• ချောင်းဆိုး

    လည်ချောင်းယားချောင်းဆိုး
    ဆားရည်ငုံထွေးပါ။

    ရှောက်သီးအရည်၃ဇွန်း နဲ့ ပျားရည်၁ဇွန်း
    စပ်သောက်ပါ။

    တိုင်းရင်းဆေးအမှတ် ၁။မက်လင်ချဉ် သလိပ်ပုတ်နိုင်ဆေး၀ယ် လျက်ပေးပါ။

    ဆေးမရလျှင်

    ဆားကိုနီအောင်လှော် သံပရာရည်ညှစ်ဖျော်လျက်ပေးပါ။

    - မန်ကျည်းမှည့်ဖျော်ရည်ညအိပ်ယာဝင်သောက်ပေးပါ။

    ဆီပါသောအစာများရှောင်စားပါ။

    ရေအေးမသောက်ပါနဲ့ရေနွေး၊ရေကျက်အေးသောက်ပါ။

    ပြည်ပန်းညိုရွက်ဟင်းချိုသောက်ပါ။ ချောင်းဆိုးအသံဝင်အတွက် ဓာတ်စာပါ။

    ကြည်လွင်မြင့် (မုဒြာ)
    Crd
    ချောင်းဆိုး လည်ချောင်းယားချောင်းဆိုး ဆားရည်ငုံထွေးပါ။ ရှောက်သီးအရည်၃ဇွန်း နဲ့ ပျားရည်၁ဇွန်း စပ်သောက်ပါ။ တိုင်းရင်းဆေးအမှတ် ၁။မက်လင်ချဉ် သလိပ်ပုတ်နိုင်ဆေး၀ယ် လျက်ပေးပါ။ ဆေးမရလျှင် ဆားကိုနီအောင်လှော် သံပရာရည်ညှစ်ဖျော်လျက်ပေးပါ။ - မန်ကျည်းမှည့်ဖျော်ရည်ညအိပ်ယာဝင်သောက်ပေးပါ။ ဆီပါသောအစာများရှောင်စားပါ။ ရေအေးမသောက်ပါနဲ့ရေနွေး၊ရေကျက်အေးသောက်ပါ။ ပြည်ပန်းညိုရွက်ဟင်းချိုသောက်ပါ။ ချောင်းဆိုးအသံဝင်အတွက် ဓာတ်စာပါ။ ကြည်လွင်မြင့် (မုဒြာ) Crd
    Care
    1
    · 0 Comments ·0 Shares ·27 Views
  • အသည်းဟာ... ခန္ဓာကိုယ်ထဲမှာ အလုပ်အများဆုံး လုပ်ရတဲ့ အင်္ဂါဖြစ်ပါတယ်။ အညစ်အကြေးစစ်ထုတ်တာ၊ သည်းခြေရည်ထုတ်တာ၊ စွမ်းအင်ထုတ်လုပ်တာနဲ့ သွေးတွင်းအဆီကို ထိန်းချုပ်တာ စတဲ့ အလုပ်တွေကို လုပ်ဆောင်ပါတယ်။
    ဒါပေမယ့် ကျွန်မတို့က ညဉ့်နက်တဲ့အထိ မအိပ်သေးဘူး၊ အာလူး၊ ကစီဓာတ်တွေ၊ အချိုတွေ စားမယ်၊ ရေနည်းနည်းပဲ သောက်မယ်ဆိုရင်... အသည်းက အဆီတွေကို တိတ်တိတ်လေး စုဆောင်းလာပြီး သတိမထားမိဘဲ "အသည်းအဆီဖုံးခြင်း" ဖြစ်လာနိုင်ပါတယ်။
    အသည်းက သတိပေးတဲ့ လက္ခဏာများ
    အကြောင်းရင်းမရှိဘဲ မောပန်းလွယ်ခြင်း
    ညစာ စားပြီးနောက် ဝမ်းဗိုက်တင်းခြင်း၊ လေပွခြင်း၊ အောင့်ခြင်း
    အသားအရေ ညိုမည်းခြင်း၊ ချွေးနံ့နံခြင်း
    ညာဘက်နံရိုးအောက်နား တင်းပြီး နာကျင်ခြင်း
    ညဘက် ခဏခဏ နိုးခြင်း သို့မဟုတ် အိပ်မပျော်ခြင်း
    ဒီလို လက္ခဏာတွေ ရှိနေရင်... "အသည်းစွမ်းအင်" ကို ဒီနေ့ကစပြီး အမြန်ဆုံး ပြန်လည်အားဖြည့်ပါတော့။
    သဘာဝနည်းလမ်းဖြင့် အသည်းကို ပြန်လည်အားဖြည့်နည်းများ
    ၁။ ည ၁၀ နာရီ မတိုင်ခင် အိပ်ရာဝင်ပါ
    ဘာကြောင့်လဲဆိုတော့ "အသည်းရဲ့ မီးဓာတ် (စွမ်းအား)" ဟာ ည ၁၀ နာရီကနေ မနက် ၂ နာရီအတွင်းမှာ အကောင်းဆုံး ပြန်လည်ပြုပြင်ခြင်း အလုပ်ကို လုပ်ဆောင်လို့ပါပဲ။ အဲဒီအချိန်နောက်ပိုင်းမှ အိပ်ရင် အသည်းက ဆဲလ်တွေကို ပြင်ဆင်ဖို့ အချိန်မရတော့ဘဲ၊ အဆီနဲ့ အညစ်အကြေးတွေ စွန့်ထုတ်မယ့်အစား ပိုပြီး စုမိလာပါလိမ့်မယ်။
    ၂။ မနက်အိပ်ရာထပြီး ရေနွေး ၂ ဖန်ခွက် သောက်ပါ
    ဒါက အသည်းထဲက သည်းခြေရေစနစ် လည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အသည်းရှိ သွေးကြောမျှင်လေးတွေထဲက အညစ်အကြေးတွေကို ဆေးကြောပေးပြီး သည်းခြေအိတ်က အဆိပ်အတောက်တွေကို ဝမ်းကနေတဆင့် စွန့်ထုတ်ဖို့ကိုလည်း လှုံ့ဆော်ပေးပါတယ်။
    ၃။ ကစီဓာတ်နှင့် သကြားဓာတ်ကို တစ်ဝက် လျှော့ချပါ
    အသည်းက ပိုလျှံနေတဲ့ သကြားဓာတ်ကို အဆီအဖြစ် ပြောင်းလဲပစ်ပါတယ်။ အချိုများများ စားလေ၊ အသည်းက ပိုပင်ပန်းလေပါပဲ။ သကြားဓာတ် လျှော့ချတာဟာ "အသည်းကို အနားပေးခြင်း" အစစ်အမှန်ပါပဲ။
    ၄။ တစ်နေ့ကို ရေ ၃ လီတာ ရအောင် သောက်ပါ
    ရေဟာ အညစ်အကြေးတွေကို ခန္ဓာကိုယ်ကနေ သယ်ယူထုတ်ပစ်ပေးတဲ့ ယာဉ်ပါပဲ။ ရေလုံလောက်စွာ သောက်သုံးခြင်းက သွေးပျစ်တာကို သက်သာစေပြီး အသည်းကိုလည်း စစ်ထုတ်တဲ့နေရာမှာ လုပ်အားပိုမပေးရအောင် ကူညီပေးပါတယ်။
    ၅။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပေါ့ပေါ့ပါးပါး လုပ်ပါ
    မိနစ် ၃၀ လမ်းလျှောက်တာ ဒါမှမဟုတ် လက်ဝှေ့ယမ်းတာကို ၁၀ မိနစ် လုပ်တာနဲ့တင် လုံလောက်ပါတယ်။ ဒီလိုလုပ်ခြင်းက သွေးကို အသည်းဆီ ပိုမိုကောင်းမွန်စွာ ရောက်ရှိစေပြီး ကိုယ်တွင်းမီးဓာတ်ကိုပါ မျှတစေပါတယ်။
    သမားတော်များထံမှ မှာကြားချက်
    "သန့်ရှင်းတဲ့အသည်းဟာ ခိုင်မာတဲ့ဘဝရဲ့ အခြေခံအုတ်မြစ်ပဲ။ ကျန်းမာရေးဟာ ဆေးဝါးအစွမ်းနဲ့ စတာမဟုတ်ဘူး... ည ၁၀ နာရီမတိုင်ခင် သင်အိပ်ရာဝင်တဲ့ ညကစပြီး စတင်တာပါ"
    ဒီညကစပြီး မီးကို မိနစ် ၃၀ လောက် စောပိတ်ပြီး အိပ်ကြည့်ပါ။
    ပြီးတော့ မနက်အိပ်ရာထရင် ရေနွေး ၂ ဖန်ခွက် သောက်ကြည့်ပါ
    အသည်း ပြန်လည်အားကောင်းလာတဲ့အခါ ခန္ဓာကိုယ် ဘယ်လောက် ပေါ့ပါးသွားတယ်၊ စိတ်ဘယ်လောက် ကြည်လင်လန်းဆန်းလာတယ်ဆိုတာ သင်ကိုယ်တိုင် သိလာပါလိမ့်မယ် ။

    Crd
    #fblifestyle
    အသည်းဟာ... ခန္ဓာကိုယ်ထဲမှာ အလုပ်အများဆုံး လုပ်ရတဲ့ အင်္ဂါဖြစ်ပါတယ်။ အညစ်အကြေးစစ်ထုတ်တာ၊ သည်းခြေရည်ထုတ်တာ၊ စွမ်းအင်ထုတ်လုပ်တာနဲ့ သွေးတွင်းအဆီကို ထိန်းချုပ်တာ စတဲ့ အလုပ်တွေကို လုပ်ဆောင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့က ညဉ့်နက်တဲ့အထိ မအိပ်သေးဘူး၊ အာလူး၊ ကစီဓာတ်တွေ၊ အချိုတွေ စားမယ်၊ ရေနည်းနည်းပဲ သောက်မယ်ဆိုရင်... အသည်းက အဆီတွေကို တိတ်တိတ်လေး စုဆောင်းလာပြီး သတိမထားမိဘဲ "အသည်းအဆီဖုံးခြင်း" ဖြစ်လာနိုင်ပါတယ်။ အသည်းက သတိပေးတဲ့ လက္ခဏာများ အကြောင်းရင်းမရှိဘဲ မောပန်းလွယ်ခြင်း ညစာ စားပြီးနောက် ဝမ်းဗိုက်တင်းခြင်း၊ လေပွခြင်း၊ အောင့်ခြင်း အသားအရေ ညိုမည်းခြင်း၊ ချွေးနံ့နံခြင်း ညာဘက်နံရိုးအောက်နား တင်းပြီး နာကျင်ခြင်း ညဘက် ခဏခဏ နိုးခြင်း သို့မဟုတ် အိပ်မပျော်ခြင်း ဒီလို လက္ခဏာတွေ ရှိနေရင်... "အသည်းစွမ်းအင်" ကို ဒီနေ့ကစပြီး အမြန်ဆုံး ပြန်လည်အားဖြည့်ပါတော့။ သဘာဝနည်းလမ်းဖြင့် အသည်းကို ပြန်လည်အားဖြည့်နည်းများ ၁။ ည ၁၀ နာရီ မတိုင်ခင် အိပ်ရာဝင်ပါ ဘာကြောင့်လဲဆိုတော့ "အသည်းရဲ့ မီးဓာတ် (စွမ်းအား)" ဟာ ည ၁၀ နာရီကနေ မနက် ၂ နာရီအတွင်းမှာ အကောင်းဆုံး ပြန်လည်ပြုပြင်ခြင်း အလုပ်ကို လုပ်ဆောင်လို့ပါပဲ။ အဲဒီအချိန်နောက်ပိုင်းမှ အိပ်ရင် အသည်းက ဆဲလ်တွေကို ပြင်ဆင်ဖို့ အချိန်မရတော့ဘဲ၊ အဆီနဲ့ အညစ်အကြေးတွေ စွန့်ထုတ်မယ့်အစား ပိုပြီး စုမိလာပါလိမ့်မယ်။ ၂။ မနက်အိပ်ရာထပြီး ရေနွေး ၂ ဖန်ခွက် သောက်ပါ ဒါက အသည်းထဲက သည်းခြေရေစနစ် လည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အသည်းရှိ သွေးကြောမျှင်လေးတွေထဲက အညစ်အကြေးတွေကို ဆေးကြောပေးပြီး သည်းခြေအိတ်က အဆိပ်အတောက်တွေကို ဝမ်းကနေတဆင့် စွန့်ထုတ်ဖို့ကိုလည်း လှုံ့ဆော်ပေးပါတယ်။ ၃။ ကစီဓာတ်နှင့် သကြားဓာတ်ကို တစ်ဝက် လျှော့ချပါ အသည်းက ပိုလျှံနေတဲ့ သကြားဓာတ်ကို အဆီအဖြစ် ပြောင်းလဲပစ်ပါတယ်။ အချိုများများ စားလေ၊ အသည်းက ပိုပင်ပန်းလေပါပဲ။ သကြားဓာတ် လျှော့ချတာဟာ "အသည်းကို အနားပေးခြင်း" အစစ်အမှန်ပါပဲ။ ၄။ တစ်နေ့ကို ရေ ၃ လီတာ ရအောင် သောက်ပါ ရေဟာ အညစ်အကြေးတွေကို ခန္ဓာကိုယ်ကနေ သယ်ယူထုတ်ပစ်ပေးတဲ့ ယာဉ်ပါပဲ။ ရေလုံလောက်စွာ သောက်သုံးခြင်းက သွေးပျစ်တာကို သက်သာစေပြီး အသည်းကိုလည်း စစ်ထုတ်တဲ့နေရာမှာ လုပ်အားပိုမပေးရအောင် ကူညီပေးပါတယ်။ ၅။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပေါ့ပေါ့ပါးပါး လုပ်ပါ မိနစ် ၃၀ လမ်းလျှောက်တာ ဒါမှမဟုတ် လက်ဝှေ့ယမ်းတာကို ၁၀ မိနစ် လုပ်တာနဲ့တင် လုံလောက်ပါတယ်။ ဒီလိုလုပ်ခြင်းက သွေးကို အသည်းဆီ ပိုမိုကောင်းမွန်စွာ ရောက်ရှိစေပြီး ကိုယ်တွင်းမီးဓာတ်ကိုပါ မျှတစေပါတယ်။ သမားတော်များထံမှ မှာကြားချက် "သန့်ရှင်းတဲ့အသည်းဟာ ခိုင်မာတဲ့ဘဝရဲ့ အခြေခံအုတ်မြစ်ပဲ။ ကျန်းမာရေးဟာ ဆေးဝါးအစွမ်းနဲ့ စတာမဟုတ်ဘူး... ည ၁၀ နာရီမတိုင်ခင် သင်အိပ်ရာဝင်တဲ့ ညကစပြီး စတင်တာပါ" ဒီညကစပြီး မီးကို မိနစ် ၃၀ လောက် စောပိတ်ပြီး အိပ်ကြည့်ပါ။ ပြီးတော့ မနက်အိပ်ရာထရင် ရေနွေး ၂ ဖန်ခွက် သောက်ကြည့်ပါ အသည်း ပြန်လည်အားကောင်းလာတဲ့အခါ ခန္ဓာကိုယ် ဘယ်လောက် ပေါ့ပါးသွားတယ်၊ စိတ်ဘယ်လောက် ကြည်လင်လန်းဆန်းလာတယ်ဆိုတာ သင်ကိုယ်တိုင် သိလာပါလိမ့်မယ် ။ Crd #fblifestyle
    Love
    Care
    2
    · 0 Comments ·0 Shares ·67 Views
  • ဘာမှ မပြောတဲ့သူတွေကို သတိထားပါ
    ----------------------------------
    ကျွန်တော်တို့ကျောင်းသား ဘဝတုန်းက
    စာမေးပွဲဖြေတဲ့အခါ စာခိုးချတဲ့လူကို တွေ့ရင်
    အခန်းစောင့်ဆရာမက
    micro စာရွက်တွေကို လာသိမ်းတယ်
    သတိပေးပြီး ဆက်ဖြေခွင့်ပြုတယ် …
    နောက် ဆရာမ အမျိုးအစားက
    လာလည်း မပြောဘူး ၊ ဖမ်းလည်း မဖမ်းဘူး ။
    သတိလည်းမပေးဘူး ။ လွှတ်ပေးထားတယ် ။
    ခိုးစမ်း … ကြိုက်သလောက်ခိုး ။
    လုံးဝ မနှောင့်ယှက်ဘူး ။
    မှတ်ချက်မှာတော့ မှင်နီ တို့ ပြီးသွားပြီ ။
    အမှတ် 100 ဖိုးဖြေထားလည်း ကျပြီပဲ မှတ် ။
    ကျွန်တော်တို့ ဘဝတွေမှာလည်း ဒီလိုပါပဲ ။
    warning တွေ ပေးခံနေရတယ်ဆိုတာ
    ပြင်ဆင်ခွင့်ရှိနေသေးတယ် ။
    ဘာမှ မပြောတော့ဘူး ဆိုရင်
    သိပ်ကြောက်ဖို့ကောင်းတယ်
    ပြင်ဆင်ခွင့်မပေးတော့တဲ့ သဘော ။
    သိပ်စိတ်နာသွားတဲ့လူတွေဟာ
    စကားတွေ အများကြီး မပြောတော့ဘူး ။
    တိတ်ဆိတ်ခြင်းဟာ ပြင်းထန်တဲ့
    ပေါက်ကွဲအားပဲ ။
    ဥပက္ခာဟာ ဥပဒေဘောင်အတွင်းက
    အကောင်းဆုံး လူသတ် လက်နက် ဖြစ်တယ် ။
    သူ ဘာမှ မှ မပြောတာ
    မသိလောက်ပါဘူး ဆိုပြီး လိမ်မနေပါနဲ့
    မှင်နီတို့ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ် ။

    #crd_to_owner_with_respect
    ဘာမှ မပြောတဲ့သူတွေကို သတိထားပါ ---------------------------------- ကျွန်တော်တို့ကျောင်းသား ဘဝတုန်းက စာမေးပွဲဖြေတဲ့အခါ စာခိုးချတဲ့လူကို တွေ့ရင် အခန်းစောင့်ဆရာမက micro စာရွက်တွေကို လာသိမ်းတယ် သတိပေးပြီး ဆက်ဖြေခွင့်ပြုတယ် … နောက် ဆရာမ အမျိုးအစားက လာလည်း မပြောဘူး ၊ ဖမ်းလည်း မဖမ်းဘူး ။ သတိလည်းမပေးဘူး ။ လွှတ်ပေးထားတယ် ။ ခိုးစမ်း … ကြိုက်သလောက်ခိုး ။ လုံးဝ မနှောင့်ယှက်ဘူး ။ မှတ်ချက်မှာတော့ မှင်နီ တို့ ပြီးသွားပြီ ။ အမှတ် 100 ဖိုးဖြေထားလည်း ကျပြီပဲ မှတ် ။ ကျွန်တော်တို့ ဘဝတွေမှာလည်း ဒီလိုပါပဲ ။ warning တွေ ပေးခံနေရတယ်ဆိုတာ ပြင်ဆင်ခွင့်ရှိနေသေးတယ် ။ ဘာမှ မပြောတော့ဘူး ဆိုရင် သိပ်ကြောက်ဖို့ကောင်းတယ် ပြင်ဆင်ခွင့်မပေးတော့တဲ့ သဘော ။ သိပ်စိတ်နာသွားတဲ့လူတွေဟာ စကားတွေ အများကြီး မပြောတော့ဘူး ။ တိတ်ဆိတ်ခြင်းဟာ ပြင်းထန်တဲ့ ပေါက်ကွဲအားပဲ ။ ဥပက္ခာဟာ ဥပဒေဘောင်အတွင်းက အကောင်းဆုံး လူသတ် လက်နက် ဖြစ်တယ် ။ သူ ဘာမှ မှ မပြောတာ မသိလောက်ပါဘူး ဆိုပြီး လိမ်မနေပါနဲ့ မှင်နီတို့ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ် ။ #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·105 Views
  • * မေ့ဆေးလေးများ ပေးခဲ့ပါ *3⃣0⃣1⃣0⃣2⃣0⃣2⃣5⃣

    မင့်အနားမှာ ထာဝစဥ်
    နေချင်ပေမယ့် အလွှာခြား
    ဘဝသမားက ကိုယ်ရယ်ပါ.....
    မင့်မျက်နှာ ထာဝစဥ်
    မြင်ချင်ပေမယ့် ဟိုအဝေးက
    ခိုးငေးရ သူရယ်ပါ.....
    ရက်လနာရီ
    ရာသီရယ် ရွေ့ပြောင်း
    တစ်ဆောင်းသစ်တော့မှာ.....
    ချစ်မေတ္တာ အကြင်နာစကား
    ပြောကြားဖို့ ခွင့်မသာ
    တစ်နေ့ဝေးမှာ သိပါရဲ့
    မေ့ဆေးလေးများ ပေးခဲ့ပါ.....
    Shwe Sin Win Hlaing
    Crd
    * မေ့ဆေးလေးများ ပေးခဲ့ပါ *3⃣0⃣1⃣0⃣2⃣0⃣2⃣5⃣ 🌸🧚✨🌿🌺⭐🌼🌹☘️🍁❄🌷🌟🍀 မင့်အနားမှာ ထာဝစဥ် နေချင်ပေမယ့် အလွှာခြား ဘဝသမားက ကိုယ်ရယ်ပါ..... မင့်မျက်နှာ ထာဝစဥ် မြင်ချင်ပေမယ့် ဟိုအဝေးက ခိုးငေးရ သူရယ်ပါ..... ရက်လနာရီ ရာသီရယ် ရွေ့ပြောင်း တစ်ဆောင်းသစ်တော့မှာ..... ချစ်မေတ္တာ အကြင်နာစကား ပြောကြားဖို့ ခွင့်မသာ တစ်နေ့ဝေးမှာ သိပါရဲ့ မေ့ဆေးလေးများ ပေးခဲ့ပါ..... Shwe Sin Win Hlaing Crd
    Care
    1
    · 0 Comments ·0 Shares ·81 Views
  • #အိမ်မှာရှိတဲ့ဩဇာရွက်က

    ရောဂါအတွက်
    ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်...

    မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်...

    ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်...
    အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။

    အေးကွ ...
    ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့...
    ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့..
    စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ...
    ခေတ်ကလည်း မတူဘူးမို့လား..?
    ဒို့ခေတ် ဒို့အခါတုန်းက
    ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်...
    သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို...
    တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း
    မလွယ်ကူဘူးလေ...

    ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ
    ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က
    ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ...
    ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ...

    ခု ငါ့တူကြီးပြောမှပဲ...
    အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....

    သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့...
    အတော်စွမ်းပါလား မောင်ရေ...

    အမှန်ပဲ ဖိုးလေးရေ...
    ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက
    သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။
    အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်..
    စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။
    (ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)

    အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့....
    ဩဇာပင်နဲ့ပတ်သက်ပြီး ...
    ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက်
    အသုံးပြုနိုင်ကြောင်း...

    အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား
    မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...

    ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ...
    ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...

    ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ...
    ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့
    ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း...
    ဖော်ပြထားတယ် ဖိုးလေးရေ...

    တယ်ဟုတ်ပါလား ကွ...
    ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က
    အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..

    မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ...
    တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်!

    ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့...
    ဩဇာသီး အခြောက်လာခူးတာဆိုတော့...
    မဟုတ်မှလွဲ ...
    ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး
    ဖိုးလေးက မေးလာတာကြောင့်...

    အမှန်ပဲပေါ့ဖိုးလေးရေ....
    မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ...
    ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက်
    မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့...
    ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ!


    ဟ...
    အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး
    ဖိုးလေးက မေးပြန်တာကြောင့်...
    အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ...
    အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ...
    ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!

    အလားလား တယ်စွမ်းပါလား ဟ...
    ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!

    #crd #ကျန်းမာရေးဗဟုသုတ
    #အိမ်မှာရှိတဲ့ဩဇာရွက်က ရောဂါအတွက် ဒီလောက်အသုံးဝင်မှန်း တကယ်မသိဘူးရယ်... မင်း ပြောပုံအရဆို ရင်တော့ အတော်အသုံးဝင်တာပဲမောင်လင်းရ လို့ ဖိုးလေးသာထူးက ပြောတယ်... ကျနော် ပြောတာတင်မဟုတ်ပါဘူး ဖိုးလေးရယ်... အရှင်နဂသိန်(ပုံပြ)ဆေးကျမ်းမှာလည်း ဩဇာနဲ့ပတ်သက်ပြီး ဆေးဖက်ဝင်ပုံတွေကို ဖော်ပြထားတာရှိပါတယ်။ ✅✅ အေးကွ ... ငါတို့တွေက ကိုယ့်ဘဝနဲ့ကိုယ်ဆိုတော့... ငယ်စဉ်ထဲက လယ်ထဲယာထဲမှာပဲ အချိန်ကုန်ခဲ့ရတော့.. စာအုပ်စာပေတွေလည်း မဖတ်ဖြစ်ခဲ့ဘူးလေ... ခေတ်ကလည်း မတူဘူးမို့လား..? ဒို့ခေတ် ဒို့အခါတုန်းက ခု မင်းတို့ခေတ်လို ဘယ်အရာမှ မလွယ်ကူဘူးရယ်..?လေ့လာသင်ယူချင်စိတ် ရှိရင်တောင်... သင်ပြ ပိုချပေးမဲ့ဆရာကရှားသလို... တနယ်တကျေးကို ထွက်ပြီး သင်ယူဖို့ဆိုတာကလည်း မလွယ်ကူဘူးလေ...✅ ဒါကြောင့်လဲ အသက် ၇၀ ကျော်လာပြီးမှ ကိုယ့်အိမ်နောက်မှာပဲရှိတဲ့ ဩဇာပင်က ဆေးဖက်ဝင်မှန်း ခုမှ သိတာပေါ့ကွာ... ငယ်ငယ်တုန်းကတော့ နှာခေါင်းသွေးယို(လျံ)တဲ့အခါ ဩဇာရွက်ကို ချေပြီး ရှူဘူးတယ်ကွ... ခု ငါ့တူကြီးပြောမှပဲ... အကြောတက် အကြောက်ကပ်ရင် ဩဇာရွက်ထောင်းပြီး အုံပေးက အကြောပ်ြေတယ် သက်သာတယ်ဆိုတာသိရတာ....✅✅ သွေးစူးနာ မွေးကြွတ်နာတွေကို ဩဇာရွက်အုံပေးမယ်ဆိုရင်လည်း နုလျင်ပိန် ရင့်လျင်မည့်ပြီး အမြန်ပျောက်ကင်းတယ်ဆိုတော့... အတော်စွမ်းပါလား မောင်ရေ...✅ အမှန်ပဲ ဖိုးလေးရေ... ကျနော်တို့ မြန်မာ့မြေပေါ်က အပင်တွေက သူ့အာနိသင်နဲ့သူ အစွမ်းထွက်ကြပါတယ်။ အဓိက က အသုံးပြုပုံနဲ့ အသုံးဝင်ပုံကိုသိဖို့ရယ်.. စနစ်တကျ အသုံးပြုတတ်ဖို့ရယ်ပဲ လိုတာပါ။ (ဒါကတော့ လေ့လာနိုင်ရင် သိပါတယ်)✅✅ အရှင်နာဂသိန်ပုံပြဆေးကျမ်းမှာတော့.... ဩဇာပင်နဲ့ပတ်သက်ပြီး ... ခလေးသူငယ်နာနဲ့ခလေးစအိုနာအတွက် အသုံးပြုနိုင်ကြောင်း...✅ အပူကြီးသူများ အပူငြိမ်းဆေးအဖြစ် ဩဇာသီးအမှည့်အား ညမှာခွဲထားပြီး လေတိုက်တဲ့နေရာထား မနက်မှာစားပေးပါက အပူငြိမ်စေကြောင်း...✅✅ ဆီးချုပ် ဓာတ်ချုပ် ခံစားနေရသူများ... ဩဇာပင်ရဲ့အမြစ်ကို ဆန်ဆေးရေနဲ့သွေးပြီး အနည်းငယ်မျှ သောက်ပေးရုံဖြင့် ဆီးချုပ်ခြင်းဝေဒနာ သက်သာစေကြောင်း...✅✅ ဝက်ရူးပြန်ရောဂါ ရှိသူများ ဩဇာသီးအစေ့အစံအား အမှုန့်လုပ်ပြီး ၎င်းအမှုန့်အားမီးရှို့၍ အငွေ့ခံပေးပါက ဝက်ရူးပြန်ဝေဒနာ သက်သာပျောက်ကင်းနိုင်ကြောင်းနဲ့ ... ဩဇာသီးအခြောက်ရဲ့ အသုံးဝင်ပုံတွေနဲ့ ရောဂါအလိုက် အသုံးပြုပုံတွေကိုလည်း... ဖော်ပြထားတယ် ဖိုးလေးရေ...✅✅ တယ်ဟုတ်ပါလား ကွ... ငါ့အသက် ၇၀ကျော်မှ ငါစိုက်ထားတဲ့အပင်က အသီးပဲ စားလို့ရတာမဟုတ်ပဲ ဆေးအတွက်ပါ အသုံးပြုလို့ရတယ်ဆိုတာသိရတော့ တကယ်ပီတိဖြစ်ရတယ်ဟေ့..✅ မင်းပြောတဲ့အကြောင်းလေးတွေ ဖိုးလေးကို စာရွက်နဲ့ ရေးပေးခဲ့စမ်းကွာ... တိုက်ဆိုင်တဲ့သူရှိတဲ့အခါ ကူညီလို့ရအောင်! ဒါနဲ့ ဩဇာသီးအမှည့်တွေပေးတော့ မယူပဲနဲ့... ဩဇာသီး အခြောက်လာခူးတာဆိုတော့... မဟုတ်မှလွဲ ... ဆေးအတွက် သုံးဖို့ပေါ့ ဟုတ်လား လူလေး ဆိုပြီး ဖိုးလေးက မေးလာတာကြောင့်...✅✅ အမှန်ပဲပေါ့ဖိုးလေးရေ.... မရိုသေစကားပြောတာမဟုတ်ပါဘူးဗျာ... ကျနော့် အသိမိတ်ဆွေထဲက အမျိုးသမီးတစ်ယောက် မီးယပ်ငုတ်နေတာ ၃လလောက်ရှိပြီ ကူညီပါအုန်းဆိုလို့... ဩဇာသီးခြောက်ကို ရေအေးနဲ့သွေးပြီးတိုက်မလို့ဗျ! ✅✅ ဟ... အဲ့လို ရောဂါလည်း ကုလို့ရသလားဆိုပြီး ဖိုးလေးက မေးပြန်တာကြောင့်... အဲ့ဒါမျိုးတင်ဘယ်ကမလဲ ဖိုးလေးရာ... အ‌ဆီအကြိတ်အဖု မှန်ရင် ဘယ်လောက်ကြီးတဲ့ အကြိတ်အဖုဖြစ်နေပါစေ... ဩဇာသီးခြောက်နဲ့ဆန်ဆေးရေ ရောသွေးပြီး ပုံမှန်လိမ်းပေးရင် လုံးဝသက်သာစေတယ် ဗျ!!!✅ အလားလား တယ်စွမ်းပါလား ဟ... ဒီအပင် ဒီလောက်စွမ်းမှန်း ဖိုးလေးမသိခဲ့တာ အမှန်ပါ အမောင်ရေ တဲ့!✅ #crd #ကျန်းမာရေးဗဟုသုတ
    Like
    Love
    2
    · 0 Comments ·0 Shares ·209 Views
  • ပစ္စည်းတွေရဲ့ တန်ဖိုးကို
    ပျောက်သွားမှ သိလိမ့်မယ်။

    ရေတစ်ခွက်ရဲ့ တန်ဖိုးကို
    ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။

    ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို
    ဗိုက်ဆာမှ သိလိမ့်မယ်။

    လူတစ်ယောက်ရဲ့ တန်ဖိုးကို
    အဲ့လူမရှိတော့မှ သိမယ်။

    crd
    ပစ္စည်းတွေရဲ့ တန်ဖိုးကို ပျောက်သွားမှ သိလိမ့်မယ်။ ရေတစ်ခွက်ရဲ့ တန်ဖိုးကို ရေဆာတဲ့အချိန်မှ သိလိမ့်မယ်။ ထမင်းတစ်နပ်ရဲ့ တန်ဖိုးကို ဗိုက်ဆာမှ သိလိမ့်မယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အဲ့လူမရှိတော့မှ သိမယ်။ crd
    Care
    1
    · 0 Comments ·0 Shares ·551 Views
  • ဆောင်းတွင်း နှာခဏခဏ စီးနေသူများ
    အတွက် ပူစရာ မလိုတော့ဘူး <--

    လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့
    ဆရာဝန်လေး တစ်ယောက်က

    နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့
    ဆရာဝန်ကြီးတစ်ယောက် အိမ်ကို
    အလည်သွားရင်း

    ဘာဆေး သောက်ရမလဲလို့
    မေးတဲ့အခါ...

    ဆရာဝန်ကြီးက သူ့ ဇနီးကို
    ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့
    ပြောလိုက်တဲ့အခါ

    ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ
    ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။

    အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့
    စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။

    အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို
    ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။

    ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ

    သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

    ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

    #crd_to_owner_with_respect
    ဆောင်းတွင်း နှာခဏခဏ စီးနေသူများ အတွက် ပူစရာ မလိုတော့ဘူး <--😊 လန်ဒန်မှာ ပညာတော်သင် ရောက်နေတဲ့ ဆရာဝန်လေး တစ်ယောက်က နှာခဏခဏ စီးနေလို့ လန်ဒန်မှာနေတဲ့ ဆရာဝန်ကြီးတစ်ယောက် အိမ်ကို အလည်သွားရင်း ဘာဆေး သောက်ရမလဲလို့ မေးတဲ့အခါ...😊 ဆရာဝန်ကြီးက သူ့ ဇနီးကို ငါစားနေကြ ဆေးလေး လုပ်ခဲ့ပါဦးလို့ ပြောလိုက်တဲ့အခါ ခဏကြာတော့ ကြက်သွန်ဖြူ မီးဖုတ်တွေ ပန်းကန်လေးနဲ့ ထည့်ယူလာပါတယ်။ အဲဒါ စား ဘာဆေးမှ သောက်စရာ မလိုဘူးတဲ့ စားပြီးတဲ့နေ့က စပြီး သက်သာသွားပါသတဲ့။ အခုလည်း နှာတစ်ချိန်လုံး စီးနေတဲ့သူကို ဒီနည်းပေးပြီး စားခိုင်းတော့ သက်သာလို့ပါတဲ့။ ။ ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏 သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။ ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။ #crd_to_owner_with_respect
    Love
    Care
    3
    · 1 Comments ·0 Shares ·841 Views
  • (1)စိတ်ညစ်ပြီး
    ဘာမှမလုပ်ချင်တော့တဲ့အခါ
    ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
    ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

    (2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
    အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
    သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

    (3)ကိုယ့်အားကိုယ်ကိုးပြီး
    အရောက်လှမ်းသွားမယ့်
    ပန်းတိုင်လေးတစ်ခု
    အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

    (4)တစ်ခါတလေ ငိုစရာရှိရင်
    လူမရှိတဲ့ တစ်နေရာသွားပြီး
    အော်ငိုပစ်လိုက်ပါ
    ငိုသင့်ရင်လည်း ငိုလိုက်ပါ
    မငိုတာကြာရင်
    မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

    (5)တစ်ခါတလေ ဝမ်းနည်းနေရင်လည်း
    အားရပါးရ ငိုချပစ်လိုက်ပါ
    ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

    (6)အဆင်မပြေရင်လည်း
    အဆင်ပြေသလိုနေပါ..
    တချို့ကျတော့ ကြိုးစားပေမဲ့
    အဆင်မပြေပြန်ဘူး...
    မကြိုးစားဘဲ ထိုင်နေရင်
    ပိုအဆင်မပြေဖြစ်သွားကြတယ်။

    (7)ထပ်ပြီး ကြိုးစားပါ
    လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
    ဘယ်လောက်ပဲအသက်တွေရရ
    ဖြစ်လာနိုင်ပါတယ်။

    (8)ဆုံးရှုံးမှုတွေရှိရင်လည်း
    စိတ်ကိုဖြေပြီး နောက်တစ်ကြိမ်
    မမှားအောင်သတိထားပါ။

    (9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
    ဘယ်တော့မှမရှိနိုင်သလို
    လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့
    အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

    (10)လောကမှာ နားမလည်တဲ့
    အရာတွေ ရှိနိုင်ပါတယ်
    အရေးကြီးတာက နားမလည်တာကို
    နားလည်အောင် ကြိုးစားဖို့ပါ။

    (11)အကောင်းစား
    ရေမွှေးနံ့တွေ မလိုဘူး ...
    ကိုယ်ကျင့်တရားကောင်းအောင်နေပါ
    ကိုယ်ကျင့်တရားကောင်းရင်
    စိတ်ထားကောင်းရင် …
    ကိုယ်သင်းနံ့မွှေးနေမှာပါ။

    (12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
    အမှန်တရားဆိုတာ တစ်နေ့နေ့
    တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

    (13)အမှားရှိခဲ့တိုင်းလည်း
    အပြစ်မဟုတ်ပါဘူး...
    တချို့အမှားတွေက သန့်ရှင်းပါတယ်
    လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို
    အမှားရှိမှ အမှန်ဆိုတာ
    ဖြစ်လာခဲ့ရတာပါ။

    အဓိကက အမှားတွေကို
    သင်ခန်းစာအဖြစ်ရယူပြီး
    နောက်ထပ်တစ်ခါ ထပ်မမှားဖို့
    အမှားထဲမှာ တဝဲဝဲလည်
    မနေတတ်ဖို့ဘဲလိုတယ်။

    (14)လူလူချင်း စာနာတတ်သူ..
    စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ..
    နားလည်ခွင့်လွှတ်ပေးနိုင်သူ
    တစ်ဦးဖြစ်အောင် ကြိုးစားပါ။

    (15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
    အခြားမဟုတ်ဘူး
    အသက်ရှင်သန်နေတာပါ
    အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို
    ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

    (16)ချစ်ခင်သူတွေ
    ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
    ပင်ပန်းအားငယ်လာတိုင်း
    မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံ
    ရှိနေဖို့တော့ လိုတယ်။

    (17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
    ဘယ်အချိန်ပဲပြောပြော
    တကယ့်စိတ်ရင်းနဲ့ပြောပါ။

    (18)"ဆောရီး"ဆိုတဲ့စကားလုံးကို
    ဘယ်အချိန်ပဲပြောပြော
    တစ်ဘက်လူရဲ့မျက်လုံးကို
    ကြည့်ပြီးပြောပါ။

    (19)ချမ်းသာတဲ့ သူငယ်ချင်း၊
    အပေါင်းအသင်း ရှိဖို့မလိုဘူး ...
    နေပူမိုးရွာ လက်ချင်းတွဲလို့
    ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့်
    သူငယ်ချင်းကောင်းတစ်ယောက်
    ရှိဖို့လိုတယ်။

    (20)သူငယ်ချင်းကောင်း၊
    မိတ်ဆွေကောင်းလိုချင်ရင်...
    သူကောင်းကောင်း မကောင်းကောင်း
    ကိုယ်ကောင်းဖို့ကတော့ အဓိကပဲ
    သူတပါးအပေါ်ကို ကောင်းမှသာ
    သူ့တပါးက ကိုယ်အပေါ်ကို
    ပြန်ကောင်းပါလိမ့်မယ်။

    (21)ဘယ်နေရာ
    ဘယ်ဒေသကိုပဲရောက်ရောက်
    သူများအပေါ်ကိုလည်း ကောင်းလိုက်ပါ
    တစ်ခါတရံ မကောင်းတဲ့သူမျိုးတွေ
    ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ...။

    ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့
    မထိုက်တန်ရင်...
    မိတ်ဆွေကောင်းတွေပဲ
    သင့်အနားမှာ ရှိနေမှာဖြစ်ပြီး
    မိတ်ဆွေကောင်း မဟုတ်သူတွေကတော့
    သင့်အနားကနေ အလိုလို
    ဖယ်ခွာသွားပါလိမ့်မယ်။

    (22)အားနည်းချက်ရှိလို့လည်း
    စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့...
    လူတိုင်းမှာ အားနည်းချက်
    ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့
    လူရယ်လို့ လောကမှာ မရှိပါဘူး...

    ဒါကြောင့်
    အားငယ်ပြီး စိတ်မပျက်ပါနဲ့...
    မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။
    စိတ်ထားလှရင် ဘဝက လှပပါတယ်.....။
    <><><><><><><><><><><><><><><><><><><>

    #crd_to_owner_with_respectcrd
    (1)စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။ (2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။ (3)ကိုယ့်အားကိုယ်ကိုးပြီး အရောက်လှမ်းသွားမယ့် ပန်းတိုင်လေးတစ်ခု အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။ (4)တစ်ခါတလေ ငိုစရာရှိရင် လူမရှိတဲ့ တစ်နေရာသွားပြီး အော်ငိုပစ်လိုက်ပါ ငိုသင့်ရင်လည်း ငိုလိုက်ပါ မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။ (5)တစ်ခါတလေ ဝမ်းနည်းနေရင်လည်း အားရပါးရ ငိုချပစ်လိုက်ပါ ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။ (6)အဆင်မပြေရင်လည်း အဆင်ပြေသလိုနေပါ.. တချို့ကျတော့ ကြိုးစားပေမဲ့ အဆင်မပြေပြန်ဘူး... မကြိုးစားဘဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်သွားကြတယ်။ (7)ထပ်ပြီး ကြိုးစားပါ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင် ဘယ်လောက်ပဲအသက်တွေရရ ဖြစ်လာနိုင်ပါတယ်။ (8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။ (9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။ (10)လောကမှာ နားမလည်တဲ့ အရာတွေ ရှိနိုင်ပါတယ် အရေးကြီးတာက နားမလည်တာကို နားလည်အောင် ကြိုးစားဖို့ပါ။ (11)အကောင်းစား ရေမွှေးနံ့တွေ မလိုဘူး ... ကိုယ်ကျင့်တရားကောင်းအောင်နေပါ ကိုယ်ကျင့်တရားကောင်းရင် စိတ်ထားကောင်းရင် … ကိုယ်သင်းနံ့မွှေးနေမှာပါ။ (12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့... အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။ (13)အမှားရှိခဲ့တိုင်းလည်း အပြစ်မဟုတ်ပါဘူး... တချို့အမှားတွေက သန့်ရှင်းပါတယ် လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အဓိကက အမှားတွေကို သင်ခန်းစာအဖြစ်ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့ အမှားထဲမှာ တဝဲဝဲလည် မနေတတ်ဖို့ဘဲလိုတယ်။ (14)လူလူချင်း စာနာတတ်သူ.. စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ.. နားလည်ခွင့်လွှတ်ပေးနိုင်သူ တစ်ဦးဖြစ်အောင် ကြိုးစားပါ။ (15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။ (16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ... ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံ ရှိနေဖို့တော့ လိုတယ်။ (17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။ (18)"ဆောရီး"ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။ (19)ချမ်းသာတဲ့ သူငယ်ချင်း၊ အပေါင်းအသင်း ရှိဖို့မလိုဘူး ... နေပူမိုးရွာ လက်ချင်းတွဲလို့ ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့် သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။ (20)သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းလိုချင်ရင်... သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ကတော့ အဓိကပဲ သူတပါးအပေါ်ကို ကောင်းမှသာ သူ့တပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။ (21)ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် သူများအပေါ်ကိုလည်း ကောင်းလိုက်ပါ တစ်ခါတရံ မကောင်းတဲ့သူမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ...။ ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့ မထိုက်တန်ရင်... မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး မိတ်ဆွေကောင်း မဟုတ်သူတွေကတော့ သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။ (22)အားနည်းချက်ရှိလို့လည်း စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့... လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့ လူရယ်လို့ လောကမှာ မရှိပါဘူး... ဒါကြောင့် အားငယ်ပြီး စိတ်မပျက်ပါနဲ့... မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။ စိတ်ထားလှရင် ဘဝက လှပပါတယ်.....။ <><><><><><><><><><><><><><><><><><><> #crd_to_owner_with_respectcrd
    Like
    Love
    Care
    3
    · 2 Comments ·0 Shares ·971 Views
  • ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူး
    ငွေကိုမချွေတာနိုင်ရင် ပိုရှာပါ
    ပိုမရှာနိုင်ရင် ချွေတာပါ

    မရှိခင်မှာ ချွေတာပါ
    ရှိလာတဲ့အခါ စည်းကမ်းရှိပါ
    ငွေရှာပြီး မချွေတာရင်
    ေ-သအောင်ရှာ မကြီးပွားပါဘူး

    သုံးလို့ ပိုတဲ့ ပိုက်ဆံကို မစုနဲ့
    စုလို့ ပိုတဲ့ပိုက်ဆံကိုသာ သုံးပါ
    ငွေရှာတတ်ဖို့ထက် ငွေသုံးတတ်ဖို့ လိုပါတယ်

    မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်ဆိုရင်
    မကြာခင်မှာပဲ လိုအပ်တာတွေကို ပြန်ရောင်းရလိမ့်မယ်

    သင်ဟာ လူချမ်းသာတစ်ယောက် မဟုတ်သေးရင်
    ဈေးကြီးတာတွေ ရှောင်ပါ
    ငွေရှာပါ၊ ငွေစုပါ ၊ လူအထင်ကြီးဖို့ မလိုဘူး၊
    ဘဝအထိုင်ကျဖို့ပဲ လိုအပ်ပါတယ်

    သူဌေးက ဆင်းရဲသားလိုနေတတ်ရင်
    လွယ်လွယ်နဲ့ မဆင်းရဲတတ်သလို
    ဆင်းရဲသားက သူဌေးလိုနေရင်တော့ ဘယ်တော့မှ
    မချမ်းသာတတ်တော့ပါဘူး...

    - မေတ္တာဖြင့်မျှဝေပါသည်။
    - မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

    #itsuptoyou #crd #စာပေ #ဘဝ #ငွေ
    ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူး ငွေကိုမချွေတာနိုင်ရင် ပိုရှာပါ ပိုမရှာနိုင်ရင် ချွေတာပါ မရှိခင်မှာ ချွေတာပါ ရှိလာတဲ့အခါ စည်းကမ်းရှိပါ ငွေရှာပြီး မချွေတာရင် ေ-သအောင်ရှာ မကြီးပွားပါဘူး သုံးလို့ ပိုတဲ့ ပိုက်ဆံကို မစုနဲ့ စုလို့ ပိုတဲ့ပိုက်ဆံကိုသာ သုံးပါ ငွေရှာတတ်ဖို့ထက် ငွေသုံးတတ်ဖို့ လိုပါတယ် မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်ဆိုရင် မကြာခင်မှာပဲ လိုအပ်တာတွေကို ပြန်ရောင်းရလိမ့်မယ် သင်ဟာ လူချမ်းသာတစ်ယောက် မဟုတ်သေးရင် ဈေးကြီးတာတွေ ရှောင်ပါ ငွေရှာပါ၊ ငွေစုပါ ၊ လူအထင်ကြီးဖို့ မလိုဘူး၊ ဘဝအထိုင်ကျဖို့ပဲ လိုအပ်ပါတယ် သူဌေးက ဆင်းရဲသားလိုနေတတ်ရင် လွယ်လွယ်နဲ့ မဆင်းရဲတတ်သလို ဆင်းရဲသားက သူဌေးလိုနေရင်တော့ ဘယ်တော့မှ မချမ်းသာတတ်တော့ပါဘူး... - မေတ္တာဖြင့်မျှဝေပါသည်။ - မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။ #itsuptoyou #crd #စာပေ #ဘဝ #ငွေ
    Care
    1
    · 0 Comments ·0 Shares ·483 Views
  • အိုးနဲ့တူတဲ့လူသုံးမျိုး

    (၁)မပြည့်တဲ့အိုး။

    "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို
    နည်းနည်းသိပြီး စကားကို ဟောင်ဖွာ
    ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။

    အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊
    အရိပ်အကဲကိုလည်း နားမလည်၊
    ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း
    ပြောတတ်ပါသေးတယ်။

    ဒီအိုးလို သူမျိုးဟာ-
    ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ
    တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့
    ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။

    (၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။

    အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင်
    အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ
    မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ်
    နေသူမျိုးပါ။

    ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး
    မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ
    တတ်ပါသေးတယ်။

    စကားပြော မောက်မာ ခက်ထန်တတ်ပြီး
    အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ
    ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင်
    ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။

    ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့
    ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး
    အရေးမပါ အရာမရောက်တော့တဲ့
    ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။

    (၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။

    အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း
    အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ
    တဲ့ လူမျိုးပါ။

    သူများကို အထင်မသေးတတ်သလို
    ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့်
    မနေတတ်ပါဘူး။

    ဒီအိုးလို သူမျိုးကသာ...
    ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ်
    ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက်
    များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး
    လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။

    crd#
    #crd_to_owner_with_respect
    အိုးနဲ့တူတဲ့လူသုံးမျိုး (၁)မပြည့်တဲ့အိုး။🍯 "မပြည့်တဲ့အိုး ဘောင်ဘင်ခတ်" ဆိုသလို နည်းနည်းသိပြီး စကားကို ဟောင်ဖွာ ဟောင်ဖွာနဲ့ အများကြီးပြောချင်တဲ့သူမျိုးပါ။ အခြေအနေမှန်ကိုလည်း ကောင်းစွာမသုံးသပ်၊ အရိပ်အကဲကိုလည်း နားမလည်၊ ကိုယ်ပြောချင်တာကိုပဲ ဇွတ်အတင်း ပြောတတ်ပါသေးတယ်။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေ တတ်ပြီး အရူး ၊အပေါ ၊စိတ်မမှန်သူလို့ ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။ (၂)ပြည့်နေပြီလို့_ထင်နေတဲ့အိုး။🧉 အရာရာ ငါသိ၊ ငါတတ်၊ ငါသာလျှင် အမြတ်ဆုံးလို့ သွေးနားထင်ရောက်ကာ မိမိကိုယ်ကို အထင်ကြီး ဘဝင် လေဟပ် နေသူမျိုးပါ။ ဘာမဆို သိပြီးသား၊ တတ်ပြီးသား အချိုး မျိုးနဲ့ အခြားတစ်ပါးသူကို နှိမ့်ချ ဆက်ဆံ တတ်ပါသေးတယ်။ စကားပြော မောက်မာ ခက်ထန်တတ်ပြီး အမြဲလိုလို ဆရာကြီး ဂိုက်ဖမ်းနေတတ်ကာ ကိုယ့်ကိုယ်ကို ဖြည့်စရာ မလိုလောက်အောင် ပြည့်နေပြီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။ ဒီအိုးလို သူမျိုးဟာ- ပတ်ဝန်းကျင်ရဲ့ ရှောင်ကွင်းမှုကို ခံရတတ်ပြီး တဖြေးဖြေး အရေးမပါ အရာမရောက်တော့တဲ့ ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။ (၃) ဘာဆို_ဘာမှမရှိသေးတဲ့အိုး။🏺 အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်း အပြည့်ရှိနေပြီး ငါသိစရာ၊ ငါတတ်စရာတွေ အများကြီး ရှိနေပါသေးလားဆိုတာ သိနေ တဲ့ လူမျိုးပါ။ သူများကို အထင်မသေးတတ်သလို ကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။ ဒီအိုးလို သူမျိုးကသာ... ပညာပြည့်ဝ နှလုံးလှပြီး လောကအလယ် ဂုဏ်မငယ်ရဘဲ လူချစ် လူခင် များသထက် များနေကာ ပတ်ဝန်းကျင်ရဲ့ အထင်ကြီး လေးစားမြတ်နိုးမှုကို အထူး ခံစားရပါလိမ့်မယ်။ crd# #crd_to_owner_with_respect
    Care
    1
    · 0 Comments ·0 Shares ·620 Views
  • လူပီသချင်ရင်.....
    ကိုယ့်အကျိုးချည်းပဲ မကြည့်ရဘူး
    သူတပါးမငိုဖို့လဲ....စာနာတတ်ရတယ်။

    လူပီသချင်ရင်....
    ရှက်သင့်တာကို...
    ရှက်တတ်ရမှန်းသိသင့်သလို....
    ကြောက်သင့်တာလည်း....
    ကြောက်တတ်ရတယ်....

    လူပီသချင်ရင်....
    အားနည်းသူအပေါ်မှာ....
    အနိုင်မယူသင့်သလို....
    အားကိုးတဲ့သူတွေကိုလည်း....
    ဖေးမတတ်ရတယ်.....

    လူပီသချင်ရင်.....
    အမှန်တရားကို....မြတ်နိုးသင့်သလို....
    သစ္စာတရားကိုလည်း....
    တန်ဖိုးထားတတ်ရတယ်.....

    ဒါကြောင့်....
    လူစစ်စစ်ဖြစ်ဖို့.....
    လူသားဆန်တဲ့.... စိတ်ဓာတ်တွေနဲ့...
    လူပီသဖို့တော့...လိုပါတယ်...။

    (စိတ်ဖြေဆေး)

    #crd_to_owner_with_respectcrd
    လူပီသချင်ရင်..... ကိုယ့်အကျိုးချည်းပဲ မကြည့်ရဘူး သူတပါးမငိုဖို့လဲ....စာနာတတ်ရတယ်။ လူပီသချင်ရင်.... ရှက်သင့်တာကို... ရှက်တတ်ရမှန်းသိသင့်သလို.... ကြောက်သင့်တာလည်း.... ကြောက်တတ်ရတယ်.... လူပီသချင်ရင်.... အားနည်းသူအပေါ်မှာ.... အနိုင်မယူသင့်သလို.... အားကိုးတဲ့သူတွေကိုလည်း.... ဖေးမတတ်ရတယ်..... လူပီသချင်ရင်..... အမှန်တရားကို....မြတ်နိုးသင့်သလို.... သစ္စာတရားကိုလည်း.... တန်ဖိုးထားတတ်ရတယ်..... ဒါကြောင့်.... လူစစ်စစ်ဖြစ်ဖို့..... လူသားဆန်တဲ့.... စိတ်ဓာတ်တွေနဲ့... လူပီသဖို့တော့...လိုပါတယ်...။ (စိတ်ဖြေဆေး) #crd_to_owner_with_respectcrd
    Care
    1
    · 0 Comments ·0 Shares ·513 Views
  • ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
    ချမ်းပေါင်လေ တဖေတင်းသော်လည်း
    ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်
    မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ
    ထည်အလွှာ အကုန်ထွေးသော်လည်း
    ကြည်အသာ မလုံသေးပါဘု
    မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့
    သွေးလန့်လို့ခုန်။

    ယမ်းယောင်ကာ တလျက်ညည်းမိတော့
    သန်းခေါင်မှာ မြကြက်သီးတွေက
    တဖီးဖီး ပျံ့လို့ငယ်အုံ
    ဗျာဆုံတဲ့ ရာသီပဲ။

    ငွေနှင်းငယ်မှုန်
    လေညင်းရယ် တသုန်သုန်နှင့်
    ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့
    မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့
    သည်ခေတ်မှာ သည်လိုဟာဖြင့်
    သည်ကိုယ်မှာ သေသေလုပါပေါ့
    ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်
    ဆောင်းရတုပွဲ။
    အချုပ်တန်းဆရာဖေ
    Crd
    ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ချမ်းပေါင်လေ တဖေတင်းသော်လည်း ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန် မျက်တစ်ခတ်၊ ပြက်လျှပ်ကယ် တစ်ဗီဇနာမျှ ထည်အလွှာ အကုန်ထွေးသော်လည်း ကြည်အသာ မလုံသေးပါဘု မှိတ်ပါလျှင် လိပ်ပြာကအေးတာမို့ သွေးလန့်လို့ခုန်။ ယမ်းယောင်ကာ တလျက်ညည်းမိတော့ သန်းခေါင်မှာ မြကြက်သီးတွေက တဖီးဖီး ပျံ့လို့ငယ်အုံ ဗျာဆုံတဲ့ ရာသီပဲ။ ငွေနှင်းငယ်မှုန် လေညင်းရယ် တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် လမ်းဆုံကဟစ်ချင်တော့ သည်ခေတ်မှာ သည်လိုဟာဖြင့် သည်ကိုယ်မှာ သေသေလုပါပေါ့ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ် ဆောင်းရတုပွဲ။ အချုပ်တန်းဆရာဖေ Crd
    Care
    1
    · 0 Comments ·0 Shares ·489 Views
More Results