• စည်းထားပါ
    လူတိုင်း လူတိုင်းမှာ
    သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
    စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
    ရှိပါတယ်..

    ✍✍✍
    လူသိစေချင်တာ
    ရှိသလို
    လူမသိစေချင်တာလည်း
    ရှိတတ်ကြပါတယ်..

    ✍✍✍
    အဲဒါကြောင့်…
    ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ

    ✍✍✍
    သိပေမယ့်
    မသိချင်ယောင် ဆောင်ရသလို

    ✍✍✍
    သိပေမယ့်
    မပြောပဲ နေပေးရတာလည်း ရှိပါတယ်..

    ✍✍✍
    ဒီနေရာမှာ "စာနာမှု"က
    လူတစ်ယောက်ရဲ့
    အဆင့်အတန်းကို ပြပါတယ်..

    ✍✍✍
    မိတ်ဆွေအစစ်လို့ ထင်ရတဲ့
    ထင်ခဲ့တဲ့ လူတချို့က
    ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
    အကြောင်းအရာတွေကို
    အတင်းတုပ်တဲ့ အခါ
    ပုံကြီးချဲ့တဲ့အခါ
    ကိုယ်က သိပေမဲ့…
    မသိချင်ယောင် ဆောင်လိုက်တာလည်း
    ရှိတယ်..

    ✍✍✍
    နောက်တစ်ခါ
    သူတို့ ပုံကြီးချဲ့လို့
    သိသွားတဲ့သူတွေက
    မထိခလုတ် ထိခလုတ်
    ခနဲ့ တဲ့တဲ့
    ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ

    ✍✍✍
    ဘာမှတော့ ပြန်မပြောဘူး
    ဒါပေမယ့်
    သီးမခံနိုင်တဲ့ တစ်နေ့
    ပြန်ပြောရင်လည်း
    တစ်ယောက် မျက်နှာ တစ်ယောက်
    ကြည့်နိုင်တော့မှာ မဟုတ်ဘူး..

    ✍✍✍
    ပြောချင်တာက…
    ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
    စည်း မထားတာလဲ-?

    ✍✍✍
    ဘာကြောင့်…
    ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
    မထိန်းသိမ်းတာလဲ-?

    ✍✍✍
    ဘာကြောင့်…
    သူများရဲ့ အကြောင်းအရာတွေကို
    ပယ်ပယ်နယ်နယ် ပြောပြီး
    အရသာ ခံချင်ရတာလဲ-?

    ✍✍✍
    ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်
    ဆိုတဲ့
    အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..

    ✍✍✍
    လူတစ်ယောက်ရဲ့ အဆင့်အတန်းက
    "ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..

    ✍✍✍
    လူတစ်ယောက်ရဲ့ အဆင့်အတန်းက
    "ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
    "စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။

    #𝒟𝒲𝒜𝓎𝒦𝒪𝒦𝒪
    #မေတ္တာရောင်ခြည်
    #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
    စည်းထားပါ 🙋🙋🙋🙋 လူတိုင်း လူတိုင်းမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ ရှိပါတယ်.. ✍✍✍ လူသိစေချင်တာ ရှိသလို လူမသိစေချင်တာလည်း ရှိတတ်ကြပါတယ်.. ✍✍✍ အဲဒါကြောင့်… ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ ✍✍✍ သိပေမယ့် မသိချင်ယောင် ဆောင်ရသလို ✍✍✍ သိပေမယ့် မပြောပဲ နေပေးရတာလည်း ရှိပါတယ်.. ✍✍✍ ဒီနေရာမှာ "စာနာမှု"က လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ပြပါတယ်.. ✍✍✍ မိတ်ဆွေအစစ်လို့ ထင်ရတဲ့ ထင်ခဲ့တဲ့ လူတချို့က ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေကို အတင်းတုပ်တဲ့ အခါ ပုံကြီးချဲ့တဲ့အခါ ကိုယ်က သိပေမဲ့… မသိချင်ယောင် ဆောင်လိုက်တာလည်း ရှိတယ်.. ✍✍✍ နောက်တစ်ခါ သူတို့ ပုံကြီးချဲ့လို့ သိသွားတဲ့သူတွေက မထိခလုတ် ထိခလုတ် ခနဲ့ တဲ့တဲ့ ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ ✍✍✍ ဘာမှတော့ ပြန်မပြောဘူး ဒါပေမယ့် သီးမခံနိုင်တဲ့ တစ်နေ့ ပြန်ပြောရင်လည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နိုင်တော့မှာ မဟုတ်ဘူး.. ✍✍✍ ပြောချင်တာက… ဘာကြောင့် လူမှုရေး နယ်ပယ်မှာ စည်း မထားတာလဲ-? ✍✍✍ ဘာကြောင့်… ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင် မထိန်းသိမ်းတာလဲ-? ✍✍✍ ဘာကြောင့်… သူများရဲ့ အကြောင်းအရာတွေကို ပယ်ပယ်နယ်နယ် ပြောပြီး အရသာ ခံချင်ရတာလဲ-? ✍✍✍ ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ် ဆိုတဲ့ အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်.. ✍✍✍ လူတစ်ယောက်ရဲ့ အဆင့်အတန်းက "ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး.. ✍✍✍ လူတစ်ယောက်ရဲ့ အဆင့်အတန်းက "ပါးစပ်စည်းကမ်း ရှိဖို့" နဲ့ "စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။ 📖📖📖📖📖📖📖📖📖 #𝒟𝒲𝒜𝓎𝒦𝒪𝒦𝒪 #မေတ္တာရောင်ခြည် #𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
    0 Comments ·0 Shares ·3 Views
  • ❝သူမချစ်တော့တာသေချာရင်❞
    -----------------------

    လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ...
    လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့်
    ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက
    သင့်ရဲ့တန်ဖိုးပါ။

    သူမချစ်တော့တာသေချာနေပြီဆိုရင်...
    လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ
    ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ်
    ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။

    ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက်
    အတင်းဆွဲထားစရာမလိုပါဘူး...
    သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင်
    ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။

    မချစ်တော့တာ သေချာနေတဲ့လူအနားမှာ
    ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက်
    ရဲရဲကြီး မေ့ပြစ်လိုက်ပါ။

    #မေဆု(ရာမညမြေ)
    ❝သူမချစ်တော့တာသေချာရင်❞ ----------------------- ◽လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ပါပဲ... လူတစ်ကိုယ် စိတ်တမျိုးရှိကြတာကြောင့် ကိုယ့်ကို မလိုအပ်တော့ဘူးဆိုတဲ့နေရာမှာ ရပ်မနေတာက သင့်ရဲ့တန်ဖိုးပါ။ ◽သူမချစ်တော့တာသေချာနေပြီဆိုရင်... လှည့်သာထွက်ခဲ့လိုက် အချိန်တွေကြာလာတာနဲ့အမျှ ကိုယ့်ရဲ့တန်ဖိုးကို သူနားလည်လာလိမ့်မယ် ဒါပေမဲ့ နောက်တစ်ကြိမ် ပြန်မရနိူင်တဲ့ အရာမှန်းသိတဲ့နောင်တတွေနဲ့ပေါ့။ ◽ကိုယ်ဆွဲမှ မြဲမယ့် လက်တွေအတွက် အတင်းဆွဲထားစရာမလိုပါဘူး... သူ့ဘက်က တဖြည်းဖြည်းချင်းလျော့လာရင် ကိုယ့်ဘက်ကလည်း လွှတ်ပေးလိုက်ပါ။ ◽မချစ်တော့တာ သေချာနေတဲ့လူအနားမှာ ထပ်ပြီးကပ်တွဲမနေပါနဲ့ သင့်ရဲ့မာနနဲ့သိက္ခာအတွက် ရဲရဲကြီး မေ့ပြစ်လိုက်ပါ။ #မေဆု(ရာမညမြေ)
    Like
    1
    · 0 Comments ·0 Shares ·27 Views
  • အားနာတက်တဲ့သူရဲ့
    အားမနာတက်တော့တဲ့အချိန်ဟာ
    မင်းအတွက်အန္တရာယ်ဖြစ်သွားပြီး

    သိပ်ချစ်တက်တဲ့သူရဲ့
    မချစ်တက်တော့တဲ့အချိန်ဟာ
    မင်းအတွက်ဆုံးရှုံးမှုတခုဖြစ်သွားပြီး

    တခါတလေ လူတချို့ပြောင်းလဲသွားရတာဟာ
    ပြောင်းလဲချင်လို့ပြောင်းလဲတာမျိူးမဟုတ်ဘူး
    ပြောင်းလဲအောင်လုပ်တဲ့သူတွေကြောင့်
    ပြောင်းလဲရတာဖြစ်တယ်

    လူတယောက်ကိုယ့်ကိုဘယ်လိုဆက်ဆံလည်းဆိုတာ
    ကိုယ်သူ့ကိုဘယ်လိုဆက်ဆံခဲ့လိုဆိုတဲ့အပေါ်မှုတည်တယ်

    ဘယ်အရာမှ တဖက်တည်းဖြစ်မနေဘူး
    ကိုယ်မကောင်းခဲ့လို့ ကိုယ်မကောင်းခံရတာပဲရှိမယ်
    ဘယ်သူ့မှတော့ အကြောင်းမဲ့သက်သက်
    ကိုယ့်ကိုမကောင်းမကြံဘူး

    ဝဋ်တွေဟာလည်ပါတယ်
    ကံတွေဟာအကျိူးပြန်ပေးတက်ပါတယ်
    ကောင်းတာလိုချင်ရင် ကိုယ်တိုင်ကကောင်းနေဖို့လိုတယ်

    ကိုယ့်ဘက်ကမဖြုစင်ပဲနဲ့တော့
    တဖက်လူရဲ့ဖြူစင်မှုကိုလိုချငိလို့မရဘူး...။

    မင်းအတွက် ဒုတိယ လူ
    အားနာတက်တဲ့သူရဲ့ အားမနာတက်တော့တဲ့အချိန်ဟာ မင်းအတွက်အန္တရာယ်ဖြစ်သွားပြီး သိပ်ချစ်တက်တဲ့သူရဲ့ မချစ်တက်တော့တဲ့အချိန်ဟာ မင်းအတွက်ဆုံးရှုံးမှုတခုဖြစ်သွားပြီး တခါတလေ လူတချို့ပြောင်းလဲသွားရတာဟာ ပြောင်းလဲချင်လို့ပြောင်းလဲတာမျိူးမဟုတ်ဘူး ပြောင်းလဲအောင်လုပ်တဲ့သူတွေကြောင့် ပြောင်းလဲရတာဖြစ်တယ် လူတယောက်ကိုယ့်ကိုဘယ်လိုဆက်ဆံလည်းဆိုတာ ကိုယ်သူ့ကိုဘယ်လိုဆက်ဆံခဲ့လိုဆိုတဲ့အပေါ်မှုတည်တယ် ဘယ်အရာမှ တဖက်တည်းဖြစ်မနေဘူး ကိုယ်မကောင်းခဲ့လို့ ကိုယ်မကောင်းခံရတာပဲရှိမယ် ဘယ်သူ့မှတော့ အကြောင်းမဲ့သက်သက် ကိုယ့်ကိုမကောင်းမကြံဘူး ဝဋ်တွေဟာလည်ပါတယ် ကံတွေဟာအကျိူးပြန်ပေးတက်ပါတယ် ကောင်းတာလိုချင်ရင် ကိုယ်တိုင်ကကောင်းနေဖို့လိုတယ် ကိုယ့်ဘက်ကမဖြုစင်ပဲနဲ့တော့ တဖက်လူရဲ့ဖြူစင်မှုကိုလိုချငိလို့မရဘူး...။ မင်းအတွက် ဒုတိယ လူ
    Like
    1
    · 0 Comments ·0 Shares ·34 Views
  • တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ ။
    မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း
    မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ
    ဖြစ်အောင် နေရတာပဲ ။
    မလိုအပ်တော့ဘူးဆိုရင်လည်း
    မပေးမိအောင် အဝေးဆုံးကို ပြေးရတယ် ။
    ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား...
    ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း ။

    #crd_to_owner_with_respectcrd
    တစ်ယောက်တည်း ဖြတ်သန်းရမှာကြောက်တဲ့နေ့ရက်တွေကိုလည်း တစ်ယောက်တည်း ဖြတ်သန်းရတာပါပဲ ။ မရှိရင် မဖြစ်တဲ့အရာတွေကတကယ်တမ်း မရှိတော့တာကိုလက်ခံလိုက်ရတဲ့အခါမှာ ဖြစ်အောင် နေရတာပဲ ။ မလိုအပ်တော့ဘူးဆိုရင်လည်း မပေးမိအောင် အဝေးဆုံးကို ပြေးရတယ် ။ ဒီလိုပဲ ပြန်ဖြစ်သွားတာပဲမလား... ပုံပျက်ပန်းပျက်နဲ့ စိတ်ခံစားချက်မရှိတော့တဲ့ အတိုင်း ။ #crd_to_owner_with_respectcrd
    0 Comments ·0 Shares ·46 Views
  • ကိုယ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးပဲရှင်သန်တယ်
    ဦးနှောက်နဲ့နှလုံးသားယှဉ်ပြိုင်လာတဲ့အခါ
    အစာအိမ်ကိုပဲ ဦးစားပေးလိုက်တယ် ။

    ချစ်ခင်ရတဲ့လူတွေရဲ့အကြောင်းကိုလည်း
    သူတို့ပြောပြသလောက်ပဲ စိတ်ဝင်စားတယ် ။

    လူရှုပ်တဲ့နေရာတွေသွားရမကြိုက်သလို
    စိတ်ရှုပ်တဲ့လူတွေလည်း စကားမပြောဘူး ။

    ကိုယ်ဟာစိတ်အေးချမ်းမှုကိုအလိုရှိတယ်
    တန်ဖိုးသိတဲ့အရပ်ကိုပဲ အခြေချနေထိုင်တယ် ။

    #ဖားစည်ရည်ကျော်
    ကိုယ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးပဲရှင်သန်တယ် ဦးနှောက်နဲ့နှလုံးသားယှဉ်ပြိုင်လာတဲ့အခါ အစာအိမ်ကိုပဲ ဦးစားပေးလိုက်တယ် ။ ချစ်ခင်ရတဲ့လူတွေရဲ့အကြောင်းကိုလည်း သူတို့ပြောပြသလောက်ပဲ စိတ်ဝင်စားတယ် ။ လူရှုပ်တဲ့နေရာတွေသွားရမကြိုက်သလို စိတ်ရှုပ်တဲ့လူတွေလည်း စကားမပြောဘူး ။ ကိုယ်ဟာစိတ်အေးချမ်းမှုကိုအလိုရှိတယ် တန်ဖိုးသိတဲ့အရပ်ကိုပဲ အခြေချနေထိုင်တယ် ။ #ဖားစည်ရည်ကျော်
    0 Comments ·0 Shares ·41 Views
  • မသိချင်ယောင်
    ဆောင်နေတဲ့သူကို
    သိအောင် မပြောပါနဲ့ ။

    မခေါ်ချင်တော့တဲ့သူကို
    လက်ပြနှုတ်ဆက်ဖို့
    မကြိုးစားပါနဲ့ ။

    ရေစက်ကုန်သွားတဲ့သူကို
    ပြန်လာဖို့လည်း
    မျှော်လင့်မနေပါနဲ့ ။

    နားလည်မှုမရှိတဲ့သူကို
    ရှင်းပြဖို့လည်းအချိန်မပေးနဲ့ ။

    စိတ်ပျက်စေတဲ့သူကို
    ရင်ထဲမှာလည်း
    သိမ်းဆည်းမထားပါနဲ့ ။

    တာဝန်သိမှုမရှိသူကို
    ဘယ်နေရာမှ
    ခန့်အပ်မထားမိစေပါနဲ့ ။

    တစ်ကိုယ်ကောင်း
    ဆန်တတ်တဲ့သူကိုလည်း
    အားမနာကြပါနဲ့ ။

    အမျက်ထွက်လွယ်သူကို
    ဘယ်တောမှ အဖော်မပြုပါနဲ့
    ကိုယ်ပဲ ပင်ပန်းရပါတယ် ။


    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    မသိချင်ယောင် ဆောင်နေတဲ့သူကို သိအောင် မပြောပါနဲ့ ။ မခေါ်ချင်တော့တဲ့သူကို လက်ပြနှုတ်ဆက်ဖို့ မကြိုးစားပါနဲ့ ။ ရေစက်ကုန်သွားတဲ့သူကို ပြန်လာဖို့လည်း မျှော်လင့်မနေပါနဲ့ ။ နားလည်မှုမရှိတဲ့သူကို ရှင်းပြဖို့လည်းအချိန်မပေးနဲ့ ။ စိတ်ပျက်စေတဲ့သူကို ရင်ထဲမှာလည်း သိမ်းဆည်းမထားပါနဲ့ ။ တာဝန်သိမှုမရှိသူကို ဘယ်နေရာမှ ခန့်အပ်မထားမိစေပါနဲ့ ။ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့သူကိုလည်း အားမနာကြပါနဲ့ ။ အမျက်ထွက်လွယ်သူကို ဘယ်တောမှ အဖော်မပြုပါနဲ့ ကိုယ်ပဲ ပင်ပန်းရပါတယ် ။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    0 Comments ·0 Shares ·49 Views
  • ပစ္စည်းတွေရဲ့ တန်ဖိုးကို
    ပျောက်သွားမှာသိလိမ့်မယ်...။

    ရေတစ်ခွက်ရဲ့တန်ဖိုးကို
    ရေးဆာနေတဲ့အချိန်မှ သိလိမ့်မယ်...။

    ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို
    ဗိုက်ဆာမှ သိလိမ့်မယ်...။

    လူတစ်ယောက်ရဲ့ တန်ဖိုးကို
    အဲ့လူ မရှိတော့မှ သိမယ်...။


    #Chankae
    ပစ္စည်းတွေရဲ့ တန်ဖိုးကို ပျောက်သွားမှာသိလိမ့်မယ်...။ ရေတစ်ခွက်ရဲ့တန်ဖိုးကို ရေးဆာနေတဲ့အချိန်မှ သိလိမ့်မယ်...။ ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို ဗိုက်ဆာမှ သိလိမ့်မယ်...။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲ့လူ မရှိတော့မှ သိမယ်...။ 🤍🌻🍀 #Chankae
    0 Comments ·0 Shares ·50 Views
  • ယောက်ျားတစ်ယောက်ကို
    လက်ထပ်ဖို့ မတောင်းဆိုနဲ့
    ပန်းပေးဖို့လည်း မတောင်းဆိုနဲ့
    ဖုန်းဆက်ဖို့လည်း မတောင်းဆိုနဲ့
    ကိုယ့်ဆီကိုပဲ စိတ်ရောက်နေဖို့လည်းမတောင်းဆိုနဲ့

    သူသာတစ်ကယ်ချစ်ရင်
    ပန်းကြိုက်တာလည်း သူသိလိမ့်မယ်
    ကိုယ်ဘာလိုအပ်နေလဲ သူသိလိမ့်မယ်
    ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာ
    တကယ်ချစ်ခဲ့ရင် သေသေချာချာ သိတယ်။


    #crd
    ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ မတောင်းဆိုနဲ့ ပန်းပေးဖို့လည်း မတောင်းဆိုနဲ့ ဖုန်းဆက်ဖို့လည်း မတောင်းဆိုနဲ့ ကိုယ့်ဆီကိုပဲ စိတ်ရောက်နေဖို့လည်းမတောင်းဆိုနဲ့ သူသာတစ်ကယ်ချစ်ရင် ပန်းကြိုက်တာလည်း သူသိလိမ့်မယ် ကိုယ်ဘာလိုအပ်နေလဲ သူသိလိမ့်မယ် ဘယ်အချိန်မှာ သူဘာလုပ်ရမလဲဆိုတာ တကယ်ချစ်ခဲ့ရင် သေသေချာချာ သိတယ်။ 🌻🤍 #crd
    Care
    1
    · 0 Comments ·0 Shares ·45 Views
  • နေတတ်သလို နေလိုက်တယ်
    မနေတတ်ရင် ဘဝကြီးက
    နေပျော်စရာ ရှိနေပါ့မလား???

    အဆင်ပြေသလို ဖြတ်သန်းတယ်
    အဆင်မပြေမှုတွေကို
    လိုက်ပြီးခံစားနေလို့
    ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ
    မဟုတ်ဘူးလေ...

    သည်းခံသင့်သလောက်
    သည်းခံတယ်...
    သည်းမခံနိူင်တော့တဲ့အဆုံး
    ဥပေက္ခာ ပြုထားလိုက်တယ်...
    သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ
    အထိခိုက်မခံစားနိူင်တော့လို့...

    အားနာသင့်သလောက်ပဲ အားနာတော့မယ်
    အားနာခြင်းကို အခွင့်ရေးပေးပြီး
    ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ
    မကြည့်ရက်တော့ဘူးလေ...

    ခွင့်လွှတ်သင့်သလောက်
    ခွင့်လွှတ်လိုက်မယ်
    ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး
    သိက္ခာတွေ ချနင်းသွားရင်
    ဘယ်လောက်ချစ်ချစ်
    ဘယ်လောက်ခင်ခင်
    စွန့်လွှတ်လိုက်တော့မယ်...

    မေတ္တာပေးသင့်သလောက်ပေးလိုက်မယ်
    သံယောဇဉ်တွေအရင်လို ကြာကြာ
    မချည်နှောင်ချင်တော့ဘူး
    သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ
    အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ...

    အမုန်းတွေ ပွားမနေတော့ဘူး...
    အတ္တတွေ များမနေတော့ဘူး...
    လောဘတွေ ထားမနေတော့ဘူး...
    အတိတ်တွေ၊အနာဂတ်တွေအစား
    ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး
    ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်....

    ဘဝရဲ့အနှစ်ဆိုတာကြီးကို
    ကောင်းကောင်းသိလာတဲ့တစ်နေ့
    ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက
    ဝေးပြီး ကလေးတစ်ယောက်လို
    ရိုးသားလာတယ် ဖြူစင်လာတယ်
    ဒါက လူ့ဘဝရဲ့အနှစ်ပဲ...

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    နေတတ်သလို နေလိုက်တယ် မနေတတ်ရင် ဘဝကြီးက နေပျော်စရာ ရှိနေပါ့မလား??? အဆင်ပြေသလို ဖြတ်သန်းတယ် အဆင်မပြေမှုတွေကို လိုက်ပြီးခံစားနေလို့ ဘယ်အရာမှ အဆင်ပြေချောမွေ့လာမှာ မဟုတ်ဘူးလေ... သည်းခံသင့်သလောက် သည်းခံတယ်... သည်းမခံနိူင်တော့တဲ့အဆုံး ဥပေက္ခာ ပြုထားလိုက်တယ်... သည်းခံခြင်းမှာ ဂုဏ်သိက္ခာတွေ အထိခိုက်မခံစားနိူင်တော့လို့... အားနာသင့်သလောက်ပဲ အားနာတော့မယ် အားနာခြင်းကို အခွင့်ရေးပေးပြီး ကိုယ့်မာနတွေ ရိုက်ချိုးခံနေရတာ မကြည့်ရက်တော့ဘူးလေ... ခွင့်လွှတ်သင့်သလောက် ခွင့်လွှတ်လိုက်မယ် ခွင့်လွှတ်ပေးတာကို အခွင့်ကောင်းယူပြီး သိက္ခာတွေ ချနင်းသွားရင် ဘယ်လောက်ချစ်ချစ် ဘယ်လောက်ခင်ခင် စွန့်လွှတ်လိုက်တော့မယ်... မေတ္တာပေးသင့်သလောက်ပေးလိုက်မယ် သံယောဇဉ်တွေအရင်လို ကြာကြာ မချည်နှောင်ချင်တော့ဘူး သံယောဇဉ်ကြိုးတွေက ဖြတ်ရခက်တဲ့အခါ အစွဲလမ်းကြီးသူက ပိုခံစားရလို့ပါ... အမုန်းတွေ ပွားမနေတော့ဘူး... အတ္တတွေ များမနေတော့ဘူး... လောဘတွေ ထားမနေတော့ဘူး... အတိတ်တွေ၊အနာဂတ်တွေအစား ဒီနေ့နဲ့မနက်ဖြန်မှာ ဘယ်လိုအကောင်းဆုံး ဖြတ်သန်းရမယ်ဆိုတာပဲ တွေးတော့တယ်.... ဘဝရဲ့အနှစ်ဆိုတာကြီးကို ကောင်းကောင်းသိလာတဲ့တစ်နေ့ ရင့်ကျက်သယောင် ဟန်ဆောင်ခြင်းတွေက ဝေးပြီး ကလေးတစ်ယောက်လို ရိုးသားလာတယ် ဖြူစင်လာတယ် ဒါက လူ့ဘဝရဲ့အနှစ်ပဲ... #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #စာပေကြိုက်သူများ #ဘဝစာပေ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·57 Views
  • "ဘယ်ဘဝဟာ
    ဘယ်လောက်ခက်ခဲတယ်ဆိုဆို
    ကိုယ်ချစ်တဲ့သူတွေမရှိဘဲ
    ရှင်သန်ရမယ့်ဘဝဟာ
    အခက်ခဲဆုံးပါပဲ။ "

    #လင်းခါး
    "ဘယ်ဘဝဟာ ဘယ်လောက်ခက်ခဲတယ်ဆိုဆို ကိုယ်ချစ်တဲ့သူတွေမရှိဘဲ ရှင်သန်ရမယ့်ဘဝဟာ အခက်ခဲဆုံးပါပဲ။ " #လင်းခါး
    0 Comments ·0 Shares ·30 Views
  • စိတ်ကလေး အချည်ခံထားရတယ်
    အသံလေးကြားရတာနဲ့ အမောတစ်ဝက်ပြေတယ်
    အရိပ်တကြည့်ကြည့် ဖြစ်ရတယ်
    မြတ်နိုးရတယ် တန်ဖိုးထားရတယ်
    တစ်နေ့တာရဲ့ ပထမဆုံး ဝတ္တရားဟာ
    မင်းကို သတိရဖို့ပဲ ဖြစ်ခဲ့တယ် ။


    #Lionel Sn
    စိတ်ကလေး အချည်ခံထားရတယ် အသံလေးကြားရတာနဲ့ အမောတစ်ဝက်ပြေတယ် အရိပ်တကြည့်ကြည့် ဖြစ်ရတယ် မြတ်နိုးရတယ် တန်ဖိုးထားရတယ် တစ်နေ့တာရဲ့ ပထမဆုံး ဝတ္တရားဟာ မင်းကို သတိရဖို့ပဲ ဖြစ်ခဲ့တယ် ။ 🌻🖤 #Lionel Sn
    Like
    Care
    2
    · 0 Comments ·0 Shares ·53 Views
  • မေတ္တာမထားနိုင်သေးဘူးဆိုရင်တောင်
    မနာလိုစိတ်တော့ မထားပါနဲ့
    မနာလိုစိတ်က တစ်ဖက်လူကို
    ပူလောင်စေတာထက်
    ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပူလောင်ရလို့ပါ

    ကောင်းတာတွေကိုပဲ ရွေးလုပ်ပါ
    ကောင်းကျိုးတွေ ချက်ချင်း မခံစားရဘူး
    ဆိုရင်တောင် ကောင်းတဲ့လူတော့
    တခဏ ဖြစ်သွားပါတယ်

    အပြောကောင်းသူထက်
    အကောင်းပြောသူကို လူတွေက
    ပိုသဘောကျကြတာပါ
    ဒါကြောင့် တတ်နိုင်သမျှ အကောင်းပြောပါ

    သူတစ်ပါးကို နှိမ်ချတာထက်
    ကိုယ့်ကိုယ့်ကိုယ် နှိမ်ချပြီးနေခြင်းက
    ပိုပြီး မွန်မြတ်ပါတယ်

    ကောင်းတာတွေ လုပ်ဖို့ ခဲယဥ်းနေသလား
    မကောင်းတာတွေ အရင်ဆုံး
    ရှောင်ကြဥ်လိုက်ပါ
    အဆိုးတွေ မရှိတဲ့အခါ
    အကောင်းတွေ လာပါလိမ့်မယ်။

    #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    မေတ္တာမထားနိုင်သေးဘူးဆိုရင်တောင် မနာလိုစိတ်တော့ မထားပါနဲ့ မနာလိုစိတ်က တစ်ဖက်လူကို ပူလောင်စေတာထက် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးပူလောင်ရလို့ပါ ကောင်းတာတွေကိုပဲ ရွေးလုပ်ပါ ကောင်းကျိုးတွေ ချက်ချင်း မခံစားရဘူး ဆိုရင်တောင် ကောင်းတဲ့လူတော့ တခဏ ဖြစ်သွားပါတယ် အပြောကောင်းသူထက် အကောင်းပြောသူကို လူတွေက ပိုသဘောကျကြတာပါ ဒါကြောင့် တတ်နိုင်သမျှ အကောင်းပြောပါ သူတစ်ပါးကို နှိမ်ချတာထက် ကိုယ့်ကိုယ့်ကိုယ် နှိမ်ချပြီးနေခြင်းက ပိုပြီး မွန်မြတ်ပါတယ် ကောင်းတာတွေ လုပ်ဖို့ ခဲယဥ်းနေသလား မကောင်းတာတွေ အရင်ဆုံး ရှောင်ကြဥ်လိုက်ပါ အဆိုးတွေ မရှိတဲ့အခါ အကောင်းတွေ လာပါလိမ့်မယ်။ #မေတ္တာဖြင့် #စာပေ #ဗဟုသုတ #စာပေချစ်သူ #ဘဝစာပေ #စာပေကြိုက်သူများ #လူငယ်များအတွက့်စာကြည့်တိုက့် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည် #မူရင်းရေးသားသူအားလေးစားလျှက် #လေးစားစွာဖြင့်
    Like
    Care
    2
    · 0 Comments ·0 Shares ·56 Views
More Results