• ဒါမှ ငါတို့ သောက်အညာသားကွ !
    •••••••••••••••••••••••••••••••••••••••••

    ( ၀ )

    ‌ကြည်နူးရတယ် ငါ့ကောင်တို့ရေ • • • •
    ကြည်နူးရတယ် ဟ ! ! !

    လူညစ်လူလိမ်တွေ ပေါများတဲ့
    ဒီခေတ်ကြီးထဲမှာ အင်မတန်သဘောထားဖြူစင်တဲ့
    အညာသားတချို့ကို ငါပြန်တွေ့ရတာ
    သိပ်ပြီးဝမ်းသာတယ်။

    ( ၁ )

    ခြေနှစ်ချောင်းလုံးကျိုးပြီး
    ခွဲစိတ်ခန်းဝင်ရတဲ့ ကလေးတယောက်ကို
    အသိ‌ နောင်တော်ဆရာဝန် တာဝန်ယူပြီး အစအဆုံး
    ခွဲစိတ်ပေးလိုက်တယ်။

    ကုသစရိတ်အပြင် - နောက်ထပ် လိုတာသုံးဖို့ ၁၀ သိန်းပေးတော့ • • •

    ကလေးအဖေက
    " မခွဲခင်က ဆရာတို့ ၇ သိန်းပေးထားတယ်၊
    ခုခွဲစိတ်ခလည်း ဆရာတို့ပဲ အကုန်ကျခံထားတာ
    တဲ့၊ နောက်ထပ် ကလေးအတွက် သိပ်မလိုတော့
    ဘူးမလားဆရာ " တဲ့။ ဆရာဝန်က
    " အေး - - - ကုန်စရာကြီးကြီးမားမား
    မရှိတော့ဘူး " လို့လဲ ဆိုလိုက်ရော -

    ကလေးအဖေနဲ့အမေက • • • • •
    " ဒါဆိုရင် ခု ထပ်ပေးမယ့် ၁၀ သိန်းကို
    တခြား ကလေးတယောက်ကို
    ထပ်ကူညီလိုက်ပါ " တဲ့။

    ယီး !!!

    ( ငါ့ သောက်ရုပ်အကြမ်းကြီးနဲ့ မျက်ရည်ပါကျ )

    ဟာကွာ ! ဒီလူ ဘယ်လိုလူလဲပေါ့။

    မနေနိုင်လို့ သွားမေးမိတယ်။
    ခင်ဗျားကို ပေးတာလေ ယူပေါ့ဗျာဆိုတော့ • • •

    ကျုပ်ကလေး ကျန်းမာရေးအတွက်
    လုံလောက်ပြီတဲ့။

    သူနေကောင်းရင် -
    စား၊ဝတ်‌၊နေရေးအတွက် ကျုပ်တို့ဘာသာ
    ရုန်းကန်ပါမယ်တဲ့။

    ဟာကွာ !!

    ဒါမှ ငါတို့
    သောက်အညာသား၊ တောသားကွလို့
    ပြောခဲ့မိလိုက်တယ်။

    အေးရော။

    ( ၂ )

    မနေ့ညနေက နောက်တယောက်။
    ဆေးမကုဘဲ ငလျင်ကြောင့် ပိထားတဲ့ ခြေထောက်ကို တိုင်းရင်းဒဏ်ကြေလိမ်းဆေး လိမ်းနေတာ။
    အိမ်ကပြို လူကဒဏ်ရာကတော့ ကုစရာရှိပုံမပေါ်ဘူးရယ်။

    ကျွန်တော်တို့ ဇွတ်အတင်းခေါ်ပြီး

    ဘာမှ မယူခဲ့နဲ့ ၊

    အကျီပဲယူခဲ့၊

    တို့ဆီမှာ ထဘီအသစ်တွေပါတယ်ဆိုပြီး ခေါ်ခဲ့လိုက်တယ်။

    ကားပေါ်ရောက်တော့ • • •
    ဆေးရုံတက်ရရင် ဝတ်ဖို့ဆိုပြီး ထဘီ ၅ ကွင်းပေးလိုက်တယ်။

    ဒါနဲ့ ဆေးရုံရောက် !
    ဓါတ်မှန်‌ရိုက်တော့ ကျိုးနေတာတဲ့။

    ဪ!!!

    ဟိုက ဆရာဝန်က ကျောက်ပတ်တီးစီးပြီးတော့ ဆေးရုံတက်စရာမလိုဘူးဆိုတာနဲ့ အိမ်ပြန်ပို့လိုက်တာ။ ရွာထိပ်ရောက်တော့ ထဘီလေး ၅ ကွင်းကို ပြန်ပေးရှာတယ်။

    ဘာလို့လဲဆိုတော့

    " ကျုပ်တို့မှာ ဝတ်စရာ အိမ်မှာရှိပါတယ် " တဲ့။ "

    တခြားလိုတဲ့သူတွေ ပေးလိုက်ပါ " တဲ့။

    ဟ !!!

    ဘယ်လို အညာသူမ တွေလဲ? လို့။

    ငါ ကြည်နူးရပြန်တယ်။

    ( ၃ )

    မနေ့က အိမ်သာတလုံး သွားမျှဝေတယ်။
    အမြန်ဆောက်ကြဗျာ။

    ကျုပ်တို့ တာဝန်ယူတယ်...ဆိုပြီး ပြန်လာခဲ့လိုက်တယ်။

    ဒီနေ့ လမ်းသင့်တာ
    နဲ့ ဝင်ကြည့်တော့ - ပြီးသွားပြီ။

    " ဟ ! ဘယ်လိုများ ဆောတ်လိုက်တာလဲ ? "
    " မြေကျင်းတူးခ ဘယ်လောက်ကျလဲ ? " မေးတော့
    " အကိုတို့ အကုန်အကျများမှာစိုးလို့
    ကိုယ့်ဘာသာ တူးလိုက်တာပါ " တဲ့။

    ဟာ !
    ဒီသောက်အညာသားတွေနဲ့တော့ ခက်ပြီ....
    လို့။

    ဒါနဲ့ ပြိုလုလုဖြစ်နေတဲ့ ဒီအိမ်ရော ပြင်ချင်စိတ်ရှိလားလို့ မေးတော့။

    ရှိပါတယ်တဲ့ ...

    " လက်ထဲစုထားတဲ့ ၂ သိန်းရယ် ! နွားပေါက်တကောင်ရှိတာရောင်းပြီး ပြင်ကြမယ် " တဲ့။

    ဟ ! ဘယ်လိုလုပ် ရမှာလဲလို့။

    ငါတို့ ကူရမလားဆိုတော့ -
    အိမ်သာရရင်ပဲ ကျေနပ်ပါပြီတဲ့။

    အခြားသူတွေ ကူလိုက်ပါတဲ့။

    ဟောဗျာ ! အတော်ခက်တဲ့ လူတွေပါကွာ။ အတော်ကိုခက်တဲ့ လူတွေ။

    ဒီလူတွေ ခုလိုပြောချိန်တိုင်း သူတို့မျက်လုံးတွေကိုသေချာအကဲခတ်မိတယ်။

    လူကြားကောင်းအောင် ပေးကမ်းချင်အောင် ပြောနေကြတာမဟုတ်။

    တကယ့်ရင်ထဲက ပြောနေကြတာ။

    ငါ့ဘဝမှာ ငါ့ကိုယ်ငါ အညာသားအဖြစ် ဂုဏ်ယူ
    မိတာ ဒီတကြိမ် အကြီးမားဆုံးပါပဲ။

    #မင်းထက်မြတ်
    ( မိတ်ထီလာ)
    ဒါမှ ငါတို့ သောက်အညာသားကွ ! ••••••••••••••••••••••••••••••••••••••••• ( ၀ ) ‌ကြည်နူးရတယ် ငါ့ကောင်တို့ရေ • • • • ကြည်နူးရတယ် ဟ ! ! ! လူညစ်လူလိမ်တွေ ပေါများတဲ့ ဒီခေတ်ကြီးထဲမှာ အင်မတန်သဘောထားဖြူစင်တဲ့ အညာသားတချို့ကို ငါပြန်တွေ့ရတာ သိပ်ပြီးဝမ်းသာတယ်။ ( ၁ ) ခြေနှစ်ချောင်းလုံးကျိုးပြီး ခွဲစိတ်ခန်းဝင်ရတဲ့ ကလေးတယောက်ကို အသိ‌ နောင်တော်ဆရာဝန် တာဝန်ယူပြီး အစအဆုံး ခွဲစိတ်ပေးလိုက်တယ်။ ကုသစရိတ်အပြင် - နောက်ထပ် လိုတာသုံးဖို့ ၁၀ သိန်းပေးတော့ • • • ကလေးအဖေက " မခွဲခင်က ဆရာတို့ ၇ သိန်းပေးထားတယ်၊ ခုခွဲစိတ်ခလည်း ဆရာတို့ပဲ အကုန်ကျခံထားတာ တဲ့၊ နောက်ထပ် ကလေးအတွက် သိပ်မလိုတော့ ဘူးမလားဆရာ " တဲ့။ ဆရာဝန်က " အေး - - - ကုန်စရာကြီးကြီးမားမား မရှိတော့ဘူး " လို့လဲ ဆိုလိုက်ရော - ကလေးအဖေနဲ့အမေက • • • • • " ဒါဆိုရင် ခု ထပ်ပေးမယ့် ၁၀ သိန်းကို တခြား ကလေးတယောက်ကို ထပ်ကူညီလိုက်ပါ " တဲ့။ ယီး !!! ( ငါ့ သောက်ရုပ်အကြမ်းကြီးနဲ့ မျက်ရည်ပါကျ ) ဟာကွာ ! ဒီလူ ဘယ်လိုလူလဲပေါ့။ မနေနိုင်လို့ သွားမေးမိတယ်။ ခင်ဗျားကို ပေးတာလေ ယူပေါ့ဗျာဆိုတော့ • • • ကျုပ်ကလေး ကျန်းမာရေးအတွက် လုံလောက်ပြီတဲ့။ သူနေကောင်းရင် - စား၊ဝတ်‌၊နေရေးအတွက် ကျုပ်တို့ဘာသာ ရုန်းကန်ပါမယ်တဲ့။ ဟာကွာ !! ဒါမှ ငါတို့ သောက်အညာသား၊ တောသားကွလို့ ပြောခဲ့မိလိုက်တယ်။ အေးရော။ ( ၂ ) မနေ့ညနေက နောက်တယောက်။ ဆေးမကုဘဲ ငလျင်ကြောင့် ပိထားတဲ့ ခြေထောက်ကို တိုင်းရင်းဒဏ်ကြေလိမ်းဆေး လိမ်းနေတာ။ အိမ်ကပြို လူကဒဏ်ရာကတော့ ကုစရာရှိပုံမပေါ်ဘူးရယ်။ ကျွန်တော်တို့ ဇွတ်အတင်းခေါ်ပြီး ဘာမှ မယူခဲ့နဲ့ ၊ အကျီပဲယူခဲ့၊ တို့ဆီမှာ ထဘီအသစ်တွေပါတယ်ဆိုပြီး ခေါ်ခဲ့လိုက်တယ်။ ကားပေါ်ရောက်တော့ • • • ဆေးရုံတက်ရရင် ဝတ်ဖို့ဆိုပြီး ထဘီ ၅ ကွင်းပေးလိုက်တယ်။ ဒါနဲ့ ဆေးရုံရောက် ! ဓါတ်မှန်‌ရိုက်တော့ ကျိုးနေတာတဲ့။ ဪ!!! ဟိုက ဆရာဝန်က ကျောက်ပတ်တီးစီးပြီးတော့ ဆေးရုံတက်စရာမလိုဘူးဆိုတာနဲ့ အိမ်ပြန်ပို့လိုက်တာ။ ရွာထိပ်ရောက်တော့ ထဘီလေး ၅ ကွင်းကို ပြန်ပေးရှာတယ်။ ဘာလို့လဲဆိုတော့ " ကျုပ်တို့မှာ ဝတ်စရာ အိမ်မှာရှိပါတယ် " တဲ့။ " တခြားလိုတဲ့သူတွေ ပေးလိုက်ပါ " တဲ့။ ဟ !!! ဘယ်လို အညာသူမ တွေလဲ? လို့။ ငါ ကြည်နူးရပြန်တယ်။ ( ၃ ) မနေ့က အိမ်သာတလုံး သွားမျှဝေတယ်။ အမြန်ဆောက်ကြဗျာ။ ကျုပ်တို့ တာဝန်ယူတယ်...ဆိုပြီး ပြန်လာခဲ့လိုက်တယ်။ ဒီနေ့ လမ်းသင့်တာ နဲ့ ဝင်ကြည့်တော့ - ပြီးသွားပြီ။ " ဟ ! ဘယ်လိုများ ဆောတ်လိုက်တာလဲ ? " " မြေကျင်းတူးခ ဘယ်လောက်ကျလဲ ? " မေးတော့ " အကိုတို့ အကုန်အကျများမှာစိုးလို့ ကိုယ့်ဘာသာ တူးလိုက်တာပါ " တဲ့။ ဟာ ! ဒီသောက်အညာသားတွေနဲ့တော့ ခက်ပြီ.... လို့။ ဒါနဲ့ ပြိုလုလုဖြစ်နေတဲ့ ဒီအိမ်ရော ပြင်ချင်စိတ်ရှိလားလို့ မေးတော့။ ရှိပါတယ်တဲ့ ... " လက်ထဲစုထားတဲ့ ၂ သိန်းရယ် ! နွားပေါက်တကောင်ရှိတာရောင်းပြီး ပြင်ကြမယ် " တဲ့။ ဟ ! ဘယ်လိုလုပ် ရမှာလဲလို့။ ငါတို့ ကူရမလားဆိုတော့ - အိမ်သာရရင်ပဲ ကျေနပ်ပါပြီတဲ့။ အခြားသူတွေ ကူလိုက်ပါတဲ့။ ဟောဗျာ ! အတော်ခက်တဲ့ လူတွေပါကွာ။ အတော်ကိုခက်တဲ့ လူတွေ။ ဒီလူတွေ ခုလိုပြောချိန်တိုင်း သူတို့မျက်လုံးတွေကိုသေချာအကဲခတ်မိတယ်။ လူကြားကောင်းအောင် ပေးကမ်းချင်အောင် ပြောနေကြတာမဟုတ်။ တကယ့်ရင်ထဲက ပြောနေကြတာ။ ငါ့ဘဝမှာ ငါ့ကိုယ်ငါ အညာသားအဖြစ် ဂုဏ်ယူ မိတာ ဒီတကြိမ် အကြီးမားဆုံးပါပဲ။ #မင်းထက်မြတ် ( မိတ်ထီလာ)
    Like
    1
    · 0 Comments ·0 Shares ·11 Views
  • လူတိုင်းကတော့ သူတို့ကို
    တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊
    ကူညီပေးတာ၊ အခွင့်အရေးပေးတာကို
    ကြိုက်ကြသူတွေချည်းပါပဲ။

    ဒါပေမဲ့ ပေးပါများလာတဲ့အခါ
    အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။
    လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ
    လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။

    မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။
    သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။
    အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
    မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။

    အဲ့ဒီအခါ အရင်လို
    စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
    သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊
    အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊
    မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း
    ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။

    မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့
    မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။

    အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။
    ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
    အားမနာမိပါစနေဲ့။
    တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    #မင်းထက်တော်တဲ့
    #ဘဝစာပေနှင့်ဗဟုသုတများ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #crd_to_owner_with_respectcrd #foryoupageシforyou #ခွန်အားရှိသောစာတ်ိုများ #fypシ゚viralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #မလိုအပ်တာငါမသိ #ဂရုစိုက်မခြင်းအနုပညာမှာ #နေညိုအလွမ်း #kokokboss #သတ္တိရှိပါ #ဘဝစာပေနှင့်ဗဟုသုတများ #ခွန်အားရှိသောစာတ်ိုများ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #ဂရုစိုက်မခြင်းအနုပညာမှာ #fypシ゚viralシfypシ゚viralシalシ #မလိုအပ်တာငါမသိ #foryoupageシforyou
    လူတိုင်းကတော့ သူတို့ကို တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊ ကူညီပေးတာ၊ အခွင့်အရေးပေးတာကို ကြိုက်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ပေးပါများလာတဲ့အခါ အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။ လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။ မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။ အရင်က မင်းလုပ်ပေးခဲ့သမျှဟာ မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။ အဲ့ဒီအခါ အရင်လို စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက် သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊ အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊ မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။ မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့ မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။ အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။ ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ အားမနာမိပါစနေဲ့။ တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့် #မင်းထက်တော်တဲ့ #ဘဝစာပေနှင့်ဗဟုသုတများ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည် #crd_to_owner_with_respectcrd #foryoupageシforyou #ခွန်အားရှိသောစာတ်ိုများ #fypシ゚viralシfypシ゚viralシalシ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #မလိုအပ်တာငါမသိ #ဂရုစိုက်မခြင်းအနုပညာမှာ #နေညိုအလွမ်း #kokokboss #သတ္တိရှိပါ #ဘဝစာပေနှင့်ဗဟုသုတများ #ခွန်အားရှိသောစာတ်ိုများ #ဘဝအတွတ်စာဖတ်ပါ #ဆရာအောင်သင်း_စာပေ #ဂရုစိုက်မခြင်းအနုပညာမှာ #fypシ゚viralシfypシ゚viralシalシ #မလိုအပ်တာငါမသိ #foryoupageシforyou
    Care
    1
    · 0 Comments ·0 Shares ·20 Views
  • ❝သူမချစ်တော့တာသေချာရင်❞
    -----------------------

    လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ...
    လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့်
    ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက
    သင့်ရဲ့တန်ဖိုးပါ။

    သူမချစ်တော့တာသေချာနေပြီဆိုရင်...
    လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ
    ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ်
    ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။

    ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက်
    အတင်းဆွဲထားစရာမလိုပါဘူး...
    သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင်
    ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။

    မချစ်တော့တာ သေချာနေတဲ့လူအနားမှာ
    ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက်
    ရဲရဲကြီး မေ့ပြစ်လိုက်ပါ။

    #မေဆု(ရာမညမြေ)
    ❝သူမချစ်တော့တာသေချာရင်❞ ----------------------- ◽လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ... လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့် ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက သင့်ရဲ့တန်ဖိုးပါ။ ◽သူမချစ်တော့တာသေချာနေပြီဆိုရင်... လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ် ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။ ◽ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက် အတင်းဆွဲထားစရာမလိုပါဘူး... သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင် ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။ ◽မချစ်တော့တာ သေချာနေတဲ့လူအနားမှာ ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက် ရဲရဲကြီး မေ့ပြစ်လိုက်ပါ။ #မေဆု(ရာမညမြေ)
    Like
    Care
    2
    · 0 Comments ·0 Shares ·43 Views
  • တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ ။
    မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း
    မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ
    ဖြစ်အောင် နေရတာပဲ ။
    မလိုအပ်တော့ဘူးဆိုရင်လည်း
    မပေးမိအောင် အဝေးဆုံးကို ပြေးရတယ် ။
    ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား...
    ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း ။

    #crd_to_owner_with_respectcrd
    တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ ။ မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ ဖြစ်အောင် နေရတာပဲ ။ မလိုအပ်တော့ဘူးဆိုရင်လည်း မပေးမိအောင် အဝေးဆုံးကို ပြေးရတယ် ။ ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား... ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း ။ #crd_to_owner_with_respectcrd
    0 Comments ·0 Shares ·57 Views
  • စိတ်ဆို:ခဲပါတယ် ၊ စိတ်ပျ-က်ခဲပါတယ်
    ဘာကိုပဲဖြစ်ဖြစ် ဖြည့်တွေးပေးတာ ရှော်ပေးလိုက်တာတွေ အရမ်းများတယ်။
    သူလည်း သူ့အကြောင်းနဲ့သူ ရှိလို့ ဒီလိုဖြစ်သွားတာ၊ဒီလိုလုပ်လိုက်တာ ဖြစ်မှာပါဆိုတဲ့ နားလည်မှုမျိုးကို လက်ကိုင်ထားတဲ့သူမျိုးပါ။

    ဒါပေမယ့်
    " တော်ပြီ ဆက်မပတ်သက်ချင်တော့ဘူး " ဆိုပြီး ချဥ်သွားပြီဆိုရင် ဒီလူရဲ့လုပ်ရပ်က တော်တော်လူပါ:ဝသွားလို့ပဲ ဖြစ်ပါလိမ့်မယ်။

    စိတ်ကု-န်သွားရင် ဘာနဲ့မှ ပြန်ဖြည့်လို့မရဘူးဆိုတာ ဒီလိုလူမျိုးတွေကို နားလည်စေချင်တယ်။

    #ElzA
    စိတ်ဆို:ခဲပါတယ် ၊ စိတ်ပျ-က်ခဲပါတယ် ဘာကိုပဲဖြစ်ဖြစ် ဖြည့်တွေးပေးတာ ရှော်ပေးလိုက်တာတွေ အရမ်းများတယ်။ သူလည်း သူ့အကြောင်းနဲ့သူ ရှိလို့ ဒီလိုဖြစ်သွားတာ၊ဒီလိုလုပ်လိုက်တာ ဖြစ်မှာပါဆိုတဲ့ နားလည်မှုမျိုးကို လက်ကိုင်ထားတဲ့သူမျိုးပါ။ ဒါပေမယ့် " တော်ပြီ ဆက်မပတ်သက်ချင်တော့ဘူး " ဆိုပြီး ချဥ်သွားပြီဆိုရင် ဒီလူရဲ့လုပ်ရပ်က တော်တော်လူပါ:ဝသွားလို့ပဲ ဖြစ်ပါလိမ့်မယ်။ စိတ်ကု-န်သွားရင် ဘာနဲ့မှ ပြန်ဖြည့်လို့မရဘူးဆိုတာ ဒီလိုလူမျိုးတွေကို နားလည်စေချင်တယ်။ #ElzA
    0 Comments ·0 Shares ·48 Views
  • မသိချင်ယောင်
    ဆောင်နေတဲ့သူကို
    သိအောင် မပြောပါနဲ့ ။

    မခေါ်ချင်တော့တဲ့သူကို
    လက်ပြနှုတ်ဆက်ဖို့
    မကြိုးစားပါနဲ့ ။

    ရေစက်ကုန်သွားတဲ့သူကို
    ပြန်လာဖို့လည်း
    မျှော်လင့်မနေပါနဲ့ ။

    နားလည်မှုမရှိတဲ့သူကို
    ရှင်းပြဖို့လည်းအချိန်မပေးနဲ့ ။

    စိတ်ပျက်စေတဲ့သူကို
    ရင်ထဲမှာလည်း
    သိမ်းဆည်းမထားပါနဲ့ ။

    တာဝန်သိမှုမရှိသူကို
    ဘယ်နေရာမှ
    ခန့်အပ်မထားမိစေပါနဲ့ ။

    တစ်ကိုယ်ကောင်း
    ဆန်တတ်တဲ့သူကိုလည်း
    အားမနာကြပါနဲ့ ။

    အမျက်ထွက်လွယ်သူကို
    ဘယ်တောမှ အဖော်မပြုပါနဲ့
    ကိုယ်ပဲ ပင်ပန်းရပါတယ် ။


    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    မသိချင်ယောင် ဆောင်နေတဲ့သူကို သိအောင် မပြောပါနဲ့ ။ မခေါ်ချင်တော့တဲ့သူကို လက်ပြနှုတ်ဆက်ဖို့ မကြိုးစားပါနဲ့ ။ ရေစက်ကုန်သွားတဲ့သူကို ပြန်လာဖို့လည်း မျှော်လင့်မနေပါနဲ့ ။ နားလည်မှုမရှိတဲ့သူကို ရှင်းပြဖို့လည်းအချိန်မပေးနဲ့ ။ စိတ်ပျက်စေတဲ့သူကို ရင်ထဲမှာလည်း သိမ်းဆည်းမထားပါနဲ့ ။ တာဝန်သိမှုမရှိသူကို ဘယ်နေရာမှ ခန့်အပ်မထားမိစေပါနဲ့ ။ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့သူကိုလည်း အားမနာကြပါနဲ့ ။ အမျက်ထွက်လွယ်သူကို ဘယ်တောမှ အဖော်မပြုပါနဲ့ ကိုယ်ပဲ ပင်ပန်းရပါတယ် ။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    0 Comments ·0 Shares ·55 Views
  • ယောက်ျားတစ်ယောက်ကို
    လက်ထပ်ဖို့ မတောင်းဆိုနဲ့
    ပန်းပေးဖို့လည်း မတောင်းဆိုနဲ့
    ဖုန်းဆက်ဖို့လည်း မတောင်းဆိုနဲ့
    ကိုယ့်ဆီကိုပဲ စိတ်ရောက်နေဖို့လည်းမတောင်းဆိုနဲ့

    သူသာတစ်ကယ်ချစ်ရင်
    ပန်းကြိုက်တာလည်း သူသိလိမ့်မယ်
    ကိုယ်ဘာလိုအပ်နေလဲ သူသိလိမ့်မယ်
    ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာ
    တကယ်ချစ်ခဲ့ရင် သေသေချာချာ သိတယ်။


    #crd
    ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ မတောင်းဆိုနဲ့ ပန်းပေးဖို့လည်း မတောင်းဆိုနဲ့ ဖုန်းဆက်ဖို့လည်း မတောင်းဆိုနဲ့ ကိုယ့်ဆီကိုပဲ စိတ်ရောက်နေဖို့လည်းမတောင်းဆိုနဲ့ သူသာတစ်ကယ်ချစ်ရင် ပန်းကြိုက်တာလည်း သူသိလိမ့်မယ် ကိုယ်ဘာလိုအပ်နေလဲ သူသိလိမ့်မယ် ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာ တကယ်ချစ်ခဲ့ရင် သေသေချာချာ သိတယ်။ 🌻🤍 #crd
    Care
    1
    · 0 Comments ·0 Shares ·53 Views
  • လူတိုင်းမှာ
    အားနည်းချက် ကိုယ်စီရှိကြတယ်။
    ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့
    တစ်ခြားသော အားနည်းချက်တွေကြောင့်
    ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။

    ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ
    ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ
    ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင်
    ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။
    လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။

    ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့
    ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။

    အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး..
    ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ်
    လို့ ထင်တယ် ။
    ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့
    အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။
    ဘယ်သူ့ကိုမှ မကြောက်ရဘူး။
    ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ်
    ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊
    ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး
    ရင်ဆိုင်ရဲရမယ်။

    ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။
    ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။
    မလောရဘူး။

    ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။
    တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ
    ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။

    ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ
    လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။
    ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ
    မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။

    ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။
    လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။

    လူတိုင်း သဘောကျအောင်မနေနဲ့။
    ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။
    လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊
    မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး
    နေတာမျိုးတွေကို ရှောင်ရမယ်။

    ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို
    လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။
    ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ
    နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။
    လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။
    မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။
    လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။
    အဝေအဖန် မစောစေနဲ့။
    အလိုက်သိတတ်ရမယ်။
    ဘယ်အရာမှ အလကား မလိုချင်နဲ့။
    သူတစ်ပါးဆီက အရာတွေကို လူလည်ကျ
    အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။
    မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။
    ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။
    ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။
    အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ
    မရင့်ကျက်ခြင်းပဲ။
    အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း
    ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့်
    တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။
    ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော်
    နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။

    စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။

    လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ
    ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။
    ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက
    လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ ..
    ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင်
    ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ.....
    နောက်ဆုံးပြောချင်တာ...

    ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend
    လေးတွေ အတွက် စကားလက်ဆောင်လေးကတော့...
    သက်မဲ့ သစ်ရွက်လေးတွေတောင်မှ..
    လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ..
    ဝဲပြန်ပြရသေးတာပဲ...
    ငါက.. လူသားတစ်ယောက်ပဲ...
    သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ
    မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ
    တတ်အောင် အဖန်ဖန်ကြိုးစားပါ ။

    အားအင်တစ်ခု ရပါစေ

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    🔸လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတယ်။ ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့ တစ်ခြားသော အားနည်းချက်တွေကြောင့် ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင် ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။ လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။ ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့ ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ် ။ အဲ့တော့ အသက်အရွယ် ငယ်တုန်းကနေစပြီး.. ကျွန်တော်တို့ စနစ်တကျနဲ့ ဘဝကို ပြင်ဆင်နေထိုင်သွားသင့်တယ် လို့ ထင်တယ် ။ ဘဝကို မကြောက်မရွံ့ရင်ဆိုင်ဖို့၊ လွယ်လွယ်နဲ့ အရူံးမပေးဖို့ဆိုရင် သင်ဟာ ရင့်ကျက်ဖို့ လိုပါတယ်။ ဘယ်သူ့ကိုမှ မကြောက်ရဘူး။ ရှင်ဘုရင်ပဲဖြစ်ဖြစ်၊ ဆင်ရဲသားပဲ ဖြစ်ဖြစ် ရုပ်ချောချော၊ ရုပ်ဆိုးဆိုး၊ ချမ်းသာတဲ့ သူဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်နေပါစေ အေးအေးဆေးဆေး ရင်ဆိုင်ရဲရမယ်။ ပျာယာခက်တဲ့ အကျင့်ကို ဖျောက်ရမယ်။ ခြေတုန်၊ လက်တုန်တာမျိုးတွေ မလုပ်ရဘူး။ မလောရဘူး။ ရဲရဲကြည့်ရမယ်။ ပြုံးပြနိုင်ရမယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့ အခါပဲ ဖြစ်ဖြစ်၊ နုတ်ဆက်တဲ့ အခါပဲ ဖြစ်ဖြစ် မျက်လုံးချင်းဆိုင်ရမယ်။ ရိုးသားရမယ်။ ဖြူစင်ရမယ်။ ဘယ်သူ့ကိုမှ လူလည်မကျရဘူး။ မညစ်ပတ်ရဘူး။ မယုတ်မာနဲ့။ ပြတ်သားရမယ်။ အားမနာသင့်တဲ့အခါ အားနာ မနေနဲ့။ သည်းခံနိုင်တဲ့ အတိုင်းအတာထိပဲ သည်းခံရမယ်။ ရဲရင့်ရမယ်။ သန်မာရမယ်။ သတ္တိရှိရမယ်။ လူတွေရဲ့အမြင်ကို သောက်ဂရုမစိုက်နဲ့။ လူတိုင်း သဘောကျအောင်မနေနဲ့။ ကလေးဆန်တဲ့ အကျင့်တွေ ပြင်ရမယ်။ လိုချင်တာ မရလို့ ကလေးဆန်ဆန် ငိုတာမျိုး၊ မျှော်လင့်သလို ဖြစ်မလာလို့ ဒေါသထွက် ပူဆွေး နေတာမျိုးတွေကို ရှောင်ရမယ်။ ငြင်းပယ်မှုကို လက်ခံနိုင်ရမယ်။ ခါးသီးမှုတွေကို လက်ခံနိုင်ရမယ်။ စွန့်လွှတ်မှုတွေကို နားလည်နိုင်ရမယ်။ ပွင့်လင်းရမယ်။ အရှိကို အရှိအတိုင်း လက်ခံ နိုင်ရမယ်။ ဟန်ဆောင်မနေနဲ့။ လွတ်လပ်စွာနေရမယ်။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မခံနဲ့။ လောင်းရိပ် မမိစေနဲ့။ လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ရမယ်။ နိုင်တဲ့သူကို နှိမ်တာမျိုး မလုပ်ရဘူး။ မလိုအပ်တာတွေကို စွန့်လွှတ်နိုင်ရမယ်။ လူတွေကို အရမ်းကြီး အပြစ်မမြင်နဲ့။ အဝေအဖန် မစောစေနဲ့။ အလိုက်သိတတ်ရမယ်။ ဘယ်အရာမှ အလကား မလိုချင်နဲ့။ သူတစ်ပါးဆီက အရာတွေကို လူလည်ကျ အလကား လိုချင်တာမျိုးတွေကို ရှောင်ပါ။ မလိုအပ်ပဲ အကူအညီ မတောင်းနဲ့။ ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ဘဝကိုယ် ကျေနပ်ရမယ်။ အခြားသူတွေနဲ့ ယှဉ်ပြီး သိမ်ငယ်နေတာဟာ မရင့်ကျက်ခြင်းပဲ။ အမှီအခိုကင်းရမယ်။ တစ်ယောက်ထဲလည်း ရပ်တည် နိုင်ရမယ်။ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ဒါကြောင့် တစ်ယောက်ထဲ ရှင်သန်နိုင်ဖို့ ဘာကိုမှကြောက်မနေသင့်ဘူး။ ကိုယ့်အိမ်မက်ကိုယ် အကောင်အထည်ဖော် နိုင်ရမယ်။ ရူံးမှာကို မကြောက်သင့်ဘူး။ စာဖတ်ရမယ်။ စာဖတ်ခြင်းက လောကကိုရင်ဆိုင်နိုင်ဖို့ တွန်းအားတစ်ခုပဲ။ လဲကျနေရင် ပြန်ထပါ ဘယ်တော့မှ ခြေလှမ်းတွေကို မရပ်တန့်မိပါစေနဲ့။ ပထမခြေလှမ်းမှာ ခြေတုံချတုံဖြစ်နေမှာက လူသားလို့ ခံယူထားသူတိုင်း ကြုံရမှာပါ .. ဒါက ပုံစံပဲလေ ဒါမဲ့ အဲ့ပုံစံကနေ ကိုယ်ကိုယ်တိုင် ရုံးထွက်နိုင်အောင် ကြိုးစားရမှာလေ..... နောက်ဆုံးပြောချင်တာ... ဒီစာကိုဖတ်နေတဲ့ ကျွန်တော်ရဲ့ Friend လေးတွေ အတွက် စကားလက်ဆောင်လေးကတော့... သက်မဲ့ သစ်ရွက်လေးတွေတောင်မှ.. လေမင်းရဲ့ စေခိုင်းမှုနဲ့ လွန့်လူးကြ.. ဝဲပြန်ပြရသေးတာပဲ... ငါက.. လူသားတစ်ယောက်ပဲ... သူတပါးခိုင်းစေတာကို ဘာလို့စောင့်နေမှာလဲ မိမိဦးနှောက်က မိမိကိုယ်ကို ခိုင်းစေ တတ်အောင် အဖန်ဖန်ကြိုးစားပါ ။ အားအင်တစ်ခု ရပါစေ 🙏 #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·75 Views
  • ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့။
    =====================

    စိတ်မညစ်ရအောင်
    ဒီစာလေး ဖတ်ပါနော်….

    ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့
    အတွေးတွေ မတွေးပါနဲ့။

    ကိုယ့်စိတ်ကို ပူလောင်စေတဲ့
    အတွေးတွေ မတွေးပါနဲ့။

    ကိုယ့်အပေါ် မကောင်းတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို မခေါ်ချင်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို ဂရုမစိုက်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့် စေတနာကို နားမလည်တဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်အပေါ် သစ္စာမရှိတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်အပေါ် လိမ်ညာလှည့်စားတဲ့
    သူတွေ အကြောင်း မတွေးပါနဲ့။

    ကိုယ့်ကို မုန်းတဲ့
    သူတွေ အကြောင်းလည်း မတွေးပါနဲ့။

    ကိုယ့်ကိုမချစ်လို့ ကျောခိုင်းထွက်သွားတဲ့
    သူတစ်ယောက် အကြောင်း မတွေးပါနဲ့။

    “မတွေးပါနဲ့”
    အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့
    အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ
    "ကိုယ့်စိတ်ကို နှိပ်စက်နေလို့”
    ကိုယ့်မှာ စိတ် ချမ်းသာမှုဆိုတာ
    ဘယ်တော့မှ ရနိုင်ဖို့မလွယ်ပါဘူး။

    ဒါ့ကြောင့်
    ကိုယ့်စ်ိတ်ကို ချမ်းသာအောင် တွေးပါ။
    နားလည်ပေးနိုင်မယ့် အတွေးသာတွေးပါ။
    မေတ္တာပွားနိုင်ဖို့ တွေးပါ။
    ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့တွေးပါ။
    အမုန်း မပွားဖို့ပဲ တွေးပါ။
    မေတ္တာထားခြင်းသည်
    အကောင်းဆုံး လက်စားချေခြင်းပါပဲ။

    ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာ
    ကိုယ် ကိုယ်တိုင်သာ ဖြစ်ပါတယ်။
    တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို
    ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။

    အဲ့ဒီ သူတွေကို ကိုယ့်စိတ်ထဲမှာ ထားပြီး
    ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါပဲ။
    ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို
    ပြန်ပြီး မနှိပ်စက်ပါနဲ့တော့……

    လူ့ဘဝက တိုတောင်းလွန်းလှပါတယ်။
    ခဏတာရလာတဲ့ လူ့ဘဝလေးမှာ
    ကိုယ့်ကိုယ်ကို ပျော်ရွှင်အေးချမ်းမှု
    ရအောင် ကိုယ်တိုင်လုပ်ယူ ဖန်တီးပြီး
    ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။

    ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ။
    အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ။
    မနေ့ကလည်း ငိုခဲ့ပြီးပြီ။
    ဒီနေ့လည်း ငိုခဲ့ပြီးပြီ။
    မနက်ဖြန်ကစပြီး ရယ်နိုင်ဖို့ ကြိုးစားပါ။

    လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်း
    ငိုနေရရင် လူဖြစ်ရှုံးပါတယ်။
    ” ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့ ”

    Credit _ ဒိုက်ဒိုက် (မြင်းခြံ)
    #နန်းနှောင်းယိန်း မှ ပြန်လည်မျှဝေသည်။
    Photo credit - We Heart It.
    ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့။ ===================== စိတ်မညစ်ရအောင် ဒီစာလေး ဖတ်ပါနော်…. ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ့်စိတ်ကို ပူလောင်စေတဲ့ အတွေးတွေ မတွေးပါနဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို မခေါ်ချင်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို ဂရုမစိုက်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့် စေတနာကို နားမလည်တဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်အပေါ် သစ္စာမရှိတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်အပေါ် လိမ်ညာလှည့်စားတဲ့ သူတွေ အကြောင်း မတွေးပါနဲ့။ ကိုယ့်ကို မုန်းတဲ့ သူတွေ အကြောင်းလည်း မတွေးပါနဲ့။ ကိုယ့်ကိုမချစ်လို့ ကျောခိုင်းထွက်သွားတဲ့ သူတစ်ယောက် အကြောင်း မတွေးပါနဲ့။ “မတွေးပါနဲ့” အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့ အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ "ကိုယ့်စိတ်ကို နှိပ်စက်နေလို့” ကိုယ့်မှာ စိတ် ချမ်းသာမှုဆိုတာ ဘယ်တော့မှ ရနိုင်ဖို့မလွယ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်စ်ိတ်ကို ချမ်းသာအောင် တွေးပါ။ နားလည်ပေးနိုင်မယ့် အတွေးသာတွေးပါ။ မေတ္တာပွားနိုင်ဖို့ တွေးပါ။ ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့တွေးပါ။ အမုန်း မပွားဖို့ပဲ တွေးပါ။ မေတ္တာထားခြင်းသည် အကောင်းဆုံး လက်စားချေခြင်းပါပဲ။ ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာ ကိုယ် ကိုယ်တိုင်သာ ဖြစ်ပါတယ်။ တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။ အဲ့ဒီ သူတွေကို ကိုယ့်စိတ်ထဲမှာ ထားပြီး ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါပဲ။ ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး မနှိပ်စက်ပါနဲ့တော့…… လူ့ဘဝက တိုတောင်းလွန်းလှပါတယ်။ ခဏတာရလာတဲ့ လူ့ဘဝလေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အေးချမ်းမှု ရအောင် ကိုယ်တိုင်လုပ်ယူ ဖန်တီးပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။ ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ။ အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ။ မနေ့ကလည်း ငိုခဲ့ပြီးပြီ။ ဒီနေ့လည်း ငိုခဲ့ပြီးပြီ။ မနက်ဖြန်ကစပြီး ရယ်နိုင်ဖို့ ကြိုးစားပါ။ လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်း ငိုနေရရင် လူဖြစ်ရှုံးပါတယ်။ ” ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့ ” Credit _ ဒိုက်ဒိုက် (မြင်းခြံ) #နန်းနှောင်းယိန်း မှ ပြန်လည်မျှဝေသည်။ Photo credit - We Heart It.
    Like
    Care
    2
    · 0 Comments ·0 Shares ·56 Views
  • မဖြစ်နိုင်တော့တဲ့အခါ
    မဖြစ်နိုင်တော့တဲ့အတိုင်းလေးကို
    လက်ခံလိုက်တယ်
    အဆင်မပြေတဲ့အချိန်တွေမှာ
    မပြေတဲ့အတိုင်းလေးကိုနေလိုက်တယ်
    ကြိုးစားလုပ်ယူရတာမျိုးတွေ မလုပ်ချင်တော့ဘူး
    ကိုယ့်စိတ်ကို ချည်နောင်ထားရတာ ပင်ပန်းတယ်

    မဖြစ်နိုင်တော့တဲ့အခါ မဖြစ်နိုင်တော့တဲ့အတိုင်းလေးကို လက်ခံလိုက်တယ် အဆင်မပြေတဲ့အချိန်တွေမှာ မပြေတဲ့အတိုင်းလေးကိုနေလိုက်တယ် ကြိုးစားလုပ်ယူရတာမျိုးတွေ မလုပ်ချင်တော့ဘူး ကိုယ့်စိတ်ကို ချည်နောင်ထားရတာ ပင်ပန်းတယ် 🍀🤍
    Like
    Care
    2
    · 0 Comments ·0 Shares ·40 Views
  • ရွေးချယ်စရာတွေ ရှိလာရင်တောင်
    ကိုယ့်ကို လွှတ်ချမသွားမယ့်
    လက်လေး ပိုင်ချင်ခဲ့ဖူးပါတယ် ။

    ဒါပေမယ့် ...
    ဆန္ဒတွေဟာ
    လက်တွေ့နဲ့ကျ
    ဆန့်ကျင်ဖက် ကျလွန်းတယ် ။

    ကိုယ် ...
    ဘယ်လောက်ပဲ ချစ်ချစ်
    ကိုယ် ...
    ဘယ်လောက်ပဲ တန်ဖိုးထားခဲ့ထားခဲ့

    ကိုယ့်အပြင်
    တခြားတစ်စုံတစ်ယောက်ရှိလာရင်

    ကိုယ့်ကို လွှတ်ချထားခဲ့ကြတာ
    များပါတယ် ။

    #crd_to_owner_with_respectcrd
    #poetry
    ရွေးချယ်စရာတွေ ရှိလာရင်တောင် ကိုယ့်ကို လွှတ်ချမသွားမယ့် လက်လေး ပိုင်ချင်ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ... ဆန္ဒတွေဟာ လက်တွေ့နဲ့ကျ ဆန့်ကျင်ဖက် ကျလွန်းတယ် ။ ကိုယ် ... ဘယ်လောက်ပဲ ချစ်ချစ် ကိုယ် ... ဘယ်လောက်ပဲ တန်ဖိုးထားခဲ့ထားခဲ့ ကိုယ့်အပြင် တခြားတစ်စုံတစ်ယောက်ရှိလာရင် ကိုယ့်ကို လွှတ်ချထားခဲ့ကြတာ များပါတယ် ။ #crd_to_owner_with_respectcrd #poetry
    Like
    Care
    2
    · 0 Comments ·0 Shares ·53 Views
  • " မိတ်ဆွေ "
    ကမ္ဘာပေါ်မှာလူတဦးနဲ့တဦးမတူးကြဒါမို့
    ချစ်ရတဲ့သူချင်းမတူပါဘူး

    အချစ်ခံရပုံချင်းလည်းမတူကြတလို
    တန်ဖိုးထားခံရခြင်းလဲမတူကြပါဘူး

    အချစ်ဆိုတဲ့အရာပေါ်မှာခံယူထားတဲ့
    ခံယူချက်ခြင်းမတူကြဒါမို့

    ကိုယ်ချစ်တဲ့သူပေါ် ဖြည့်ဆည်းပေးပုံခြင်း
    လည်းမတူကြပါဘူး

    ဒါကြောင့်တချို့သူတွေရဲ့ချစ်ခြင်းနဲ့
    ကိုယ့်ကိုယ်ကိုယှဉ်နေမဲ့အစား

    ကိုယ်ရဲ့လက်ရှိအချစ်ရေးကိုလက်ခံပြီး
    ကိုယ်ချစ်ရတဲ့သူရဲ့စိတ်ရင်းကို
    သင်မြင်အောင်ကြည့်သင့်ပါတယ်,,

    [ စာပေအဟာရ ] ** [ 29 . 8 . 2023 ]-------------
    #Moepanchi(စာစုငယ်လေးများ)...✍︎
    " မိတ်ဆွေ " ကမ္ဘာပေါ်မှာလူတဦးနဲ့တဦးမတူးကြဒါမို့ ချစ်ရတဲ့သူချင်းမတူပါဘူး အချစ်ခံရပုံချင်းလည်းမတူကြတလို တန်ဖိုးထားခံရခြင်းလဲမတူကြပါဘူး အချစ်ဆိုတဲ့အရာပေါ်မှာခံယူထားတဲ့ ခံယူချက်ခြင်းမတူကြဒါမို့ ကိုယ်ချစ်တဲ့သူပေါ် ဖြည့်ဆည်းပေးပုံခြင်း လည်းမတူကြပါဘူး ဒါကြောင့်တချို့သူတွေရဲ့ချစ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယှဉ်နေမဲ့အစား ကိုယ်ရဲ့လက်ရှိအချစ်ရေးကိုလက်ခံပြီး ကိုယ်ချစ်ရတဲ့သူရဲ့စိတ်ရင်းကို သင်မြင်အောင်ကြည့်သင့်ပါတယ်,, [ စာပေအဟာရ ] ** [ 29 . 8 . 2023 ]------------- #Moepanchi(စာစုငယ်လေးများ)...✍︎
    Like
    Care
    2
    · 0 Comments ·0 Shares ·31 Views
More Results