• ‌ေ ငွ တွေ ဟာငါ့ ဆီ ကို အဆက်မပြတ် စီး ဝင် လာ ပြီ‌ေ ငွ ‌ေ တွ ကိုပင် ဆိုင် ရလို့ ငါ ပျော် တယ်‌ေ ကျး ဇူး တင် ပါ တယ်စကြာဝဠာကြီး
    ‌ေ ငွ တွေ ဟာငါ့ ဆီ ကို အဆက်မပြတ် စီး ဝင် လာ ပြီ‌ေ ငွ ‌ေ တွ ကိုပင် ဆိုင် ရလို့ ငါ ပျော် တယ်‌ေ ကျး ဇူး တင် ပါ တယ်စကြာဝဠာကြီး
    Love
    1
    ¡ 0 Comments ¡0 Shares ¡45 Views
  • မချစ်နိုင်တော့လို့ လမ်းခွဲရတာနဲ့
    မဖြစ်နိုင်တော့လို့ လမ်းခွဲရတာနဲ့က
    လုံးဝမတူပါဘူး။

    မချစ်နိုင်တော့လို့ လမ်းခွဲလိုက်ကြရတာက
    အချိန်အတိုင်းအတာ တစ်ခုရောက်သည့်အခါ
    လုံဝ သတိမရကြတော့ပေမယ့်

    မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ရသည်က
    ဘယ်တော့မှ မေ့ပျောက်သွားလို့မရတော့တာမျိုးပါ။

    သတိရဆုံးအချိန်က
    တစ်စုံတစ်ခု တ်ုက်ဆိုင်မူတွေ ရှိတိုင်းပေါ့။

    အမြဲတမ်းမဟုတ်ခဲ့ရင်တောင်
    ရင်ထံက အမှတ်တရတွေပါ သေရာပါသွားသည့်
    အထိပါ။

    ဒီလိုအဖြစ်မျိုးတွေကို ခံစားဖူးသူတိုင်
    သိနေကြတာမျိုးပါ။

    လမ်းလွှဲသွားကြပေမယ့်
    လမ်းခွဲစကားဆိုခဲ့သည့်အချိန်မှစ၍
    ထပ်တူမကျခဲ့သည့် အဖြစ်တွေအတွက်
    ဖြတ်ယူခဲ့ရသည့် သံယောဇဉ် အရစ်အတင်း၌
    ချစ်ခြင်းတရားတို့သည်
    နုပျိုလန်းဆန်းလျှက် ကြွင်းရစ်နေခဲ့ပါတော့သည်လေ။

    ကိုငြိမ်း(နှလုံးသား အဟာရ စာစုများ)
    25.6.2025
    မချစ်နိုင်တော့လို့ လမ်းခွဲရတာနဲ့ မဖြစ်နိုင်တော့လို့ လမ်းခွဲရတာနဲ့က လုံးဝမတူပါဘူး။ မချစ်နိုင်တော့လို့ လမ်းခွဲလိုက်ကြရတာက အချိန်အတိုင်းအတာ တစ်ခုရောက်သည့်အခါ လုံဝ သတိမရကြတော့ပေမယ့် မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ရသည်က ဘယ်တော့မှ မေ့ပျောက်သွားလို့မရတော့တာမျိုးပါ။ သတိရဆုံးအချိန်က တစ်စုံတစ်ခု တ်ုက်ဆိုင်မူတွေ ရှိတိုင်းပေါ့။ အမြဲတမ်းမဟုတ်ခဲ့ရင်တောင် ရင်ထံက အမှတ်တရတွေပါ သေရာပါသွားသည့် အထိပါ။ ဒီလိုအဖြစ်မျိုးတွေကို ခံစားဖူးသူတိုင် သိနေကြတာမျိုးပါ။ လမ်းလွှဲသွားကြပေမယ့် လမ်းခွဲစကားဆိုခဲ့သည့်အချိန်မှစ၍ ထပ်တူမကျခဲ့သည့် အဖြစ်တွေအတွက် ဖြတ်ယူခဲ့ရသည့် သံယောဇဉ် အရစ်အတင်း၌ ချစ်ခြင်းတရားတို့သည် နုပျိုလန်းဆန်းလျှက် ကြွင်းရစ်နေခဲ့ပါတော့သည်လေ။ ကိုငြိမ်း(နှလုံးသား အဟာရ စာစုများ) 25.6.2025
    0 Comments ¡0 Shares ¡211 Views
  • တစ်ယောက်ယောက်ကို သဘောကျတဲ့အခါ သူ့ Acc လေးကို Following လုပ်ပြီး See First ထားရတာကို ကြိုက်တယ်။

    Friend Request မလုပ်ဘဲနဲ့ ....
    Like မပေး ....
    Comment မရေးဘဲနဲ့။

    တစ်စုံတစ်ယောက်ကို အကြောင်းတစ်ခုခုကြောင့် စိတ်ထဲ သဘောကျသွားတဲ့အခါ ....
    အဲ့ဒီလူနဲ့ ရင်းနှီးလိုစိတ် မဖြစ်တော့ဘူး။
    ရင်းနှီးသွားရမှာမျိုး ၊ ခင်တွယ်သွားရမှာမျိုး မလိုချင်တော့ဘူး။
    ဒီအတိုင်းလေးပဲ ....
    သဘောကျတယ်ဆိုတဲ့နေရာမှာတင် ကိုယ်ရပ်တန့်ထားမိပြီ။

    သူ့အကြောင်းတွေ ထဲထဲဝင်ဝင် ကိုယ် မလေ့လာချင်ဘူး။
    သူနဲ့ရင်းနှီးသွားအောင် မကြိုးစားချင်ဘူး။
    သူသတိထားမိအောင် မနေချင်ဘူး ။
    ပြီးတော့ ကိုယ် သူ့ကို သဘောကျတယ်ဆိုတဲ့အကြောင်း သူမသိစေချင်ဘူး။

    ဒီအတိုင်းလေးပဲ .....
    ကိုယ့်အကြောင်းအရာလေးနဲ့ကိုယ် ဆက်ပြီး သဘောကျမယ်။
    New Feeds မှာ ဦးဆုံးတက်လာမယ့် သူ့ Posts တွေကို ဖတ်မယ်။
    My Day တွေ ဝင်ကြည့်မယ်။
    ဒီလောက်ပဲပေါ့....
    ရင်းနှီးသွားဖို့ကို ကိုယ်မလိုလားဘူး။

    တွယ်တာခြင်းရဲ့နောက်မှာ ဆုံးရှုံးရခြင်းတွေ ပါလာတတ်တာ ကိုယ်နားလည်ပြီးသား။
    ဒါကြောင့် ပိုင်ဆိုင်ရခြင်းကို ကိုယ်မလိုချင်တော့တာ မဆန်းဘူးမဟုတ်လား။

    ရင်းနှီးခြင်းရဲ့နောက်မှာ သူစိမ်းဆန်ခြင်းတွေလည်း ရှိလာနိုင်တာပဲ...
    တကယ်လို့ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးခဲ့ကြရင် သူစိမ်းဆန်စရာမှမလိုတော့တာ။ ( နဂိုတည်းက မရင်းနှီးတဲ့ သူစိမ်းတွေပဲမလား )

    ဒါကြောင့် တကယ်လို့ ကိုယ် တစ်ယောက်ယောက်ကို သဘောကျမိသွားတဲ့အခါ.....
    ရင်းနှီးမသွားချင်တော့ဘူး။

    ပင်ပျို
    တစ်ယောက်ယောက်ကို သဘောကျတဲ့အခါ သူ့ Acc လေးကို Following လုပ်ပြီး See First ထားရတာကို ကြိုက်တယ်။ Friend Request မလုပ်ဘဲနဲ့ .... Like မပေး .... Comment မရေးဘဲနဲ့။ တစ်စုံတစ်ယောက်ကို အကြောင်းတစ်ခုခုကြောင့် စိတ်ထဲ သဘောကျသွားတဲ့အခါ .... အဲ့ဒီလူနဲ့ ရင်းနှီးလိုစိတ် မဖြစ်တော့ဘူး။ ရင်းနှီးသွားရမှာမျိုး ၊ ခင်တွယ်သွားရမှာမျိုး မလိုချင်တော့ဘူး။ ဒီအတိုင်းလေးပဲ .... သဘောကျတယ်ဆိုတဲ့နေရာမှာတင် ကိုယ်ရပ်တန့်ထားမိပြီ။ သူ့အကြောင်းတွေ ထဲထဲဝင်ဝင် ကိုယ် မလေ့လာချင်ဘူး။ သူနဲ့ရင်းနှီးသွားအောင် မကြိုးစားချင်ဘူး။ သူသတိထားမိအောင် မနေချင်ဘူး ။ ပြီးတော့ ကိုယ် သူ့ကို သဘောကျတယ်ဆိုတဲ့အကြောင်း သူမသိစေချင်ဘူး။ ဒီအတိုင်းလေးပဲ ..... ကိုယ့်အကြောင်းအရာလေးနဲ့ကိုယ် ဆက်ပြီး သဘောကျမယ်။ New Feeds မှာ ဦးဆုံးတက်လာမယ့် သူ့ Posts တွေကို ဖတ်မယ်။ My Day တွေ ဝင်ကြည့်မယ်။ ဒီလောက်ပဲပေါ့.... ရင်းနှီးသွားဖို့ကို ကိုယ်မလိုလားဘူး။ တွယ်တာခြင်းရဲ့နောက်မှာ ဆုံးရှုံးရခြင်းတွေ ပါလာတတ်တာ ကိုယ်နားလည်ပြီးသား။ ဒါကြောင့် ပိုင်ဆိုင်ရခြင်းကို ကိုယ်မလိုချင်တော့တာ မဆန်းဘူးမဟုတ်လား။ ရင်းနှီးခြင်းရဲ့နောက်မှာ သူစိမ်းဆန်ခြင်းတွေလည်း ရှိလာနိုင်တာပဲ... တကယ်လို့ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးခဲ့ကြရင် သူစိမ်းဆန်စရာမှမလိုတော့တာ။ ( နဂိုတည်းက မရင်းနှီးတဲ့ သူစိမ်းတွေပဲမလား ) ဒါကြောင့် တကယ်လို့ ကိုယ် တစ်ယောက်ယောက်ကို သဘောကျမိသွားတဲ့အခါ..... ရင်းနှီးမသွားချင်တော့ဘူး။ ပင်ပျို
    0 Comments ¡0 Shares ¡240 Views
  • စိတ်အေအေးထာပြီးဖတ်ပါနော်
    ကျရှုံးချိန်မှာ ခေါင်းမော့ပါ

    ကြိုးစားချိန်မှာ နှုတ်လုံပါ

    အောင်မြင်ချိန်မှာ မာန်ချပါ

    ပြည့်ဝချိန်မှာ မျှဝေပါ

    ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

    ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။

    အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။

    ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။

    အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။

    လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။

    ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ

    ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ

    ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

    ရည်မှန်းချက်တွေပျက်ရင် ဘဝတခုလုံး ပျက်စီးသွားနိုင်တယ်

    ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ

    ရည်မှန်းချက်တွေမပျက်ပါစေနဲ့။

    အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့

    သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်

    တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။

    မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။

    ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။

    လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။

    ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။

    မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့

    ရုန်းထွက်နိုင်အောင်ကြိုးစားပါ။

    စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ

    သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။

    ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
    အချိန်ကုန်ခံမနေပါနဲ့။

    ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။

    လူကိုမကြည့်နဲ့. မူကိုကြည့်။

    ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။

    အပြောမကြည့်နဲ့. မနောကိုကြည့်။

    အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
    အဓိပ်ပါယျဟာ လွှဲမှားနေအုံးမှာပါ။

    စာပေချစ်သူ

    Crd
    စိတ်အေအေးထာပြီးဖတ်ပါနော် ကျရှုံးချိန်မှာ ခေါင်းမော့ပါ ကြိုးစားချိန်မှာ နှုတ်လုံပါ အောင်မြင်ချိန်မှာ မာန်ချပါ ပြည့်ဝချိန်မှာ မျှဝေပါ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။ ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။ အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။ လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။ ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။ ရည်မှန်းချက်တွေပျက်ရင် ဘဝတခုလုံး ပျက်စီးသွားနိုင်တယ် ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ ရည်မှန်းချက်တွေမပျက်ပါစေနဲ့။ အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့ သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့် တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။ မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။ ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။ လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။ ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။ မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့ ရုန်းထွက်နိုင်အောင်ကြိုးစားပါ။ စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။ ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို အချိန်ကုန်ခံမနေပါနဲ့။ ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။ လူကိုမကြည့်နဲ့. မူကိုကြည့်။ ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။ အပြောမကြည့်နဲ့. မနောကိုကြည့်။ အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ အဓိပ်ပါယျဟာ လွှဲမှားနေအုံးမှာပါ။ စာပေချစ်သူ😊 Crd
    0 Comments ¡0 Shares ¡330 Views
  • ဒီနေ့အိပ်ရာထ နဲနဲနောက်ကျသွားတယ်ကွယ်
    နာရီကောက်ကြည့်လိုက်တာ6:30ဆိုတာနဲ့
    ကမန်းကတန်း ကုတင်အောက်ဘယ်လို
    ရောက်သွားလဲမသိဘူး

    Morning ပါ
    ဒီနေ့အိပ်ရာထ နဲနဲနောက်ကျသွားတယ်ကွယ် နာရီကောက်ကြည့်လိုက်တာ6:30ဆိုတာနဲ့ ကမန်းကတန်း ကုတင်အောက်ဘယ်လို ရောက်သွားလဲမသိဘူး 😄😄😄 Morning ပါ
    0 Comments ¡0 Shares ¡168 Views
  • တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ
    ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်...

    တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ
    ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ...

    တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ
    ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော...

    တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင်
    သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး...

    အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို
    ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး...

    အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို
    ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး...

    ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ...

    အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ
    သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း
    ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်...

    #Credit_to_the_Original_Uploader
    #စာပေဗဟုသုတများ
    #စာပေချစ်သူ
    #မေတ္တာဖြင့်
    #crd_to_owner_with_respectcrd
    တစ်ခါတလေ ကိုယ်ကဘာမှမလုပ်ပဲ ကိုယ့်ကိုမုန်းနေတဲ့သူတွေ ရှိနေတတ်တယ်... တစ်ခါတလေ ကိုယ်ကလုံးဝမသိလိုက်ပဲ ကိုယ့်ကိုအထင်လွဲသွားတတ်တဲ့ သူတွေရှိနေတတ်တာ... တစ်ခါတလေ ကိုယ်တောင်မသိလိုက်ရပါပဲ ကိုယ်ဟာ လူယုတ်မာကြီး ဖြစ်နေပြန်ပါရော... တစ်ခါတလေကျတော့ ကိုယ်မလုပ်ဖူးတဲ့အရာတွေကိုတောင် သူတို့ပါးစပ်ထဲမှာတင် ကိုယ်ဟာလုပ်မိသလိုမျိုး... အဲ့ဒါတွေက ကိုယ်ရှင်းပြစရာလည်း မလိုအပ်သလို ဖြေရှင်းလို့လည်း လက်ခံနိုင်ကြမယ်မထင်ပါဘူး... အရေးတယူ လိုက်ဖြေရှင်းဖို့လည်း မကြိုးစားသလို ပြန်တုံ့ပြန်ဖို့လည်း စိတ်ကူး မရှိပါဘူး... ကိုယ်ကတော့ ဘယ်သူ့အပေါ်မှ ယုတ်မာတဲ့အတွေးနဲ့ မကောင်းဖြစ်စေချင်တဲ့စိတ်မရှိခဲ့လို့ လိပ်ပြာသန့်နေဆဲပါပဲ... အမှန်တရားကို သိလာတဲ့ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ ဝဋ်ပြန်မလည်ကြဖို့ ဆုတောင်းပေးရင်း ငြိမ်းချမ်းစွာ ပြန်ပြုံးပြနိုင်ဖို့ပဲ ကြိုးစားပါ့မယ်... #Credit_to_the_Original_Uploader #စာပေဗဟုသုတများ #စာပေချစ်သူ #မေတ္တာဖြင့် #crd_to_owner_with_respectcrd
    Like
    3
    ¡ 0 Comments ¡0 Shares ¡560 Views
  • မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ
    ဘယ်သူကိုမှ အပြစ်မတင်ပါဘူး
    ကိုယ်ကိုတိုင်က မျှော်လင့်မိတာကို
    ပေးလိုက်တာက မေတ္တာ
    ပြန်ရလိုက်တာက သင်ခန်းစာ

    သွေးမထွက်သော
    ဒါဏ်ရာများ
    ဝါဆို
    မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ဘယ်သူကိုမှ အပြစ်မတင်ပါဘူး ကိုယ်ကိုတိုင်က မျှော်လင့်မိတာကို ပေးလိုက်တာက မေတ္တာ ပြန်ရလိုက်တာက သင်ခန်းစာ 💔🖤💌 သွေးမထွက်သော 💔🖤💌ဒါဏ်ရာများ 💔🖤💌 ဝါဆို
    Like
    1
    ¡ 0 Comments ¡0 Shares ¡103 Views
  • ပြီးရင်လည်း တစ်ယောက်တည်း ဖြစ်ဖြစ်သွားတာပါပဲ။
    တစ်ယောက်ယောက်ပဲ အနားမှာ ရှိနေပေးတော့မလိုလို၊ တစ်ယောက်ယောက်ကပဲ ကိုယ့်ကို သူ့အနားမှာ တစ်သက်လုံး ခေါ်ထားတော့မလိုလို၊ အဲ့သလိုမျိုးတွေ ထင်ယောင်ထင်မှား ဖြစ်ခဲ့ရတာလဲ အကြိမ်ကြိမ်ပဲ။ ဘယ်လောက်ပဲ မတူညီတဲ့ စတင်ခြင်းတွေ ဖြစ်နေပါစေ တူညီတာတစ်ခုက အဆုံးမှာ
    ကျွန်တော်ဟာ တစ်ယောက်တည်း ဖြစ်ဖြစ်သွားတာပဲ။

    || 25.4.2025
    ပြီးရင်လည်း တစ်ယောက်တည်း ဖြစ်ဖြစ်သွားတာပါပဲ။ တစ်ယောက်ယောက်ပဲ အနားမှာ ရှိနေပေးတော့မလိုလို၊ တစ်ယောက်ယောက်ကပဲ ကိုယ့်ကို သူ့အနားမှာ တစ်သက်လုံး ခေါ်ထားတော့မလိုလို၊ အဲ့သလိုမျိုးတွေ ထင်ယောင်ထင်မှား ဖြစ်ခဲ့ရတာလဲ အကြိမ်ကြိမ်ပဲ။ ဘယ်လောက်ပဲ မတူညီတဲ့ စတင်ခြင်းတွေ ဖြစ်နေပါစေ တူညီတာတစ်ခုက အဆုံးမှာ ကျွန်တော်ဟာ တစ်ယောက်တည်း ဖြစ်ဖြစ်သွားတာပဲ။ 💭 || 25.4.2025
    Care
    1
    ¡ 0 Comments ¡0 Shares ¡131 Views
  • လူတွေက အကြွေး တင်တာတို့
    သူများဆီက ချေးငှား ရတာတို့ကို
    ရှက်စရာလို့ မြင်တတ်ကြတယ်။

    မပြေလည်တဲ့အချိန် ပြေလည်တဲ့လူဆီက
    ချေးငှားရတာ ရှက်စရာတော့ မဟုတ်ဘူး။

    " ငွေချေးတာ အကြွေးရှိတာက
    ရှက်စရာ မဟုတ်ဘူး။ပြန်မဆပ်တာကမှ ရှက်စရာပါ "

    အကြွေးရှိရင် ဆပ်ဖြစ်အောင် ဆပ်ပါ။
    ပြန် မပေးနိုင်သေးရင် တောင်းပန်ပါ။

    အကြွေးရှိတာ ကို မရှက်နဲ့။
    အကြွေးမဆပ်နိုင်မှာ ကိုပဲ ရှက်ပါ။

    #credit
    လူတွေက အကြွေး တင်တာတို့ သူများဆီက ချေးငှား ရတာတို့ကို ရှက်စရာလို့ မြင်တတ်ကြတယ်။ မပြေလည်တဲ့အချိန် ပြေလည်တဲ့လူဆီက ချေးငှားရတာ ရှက်စရာတော့ မဟုတ်ဘူး။ " ငွေချေးတာ အကြွေးရှိတာက ရှက်စရာ မဟုတ်ဘူး။ပြန်မဆပ်တာကမှ ရှက်စရာပါ " အကြွေးရှိရင် ဆပ်ဖြစ်အောင် ဆပ်ပါ။ ပြန် မပေးနိုင်သေးရင် တောင်းပန်ပါ။ အကြွေးရှိတာ ကို မရှက်နဲ့။ အကြွေးမဆပ်နိုင်မှာ ကိုပဲ ရှက်ပါ။ #credit
    Love
    1
    ¡ 0 Comments ¡0 Shares ¡204 Views
  • သူများအမှားကိုယ့်အမှားဖြစ်မယ်

    တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။

    အဲဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။
    တွေ့တော့ မျောက်က အဲဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။

    မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။

    မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးမတောက်မချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။

    ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ်

    "ဟိတ်ကောင် အဲဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး"
    မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။
    "ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး"
    မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။

    "ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ"
    ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။

    အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။

    တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။

    #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
    သူများအမှားကိုယ့်အမှားဖြစ်မယ် တစ်ခါတုန်းက တောနက်ကြီးထဲက သစ်ပင်တစ်ပင်မှာ မျောက်တစ်ကောင်နေထိုင်တယ်။ ရာသီဥတုကလည်း ဆောင်းရာသီဆိုတော့ မျောက်ခမျာ တော်တော်လေး ချမ်းနေရှာတယ်။ အဲဒါနဲ့ မီးရလိုရငြား လိုက်ရှာရင်း အဝေးတစ်နေရာမှာ ပိုးစုန်းကြူးတစ်ကောင်ကို သွားတွေ့တယ်။ တွေ့တော့ မျောက်က အဲဒီပိုးစုန်းကြူးနဲ့ မီးဖိုလို့ ရမယ်ထင်ပြီး လိုက်ဖမ်းတယ်။ မိတော့ ပိုးစုန်းကြူးအပေါ်မှာ အမှိုက်တွေပုံ၊ သစ်ကိုင်းခြောက်လေး နည်းနည်းပါးပါးပုံပြီး မီးစွဲအောင် မှုတ်နေတယ်။ မျောက်ရဲ့စိတ်ထဲမှာတော့ ပိုးစုန်းကြူးကို မီးစဖြစ်ရမယ်လို့ အထင်မှားနေပြီး မီးမတောက်မချင်း တဖူးဖူးနဲ့ မှုတ်နေတယ်။ ဒါကို သူနဲ့ မလှမ်းမကမ်းက ကျောက်ဆောင်ပေါ်မှာ နားနေတဲ့ ငှက်ကမြင်တော့ တားတယ် "ဟိတ်ကောင် အဲဒါ မီး မဟုတ်ဘူး၊ ပိုးစုန်းကြူး" မျောက်က အရေးမလုပ်ဘူး။ ထပ်ပြောတယ်။ "ဟိတ်ကောင် မီးမဟုတ်ဘူးဟ၊ ပိုးစုန်းကြူး" မျောက်က အရေးမလုပ်ပြန်တော့ တတိယအကြိမ်ထပ်ပြောတယ်။ "ပြောနေတာကြားလား မီးမဟုတ်ဘူးကွ၊ ပိုစုန်းကြူးဟ" ဒီအခါမှာတော့ မျောက်က စိတ်တိုပြီး ငှက်ကို ကျောက်ဆောင်နဲ့ ရိုက်သ-တ်ပစ်လိုက်ပါတော့တယ်။ အမှန်တရားကို ပြောတဲ့ငှက် မမှားပါဘူး။ ဒါပေမဲ့ အမှန်တရားကို လက်မခံနိုင်တဲ့မျောက်ကို သွားပြောမိလိုက်တာတော့ မှားသွားပါတယ်။ တစ်ခါတလေကျရင် တချို့အမှန်တရားတွေက လက်မခံနိုင်တဲ့သူကို သွားပြောမိရင် သူ့အမှားကနေ ကိုယ့်အမှား ဖြစ်တတ်တယ်။ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
    0 Comments ¡0 Shares ¡133 Views
  • မင်းရဲ့စိတ်ကိုထိန်းချုပ်ပါ
    (၁)။ မင်းကို မရှာတဲ့သူကို မရှာပါနဲ့။
    (၂)။ အကြွေးနဲ့ ကင်းအောင်နေပါ။
    (၃)။ လိုအပ်တာထက် ပိုမပြောပါနှင့်။
    (၄)။ လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။
    (၅)။ တခြားသူတွေ စားတာထက် ပိုမစားပါနဲ့။ အစားအသောက် ဆင်ခြင်ပါ။
    (၆)။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကို ကိုယ် ပျော်အောင်ထားပါ။
    (၇)။ အခြားသူများအကြောင်း အတင်းအဖျင်း ပြောခြင်းကို ရပ်တန့်ပါ။
    (၈)။ စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်း ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်က ထွက်လာတဲ့ စကားလုံး လေသံ တွေပါ။
    (၉)။ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ သင့် ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။
    (၁၀)။ အချိန်ကို လေးစားပါ။
    (၁၁)။ လေးစားတန်ဖိုးထားမှု မရှိတဲ့ နယ်ပယ် လေးစားတန်ဖိုးထားမှု မရှိတဲ့ ဆက်ဆံရေးမှာ မနေ ပါနဲ့။ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။
    ( ၁၂)။ သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင် သင်ယူပါ။ လူတွေက မင်းကို အသုံးပြုဖို့ သင်ယူလိမ့်မယ်။ (သို့မဟုတ်)ရှာဖွေလိမ့်မယ်။
    (၁၃)။ ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့် ကိုယ့် အရည်အချင်းတွေ မြင့်တင်ပါ။
    (၁၄)။ လက်ခံသူထက် ပိုပြီး ပေးကမ်းသူ ဖြစ်ပါ စေ၊၊
    (၁၅)။ မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သော အခါတွင်လည်း သင်၏ ကြိုဆိုမှုကို လွန်ကဲ စွာ မပြုပါနဲ့။
    (၁၆)။ လူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။
    (၁၇)။ မင်းမိသားစုကို အချိန်ပေးနေတာက လွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။ ၁၈)။ ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ် ပါ။
    မင်းဖြစ်ချင်တဲ့ ဆန္ဒ အကောင်းဆုံးဖြစ်ပါစေ။

    Credit. မူရင်း
    မင်းရဲ့စိတ်ကိုထိန်းချုပ်ပါ (၁)။ မင်းကို မရှာတဲ့သူကို မရှာပါနဲ့။ (၂)။ အကြွေးနဲ့ ကင်းအောင်နေပါ။ (၃)။ လိုအပ်တာထက် ပိုမပြောပါနှင့်။ (၄)။ လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။ (၅)။ တခြားသူတွေ စားတာထက် ပိုမစားပါနဲ့။ အစားအသောက် ဆင်ခြင်ပါ။ (၆)။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကို ကိုယ် ပျော်အောင်ထားပါ။ (၇)။ အခြားသူများအကြောင်း အတင်းအဖျင်း ပြောခြင်းကို ရပ်တန့်ပါ။ (၈)။ စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်း ကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ 80% က မင်းပါးစပ်က ထွက်လာတဲ့ စကားလုံး လေသံ တွေပါ။ (၉)။ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ သင့် ပန်းတိုင်များနှင့် အလုပ်ရှုပ်ပါစေ။ (၁၀)။ အချိန်ကို လေးစားပါ။ (၁၁)။ လေးစားတန်ဖိုးထားမှု မရှိတဲ့ နယ်ပယ် လေးစားတန်ဖိုးထားမှု မရှိတဲ့ ဆက်ဆံရေးမှာ မနေ ပါနဲ့။ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။ ( ၁၂)။ သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင် သင်ယူပါ။ လူတွေက မင်းကို အသုံးပြုဖို့ သင်ယူလိမ့်မယ်။ (သို့မဟုတ်)ရှာဖွေလိမ့်မယ်။ (၁၃)။ ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့် ကိုယ့် အရည်အချင်းတွေ မြင့်တင်ပါ။ (၁၄)။ လက်ခံသူထက် ပိုပြီး ပေးကမ်းသူ ဖြစ်ပါ စေ၊၊ (၁၅)။ မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သော အခါတွင်လည်း သင်၏ ကြိုဆိုမှုကို လွန်ကဲ စွာ မပြုပါနဲ့။ (၁၆)။ လူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံပါ။ (၁၇)။ မင်းမိသားစုကို အချိန်ပေးနေတာက လွဲရင် တခြားသူတွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။ ၁၈)။ ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ် ပါ။ မင်းဖြစ်ချင်တဲ့ ဆန္ဒ အကောင်းဆုံးဖြစ်ပါစေ။ Credit. မူရင်း
    Care
    1
    ¡ 0 Comments ¡0 Shares ¡305 Views
  • "အိမ်"
    ငယ်ငယ်တုန်းက
    အိမ်ဆိုတာ အမေ
    အမေဆိုတာ အိမ်ပဲလို့ထင်တယ်။

    အမေ မရှိရင်
    အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။
    အိမ်ပြန်မယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကိုရှာတာပဲ။

    အမေ ဘယ်မှာလဲ....
    အမေရှိတဲ့အရပ်က အိမ်ပေါ့။
    အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။

    ကြီးလာတော့လည်း
    အမေဆိုတာ အိမ်
    အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။
    အမေ မရှိရင် အိမ်မရှိဘူး။

    အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊
    တကယ်တော့ အမေ့ကို လွမ်းတာပါ။

    အိမ်ထဲဝင်တာနဲ့
    "အမေ" လို့ အရင်ခေါ်တာပါပဲ။

    အမေကို မတွေ့ရင်
    အမေကိုရှာတယ်။
    အမေကိုတွေ့မှ
    အော်.. အိမ် ပြန်ရောက်တယ်။

    အင်း.... ဘာဖြစ်လို့
    လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ
    အိမ်ပြန်ချင်ကြပါလိမ့်၊
    အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊
    အမေ့ကို အရင်သတိရကြပါလိမ့်၊
    ဘာမှမတတ်နိုင်တဲ့အခါ
    "အမေ"လို့ တကြပါလိမ့်...

    တစ်သက်ရှိခဲ့ပါပြီ...
    တမ်းတရင်း လွမ်းဆွတ်ရင်း
    ဘယ်နေရာမှာ
    လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့
    တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။

    ကျနော် အကျယ်ကြီး ပြောပါရစေ...

    အေမ

    အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ
    ကျွန်တော်တစ်သက်တာအတွက်
    အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ...

    #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    "အိမ်" ငယ်ငယ်တုန်းက အိမ်ဆိုတာ အမေ အမေဆိုတာ အိမ်ပဲလို့ထင်တယ်။ အမေ မရှိရင် အိမ်ဆိုတာ ဘယ်ရှိလိမ့်မလဲ။ အိမ်ပြန်မယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကိုရှာတာပဲ။ အမေ ဘယ်မှာလဲ.... အမေရှိတဲ့အရပ်က အိမ်ပေါ့။ အမေ မရှိတဲ့အရပ် အိမ်မရှိပါဘူး။ ကြီးလာတော့လည်း အမေဆိုတာ အိမ် အိမ်ဆိုတာ အမေလို့ထင်တုန်းပဲ။ အမေ မရှိရင် အိမ်မရှိဘူး။ အိမ်ကိုလွမ်းတယ်လို့သာ ပြောတယ်၊ တကယ်တော့ အမေ့ကို လွမ်းတာပါ။ အိမ်ထဲဝင်တာနဲ့ "အမေ" လို့ အရင်ခေါ်တာပါပဲ။ အမေကို မတွေ့ရင် အမေကိုရှာတယ်။ အမေကိုတွေ့မှ အော်.. အိမ် ပြန်ရောက်တယ်။ အင်း.... ဘာဖြစ်လို့ လူတွေဟာ အခက်အခဲနဲ့ ကြုံတဲ့အခါ အိမ်ပြန်ချင်ကြပါလိမ့်၊ အကြပ်တည်းဆုံးနဲ့ ကြုံတဲ့အခါ၊ အမေ့ကို အရင်သတိရကြပါလိမ့်၊ ဘာမှမတတ်နိုင်တဲ့အခါ "အမေ"လို့ တကြပါလိမ့်... တစ်သက်ရှိခဲ့ပါပြီ... တမ်းတရင်း လွမ်းဆွတ်ရင်း ဘယ်နေရာမှာ လောကရဲ့အလှဆုံးအိမ်ရှိသလဲလို့ တမ်းတလွမ်းဆွတ်လာတာ တစ်သက်ရှိပါပြီ။ ကျနော် အကျယ်ကြီး ပြောပါရစေ... အေမ အမေရဲ့နွေးထွေးတဲ့ရင်ခွင်ကမှ ကျွန်တော်တစ်သက်တာအတွက် အလုံခြုံ အပျော်ရွှင်ဆုံးအိမ်ပါ အမေ... #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #crd_to_owner_with_respect #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်
    Care
    1
    ¡ 0 Comments ¡0 Shares ¡265 Views
More Results