• #ဖိုးစော်ကဲ
    __________________

    လွမ်းမပြေ မန်းမြေတမိတော့
    ကမ်းခြေမှာ စမ်းရေစရယ်နဲ့
    ဖျန်းလေက တသုန်သုန်။

    တဲတဖက်
    ဆွဲဖျက်ကာ အလျှင်လိုရော့ထင့်
    ကရင်အို ယာပြင်ကြီးမှာ
    မီးထည့်လို့လှုံ။

    မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
    အဖြူစောင် ခေါက်ထည်ကြမ်းကိုလ
    လွှမ်းတဲ့လို့ လွှားကာခြုံ
    ပါးမှာငုံပါတဲ့ နုရွှေကွမ်း။

    ဘေးအိတ်ကယ်လျှို
    ဆေးလိပ်တို နားမှာထိုးပါလို့
    တောင်ရိုးမှာ ဘာသာသူတို့
    ကွင်းအငူ နှင်းမြူက စဲချိန်မို့
    အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့
    တဲပျက်စခန်း။

    #အချုပ်တန်းဆရာဖေ
    #Credit_To_Original_Uplodar
    #မြန်မာကဗျာများ Page မှ
    #ကူးယူမျှဝေပါသည်။
    🪴#ဖိုးစော်ကဲ🪴 __________________ 🪴လွမ်းမပြေ မန်းမြေတမိတော့ ကမ်းခြေမှာ စမ်းရေစရယ်နဲ့ ဖျန်းလေက တသုန်သုန်။ 🪴တဲတဖက် ဆွဲဖျက်ကာ အလျှင်လိုရော့ထင့် ကရင်အို ယာပြင်ကြီးမှာ မီးထည့်လို့လှုံ။ 🪴မပူပေါင် နောက်ဆီက ချမ်းရော့ထင့် အဖြူစောင် ခေါက်ထည်ကြမ်းကိုလ လွှမ်းတဲ့လို့ လွှားကာခြုံ ပါးမှာငုံပါတဲ့ နုရွှေကွမ်း။ 🪴ဘေးအိတ်ကယ်လျှို ဆေးလိပ်တို နားမှာထိုးပါလို့ တောင်ရိုးမှာ ဘာသာသူတို့ ကွင်းအငူ နှင်းမြူက စဲချိန်မို့ အမိုးခေါ် ဖိုးစော်ကဲတို့ရဲ့ တဲပျက်စခန်း။ #အချုပ်တန်းဆရာဖေ #Credit_To_Original_Uplodar #မြန်မာကဗျာများ Page မှ #ကူးယူမျှဝေပါသည်။
    Love
    Care
    3
    · 0 Comments ·0 Shares ·485 Views
  • (1)စိတ်ညစ်ပြီး
    ဘာမှမလုပ်ချင်တော့တဲ့အခါ
    ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
    ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

    (2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
    အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
    သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

    (3)ကိုယ့်အားကိုယ်ကိုးပြီး
    အရောက်လှမ်းသွားမယ့်
    ပန်းတိုင်လေးတစ်ခု
    အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

    (4)တစ်ခါတလေ ငိုစရာရှိရင်
    လူမရှိတဲ့ တစ်နေရာသွားပြီး
    အော်ငိုပစ်လိုက်ပါ
    ငိုသင့်ရင်လည်း ငိုလိုက်ပါ
    မငိုတာကြာရင်
    မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

    (5)တစ်ခါတလေ ဝမ်းနည်းနေရင်လည်း
    အားရပါးရ ငိုချပစ်လိုက်ပါ
    ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

    (6)အဆင်မပြေရင်လည်း
    အဆင်ပြေသလိုနေပါ..
    တချို့ကျတော့ ကြိုးစားပေမဲ့
    အဆင်မပြေပြန်ဘူး...
    မကြိုးစားဘဲ ထိုင်နေရင်
    ပိုအဆင်မပြေဖြစ်သွားကြတယ်။

    (7)ထပ်ပြီး ကြိုးစားပါ
    လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
    ဘယ်လောက်ပဲအသက်တွေရရ
    ဖြစ်လာနိုင်ပါတယ်။

    (8)ဆုံးရှုံးမှုတွေရှိရင်လည်း
    စိတ်ကိုဖြေပြီး နောက်တစ်ကြိမ်
    မမှားအောင်သတိထားပါ။

    (9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
    ဘယ်တော့မှမရှိနိုင်သလို
    လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့
    အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

    (10)လောကမှာ နားမလည်တဲ့
    အရာတွေ ရှိနိုင်ပါတယ်
    အရေးကြီးတာက နားမလည်တာကို
    နားလည်အောင် ကြိုးစားဖို့ပါ။

    (11)အကောင်းစား
    ရေမွှေးနံ့တွေ မလိုဘူး ...
    ကိုယ်ကျင့်တရားကောင်းအောင်နေပါ
    ကိုယ်ကျင့်တရားကောင်းရင်
    စိတ်ထားကောင်းရင် …
    ကိုယ်သင်းနံ့မွှေးနေမှာပါ။

    (12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
    အမှန်တရားဆိုတာ တစ်နေ့နေ့
    တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

    (13)အမှားရှိခဲ့တိုင်းလည်း
    အပြစ်မဟုတ်ပါဘူး...
    တချို့အမှားတွေက သန့်ရှင်းပါတယ်
    လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို
    အမှားရှိမှ အမှန်ဆိုတာ
    ဖြစ်လာခဲ့ရတာပါ။

    အဓိကက အမှားတွေကို
    သင်ခန်းစာအဖြစ်ရယူပြီး
    နောက်ထပ်တစ်ခါ ထပ်မမှားဖို့
    အမှားထဲမှာ တဝဲဝဲလည်
    မနေတတ်ဖို့ဘဲလိုတယ်။

    (14)လူလူချင်း စာနာတတ်သူ..
    စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ..
    နားလည်ခွင့်လွှတ်ပေးနိုင်သူ
    တစ်ဦးဖြစ်အောင် ကြိုးစားပါ။

    (15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
    အခြားမဟုတ်ဘူး
    အသက်ရှင်သန်နေတာပါ
    အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို
    ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

    (16)ချစ်ခင်သူတွေ
    ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
    ပင်ပန်းအားငယ်လာတိုင်း
    မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံ
    ရှိနေဖို့တော့ လိုတယ်။

    (17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
    ဘယ်အချိန်ပဲပြောပြော
    တကယ့်စိတ်ရင်းနဲ့ပြောပါ။

    (18)"ဆောရီး"ဆိုတဲ့စကားလုံးကို
    ဘယ်အချိန်ပဲပြောပြော
    တစ်ဘက်လူရဲ့မျက်လုံးကို
    ကြည့်ပြီးပြောပါ။

    (19)ချမ်းသာတဲ့ သူငယ်ချင်း၊
    အပေါင်းအသင်း ရှိဖို့မလိုဘူး ...
    နေပူမိုးရွာ လက်ချင်းတွဲလို့
    ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့်
    သူငယ်ချင်းကောင်းတစ်ယောက်
    ရှိဖို့လိုတယ်။

    (20)သူငယ်ချင်းကောင်း၊
    မိတ်ဆွေကောင်းလိုချင်ရင်...
    သူကောင်းကောင်း မကောင်းကောင်း
    ကိုယ်ကောင်းဖို့ကတော့ အဓိကပဲ
    သူတပါးအပေါ်ကို ကောင်းမှသာ
    သူ့တပါးက ကိုယ်အပေါ်ကို
    ပြန်ကောင်းပါလိမ့်မယ်။

    (21)ဘယ်နေရာ
    ဘယ်ဒေသကိုပဲရောက်ရောက်
    သူများအပေါ်ကိုလည်း ကောင်းလိုက်ပါ
    တစ်ခါတရံ မကောင်းတဲ့သူမျိုးတွေ
    ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ...။

    ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့
    မထိုက်တန်ရင်...
    မိတ်ဆွေကောင်းတွေပဲ
    သင့်အနားမှာ ရှိနေမှာဖြစ်ပြီး
    မိတ်ဆွေကောင်း မဟုတ်သူတွေကတော့
    သင့်အနားကနေ အလိုလို
    ဖယ်ခွာသွားပါလိမ့်မယ်။

    (22)အားနည်းချက်ရှိလို့လည်း
    စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့...
    လူတိုင်းမှာ အားနည်းချက်
    ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့
    လူရယ်လို့ လောကမှာ မရှိပါဘူး...

    ဒါကြောင့်
    အားငယ်ပြီး စိတ်မပျက်ပါနဲ့...
    မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။
    စိတ်ထားလှရင် ဘဝက လှပပါတယ်.....။
    <><><><><><><><><><><><><><><><><><><>

    #crd_to_owner_with_respectcrd
    (1)စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။ (2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။ (3)ကိုယ့်အားကိုယ်ကိုးပြီး အရောက်လှမ်းသွားမယ့် ပန်းတိုင်လေးတစ်ခု အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။ (4)တစ်ခါတလေ ငိုစရာရှိရင် လူမရှိတဲ့ တစ်နေရာသွားပြီး အော်ငိုပစ်လိုက်ပါ ငိုသင့်ရင်လည်း ငိုလိုက်ပါ မငိုတာကြာရင် မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။ (5)တစ်ခါတလေ ဝမ်းနည်းနေရင်လည်း အားရပါးရ ငိုချပစ်လိုက်ပါ ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။ (6)အဆင်မပြေရင်လည်း အဆင်ပြေသလိုနေပါ.. တချို့ကျတော့ ကြိုးစားပေမဲ့ အဆင်မပြေပြန်ဘူး... မကြိုးစားဘဲ ထိုင်နေရင် ပိုအဆင်မပြေဖြစ်သွားကြတယ်။ (7)ထပ်ပြီး ကြိုးစားပါ လူဆိုတာ ကြိုးစားချင်စိတ်ရှိရင် ဘယ်လောက်ပဲအသက်တွေရရ ဖြစ်လာနိုင်ပါတယ်။ (8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။ (9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ ဘယ်တော့မှမရှိနိုင်သလို လမ်းတစ်ဝက်တင် လက်လျှော့လိုက်တဲ့ အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။ (10)လောကမှာ နားမလည်တဲ့ အရာတွေ ရှိနိုင်ပါတယ် အရေးကြီးတာက နားမလည်တာကို နားလည်အောင် ကြိုးစားဖို့ပါ။ (11)အကောင်းစား ရေမွှေးနံ့တွေ မလိုဘူး ... ကိုယ်ကျင့်တရားကောင်းအောင်နေပါ ကိုယ်ကျင့်တရားကောင်းရင် စိတ်ထားကောင်းရင် … ကိုယ်သင်းနံ့မွှေးနေမှာပါ။ (12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့... အမှန်တရားဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။ (13)အမှားရှိခဲ့တိုင်းလည်း အပြစ်မဟုတ်ပါဘူး... တချို့အမှားတွေက သန့်ရှင်းပါတယ် လူသားတိုင်း အမှားနဲ့မကင်းနိုင်သလို အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အဓိကက အမှားတွေကို သင်ခန်းစာအဖြစ်ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့ အမှားထဲမှာ တဝဲဝဲလည် မနေတတ်ဖို့ဘဲလိုတယ်။ (14)လူလူချင်း စာနာတတ်သူ.. စိတ်ရှည်သူ ပညာဉာဏ်ကြီးမားသူ.. နားလည်ခွင့်လွှတ်ပေးနိုင်သူ တစ်ဦးဖြစ်အောင် ကြိုးစားပါ။ (15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။ (16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ... ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့် ရင်ခွင်လေးတစ်စုံ ရှိနေဖို့တော့ လိုတယ်။ (17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တကယ့်စိတ်ရင်းနဲ့ပြောပါ။ (18)"ဆောရီး"ဆိုတဲ့စကားလုံးကို ဘယ်အချိန်ပဲပြောပြော တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။ (19)ချမ်းသာတဲ့ သူငယ်ချင်း၊ အပေါင်းအသင်း ရှိဖို့မလိုဘူး ... နေပူမိုးရွာ လက်ချင်းတွဲလို့ ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ့် သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။ (20)သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းလိုချင်ရင်... သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ကတော့ အဓိကပဲ သူတပါးအပေါ်ကို ကောင်းမှသာ သူ့တပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။ (21)ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် သူများအပေါ်ကိုလည်း ကောင်းလိုက်ပါ တစ်ခါတရံ မကောင်းတဲ့သူမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ...။ ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့ မထိုက်တန်ရင်... မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး မိတ်ဆွေကောင်း မဟုတ်သူတွေကတော့ သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။ (22)အားနည်းချက်ရှိလို့လည်း စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့... လူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့ လူရယ်လို့ လောကမှာ မရှိပါဘူး... ဒါကြောင့် အားငယ်ပြီး စိတ်မပျက်ပါနဲ့... မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။ စိတ်ထားလှရင် ဘဝက လှပပါတယ်.....။ <><><><><><><><><><><><><><><><><><><> #crd_to_owner_with_respectcrd
    Like
    Love
    Care
    3
    · 2 Comments ·0 Shares ·656 Views
  • ကားကံစမ်းမဲပေါက်ပါရစေ
    ကားကံစမ်းမဲပေါက်ပါရစေ
    2 Comments ·0 Shares ·193 Views
  • စိန်လည်း ကာဗွန်ပဲ
    မီးသွေးလည်း ကာဗွန်ပါပဲ

    ကာဗွန်ချင်း တူပေမဲ့
    တန်ဖိုးချင်းကတော့ မတူဘူး

    အဖိနှိပ်ခံ အပူပေးခံရတာများတော့
    မလောင်ကျွမ်းပဲ
    တောင့်ခံနိုင်တဲ့ သူက
    စိန် ဖြစ်သွားတာပါပဲ

    အပူနဲ့ ဖိအားကြောင့်
    ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ

    အဲဒါကြောင့် အပူတွေ
    ဖိအားတွေ လာရင်
    စိတ်မပျက်ပါနဲ့

    ငါ့ကို စိန်ဖြစ်အောင်
    လုပ်ပေးမဲ့ အရာတွေပဲလို့
    ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ

    မကြာခင်ကာလမှာပဲ
    စိန်ဖြစ်သွားပါလိမ့်မယ်

    လိုက်ပြီး ခံစား
    လောင်ကျွမ်း နေရင်တော့
    မီးသွေးပဲ ဖြစ်သွားမှာပေါ့။

    #crd
    #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ
    #foryoupageシforyou #facebookreelsviral #fypシ #facebookviral #facebookpost #foryou #tiktok #tiktokviral #tiktoknews #fypシ #foryoupageシforyou #4m #fypシ゚viralシ
    စိန်လည်း ကာဗွန်ပဲ မီးသွေးလည်း ကာဗွန်ပါပဲ ကာဗွန်ချင်း တူပေမဲ့ တန်ဖိုးချင်းကတော့ မတူဘူး အဖိနှိပ်ခံ အပူပေးခံရတာများတော့ မလောင်ကျွမ်းပဲ တောင့်ခံနိုင်တဲ့ သူက စိန် ဖြစ်သွားတာပါပဲ အပူနဲ့ ဖိအားကြောင့် ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ အဲဒါကြောင့် အပူတွေ ဖိအားတွေ လာရင် စိတ်မပျက်ပါနဲ့ ငါ့ကို စိန်ဖြစ်အောင် လုပ်ပေးမဲ့ အရာတွေပဲလို့ ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ မကြာခင်ကာလမှာပဲ စိန်ဖြစ်သွားပါလိမ့်မယ် လိုက်ပြီး ခံစား လောင်ကျွမ်း နေရင်တော့ မီးသွေးပဲ ဖြစ်သွားမှာပေါ့။ #crd #ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙 #foryoupageシforyou #facebookreelsviral #fypシ #facebookviral #facebookpost #foryou #tiktok #tiktokviral #tiktoknews #fypシ #foryoupageシforyou #4m #fypシ゚viralシ
    Like
    Care
    2
    · 0 Comments ·0 Shares ·1K Views
  • ꧁ဆန္ဒ နှင့် လောဘ꧂

    ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။
    လောဘဆိုတာက လိုချင်တဲ့စိတ်။
    ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့
    လုံးဝမတူပါဘူး။

    တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင်
    တယ် ဆိုတာက ဆန္ဒ။

    ရုပ်ရှင်သွားကြည့်ချင်တယ်၊
    သီချင်းနားထောင်ချင်တယ်၊
    စားကောင်းသောက်ကောင်းလေတွေပဲ
    စားချင်နေတယ် ဆိုတာက လောဘ။

    တစ်နည်းအားဖြင့်
    အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။
    ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက်
    လိုချင်နေတဲ့စိတ်ကလေးက လောဘ။

    လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင်
    ဆန္ဒအခြေခံပြီး လုပ်တာနဲ့
    လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။
    ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊
    လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊
    ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ်
    ဆိုတဲ့ စိတ်ကလေးဟာ
    ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။

    ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊
    ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့
    ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက
    လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။
    လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ
    ဝိသမလောဘသားဖြစ်သွားနိုင်တယ်။

    နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို
    အထင်မသေးသင့်ပါဘူး။
    မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့
    ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး
    ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။
    ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့
    အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။
    အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့်
    ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။
    ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။
    ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။
    ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။
    နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။
    Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင်
    ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။
    ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။
    ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ
    ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။
    မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။

    နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။
    ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း
    နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
    အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။

    အဘိဓမ္မာမှာဖော်ပြထားတာကတော့
    ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့
    ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး
    လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။
    သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို
    ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။

    ပြည့်စုံ(တောင်ငူ)
    ၉.၃.၂၀၂၅
    Credit Original Uploader
    မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်CRD#
    ꧁ဆန္ဒ နှင့် လောဘ꧂ ဆန္ဒ ဆိုတာက ဖြစ်ချင်တဲ့စိတ်။ လောဘဆိုတာက လိုချင်တဲ့စိတ်။ ဖြစ်ချင်တာနဲ့ လိုချင်တာနဲ့ မတူဘူးလားဆိုတော့ လုံးဝမတူပါဘူး။ တရားအားထုတ်ချင်တယ်၊ပညာတတ်ကြီးဖြစ်ချင်တယ်၊ဆင်းရဲချို့တဲ့သူတွေကိုပေးကမ်းစွန့်ကြဲချင် တယ် ဆိုတာက ဆန္ဒ။ ရုပ်ရှင်သွားကြည့်ချင်တယ်၊ သီချင်းနားထောင်ချင်တယ်၊ စားကောင်းသောက်ကောင်းလေတွေပဲ စားချင်နေတယ် ဆိုတာက လောဘ။ တစ်နည်းအားဖြင့် အများအကျိုးဆောင်ရွက်ချင်တယ်ဆိုတာက ဆန္ဒ။ ကိုယ့်အတွက်၊ကာမဂုဏ်အာရုံခံစားဖို့အတွက် လိုချင်နေတဲ့စိတ်ကလေးက လောဘ။ လောကီစီးပွားရေး လုပ်တာချင်းအတူတူတောင် ဆန္ဒအခြေခံပြီး လုပ်တာနဲ့ လောဘအခြေခံပြီးလုပ်တာမတူပြန်ဘူး။ ငါပိုက်ဆံတွေရလာရင် ဆွေမျိုးသားချင်းတွေကိုထောက်ပံ့ပေးရမယ်၊ လှူဒါန်းပူဇော်တာတွေလုပ်ရမယ်၊ ပေးကမ်း စွန့်ကြဲမှုတွေလုပ်ရမယ် ဆိုတဲ့ စိတ်ကလေးဟာ ဆန္ဒကိုအခြေပြုပြီးလုပ်တဲ့စိတ်ပဲ။ ဒီလိုမဟုတ်ဘဲ အလုပ်ကြိုးစားမယ်၊ ပိုက်ဆံတွေရလာရင် ကာမဂုဏ်အာရုံတွေနဲ့ ပြည့်ပြည့်ဝဝထံစားလိုက်မယ်ဆိုတာက လောဘကိုအခြေပြုပြီး လုပ်တဲ့စိတ်သာဖြစ်တယ်။ လောဘနဲ့စီးပွားရှာရင် ကိုယ့်အတွက်ရလိုမှုပဲကြည့်တဲ့အတွက် သမ္မာအာဇီဝနဲ့မရှာဖွေတော့ဘဲ ဝိသမလောဘသားဖြစ်သွားနိုင်တယ်။ နောက်ပြီး ဒီဆန္ဒ နဲ့ လောဘကို အထင်မသေးသင့်ပါဘူး။ မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်ချင်တဲ့ ဆန္ဒလေးကနေ စတင်ပြီး ပါရမီဖြည့်ကျင့်လာခဲ့ပြီး ဘုရားဖြစ်လာသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဒါပေမယ့် ဆန္ဒတစ်ခုတည်းရှိနေရုံနဲ့ အလုပ်ကိစ္စတစ်ခုဟာ ပြီးစီးအောင်မြင်တာတော့မဟုတ်ပါဘူး။ အဓိပတိတပ်ထားတဲ့ ဆန္ဒ၊တစ်နည်းအားဖြင့် ပြင်းထန်တဲ့ဆန္ဒရှိရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်မှုဝီရိယကလည်းလိုအပ်ပါသေးတယ်။ ဒီနေရာမှာလည်း ဝီရိယကလည်း အဓိပတိတပ်ထားတဲ့ ဝီရိယမျိုးဖြစ်ရမယ်။ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုဆိုပါတော့။ ကြိုးစားနေတဲ့အခါမှာ စိတ်ဓာတ်ကလည်း ခိုင်မာဖို့လိုပြန်သေးတယ်။စိတ်ဓာတ်ကပျော့ညံ့နေမယ်ဆိုရင် ဖြစ်ချင်ဆန္ဒတွေလည်းဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆုံး ဆင်ခြင်ဉာဏ်လည်းရှိရပါမယ်။ Knowledge ဆိုတဲ့အသိပညာကလည်း အရေးကြီးတယ်၊အသိဉာဏ်မပါဘဲ အလုပ်ကိုလုပ်ရင် ဘယ်အလုပ်မှ အဆင်ပြေနိုင်မှာမဟုတ်ဘူး။ ဆင်ကန်းတောတိုးသလို ဖြစ်နေမှာပါပဲ။ ဆိုလိုတာက ဖြစ်ခဲ့တဲ့ဆန္ဒနောက်မှာ ဝီရိယ၊စိတ်ဓာတ်၊ပညာဆိုတဲ့ အရာတွေပူးပေါင်းပေးလိုက်မယ်ဆိုရင် မိမိဆန္ဒတွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတာပါပဲ။ မြတ်စွာဘုရားဟာ ဒီလိုကြိုးစားပြီး ဘုရားဖြစ်လာခဲ့တာပါ။ နောက်ပြီး လောဘဆိုတာလည်း လျော့တွက်လို့ရတဲ့အကုသိုလ်မျိုးတော့မဟုတ်ပါဘူး။ ခဲလုံးလေးဟာ ရေထဲပစ်ချလိုက်တဲ့အခါ သေးသည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ နစ်မြုပ်သွားစမြဲသာ ဖြစ်သလို လောဘဆိုတာမျိုးကလည်း နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ အပါယ်လေးပါးကို ပို့ဆောင်ပေးတတ်ပါတယ်။ အဘိဓမ္မာမှာဖော်ပြထားတာကတော့ ဆန္ဒဆိုတာက ကုသိုလ် ၊ အကုသိုလ် နှစ်မျိုးလုံနဲ့ ယှဉ်တဲ့စေတသိက်အမျိုးအစားဖြစ်ပြီး လောဘကတော့ အကုသိုလ်စေတသိက်အမျိုးအစားဖြစ်တယ်လို့ဆိုထားပါတယ်။ သို့သော်ဤနေရာ၌ စာရေးသူသည် ဆန္ဒကို ကောင်းသည့်ရှုထောင့်ဘက်မှသာ ယူ၍ရေးသားထားသည်ကို သတိပြုစေချင်ပါသည်။ ပြည့်စုံ(တောင်ငူ) ၉.၃.၂၀၂၅ Credit Original Uploader ❤️ မူရင်းပေ့အားလေးစားစွာcreditပေးပါတယ်🙏CRD#
    Like
    Care
    2
    · 0 Comments ·0 Shares ·544 Views
  • ဘာလို့ ဒီလောက်သဘောကျသွားရတာလဲဆိုတာ ပြန်တွေးမိတော့
    စိတ်အေးသက်သာရှိလို့ဆိုတာကို သတိထားမိတယ် ။
    ကိုယ်က ပူလောင်ပေမယ့်
    သူနဲ့သာဆို အေးချမ်းသွားသလို ခံစားရတယ် ။
    ဘယ်လောက်ပဲ မွန်းကြပ်စရာ ရှိနေပေမယ့်
    စကားစမြည်လေးတွေကြောင့် ကြည်လင်ပျော်ရွှင်သွားရတယ် ။
    အဲ့ဒါတွေကြောင့် သဘောကျရတာပဲ ဖြစ်လိမ့်မယ် ။


    #နိုရှီ
    ဘာလို့ ဒီလောက်သဘောကျသွားရတာလဲဆိုတာ ပြန်တွေးမိတော့ စိတ်အေးသက်သာရှိလို့ဆိုတာကို သတိထားမိတယ် ။ ကိုယ်က ပူလောင်ပေမယ့် သူနဲ့သာဆို အေးချမ်းသွားသလို ခံစားရတယ် ။ ဘယ်လောက်ပဲ မွန်းကြပ်စရာ ရှိနေပေမယ့် စကားစမြည်လေးတွေကြောင့် ကြည်လင်ပျော်ရွှင်သွားရတယ် ။ အဲ့ဒါတွေကြောင့် သဘောကျရတာပဲ ဖြစ်လိမ့်မယ် ။ 🌻💛 #နိုရှီ
    Like
    Care
    2
    · 0 Comments ·0 Shares ·217 Views
  • တစ်ခါတလေ ဘဝမှာ လမ်းပျောက်တဲ့အချိန်တွေ ရှိတယ် ။ ရည်ရွယ်ရာ လမ်းတစ်ခုကို တည့်တည့်မတ်မတ် လျှောက်နေတုန်းမှာပဲ လမ်းပျောက်တယ်ဆိုတဲ့ အခိုက်အတန့်တွေ ကြုံရတာပါ ပဲ။

    တစ်ခါတလေ သိပ်ပင်ပန်းလာတယ် ။ ရှေ့ဆက်လျှောက်ဖို့ တွေဝေလာသလို နောက်ပြန်လှည့်ချင်မိတယ် ။ ဘာကြောင့် အသက်ရှင်နေရတာလဲ ။ ရှင်သန်ခြင်းတွေဟာ အဓိပ္ပာယ် ရှိနေရဲ့လား မသိတော့ဘဲ လက်လျှော့လိုက်ချင်မိတယ် ။ အဲဒီလို အခြေနေမျိုးတွေ ကျွန်မဘဝမှာ ခဏခဏ ကြုံတွေ့ဖူးပါတယ် ။

    အဲဒီလိုမျိုး လမ်းပျောက်တဲ့ အချိန် ၊ ရှေ့ဆက်ဖို့အတွက်
    စိတ်ရောလူရော အဆင်မပြေ ပင်ပန်းခက်ခဲနေတဲ့ နေ့ရက်တွေမှာ ဘာကြောင့် စတင်ခဲ့တာလဲ ဆိုတဲ့ စမှတ်တွေကို ပြန်စဉ်းစားဖြစ်တယ် ။

    ဒီလမ်းကို ဘာလို့လျှောက်ခဲ့တာလဲ
    ဒါကို ငါ ဘာလို့ ဖြစ်ချင်ခဲ့တာလဲ
    ဒါကို ဘာလို့ လိုချင်ခဲ့တာလဲ
    ဒီလူတစ်ယောက်ကို ဘာလို့ ချစ်တာလဲ ဆိုတဲ့
    The reasons why i startedကို ပြန်စဉ်းစားဖြစ်တယ် ။

    လမ်းတွေဟာ ဝေဝါးလာတဲ့အခါ ကောက်ရိုးတစ်မျှင်ကလဲ ကယ်တင်နိုင်ကောင်းပါရဲ့။ ဆက်ပြီး ဖမ်းဆုပ်ထားဖို့ရာ အကြောင်းပြချက်လေး ပြန်ရှာတွေ့လိုတွေ့ငြား
    ရှာဖွေကြည့်တာပဲ ။ စိတ်လိုလက်ရ ပြန်ရှာကြည့်တော့လဲ ပျောက်နေတဲ့ လမ်းတွေကိုရော ၊ မိမိကိုယ်မိမိ ပြန်ရှာတွေ့ပါတယ် ။

    စိတ်ကူးအိပ်မက်တွေကို လက်မလွှတ်ချင်သေးတဲ့ မိမိကိုယ်မိမိ၊ လက်မလျှော့ချင်တဲ့ မိမိကိုယ်မိမိ ၊ နူးညံ့ပေမဲ့ သန်မာတဲ့ ပုံရိပ်တွေ နဲ့ မိမိကိုယ်မိမိ ပြန်ရှာတွေ့ခဲ့တာပါပဲ ။

    အဖြေဟာ အစကတည်းက ရှိနှင့်နေပါတယ် ။
    အဖြေဟာ စမှတ်မှာကတည်းက ရှိနှင့်နေပါတယ် ။

    -စူးရှမေ
    #Note_Pages
    တစ်ခါတလေ ဘဝမှာ လမ်းပျောက်တဲ့အချိန်တွေ ရှိတယ် ။ ရည်ရွယ်ရာ လမ်းတစ်ခုကို တည့်တည့်မတ်မတ် လျှောက်နေတုန်းမှာပဲ လမ်းပျောက်တယ်ဆိုတဲ့ အခိုက်အတန့်တွေ ကြုံရတာပါ ပဲ။ တစ်ခါတလေ သိပ်ပင်ပန်းလာတယ် ။ ရှေ့ဆက်လျှောက်ဖို့ တွေဝေလာသလို နောက်ပြန်လှည့်ချင်မိတယ် ။ ဘာကြောင့် အသက်ရှင်နေရတာလဲ ။ ရှင်သန်ခြင်းတွေဟာ အဓိပ္ပာယ် ရှိနေရဲ့လား မသိတော့ဘဲ လက်လျှော့လိုက်ချင်မိတယ် ။ အဲဒီလို အခြေနေမျိုးတွေ ကျွန်မဘဝမှာ ခဏခဏ ကြုံတွေ့ဖူးပါတယ် ။ အဲဒီလိုမျိုး လမ်းပျောက်တဲ့ အချိန် ၊ ရှေ့ဆက်ဖို့အတွက် စိတ်ရောလူရော အဆင်မပြေ ပင်ပန်းခက်ခဲနေတဲ့ နေ့ရက်တွေမှာ ဘာကြောင့် စတင်ခဲ့တာလဲ ဆိုတဲ့ စမှတ်တွေကို ပြန်စဉ်းစားဖြစ်တယ် ။ ဒီလမ်းကို ဘာလို့လျှောက်ခဲ့တာလဲ ဒါကို ငါ ဘာလို့ ဖြစ်ချင်ခဲ့တာလဲ ဒါကို ဘာလို့ လိုချင်ခဲ့တာလဲ ဒီလူတစ်ယောက်ကို ဘာလို့ ချစ်တာလဲ ဆိုတဲ့ The reasons why i startedကို ပြန်စဉ်းစားဖြစ်တယ် ။ လမ်းတွေဟာ ဝေဝါးလာတဲ့အခါ ကောက်ရိုးတစ်မျှင်ကလဲ ကယ်တင်နိုင်ကောင်းပါရဲ့။ ဆက်ပြီး ဖမ်းဆုပ်ထားဖို့ရာ အကြောင်းပြချက်လေး ပြန်ရှာတွေ့လိုတွေ့ငြား ရှာဖွေကြည့်တာပဲ ။ စိတ်လိုလက်ရ ပြန်ရှာကြည့်တော့လဲ ပျောက်နေတဲ့ လမ်းတွေကိုရော ၊ မိမိကိုယ်မိမိ ပြန်ရှာတွေ့ပါတယ် ။ စိတ်ကူးအိပ်မက်တွေကို လက်မလွှတ်ချင်သေးတဲ့ မိမိကိုယ်မိမိ၊ လက်မလျှော့ချင်တဲ့ မိမိကိုယ်မိမိ ၊ နူးညံ့ပေမဲ့ သန်မာတဲ့ ပုံရိပ်တွေ နဲ့ မိမိကိုယ်မိမိ ပြန်ရှာတွေ့ခဲ့တာပါပဲ ။ အဖြေဟာ အစကတည်းက ရှိနှင့်နေပါတယ် ။ အဖြေဟာ စမှတ်မှာကတည်းက ရှိနှင့်နေပါတယ် ။ -စူးရှမေ #Note_Pages
    Care
    1
    · 0 Comments ·0 Shares ·312 Views
  • သံယောဇဉ်မဖြတ်နိုင်တာတော့ မဟုတ်ရပါဘူး
    မစွန့်လွှတ်နိုင်တာလည်း မဟုတ်ရပါဘူး ။

    အချိန်တန်ရင် လူမှန်နေရာမှန်ကို ရောက်သွားသလို
    နေသားတကျ ရှိသွားမှာကိုလည်း နားလည်ပြီးသားပါ ။

    လူတစ်ယောက်ကိုလည်း နှစ်ကြိမ်ပြန်ချစ်လို့မရဘူးဆိုတာ
    ငါကောင်းကောင်းသိပြီးသားပါ ။

    ငါမရှိလည်း ဖြစ်တယ်လို့ သိရတဲ့အခါ
    ငါကလည်း ရတယ် ကိစ္စမရှိဘူးဆိုတဲ့ စိတ်နဲ့ပဲ
    နေထိုင်သွားမှာပါ ။

    #ဖားစည်ရည်ကျော်
    8.4.2025
    သံယောဇဉ်မဖြတ်နိုင်တာတော့ မဟုတ်ရပါဘူး မစွန့်လွှတ်နိုင်တာလည်း မဟုတ်ရပါဘူး ။ အချိန်တန်ရင် လူမှန်နေရာမှန်ကို ရောက်သွားသလို နေသားတကျ ရှိသွားမှာကိုလည်း နားလည်ပြီးသားပါ ။ လူတစ်ယောက်ကိုလည်း နှစ်ကြိမ်ပြန်ချစ်လို့မရဘူးဆိုတာ ငါကောင်းကောင်းသိပြီးသားပါ ။ ငါမရှိလည်း ဖြစ်တယ်လို့ သိရတဲ့အခါ ငါကလည်း ရတယ် ကိစ္စမရှိဘူးဆိုတဲ့ စိတ်နဲ့ပဲ နေထိုင်သွားမှာပါ ။ #ဖားစည်ရည်ကျော် 8.4.2025
    Care
    1
    · 0 Comments ·0 Shares ·139 Views
  • #Batman 150000 in 900000out
    140000in
    ယူဆာအသစ်လေး ၂ယောက်ထပ်ရ

    ဟိတ်
    နေ့ခင်းဘက်မှာ ပျင်းနေပီလားးးးး

    တကယ်ဆော့ရင်တကယ်ရတဲ့ Slots လေးစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော်

    ဂိမ်းပေါင်း ၅၀၀ ကျော်နဲ့ မိတ်ဆက်ပေးမယ်နော်

    အငြိတချက်မှာ စိထွက်ပီး ဒိုင်းခနဲ ဇ၁၀၀၀ နဲ့ ငြိဖူးလား?
    5Lionsရဲ့ ခေါင်းတွေအပြည့်နဲ့ရော ငြိဖူးပီလား?
    ထူးခြားသွားစေမဲ့ Sugar မှာရော တီးပီးပီလာ?

    Slots ဂိမ်းပေါင်း ၅၀၀ကျော်ကို တနေရာထဲမှာ ကစားပြီး MaxWin သိန်းရာချီထိ ရယူနိုင်ပါပြီရှင့်

    ၁၅ ကျပ်ကနေလှည့်လို့ရပြီး (1500)နဲ့ Spinဝယ်လို့ရ

    10000ks ကနေ အကောင့်ဖွင့် ဘောနပ် ရယူပါရှင့်

    𝐇𝐁𝐆 𝐅𝐚𝐦𝐢𝐥𝐲
    𝐌𝐚𝐬𝐭𝐞𝐫 𝐛𝐲 𝐄𝐢 𝐍𝐚𝐧𝐝𝐚𝗿
    𝗠𝗮𝘀𝘁𝗲𝗿 𝗮𝗴𝗲𝗻𝘁 𝗞𝗼 𝗣𝗵𝘆𝗼(လက်ခွဲ)
    𝐎𝐧𝐥𝐢𝐧𝐞 𝐀𝐠𝐞𝐧𝐭 𝐁𝐨𝐧𝐞 𝐋𝐚𝐲
    𝐕𝐢𝐛𝐞𝐫☎09254714582
    #Batman 150000 in 900000out 140000in ယူဆာအသစ်လေး ၂ယောက်ထပ်ရ🥰🥰🥰🥰 ဟိတ် နေ့ခင်းဘက်မှာ ပျင်းနေပီလားးးးး တကယ်ဆော့ရင်တကယ်ရတဲ့ Slots လေးစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော် ဂိမ်းပေါင်း ၅၀၀ ကျော်နဲ့ မိတ်ဆက်ပေးမယ်နော်😍 အငြိတချက်မှာ စိထွက်ပီး ဒိုင်းခနဲ ဇ၁၀၀၀ နဲ့ ငြိဖူးလား? 5Lionsရဲ့ ခေါင်းတွေအပြည့်နဲ့ရော ငြိဖူးပီလား? ထူးခြားသွားစေမဲ့ Sugar မှာရော တီးပီးပီလာ? Slots ဂိမ်းပေါင်း ၅၀၀ကျော်ကို တနေရာထဲမှာ ကစားပြီး MaxWin သိန်းရာချီထိ ရယူနိုင်ပါပြီရှင့် ၁၅ ကျပ်ကနေလှည့်လို့ရပြီး (1500)နဲ့ Spinဝယ်လို့ရ 10000ks ကနေ အကောင့်ဖွင့် ဘောနပ် ရယူပါရှင့် 𝐇𝐁𝐆 𝐅𝐚𝐦𝐢𝐥𝐲 𝐌𝐚𝐬𝐭𝐞𝐫 𝐛𝐲 𝐄𝐢 𝐍𝐚𝐧𝐝𝐚𝗿 𝗠𝗮𝘀𝘁𝗲𝗿 𝗮𝗴𝗲𝗻𝘁 𝗞𝗼 𝗣𝗵𝘆𝗼(လက်ခွဲ) 𝐎𝐧𝐥𝐢𝐧𝐞 𝐀𝐠𝐞𝐧𝐭 𝐁𝐨𝐧𝐞 𝐋𝐚𝐲 𝐕𝐢𝐛𝐞𝐫☎09254714582
    Care
    1
    · 0 Comments ·0 Shares ·462 Views
  • အဖိုးတန် တိရိစ္ဆာန်အစာ ကုန်ကြမ်း (သို့) ယင်မဲ အကြောင်း လေ့လာပြီး ဖုန်းဘေကံစမ်းမယ် (၂)

    ယင်မဲ စစ်သည်ကောင်များ မွေးမြူခြင်းဖြင့် ဇီဝစွန့်ပစ်ပစ္စည်းများ၏ပမာဏကို ထိရောက်စွာ လျှော့ချ ပေးနိုင်ရုံသာ မက မွေးမြူရရှိသော သားလောင်းများကို တိရိစ္ဆာန် အစာများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် အဖိုးတန်ကုန်ကြမ်း အဖြစ်လည်းပြန်လည် အသုံးနိုင်ပါတယ်။ ငါးပုစွန် မွေးမြူရေးနှင့် ကြက်ငှက် တိရိစ္ဆာန်မွေးမြူရေးကဏ္ဍများ အတွက် ရေရှည်အသုံးပြုနိုင်သော အစာအာဟာရ အဖြစ်လဲ အသုံးပြုနိုင်သော အသုံးဝင် တဲ့ လုပ်ငန်းလဲဖြစ်ပါတယ်။ ဒါကြောင့် ထွက်တိုး နှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းပြီး တောင်သူ များ အလွယ်တကူနားလည်ကာ လုပ်ငန်းစဥ်များကို လေ့လာနိုင်ပြီး ကိုယ်တိုင် ပြန်လည်မွေးမြူနိုင်ရန် အတွက် ဗီဒီယို အဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ လေ့လာပြီးပါက ဉာဏ်စမ်း ပဟေဠိကို ဝင်ရောက်ဖြေဆိုခြင်းဖြင့် ဖုန်းဘေများကံထူးနိုင်ပါပြီ။

    ဉာဏ်စမ်း ပဟေဠိ မေးခွန်း
    ယင််မဲ စစ်သည် သားလောင်းများ အတွက် အစာ အဖြစ် -----ကိုရော၍ တစ်ည ရေစိမ်ထားရပါမည်။
    (၁) ဖွဲနု + ရေ
    (၂) ဖွဲကြမ်း+ ရေ

    ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၃) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။

    ဉာဏ်စမ်း ပဟေဠိ ဖြေဆိုရာတွင် မူရင်းလင့် https://htwettoe.com/post/54889 မှတ်ချက် (သို့) ကော့မန့်တွင် ဖြေဆိုနိုင်ပါတယ်။

    ဉာဏ်စမ်း ပဟေဠိ ဖြေဆိုရာတွင် ထွက်တိုး facebook ကော့မန့်တွင်လဲ ဝင်ရောက်ဖြေဆိုနိုင်သလို ထွက်တိုးဖုန်းဆော့ဝဲတွင်လဲဝင်ရောက်ဖြေဆိုနိုင်ပါတယ်နော်။

    အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထွက်တိုးမှ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။

    ဗီဒီယို လေ့လာရာမှာ ပြဿနာတစုံတရာရှိပါက ထွက်တိုး ကောစန်တာ ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်ခင်ဗျာ။


    ယင်မဲ အကြောင်း တစုတစည်းတည်းဖတ်ချင်ပါ က "ယင်မဲ စစ်သည်ကောင်မွေးမြူခြင်းနှင့် သိကောင်းစရာများ" အဖွဲ့ကို အခုပဲဝင်ထားလိုက်ပါ။

    App_https://htwettoe.com/organization/yinmesitthikawinmwemyukhyin-nhngat-thikawinsyaamyaa
    FB_ https://www.facebook.com/groups/1839814396829741/

    https://youtu.be/fehEAFumNpw
    အဖိုးတန် တိရိစ္ဆာန်အစာ ကုန်ကြမ်း (သို့) ယင်မဲ အကြောင်း လေ့လာပြီး ဖုန်းဘေကံစမ်းမယ် (၂) ယင်မဲ စစ်သည်ကောင်များ မွေးမြူခြင်းဖြင့် ဇီဝစွန့်ပစ်ပစ္စည်းများ၏ပမာဏကို ထိရောက်စွာ လျှော့ချ ပေးနိုင်ရုံသာ မက မွေးမြူရရှိသော သားလောင်းများကို တိရိစ္ဆာန် အစာများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် အဖိုးတန်ကုန်ကြမ်း အဖြစ်လည်းပြန်လည် အသုံးနိုင်ပါတယ်။ ငါးပုစွန် မွေးမြူရေးနှင့် ကြက်ငှက် တိရိစ္ဆာန်မွေးမြူရေးကဏ္ဍများ အတွက် ရေရှည်အသုံးပြုနိုင်သော အစာအာဟာရ အဖြစ်လဲ အသုံးပြုနိုင်သော အသုံးဝင် တဲ့ လုပ်ငန်းလဲဖြစ်ပါတယ်။ ဒါကြောင့် ထွက်တိုး နှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းပြီး တောင်သူ များ အလွယ်တကူနားလည်ကာ လုပ်ငန်းစဥ်များကို လေ့လာနိုင်ပြီး ကိုယ်တိုင် ပြန်လည်မွေးမြူနိုင်ရန် အတွက် ဗီဒီယို အဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ လေ့လာပြီးပါက ဉာဏ်စမ်း ပဟေဠိကို ဝင်ရောက်ဖြေဆိုခြင်းဖြင့် ဖုန်းဘေများကံထူးနိုင်ပါပြီ။ ဉာဏ်စမ်း ပဟေဠိ မေးခွန်း ယင််မဲ စစ်သည် သားလောင်းများ အတွက် အစာ အဖြစ် -----ကိုရော၍ တစ်ည ရေစိမ်ထားရပါမည်။ (၁) ဖွဲနု + ရေ (၂) ဖွဲကြမ်း+ ရေ ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၃) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။ ဉာဏ်စမ်း ပဟေဠိ ဖြေဆိုရာတွင် မူရင်းလင့် https://htwettoe.com/post/54889 မှတ်ချက် (သို့) ကော့မန့်တွင် ဖြေဆိုနိုင်ပါတယ်။ ဉာဏ်စမ်း ပဟေဠိ ဖြေဆိုရာတွင် ထွက်တိုး facebook ကော့မန့်တွင်လဲ ဝင်ရောက်ဖြေဆိုနိုင်သလို ထွက်တိုးဖုန်းဆော့ဝဲတွင်လဲဝင်ရောက်ဖြေဆိုနိုင်ပါတယ်နော်။ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထွက်တိုးမှ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ ဗီဒီယို လေ့လာရာမှာ ပြဿနာတစုံတရာရှိပါက ထွက်တိုး ကောစန်တာ ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်ခင်ဗျာ။ ယင်မဲ အကြောင်း တစုတစည်းတည်းဖတ်ချင်ပါ က "ယင်မဲ စစ်သည်ကောင်မွေးမြူခြင်းနှင့် သိကောင်းစရာများ" အဖွဲ့ကို အခုပဲဝင်ထားလိုက်ပါ။ App_https://htwettoe.com/organization/yinmesitthikawinmwemyukhyin-nhngat-thikawinsyaamyaa FB_ https://www.facebook.com/groups/1839814396829741/ https://youtu.be/fehEAFumNpw
    အဖိုးတန် တိရိစ္ဆာန်အစာ ကုန်ကြမ်း (သို့) ယင်မဲ အကြောင်း လေ့လာပြီး ဖုန်းဘေကံစမ်းမယ် (၂)
    htwettoe.com
    အဖိုးတန် တိရိစ္ဆာန်အစာ ကုန်ကြမ်း (သို့) ယင်မဲ အကြောင်း လေ့လာပြီး ဖုန်းဘေကံစမ်းမယ် (၂) ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၃) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။ ယင်မဲ စစ်သည်ကောင်များ မွေးမြူခြင်းဖြင့် ဇီဝစွန့်ပစ်ပစ္စည်းများ၏ပမာဏကို ထိရောက်စွာ လျှော့ချ ပေးနိုင်ရုံသာ မက မွေးမြူရရှိသော သားလောင်းများကို တိရိစ္ဆာန် အစာများ ထုတ်လုပ်သည့် လုပ်ငန်းများတွင် အဖိုးတန်ကုန်ကြမ်း အဖြစ်လည်းပြန်လည် အသုံးနိုင်ပါတယ်။ ငါးပုစွန် မွေးမြူရေးနှင့် ကြက်ငှက် တိရိစ္ဆာန်မွေးမြူရေးကဏ္ဍများ အတွက် ရေရှည်အသုံးပြုနိုင်သော အစာအာဟာရ အဖြစ်လဲ အသုံးပြုနိုင်သော အသုံးဝင် တဲ့ လုပ်ငန်းလဲဖြစ်ပါတယ်။ ဒါကြောင့် ထွက်တိုး နှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းပြီး တောင်သူ များ အလွယ်တကူနားလည်ကာ လုပ်ငန်းစဥ်များကို လေ့လာနိုင်ပြီး ကိုယ်တိုင် ပြန်လည်မွေးမြူနိုင်ရန် အတွက် ဗီဒီယို အဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။ လေ့လာပြီးပါက ဉာဏ်စမ်း ပဟေဠိကို ဝင်ရောက်ဖြေဆိုခြင်းဖြင့် ဖုန်းဘေများကံထူးနိုင်ပါပြီ။ဉာဏ်စမ်း ပဟေဠိ မေးခွန်းယင််မဲ စစ်သည် သားလောင်းများ အတွက် အစာ အဖြစ် -----ကိုရော၍ တစ်ည ရေစိမ်ထားရပါမည်။ (၁) ဖွဲနု + ရေ(၂) ဖွဲကြမ်း+ ရေ ဉာဏ်စမ်း အဖြေမှန်သူများထဲမှ (၃) ဦးကို မဲစနစ်ဖြင့် ရွေးချယ်ပြီး ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ချီးမြင့်ပေးပါမည်။ဉာဏ်စမ်း ပဟေဠိ ဖြေဆိုရာတွင် မှတ်ချက် (သို့) ကော့မန့်တွင် ဖြေဆိုနိုင်ပါတယ်။အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထွက်တိုးမှ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ယင်မဲ အကြောင်း ပိုမိုသိရှိလိုပါက ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်နော်။ယင်မဲ အကြောင်း တစုတစည်းတည်းဖတ်ချင်ပါ က "ယင်မဲ စစ်သည်ကောင်မွေးမြူခြင်းနှင့် သိကောင်းစရာများ" အဖွဲ့ကို အခုပဲဝင်ထားလိုက်ပါ။ App _https://htwettoe.com/organization/yinmesitthikawinmwemyukhyin-nhngat-thikawinsyaamyaaFB_ https://www.facebook.com/groups/1839814396829741/
    Care
    1
    · 0 Comments ·0 Shares ·328 Views
  • ၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင်

    "၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်ကောင်းတဲ့စကားဗျ။

    တကယ်တော့ အသက် ၄၀ ဆိုတာ ဘ၀စဖို့မဟုတ်ဘူး။ဘ၀တည်ငြိမ်ရမယ့်အရွယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဝင်ငွေနဲ့ပတ်သက်ရင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင် တည်ငြိမ်နေရမယ်။ ကျရှုံးတယ်ဆိုရင်တောင် လမ်းကြောင်းတစ်ခုပေါ်မှာရှိနေပြီး ကျရှုံးတာမျိုးဖြစ်သင့်နေပြီ။

    ဝန်ထမ်းလုပ်တယ်ဆိုပါတော့ ၄၀ ဆိုတာ CEO, GM မဟုတ်ရင်တောင် အနည်းဆုံး Department တစ်ခုကို ဦးဆောင်သူလောက်ဖြစ်နေမှ၊ ဒါမှမဟုတ်လည်း ကိုယ့် Field မှာ ဆရာကျနေမှ အလုပ်လုပ်ရတာဖီးလ်လာနိုင်တယ်။ မဟုတ်ရင် အသက်ရလာတဲ့အခါ ငယ်တဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ ကျကျေနပ်နပ်နဲ့လုပ်ဖို့ သိပ်မလွယ်လှဘူး။ အခုခေတ် ပိုသိသာတယ်။ အသက် ၂၀ ကျော်နဲ့ မန်နေဂျာဖြစ်နေသူတွေ အများကြီး။ ကိုယ့်ထက်ငယ်သူတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ အတော့်ကို Positive မြင်ပေးနိုင်မှရမယ်။

    နောက်တစ်ခုက ၄၀ ဆိုတာ Freelancer/ Professional ၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဟိုစမ်းဒီစမ်းလုပ်နေဖို့ထက် တည်ငြိမ်မှုတစ်ခုရသင့်နေတဲ့အရွယ်ဖြစ်ပါတယ်။ လူ့သက်တမ်းကို ခွဲကြည့်ရင် ၅ နှစ်ကနေ ၂၀ အထိ ပညာကောင်းကောင်းသင်။ ၂၁ ကနေ ၃၀ အထိက အလုပ်အတွေ့အကြုံယူ။ ၃၀ ရောက်လို့မှ ကိုယ်ဘာဖြစ်ချင်မှန်းမသိရင် ပြဿနာရှိလာပြီ။ ၃၅ ဆိုတဲ့အရွယ်ကတော့ အသိပညာ၊ အတွေ့အကြုံ၊ Network အတော်လေးပြည့်စုံလာတဲ့အရွယ်ဖြစ်သလို ကိုယ်စွမ်းဉာဏ်စွမ်းအမြင့်ဆုံးနဲ့ Risk လည်း ယူရဲတဲ့အရွယ်လို့ပြောလို့ရတယ်။ ဒီအချိန်မှာ အမှားတွေလုပ်မိလို့လဲကျသွားရင်လည်း ပြန်ထရလွယ်တယ်။

    ကျွန်တော် လူငယ်တွေနဲ့စကားစပ်မိတိုင်းပြောဖြစ်တာတစ်ခုက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အစီအစဉ်ရှိရင် ၃၀-၃၅ လောက်မှာ စနိုင်ဖို့ Plan သာဆွဲထားလို့။ အဲဒီထက် စောစောစချင်လည်း စလို့ရတယ်။ လုပ်ငန်းရှင်အများစု ဒီအရွယ်မှာ အောင်မြင်မှုစရနေကြပြီ။ ခင်ဗျား ၆၀ ကျော်မှအောင်မြင်တဲ့ KFC ပိုင်ရှင်လိုလူမျိုးတွေရှိတာပဲလို့ စောဒကတက်ချင်တင်လိမ့်မယ်။ ဒါပေမဲ့ ဒါမျိုးက လက်ချိုးရေလို့ရတယ်။ လူက အသက်ကြီးလာလေ စွန့်စားရမှာ၊ ခေါင်းစားရမှာကြောက်လာလေပဲ။

    ဆိုတော့ဗျာ လုပ်နိုင်တုန်းမှာ ဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေတာထက် လမ်းကြောင်းတစ်ခုဖောက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ ၄၀-၅၀ လောက်ထိ အသားကုန်လုပ်။ ပိုက်ဆံရှာစရာရှိတာရှာ။ ၆၀ လောက်ရောက်လာရင် နေ့စဉ်တာဝန်အများစုကို လူငယ်တွေထံလွှဲပေး။ အဲဒီအရွယ်က အလုပ်တွေ ကျုံးလုပ်နေတာထက် ကိုယ်လုပ်ချင်တာတွေပဲ လျှောက်လုပ်သင့်တဲ့အရွယ်ဖြစ်လာပြီ။ ကျန်းမာရေးလိုက်စားမလား၊ ဘာသာရေးလုပ်မလား၊ ခရီးထွက်မလား၊ မြေးတွေအတွက် အချိန်ပေးမလား၊ စာလေးဖတ် စာလေးရေးမလား။ ၆၀-၇၀ တန်းဆိုတာ ပိုက်ဆံရှာဖို့ထက် ကိုယ်လုပ်ချင်တာလုပ်နေရမယ့် အရွယ်လို့မြင်တယ်။

    ဘ၀မှာ ၄၀ မှ ဘ၀စတယ် ဆိုတဲ့စကားနောက် လိုက်ယောင်ဖို့ထက် ၃၅ နှစ်လောက်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်နိုင်မှ တော်ကာကျပါမယ်။

    Hein Zaw

    #TopTen_Quotes
    #TopTen_Team
    ၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင် "၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်ကောင်းတဲ့စကားဗျ။ တကယ်တော့ အသက် ၄၀ ဆိုတာ ဘ၀စဖို့မဟုတ်ဘူး။ဘ၀တည်ငြိမ်ရမယ့်အရွယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဝင်ငွေနဲ့ပတ်သက်ရင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင် တည်ငြိမ်နေရမယ်။ ကျရှုံးတယ်ဆိုရင်တောင် လမ်းကြောင်းတစ်ခုပေါ်မှာရှိနေပြီး ကျရှုံးတာမျိုးဖြစ်သင့်နေပြီ။ ဝန်ထမ်းလုပ်တယ်ဆိုပါတော့ ၄၀ ဆိုတာ CEO, GM မဟုတ်ရင်တောင် အနည်းဆုံး Department တစ်ခုကို ဦးဆောင်သူလောက်ဖြစ်နေမှ၊ ဒါမှမဟုတ်လည်း ကိုယ့် Field မှာ ဆရာကျနေမှ အလုပ်လုပ်ရတာဖီးလ်လာနိုင်တယ်။ မဟုတ်ရင် အသက်ရလာတဲ့အခါ ငယ်တဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ ကျကျေနပ်နပ်နဲ့လုပ်ဖို့ သိပ်မလွယ်လှဘူး။ အခုခေတ် ပိုသိသာတယ်။ အသက် ၂၀ ကျော်နဲ့ မန်နေဂျာဖြစ်နေသူတွေ အများကြီး။ ကိုယ့်ထက်ငယ်သူတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ အတော့်ကို Positive မြင်ပေးနိုင်မှရမယ်။ နောက်တစ်ခုက ၄၀ ဆိုတာ Freelancer/ Professional ၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဟိုစမ်းဒီစမ်းလုပ်နေဖို့ထက် တည်ငြိမ်မှုတစ်ခုရသင့်နေတဲ့အရွယ်ဖြစ်ပါတယ်။ လူ့သက်တမ်းကို ခွဲကြည့်ရင် ၅ နှစ်ကနေ ၂၀ အထိ ပညာကောင်းကောင်းသင်။ ၂၁ ကနေ ၃၀ အထိက အလုပ်အတွေ့အကြုံယူ။ ၃၀ ရောက်လို့မှ ကိုယ်ဘာဖြစ်ချင်မှန်းမသိရင် ပြဿနာရှိလာပြီ။ ၃၅ ဆိုတဲ့အရွယ်ကတော့ အသိပညာ၊ အတွေ့အကြုံ၊ Network အတော်လေးပြည့်စုံလာတဲ့အရွယ်ဖြစ်သလို ကိုယ်စွမ်းဉာဏ်စွမ်းအမြင့်ဆုံးနဲ့ Risk လည်း ယူရဲတဲ့အရွယ်လို့ပြောလို့ရတယ်။ ဒီအချိန်မှာ အမှားတွေလုပ်မိလို့လဲကျသွားရင်လည်း ပြန်ထရလွယ်တယ်။ ကျွန်တော် လူငယ်တွေနဲ့စကားစပ်မိတိုင်းပြောဖြစ်တာတစ်ခုက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အစီအစဉ်ရှိရင် ၃၀-၃၅ လောက်မှာ စနိုင်ဖို့ Plan သာဆွဲထားလို့။ အဲဒီထက် စောစောစချင်လည်း စလို့ရတယ်။ လုပ်ငန်းရှင်အများစု ဒီအရွယ်မှာ အောင်မြင်မှုစရနေကြပြီ။ ခင်ဗျား ၆၀ ကျော်မှအောင်မြင်တဲ့ KFC ပိုင်ရှင်လိုလူမျိုးတွေရှိတာပဲလို့ စောဒကတက်ချင်တင်လိမ့်မယ်။ ဒါပေမဲ့ ဒါမျိုးက လက်ချိုးရေလို့ရတယ်။ လူက အသက်ကြီးလာလေ စွန့်စားရမှာ၊ ခေါင်းစားရမှာကြောက်လာလေပဲ။ ဆိုတော့ဗျာ လုပ်နိုင်တုန်းမှာ ဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေတာထက် လမ်းကြောင်းတစ်ခုဖောက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ ၄၀-၅၀ လောက်ထိ အသားကုန်လုပ်။ ပိုက်ဆံရှာစရာရှိတာရှာ။ ၆၀ လောက်ရောက်လာရင် နေ့စဉ်တာဝန်အများစုကို လူငယ်တွေထံလွှဲပေး။ အဲဒီအရွယ်က အလုပ်တွေ ကျုံးလုပ်နေတာထက် ကိုယ်လုပ်ချင်တာတွေပဲ လျှောက်လုပ်သင့်တဲ့အရွယ်ဖြစ်လာပြီ။ ကျန်းမာရေးလိုက်စားမလား၊ ဘာသာရေးလုပ်မလား၊ ခရီးထွက်မလား၊ မြေးတွေအတွက် အချိန်ပေးမလား၊ စာလေးဖတ် စာလေးရေးမလား။ ၆၀-၇၀ တန်းဆိုတာ ပိုက်ဆံရှာဖို့ထက် ကိုယ်လုပ်ချင်တာလုပ်နေရမယ့် အရွယ်လို့မြင်တယ်။ ဘ၀မှာ ၄၀ မှ ဘ၀စတယ် ဆိုတဲ့စကားနောက် လိုက်ယောင်ဖို့ထက် ၃၅ နှစ်လောက်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်နိုင်မှ တော်ကာကျပါမယ်။ Hein Zaw #TopTen_Quotes #TopTen_Team
    0 Comments ·0 Shares ·695 Views
  • ၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင်

    "၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်ကောင်းတဲ့စကားဗျ။

    တကယ်တော့ အသက် ၄၀ ဆိုတာ ဘ၀စဖို့မဟုတ်ဘူး။ဘ၀တည်ငြိမ်ရမယ့်အရွယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဝင်ငွေနဲ့ပတ်သက်ရင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင် တည်ငြိမ်နေရမယ်။ ကျရှုံးတယ်ဆိုရင်တောင် လမ်းကြောင်းတစ်ခုပေါ်မှာရှိနေပြီး ကျရှုံးတာမျိုးဖြစ်သင့်နေပြီ။

    ဝန်ထမ်းလုပ်တယ်ဆိုပါတော့ ၄၀ ဆိုတာ CEO, GM မဟုတ်ရင်တောင် အနည်းဆုံး Department တစ်ခုကို ဦးဆောင်သူလောက်ဖြစ်နေမှ၊ ဒါမှမဟုတ်လည်း ကိုယ့် Field မှာ ဆရာကျနေမှ အလုပ်လုပ်ရတာဖီးလ်လာနိုင်တယ်။ မဟုတ်ရင် အသက်ရလာတဲ့အခါ ငယ်တဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ ကျကျေနပ်နပ်နဲ့လုပ်ဖို့ သိပ်မလွယ်လှဘူး။ အခုခေတ် ပိုသိသာတယ်။ အသက် ၂၀ ကျော်နဲ့ မန်နေဂျာဖြစ်နေသူတွေ အများကြီး။ ကိုယ့်ထက်ငယ်သူတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ အတော့်ကို Positive မြင်ပေးနိုင်မှရမယ်။

    နောက်တစ်ခုက ၄၀ ဆိုတာ Freelancer/ Professional ၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဟိုစမ်းဒီစမ်းလုပ်နေဖို့ထက် တည်ငြိမ်မှုတစ်ခုရသင့်နေတဲ့အရွယ်ဖြစ်ပါတယ်။ လူ့သက်တမ်းကို ခွဲကြည့်ရင် ၅ နှစ်ကနေ ၂၀ အထိ ပညာကောင်းကောင်းသင်။ ၂၁ ကနေ ၃၀ အထိက အလုပ်အတွေ့အကြုံယူ။ ၃၀ ရောက်လို့မှ ကိုယ်ဘာဖြစ်ချင်မှန်းမသိရင် ပြဿနာရှိလာပြီ။ ၃၅ ဆိုတဲ့အရွယ်ကတော့ အသိပညာ၊ အတွေ့အကြုံ၊ Network အတော်လေးပြည့်စုံလာတဲ့အရွယ်ဖြစ်သလို ကိုယ်စွမ်းဉာဏ်စွမ်းအမြင့်ဆုံးနဲ့ Risk လည်း ယူရဲတဲ့အရွယ်လို့ပြောလို့ရတယ်။ ဒီအချိန်မှာ အမှားတွေလုပ်မိလို့လဲကျသွားရင်လည်း ပြန်ထရလွယ်တယ်။

    ကျွန်တော် လူငယ်တွေနဲ့စကားစပ်မိတိုင်းပြောဖြစ်တာတစ်ခုက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အစီအစဉ်ရှိရင် ၃၀-၃၅ လောက်မှာ စနိုင်ဖို့ Plan သာဆွဲထားလို့။ အဲဒီထက် စောစောစချင်လည်း စလို့ရတယ်။ လုပ်ငန်းရှင်အများစု ဒီအရွယ်မှာ အောင်မြင်မှုစရနေကြပြီ။ ခင်ဗျား ၆၀ ကျော်မှအောင်မြင်တဲ့ KFC ပိုင်ရှင်လိုလူမျိုးတွေရှိတာပဲလို့ စောဒကတက်ချင်တင်လိမ့်မယ်။ ဒါပေမဲ့ ဒါမျိုးက လက်ချိုးရေလို့ရတယ်။ လူက အသက်ကြီးလာလေ စွန့်စားရမှာ၊ ခေါင်းစားရမှာကြောက်လာလေပဲ။

    ဆိုတော့ဗျာ လုပ်နိုင်တုန်းမှာ ဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေတာထက် လမ်းကြောင်းတစ်ခုဖောက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ ၄၀-၅၀ လောက်ထိ အသားကုန်လုပ်။ ပိုက်ဆံရှာစရာရှိတာရှာ။ ၆၀ လောက်ရောက်လာရင် နေ့စဉ်တာဝန်အများစုကို လူငယ်တွေထံလွှဲပေး။ အဲဒီအရွယ်က အလုပ်တွေ ကျုံးလုပ်နေတာထက် ကိုယ်လုပ်ချင်တာတွေပဲ လျှောက်လုပ်သင့်တဲ့အရွယ်ဖြစ်လာပြီ။ ကျန်းမာရေးလိုက်စားမလား၊ ဘာသာရေးလုပ်မလား၊ ခရီးထွက်မလား၊ မြေးတွေအတွက် အချိန်ပေးမလား၊ စာလေးဖတ် စာလေးရေးမလား။ ၆၀-၇၀ တန်းဆိုတာ ပိုက်ဆံရှာဖို့ထက် ကိုယ်လုပ်ချင်တာလုပ်နေရမယ့် အရွယ်လို့မြင်တယ်။

    ဘ၀မှာ ၄၀ မှ ဘ၀စတယ် ဆိုတဲ့စကားနောက် လိုက်ယောင်ဖို့ထက် ၃၅ နှစ်လောက်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်နိုင်မှ တော်ကာကျပါမယ်။

    Hein Zaw

    #TopTen_Quotes
    #TopTen_Team
    ၃၅ နှစ်အရွယ်မှာမှ လမ်းကြောင်းတစ်ခုရှာမတွေ့သေးရင် "၄၀ မှ ဘ၀စတယ်" ဆိုတာ ဘယ်သူထွင်လိုက်တယ်တော့မသိ။ ဆင်ခြေပေးလို့တော့ အတော်ကောင်းတဲ့စကားဗျ။ တကယ်တော့ အသက် ၄၀ ဆိုတာ ဘ၀စဖို့မဟုတ်ဘူး။ဘ၀တည်ငြိမ်ရမယ့်အရွယ်ဖြစ်ပါတယ်။ ဆိုလိုတာက ဝင်ငွေနဲ့ပတ်သက်ရင်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင် တည်ငြိမ်နေရမယ်။ ကျရှုံးတယ်ဆိုရင်တောင် လမ်းကြောင်းတစ်ခုပေါ်မှာရှိနေပြီး ကျရှုံးတာမျိုးဖြစ်သင့်နေပြီ။ ဝန်ထမ်းလုပ်တယ်ဆိုပါတော့ ၄၀ ဆိုတာ CEO, GM မဟုတ်ရင်တောင် အနည်းဆုံး Department တစ်ခုကို ဦးဆောင်သူလောက်ဖြစ်နေမှ၊ ဒါမှမဟုတ်လည်း ကိုယ့် Field မှာ ဆရာကျနေမှ အလုပ်လုပ်ရတာဖီးလ်လာနိုင်တယ်။ မဟုတ်ရင် အသက်ရလာတဲ့အခါ ငယ်တဲ့သူတွေရဲ့ ဦးဆောင်မှုအောက်မှာ ကျကျေနပ်နပ်နဲ့လုပ်ဖို့ သိပ်မလွယ်လှဘူး။ အခုခေတ် ပိုသိသာတယ်။ အသက် ၂၀ ကျော်နဲ့ မန်နေဂျာဖြစ်နေသူတွေ အများကြီး။ ကိုယ့်ထက်ငယ်သူတွေလက်အောက်မှာ အလုပ်လုပ်ရတဲ့အခါ အတော့်ကို Positive မြင်ပေးနိုင်မှရမယ်။ နောက်တစ်ခုက ၄၀ ဆိုတာ Freelancer/ Professional ၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်လည်း ဟိုစမ်းဒီစမ်းလုပ်နေဖို့ထက် တည်ငြိမ်မှုတစ်ခုရသင့်နေတဲ့အရွယ်ဖြစ်ပါတယ်။ လူ့သက်တမ်းကို ခွဲကြည့်ရင် ၅ နှစ်ကနေ ၂၀ အထိ ပညာကောင်းကောင်းသင်။ ၂၁ ကနေ ၃၀ အထိက အလုပ်အတွေ့အကြုံယူ။ ၃၀ ရောက်လို့မှ ကိုယ်ဘာဖြစ်ချင်မှန်းမသိရင် ပြဿနာရှိလာပြီ။ ၃၅ ဆိုတဲ့အရွယ်ကတော့ အသိပညာ၊ အတွေ့အကြုံ၊ Network အတော်လေးပြည့်စုံလာတဲ့အရွယ်ဖြစ်သလို ကိုယ်စွမ်းဉာဏ်စွမ်းအမြင့်ဆုံးနဲ့ Risk လည်း ယူရဲတဲ့အရွယ်လို့ပြောလို့ရတယ်။ ဒီအချိန်မှာ အမှားတွေလုပ်မိလို့လဲကျသွားရင်လည်း ပြန်ထရလွယ်တယ်။ ကျွန်တော် လူငယ်တွေနဲ့စကားစပ်မိတိုင်းပြောဖြစ်တာတစ်ခုက ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့အစီအစဉ်ရှိရင် ၃၀-၃၅ လောက်မှာ စနိုင်ဖို့ Plan သာဆွဲထားလို့။ အဲဒီထက် စောစောစချင်လည်း စလို့ရတယ်။ လုပ်ငန်းရှင်အများစု ဒီအရွယ်မှာ အောင်မြင်မှုစရနေကြပြီ။ ခင်ဗျား ၆၀ ကျော်မှအောင်မြင်တဲ့ KFC ပိုင်ရှင်လိုလူမျိုးတွေရှိတာပဲလို့ စောဒကတက်ချင်တင်လိမ့်မယ်။ ဒါပေမဲ့ ဒါမျိုးက လက်ချိုးရေလို့ရတယ်။ လူက အသက်ကြီးလာလေ စွန့်စားရမှာ၊ ခေါင်းစားရမှာကြောက်လာလေပဲ။ ဆိုတော့ဗျာ လုပ်နိုင်တုန်းမှာ ဟိုစမ်းစမ်းဒီစမ်းစမ်းလုပ်နေတာထက် လမ်းကြောင်းတစ်ခုဖောက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်တာအကောင်းဆုံးပဲ။ ၄၀-၅၀ လောက်ထိ အသားကုန်လုပ်။ ပိုက်ဆံရှာစရာရှိတာရှာ။ ၆၀ လောက်ရောက်လာရင် နေ့စဉ်တာဝန်အများစုကို လူငယ်တွေထံလွှဲပေး။ အဲဒီအရွယ်က အလုပ်တွေ ကျုံးလုပ်နေတာထက် ကိုယ်လုပ်ချင်တာတွေပဲ လျှောက်လုပ်သင့်တဲ့အရွယ်ဖြစ်လာပြီ။ ကျန်းမာရေးလိုက်စားမလား၊ ဘာသာရေးလုပ်မလား၊ ခရီးထွက်မလား၊ မြေးတွေအတွက် အချိန်ပေးမလား၊ စာလေးဖတ် စာလေးရေးမလား။ ၆၀-၇၀ တန်းဆိုတာ ပိုက်ဆံရှာဖို့ထက် ကိုယ်လုပ်ချင်တာလုပ်နေရမယ့် အရွယ်လို့မြင်တယ်။ ဘ၀မှာ ၄၀ မှ ဘ၀စတယ် ဆိုတဲ့စကားနောက် လိုက်ယောင်ဖို့ထက် ၃၅ နှစ်လောက်မှာ လမ်းကြောင်းတစ်ခုပေါ်ရောက်အောင်လုပ်နိုင်မှ တော်ကာကျပါမယ်။ Hein Zaw #TopTen_Quotes #TopTen_Team
    0 Comments ·0 Shares ·686 Views
More Results