန်ပြန်ပေါ်လာပါတယ်။

    အဲဒီတရားပွဲထဲမှာပဲ
    သောတာပန်၊
    သကဒါဂါမ်၊
    အနာဂါမ်၊
    ရဟန္တာဖြစ်တာပါပဲ။

    #စတုတ္ထပုဂ္ဂိုလ်။
    လူ့ပြည်မှာတရားနာဘက် မိတ်ဆွေတွေထဲက
    အလျှင်နတ်ပြည်ရောက်နှင့်တဲ့သူတွေရှိတယ်။

    လူ့ပြည်နှစ်ငါးဆယ်မှ
    စတုမဟာရာဇ်က တစ်ရက်ပဲရှိတယ်။

    လူ့ပြည်နှစ်တစ်ရာမှ တာဝတိံသာကတစ်ရက်ရှိတယ်။

    အရင်ရောက်နှင့်သူက
    နတ်ပြည်အနေနဲ့အချိန်ပိုင်းပဲရှိဦးမယ်။

    အဲသလို
    အချိန်ပိုင်းဦးစွာရောက်နေတဲ့နတ်က
    တရားနှလုံးသွင်းဖို့ကို
    လာသတိပေးတာနဲ့ ဉာဏ်လှည့်လိုက်တဲ့အခါ
    သောတာပန်၊
    သကဒါဂါမ်၊
    အနာဂါမ်၊
    ရဟန္တာဖြစ်တာပါပဲ။

    သူတို့မှာ
    သလိပ်တွေ၊ ပြည်တွေ၊
    သွေးတွေမရှိတဲ့အတွက်
    ဉာဏ်တွေဝင်လာပြီး
    ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးပြီး
    မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ပါတယ်။

    အင်္ဂါလေးပါးနဲ့ပြည့်စုံတဲ့သူဟာ သေခါနီးမှာ
    ဘာမှနှလုံးမသွင်းနိုင်ဘဲ
    ဘယ်လိုသေသေ
    သေမှာကြောက်စရာမရှိပါဘူးတဲ့။

    အကြွေးနဲ့လက်ငင်း
    ဘယ်ဟာပိုကြိုက်သလဲ။

    သုခဆိုတာ နောက်ထပ်မဖြစ်တာ။
    ဒုက္ခဆိုတာ နောက်ထပ်ပဋိသန္ဓေနေရတာပါ။

    ဒါကြောင့်
    လက်ငင်းရတဲ့မဂ်အလုပ်လုပ်လိုက်တော့
    အခုပြီးသွားတာဟာဖြင့်
    အကောင်းဆုံးပဲတဲ့။

    အကယ်၍
    အကြွေးဖြစ်ခဲ့ဦး
    ဒုတိယဘဝမှာကိစ္စပြီးတယ်။

    #ဝိပဿနာအကျိုးသွား

    လက်ရှိခန္ဓာ မတွယ်တာနှင့်
    နောင်လာဘဝ မတောင့်တဘဲ
    ကြောင့်ကြဇွဲဖြင့် အမြဲမပြတ်
    ဝိပဿနာ လေ့လာကြိမ်ကြိမ်
    အာစိဏ္ဏကံ ဖြစ်ကြောင်းဖန်မူ
    ထိုသည့်သူကား
    အယူမလွဲ ဂတိ မြဲ ၏။

    မီးစွဲလောင်မှ ရေကိုတသော်
    မရဖြစ်အင် ပုံနှိုင်းယှဉ်၍
    မဂ္ဂင်သန္ဓေ တည်မြဲနေအောင်
    မသေခင်က
    ပြင်ဆင်တောက်လျှောက်
    မေ့မပျောက်နှင့် ။

    ချွေးပေါက်ယိုစီး
    သေခါနီးဝယ်
    အပြီးမုချ မဂ်ကိုရလိမ့်။

    ကိစ္စမလျော် အကြောင်းပေါ်၍
    မတော်တဆ မဂ်မရဦး
    ဘဝအစွန် တမလွန်တွင်
    ထူးချွန်အံ့လောက်
    နတ်ပြည်ရောက်၍
    မဖောက်မပြန်
    သောတာပန်အစစ်
    ဧကန်ဖြစ်သည်
    မလစ်ဝိပဿနာအကျိုးတည်း။ ။

    ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး


    Credit@

    ကျန်းမာ ပျော်မွေ့ တရားတွေ့ကြပါစေ..
    #yla•
    အင်္ဂါလေးချက်နှင့်ညီလျှင် ဒုတိယဘဝမှာ ကိစ္စပြီးတယ်။ ⚜🔹⚜🔹⚜🔹⚜🔹⚜ တရားနာတဲ့ပုဂ္ဂိုလ်၊ တရားကြည်ညိုတဲ့ပုဂ္ဂိုလ်၊ တရားနှလုံးသွင်းတဲ့ပုဂ္ဂိုလ်ဟာ #ငါ_ငါ့ဥစ္စာမရှိဘူးဆိုတာ_သိတာနဲ့တင် ဒီဘဝမှာ အလုပ်လုပ်တဲ့ကိစ္စမပြီးခင် ဒုက္ခအဆုံးကိုမရောက်ဘဲ ဒုက္ခလေးတွေမြင်ရုံနဲ့သာ ကွယ်လွန်သွားပေမယ့် ဒုတိယဘဝမှာ အသေအချာပြီးတယ်ဆိုတာကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သဗ္ဗေညုတဉာဏ်နဲ့ကြည့်ပြီး ဆုံးဖြတ်ချက်ချထားတာ စတုက္ကနိပါတ် အင်္ဂုတ္တိုရ်မှာပါ ပါတယ်။ ဒီအင်္ဂါလေးရပ်နဲ့သာညီပါစေတဲ့။ (တစ်) တရားနာပါ။ (နှစ် ) လေ့လာမှတ်သားနှုတ်ဆောင်ပါ။ (သုံး) စိတ်ထဲနှလုံးသွင်းကြပါ။ (လေး)အနိစ္စတွေပဲ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊ ငါသူတပါးယောင်္ကျား၊ မိန်းမ မရှိပါလားဆိုတဲ့ ဒိဋ္ဌိခွာပေးပါ။ ဖြစ်ပျက်အဆုံးမရောက်သေးဘဲ၊ မဂ်နဲ့ကွာတာ မဟုတ်သေးပဲ၊ သေပင်သေသွားသော်ငြားလည်းနတ်ပြည်ခြောက်ထပ်တစ်ခုခုကို ရောက်ပါသတဲ့။ နတ်ပြည်ကို နတ်အနေနဲ့ရောက်မှန်းမသိသေးဘဲ စိတ်ဆိုတဲ့တရားကြီးဟာ အနိစ္စပါလား၊ ဒုက္ခပါလား၊ အနတ္တပါလား။ ဝေဒနာဟာလည်း အနိစ္စပါလား၊ ဒုက္ခပါလား၊ အနတ္တပါလား လို့ ရှုဉာဏ်က အရင်ပေါ်လာတယ်တဲ့။ နတ်ခန္ဓာဟာ လူ့ခန္ဓာလိုမဟုတ်ဘဲ အညစ်အကြေးကင်းစင်တာကြောင့် နတ်အနေနဲ့ ခန္ဓာဉာဏ်ရောက်တရားကချက်ခြင်း တပြိုင်နက်ပေါ်ပါတယ်။ အဲဒီမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာကျအောင်ဖြစ်သွားပါတယ်။ ပထမပုဂ္ဂိုလ်။ အထက်ပါအင်္ဂါလေးရပ်နဲ့ပြည့်စုံကာ ဝိပဿနာဉာဏ်တော့ပါပြီး လောကုတ္တရာမဂ်မပါဘဲ သေလွန်သွားရင်လည်း နတ်ပြည်ရောက်ပါတယ်။ နတ်ပြည်ရောက်တဲ့အခါ သူ့ဟာသူပေါ်လာပြီး လေးလေးစားစားနဲ့ရှုမှတ်လိုက်တာ သူ့ဟာသူပဲ မဂ်လေးတန်၊ သူ့ဟာသူပဲ နှစ်မဂ်၊ သုံးမဂ်ရတဲ့ ပုဂ္ဂိုလ်တွေရှိပါသတဲ့။ တရားဟောဆရာမပါဘဲ ကိစ္စပြီးသွားတယ်။ #ဒုတိယပုဂ္ဂိုလ်။ အင်္ဂါလေးရပ်နဲ့ပြည့်စုံခဲ့သူဟာ သေခါနီးမှာတွေတွေဝေဝေနဲ့ သေသွားခဲ့ရင်လည်း နတ်ပြည်ရောက်တာပါပဲ။ ပဋိစ္စသမုပ္ပဒ်နားလည်ရင် ဒိဋ္ဌိကွာနေတာပဲ။ သူ့စိတ်သိတဲ့ မိတ်ဆွေနတ်ကလာပြီး ဖြစ်ပျက်ရှုမှတ်ဖို့ ပြန်အောက်မေ့ဖို့ကို သတိပေးတဲ့အခါ ခန္ဓာလှည့်နှလုံးသွင်းတဲ့အခါ သူလည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်တာပါပဲ။ #တတိယပုဂ္ဂိုလ်။ မိန်းမောသေတာတောင် မကြောက်ပါနဲ့တဲ့။ အင်္ဂါလေးပါးနဲ့သာပြည့်စုံရင် နတ်ပြည်ရောက်တာပါပဲ။ ခုနှစ်ရက်တစ်ပါတ်တရားနာကြရတဲ့ နတ်ပြည်တရားပွဲမှာ ကိုယ်နာထားတဲ့တရားတွေ အကုန်ပြန်ပေါ်လာပါတယ်။ အဲဒီတရားပွဲထဲမှာပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်တာပါပဲ။ #စတုတ္ထပုဂ္ဂိုလ်။ လူ့ပြည်မှာတရားနာဘက် မိတ်ဆွေတွေထဲက အလျှင်နတ်ပြည်ရောက်နှင့်တဲ့သူတွေရှိတယ်။ လူ့ပြည်နှစ်ငါးဆယ်မှ စတုမဟာရာဇ်က တစ်ရက်ပဲရှိတယ်။ လူ့ပြည်နှစ်တစ်ရာမှ တာဝတိံသာကတစ်ရက်ရှိတယ်။ အရင်ရောက်နှင့်သူက နတ်ပြည်အနေနဲ့အချိန်ပိုင်းပဲရှိဦးမယ်။ အဲသလို အချိန်ပိုင်းဦးစွာရောက်နေတဲ့နတ်က တရားနှလုံးသွင်းဖို့ကို လာသတိပေးတာနဲ့ ဉာဏ်လှည့်လိုက်တဲ့အခါ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်တာပါပဲ။ သူတို့မှာ သလိပ်တွေ၊ ပြည်တွေ၊ သွေးတွေမရှိတဲ့အတွက် ဉာဏ်တွေဝင်လာပြီး ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ပါတယ်။ အင်္ဂါလေးပါးနဲ့ပြည့်စုံတဲ့သူဟာ သေခါနီးမှာ ဘာမှနှလုံးမသွင်းနိုင်ဘဲ ဘယ်လိုသေသေ သေမှာကြောက်စရာမရှိပါဘူးတဲ့။ အကြွေးနဲ့လက်ငင်း ဘယ်ဟာပိုကြိုက်သလဲ။ သုခဆိုတာ နောက်ထပ်မဖြစ်တာ။ ဒုက္ခဆိုတာ နောက်ထပ်ပဋိသန္ဓေနေရတာပါ။ ဒါကြောင့် လက်ငင်းရတဲ့မဂ်အလုပ်လုပ်လိုက်တော့ အခုပြီးသွားတာဟာဖြင့် အကောင်းဆုံးပဲတဲ့။ အကယ်၍ အကြွေးဖြစ်ခဲ့ဦး ဒုတိယဘဝမှာကိစ္စပြီးတယ်။ #ဝိပဿနာအကျိုးသွား လက်ရှိခန္ဓာ မတွယ်တာနှင့် နောင်လာဘဝ မတောင့်တဘဲ ကြောင့်ကြဇွဲဖြင့် အမြဲမပြတ် ဝိပဿနာ လေ့လာကြိမ်ကြိမ် အာစိဏ္ဏကံ ဖြစ်ကြောင်းဖန်မူ ထိုသည့်သူကား အယူမလွဲ ဂတိ မြဲ ၏။ မီးစွဲလောင်မှ ရေကိုတသော် မရဖြစ်အင် ပုံနှိုင်းယှဉ်၍ မဂ္ဂင်သန္ဓေ တည်မြဲနေအောင် မသေခင်က ပြင်ဆင်တောက်လျှောက် မေ့မပျောက်နှင့် ။ ချွေးပေါက်ယိုစီး သေခါနီးဝယ် အပြီးမုချ မဂ်ကိုရလိမ့်။ ကိစ္စမလျော် အကြောင်းပေါ်၍ မတော်တဆ မဂ်မရဦး ဘဝအစွန် တမလွန်တွင် ထူးချွန်အံ့လောက် နတ်ပြည်ရောက်၍ မဖောက်မပြန် သောတာပန်အစစ် ဧကန်ဖြစ်သည် မလစ်ဝိပဿနာအကျိုးတည်း။ ။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး 🙏🙏🙏 Credit@ ကျန်းမာ ပျော်မွေ့ တရားတွေ့ကြပါစေ..🤎 #yla•🙏
    Like
    Love
    Care
    3
    · 1 Comments ·0 Shares ·986 Views
  • . ဆင်ပြောင်ကြီး အမြီးကျမှတစ်
    ****************************

    >> ရော့.. ဒီမှာပုလင်းတစ်လုံး အဲ့ဒီပုလင်းထဲကို
    ဆင်တစ်ကောင်ဖမ်းပြီးထည့်ခဲ့ ...
    ပြီးရင်ကျသင့်ငွေ တင်တောင်းလိုက် ...

    >> ဗျာ ... ဆင်အကြီးကြီးကို ဒီပုလင်း ...
    အသေးလေးထဲ ဘယ်လိုထည့်လို့ရမှာလဲဗျာ ...

    >> တော်တော်အသုံးမကျတဲ့ကောင်
    ကြိုးစားကြည့်မယ်မရှိဘူး. ...

    နောက်ထပ်ဘာအလုပ်မှမပေးတော့ဘူး.. ...
    သွားတော့ ...
    နောက်တစ်ယောက် ...

    >> မင်းကတော့ ပညာရှင်ဆိုတော့ ပုလင်းထဲကို
    ဆင်ဘယ်လိုထည့်ရမယ်ဆိုတာသိမှာပေါ့ ...
    ငါ့ကိုအဲ့ကိစ္စလေး မြန်မြန်လုပ်ပေးစမ်းကွာ ..
    မင်းရဲ့ပညာကြေးကိုလည်း ကျသလောက်ယူသွား ...

    >> ဒီလိုပါဗျ သီအိုရီအရ အထည့်ခံရမယ်ပစ္စည်းဟာ
    ထည့်မယ့်ပစ္စည်းထက်ကြီးရမှာဖြစ်သလို...
    ထည့်မယ့်ပစ္စည်းရဲ့ အလေးချိန်ကိုလည်းခံနိုင်မယ့်
    ကြံ့ခိုင်မှုမျိုးရှိရပါမယ် ပြီးတော့ ...

    >> အာ အဲ့ဒါတွေမသိချင်ဘူး မင်းလုပ်နိုင်လား
    မလုပ်နိုင်ဘူးလားပဲပြော ... 🗣

    >> သီအိုရီအရ မဖြစ်နိုင်လို့ပါခင်ဗျ

    >> တော်ပြီး မင်းမလုပ်နိုင်လည်း လုပ်နိုင်တဲ့သူပဲ ခိုင်းမယ် ...
    အလကားကောင် သူအသုံးမကျတာကို
    သီအိုရီကြောင့် ဘာကြောင့်နဲ့လွှဲချတယ် ... 🗣

    နောက်တစ်ယောက် ...

    >> မင်းကရော ဘာအလုပ်လုပ်လဲ ...

    >> ကျွန်တော်လား အကုန်လုပ်ပါတယ်ဗျ
    ဘာဖြစ်ဖြစ်ခိုင်းပါ ဖြစ်အောင်လုပ်ပေးပါ့မယ်ဗျ ...

    >> အေး ကြိုက်သွားပြီ ဒီလိုလူမျိုးကို
    ငါက ရှာနေတာ ...

    >> ဒီလိုကွာ ဒီပုလင်းအသေးလေးထဲကို
    ဆင်တစ်ကောင်ဖမ်းပြီးထည့်ချင်တာကွ ...
    ရမလား ... 🗣

    >> ဟုတ် ရတော့ ရမှာပါ ....
    သိပ်တော့မလွယ်လောက်ဖူး ...
    ဒါပေမယ့် ဖြစ်အောင်ကြိုးစားပြီးလုပ်ပေးပါ့မယ် ...

    အချိန်တော့နည်းနည်းပေးပါဗျ ...
    ပြီးတော့ ပိုက်ဆံလည်း နည်းနည်းတော့
    ကုန်မယ်နော် ...

    >> အာ ရတယ် အချိန်လည်းယူ သိပ်တော့
    မကြာစေနဲ့ ပိုက်ဆံကတော့ မင်းလိုသလောက်
    တင်ပြီး အရစ်ကျထုတ်လိုက်ကွာ ...

    >> ခုလောလောဆယ်တော့ ကြိုငွေလေး
    ထုတ်သွားလိုက်ပါ့မယ် ...
    .
    .
    .
    >> ဟေ့မင်းအလုပ်အဆင်ပြေလား
    ဘယ်အခြေအနေရောက်ပြီလဲ ... 🗣

    >> အခု ဆင်တော့ဖမ်းမိထားပါပြီ
    နောက်နှစ်ရက်လောက်ဆို လိုအပ်တာ
    ပြင်ဆင်ပြီး ပုလင်းထဲစထည့်ပါမယ် ...
    ခုပိုက်ဆံလိုလို့လာထုတ်တာပါ ...

    >> အေးအေးလိုတာယူသွား မြန်မြန်တော့လုပ် ...
    .
    .
    .

    >> ဟေ့မင်းလာတာနဲ့အတော်ပဲ ပြောပါအုန်းကွ
    လုပ်ငန်းအခြေအနေလေး ငါလည်း လူကြီးကို
    ပြန်ပြောရမှာကွ....

    >> အဆင်ပြေပါတယ် ခေါင်းနဲ့ရှေ့
    ခြေနှစ်ချောင်းတော့ ဝင်သွားပါပြီ ဆက်လုပ်ဖို့
    အသုံးလိုလို့ ပိုက်ဆံလာထုတ်တာပါ ...

    >> ဟုတ်လား တော်တော်နီးစပ်နေပြီပဲ
    ဆက်လုပ်ဆက်လုပ် ပိုက်ဆံလည်းယူသွား
    ငါလည်း သတင်းကောင်းလေးသွား
    ပြောလိုက်အုံးမယ် ...
    .
    .
    .

    >> ဟေ့ ရပြီလား ဘယ်မှာလဲ ...

    >> ရတော့ပါမယ်ဗျ ခုတစ်ကိုယ်လုံး
    ထည့်ပြီးပါပြီဗျ အမြှီးလေးပဲကျန်ပါတော့တယ်

    နောက်၅ရက်လောက်ဆို လာပေးပါ့မယ်ဗျ ...
    ခုတော့ အသုံးလိုနေတာလေး ...

    >> ဟေ့ဟေ့ သူ့ကိုလိုတဲ့ပိုက်ဆံထုတ်ပေးလိုက်ကြ ...
    .
    .
    .
    >> ဟေ့ မင်းပြောတော့ ၅ရက်လောက်
    ကြာအုန်းမယ်ဆို ဘယ်လိုဖြစ်လို့ ...

    >> ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့အဖွဲ့လည်း
    နေ့မအိပ် ညမအိပ်ကြိုးစားပြီး လုပ်ကြပါတယ်ဗျာ ...
    ခုဟာက တော်တော်လေးလဲပြီးနေပါပြီ တကိုယ်လုံး
    လည်းထည့်လို့ရနေပြီ ...

    အမြှီးလေးကျန်တော့မှ အတင်းထည့်လိုက်တာ
    ပုလင်းနဲ့မဆိုသလောက်လေးကြပ်ပြီး
    ကွဲသွားတယ်ဗျာ ...
    ကျွန်တော် ထပ်ကြိုးစားပေးရမလား ...

    >> အင်းတော်ပါပြီကွာ မင်းလည်းကြိုးစားတာပဲ
    ခုဟာက ရခါနီးမှ အဆင်မပြေဖြစ်သွားတာကိုး
    ထားလိုက်ပါတော့ ...

    >> ဟုတ်ကဲ့ပါဗျ နောက်လိုတာရှိလည်းခိုင်းပါ ...

    >> အေးအေး ငါလည်းလူကြီးတွေကိုသွားပြီး
    တင်ပြလိုက်အုံးမယ် မင်းကိုလည်းနောက်မှ
    ဆုပေးအုန်းမယ် ...

    အဲ့သလိုနဲ့ ...
    ဆင်ပြောင်ကြီး အမြှီးမှတစ်တဲ့အကြောင်း
    လူကြီးတွေအကြားမှာ စွန့်စားခန်းကြီးတစ်ခုလို
    ပြောစမှတ်ဖြစ်နေတာပေါ့ ...

    ဆင်ကြီးကိုပုလင်းထဲထည့်ခိုင်းသူကတော့
    ရာထူးတွေတက်ပြီး ဆင်ကြီးကိုပုလင်းထဲ
    ထည့်ပေးတဲ့သူကတော့ ဂုဏ်ပြုခံရပြီ
    နောက်လုပ်ငန်းတွေလည်း ထပ်လုပ်ခွင့်
    ရသွားတာပေါ့ ...

    ဒါပါပဲ ..

    ခင်ဗျားတို့ကိုပြောပြရတာလည်း
    မောလိုက်တာဗျာ ... မအားရတဲ့ကြားထဲ ...

    ကျွန်တော်လား??? ..
    မအားသေးဘူးလေဗျာ ...

    ဆင်လိုက်ဖမ်းရအုန်းမယ် ...

    crd
    via jack sparrow
    . 🐘 ဆင်ပြောင်ကြီး အမြီးကျမှတစ် 🐘 **************************** >> ရော့.. ဒီမှာပုလင်းတစ်လုံး အဲ့ဒီပုလင်းထဲကို ဆင်တစ်ကောင်ဖမ်းပြီးထည့်ခဲ့ ... 🐘 ပြီးရင်ကျသင့်ငွေ တင်တောင်းလိုက် ... 💵 >> ဗျာ ... ဆင်အကြီးကြီးကို ဒီပုလင်း ... 🐘 အသေးလေးထဲ ဘယ်လိုထည့်လို့ရမှာလဲဗျာ ... 🧂 >> တော်တော်အသုံးမကျတဲ့ကောင် ကြိုးစားကြည့်မယ်မရှိဘူး. ... 😏 နောက်ထပ်ဘာအလုပ်မှမပေးတော့ဘူး.. ... သွားတော့ ... နောက်တစ်ယောက် ... 🚶 >> မင်းကတော့ ပညာရှင်ဆိုတော့ ပုလင်းထဲကို ဆင်ဘယ်လိုထည့်ရမယ်ဆိုတာသိမှာပေါ့ ... ငါ့ကိုအဲ့ကိစ္စလေး မြန်မြန်လုပ်ပေးစမ်းကွာ .. မင်းရဲ့ပညာကြေးကိုလည်း ကျသလောက်ယူသွား ... 💵 >> ဒီလိုပါဗျ သီအိုရီအရ အထည့်ခံရမယ်ပစ္စည်းဟာ ထည့်မယ့်ပစ္စည်းထက်ကြီးရမှာဖြစ်သလို... ထည့်မယ့်ပစ္စည်းရဲ့ အလေးချိန်ကိုလည်းခံနိုင်မယ့် ကြံ့ခိုင်မှုမျိုးရှိရပါမယ် ပြီးတော့ ... >> အာ အဲ့ဒါတွေမသိချင်ဘူး မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလားပဲပြော ... 🗣 >> သီအိုရီအရ မဖြစ်နိုင်လို့ပါခင်ဗျ >> တော်ပြီး မင်းမလုပ်နိုင်လည်း လုပ်နိုင်တဲ့သူပဲ ခိုင်းမယ် ... အလကားကောင် သူအသုံးမကျတာကို သီအိုရီကြောင့် ဘာကြောင့်နဲ့လွှဲချတယ် ... 🗣 နောက်တစ်ယောက် ... >> မင်းကရော ဘာအလုပ်လုပ်လဲ ... >> ကျွန်တော်လား အကုန်လုပ်ပါတယ်ဗျ ဘာဖြစ်ဖြစ်ခိုင်းပါ ဖြစ်အောင်လုပ်ပေးပါ့မယ်ဗျ ... >> အေး ကြိုက်သွားပြီ ဒီလိုလူမျိုးကို ငါက ရှာနေတာ ... >> ဒီလိုကွာ ဒီပုလင်းအသေးလေးထဲကို ဆင်တစ်ကောင်ဖမ်းပြီးထည့်ချင်တာကွ ... 🐘 ရမလား ... 🗣 >> ဟုတ် ရတော့ ရမှာပါ .... သိပ်တော့မလွယ်လောက်ဖူး ... ဒါပေမယ့် ဖြစ်အောင်ကြိုးစားပြီးလုပ်ပေးပါ့မယ် ... အချိန်တော့နည်းနည်းပေးပါဗျ ... ပြီးတော့ ပိုက်ဆံလည်း နည်းနည်းတော့ ကုန်မယ်နော် ... 💵 >> အာ ရတယ် အချိန်လည်းယူ သိပ်တော့ မကြာစေနဲ့ ပိုက်ဆံကတော့ မင်းလိုသလောက် တင်ပြီး အရစ်ကျထုတ်လိုက်ကွာ ... 💵 >> ခုလောလောဆယ်တော့ ကြိုငွေလေး ထုတ်သွားလိုက်ပါ့မယ် ... 💵 . . . >> ဟေ့မင်းအလုပ်အဆင်ပြေလား ဘယ်အခြေအနေရောက်ပြီလဲ ... 🗣 >> အခု ဆင်တော့ဖမ်းမိထားပါပြီ နောက်နှစ်ရက်လောက်ဆို လိုအပ်တာ ပြင်ဆင်ပြီး ပုလင်းထဲစထည့်ပါမယ် ... ခုပိုက်ဆံလိုလို့လာထုတ်တာပါ ... 💵 >> အေးအေးလိုတာယူသွား မြန်မြန်တော့လုပ် ... . . . >> ဟေ့မင်းလာတာနဲ့အတော်ပဲ ပြောပါအုန်းကွ လုပ်ငန်းအခြေအနေလေး ငါလည်း လူကြီးကို ပြန်ပြောရမှာကွ.... >> အဆင်ပြေပါတယ် ခေါင်းနဲ့ရှေ့ ခြေနှစ်ချောင်းတော့ ဝင်သွားပါပြီ ဆက်လုပ်ဖို့ အသုံးလိုလို့ ပိုက်ဆံလာထုတ်တာပါ ... 💵 >> ဟုတ်လား တော်တော်နီးစပ်နေပြီပဲ ဆက်လုပ်ဆက်လုပ် ပိုက်ဆံလည်းယူသွား ငါလည်း သတင်းကောင်းလေးသွား ပြောလိုက်အုံးမယ် ... 💵 . . . >> ဟေ့ ရပြီလား ဘယ်မှာလဲ ... >> ရတော့ပါမယ်ဗျ ခုတစ်ကိုယ်လုံး ထည့်ပြီးပါပြီဗျ အမြှီးလေးပဲကျန်ပါတော့တယ် နောက်၅ရက်လောက်ဆို လာပေးပါ့မယ်ဗျ ... ခုတော့ အသုံးလိုနေတာလေး ... 😊 >> ဟေ့ဟေ့ သူ့ကိုလိုတဲ့ပိုက်ဆံထုတ်ပေးလိုက်ကြ ... . . . >> ဟေ့ မင်းပြောတော့ ၅ရက်လောက် ကြာအုန်းမယ်ဆို ဘယ်လိုဖြစ်လို့ ... >> ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့အဖွဲ့လည်း နေ့မအိပ် ညမအိပ်ကြိုးစားပြီး လုပ်ကြပါတယ်ဗျာ ... ခုဟာက တော်တော်လေးလဲပြီးနေပါပြီ တကိုယ်လုံး လည်းထည့်လို့ရနေပြီ ... အမြှီးလေးကျန်တော့မှ အတင်းထည့်လိုက်တာ ပုလင်းနဲ့မဆိုသလောက်လေးကြပ်ပြီး ကွဲသွားတယ်ဗျာ ... ကျွန်တော် ထပ်ကြိုးစားပေးရမလား ... >> အင်းတော်ပါပြီကွာ မင်းလည်းကြိုးစားတာပဲ ခုဟာက ရခါနီးမှ အဆင်မပြေဖြစ်သွားတာကိုး ထားလိုက်ပါတော့ ... >> ဟုတ်ကဲ့ပါဗျ နောက်လိုတာရှိလည်းခိုင်းပါ ... >> အေးအေး ငါလည်းလူကြီးတွေကိုသွားပြီး တင်ပြလိုက်အုံးမယ် မင်းကိုလည်းနောက်မှ ဆုပေးအုန်းမယ် ... အဲ့သလိုနဲ့ ... ဆင်ပြောင်ကြီး အမြှီးမှတစ်တဲ့အကြောင်း လူကြီးတွေအကြားမှာ စွန့်စားခန်းကြီးတစ်ခုလို ပြောစမှတ်ဖြစ်နေတာပေါ့ ... 🐘 ဆင်ကြီးကိုပုလင်းထဲထည့်ခိုင်းသူကတော့ ရာထူးတွေတက်ပြီး ဆင်ကြီးကိုပုလင်းထဲ ထည့်ပေးတဲ့သူကတော့ ဂုဏ်ပြုခံရပြီ နောက်လုပ်ငန်းတွေလည်း ထပ်လုပ်ခွင့် ရသွားတာပေါ့ ... ဒါပါပဲ .. ခင်ဗျားတို့ကိုပြောပြရတာလည်း မောလိုက်တာဗျာ ... မအားရတဲ့ကြားထဲ ... ကျွန်တော်လား??? .. မအားသေးဘူးလေဗျာ ... 🚶 ဆင်လိုက်ဖမ်းရအုန်းမယ် ... 🐘 crd via jack sparrow
    Like
    Care
    2
    · 2 Comments ·0 Shares ·934 Views
  • ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာတာတွေ ပြေပျောက်ပြီး အကြောအခြင်တွေ အမှန်တကယ် ပွင့်သွားစေဖို့ဆိုရင် "အကြောလျှော့တဲ့ လေ့ကျင့်ခန်း" က အရမ်းအရေးကြီးပါတယ်ရှင်။

    စနစ်တကျ မဟုတ်ဘဲ ရမ်းသမ်းလျှော့မယ်ဆိုရင် ထိရောက်မှု နည်းနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အကောင်းဆုံး Relax ဖြစ်စေမယ့် အကြောလျှော့နည်း လေ့ကျင့်ခန်းလေးကို ဝေမျှပေးလိုက်ပါတယ် -

    ၁။ ခြေထောက်ကနေ စပါ (Legs) ခြေသလုံး၊ ပေါင်ရှေ့နဲ့ ပေါင်နောက် ကြွက်သားတွေဟာ ခန္ဓာကိုယ်မှာ အကြီးဆုံး ကြွက်သားတွေပါ။ ဒီအပိုင်းကို အရင်မလျှော့ရင် ကျန်တဲ့ အစိတ်အပိုင်းတွေပါ ဆက်ပြီး တင်းမာနေတတ်ပါတယ်။

    ၂။ တင်ပါးဆုံကို ဆက်လျှော့ပါ (Hips) တင်ပါးဆုံဟာ ခန္ဓာကိုယ် လှုပ်ရှားမှုရဲ့ ဗဟိုချက်ပါ။ တင်ပါးဆုံ ကြွက်သားတွေ တင်းနေရင် ခါးနာတာ၊ ဒူးနာတာနဲ့ ခြေထောက် နာတာတွေ ဆက်တိုက် ဖြစ်လာနိုင်ပါတယ်။

    ၃။ ခါးနဲ့ ကျောပြင်ကို လျှော့ပါ (Back) ခါးအောက်ပိုင်းကနေ ကျောအပေါ်ပိုင်းအထိ အစီအစဉ်အတိုင်း လျှော့ပေးပါ။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အဓိကဝင်ရိုး (Core) ကို လန်းဆန်းသွားစေပြီး တင်းကျပ်မှုတွေကို မြန်မြန် သက်သာစေပါတယ်။

    ၄။ လည်ပင်းကို လျှော့ပါ (Neck) လည်ပင်းဟာ ကျောကုန်းနဲ့ ပခုံးတွေနဲ့ ဆက်စပ်နေပါတယ်။ အောက်ပိုင်းက အကြောတွေ တင်းနေတုန်း လည်ပင်းကိုပဲ သီးသန့်လျှော့ရင် ထိရောက်မှု နည်းတတ်တာကြောင့် အောက်ပိုင်းတွေ လျှော့ပြီးမှ လည်ပင်းကို လျှော့တာ အကောင်းဆုံးပါ။

    ၅။ ပခုံးနဲ့ လက်ပြင် (Shoulders) နောက်ဆုံးအဆင့်အနေနဲ့ ပခုံးနဲ့ လက်ပြင်ကို လျှော့ပေးပါ။ ဒါက လည်ပင်းနဲ့ ပခုံးတစ်ဝိုက်ကို ပေါ့ပါးသွားစေပြီး ဇက်ကြောတက်တာတွေကို အမြန်ဆုံး သက်သာစေမှာ ဖြစ်ပါတယ်ရှင်။

    ဒီအစီအစဉ်အတိုင်း တစ်နေ့ကို ၁၀ မိနစ်လောက် အကြောလျှော့ပေးရုံနဲ့တင် သိသိသာသာ ထူးခြားလာမှာမို့ အားလုံးပဲ လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

    #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #အကြောလျှော့နည်း #Stretching #ညောင်းညာကိုက်ခဲခြင်း #ခန္ဓာကိုယ်စောင့်ရှောက်မှု #ကျန်းမာရေးဗဟုသုတ
    ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာတာတွေ ပြေပျောက်ပြီး အကြောအခြင်တွေ အမှန်တကယ် ပွင့်သွားစေဖို့ဆိုရင် "အကြောလျှော့တဲ့ လေ့ကျင့်ခန်း" က အရမ်းအရေးကြီးပါတယ်ရှင်။ စနစ်တကျ မဟုတ်ဘဲ ရမ်းသမ်းလျှော့မယ်ဆိုရင် ထိရောက်မှု နည်းနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို အကောင်းဆုံး Relax ဖြစ်စေမယ့် အကြောလျှော့နည်း လေ့ကျင့်ခန်းလေးကို ဝေမျှပေးလိုက်ပါတယ် - ၁။ ခြေထောက်ကနေ စပါ (Legs) ခြေသလုံး၊ ပေါင်ရှေ့နဲ့ ပေါင်နောက် ကြွက်သားတွေဟာ ခန္ဓာကိုယ်မှာ အကြီးဆုံး ကြွက်သားတွေပါ။ ဒီအပိုင်းကို အရင်မလျှော့ရင် ကျန်တဲ့ အစိတ်အပိုင်းတွေပါ ဆက်ပြီး တင်းမာနေတတ်ပါတယ်။ ၂။ တင်ပါးဆုံကို ဆက်လျှော့ပါ (Hips) တင်ပါးဆုံဟာ ခန္ဓာကိုယ် လှုပ်ရှားမှုရဲ့ ဗဟိုချက်ပါ။ တင်ပါးဆုံ ကြွက်သားတွေ တင်းနေရင် ခါးနာတာ၊ ဒူးနာတာနဲ့ ခြေထောက် နာတာတွေ ဆက်တိုက် ဖြစ်လာနိုင်ပါတယ်။ ၃။ ခါးနဲ့ ကျောပြင်ကို လျှော့ပါ (Back) ခါးအောက်ပိုင်းကနေ ကျောအပေါ်ပိုင်းအထိ အစီအစဉ်အတိုင်း လျှော့ပေးပါ။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အဓိကဝင်ရိုး (Core) ကို လန်းဆန်းသွားစေပြီး တင်းကျပ်မှုတွေကို မြန်မြန် သက်သာစေပါတယ်။ ၄။ လည်ပင်းကို လျှော့ပါ (Neck) လည်ပင်းဟာ ကျောကုန်းနဲ့ ပခုံးတွေနဲ့ ဆက်စပ်နေပါတယ်။ အောက်ပိုင်းက အကြောတွေ တင်းနေတုန်း လည်ပင်းကိုပဲ သီးသန့်လျှော့ရင် ထိရောက်မှု နည်းတတ်တာကြောင့် အောက်ပိုင်းတွေ လျှော့ပြီးမှ လည်ပင်းကို လျှော့တာ အကောင်းဆုံးပါ။ ၅။ ပခုံးနဲ့ လက်ပြင် (Shoulders) နောက်ဆုံးအဆင့်အနေနဲ့ ပခုံးနဲ့ လက်ပြင်ကို လျှော့ပေးပါ။ ဒါက လည်ပင်းနဲ့ ပခုံးတစ်ဝိုက်ကို ပေါ့ပါးသွားစေပြီး ဇက်ကြောတက်တာတွေကို အမြန်ဆုံး သက်သာစေမှာ ဖြစ်ပါတယ်ရှင်။ ဒီအစီအစဉ်အတိုင်း တစ်နေ့ကို ၁၀ မိနစ်လောက် အကြောလျှော့ပေးရုံနဲ့တင် သိသိသာသာ ထူးခြားလာမှာမို့ အားလုံးပဲ လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။ #yoyocooking #health #ကျန်းမာရေး #သဘာဝဆေးနည်း #အကြောလျှော့နည်း #Stretching #ညောင်းညာကိုက်ခဲခြင်း #ခန္ဓာကိုယ်စောင့်ရှောက်မှု #ကျန်းမာရေးဗဟုသုတ
    Like
    1
    · 0 Comments ·0 Shares ·901 Views
  • တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ဆေး

    သွေးတိုးရောဂါများအတွက် ကြောက်စရာမလိုတော့ပါ….လက်တွေ့ပျောက်လို့ မျှဝေပေးလိုက်ပါတယ်…

    တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ခဲ့ပြီးဆေးရုံဆေးခဏ်းတွေသွားကုတယ်မပျောက်ပါ ငွေကုန်လူပန်း ဖြစ်ပြီးအိပ်ရာထဲမှာဘုံးဘုံးလဲပြီး

    သူကိုယ်သူ(သေ) စာရင်းသွင်းထားတဲ့လူကို ကျွန်တော်တွေ့လို့ဒီဆေးမြီးတိုလေးပေးခဲ့ပါတယ် လူနာကမရုံမှာကြောက်လို့ လူနာကိုမှာခဲ့သေးတယ်။

    ဒီဆေးကိုနေ့စဉ်တလတိတိသေက်ဘို့နဲ့. အကယ်၍မပျောက်ခဲ့သော် ဆေးဘိုးကုန်ကျငွေများကို ကျွန်တော်မှပြန်လျော်ပေးမည့် ဂတိလဲပေးခဲ့ပါတယ် နောက်တ.လအကြာမှာ

    တမိုင်လောက်ဝေးတဲ့လူနာကို သွားကြည့်တော့ လူနာကလူကောင်းဖြစ်လို့. ဝလို့. စိုလို့. အံ့သြဘွယ်တွေ့ခဲ့ပါတယ်။

    အဲဒီအဖြစ်အပျက်ကလွန်ခဲ့တဲ့ နှစ်(၂)လောက်ကပါ ၂၀၁၆…ခုကသွေးတိုးရောဂါကျွန်တော်မှာဖြစ်တယ် သွေးချိန်ကြည့်တော့အောက်သွေး(၁၂၀)အပေါ်သွေး(၁၉၀) ပါဆရာမကဂရုစိုက်ကုဘို့ပြောပြီး သွေးကျဆေးပေးခဲ့တယ်။

    အဲဒီအချိန်ကတရားစခန်းပွဲကျင်းပနေတဲ့အချိန် တရားစခန်းအကျိုးတော်ဆောင် ဥက္ကဋ္ဌဆိုတော့ ဆေးဖော်ဘို့အချိန်ကမရနဲ့. တရားစခန်းပွဲလဲပြီး အောက်ဖော်ပြမည့် ဆေးမီးတိုကို.(၁၃)ရက်နေ့စဉ်သောက်လိုက်တာ…..

    ခုတော့ဗျာ မုန့်ဟင်းခါး ဝက်သားကြိုက်တာစား ယ္ခုစာရေးနေချိန်အထိ(ဒေါင်ဒေါင်လန်.)ဘဲဗျာကဲဆေးနည်းကလွယ်လွယ်လေး ….

    (၁)နွားနို့စစ်စစ် ၁. ပိသာ (၂)ကြက်သွန်ဖြူ. (ဥတလုံး)..၇…လုံးနွားနို့ကိုဆူအောင်ကြိုပါ …ပွက်ပွက်ဆူပြီဆိုရင်အခွန်နွှာထားတဲ့ကြက်သွန်ဖြူ(၇)လုံးကိုထည့်ပါ…..

    ကြက်သွန်ဖြူထည့်ပြီးနာရီကိုကြည့်ပါ(၁၀)မိနစ်ကြာရင်မီးဖိုပေါ်ကချပါပြီးရင်သောက်လို့ရတဲ့အချိန်ကနေတနေကုန်မကုန်မခြင်းနားနားပြီးသောက်ပါ….

    ရောဂါနုလျင်(၁၃ )ရက် သေလု့ဆဲဆဲလူဆိုလျင်ရက်(၃၀)…..ကျွန်တော်ကတော့ဗျာ ဒီဆေးနည်းလေးကို အများသူငါသိအောင် ဆက်ပြီးဖြန့်ဝေစေချင်ပါတယ်……

    ဒီဆေးနည်းလေးကို ဦးနေဝင်းလက်ထက်… လုပ်သားပြည်သူနေ့စဉ်သတင်းစာထဲမှာတွေ့လို့ရောဂါဖြစ်နေသူတွေကို တွေ့တိုင်းပေးပါတယ် …..ခက်တာကတချို့ကပြောသလို မလုပ်ကြတာတွေလဲတွေ့ခဲ့ရပါတယ်.။

    ကိုင်းဒီစာကိုတွေ့တဲ့ ရောဂါပျောက်လိုသူအပေါင်း လိုက်နာဆောင်ရွက်နိုင်ကြပါစေကုရခက်နေတဲ့ သွေးတိုးရောဂါလဲ အမြန်ပျောက်ကင်း၍ အမျိုးဘာသာသာသနာကို ကာကွယ်ဆောင့်ရှောက်နိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ. ဗျာ…../

    ကျန်းမာရေး အတွက်
    ( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ )

    #ကျန်းမာရေးဗဟုသုတရကြပါစေ #highlight
    တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ဆေး သွေးတိုးရောဂါများအတွက် ကြောက်စရာမလိုတော့ပါ….လက်တွေ့ပျောက်လို့ မျှဝေပေးလိုက်ပါတယ်… တကမ္ဘာလုံးသိအောင်ဖြန့်ဝေပေးကြပါ ကိုယ်တိုင်လက်တွေ့ရောဂါ ပျောက်ခဲ့ပြီးဆေးရုံဆေးခဏ်းတွေသွားကုတယ်မပျောက်ပါ ငွေကုန်လူပန်း ဖြစ်ပြီးအိပ်ရာထဲမှာဘုံးဘုံးလဲပြီး သူကိုယ်သူ(သေ) စာရင်းသွင်းထားတဲ့လူကို ကျွန်တော်တွေ့လို့ဒီဆေးမြီးတိုလေးပေးခဲ့ပါတယ် လူနာကမရုံမှာကြောက်လို့ လူနာကိုမှာခဲ့သေးတယ်။ ဒီဆေးကိုနေ့စဉ်တလတိတိသေက်ဘို့နဲ့. အကယ်၍မပျောက်ခဲ့သော် ဆေးဘိုးကုန်ကျငွေများကို ကျွန်တော်မှပြန်လျော်ပေးမည့် ဂတိလဲပေးခဲ့ပါတယ် နောက်တ.လအကြာမှာ တမိုင်လောက်ဝေးတဲ့လူနာကို သွားကြည့်တော့ လူနာကလူကောင်းဖြစ်လို့. ဝလို့. စိုလို့. အံ့သြဘွယ်တွေ့ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကလွန်ခဲ့တဲ့ နှစ်(၂)လောက်ကပါ ၂၀၁၆…ခုကသွေးတိုးရောဂါကျွန်တော်မှာဖြစ်တယ် သွေးချိန်ကြည့်တော့အောက်သွေး(၁၂၀)အပေါ်သွေး(၁၉၀) ပါဆရာမကဂရုစိုက်ကုဘို့ပြောပြီး သွေးကျဆေးပေးခဲ့တယ်။ အဲဒီအချိန်ကတရားစခန်းပွဲကျင်းပနေတဲ့အချိန် တရားစခန်းအကျိုးတော်ဆောင် ဥက္ကဋ္ဌဆိုတော့ ဆေးဖော်ဘို့အချိန်ကမရနဲ့. တရားစခန်းပွဲလဲပြီး အောက်ဖော်ပြမည့် ဆေးမီးတိုကို.(၁၃)ရက်နေ့စဉ်သောက်လိုက်တာ….. ခုတော့ဗျာ မုန့်ဟင်းခါး ဝက်သားကြိုက်တာစား ယ္ခုစာရေးနေချိန်အထိ(ဒေါင်ဒေါင်လန်.)ဘဲဗျာကဲဆေးနည်းကလွယ်လွယ်လေး …. (၁)နွားနို့စစ်စစ် ၁. ပိသာ (၂)ကြက်သွန်ဖြူ. (ဥတလုံး)..၇…လုံးနွားနို့ကိုဆူအောင်ကြိုပါ …ပွက်ပွက်ဆူပြီဆိုရင်အခွန်နွှာထားတဲ့ကြက်သွန်ဖြူ(၇)လုံးကိုထည့်ပါ….. ကြက်သွန်ဖြူထည့်ပြီးနာရီကိုကြည့်ပါ(၁၀)မိနစ်ကြာရင်မီးဖိုပေါ်ကချပါပြီးရင်သောက်လို့ရတဲ့အချိန်ကနေတနေကုန်မကုန်မခြင်းနားနားပြီးသောက်ပါ…. ရောဂါနုလျင်(၁၃ )ရက် သေလု့ဆဲဆဲလူဆိုလျင်ရက်(၃၀)…..ကျွန်တော်ကတော့ဗျာ ဒီဆေးနည်းလေးကို အများသူငါသိအောင် ဆက်ပြီးဖြန့်ဝေစေချင်ပါတယ်…… ဒီဆေးနည်းလေးကို ဦးနေဝင်းလက်ထက်… လုပ်သားပြည်သူနေ့စဉ်သတင်းစာထဲမှာတွေ့လို့ရောဂါဖြစ်နေသူတွေကို တွေ့တိုင်းပေးပါတယ် …..ခက်တာကတချို့ကပြောသလို မလုပ်ကြတာတွေလဲတွေ့ခဲ့ရပါတယ်.။ ကိုင်းဒီစာကိုတွေ့တဲ့ ရောဂါပျောက်လိုသူအပေါင်း လိုက်နာဆောင်ရွက်နိုင်ကြပါစေကုရခက်နေတဲ့ သွေးတိုးရောဂါလဲ အမြန်ပျောက်ကင်း၍ အမျိုးဘာသာသာသနာကို ကာကွယ်ဆောင့်ရှောက်နိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ. ဗျာ…../ ကျန်းမာရေး အတွက် ( ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ ) #ကျန်းမာရေးဗဟုသုတရကြပါစေ #highlight
    Like
    Care
    2
    · 0 Comments ·0 Shares ·837 Views
  • ဆေးလိပ်သောက်သူများ ဖတ်ရန်
    ---------------------------------------

    ဒီစာကို ဖတ်နေပြီဆိုရင် သင်က
    ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။

    သင်က နှစ်ရှည်လများ
    ဆေးလိပ်ကိုသောက်နေခဲ့တယ်။
    ကိုယ်တိုင်က စသောက်တာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေက
    မြှောက်ပေးခဲ့လို့ပဲဖြစ်ဖြစ် အခုချိန်မှာတော့
    သင်က ဆေးလိပ်ကို
    မသောက်ရမနေနိုင်ဖြစ်နေပြီ၊
    ဆေးလိပ်ကို ရပ်လို့မရတော့ဘူး
    ထင်နေရင်တော့ သင်မှားနေပါပြီ။

    ဆေးလိပ်သောက်တဲ့သူတွေ မသိသေးတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။
    ဒါကဘာလဲဆိုရင် ဆေးလိပ်ကိုဖြတ်လိုက်တဲ့
    အချိန်က စပြီး နာရီပိုင်းအတွင်းမှာပဲ
    သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစပြီး
    ဖြစ်လာပါတယ်။
    အဲဒီပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာကို ကြည့်လိုက်ရအောင်။

    ဆေးလိပ်မသောက်တော့တဲ့
    တစ်နာရီအတွင်းမှာ-သင့်ရဲ့နှလုံးခုန်နှုန်းက
    စပြီးစည်းချက်မှန်လာတယ်။
    တိုးနေတဲ့သွေးပေါင်ချိန်က
    တဖြည်းဖြည်းကျလာတယ်။
    မကြာခဏအေးစက်နေတဲ့
    လက်ဖျားခြေဖျားတွေက
    သွေးလည်ပတ်မှုကြောင့် ပူနွေးလာတယ်။
    ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို
    စပြီးခံစားနေရတာပဲ ဖြစ်ပါတယ်။

    (၈) နာရီလောက် ဆေးလိပ်နဲ့
    ဝေးသွားတဲ့အခါ-
    သင့်သွေးထဲက ကာဗွန်မိုနောက်ဆိုဒ်
    ပါဝင်မှုက ကျဆင်းသွားပါတယ်။
    ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ
    သင့်အတွက် အဆိပ်ပါ။
    အောက်ဆီဂျင်ပမာဏ ပုံမှန်ပြန်ဖြစ်လာတယ်။
    ဒီအချိန်မှာ သင့်ရဲ့ဦးနှောက်နဲ့ နှလုံးက
    ပြန်လည်အသက်ရှင်သန်ခြင်းရဲ့
    အရသာကို ခံစားနေရပါပြီ။
    စိတ်နဲ့ ခန္ဓာကိုယ် ပေါ့ပါးလာတယ်၊
    အသက်ရှူရတာ ပိုပြီး အဆင်ပြေလာပါတယ်။

    ဆေးလိပ်ဖြတ်ပြီး (၂) ရက်ကြာတဲ့အခါ-
    နှစ်ပေါင်းများစွာက သင်မသတိထားမိခဲ့တဲ့
    အနံ့တွေကို ပြန်ပြီးခံစားနေရပါပြီ။
    အစားအသောက်တွေရဲ့အရသာက
    ခါတိုင်းထက် ပိုကောင်းလာပါတယ်။
    သင့်ရဲ့လျှာကလည်း အာရုံခံစားမှု
    ပိုကောင်းလာပါတယ်။
    ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က
    သူ့ဘာသာသူ သန့်စင်နေပါပြီ။

    ၂ ပတ်ကနေ( ၃) လအတွင်း-
    သင့်ရဲ့အဆုတ်တွေ
    ပြန်လည်ကောင်းမွန်လာတယ်။
    ချောင်းဆိုးတာ နည်းသွားတယ်။
    အရင်ကလို သိပ်မမောဘဲ ပိုကြာကြာ
    လမ်းလျှောက်နိုင်လာတယ်။
    သွေးလည်ပတ်မှု ကောင်းမွန်လာတယ်။
    ရုတ်တရက် နှလုံးဖောက်နိုင်ခြေ စပြီး
    ကျဆင်းလာပါတယ်။

    ၁ နှစ်ကြာတဲ့အခါမှာတော့-
    နှလုံးရောဂါဖြစ်ပွါးနိုင်ခြေက ၅၀% အထိ
    ကျဆင်းသွားပါတယ်။
    ဟုတ်ပါတယ် - တဝက်တိတိပါ။
    သင့်နှလုံးက ပိုပြီးအားကောင်းကောင်းနဲ့
    ခုန်လာတယ်။
    သင့်အသားအရေက ပိုပြီးစိုပြေလာတယ်။
    ဒီအချိန်မှာတော့ ခန္ဓာကိုယ်ကလည်း
    ပိုနုပျိုလာတယ်လို့ ခံစားနေရပါပြီ။

    ၅ နှစ်ကနေ ၁၀ နှစ်အထိ
    တောင့်ထားနိုင်ရင်တော့-
    လေဖြတ်နိုင်ခြေနဲ့ အဆုတ်ကင်ဆာ
    ဖြစ်ပွားနိုင်ခြေတွေ သိသိသာသာ
    ကျဆင်းသွားပါလိမ့်မယ်။

    ဒါကြောင့် သင်ကဆေးလိပ်ဖြတ်ဖို့
    နောက်မကျသေးပါဘူး။
    ဒီဗီဒီယိုပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့
    စဉ်းစားကြည့်ပါ။

    ဆေးလိပ်ဘယ်လိုဖြတ်ရမလဲ?

    ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရင်
    အရမ်းစိတ်မလှုပ်ရှားပါနဲ့။
    အသက်ကို ပြင်းပြင်းရှူသွင်းပါ။
    ရေသောက်ပါ။
    အာရုံပြောင်းပါ။
    လမ်းလျှောက်ပါ၊ အကြောဆန့်ပါ၊ တစ်ယောက်ယောက်နဲ့ စကားပြောပါ။
    ဆေးလိပ်သောက်ချင်စိတ်က
    ခဏပဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြောပါ။

    ဆေးလိပ်သောက်တယ်ဆိုတာ
    အကျင့်တစ်ခုပါ။
    အကျင့်တစ်ခုဟာ
    ဖျောက်ပစ်ဖို့ခက်ပါတယ်။
    ဒါပေမယ့် အစားထိုးဖို့ကတော့ လွယ်ပါတယ်။

    ကော်ဖီသောက်ပြီး ဆေးလိပ်သောက်တတ်တဲ့
    အကျင့်ရှိရင်- ကော်ဖီအစား လ္ဘက်ရည်နဲ့
    အစားထိုးလိုက်ပါ။
    ထမင်းစားပြီးပြီးချင်း သို့မဟုတ်
    ကားမောင်းရင်းဆေးလိပ်သောက်တတ်ရင် — သကြားမပါတဲ့ ပီကေဝါးပါ။
    ပျင်းလာလို့ ဆေးလိပ်သောက်ချင်လာရင် —
    ခဏလမ်းထလျှောက်ပါ၊
    ရေသောက်ပါ၊ (သို့) ဖုန်း ခဏလောက်
    သုံးလိုက်ပါ။

    ဆေးလိပ်မသောက်ဘဲ နေနိုင်တဲ့
    နေ့တိုင်းဟာ အောင်ပွဲတစ်ခုပါပဲ။
    ဘယ်လောက်သေးသေးလေးပဲဖြစ်ဖြစ်
    ကိုယ့်ရဲ့တိုးတက်မှုကို ချီးကျူးပါ။

    သင်တန်ဖိုးထားရတဲ့သူတွေနဲ့ သက်တမ်းစေ့ နေထိုင်သွားချင်တယ်ဆိုရင်
    ဒီစာလေးဖတ်ပြီးတာနဲ့
    ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။

    Crd .
    Share
    ဆေးလိပ်သောက်သူများ ဖတ်ရန် --------------------------------------- ဒီစာကို ဖတ်နေပြီဆိုရင် သင်က ဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။ သင်က နှစ်ရှည်လများ ဆေးလိပ်ကိုသောက်နေခဲ့တယ်။ ကိုယ်တိုင်က စသောက်တာပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေက မြှောက်ပေးခဲ့လို့ပဲဖြစ်ဖြစ် အခုချိန်မှာတော့ သင်က ဆေးလိပ်ကို မသောက်ရမနေနိုင်ဖြစ်နေပြီ၊ ဆေးလိပ်ကို ရပ်လို့မရတော့ဘူး ထင်နေရင်တော့ သင်မှားနေပါပြီ။ ဆေးလိပ်သောက်တဲ့သူတွေ မသိသေးတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါတယ်။ ဒါကဘာလဲဆိုရင် ဆေးလိပ်ကိုဖြတ်လိုက်တဲ့ အချိန်က စပြီး နာရီပိုင်းအတွင်းမှာပဲ သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေစပြီး ဖြစ်လာပါတယ်။ အဲဒီပြောင်းလဲမှုတွေက ဘာတွေလဲဆိုတာကို ကြည့်လိုက်ရအောင်။ ဆေးလိပ်မသောက်တော့တဲ့ တစ်နာရီအတွင်းမှာ-သင့်ရဲ့နှလုံးခုန်နှုန်းက စပြီးစည်းချက်မှန်လာတယ်။ တိုးနေတဲ့သွေးပေါင်ချိန်က တဖြည်းဖြည်းကျလာတယ်။ မကြာခဏအေးစက်နေတဲ့ လက်ဖျားခြေဖျားတွေက သွေးလည်ပတ်မှုကြောင့် ပူနွေးလာတယ်။ ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က ဆေးလိပ်ဖြတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စပြီးခံစားနေရတာပဲ ဖြစ်ပါတယ်။ (၈) နာရီလောက် ဆေးလိပ်နဲ့ ဝေးသွားတဲ့အခါ- သင့်သွေးထဲက ကာဗွန်မိုနောက်ဆိုဒ် ပါဝင်မှုက ကျဆင်းသွားပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဆိုတာ သင့်အတွက် အဆိပ်ပါ။ အောက်ဆီဂျင်ပမာဏ ပုံမှန်ပြန်ဖြစ်လာတယ်။ ဒီအချိန်မှာ သင့်ရဲ့ဦးနှောက်နဲ့ နှလုံးက ပြန်လည်အသက်ရှင်သန်ခြင်းရဲ့ အရသာကို ခံစားနေရပါပြီ။ စိတ်နဲ့ ခန္ဓာကိုယ် ပေါ့ပါးလာတယ်၊ အသက်ရှူရတာ ပိုပြီး အဆင်ပြေလာပါတယ်။ ဆေးလိပ်ဖြတ်ပြီး (၂) ရက်ကြာတဲ့အခါ- နှစ်ပေါင်းများစွာက သင်မသတိထားမိခဲ့တဲ့ အနံ့တွေကို ပြန်ပြီးခံစားနေရပါပြီ။ အစားအသောက်တွေရဲ့အရသာက ခါတိုင်းထက် ပိုကောင်းလာပါတယ်။ သင့်ရဲ့လျှာကလည်း အာရုံခံစားမှု ပိုကောင်းလာပါတယ်။ ဒီအချိန်မှာပဲ သင့်ရဲ့ခန္ဓာကိုယ်က သူ့ဘာသာသူ သန့်စင်နေပါပြီ။ ၂ ပတ်ကနေ( ၃) လအတွင်း- သင့်ရဲ့အဆုတ်တွေ ပြန်လည်ကောင်းမွန်လာတယ်။ ချောင်းဆိုးတာ နည်းသွားတယ်။ အရင်ကလို သိပ်မမောဘဲ ပိုကြာကြာ လမ်းလျှောက်နိုင်လာတယ်။ သွေးလည်ပတ်မှု ကောင်းမွန်လာတယ်။ ရုတ်တရက် နှလုံးဖောက်နိုင်ခြေ စပြီး ကျဆင်းလာပါတယ်။ ၁ နှစ်ကြာတဲ့အခါမှာတော့- နှလုံးရောဂါဖြစ်ပွါးနိုင်ခြေက ၅၀% အထိ ကျဆင်းသွားပါတယ်။ ဟုတ်ပါတယ် - တဝက်တိတိပါ။ သင့်နှလုံးက ပိုပြီးအားကောင်းကောင်းနဲ့ ခုန်လာတယ်။ သင့်အသားအရေက ပိုပြီးစိုပြေလာတယ်။ ဒီအချိန်မှာတော့ ခန္ဓာကိုယ်ကလည်း ပိုနုပျိုလာတယ်လို့ ခံစားနေရပါပြီ။ ၅ နှစ်ကနေ ၁၀ နှစ်အထိ တောင့်ထားနိုင်ရင်တော့- လေဖြတ်နိုင်ခြေနဲ့ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေတွေ သိသိသာသာ ကျဆင်းသွားပါလိမ့်မယ်။ ဒါကြောင့် သင်ကဆေးလိပ်ဖြတ်ဖို့ နောက်မကျသေးပါဘူး။ ဒီဗီဒီယိုပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။ ဆေးလိပ်ဘယ်လိုဖြတ်ရမလဲ? ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရင် အရမ်းစိတ်မလှုပ်ရှားပါနဲ့။ အသက်ကို ပြင်းပြင်းရှူသွင်းပါ။ ရေသောက်ပါ။ အာရုံပြောင်းပါ။ လမ်းလျှောက်ပါ၊ အကြောဆန့်ပါ၊ တစ်ယောက်ယောက်နဲ့ စကားပြောပါ။ ဆေးလိပ်သောက်ချင်စိတ်က ခဏပဲလို့ ကိုယ့်ကိုယ်ကို ပြန်ပြောပါ။ ဆေးလိပ်သောက်တယ်ဆိုတာ အကျင့်တစ်ခုပါ။ အကျင့်တစ်ခုဟာ ဖျောက်ပစ်ဖို့ခက်ပါတယ်။ ဒါပေမယ့် အစားထိုးဖို့ကတော့ လွယ်ပါတယ်။ ကော်ဖီသောက်ပြီး ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိရင်- ကော်ဖီအစား လ္ဘက်ရည်နဲ့ အစားထိုးလိုက်ပါ။ ထမင်းစားပြီးပြီးချင်း သို့မဟုတ် ကားမောင်းရင်းဆေးလိပ်သောက်တတ်ရင် — သကြားမပါတဲ့ ပီကေဝါးပါ။ ပျင်းလာလို့ ဆေးလိပ်သောက်ချင်လာရင် — ခဏလမ်းထလျှောက်ပါ၊ ရေသောက်ပါ၊ (သို့) ဖုန်း ခဏလောက် သုံးလိုက်ပါ။ ဆေးလိပ်မသောက်ဘဲ နေနိုင်တဲ့ နေ့တိုင်းဟာ အောင်ပွဲတစ်ခုပါပဲ။ ဘယ်လောက်သေးသေးလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့တိုးတက်မှုကို ချီးကျူးပါ။ သင်တန်ဖိုးထားရတဲ့သူတွေနဲ့ သက်တမ်းစေ့ နေထိုင်သွားချင်တယ်ဆိုရင် ဒီစာလေးဖတ်ပြီးတာနဲ့ ဆေးလိပ်ဖြတ်ဖို့ စဉ်းစားကြည့်ပါ။ Crd . Share
    Like
    Care
    2
    · 0 Comments ·0 Shares ·895 Views
  • သိပ်ပြီးတော့ တွေဝေမနေပါနဲ့
    ------------------------------
    ကိုယ့် မေတ္တာ စေတနာတွေ
    တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို
    ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။

    ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့
    မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့
    အချိန်မဆွဲပါနဲ့။

    ကိုယ့်ကို နာကျင်စေခဲ့တဲ့
    အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။

    ကိုယ့်ကို စာနာနားလည်ပေးပြီး
    ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင်
    သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။

    တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။
    ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။

    ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။
    လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့
    ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့။

    တချို့အရာတွေက လွှတ်ချလိုက်တာနဲ့
    ဘဝဟာ ပေါ့ပါးသွားတယ်။
    တချို့အရာတွေကျတော့
    မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။

    with respect - credit
    #knowledge #life lesson
    သိပ်ပြီးတော့ တွေဝေမနေပါနဲ့ ------------------------------ ကိုယ့် မေတ္တာ စေတနာတွေ တန်ဖိုးမထားတဲ့သူကို လမ်းခွဲဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ ပတ်ဝန်းကျင်ကို ကျောခိုင်းဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်အတွက် အဆိ,ပ်အတောက်ဖြစ်စေတဲ့ မိတ်ဆွေတွေကို အဆက်အသွယ်ဖြတ်ဖို့ အချိန်မဆွဲပါနဲ့။ ကိုယ့်ကို နာကျင်စေခဲ့တဲ့ အတိတ်တွေကို မေ့ပစ်လိုက်ဖို့ အချိန်မဆွဲပါနဲ့ ။ ကိုယ့်ကို စာနာနားလည်ပေးပြီး ကိုယ့် မျက်ရည်တွေ သုတ်ပေးတဲ့သူဆိုရင် သူ့လက်ကို ဆုပ်ကိုင်ထားဖို့ သတိရပါ။ တခြားသူတွေအတွက်နဲ့ပဲ အချိန်တွေ မကုန်ဆုံးပါနဲ့။ ကိုယ့်ကိုယ်ကို ချစ်ပေးဖို့လည်း သတိရပါ။ ချစ်သင့်တဲ့သူကို ချစ်ဖို့ အချိန်မဆွဲပါနဲ့။ လွှတ်ချသင့်သူကို လွှတ်ချလိုက်ဖို့ ကျောခိုင်းသင့်သူကို ကျောခိုင်းလိုက်ဖို့ သိပ်ပြီးတော့ တွေဝေမနေပါနဲ့။ တချို့အရာတွေက လွှတ်ချလိုက်တာနဲ့ ဘဝဟာ ပေါ့ပါးသွားတယ်။ တချို့အရာတွေကျတော့ မြဲမြဲဆုပ်ကိုင်ထားနိုင်မှ ဘဝဟာ ပိုပြီးပြည့်စုံစေတယ်.......။ with respect - credit #knowledge #life lesson
    Care
    1
    · 0 Comments ·0 Shares ·321 Views
  • (၁) ပြုံးပါ။

    အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။

    (၂) နားထောင်ပါ။

    တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

    (၃) မနှိုင်းယှဉ်ပါနဲ့။

    သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

    (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။

    လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

    (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။

    သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

    (၆) ချီးမွမ်းစကားပြောဆိုပါ။

    တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။

    (၇) သူများမကောင်းကြောင်း မပြောပါနဲ့။

    သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

    (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။

    လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။

    (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။

    ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။

    (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။

    ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    (၁) ပြုံးပါ။ အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ။ လူတွေကို ပြုံးပြပါ။ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှာပါ။ (၂) နားထောင်ပါ။ တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြား သူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။ ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက်နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။ (၃) မနှိုင်းယှဉ်ပါနဲ့။ သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကို ဖျောက်ပါ။ အဲ့ဒီ စိတ်ဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။ (၄) ဘာကိုမှ မမျှော်လင့်ပါနဲ့။ လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုး ရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်း တာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံ ချင်တာ လူတွေရဲ့ သဘာဝပါ။ ဘာမှမမျှော်လင့်ဘဲနေ လိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။ (၅) ကိုယ့်ကိုကိုယ် နှိမ့်ချပါ။ သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်က ပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေး ခြင်းနဲ့ လက်တွေ့ပြသလိုက်ပါ။ လုပ်ရပ်တွေက သင့်စကား လုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။ (၆) ချီးမွမ်းစကားပြောဆိုပါ။ တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးမွမ်းစကား ဆိုပါ။ သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူ လည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါ တယ်။ လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံ ရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစား ရမှာပါ။ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးလိုက်ပါ။ (၇) သူများမကောင်းကြောင်း မပြောပါနဲ့။ သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့။အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့ သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်း ကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။ (၈) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ။ လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ။ လူများ များနဲ့ ပြောလေ ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ် တာကြာတဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာ မဟုတ်ပါဘူး။ (၉) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ။ ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိ နေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံ ထားပါ။ လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံ ပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာ ရမှာပါ။ (၁၀) ကိုယ့်ပုံစံအတိုင်း ကိုယ်နေပါ။ ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး။ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ။ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြဥ်ပါ။
    Care
    1
    · 0 Comments ·0 Shares ·515 Views
  • "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့
    ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ်

    လူ့လောကမှာ မေတ္တာတရား
    ဘယ်လောက်ကြီးမားကြီးမား
    စေတနာဘယ်လောက်ထားထား

    အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ
    လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ

    ဒီလိုမှမဟုတ်ရင် ရေ နဲ့ ဆီ လိုပဲ
    ရေကရေသပ်သပ်
    ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ

    မေ တ္တာ က မေ တ္တာ သပ်သပ်
    ဗီဇက ဗီဇသပ်သပ်
    ဘယ်လိုမှ ထပ်တူကျမနေရင်
    မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ်
    မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို
    လက်ခံနိုင်မှာမဟုတ်ဘူး

    ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့
    မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ
    အမှန်တရားပါပဲ။
    "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့စာလေးဖတ်မိတော့ ဒါဟာ..... အမှန်တရားဆိုတာကို လက်ခံမိတယ် လူ့လောကမှာ မေတ္တာတရား ဘယ်လောက်ကြီးမားကြီးမား စေတနာဘယ်လောက်ထားထား အဲ့ဒီ့အရာအပေါ်မှာ တန်ဖိုးထားတတ်တဲ့သူ လက်ခံနိုင်သူ၊နားလည်တဲ့သူဖြစ်နေမှ အဆင်ပြေမှာ ဒီလိုမှမဟုတ်ရင် ရေ နဲ့ ဆီ လိုပဲ ရေကရေသပ်သပ် ဆီကဆီသပ်သပ် တကွဲတပြားကြီးဖြစ်နေမှာ မေ တ္တာ က မေ တ္တာ သပ်သပ် ဗီဇက ဗီဇသပ်သပ် ဘယ်လိုမှ ထပ်တူကျမနေရင် မေတ္တာပေးသူသာ ခြေကုန်လက်ပန်းကျလာမယ် မ-ကောင်းတဲ့ ဗီဇရှိသူက မေတ္တာပေးသူရဲ့စိတ်ကို လက်ခံနိုင်မှာမဟုတ်ဘူး ဒါ့ကြောင့် "ဗီဇ တွေကို မေတ္တာနဲ့ ပြင်ပေးလို့ မရကြောင်း လက်ခံလိုက်ပါပြီ " ဆိုတဲ့ စာဟာ အမှန်တရားပါပဲ။
    Care
    1
    · 0 Comments ·0 Shares ·257 Views
  • • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

    • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။

    > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ <

    • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။

    • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။

    • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။

    • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။

    • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။

    • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်)

    > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း <

    1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။

    2. အသီးများကို အသာအယာ ထုပေးပါ။

    3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။

    4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။

    • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #ကျန်းမာရေး #ဗဟုသုတ #စာပေ
    #နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
    #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
    #လေးစားစွာဖြင့်မူရင်းရေးသားသူကို
    #creditပေးပါတယ် #P_Chan #hashtag
    #fbviralpost2025シ #fblifestyles
    • တစ်နေကုန် ငိုက်မြည်းနေတာ၊ အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်နေတာတွေ ခံစားနေရပြီဆိုရင် သင့်ခန္ဓာကိုယ်က အားဖြည့်မှုကို လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။ • ရိုးရှင်းတဲ့ ခရမ်းကစော့လက်ဖက်ရည် ဟာ သင့်ကို ပြန်လည်လန်းဆန်းစေပြီး အားအင်ဖြည့်ပေးနိုင်ပါတယ်။ > ခရမ်းကစော့သီးရဲ့ အဓိက အစွမ်းသတ္တိများ < • အားနည်းခြင်းကို ပြေစေပြီး သွေးအားကောင်းစေခြင်း။ • အသည်းနှင့် ကျောက်ကပ်ကို အားဖြည့်ပေးခြင်း။ • တစ်ချိန်လုံး ငိုက်မြည်းနေခြင်းကို သက်သာစေခြင်း။ • အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။ • ခွန်အားကို မြှင့်တင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း။ • နာကျင်ကိုက်ခဲခြင်း၊ ပွန်းပဲ့ဒဏ်ရာများအတွက် သက်သာစေခြင်း။ (ပင်ပန်းစွာ အလုပ်လုပ်ခြင်းကြောင့် ခါးတစ်ဝိုက် ကြွက်သားများ ပွန်းပဲ့ခြင်းအတွက် သောက်နိုင်) > ခရမ်းကစော့လက်ဖက်ရည် ဖျော်စပ်နည်း < 1. ခရမ်းကစော့သီး ၇ လုံးမှ ၁၀ လုံး ယူပါ။ 2. အသီးများကို အသာအယာ ထုပေးပါ။ 3. ထုထားသော အသီးများကို ခွက်တစ်ခုထဲထည့်ပြီး ရေနွေးပူပူ လောင်းထည့်ပါ။ 4. မနက်ပိုင်းတွင် သောက်သုံးပေးခြင်းဖြင့် အကောင်းဆုံး အာနိသင်ကို ရရှိစေမှာ ဖြစ်ပါတယ်။ • ပင်ပန်းနွမ်းနယ်မှု လွန်ကဲတဲ့အခါ ဒီလက်ဖက်ရည်ကို ဖျော်သောက်ခြင်းဖြင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #ကျန်းမာရေး #ဗဟုသုတ #စာပေ #နွယ်မြက်သစ်ပင်ဆေးဖက်ဝင် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #လေးစားစွာဖြင့်မူရင်းရေးသားသူကို #creditပေးပါတယ် #P_Chan #hashtag #fbviralpost2025シ #fblifestyles
    Care
    1
    · 0 Comments ·0 Shares ·617 Views
  • အိမ်သာသွားတာခနခနရှိပြီ ဗိုက်ထဲကနေ အောင့်ပြီး ဝမ်းသွားချင်ပေမယ့် တကယ်သွားတဲ့အခါ ဝမ်းမထွက်ဘဲ အတော်လေး ဒုက္ခရောက်နေရင်

    ကျွန်တော့်ရဲ့ အစွမ်းထက် သဘာဝဆေးနည်းလေးတစ်မျိုးကို မျှဝေပေးချင်ပါတယ်။

    လုပ်ရတာလဲ လွယ်ကူပြီး တကယ်ကောင်းတယ်

    • အရင်ဆုံး ရှောက်နူသီးခွံကို ပါးပါးလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။
    • ထိုရှောက်နူသီးခွံလေးတွေကို ရေနွေးထဲမှာ စိမ်ပြီး သောက်သုံးရုံပါပဲ။
    • အကျိုးကျေးဇူး အပြည့်အဝရရှိဖို့ ညအိပ်ရာမဝင်ခင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။
    ဒီရေနွေးကြမ်းလေးကို သောက်ပေးခြင်းဖြင့် -
    • အူလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။
    • ခေါင်းမူးဝေခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတယ်။
    • အဓိကကတော့ အဆမတန် ဝမ်းချုပ်နေတာတွေကို ကောင်းမွန်စေပါတယ်။
    ဒီနည်းလမ်းလေးက အရမ်းရိုးရှင်းပေမယ့် တကယ်ကို လက်တွေ့ကျပြီး ထိရောက်တာကြောင့် ဝမ်းချုပ်တတ်သူများ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်ခင်ဗျာ။

    #crd_to_owner_with_respect
    #ShweKhitMedia
    အိမ်သာသွားတာခနခနရှိပြီ ဗိုက်ထဲကနေ အောင့်ပြီး ဝမ်းသွားချင်ပေမယ့် တကယ်သွားတဲ့အခါ ဝမ်းမထွက်ဘဲ အတော်လေး ဒုက္ခရောက်နေရင် ကျွန်တော့်ရဲ့ အစွမ်းထက် သဘာဝဆေးနည်းလေးတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလဲ လွယ်ကူပြီး တကယ်ကောင်းတယ် • အရင်ဆုံး ရှောက်နူသီးခွံကို ပါးပါးလေးတွေဖြစ်အောင် အရင်လှီးလိုက်ပါ။ • ထိုရှောက်နူသီးခွံလေးတွေကို ရေနွေးထဲမှာ စိမ်ပြီး သောက်သုံးရုံပါပဲ။ • အကျိုးကျေးဇူး အပြည့်အဝရရှိဖို့ ညအိပ်ရာမဝင်ခင် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။ ဒီရေနွေးကြမ်းလေးကို သောက်ပေးခြင်းဖြင့် - • အူလမ်းကြောင်းအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။ • ခေါင်းမူးဝေခြင်းနဲ့ အိပ်မပျော်တဲ့ ဝေဒနာတွေကိုပါ သက်သာစေတယ်။ • အဓိကကတော့ အဆမတန် ဝမ်းချုပ်နေတာတွေကို ကောင်းမွန်စေပါတယ်။ ဒီနည်းလမ်းလေးက အရမ်းရိုးရှင်းပေမယ့် တကယ်ကို လက်တွေ့ကျပြီး ထိရောက်တာကြောင့် ဝမ်းချုပ်တတ်သူများ မဖြစ်မနေ စမ်းကြည့်သင့်ပါတယ်ခင်ဗျာ။ #crd_to_owner_with_respect #ShweKhitMedia
    Care
    1
    · 0 Comments ·0 Shares ·444 Views
More Results